Wednesday, January 24, 2018

သင် ဘယ်နေ့မှာ ဘာဖြစ်မှာလဲဆိုတာ




သင် ဘယ်နေ့မှာ ဘာဖြစ်မှာလဲဆိုတာ လေးကို တွက်ကြည့်လို့ရတဲ့ နည်းလေးပါ

ကျွန်တော်တို့ ဂဏန်းဗေဒင် ပညာမှာ ဘယ်နေ့ကို ဘာဖြစ်မယ် ဆိုတာကို တွက်လို့ရတဲ့ တွက်နည်း ရှိပါ တယ်။ ဟိုတစ်နေ့က အွန်းလိုင်း မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက ကျွန်တော့်ကို ဒီလို  ပြောပါတယ်။

ဆရာတဲ့ အဘ မင်းသိင်္ခ မရှိတော့ပေမယ့် ဆရာကြီးရဲ့ ပညာရပ်တွေကို အခုလို ဖြန့်ဝေပေးတာ ကျေးဇူးပါပဲတဲ့။ ကျွန်တော်တို့က အဘ မင်းသိင်္ခ ရဲ့ အဝေးရောက် တပည့်တွေဆို မမှားပါဘူးတဲ့။ ဆရာကြီး မင်းသိင်္ခ ရဲ့ စာအုပ်တွေဆို မလွတ်တမ်း ဖတ်တယ်တဲ့။ စာအုပ်ထဲမှာ ပါတဲ့ ဗေဒင်တွက်နည်းတွေဆို အမြဲတမ်း လေ့ကျင့် ပြီး တွက်နေကြတဲ့။ မိတ် ဆွေတွေ အမတွေ ဆိုလည်း တွက်ခိုင်းလို့ အမြဲတမ်း တွက်ပေးနေကြတဲ့။

အဲဒီမှာ ကျွန်တော်တို့ အားလုံးအတွက် အရမ်း မှန်ကန်တဲ့ ဗေဒင်တွက်နည်း တစ်ခုရှိတယ်။ ဂဏန်းဗေဒင်  တွက်နည်း ပါဆရာ။ ဆရာတော့ သိမလား မသိဘူး။ ရောက်ဆဲ ရက် လ ခုနှစ်ထဲက ကိုယ့်ရဲ့ မွေးရက် မွေးလ မွေးခုနှစ်ကို နှုတ်။ တစ်ခုထဲ ရအောင်ပေါင်းတယ်။ ရတဲ့ ဂဏန်းကို ကြည့်ပြီး ဒီနေ့က ကောင်းတယ် မကောင်းဘူး။ ဘာဖြစ်နိုင်တယ် ဆိုတာကို တွက်ယူလို့ရတဲ့ နည်းလေးပါ။ ဆရာ သိတယ် မဟုတ်လား 

ဆိုတော့..

ကျွန်တော်ကလည်း သိတာပေါ့ဗျာ။ ကျွန်တော့်ရဲ့ ဘ၀မှာ အရမ်း အရေးကြီးတဲ့ ကိစ္စတွေဆိုရင် ဒီနည်းနဲ့ ပဲ တွက်ကြည့်ပြီး လုပ်နေကြပေါ့လို့ ပြန်ပြောလိုက်တယ်။ အဲဒီတော့ သူကလည်း အရမ်းမှန်တာပဲ ဆရာရယ်တဲ့။ ကျွန်တော်ဆိုရင် အဲဒီနည်းနဲ့ တွက်ကြည့်လို့ မကောင်းဘူး ဆိုရင် ဘာအလုပ်မှ မလုပ်တော့ဘူးတဲ။ အဲဒါနဲ့ ကျွန်တော်လည်း စိတ်ကူးတစ်ခုရတယ်။ ကျွန်တော့်ရဲ့ ဆိုက်ကို လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေတွေ  အတွက် ဒီဏန်းဗေဒင် တွက်နည်းလေး တင်ရရင် ကောင်းမှာပဲ ဆိုတဲ့ ဖြူစင်သောနှလုံးဖြင့် ဒီပို့လေးကို တင်လိုက်တာ ဖြစ်ပါကြောင်း …….

