Showing posts with label လူကုန် ကူးမှူ သတင်းများ. Show all posts
Showing posts with label လူကုန် ကူးမှူ သတင်းများ. Show all posts

Tuesday, January 27, 2015

ကလေးငယ် များ ခိုးယူ ၍ ထိုင်း သို့ ရောင်းချသော ဈေးကွက် ပေါ်ပေါက်နေ


 မြန်မာ ကလေးငယ်များ ကို ခိုးယူ ၍ ထိုင်းနိုင်ငံ သို့ရောင်းချ ပြီး ကလေးငယ်များ အား တောင်းရမ်းခိုင်းကာ ကြီးပြင်း လာလျှင် မကောင်းသည့် လုပ်ငန်းများ လုပ်ကိုင်စေသော ဈေးကွက် ထိုင်းနိုင်ငံ တွင် ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။

ခိုးယူ ခံရ၍ ထိုင်းနိုင်ငံ အတွင်းသို့ ရောင်းချ ခံရသော မြန်မာ ကလေးငယ် အချို့သည် အရွယ် မရောက်သေး မီ တောင်းရမ်း သည့် လုပ်ငန်း လုပ်ကိုင်ကြရပြီး အရွယ်ရောက်လျှင် မိန်းကလေးဖြစ် ပါက ပြည့်တန်ဆာ လုပ် ငန်း၊ အနှိပ်ခန်း နှင့် အိမ်အကူ လုပ်ငန်းများ လုပ်ကိုင်ကြရလေ့ရှိသည်။

 ယောက်ျားလေးဖြစ်ပါ က မူးယစ်ဆေးဝါး ရောင်းဝယ်ရေးနှင့် ရေလုပ်ငန်း များတွင် လုပ်ကိုင်ကြ ရကြောင်း  မြန် မာ လုပ်သားများ အား ကူညီ စောင့်ရှောက်မှုပေးနေသော ထိုင်းနိုင်ငံ ရှိ မြန်မာအသင်း အဖွဲ့ အစည်း များက ပြောသည်။


Sunday, December 21, 2014

အရှိန် အဟုန် နဲ့ ကြီးထွား လာတဲ့ လူသား မှောင်ခို ဈေးကွက် ( ဖတ်ဖြစ်အောင် ဖတ်ပေးပါ )

 Lwin Pyin's photo.


တိုင်းပြည် ဆင်း၇ဲလွန်း လို့ နေစရာ စားစရာ မရှိဖြစ်နေ တဲ့  သာမန်ပြည်သူတွေ  နယ်စပ်ဒေသတွေ မှာ စွန့် စား သွားရောက် လုပ်ကိုင်နေသူများ.သတိထား ဖို့ပါ
 

ငွေကြေး မပြည်စုံသူတွေ ရဲ့  အများဆုံး ထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံး နည်းလမ်း ကနေ သွားနေကြ တဲ့သူတွေ မှာ ရင်ဆိုင် ရမယ့် အရမ်း အန္တရယ်ကြီးမား တဲ့ ပြသနာတွေ ရှိနေပါတယ်၊....

.ဒီအထဲ မှာ အဆိုးဆုံး က တရုပ်ပြည် နယ်စပ် က လူကုန် ကူးနေကြတဲ့ ဒုစရိုက်မှောင်ခို ဂိုဏ်းတွေ ရဲ့  ငွေ မက်လုံး နဲ့ ဖျားယောင်းသွေးဆောင်ပြီး လူ့ ကိုယ်တွင်း က အရေးကြီး တဲ့ အစိတ် အပိုင်းတွေ ကို ထုတ် ယူ ရောင်းစားနေကြ  တာဘဲဖြစ်ပါတယ်။

တရုပ်နိုင်ငံ အတွင်း မှာ ကျောက်ကပ်-နှလုံး..အဆုတ်  စတဲ့ ထုတ်ယူရောင်းစား မှု က ဈေးကွက် မှာ ကျယ်ပြန့် လာနေ ပါပြီ၊ နှစ်စဉ် တရုပ် နိုင်ငံတွင်း မှာပင် ဆေးရုံက လူနာ(၁)သန်း လောက် ဟာ ကိုယ်တွင်း က အရေးကြီးတဲ့ အစိတ်အပိုင်းတွေ အစားထိုး ဘို့ စောင့်နေကြပါတယ် ၊

Saturday, November 29, 2014

ကျွန်ပြု ခြင်း ကို တွန်းလှန် ရန် အချိန်


 
 
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သား အမျိုးသမီး တစ်ဦး ကို တွေ့ရစဉ် / ဓာတ်ပုံ−အေအက်ဖ်ပီ

ရန်ကုန် လူထု ကို လှုပ်နှိုး လိုက်သည့် ခေတ်သစ် လူသားချင်း ကျွန်ပြုမှု တစ်ရပ် မကြာသေးမီ က ဖြစ်ပွား ခဲ့သည်။ 

အသက်(၁၄)နှစ် အရွယ် မြန်မာ ကလေးငယ် မသန်းသန်းစိုး တစ်ယောက် ရန်ကုန်မြို့ ရှိ ဆရာဝန် ဇနီးမောင်နှံ အိမ်၌ အိမ်အကူ အဖြစ် ၂ နှစ် နီးပါး အလုပ်လုပ်ပြီး ချိန် တွင် ရရှိ လိုက်သည် က မွေးရာ ပါနှုတ် ခမ်းကွဲ သူ လို ပုံစံ ပျက်သွားသည့် နှုတ်ခမ်း၊ ရိုက်နှက် မှုကြောင့် ကျိုးသွားသည့် လက်၊ အမာရွတ် များ ထင် ထင် ရှားရှား မြင်နေရသည့် ဘဝ မျိုးပဲ ဖြစ်သည်။

မသန်းသန်းစိုး ၏ အဖြစ်ဆိုး က ရန်ကုန်မြို့ ရှိ အဆောက် အအုံများ၊ လူနေအိမ် များ ထဲတွင် ရုန်းကန် ရှင် သန်နေကြသော အိမ်အကူ ကလေးငယ် များ၏ လူမသိ သူမသိ ဘဝမြောက်မြားစွာ ထဲမှ လူသိ သွားသော ဖြစ် ရပ်တစ်ခုသာ ဖြစ်သည်။ 

 ကျွန်ပြုမှု ဆန့်ကျင် လှုံ့ဆော်သည့် လူ့ အခွင့်အရေး အဖွဲ့အစည်းကြီး တစ်ခုဖြစ်သော Walk Free Foundation ၏ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ထုတ်ပြန် လိုက်သည့် အစီရင်ခံစာ အရ မြန်မာနိုင်ငံ တွင် ခေတ် သစ် ကျွန်ပြုခံရ သူပေါင်း ၂၃၀,၀၀၀ ကျော်ရှိနေသည်။ ယင်း လူဦးရေ ပမာဏမှာ ကယားပြည် နယ် တစ်ပြည်နယ် လုံး စာ လူဦးရေ နီးပါး ရှိ၏။

Thursday, September 12, 2013

ရွှေ မလေးတွေ ပြည့်တန်ဆာ လုပ် နေတဲ့ အိမ်များ ...



“သမီးကို မိဘတွေက ကျောင်းဆက် မထားနိုင်တော့တဲ့ အဖြစ် ဆိုတော့ လူပွဲစား ကလည်း ရပ်ကွက် ထဲမှာ ထိုင်းကို သွားပြီး အလုပ် လုပ်ဖို့ မက်လုံးပေး စည်းရုံး တာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက် တာပါ။ 

စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစား ခံရပြီး ဒ်ီဘ၀ကို ရောက်လာ ရတာပါ။ ဒီ အလုပ် လုပ်ဖို့ တစ်ခါမှ မစဉ်းစား ခဲ့ပါဘူး။ အခုတော့လည်း မိသားစု အတွက် အနစ်နာ ခံရတယ်လို့ပဲ သဘောထား လိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။


နအဖ လက်ထက် စီးပွားရေး ကျပ်တည်းရာမှ လူကုန် ကူးမှု၏ သားကောင်များ ဖြစ်နေကြသူ များထဲ တွင် မြန်မာ အမျိုး သမီးငယ် အများ အပြား လည်းပါဝင်၏။ ဘ၀ ပျက်ကာ ပြည့်တန်ဆာ ဘ၀တွင် နစ်မွန်းနေကြ ရသူ မြန်မာ မိန်းကလေး များ ထိုင်းနိုင်ငံ အတွင်း သောင်းနှင့် ချီ၍ ရှိကြောင်း မြန်မာ့ အမျိုး သမီးရေး လေ့လာနေ သည့် အဖွဲ့များက ပြောသည်။


Tuesday, September 10, 2013

ပြည်ပသို့ သွားရောက် အလုပ် လုပ်ကိုင်ကြသူများ သတိပြုဖွယ်


ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့၏ ၂ဝ၁ဝ ပြည့်နှစ်က ထုတ်ပြန်ခဲ့သော ဆန်းစစ်ချက်များ အရ မြန်မာနိုင်ငံ အတွင်း ရန်ကုန်နှင့် မန္တလေး ကဲ့သို့သော မြို့ကြီးများသို့ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူ ဦးရေသည် လေးသန်းခန့် ရှိကြောင်း သိရသည်။


