Saturday, October 11, 2014

Zawgyi နဲ့ ပတ်သက်လို့ အခက်တွေ့နေသူများ အတွက် စုစည်း တင်ပြသည်


 
အားနည်းချက် ကတော့ Vista နဲ့ Windows 7 အချို့ စက်များတွင် installing မပြီး ဆုံးသော
 ပြဿ      နာများကို ကြုံရပါတယ်။ ပြီးတော့ 64-bit အတွက် support မရှိပါဘူး။ အဲဒါ ကို ဖြေ ရှင်း ဖို့ အရင်ဆုံး manually install အနေနဲ့ ပြောပြပါ့မယ်။ 

Zawgyi font Installer များ run သော် လည်း စာရိုက် လို့ မရဘူး၊ သူများရေးတာ ပဲ မြင် ရ တယ် ဆိုသူများ အတွက်ပါ။ သူများရေးတာ မြင်ရတာ က မိမိ မှာ ဇော်ဂျီဖောင့် ရှိနေလို့ပါ။
 

ကိုယ်ပြန်ရေး မရ တာက မိမိ zawgyi keyboard က အဆင် မပြေဖြစ်နေလို့ပါ။ ဘာသာ စကား အမျိုးမျိုး ကို ရိုက်နိုင်ရန် အတွက် keyboard တွေ ကို add ထားလို့ ရပါတယ်။


run မှာ intal.cpl လို့ ရိုက်၍သော်လည်းကောင်း၊ သို့မဟုတ် control panel မှ Region and Language ကို နှိပ်၍သော်လည်းကောင်း သွားပါ။ ပေါ်လာတဲ့ Region and Language box မှာ အလယ် tab ဖြစ်တဲ့ keyboards and languages ကို နှိပ်ပြီး၊ change keyboards ကို နှိပ်ပါ။



ဝင်းဒိုး မှာ ဇော်ဂျီဖောင့် ကို install လုပ်တာ က စပြောပေးပါ့မယ်။ XP မှာ ဆိုရင်တော့ အောက် ကပေး ထား တဲ့ installer ကို Download လုပ်ပြီး run ပေး လိုက်ပါ။ Blogger day အတွက် ဆိုပြီး အမှတ် တရ ထုတ် ထားတဲ့ font and keyboard installer ဖြစ်ပါတယ်။ 
 
font ရော keyboard ရော install လုပ်ပေးမှာ ဖြစ်ပြီး၊ IE တွင် ဇော်ဂျီဖောင့် ပေါ် ရန် ပြောင်း လဲပေးခြင်း၊ အခြား installer များ ကဲ့သို့ password ရိုက်ပေး ရမှု မရှိခြင်း၊ အခြားသော ၀င်းဒိုး မှာ ဖောင့် အ တွက် ပြောင်းပေးရတဲ့ clear type ပြောင်း တာတွေ ဇော်ဂျီရွေးပေး ရတာတွေ ကို ဒီ installer ကို run ပြီး restart လုပ်ပေး လိုက်ရုံ နဲ့ အလိုလို လုပ်ပေးပါတယ်။
 
 အောက်မှာ ထူးခြား ချက် အားလုံး ကို ရေးထား ပါတယ်။ ဖတ်ကြည့် ပါဦး။ ပုံအောက်က လင့် မှာ ဒေါင်း လုပ် လုပ်နိုင် ပါတယ်။ 
 
မလိုအပ်တာများရှိနေခဲ့ရင် click နဲ့ ရွေးပြီး remove လုပ်နိုင်သလို မိမိလိုချင်တဲ့ keyboard ကိုလည်း add လုပ်နိုင်ပါတယ်။ 
 
တကယ်လို့ အောက်မှာ ပြထားတဲ့ အတိုင်း zawgyi keyboards ကို run ပေးထားရဲ့ သားနဲ့ ရှိ မနေခဲ့ဘူး ဆိုပါစို့။ ကိုယ့် ဘာသာ ရှာပြီး add ပေးကြည့်ရအောင်။ပြထားတဲ့ အတိုင်း add ကို နှိပ် ပါ။
 
 မြန်မာ ဘာသာ ဆိုပြီး ၀င်းဒိုး မှာ ထည့်ပေး ထားခြင်း မရှိသေးတဲ့ အတွက် မြန်မာဇော်ဂျီ ကီးဘုတ် များကို English (United State) အောက် မှာ ထည့်ထား ပါတယ်။ ရှာပြီး check ပေး ပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။
 
ခုနက add နှိပ် ခဲ့တဲ့ နေရာ မှာ ဇော်ဂျီ ကီးဘုတ် လာဝင်နေပါပြီ။ (အခြား ကီးဘုတ် တစ်ခု ထည့် ချင်တယ် ဆိုလည်း ဒီအတိုင်းပါပဲ။
 