တွက်နည်း ကတော့ လွယ်ပါတယ်။

ရောက်ဆဲ ခု . လ . ရက်  ထဲကနေ မိမိ ရဲ့ မွေးရက် မွေးလ မွေးသက္ကရာဇ်ကို နှုတ်။ 
တစ်လုံးထဲ ရအောင်ပေါင်းပေါ့။

အောက်မှာ တစ် ကနေ ကိုး အထိ ဘာဂဏန်း ရရင် ဘာဖြစ်မယ် ဆိုတာကို အတိအကျ ရေးထားတဲ့
ဟောကိန်းတွေ ပါပါတယ်။ အားလုံးသော သူများ ကျေနပ် ပျော်ရွှင်ကြလိမ့်မည်ဟု မျှော်လင့်ပါတယ်ဗျာ။


(၁)-ဂဏန်း ကျသောနေ့

အကြံအစည်သစ်တွေ၊ လုပ်ငန်း သစ်တွေ၊ အတွေ့အကြုံသစ်တွေ ရောက်လာလိမ့်မယ်။ အိပ်ယာကနိုး ပြီး မျက်လုံး နှစ်လုံး ပွင့်ကတည်းက ငါ တစ်ခုခုတော့ ရတော့မှာပဲလို့ စိတ်မှာ ပိုက်ထားပါ။ မုချ တစ်ခုခု ရရှိပါလိမ့်မည်။

(၂)-ဂဏန်း ကျသောနေ့

ဒီနေ့ဟာ ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် ကိုယ်က ကြားကနေပြီး ၀င်ပြီး ဖြန်ဖြေပေးရတတ်တယ်။ ဝေးကွာနေတဲ့ လူနှစ်ယောက် အတွက် ကိုယ်က ဆက်သွယ်ပေးရတတ်တယ်။ ဒီနေ့ဟာ ဘယ်လို အကြောင်းအရာတွေပဲ ပြောပြော ကိုယ်ပြောသမျှကို ဘယ်သူကမှ မဟုတ်ဘူးလို့ မပြောပဲ လက်ခံ၇မယ့် နေ့ဖြစ်တယ်။ အမှန်ကတော့ ဒီနေ့ဟာ နှစ်ဦးနှစ်ဖက် အုပ်စုနှစ်ခုကို ပြေပြေ လည်လည် ဖြစ်သွားအောင် ဖျန့်ဖြေပေးရတဲ့ နေ့မျိုးပဲ။

 ပြီးတော့ ဘာကိုပဲ လုပ်လုပ် ကံတရားက ကိုယ့်ကို မျက်နှာသာပေးတဲ့နေ့မျိုး ဖြစ်တယ်။


Sunday, January 21, 2018

ထုတ်ကုန်သစ်တစ်ခု မစတင်မီ ဈေးကွက် သုတေသနပြုခြင်း အဆင့် ၇ဆင့်



7 Steps of Market Research Before Launching a New Product.
(ထုတ်ကုန်သစ်တစ်ခု မစတင်မီ ဈေးကွက် သုတေသနပြုခြင်း အဆင့် ၇ဆင့်)

1. Know your market — and your competitors
...သင်၏ဈေးကွက်ကိုသိပါ။ သင်၏ပြိုင်ဖက်အကြောင်းကို နားလည်ပါ။
....ဈေးကွက်လေ့လာချက်များသည် သင်၏ဈေးကွက်နှင့် ဆန့်ကျင်တုန့်ပြန်မှူများကို အလိုလိုမကြာခဏ သိမြင်လာစေပါသည်။ အကယ်၍ သင့်ကိုယ်သင် ကျွမ်းကျင်မှူရှိပြီးဟု ထင်မြင်ထားလျှင်သော်မှ တွေ့ရှိမှုအသစ်များကိုထွက်ပေါ်စေနိုင်ပါသည်။ 


ဥပမာ- Snack အသင့်အလွယ် စားစရာများကို၊ ထမင်းဟင်း စားသုံးရာတွင် အစားထိုးလာကြသည်ဟုဈေးကွက်လေ့လာချက်အရ သင်သိရှိထားသော်လည်း၊ သုံးစွဲသူများသည်၊ သစ်သီး ၊ချောကလက်၊ အချိုပွဲများနေရာတွင်ပါ အစားထိုး သုံးစွဲတတ်သည့် အလေ့အထကို သင်ရှာဖွေတွေ့ရှိလာသကဲ့သို့ဖြစ်စေပါသည်။