မြန်မာရွှေ့ပြောင်း လုပ်သားများသည် အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် ထိုင်း၊ တရုတ်၊ စင်ကာပူနှင့် မလေးရှား နိုင်ငံများသို့ သွားရောက် လုပ်ကိုင်လျက် ရှိကြရာမှ ဂျပန်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လျက် ရှိသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ ၂ဝ၁၂ ခုနှစ် အတွင်းက စာရင်းများအရ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ် ကိုင်ကြသော ရွှေ့ပြောင်း လုပ်သား သုံးသန်းခွဲ ရှိသည်။



မြန်မာရွှေ့ပြောင်း အလုပ်သမားများ အများဆုံးမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်ကြသူများနှင့် တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်ကြသူ စုစုပေါင်း နှစ်သန်းခွဲခန့် ရှိသည်။ ရွှေ့ပြောင်း အလုပ်သမား အများစုသည် မိမိတို့ သွားရောက် အလုပ်လုပ်ကိုင်မည့် နေရာဒေသ၏ အခြေအနေကို သေချာစေ့ငုစွာ မသိဘဲ  သွားရောက် လုပ်ကိုင်ကြခြင်း ဖြစ်သဖြင့် လူကုန်ကူးသူများ၏ မက်လုံးပေး လှည့်ဖြားခြင်း ခံကြရသူများလည်း ရှိသည်။ 

Saturday, September 7, 2013

အနှိပ်ခန်း မရောက်ကြစေ ဖို့ မိန်းကလေး များ အတုယူကြ ပါစို့...




 သမိုင်းအစဉ်အလာ ကောင်းခဲ့သည့် မြန်မာ အမျိုးသမီးများသည် အမျိုး၊ ဘာသာ၊ သာသနာ ကို စောင့်ရှောက် ထိန်းသိမ်း မြှင့်တင်ရာတွင် စံနမူနာ ယူဖွယ်ဖြစ်သည့် အမျိုးကို ချစ်ခင်စောင့် ရှောက်ခြင်း သည် အမျိုးသမီး တို့၏ သိက္ခာ၊ အမျိုးသမီးတို့၏ အင်အား၊ အမျိုးသမီးတို့၏ တန်ဖိုး နှင့် ဆက်စပ်ယှက်နွှယ်မှု ရှိသည် ။ ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည် ဟူသည့် စကားနှင့် အညီ အမျိုးသမီးတို့၏ မိခင်မေတ္တာ စိတ် ကို အံ့သြဖွယ် ဂုဏ်ပြုရင်း အဖြစ်မှန် ဤဆောင်းပါး ကို ရေးသားလိုက်ပါသည်။

အချိန်ကား ၂၀၀၉ ခုနှစ် ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့ (၉)ရပ်ကွက် ရှိ မြေးမလေး ချစ်သဲ အကြောင်းကို ပြောပြချင်သည်။ ချစ်သဲ အသက်က (၁၆)နှစ် မပြည့်သေး။ ဆယ်တန်းကျောင်းသူ ဖြစ်သည်။ 

တစ်နေ့ မျက်ရည် စက်လက်ဖြင့် ကျွန်မ၏ တူမဖြစ်သူ ချစ်သဲ၏ အမေ ကျွန်မအိမ် သို့ ရောက် လာသည်။ ကျွန်မက ဘာများဖြစ်လာ ပါလိမ့်လို့ စိုးရိမ် စိတ်နဲ့ တူမဖြစ်သူကို ““ဟဲ့ မိဦးမျက်နှာ လည်း မကောင်း ဘာဖြစ် လာတာလဲ”” ဟု မေးရာ တူမ ဖြစ်သူက ငိုသံပါကြီးနှင့် ““ကျွန်မ သမီးလေး ချစ်သဲ ကျောင်းကနေ ပြန်ရောက်မလာလို့  လိုက်ရှာတာပါ၊ 

သတင်းကြားတာ ကတော့ ကောင်လေး တစ်ယောက်နဲ့ လိုက်သွားတယ် လို့ကြားမိတယ်။ ခုချိန်ထိ ပြန်မလာသေးဘူး၊ အဲဒါ ဒေါ်ဒေါ့်ဆီကို ရောက်လာရင် ကျွန်မကို လှမ်းအကြောင်း ကြားပေး ပါနော်””ပြောပြောဆိုဆို သမီးဇောနဲ့ ထွက်သွားသည့် မိဦးကို ကြည့်ပြီး စိတ် မကောင်း ဖြစ် မိသည်။  

အချစ်နှင့် တွေ့လျှင် မိဘ၏ရင်ကို ခြေစုံကန်ထွက်သွား သူ သား၊ သမီးတွေ လက်ညှိုး ထိုး ရေ တွက် လို့တောင် မရနိုင်ပါဘူး။

Monday, September 2, 2013

လူကုန်ကူးမှု အန္တရာယ် ကင်းသော ရွှေ့ပြောင်း သွားလာရေး



လွန်ခဲ့သောနှစ်ပေါင်း များစွာက ကျွန်တော်တို့ ကမ္ဘာကြီးပေါ်တွင် အလွန်ရက်စက် ကြမ်းကြုတ် သည့် ကျေးကျွန် စနစ်ကြီး ပေါ်ပေါက်ခဲ့ဘူးပါသည် ။ ၎င်းစနစ်မှ ကျွန်ပိုင်ရှင် များ သည် လူသား စ င်စစ် ကျွန်များအား တိရိစ္ဆာန်များသဖွယ် ခိုင်းစေကြသည်၊ အရောင်း အ၀ယ်ပြုကြ သည်၊ အသက်ကိုပင် ပိုင်ဆိုင်ခဲ့ကြသည်။

ထို့ကြောင့် လူအများက အဆိုပါကျွန်စနစ်ကြီးကို ၀ိုင်းဝန်းတော်လှန် ခဲ့ကြသဖြင့် လွန်ခဲ့သောနှ စ်ပေါင်း ၂၀၀ ခန့်တွင် ကျေးကျွန်စနစ်ကြီး ကမ္ဘာပေါ်မှပျောက်ကွယ် ခဲ့ရသည်ဟု လူအများ သိရှိခဲ့ကြပါသည်။


သို့သော်လည်း ၁၉၉၀ ပြည့်ခန့်မှစ၍ ခေတ်သစ်ကျွန်စနစ်အား လူကုန်ကူးမှု အဖြစ်ပုံစံသစ်ဖြင့် ကမ္ဘာပေါ်၌ ပြန်လည်တွေ့ရှိလာကြရသည်။

လူ့အခွင့်အရေးကို အဆိုးဝါးဆုံး ဖေါက်ဖျက်ကျူးလွန်နေသည့် လူကုန်ကူးမှုသည် ယနေ့ ကမ္ဘာ အနှံ့အပြားတွင် ကျယ်ပြန့်စွာဖြစ်ပွားလျက် ရှိသည်ကို တွေ့ရှိနေရ ပေ သည်။ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှုများကဲ့သို့ပင် လူသားတို့ကို ခြိမ်းခြောက်လျက်ရှိသည်ကို တွေ့ရှိရသည်။

 

ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ မိသားစု အတွင်း အကြမ်းဖက် မှု ကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ပွဲများဖြစ်ပွားမှု အခြေအနေရှိခြင်း၊ သဘာဝ ကပ်ဘေးများ ကျရောက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခြင်းစသည့် အကြောင်းတရားများသည် လူကုန် ကူးမှု ဆိုသည့်အကျိုးတရားကို ဖြစ်ပွားစေရန် တွန်းအားပေးနေသည့် အချက်များပင်ဖြစ်တော့ သည်။

လူကုန်ကူးမှု သည် တိုးတက်လာသော နည်းပညာများအရ ကျူးလွန်ရန်လွယ်ကူးခြင်း၊ အရင်း အနှီး နည်းနည်းဖြင့် အမြတ်အစွန်းကြီးမားစွာ ရရှိခြင်းတို့ကြောင့် လူကုန်ကူးမှုပြဿ     နာသည် အလျှင်အမြန် ကြီးထွားလျက် ရှိနေပေသည်။ မိမိတို့ စားဝတ်နေရေးဘ၀ ရပ်တည်ရန် ခက်ခဲနေ မှုများကြောင့် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်း သွားလာ ကာ အလုပ်လုပ် ကိုင်နေသူ များသည် လူကုန်ကူးသူတို့၏ ပစ်မှတ်များ ဖြစ်လာကြသည်။ 



အထူးသဖြင့် ကလေးများနှင့် အမျိုးသမီးများ အပေါ် ပို၍ကျူးလွန် လာကြသည်။ မြန်မာနိုင်ငံတွင် ယနေ့အများဆုံးတွေ့ရှိရသော လူကုန်ကူးမှုပုံစံများမှာ အဓမ္မထိမ်းမြားခြင်း၊ ပြည့်တန် ဆာ ပြုခြင်း ၊ အဓမ္မ အလုပ်ခိုင်းစေခြင်း၊ သူတောင်းစား အဖြစ်ခိုင်းစေခြင်း စသည်တို့ဖြစ်သည်။