ဘယ် ဘာသာစကားလဲ ဆိုတာကို ရှာ keyboard ဆိုတာ ကို check ပေးပြီး apply လိုက်ရုံ ပါ ပဲ)။ အဲဒီ ထည့်လိုက် တဲ့ ကီးဘုတ် အမျိုးမျိုးကို shortcut key တွေ သုံး ပြီး ပြောင်းရေးနိုင်အောင် အတွက် သတ်မှတ်ပေးလို့ ရပါတယ်။ 
 
XP မှာ တုန်းကတော့ အဲဒီ add နှိပ်ပေး ရတဲ့ box ရဲ့ အောက်မှာ ပဲ key setting ဆိုပြီး ပါ တာပါ။ Vista နဲ့ 7 အတွက်တော့ လက်ရှိ ပွင့်နေတဲ့ box ရဲ့ နောက်ဆုံး tab ဖြစ်တဲ့ Advanced key settings ဆိုတာ ကိုနှိပ်ပြီး key setting တွေ ပြောင်းပေး လို့ရပါတယ် ။
 
 နောက် တစ်ခုက အခုလို ဇော်ဂျီ ကီးဘုတ် add ပေးထား တာတောင် မိမိ taskbar မှာ keyboard icon ပေါ်မနေဘူး ဆိုရင်လည်း စာရိုက် မရတာ ဖြစ်တတ် ပါတယ်။ ခုနက ဖွင့် ထားတဲ့ ဒုတိယ tab မှာ language အတွက် setting တွေ ရှိပါတယ်။ 
 
ဖတ်ကြည့် လိုက်ရင် နားလည် မှာပါ။ မိမိရဲ့ keyboard icon ကို ဘယ်မှာ ဘယ်လို ပေါ်ချင် လဲ ရွေးပေးနိုင် ပါတယ်။  တစ်နေ ရာရာ မှာတော့ language bar ရှိမှ ကီးဘုတ်တွေပြောင်းပြီး ဘာသာ အမျိုးမျိုးကို ရိုက်နိုင် မှာပါ။ 
 
အပေါ်က အတိုင်း လုပ်ပေးလိုက် ရင်တော့ ဇော်ဂျီဖောင့်ကီးဘုတ် အတွက် အဆင်ပြေပြီး စာ ရိုက်နိုင် ပါပြီ။ ဒါပေမယ့် မိမိ အသုံးပြု ခဲ့တဲ့ installer နဲ့ ၀င်းဒိုး အဆင်မပြေတာ ရှိခဲ့ ရင်တော့ ဇော်ဂျီ ကီးဘုတ်ကို add တဲ့အချိန်မှာ error ပြပါတယ်။
 
 အဲဒါမျိုး ဆိုရင်တော့ ဒီဝင်းဒိုး မှာ မိမိ သုံးထား တဲ့ ကီးဘုတ် က ဘယ်လိုမှ အသုံးပြုလို့ မရတာ ပါ။ (အပေါ်က manually install လုပ်ဖို့ ပြောခဲ့တာပါ။  အဆင်သင့် သုံးချင် သူများ အတွက် အောက် က နည်း အတိုင်း သုံးနိုင်ပါတယ်)။ 
 
အချို့က zawgyi အတွက် ဆိုရင် အနည်းဆုံးနှစ်မျိုး ကလေ လေးမျိုးလောက်ထိ run ပေး တတ် ကြတယ် ဗျ။ အဲဒီမှာ ရှုပ်ကုန်ပြီး ပြဿ       နာတွေ လည်း တက်တတ် ပါတယ်။
 
 နောက်ပြီး လက်ရှိ  http://www.mandalayalpha.com/   မှာ ကီးဘုတ် အမျိုးအစား အမျိုး မျိုး နဲ့ removal တွေပါ free download ပေးပါ တယ်။ ကျနော် မကြိုက်ပါဘူး။ ဘာလို့ လဲတော့ မမေးနဲ့။ အပေါ်က ကျနော်ပေးခဲ့တဲ့ installer တစ်ခုထဲ ကိုပဲ သုံးကြည့်ပါ။ 
 
installing complete ဖြစ်တယ် ဆိုရင် သူတောင်းတဲ့ အတိုင်း restart ပေးလိုက် ပါ။ နေရာ တိုင်း အတွက် လုံးဝ အဆင်ပြေ ပါတယ်။ အကယ်၍ အခြို့ ၀င်းဒိုးမှာ installing မပြီးခဲ့ ရင် အောက် က keyboard installer ကို run ပေးပါ။ (Vista နဲ့ Windows 7 မှာ ဖြစ်တတ် ပါတယ်။ 64-bit windows ဆိုရင် လည်း အခုပေးတဲ့ ကီးဘုတ် ပဲ အဆင်ပြေမှာပါ)