ထိုနည်းတူစွာ.. ထုတ်ကုန်တစ်ခု စတင်ထုတ်လုပ်သည်နှင့် သင်၏ပြိုင်ဖက်များသည် မည်သည့် ကုန်အမျိုးအစားများ ထုတ်လုပ်နေသည်၊ ၀န်ဆောင်မှု မည်ကဲ့သို့ရှိသည်ကို သိထားရန်လိုသလို၊ သင်၏ ထုတ်ကုန် သစ်သည် ၄င်းတို့အတွက်ပြိုင်ဖက်မဖြစ်နိုင်ကြောင်း ယုံကြည်သွားစေရန်ဆောင်ရွက်ရမည်။ သင်၏ ထုတ်ကုန်ကို စားသုံးသူများအတွက်သာ စိတ်ဝင်စားရန်ဆောင်ရွက်ရမည်။ 


သင်၏ ကုန်အသစ်မှပေးစွမ်းနိုင်မှုအသစ်များနှင့် ၀ယ်ယူသင့်သည့် ကျိုးကြောင်းခိုင်လုံမှူကို ဖော်ထုတ်ထားရမည်။ ပြိုင်ဖက်ကုန်များနှင့် ယှဉ်ပြိုင်နိုင်မှူများကိုလည်း ကြိုတင်တိုင်းတာဖော်ထုတ်ရမည်။ သင်၏ ထုတ်ကုန်သစ်အောင်မြင်မှုကို ဟန့်တားမည့်ကုမ္ပဏ္ဍီနှင့် ကုန်ပစ္စည်းကိုလည်း ကြိုတင်သိရှိထားရမည်။

2. Target your customer 
(စားသုံးသူကို အဓိက ပစ်မှတ်ထားလေ့လာပါ)
...သင်၏ ဈေးကွက် ထိုးဖောက်ရေးလုပ်ငန်းသည် ကုန်ကျစားရိတ် အသက်သာဆုံးဖြင့် ရလာဒ် အကောင်းဆုံး ရရှိစေရန် အဓိကရည်ရွယ်ချက်ထားရမည်။ သင့်ဆီက လူအများဆုံး ၀ယ်ယူစေရန်မျှော်လင့်ချက်ထားဆောင်ရွက်ရမည်။သို့သော် ပစ်မှတ်စားသုံးသူများသည် လက်ရှိအခြေအနေတွင် သင်၏ ထုတ်ကုန်နှင့်အလားတူများကို သုံးစွဲနေသော်လည်း၊ ၄င်းတို့အနေဖြင့် သင်၏ ထုတ်ကုန်သစ် အရည်အသွေးကိုလေ့လာလိုစိတ်ဖြင့် စိစစ်ပြီးပြောင်းလဲရွေးချယ်လာအောင် ဆွဲဆောင်မှု ပုံစံသစ်များထည့်သွင်းဆောင်ရွက်ရမည်။

အကောင်းဆုံး စားသုံးသူသည် သင်၏ ထုတ်ကုန်ကို စိတ်ဝင်တစ်စား လေ့လာသူဖြစ်ပြီး သင်၏ ထုတ်ကုန်ကို လိုအပ်နေသူ၊ ၀ယ်ယူနိုင်စွမ်းရှိသူ၊ အပြိုင်အဆိုင်ရောင်းချသည့် ထုတ်ကုန်များထဲမှ သင့်ထုတ်ကုန်ကို ဆုံးဖြတ် ရွေးချယ်သူဖြစ်သည်။ အလွယ်ပြောလျှင်တော့ အဟောင်းကို ပစ်ပယ်ပြီး သင့်ထုတ်ကုန်သစ်ကိုရွေးချယ်ကာ ဖန်တီးမည့်သူဖြစ်သည်။ 