လူကုန်ကူးခံရ ခြင်းကြောင့် ခံရသူတစ်ဦးချင်းအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင် ရာများ ထိခိုက်နစ်နာရ သကဲ့သို့ နိုင်ငံအနေဖြင့် ကြည့်မည်ဆိုလျှင် လည်း အမျိုးအနွယ် ပျက်စီးခြင်း ၊ ဂုဏ်သိက္ခာထိခိုက်ခြင်း၊ လူသားအရင်းအမြစ် များလျော့ပါးခြင်းတို့ စသည်ဖြင့် ထိ ခိုက်နစ်နာ ရပေသည်။

လူကုန် ကူးမှုဖြစ်ပွား မှု များတွင် ယေဘူယျ အားဖြင့် အဆင့် (၃) ဆင့်တွေ့ရ၏။ 


ပထမအဆင့်တွင် သွေးဆောင်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ခြိမ်းခြောက်/အနိုင် အထက်ပြုခြင်း တို့ဖြင့် လူကိုသိမ်းသွင်း စုဆောင်းခြင်းပြုကြသည်။


Thursday, August 29, 2013

မြန်မာ လိင် အလုပ်သမ ၉ ဦး ထိုင်းနိုင်ငံ တွင် ကယ်ထုတ်နိုင်ခဲ့


ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အတွင်း လိင် အလုပ်သမအဖြစ် ရောင်းစားခံရသည့် ကလေး ငယ် များ အပါအဝင် မြန်မာ အမျိုးသမီး ၉ ဦးကို ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် အလုပ်ရုံမှ ကယ် ထုတ်နိုင် ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) က ပြောသည်။

ထိုင်း လူကုန်ကူး မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၏ အကူအညီဖြင့် ရနောင်းမြို့နှင့် ကီလိုမီတာ ၁၀၀ ကျော် ကွာဝေးသည့် ဖန်ငခရိုင်၊ ခူရပူရီမြို့နယ်၊ နန်ယောင် ငါးဖမ်းလှေဆိပ်ရှိ လိင်အလုပ်ရုံ မှ ည ၈ နာရီ ဝန်းကျင်တွင် ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း MAT ဒါရိုက်တာ ကိုကျော်သောင်း က ပြောသည်။

“ရဲတွေ နဲ့ ကျနော်တို့ သွားဝိုင်းတဲ့အခါမှာ အလုပ်ရုံ ၅ ခုလုံး ပိတ်ထားတယ်။ တောဘက် ပုန်း ခိုင်း ထားတာပေါ့။ ဟိုရှာ ဒီရှာ လုပ်တဲ့အခါမှာ ထားဝယ်က ကောင်မလေး နှစ်ယောက် ထွက် လာ တယ်။ ပုလိပ်လာဖမ်းရင် ငါတို့ လွတ်ပြီ ဆိုပြီး ထွက်လာကြတယ်။ ကျနော်တို့နဲ့ တွေ့တော့ သမီးတို့ကို လာဖမ်းတာ မဟုတ်ဘူး။ 


သမီးတို့ မိဘဆီကို ပြန်ပို့ဖို့ လာခေါ်တာ။ သမီးတို့ ထောင်ကျမှာ မဟုတ်ဘူး။ အကျိုး အကြောင်းကို ရှင်းပြတော့ သူတို့က နားလည်သွားတော့ ထပြီး ကကြတယ်။ ဟေး ငါတို့ လွတ်ပြီ ဆိုပြီး။ အဲဒီအခါကျမှ တခြားနေရာမှာ ပုန်းနေတဲ့ အမျိုးသမီးတွေကို လှမ်းခေါ်တာ” ဟု ကယ် ထုတ်ခဲ့ပုံကို ရှင်းပြသည်။


Saturday, August 24, 2013

နိုင်ငံခြားကို သွားချင်နေတဲ့ မမ များ သတိထား (ဖတ်ရန်)


အစ်ကိုမောင်မောင်ရေ အစ်မခင်နှင်းက တွေ့ ချင်လို့ အိမ်ကို လာခဲ့ပါတဲ့ ခင်နှင်း ရဲ့ မောင်ဖြစ် သူ  ကျော်ကျော်က ကျောင်းသွားရင်း ကျွန်တော့်ကို ၀င်ပြောသွားသည်။ ခင်နှင်း နိုင်ငံခြား မှာ အလုပ် သွား လုပ်တာ ၃ နှစ်နီးပါး ကြာပြီးနောက်   နေမကောင်း သဖြင့် ပြန် လာသည် ကိုတော့ ကြားသည်။

တခေါက်မှ မရောက်ဖြစ်သေး ။ ခုတော့ သူကိုယ်တိုင် ခေါ်ခိုင်းနေပြီမို့  ညနေဖက် အိမ်မှ ထွက်ခဲ့ သည်။ အိမ်ရှေ့ တွင် ခင်နှင်းရဲ့ ညီမငယ်လေး စုစု ကစားနေသည်။ ကျွန်တော် အိမ်အပေါ် ထပ် သို့ တန်းတက်ခဲ့သည်။ ခင်နှင်းက ခြေသံ ကြား သဖြင့် ခေါင်းထောင်ကြည့် သည်။ ကျွန်တော် အနား ရောက်သွားသည်နှင့်။ 


အကို မောင်မောင် ကတော့ ငါ့ညီမလေး ဘယ်လို ဖြစ်နေသလဲလို့  သတင်းတောင် လာမေးဖေါ် မရ ဘူး။ ခေါ်ခိုင်းမှပဲ ပေါ်လာတော့တယ်နော်။ မဟုတ်ပါဘူး ခင်နှင်း ရယ် အကို လည်း ဒီရက် မှာ အလုပ် နဲနဲ များနေလို့ မလာဖြစ်သေးတာပါ။ ခင်နှင်း ပြန်ရောက်တာ အကို ကြား ပါတယ်။


၂၃ ဒေါ်လာဖြင့် ရောင်းစား ခံရသော မိန်းမ


 
သူမအမည်က ‘ခင်’ ဖြစ်သည်။ ပထမဦးဆုံး ယောက်ျား အရက်သမားက စွန့်ပစ်ခြင်း ခံခဲ့ရ သည်။ နောက်တစ်ယောက် ထပ်ယူပြန်တော့လည်း ညှဉ်းပန်း နှိပ်စက်တတ်သည့် အရက် သမား ဖြစ်နြေ ပန် သည်။ ထို အချိန်တွင် အိမ်နီးချင်းတစ်ဦးက သူမကို အလုပ်လာပြီး ကမ်း လှမ်း သည်။
 

ခင့်အသက်က ၃၃ နှစ်သာ ရှိသေးသည်။ မူလတန်း ပြီးအောင်ပင် ပညာမသင်ကြားခဲ့ရသဖြင့် အတွေးအမြင်ကလည်း မြင့်မားလှသည် မဟုတ်။ မူဆယ်မြို့တွင် အိမ်ဖော် လုပ်ရမည်ဟူသည့် ကမ်းလှမ်းချက်ကို စွန့်စားပြီး လက်ခံလိုက်သည်။
 

သို့ဖြင့် အရက်သမား ခင်ပွန်းနှင့် မန္တလေးကို စွန့်ပြီး သမီးလေးကို ခေါ်ကာ အိမ်နီးချင်းနှင့်အတူ မူဆယ် သို့ သူတို့ထွက်ခဲ့ကြသည်။ နောက်တစ်ရက် မနက်တွင် သူမ ယာယီနိုင်ငံကူးလက်မှတ် တစ်စောင် ကို ရခဲ့သည်။ ထိုလက်မှတ်က သူ့အတွက် ထူးဆန်းနေသည်။ မကြာမီ သူတို့ကို တရုတ်နယ်စပ် သို့ ခေါ်သွားသည်။ သူမ ကို ခေါ်လာသည့် သူအား တရုတ် တစ်ယောက် က ငွေ၂၀,၀၀၀ ကျပ် ပေးနေသည် ကို တွေ့လိုက်ရသည်။
 

ကျွန်မက ခင့်ကို ရောင်းစားလိုက်ခြင်းကို သိပါသလားဟု မေးလိုက်သည်။ သူမက “သိတော့ သိတယ် ။ ဒါပေမဲ့ ဘာလုပ်ရမှန်းလဲ မသိဘူး” ဟုပြန်ပြောသည်။ ခင်က ကျွန်မကို စကားပြန်က တစ် ဆင့် ဖုန်းဖြင့် ပြန်ပြော ပြနေခြင်း ဖြစ်သည်။

 နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) က လူကုန်ကူးခြင်း သည် အလုပ်အကိုင်များကို အမှားပြောပြီး ဆွယ်တရားဟော စည်းရုံး ကာ နောက် ဆုံး တွင် လိင်ကျွန် သို့မဟုတ် အခိုင်း အစေ များ ဘဝဖြင့်သာ အဆုံးသတ်ရလေ့ ရှိကြောင်း ပြောကြားထားသည်။
 

