Friday, October 17, 2014

ရယ်တဲ့ အခါတိုင်း ပိုက်ဆံပေး ရမယ့် ဟာသပြ ဇာတ်ရုံ


စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ မှာ ဖွင့်လှစ် ထားတဲ့ ဟာသပြ ဇာတ်ရုံ ရဲ့ ၀န်ဆောင်မှု က တစ်မျိုး ထူးခြားနေ ပါတယ်။  ဟာသပြ ဇာတ်ရုံ ၀င်ကြေး ကို သတ်မှတ် ထားခြင်း မရှိဘဲ ရယ်ရမှ ပိုက်ဆံပေးပါ ဆိုတဲ့ ပုံစံမျို; ဖန်တီးထားခြင်း ဖြစ်ပါတယ်။ 

လက်ဝှေ့ ပြိုင်ပွဲတွေ မှာ ကျင့်သုံးတဲ့ ပုံစံ လို ကျင့်သုံးခြင်းလည်း ဖြစ်ပါတယ်။ လက်ဝှေ့ ပြိုင်ပွဲတွေ မှာ Pay-Per- View စနစ် ကို ကျင့်သုံးပြီး တစ်ပွဲကြည့် မှ တစ်ပွဲ စာ ပေးရမယ့် စနစ် ဖြစ်ပါ တယ်။

 ကြည့်ရတဲ့ သူ အတွက် တန်ပြီး ရိုက်ကူး ထုတ်လွှင့် ပြသတဲ့ သူအနေ နဲ့ အကျိုးအမြတ် များစွာ ရှ၇ှိ စေပါတယ်။ ဟာသပြ ဇာတ်ရုံ မှာတော့ ရုံဝင်ကြေး ပေးစရာ မလိုဘဲ တစ်ခါရယ် တဲ့အခါ တိုင်း တစ်ခါ ပိုက်ဆံပေး ရမှာ ဖြစ်ပါတယ်။ 


တကယ်လို့ ဟာသ ပြဇာတ် က ရယ်စရာ မကောင်း ရင်တော့ ငွေကြေး ရရှိမှု က နည်းပါး သွား မှာ ဖြစ်ပါ တယ်။ ပရိသတ် တွေကို အထူး ဖန်တီး ထားတဲ့ ဆော့ဖ်ဝဲလ် တပ်ဆင်ပေး ထားပြီး ရယ်တဲ့ အခါတိုင်း ကို မှတ်သား ထားမှာ ဖြစ်ပါတယ်။ 

ဒီနောက် ကိုယ် ဘယ်လောက် ရယ်ခဲ့ သလဲ ဆိုတာ တွက်ချက်ပြီး အခကြေးငွေ ပေးချေ သွား ရမှာ ဖြစ်ပါတယ်။ စပိန်နိုင်ငံ မှာ အခွန်တွေ တိုးမြှင့် ကောက်ခံ ခဲ့တာမို့ ပြဇာတ်ရုံ တွေ ၀င်ငွေ ကျဆင်း သွားခဲ့ ပါတယ်။ 

တစ်နှစ်တာ ကာလ အတွင်း မှာ ၀င်ငွေ ကျဆင်း မှုက (၃၀) ရာခိုင်နှုန်း အထိ ရှိခဲ့ပါတယ်။ ဒါကြောင့် ငွေကြေးတွေ ပြန်လည် ရှာဖို့ ပရိသတ် စိတ်ဝင်စားမယ့် နည်းလမ်း ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ကြည့်ရှု သူ ပရိသတ် တိုးပွား လာဖို့ ဆွဲဆောင်တဲ့ အနေနဲ့ တစ်ခါ ရယ်မှ တစ်ခါ ပိုက်ဆံပေးရတဲ့ စနစ် (Pay-Per-Laugh) ကို အသုံးပြုခဲ့ ပါတယ်။ တစ်ခါ ရယ်တဲ့ သူကို ၀န်ဆောင်ခ အဖြစ် အခကြေးငွေ ယူရို (၀ ဒသမ ၃၀) သာ ကောက်ခံ မှာ ဖြစ်ပြီး အများဆုံး အနေနဲ့ ယူရို (၂၄) လောက် ကျ သင့်မှာ ဖြစ်ပါတယ်။ 

အရယ်သန်တဲ့ သူတွေ ကတော့ ငွေကြေး များများ ဆောင် သွားဖို့ လိုမှာ ဖြစ်ပါတယ်။ လက်မှတ် တစ်စောင်ကို ယူရို (၆)လောက် ရှိပေမယ့် တစ်ခါရယ် တစ်ခါ ပိုက်ဆံပေး စနစ် အသုံးပြုခြင်းကြောင့် ပွဲ တစ်ပွဲမှာ ရောင်းချ ရတဲ့ လက်မှတ်ခ ထက် ပိုမို ကောင်းမွန်တဲ့ ၀င်ငွေကို ရရှိနေတယ်လို့ ဆိုပါတယ်။ 

တစ်ခါရယ် တစ်ခါ ပိုက်ဆံပေး စနစ်ကြောင့် ရရှိတဲ့ ပွဲတစ် ပွဲ ရုံဝင်ခ ဟာ ယူရို (၂၈၀၀၀) အထိ ရှိတာမို့ လက်မှတ်ရောင်းချ ရတာ ထက် ပို တွက်ခြေကိုက်နေ ပါတယ်။


 အေသင်အောင်
messenger
From..Search Myanmar

 

No comments:

Post a Comment