3. Devise your Unique Value Proposition 
(သင်၏ပြိုင်ဖက်ကင်းသော တန်ဖိုးဖော်ပြနိုင်သည့်တီထွင်မှူပြုလုပ်ပါ)
သင်၏ စားသုံးသူက ပြိုင်ဆိုင်မှုကုန်များကြားမှ ဘာကြောင့် သင့်ထုတ်ကုန်ကို ၀ယ်ရမည်နည်း ။
သင်က သူ့အတွက် ယုံကြည်လာအောင် ဘယ်အချက်တွေနှင့် ရပ်တည်ပြမှာလဲ ၊
သင့်၏ ထုတ်ကုန်သည် အသစ်ဖြစ်ပြီး ၀န်ဆောင်မှူကောင်းပေးရုံနှင့် ရပ်တံ့မနေဘဲ စားသုံးသူ၏ ဆုံးဖြတ် 
ချက် ခိုင်မာလာစေရန် Why and How မေးခွန်းများကိုဖြေဆိုပြီး ပြိုင်ဖက်ကင်း အရည်အသွေး ပုံစံ တစ်ခုကို ဖော်ပြနိုင်ရမည်။ သူတို့၏ တန်ဖိုးထားမှူကို ရရှိစေရန် စားသုံးသူနှင့် ဆက်သွယ်ရှင်းလင်း တင်ပြနိုင်ရမည်။



Friday, January 5, 2018

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာဂြိုဟ် အကြောင်း သိကောင်းစရာ



ကမ္ဘာဂြိုဟ် သည် လူသားများ၊ တိရိစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ နေမှရေတွက်ပါက တတိယမြောက် ဂြိုလ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံ လတစ်စင်းသာ ရှိသည်။ ကမ္ဘာ သည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟု သတ်မှတ်ကြသည်။ သိပ္ပံ အထောက်အထား များအရ ကမ္ဘာသည် သက်တမ်း အားဖြင့် နှစ်ပေါင်း ၄.၅၄ ဘီလီယံ အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာဂြိုလ်သည် နေ အဖွဲအစည်း တွင် ဆီလီကာ ကျောက်တောင်များဖြင့် ဖွဲစည်း ထားသော ဂြိုဟ်လေးခုအနက် အချင်း၊ ထုထည်၊ သိပ်သည်းဆ အားဖြင့် အကြီးဆုံး ဖြစ်သည်။ ကမ္ဘာ ကို ကမ္ဘာမြေကြီး၊ ပထဝီမြေကြီး၊ ကမ္ဘာဂြိုဟ်၊ သြကာသလောက ဟုလည်း ခေါ်ကြသည်။

ကမ္ဘာ၏ အချင်းမှာ ကီလိုမီတာ ၁၂,၇၁၄ ရှိသည်။ ကမ္ဘာ၏ အဝန်းမှာ ကီလိုမီတာ ၄ဝ,ဝ၇၅ ရှိသည်။ အာကာသမှ ကြည့်လျှင် ပြာလဲ့လဲ့နှင့် တိမ်များ ရှိနေခြင်းကြောင့် လှပသော ဖန်ဂေါ်လီ တစ်လုံးကို မြင်ရ
သကဲ့သို့ရှိသည်။

ကမ္ဘာဂြိုဟ်ပေါ်တွင် သက်ရှိတို့သည် နှစ်ထောင်ပေါင်း ၁ သန်း အတွင်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှ စ၍ ကမ္ဘာ၏ ဇီဝ အလွှာ (biosphere) သည် လေထု (atmosphere) နှင့် အဇီဝ (abiotic) အခြေအနေ ကို များစွာ ပြောင်းလဲ စေခဲ့ပြီး လေရှူ သတ္တဝါ (aerobic organism) များ ပေါက်ပွားစေခဲ့ခြင်း နှင့်အတူ အန္တရာယ် ရောင်ခြည်များမှ ကာကွယ် ပေးသော အိုဇုန်းလွှာ ကို ဖြစ်ပေါ်စေခဲ့သည်။ ကမ္ဘာဂြိုဟ် (Earth) သည် လူသားများ၊ တိရိစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေ ထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ ကမ္ဘာတွင် လတစ်စင်းသာရှိသည်။