Thursday, August 15, 2013

မြန်မာ မိန်းကလေး များ ရောင်းစား ခံနေရသော ဘ၀ မှ လွတ်ကင်း ကြပါစေ

မြန်မာမိန်းကလေးများ ရောင်းစားခံနေရသော ဘ၀မှ လွတ်ကင်းကြပါစေ  ဒိုင်း၊ ဒိုင်း”  လင်မယားနှစ်ယောက်လုံးရဲ့ ရင်ဘတ်ကိုယ်စီမှာ သွေးစအသီးသီး စွန်းထင်းသွားချိန်တွင် ကျနော့်လက်တွေ တုန်တုန်ရီရီဖြစ်နေသည်။ ငယ်စဉ်ကတည်းက ရွာဦးကျောင်းဆရာတော်ခြေရင်းမှာမှီခိုပြီး သင်လာသမျှဘုန်းကြီးကျောင်းပညာသည် သူ့အသက်မသတ်ဖို့၊ အထူးသဖြင့် လူ့အသက်မသတ်ဖို့ကို အတန်တန်ဆုံးမခဲ့သည်။ သို့သော် ကျနော့်ကို ဤဒွန္နယာထဲအရောက်ပို့ဆောင်ပေးခဲ့သူမှာ အခြားမဟုတ်၊ ကျနော့်ရဲ့ မခံချင်စိတ်။ ဒီစိတ်ကြောင့်ပင် ကျနော် လူသတ်သမားဘ၀ကို ကျေကျေနပ်နပ် ခံယူခဲ့မိသည်။ ကျနော်လူသတ်ခဲ့သည်။ တစ်ယောက်တည်းမဟုတ်။ နှစ်ယောက်တောင်မှ။ မယားကိုလည်းသတ်သည်။ လင်ကိုလည်းသတ်သည်။ အဘယ့်ကြောင့်ပါနည်း။ ဒီလင်၊ ဒီမယားအသက်ရှင်နေသေးသမျှ များစွာသောသမီးပျိုတို့၏ ဘ၀ပန်းလေးများ ဆက်လက် ကျေနွမ်းနေကြရပေဦးမည်။ ကျနော် သူတို့လေးတွေ၏ ဘ၀ပန်းများ ဆက်လက်လန်းဆန်းခွင့်ရကြစေဖို့ သွေးစွန်းသော လက်ပိုင်ရှင်တစ်ယောက်အဖြစ်ကို ခံယူလိုက်သည်။ ကျနော် နောင်တမရပါ။ လုပ်သင့်သည်ကို ကျနော်လုပ်ခဲ့ခြင်းမျှသာဖြစ်သည်။ ဒီအတွက် သူရဲကောင်းအဖြစ်ကိုလည်းမခံယူလို၊ လူမိုက်ဖြစ်သည်ဟုလည်း ဆိုချင်ဆို။ ကျနော့်အကြောင်းနှင့် ကျနော်ပင်။ ပြောရလျှင် ကျနော့်ဘ၀၏ ဆင်းရဲမွဲတေမှုကိုပင် အပြစ်တင်ရတော့မည်ထင့်။ ကျနော်လူပျင်းတစ်ယောက်မဟုတ်သည်ကို ကျနော့်ရွာတစ်ရွာလုံးသိသည်။ မိသားစုဆင်းရဲပုံကို အကျယ်မချဲ့လိုတော့။ အဖေက ပျံကျအလုပ်သမား။ အမေက ခေါင်းရွက်ဗြတ်ထိုးဈေးသည်။ ဖရဲသီးပေါ်ချိန်ဖရဲသီး၊ ကြံပေါ်ချိန် ကြံ၊ ရရာအလုပ်လုပ်ရင်း မိသားစုဘ၀လေး ပြိုကွဲမသွားအောင် ရှာကျွေးသည်။ တစ်နေ့လုပ်မှ တစ်နပ်စာမျှရသောဝင်ငွေသည် မိသားစုတစ်ခုလုံး၏ ၀မ်းဗိုက်ကို ကြာလေကပ်လေ ဖြစ်လာစေသောအခါ ကျနော်မနေနိုင်တော့။ အိမ်ထောင်ပြုလေပြီဖြစ်သော ကျနော့်အမတွေက ယောင်နောက်ဆံထုံးပါ ယောက္ခအိမ်ပေါ် အခန့်သားတက်နေနိုင်ကြချိန်တွင် လူပျိုလူလွတ်ဖြစ်သော ကျနော့်တစ်ယောက်တည်း မိဘနှစ်ပါး၏ အရိပ်အောက်က မခွါနိုင်သေး။ တစ်သက်လုံး မိဘလုပ်စာကို ချို့ချို့ငဲ့ငဲ့ကပ်စားခဲ့ရသမျှ အရွယ်ရောက်လာသောအခါ ရှက်တတ်လာသည်။ ထို့ကြောင့် လက်ကျန်မိသားစု၏ စားဝတ်နေရေးကို တာဝန်ယူဖို့ ကျနော်ဆုံးဖြတ်လိုက်သည်။ သို့သော် သို့သော်------။  ဆင်းရဲသောနုံချာသော ကျနော့်ဘ၀ကို အဘယ်သူက ကယ်တင်ပါ့မည်နည်း။ ရွာမှာ အရွယ်ရောက်သူတိုင်း နိုင်ငံခြားပိုးထိုးနေချိန်တွင် ကျနော့်မှာ စိတ်ပင်မကူးရဲသေး။ စင်ကာပူ၊ မလေးရှား၊ ယိုးဒယား ဆိုတဲ့ အသံတွေ နားနှင့်မဆံ့ ကြားနေရပေသည့် ကျနော့်နှင့် လားလားမျှသက်ဆိုင်သည်ဟု မအောင့်မေ့ခဲ့။ ရွာမှာပင် ရရာအလုပ်လုပ်ရင်း ၀င်ငွေရှာဖို့ ဆုံးဖြတ်လိုက်သည်။ သို့နှင့် ထမင်းကျွေးမည့်အလုပ်လိုက်ရှာဖြစ်သည်။ လူဖြစ်လောက်တဲ့ အလုပ်တစ်ခုမှ ရွာမှာမရှိ။ ရရစားစား ကုန်သွားသည်ချည်းပင်။ တစ်ခါတစ်ရံ အကြွေးပင် တင်လိုက်သေးသည်။ ထိုရောအခါ အကြွေးဆပ်ဖို့ပါ အလုပ်ပိုလုပ်လာရတော့သည်။ သမင်မွေးဘိ၊ ကျားစား၏သို့ ကျနော်လုပ်သမျှ လုပ်အားခသည် အိပ်ကပ်ထဲ ခိုအောင်းနေသည်ဟု တစ်ခါဖူးမျှမရှိခဲ့။ မနက်စာ၊ နေ့လည်စာ၊ ညစာဆိုသော ထမင်းသုံးနပ်အတွက် ရှာရသည်မှာ မသက်သာလှ။  အလုပ်ကပြန်လာတိုင်း အမေက ကျနော့်နဖူးပေါ်က ယိုစီးကျနေသောချွေးစလေးများကို ယုယညင်သာစွာသုတ်ပေးရှာသည်။ အမေ့မေတ္တာတစ်ခုတည်းကသာ ကျနော့်ဘ၀ရဲ့ အမောမှန်သမျှကို ပြေပျောက်စေသည်ဟု ခံစားရသည်။ အမေ့ကို သနားသည်။  “အမေ ဈေးထဲထွက်ပြီး ဖရဲသီးမရောင်းပါနဲ့တော့လား၊ ကျနော်လုပ်ကျွေးနိုင်နေပြီပဲဟာ”။ အမေ့ကို မချိတင်ကဲ ပြောဖြစ်သည်။  “အော် သားရယ်၊ ဒီအလုပ်က အမေ့အတွက် မပင်ပန်းပါဘူးကွဲ့၊ ငါ့သားလေး မမွေးခင်ကတည်းက အမေဒီအလုပ်လုပ်ပြီး ရှာကျွေးလာခဲ့တာပဲဟာ၊ သားလည်း သားလုပ်နိုင်သလောက်ပဲလုပ်ပါ၊ အမေလည်း အလုပ်လုပ်မှာပေါ့ကွယ်၊ ဒီအလုပ်က အမေ့တို့ကို ဂုဏ်မငယ်စေပါဘူး သားလေးရယ်၊ ဒီအလုပ်နဲ့ပဲ အမေတို့ မိသားဘ၀လေး ရပ်တည်ခဲ့တာပဲ မဟုတ်လား”။ အမေရဲ့ တုန့်ပြန်စကား။  ကျနော့်နှလုံးသားက မခံယူနိုင်သော စကားများပင်။ အမေ့အသက် ခြောက်ဆယ်ကျော်ပြီ။ အခုထိ မနားရသေး။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်ကတည်းက လုပ်ခဲ့သောအလုပ်ကို အမေ့ခမျှာ အခုထိ မစွန့်လွှတ်နိုင်သေး။ တခြားလည်း အမေဘာမှ မလုပ်တတ်။  ကျနော်ဒီအတိုင်းနေလို့ မဖြစ်မှန်း တဖြေးဖြေးသိလာသည်။ နေ့စဉ်နှင့်အမျှ နားမဆံ့ကြားနေရသည့် စင်ကာပူ၊ မလေးရှား၊ ယိုးဒယားဆိုသော စကားလုံးများကို သတိပြုမိလာသည်။ “ရွာက ဘယ်သူက ယိုးဒယားမှာ အလုပ်သွားလုပ်ပြီး အိမ်ကို ပိုက်ဆံဘယ်လောက်ပြန်ပို့နိုင်သတဲ့” ဆိုသော သတင်းများကို အားကျလာသည်။ နုံချာလွန်းတဲ့ ကျနော့်မိသားစုနှင့် ကျနော့်ဘ၀၏ ရှေ့ရေးကို တွေးကြည့်လိုက်သောအခါ ထိုသတင်းများသည် ကျနော့်အတွက် အားဆေးသဘွယ်ဖြစ်လာခဲ့ရသည်။ ကျနော်ဆုံးဖြတ်ချက်တစ်ခု မရဲတရဲချမိသည်။ “ငါ ယိုးဒယား သွားအလုပ်လုပ်မည်” ဟူ၍။ သို့သော် အဘယ်သို့ သွားရမည်နည်း။ နုံချာတဲ့ ကျနော့်ဘ၀မှာ အပေါင်းအသင်းဆိုသူများမှာလည်း ကျနော့်နှင်နှင် ချာတူးလန်များပင်ဖြစ်လေရာ သူတို့ကိုလည်း အားကိုးလို့ မဖြစ်နိုင်။ ထိုရောအခါ ကျနော်ကိုယ်တိုင်ပင် လိုက်စုံစမ်းရတော့သည်။  “မေးပါများ စကားရ” ဆိုသလို ရွာတစ်ပတ်လည် ဟိုမေးသည်မေးလုပ်လိုက်သောအခါ လမ်းစတစ်ခု သွားတွေ့သည်။ ကော့သောင်ကို သွားတဲ့အဖွဲ့နဲ့လိုက်သွားပြီး