Zawgyi keyboard installer Download (x86 and x64-bit windows) ကျနော်ပေး ထား တာ ကို ဇစ်ဖြည် လိုက်ရင် Zawgyil ဆိုပြီး ဖိုလ်ဒါတွေ့ လိမ့်မယ်။ အဲဒီ ထဲမှာ setup ဆိုတဲ့ ကမ္ဘာလုံး ပုံလေးကို run ပေးပါ။ 
 
၅ စက္ကန့် ခန့် အတွင်း complete လို့ ပြပါ လိမ့်မယ်။ (loading တွေ installing တွေ ဘာမှ မပြ ပါဘူး)။ Finish ဆိုတာ ကို နှိပ်ပေးလိုက် တာနဲ့ taskbar မှာ ဇော်ဂျီ ကီးဘုတ် ပေါ် လာမှာ ဖြစ် ပါတယ်။ (ဒီ installer နဲ့ အလွဲ အချော်ဖြစ်တာ၊ အဆင် မပြေတာ တခါမှ မတွေ့ ဘူးသေးပါဘူး။ ၀င်းဒိုး အားလုံးအတွက် အဆင်ပြေပါ တယ်)။ 
 
ဒီ installer က ကီးဘုတ် တစ်ခုထဲ ကိုသာ ထည့်သွင်းပေးတာဖြစ်လို့ ဖောင့် မပါသေးပါဘူး။ (အပေါ်က ပေးခဲ့တဲ့ installer သို့မဟုတ် အခြား Installer တွေ run ပြီး လို့ အဆင်မပြေ မှ ဒါကို run တယ် ဆိုရင်တော့ ပြဿ      နာမရှိပါဘူး။ ဒါ တစ်ခုထဲ run ထားတာ ဆို ရင်တော့ ဖောင့် ကို မိမိ ဘာသာ ထည့်ပေး ရမှာဖြစ်ပါတယ်။

XP မှာ ဖောင့် တစ်ခုကို ထည့်သွင်းဖို့ က ဖောင့် ကို copy ယူ လာပြီး Control panel – Font ထဲမှာ paste ချပေးပါ။ ပြီးရင် ထည့်ပေး လိုက်တဲ့ ဖောင့် ကို double click နှိပ် (သို့) restart ချပေး မှ ဖောင့် active ဖြစ်ပါတယ်။ ဖောင့် အများကြီးကို install လုပ်ချင် တာ ဆိုရင်တော့ Control panel – Font ရဲ့ နေရာလွတ် တစ်ခုမှာ right-click လုပ်ပြီး install font ပါ
ကို နှိပ်။ ပြီးရင် မိမိဖောင့် ထည့် ထားတဲ့နေ ရာကို ရွေးပေးပြီး၊ select လုပ်ကာ install လို့ ပေးလိုက် လို့ ရပါတယ်။

Vista နဲ့ windows 7 အတွက်တော့ အရမ်း လွယ်သွား ပါပြီ။ Install လုပ်ချင် တဲ့ ဖောင့်ပေါ် right-click
ထောက်ပြီး install ဆိုတာ ကို နှိပ်ပေးရုံပဲ။ အများကြီး install လုပ်ချင်ရင် အားလုံး ကို select လုပ်ပြီး right-click ထောက် install နှိပ်ပါ။

Zawgyi font ဆို လို့ သက်တမ်း တစ်လျှောက် မှာ ထူးခြားတဲ့ ဖောင့် တမျိုး ရှိပါတယ်။ စာလုံး မှားရေး တတ် သူတွေ အတွက် အတော်လေး အထောက် အကူ ရပါတယ်။ ဥပမာ – သုညနဲ့ ၀လုံး လိုမျိုးပေါ့။ အခြားဖောင့်တွေ အားလုံး က အတူတူ ပါပဲ။ အဲဒီ အတွက် အလွယ်ပဲ ၀လုံးနေ ရာ သုည ကိုပဲ ရေးလိုက်ပါတယ်။ 
 
ဒီဖောင့် မှာ ကျတော့ သုည အပေါက်လေး နှစ်ပေါက် လုပ်ပေးလိုက်တဲ့ အတွက် ၀လုံးနဲ့ သိသိ သာသာကြီး ကွာခြား သွားပါတယ်။ နောက်ပြီး “နု” ဆိုပြီးရေးမယ် ဆိုပါစို့ မိမိ က န ကို အခု အတိုင်း ခြေထောက် ပါတဲ့ အရှည်ရေးမိ လိုက်ရင်လည်း -ု ထည့်တဲ့ အချိန် မှာ သူ့ ဘာသာ ခြေထောက် မပါတဲ့နငယ် ဖြစ်အောင် ပြောင်းလဲပြီး နု အဖြစ်ရေးပေးသွားပါတယ်။ 
 
http://www.alpha.com.mm/zawgyi/zawgyi.html

အထူး သဖြင့် ယရစ်တွေပေါ့။ မြန်မာစာ လုံးမှာ ယရစ်တွေ အမျိုးမျိုး ရှိပါတယ်။ လုံးကြီးတင်ပါ ၊ မပါ ၊ ယရစ်ကြီး၊ သေး တွေ ရှိပါတယ်။ြ-ြ-ြ-ြ-     စသဖြင့်တွေ့ ပါလိမ့်မယ်။ 
 