ယင်းမှတစ်ဆင့် ဟိုဘက်ကမ်း ကူးနိုင်သတဲ့။ ဟုတ်ပေပြီ။ ဒီလမ်းကြောင်းသည် ငါ့ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းပင်ဖြစ်ချေမည်။ ကျနော် မလိမ်မိုးမလိမ်မာ ဆုံးဖြတ်သည်။ ယင်းဆုံးဖြတ်ချက်အရ အမေ့ကို အရင်တိုင်ပင်သည်။ အမေ့က မသွားစေလို။ သို့သော်လည်း အတန်တန်ပြောဖန်များသောအခါ အမေလည်းမတားနိုင်တော့။ ကျနော့်သဘောဟု အခွင့်ပေးလိုက်သည်။ အမေ့ခါးကြားမှာ ကျစ်ကျစ်ပါအောင်လိပ်ထားသောဈေးရောင်းရငွေ အနည်းငယ်ကို ကျနော့်လက်ထဲထည့်ပေးသည်။ ကျနော်မယူချင်ပါ။ သို့သော် ငြင်းဆိုဖို့ရန် ခွန်အားလည်း ကျနော့်မှာမရှိ။ ကျနော်သွားမည့်ခရီးက ငွေလိုသည်။ ကျနော့်လက်ထဲ ဘာမှမယ်မယ်ရရ စုဆောင်းထားသည်ဟုမရှိ။ ထို့ကြောင့် အမေ့ချွေးနည်းစာကိုပင် စိတ်မကောင်းခြင်းကြီးစွာဖြင့် လက်ဖျန့်ယူခဲ့ရသည်။  အိမ်အိုပေါ်ရှိ ဘုရားကျောင်းဆောင်အိုလေးထဲတွင် ဗုဒ္ဓရုပ်ပွားတော်လေးတစ်ဆူ သီတင်းသုံးတော်မူသည်။ ကိုးကွယ်သူက ဆင်းရဲရှာသဖြင့် ဘုရားစဉ်သည်လည်း တောက်ပခွင့်မရရှာပေ။ “တပည့်တော် မိဘနှစ်ပါးကို ချမ်းသာစွာထားနိုင်ဖို့အတွက် နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်မှာမို့ တပည့်တော်အား သနားသဖြင့် စောင့်ရှောက်တော်မူပါဘုရား”။ ဘုရားရှေ့ ကျုံ့ကျံ့လေးထိုင်ကာ လေသံတိုးတိုးဖြင့် မရဲတရဲ အသနားခံလိုက်သည်။  ဘုရားကို ဦးသုံးကြိမ်ချပြီး ပြန်အထတွင် အမေနောက်က ရပ်နေသည်။ အမေ့မျက်နှာကို မော်ကြည့်လိုက်မိသည်။ အမေ့မျက်ဝန်းမှာ မျက်ရည်စတွေ စိုနေသည်။ ကျနော်အမေ့ကို ပထမဦးဆုံးအကြိမ် ခွဲခွါခြင်းဖြစ်သည်။ အမေ့ကို ကန်တော့လိုက်သည်။  “ငါ့သားလေး သွားလေရာမှာ ဘေးမသီရန်မခပါစေနဲ့ကွယ်”။ အမေဆုပေးသည်။ အဆုံးသတ်စကားလုံးမှာ အမေ့အသံအနည်းငယ် တိတ်ဝင်သွားသည်ကို သတိပြုမိသည်။ ကျနော်ရင်ဘတ် ကွဲအက်သည်သို့ ခံစားရသည်။ သို့သော် ဒီမေ၊ ဒီရေနဲ့ ဒီမြေကို စွန့်ခွါပြီး ကျနော့်ဘ၀ရဲ့ အနာဂတ်ကို ထူထောင်ဖို့ ဒီခရီးကို ကျနော်သွားရတော့မည်။  “သား သွားတော့မယ်နော် အမေ”။ အမေ ခေါင်းညိတ်လိုက်သည်။  အ၀တ်အစားအနည်းငယ်ထည့်ထားသော အိပ်အဟောင်းလေးကိုလွယ်ပြီး အိမ်ပေါ်ကနှေးကွေးသော ခြေလှမ်းများဖြင့် ကျနော်ဆင်းလာခဲ့သည်။ ကော့သောင်သို့ ထွက်မည့်ကားရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ကျနော့်ကျောပြင်ကို အမေကြည့်နေမည်မှာသေချာသည်။ ကျနော်နောက်ပြန်မလှည့်ဖြစ်အောင် အားတင်းပြီး ဆက်သွားခဲ့ရသည်။ ဤသည်ပင် ကျနော့်ဘ၀ရဲ့ ခရီးအစ မဟုတ်ပါလော။  ကားပေါ်တွင် ထိုင်လိုက်သောအခါ ကျနော့်နည်းတူ ရည်ရွယ်ချက်ကိုယ်စီဖြင့် ဘ၀ကြမ်းကို ဖြတ်သန်းမည့်သူများကို တွေ့လိုက်ရသည်။ ထိုအထဲတွင် မိန်းကလေးများလည်းပါသည်။ ဘာသွားလုပ်ကြမည်နည်း၊ ကျနော် မသိ။ မေးလည်း မမေးမိ။ ကျနော့်ရွာသားများကိုလည်းတွေ့ရသလို အခြားရွာမှလာသော မိန်းကလေးများကိုလည်းတွေ့ရသည်။ အားလုံးစွန့်စားကြမည့် မျက်နှာကိုယ်စီရှိကြသည်ချည်း။ ကျနော် အားတက်လာသည်။ လူစုံသလောက်ရှိသောအခါ ကားစက်စနှိုးသည်။ ကားထွက်ခါနီးမှ အပြေးအလွှားရောက်လာသူများကိုလည်း တွေ့ရသည်။ ကားတစ်စီးလုံးပြည့်ညပ်သွားသည်။  ကားဘီးစလိမ့်ချိန်တွင် အမေ့ကို စိတ်ထဲက မှန်းပြီး ဦးချလိုက်သည်။ “နေရစ်ပေဦးတော့ အမေရယ်”။စိတ်ထဲက ရေရွတ်ဖြစ်သည်။ ကားပေါ်ပါလာသူများအားလုံး ပျော်ရွှင်နေသည်ကိုတွေ့ရသည်။ ကျနော့်တစ်ယောက်တည်းကသာ ကျန်ရစ်သောအမေအိုကို စိတ်မချနိုင်ဖြစ်ပြီး တွေဝေနေသည်။ လမ်းတစ်လျှောက် လှပလွန်းသော ရှုမျှော်ခင်းများကိုလည်း အာရုံမ၀င်စားနိုင်ခဲ့။ ရှေ့ဆက်ရမည့် ခရီးကို မည့်သို့ရှိလေမည်နည်း၊ ကျနော် တွေးကြည့်နေမိသည်။ မျက်လုံးများ တဖြေးဖြေး မှေးစင်းလာသည်။ ဘေးက ဟေးလားဝါးလား ရယ်သံမောသံများလည်း နားထဲမ၀င်လာတော့။  “အမေရေ့----အမေ၊ သားပြန်လာပြီ၊ အမေ့အတွက် သား ပိုက်ဆံတွေ အများကြီးရှာလာခဲ့တယ်သိလား။ အမေ အပြင်ထွက်ပြီး ဈေးရောင်းစရာမလိုတော့ဘူး သိလား၊ သားရှာလာတဲ့ ပိုက်ဆံနဲ့ အိမ်မှာပဲ ကုန်စုံဆိုင်လေးတစ်ခုဖွင့်မယ်နော်၊ အမေ အပြင်ထွက်ပြီး ဈေးရောင်းစရာ မလိုတော့ဘူးနော်၊ အေးအေးဆေးဆေး အိမ်မှာနေပြီး အရိပ်ထဲ ဈေးရောင်းလို့ရပြီ၊ သိလား အမေ”။ ရောက်ရောက်ချင်း ကျနော်မနားတမ်း အားရ၀မ်းသာ ပြောလိုက်သည်။ ကျနော့်ကို မြင်တော့ တုန်တုန်ရီရီဖြစ်နေသည်။ ကျနော့်ဦးခေါင်းကို ဖက်ထားပြီး “ငါ့သားလေး ဘေးမသီရန်မခ ပြန်ရောက်လာတာကိုပဲ အမေ၀မ်းသာလှပါပြီကွယ်”။ အမေစကားဆိုသည်။ ၀မ်းသာလွန်းသော အမေ့မျက်ဝန်းတစ်စုံက ကျနော့်ကို နွေးထွေးစေသည်။ ဘေးပတ်ဝန်းကျင်က အိမ်နီးချင်းများလည်း ကျနော်ပြန်ရောက်ကြောင်း ကြားသဖြင့် လာမေးကြသည်။ အမေ့ရဲ့ အိမ်အိုလေး ကျနော်ပြန်ရောက်တဲ့မှာ ပြန်လည်စိုပြေလာသည် ဟုခံစားလိုက်ရသည်။ တစ်ယောက်တစ်ပေါက် မေးခွန်းများကို ကျနော်ဖြေနေရသည်။ အားလုံးပျော်နေကြသည်။  ဆူဆူညံညံအသံဗလံများကြောင့် လန့်နိုးလာသည်။ “အော်---ငါအိမ်မက် မက်နေတာပါလား”။ အိမ်မက်လေးကို ပြန်တမ်းတနေမိသည်။ အိမ်မှုံစုတ်ဖွါးဖြင့် အပြင်ဘက်ကြည့်လိုက်သည်။ ကော့သောင်သို့ပင် ရောက်နေချေပြီကော။ ကားဂိတ်တွင် အသားဖြူဖြူနှင့် မွန်လူမျိုးဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက်က လာကြိုနေသည်။ သူနှင့်အတူ ရနောင်းကမ်းဘက် လိုက်မည့်သူများကို စာရင်းယူသည်။ ကျနော်လည်း စာရင်းပေးလိုက်သည်။ မိန်းကလေးအများစုဖြစ်သည်ကို တွေ့ရသည်။ ကျနော်တို့အုပ်စု အားလုံးဆယ်ရောက်ခန့်ရှိမည် ထင်သည်။ ထိုအမျိုးသမီးခေါ်ဆောင်ရာသို့ လိုက်ပါသွားကြသည်။ အိမ်ကြီးတစ်လုံးပေါ်သို့ ရောက်ကြသည်။ ကျနော်တို့အုပ်စုကို မိန်းမ၊ ယောက်ျားခွဲခြားထားသည်။ နှစ်အုပ်စုဖြစ်သွားသည်။ သွားရမည့်ခရီးစဉ်ကို ပြောပြသည်။ ဟိုဘက်ကမ်းရောက်က မည်သို့မည်ပုံနေထိုင်ရမည်ကိုလည်း ပြောပြသည်။ အထူးသဖြင့် မိန်းကလေးများကို သီးသန့်ခေါ်တွေ့သည်။ ဘာတွေပြောသလဲ ကျနော်မမေးမိ။ ကျနော်နှင့် မဆိုင်ဟု တွက်ထားခဲ့သည်။ ကျနော့်ပန်းတိုင်မဟုတ်။ ကျနော့်ပန်းတိုင်က ဟိုဘက်ကမ်း ရောက်လျှင် အလုပ်ကောင်းကောင်းရှာမည်၊ ငွေစုမည်၊ ရသမျှ အမေ့ဆီ ပြန်ပို့မည်။ ကျနော့်ပန်းတိုင်က ဤမျှသာ။  ဟိုဘက် ရနောင်းကမ်းသွားမည့် မော်တော်တစ်စီးပေါ်သို့ တက်ကြရသည်။ မိန်းမကြီးလည်းပါသည်။ ကျနော်တို့အားလုံးကို လှေဝမ်းဗိုက်ထဲသို့ ၀င်စေပြီး အပေါ်က တာလပတ်များဖြင့် အုပ်လိုက်သည်။ လှေဝမ်းထဲ ဘာမှမမြင်ရ။ မှောင်မည်းနေသည်။ မိန်းမယောက်ျားမကွဲတော့။ အတူတူပူးကပ်နေကြရသည်။ ဤလှေဝမ်းမှာ ငါးထည့်သော နေရာဖြစ်သည်။ ကော့သောင်ကမ်းမှ ဖမ်းရသမျှ ငါးများကို ဤလှေဝမ်းဗိုက်အတွင်းထည့်ပြီး တစ်ဘက်ကမ်းသို့ ပို့ရသည်။ အခုတော့ ငါးနေရာတွင် မနုဿလူသားများ အစားဝင်ယူနေရသည်။ ငါးပုတ်အနံ့ဖြင့် လှေဝမ်းတစ်ခုလုံး နံစော်နေသည်။ အထဲရောက်ရောက်ချင်း အော့အံချင်စိတ်ပင် ပေါက်သွားသည်။ သို့သော် ကျနော်ရွေးချယ်ခဲ့သော လမ်းပင် မဟုတ်ပါလား။ သည်းခံရပေဦးတော့မည်။ ဒုက္ခ၏ ဦးစွာနှုတ်ဆက်သံကို ကျနော်မနာခံလို့ မဖြစ်။ ရှေ့ဆက် ဒိထက်ဆိုးမည်ကို တွေးမိလိုက်သည်။  လှေစထွက်သောအခါ မော်တော်စက်သံကြောင့် နားကွဲမတတ်အူသည်။ အချို့မိန်းလေးများ လှိုင်းမူးသဖြင့် အော့အံနေကြသည်။ လေကောင်းလေသန့်ရှူရှိုက်ခွင့်မရ။ လှေဝမ်းဗိုက်ကျဉ်းကျဉ်းလေးထဲ တွင် ငါးပိသိပ်ငါးချဉ်သိပ် လိုက်ပါခဲ့ရသည်။ တာမောစခန်းခေါ် ကြားခံစစ်ဆေးရေးစခန်းသို့ ရောက်သောအခါ ကျနော်တို့ကို ခေါ်လာသောမွန်မကြီးက သက်ဆိုင်ရာကို ဘာတွေသွားပြောနေသည်မသိ။ သက်ဆိုင်ရာက လှေပေါ်ဆင်းလာပြီး စစ်ဆေးခြင်းမပြု။ အပေးအယူတစ်ခုခုရှိမည်ဖြစ်ကြောင်း ကျနော်တွေးမိသည်။ ခဏနေသောအခါ မော်တော်ပြန်ထွက်လာသည်။ ရနောင်းကမ်းဘက်သို့ တဖြေးဖြေးဆိုက်ကပ်နေကြောင်း သိရသည်။  တစ်ဘက်ကမ်းသို့ မော်တော်ဆိုက်ကပ်လေပြီ။ ကမ်းနဖူးတွင် မွန်အမျိုးသားတစ်ယောက် ရပ်စောင့်နေသည်။ ဟိုအမျိုးသမီး၏ ယောက်ျားဖြစ်ကြောင်း နောက်မှသိရသည်။ ကျနော်တို့အဖွဲ့ကို သူတို့နေထိုင်ရာ အိမ်ကြီးသို့ ခေါ်ဆောင်လာခဲ့သည်။ အိမ်ကြီးဆိုသော်လည်း သူတို့ပိုင်သည်တော့ ဖြစ်ဟန်မတူ။ အငှါးအိမ်ဖြစ်ပုံရသည်။ အိမ်ပေါ်သို့ရောက်သောအခါ မွန်လင်မယားက ဇာတိစပြသည်။ ကျနော်တို့ယောက်ျားလေးများကို စပ်ဆိုင်ရာမှာ အလုပ်သွင်းပေးမည်၊ လုပ်အားခ သုံးပုံတစ်ပုံကို ပေးရမည်ဟုဆိုသည်။ ဘာမှမတတ်နိုင်၊ သူ့လက်ခုပ်ထဲကရေဘ၀ရောက်သွားလေပြီမို့ သွန်လိုသွန် မှောက်လိုမှောက်ချေတော့။ ပြုသမျှ နုရတော့မည်။ နောက်တစ်နေ့တွင် မနီးမဝေးရှိ ငါးအလုပ်ရုံတစ်ခုတွင် အလုပ်ရသည်။ မြန်မာအလုပ်သမား အများစုဖြစ်ကြောင်းတွေ့ရသည်။ ထိုင်းအလုပ်သမားအနည်းငယ်ကိုလည်း တွေ့ရသည်။ မိန်းကလေးများကိုမူ မည်သည့်အလုပ်ပေးသည်ဟု မသိရသေး။  ငါးအလုပ်ရုံတွင် အလုပ်လုပ်ရင်း အပေါင်းအသင်းရလာသည်။ အလုပ်သမားအများစုမှာ စုဖို့ဆောင်းဖို့ သတိမရကြ။ ရလာသမျှ လုပ်အားခကို သုံးပစ်ဖြုန်းပစ်သည်ချည်း။ ကျနော့်မှာ အလွန်ခင်စရာကောင်းသော ထိုင်းမိတ်ဆွေတစ်ယောက်ရသည်။ အစစအရာရာကူညီသည်။ စိတ်သဘောကောင်းသည်။ သို့သော် ကျနော့်ခမျှာ ပျော်ရွှင်ခွင့်မရ။ တပင်တပန်းလုပ်ပြီး ရလာသောလုပ်အားခ သုံးပုံတစ်ပုံကို မွန်လင်မယားလက်ထဲ ထည့်ထည့်ပေးနေရသည်။ မပေးလျှင် ထိုင်းရဲလက်ထဲအပ်မည်ဟု ချိန်းခြောက်သည်မှာလည်း အခါခါ။ ထောင်ထဲနေပြီး ဘ၀သေနေသည်နှင့်စာလျှင် အပြင်မှာ ရှင်သန်ခွင့်ရသည်ကို အမြတ်ဟု ယူဆကာ ဖြစ်သမျှကို ကျိတ်မှိတ်ခံရင်း ကျနော်နေခဲ့ရသည်။  ရက်အတန်ကြာသောအခါ သတင်းတစ်ခု ကြားရသည်။ ကျနော်နှင့်အတူပါလာသော မိန်းကလေးများကို ဇိမ်ခန်းပို့မည် တဲ့။ ယင်းအတောအတွင်း ကျနော်တို့အဖွဲ့ထဲက ရုပ်သန့်သန့်မိန်းကလေးသုံးယောက်ကိုလည်း ထိုင်းရဲလက်သို့အပ်ကာ ပျော်ပါးစေသည်ဟုကြားရသည်။ ဤသို့သော နည်းလမ်းဖြင့် လူကုန်ကူးသော မွန်လင်မယားတို့သည် ထိုင်းရဲနှင့် အပေးအယူမျှလျှက်ရှိကြောင်းလည်း ကြားသိလိုက်ရသည်။ မြန်မာမိန်းကလေးများအတွက် ကျနော့်ရင်တွေ နာကျင်လာသည်။ နှမချင်းစာနာစိတ်က ကျနော့်ကို သွေးအေးခွင့်မပြုတော့။ ကျနော့်သွေးတွေ ဆူဝေလာသည်။ မွန်လင်မယားကို ဆုံးမချင်စိတ်ပေါက်လာသည်။ အနိုင်ကျင့်လွန်းသည်ဟု ခံစားရသည်။ ကိုယ့်မြန်မာအချင်းချင်း လုပ်ရက်ပလေတယ် ဆိုသည့်အတွေးက ကျနော့်ဦးဏှောက်ကို အဆင်အခြင်မဲ့သွားစေသည်။ ထို့ကြောင့် ထိုင်းသူငယ်ချင်းကို အကူအညီတောင်းရသည်။ သေနတ်တစ်လက်ရှာပေးဖို့။  လျောလျောလျှူလျှူပင် ကူညီသည်။ ပစ်နည်းခတ်နည်းကိုပါ ကျကျနနသင်ပေးသည်။ စိတ်တည်ငြိမ်အောင်ထားဖို့ အရေးကြီးကြောင်းပြောသည်။ တစ်ပတ်ခန့်ကြာသောအခါ ကျနော့်ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ဖို့ လုပ်ရတော့သည်။ သေနတ်နှင့်လက်ကို ရင်းနှီးအောင် မကြာခဏလေ့ကျင့်ရသည်။ လွဲချော်၍မဖြစ်။ သူ့အသက်မပါလျှင် ကိုယ့်အသက်ပေးလိုက်ရမည့်ကိစ္စဖြစ်သည်။ ကျည်ဆံတစ်တောင့်မှာ အသက်တစ်ချောင်းပါရမည်။ အချိန်၊ နေရာ၊ ကွက်တိဖြစ်အောင် စဉ်းစားစီစဉ်ရသည်။ တစ်ခါဖူးမျှ လုပ်ခဲ့ဖူးခြင်းမရှိသော စွန့်စားမှုမျိုးကို ကျနော်လုပ်ဖို့ ဆုံးဖြတ်ထားလေရာ တွေးမိတိုင်း ကြက်သီးမွှေးညင်းများပင် ထူထူထောင်ထောင်ဖြစ်လာသည်အထိ ကျောစိမ့်မိသည်။ ကြောက်သည်လော၊ လန့်သည်လော ဝေခွဲမရသော ခံစားချက်မျိုးလည်း ခဏခဏပေါ်ပေါ်လာတတ်သည်။  