 လုံးကြီးတင် ပါရဲ့သားနဲ့ အပြည့် ယရစ် နဲ့ရေး မိရင် မလှ သလို၊ လုံးကြီးတင် မပါပဲနဲ့ အပွင့်နဲ့ ဆိုလည်း မလှ ပါဘူး။ အဲလို မျိုး အတွက် ဒီဖောင့် က မိမိ ကြိုက်တာရေးလိုက် သူ့ ဘာသာ ပြောင်း လဲ သွားပေးပါတယ်။ 
 
ဒါတွေရဲ့ creator က မာ့ခ် လို့ သိရပါ တယ်။ ကျနော်ပြောတာ ထက် အများကြီး ပိုပြီး update လုပ်ထားပြီး ပါပြီ။   ဒီနေရာမှာ   ဖောင့်တွေ အတွက် သူပြော ထားတာ အများကြီး ရှိပါတယ် ။ လေ့လာကြည့် ပါဦး။
 
 ဇော်ဂျီဖောင့် နဲ့ ကီးဘုတ်တွေ အတွက် အဆင် မပြေဖြစ်နေသေး သူများ အတွက် ဒီပို့စ် ကို ရေးသားပါတယ်။ မိတ်ဆွေရဲ့ Internet Explorer မှာ ဇော်ဂျီဖောင့် ပေါ်အောင် လုပ်ချင်ရင် အောက်ပါ နည်းလမ်းလေးကို စမ်းကြည့်ပါ ..

Start Menu > Run ကို နှိပ်ပါ .. nodepad လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ.. Nodepad Window ပေါ်လာပါလိမ့်မယ်။
အောက်မှာ ဖော်ပြထားတဲ့ Style Sheet HTML Code လေးကို ကော်ပီလိုက်ပါ .. ပြီးရင် Nodepad မှာ
Right Click လုပ်ပြီး Paste လုပ်ပါ။..
 
 
body {font-family:Zawgyi-one;}
input, select , textarea
{font-family:Zawgyi-one;}
 
 
 ပြီးရင် “mmfont.css” လို့ ဖိုင် နာမည်နေရာ မှာ ရေးပြီး save လိုက်ပါ.. ကိုယ် မှတ်မိမယ့် တနေရာပေါ့ … အပေါ်က အဆင့်ပြီးရင် IE ကို ဖွင့်လိုက်ပါ ..

Tools > Internet Option ကို ရွေးလိုက်ပါ ..IE မဖွင့်ပဲ Internet Options တန်းပေါ်ချင် ရင် လည်း Run box ကနေ inetcpl.cpl လို့ ရိုက်ပြီး Enter ခေါက်လိုက်လို့ ရပါတယ်..
 
ခု internet options ကို ရောက်ပြီ ထား ပါစို့ ..Accessibility ဆို တဲ့ ခလုတ်လေး ညာ ဘက် အောက် နားလေးမှာ ရှိပါတယ် ..
 
ကလစ်လိုက်ပါ ..
၁) Ignore fonts style specified on webpages ဆိုတဲ့ Checkbox ကို Check လုပ်ပါ ။
၂) Format documents using my style sheet ဆို တဲ့ Checkbox ကိုလည်း check လုပ်ပါ.. ပြီးရင် Browse ကို နှိပ်ပြီး ကျွန်တော် တို့ တနေရာ မှာ Save ထား ခဲ့တဲ့ mmfont.css ဆိုတဲ့ File လေး ကို ရှာရွေးပေးပြီး Open ကို ကလစ်ပါ ..

ခု မြန်မာ ဆိုဒ် တဆိုက် ကို IE ကနေ ၀င်ကြည့် လိုက် ပါ ..မြင် ရလား ?၀င်းဒိုး XP အတွက်.. ZFK-EG-W ဒီ နာမည် နဲ့ ဖိုင်က အဆင်ပြေပါတယ်  ။ ၀င်းဒိုး ဗစ်တာ ၀င်းဒိုး ဆဲဗင်း 64bit အတွက် လည်း နာမည် နဲ့ သတ်သတ် ပေးထားပါတယ်ဗျာ ။

မူရင်း။ ။  မြန်မာချစ်သူ

No comments:

Post a Comment