ညသည် လရောင်မှုံပြပြအလင်းရောင်အောက်တွင် အိပ်မောကျနေသည်။ ခပ်ဝေးဝေးမှ ခွေးအူသံသဲ့သဲ့ကြားရသည်။ ကျနော်စတည်းချရာ တဲစုတ်လေးထဲမှ အပြင်ထွက်ကြည့်လိုက်သည်။ ခါတိုင်းထက် ပိုမိုတိတ်ဆိတ်နေသယောင်။ ပတ်ဝန်းကျင်က ပုရစ်အော်သံဖြင့် စည်ဝေနေသည်။ လူသံသူသံကား ဘာမှမကြားရ။ တစ်နေ့တာ အလုပ်ပင်ပန်းလွန်းသဖြင့် ၀န်းကျင်ရှိလူသားအားလုံး အိမ်မောကျနေချိန်ဖြစ်သည်။ မွန်လင်မယားလည်း အခုလောက်ဆို သျှူးနေလောက်ပြီဖြစ်ကြောင်းတွက်ဆမိသည်။ ဒီလောက်တောင် လူစိတ်ကင်းမဲ့လွန်းသောလူများ ဒီဘ၀မှာ ဆက်လက်နေထိုင်ခွင့်မပေးသင့်ကြောင့် ကျနော့်ဘ၀အသိက နိုးဆော်နေသည်။ ကိုယ့်လုပ်အားခကို ခေါင်းပုံဖြတ်မှု၊ မြန်မာအချင်းချင်း ရောင်းစားမှုဆိုသော ပုဒ်မများဖြင့် ကျနော် ဖြေရှင်းရတော့မည်။ ခြောက်လုံးပြူးသေနတ်ကို လက်ဖြင့်ကျစ်ကျစ်ပါအောင် ကိုင်လိုက်သည်။ ကျည်ဆန်ခြောက်တောင့် ပြည့်မပြည့်ပြန်စစ်လိုက်သည်။ သေချာပြီဆိုသောအခါ မွန်လင်မယားနှစ်ယောက် အိပ်မောကျရာ အိမ်ကြီးဆီ အသာချဉ်းကပ်သွားသည်။  ရင်ဘတ်ထဲ တဒိတ်ဒိတ်ခုန်နေသည်။ သည်နေ့မှ သေနတ်ကလည်း ခါတိုင်းထက် ပိုလေးနေသလို ခံစားရသည်။ လက်ဖြင့် မကြာခဏ ဆဆပြီး ကိုင်ကြည့်သည်။ ချိန်ကြည့်သည်။ မောင်းဖြုတ်လုလု စမ်းကြည့်သည်။ အိုကေ။ အိမ်ထဲဝင်ပြီး မွန်လင်မယားနှစ်ယောက်တို့စံမြန်းရာ အိပ်ခန်းတံခါးကို အသာတွန်းဖွင့်လိုက်ရာ ကံအားလျော်စွာ အတွင်းက ဂျက်ထိုးမထား။ သို့သော် တံခါးဖွင့်သံကြောင့် လင်မယားနှစ်ယောက်လုံးနိုးသွားသည်။ ကျနော့်လက်ထဲမှာ ကိုင်ထားသော သေနတ်ကို တွေ့သောအခါ ပြူးကျယ်သော၊ အသနားခံသော မျက်လုံးလေးလုံး ကျနော့်ကို စုပြုံကြည့်နေကြသည်။ စဉ်းစားချိန်များများ ပေး၍မဖြစ်။ ဆုံးဖြတ်ပြီးသည့်အတိုင်း အကောင်အထည်ဖေါ်လိုက်သည်။ ယောက်ျား၏ ရင်ဝသို့ ချိန်ကာ ကျည်တစ်တောင့် ပစ်ထည့်လိုက်သည်။ ထထိုင်နေတဲ့ သူ့၏ ကိုယ်လုံးမှာ ကျည်တွန်းအားကြောင့် အိပ်ခန်းနံရံသို့ ကပ်သွားသည်။ ထို့နောက် သူ့မယား၏ ရင်ဘတ်သို့ နောက်ကျည်တစ်တောင့် ထည့်ပေးလိုက်သည်။ လွဲစရာအကြောင်းမရှိ။ လေ့ကျင့်ထားသော လက်ဖြင့် အနီးကပ်ဖြုတ်ရခြင်းဖြစ်သည်။ လင်မယားနှစ်ယောက်လုံး ပွဲချင်းပီး လျောသွားသည်။ အနားမှာ အိပ်ပျော်နေသော ငါးနှစ်အရွယ် သမီးလေးတစ်ယောက် အိမ်ယာမှ လန့်နိုးလာသည်။ သေနတ်ပြောင်းကို ကလေးဆီ ဦးတည်လိုက်သည်။ သို့သော် “သူ့မှာ အပြစ်မရှိ”ဆိုသောအသိက ကျနော့်ကို တားဆီးလိုက်နိုင်သည်။ နေပစေတော့။ သူ့ကံနဲ့သူ ရှိပစေတော့။ ဒီမိသားမှာမှ ညီးကလေးလာပြီး လူဖြစ်ရှာပေသကိုး။ ကျနော် ထားခဲ့သည်။ အိမ်ပေါ်က ဆင်းလာသည်။  သူ့နာမည်က “မြတ်မြတ်”။ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ သမင်မျက်လုံးပိုင်ရှင်လေး တစ်ယောက်။ ကျနော်တို့အုပ်စုထဲမှာ ရုပ်အချောဆုံးမိန်းကလေးဖြစ်သည်။ အပြောအဆို သွက်လက်ချက်ချာပြီး လူရည်လည်ဟန်လည်းတူသည်။ မွန်လင်မယားနှစ်ယောက်၏ ထိုင်းနယ်ခြားစောင့်ရဲတွေကို မျက်နှာလို မျက်နှာရ လာဒ်ထိုးမှုတွင် သားကောင်ဖြစ်ခဲ့ရသူလေး။ ထိုင်းရဲများ၏ အသုံးတော်ခံတဖြစ်လဲ အများနည်းတူ မကြာမီ ဇိမ်ခန်းသို့ အပို့ခံရတော့မည့်ဆဲဆဲ။ ကျနော် ကယ်တင်နိုင်ခဲ့သည်။ သူ့တစ်ယောက်တည်းကို မဟုတ်။ အခြားမိန်းကလေးများကိုလည်း ကျနော် ကယ်တင်လိုက်နိုင်သည်။ အပင်ပေါ်က ကြွေကျလို့ မြေသို့ခရရှာလင့်ကစား နင်းခြေခံဘ၀မျိုးသို့ မရောက်သေးသည့်အတွက် ပန်ဆင်လိုသူအဖို့ တော်ဝင်ထိုက်နေဆဲ။ အဖတ်ဆည်နိုင်သေးတဲ့ဘ၀နဲ့ ဆက်လက်ရပ်တည်နိုင်သေးတဲ့အတွက် ကျနော်သည် သူတို့လေးတွေ၏ ကယ်တင်ရှင်ဖြစ်ခဲ့ရသည်။  “ကျေးဇူးတင်လိုက်တာ ကိုသက်ရယ်၊ ဒီတစ်သက်တော့ ကျမတို့ဘ၀က ကိုသက်ပေးတဲ့ အရှက်နဲ့ပဲ ဆက်ပြီး ရှင်သန်ကြရတော့မှာပါ၊ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူးရှင်”။ မြတ်မြတ်က ဆိုလာသည်။ “မင်းတို့ဘာသာ ရှေ့ဆက်ပြီး ကြည့်လုပ်ကြပေတော့၊ ငါကတော့ ဒီမှာနေလို့ မဖြစ်တော့ဘူး”။ ဗလုံးဗထွေးပြောလိုက်မိသည်ထင့်။ ကျနော့်မှာ စကားများများပြောဖို့ အချိန်မရှိ။ ပြေးရပေဦးမည်။ အားပေးစကားအနည်းငယ်ပြောပြီး အသင့်စောင့်နေသော သူငယ်ချင်းလက်ထဲ သူ့သေနတ်ပြန်အပ်ကာ မိုးမလင်းခင် ရနောင်းကမ်းက လစ်ထွက်လာခဲ့သည်။ ကံအားလျော်စွာ ကော့သောင်သို့ ထွက်မည့် မော်တော်တစ်စီးနှင့်တွေ့သဖြင့် တက်လိုက်လာခဲ့သည်။  အကျည်းတန်သော၊ ယုတ်မာသော၊ ကိုယ်ချင်းမစာသော၊ ကိုယ့်အမျိုးကို တိုင်းတစ်ပါးသို့ပြန်ရောင်းစားသော မွန်လင်မယားကို ကလဲ့စားချေခွင့်ရခဲ့သော ကျနော့်နှလုံးသားသည် အပြန်လမ်းတွင် ပေါ့ပါးနေသယောင်။ ကျနော့်အိပ်ကပ်ထဲတွင်ကား သုံးစရာငွေတစ်ပြားသားမှ မရှိ။ အမေ့ကို ဘယ်သို့ပြောရမည်နည်း။ ကိစ္စမရှိ။ အမေသည် သားပြောသမျှ ယုံသည်ချည်း။ အမေစိတ်မဆင်းရဲအောင် ညာရဦးတော့မည်။ “ချစ်စွာသောအမေနဲ့ အေးအတူ၊ ပူအမျှ နေထိုင်ဖို့ သားပြန်လာပါပြီအမေ”၊ ကျနော့်ရင်ထဲက တိတ်ဆိတ်စွာ ဆိုဖြင့်သောစကား။ စထွက်လာစဉ်က ကားပေါ်တွင် မက်ခဲ့ရသော အိမ်မက်လှလှလေးကို ပြန်လည် သတိရနေမိသည်။ “အော် အိမ်မက်တွေသာ တကယ်ဖြစ်လာခဲ့ရင်-------------”။  မြန်မာမိန်းကလေးများ ရောင်းစားခံရသော ဘ၀မှ လွတ်ကင်းကြပါစေကြောင်း ဆန္ဒပြုလျှက်--------------။  မှတ်ချက်။ ကြေကွဲစရာကောင်းလှသော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဘလော့ဂ်ပို့စ်ရှည်မည်စိုးသောကြောင့် အကျဉ်းချုပ်ရေးထားခြင်းမျှသာဖြစ်ပါသည်။ ဓာတ်ပုံကို အင်တာနက်မှ ယူထားပါသည်။   ထိုအဖြစ်အပျက် ဇာတ်လမ်း လေးကို ပြန်လည်ရေးသား ပေးပို့ ပေးသော ကိုမင်းထက် အားကျေးဇူးတင်ရှိပါသည်.။  source-http://myatlayngon.blogspot.com/

ဒိုင်း၊ ဒိုင်း”
လင်မယားနှစ်ယောက်လုံး ရဲ့ ရင်ဘတ်ကိုယ်စီမှာ သွေးစအသီးသီး စွန်းထင်းသွားချိန်တွင် ကျနော့် လက်တွေ တုန်တုန်ရီရီဖြစ်နေသည်။ ငယ်စဉ်ကတည်းက ရွာဦးကျောင်း ဆရာတော်ခြေ ရင်းမှာမှီခိုပြီး သင်လာသမျှဘုန်းကြီးကျောင်းပညာသည် သူ့အသက်မသတ်ဖို့၊ အထူးသဖြင့် လူ့အသက်မသတ်ဖို့ကို အတန်တန်ဆုံးမခဲ့သည်။ 


သို့သော် ကျနော့်ကို ဤဒွန္နယာထဲ အရောက်ပို့ဆောင်ပေးခဲ့သူမှာ အခြားမဟုတ်၊ ကျနော့်ရဲ့ မခံချင်စိတ်။ ဒီစိတ်ကြောင့်ပင် ကျနော် လူသတ်သမားဘ၀ကို ကျေကျေနပ်နပ် ခံယူခဲ့မိသည်။ ကျနော်လူသတ်ခဲ့သည်။ တစ်ယောက်တည်းမဟုတ်။ နှစ်ယောက်တောင်မှ။ မယားကို လည်း သတ်သည်။ လင်ကိုလည်းသတ်သည်။ အဘယ့်ကြောင့်ပါနည်း။ 

ဒီလင်၊ ဒီမယား အသက်ရှင်နေသေး သမျှ များစွာသော သမီးပျို တို့၏ ဘ၀ပန်းလေးများ ဆက်လက် ကျေနွမ်းနေကြရပေဦးမည်။ ကျနော် သူတို့လေးတွေ ၏ ဘ၀ပန်းများ ဆက်လက် လန်းဆန်းခွင့်ရကြစေဖို့ သွေးစွန်းသော လက်ပိုင်ရှင်တစ်ယောက်အဖြစ်ကို ခံယူလိုက်သည်။ ကျနော် နောင်တမရပါ။ 

လုပ်သင့်သည်ကို ကျနော်လုပ်ခဲ့ခြင်းမျှသာဖြစ်သည်။ ဒီအတွက် သူရဲကောင်းအဖြစ် ကိုလည်း မခံယူလို၊ လူမိုက်ဖြစ်သည်ဟုလည်း ဆိုချင်ဆို။ ကျနော့်အကြောင်းနှင့် ကျနော်ပင်။ပြောရ လျှင် ကျနော့်ဘ၀၏ ဆင်းရဲမွဲတေမှုကိုပင် အပြစ်တင်ရတော့မည်ထင့်။ 

ကျနော် လူပျင်း တစ်ယောက်မဟုတ်သည် ကို ကျနော့် ရွာတစ်ရွာလုံး သိသည်။ မိသားစုဆင်းရဲ ပုံကို အကျယ်မချဲ့လိုတော့။ အဖေက ပျံကျအလုပ်သမား။ အမေက ခေါင်းရွက်ဗြတ်ထိုးဈေးသည်။ ဖရဲသီးပေါ်ချိန်ဖရဲသီး၊ ကြံပေါ်ချိန် ကြံ၊ ရရာအလုပ်လုပ်ရင်း မိသားစုဘ၀လေး ပြိုကွဲမ သွားအောင် ရှာကျွေးသည်။