Saturday, October 18, 2014

ဒိန်းမတ် တွင် တိရစ္ဆာန်နှင့် လိင် ဆက်ဆံခြင်းကို တားမြစ်



ဒိန်းမတ်နိုင်ငံ တွင် တိရစ္ဆာန်နှင့် လိင် ဆက်ဆံခြင်း ကို နိုင်ငံ ဂုဏ်သိက္ခာ ကို ပျက်စီးစေသည့် အမူ အကျင့်ဖြစ်ပြီး အများ ဆန္ဒနှင့် ကိုက်ညီမှု လည်း မရှိသဖြင့် တားမြစ် လိုက်ပြီဖြစ်သည်။

ဥရောပဒေသ တစ်ခုလုံး နီးပါး မှာ တိရစ္ဆာန်နှင့် လိင် ဆက်ဆံမှုကို တားမြစ် ထားပြီဖြစ်၍ ဒိန်းမတ်နိုင်ငံ သည် တိရစ္ဆာန်နှင့် လိင် ဆက်ဆံပျော်မွေ့ တတ်သူ ခရီးသွား များ ပြီးခဲ့ သည့် နှစ်များ အတွင်း လာရောက်မှု အရေ အတွက်များပြား လာခဲ့ကာ တိရစ္ဆာန်လိင်ဝန်ဆောင် မှု သဖွယ်ဖြစ်လာခဲ့သည်။



"ဒီလို တိရစ္ဆာန်တွေ နဲ့ လိင် ဆက်ဆံကြ တာကို တားမြစ် ဖို့ ဆုံးဖြတ် ထားတယ်။ ဒါက တိရစ္ဆာန်တွေ မဖွယ် မရာ တိုက်ခိုက် ခံနေရ တာလည်း ဖြစ်တယ်။ သဘာဝ နဲ့ ဖီလာ ကန့် လန့် ဖြစ်တဲ့ အရာပါ။" ဟု ဒိန်းမတ် စိုက်ပျိုးရေး ဝန်ကြီး ဒန်ဂျော်ဂန်ဆန် ကပြော လိုက်သည်။

တခြားနေရာဒေသတွေမှာ ဒီအမူအကျင့်ကို တားမြစ်နေချိန် ဒိန်းမတ်ကလည်း မတားမြစ်ခဲ့ရင် နိုင်ငံဂုဏ်သိက္ခာပျက်စီးသွားစေမှာပဲဖြစ်ပါတယ်။``ဟု ၎င်းကပြောသည်။

ထိုကဲ့ သို့ တိရစ္ဆာန်နှင့် လိင် ဆက်ဆံခြင်းနှင့် ပတ်သက်ပြီး မကြာသေးမီက မဲစစ် တမ်းကောက် ယူချက် အရ
၇၆ ရာခိုင်နှုန်း ပြည်သူတို့ က ကန့် ကွက်ကြောင်း ဆန္ဒပေးထားသည်။

တိရစ္ဆာန်နှင့် လိင်ဆက်ဆံမှု အပေါ် ဥပဒေကြမ်းလည်း ရေးဆွဲကာ ဒိန်းမတ် အစိုးရ အနေဖြင့် ၂၀၁၅ တွင် စတင် ကျင့်သုံးတော့မည်ဖြစ်သည်။

တိရစ္ဆာန်နှင့် လိင်ဆက်ဆံမှု ကို အင်္ဂလန် တွင် အက်ဒ်ဝက်ဘုရင် လက်ထက် ၁၂၉၀ ခုနှစ် ကတည်း က တားမြစ် ထားပြီး ဥရောပ အိမ်နီးချင်းနိုင်ငံ များစွာဖြစ် သည့် ပြင်သစ်၊ ဂျာမနီ ၊ ဟော်လန် စသည့် နိုင်ငံ များကလည်း လွန်ခဲ့သည့် ဆယ်နှစ်ကျော် ကာလ တည်းက တားမြစ် လာကြခြင်းဖြစ်သည်။



ဆွီဒင်နိုင်ငံတွင် လည်း ကျေးလက်ဒေသရေးရာ ဝန်ကြီး အီစကေးအာလန်ဆွန်း ၏ ဦးဆောင် မှုဖြင့် ၂၀၁၄ ခုနှစ် ဧပြီလ တွင် တိရစ္ဆာန်နှင့် လိင် ဆက်ဆံခြင်းကို တားမြစ်ခဲ့သည်။ ဂျာမနီနိုင်ငံ က ၂၀၁၂ ခုနှစ် အတွင်း စတင် တားမြစ်ခဲ့ခြင်းဖြစ်သည်။

ဖင်လန်၊ ဟန်ဂေရီနှင့် ရိုမေးနီးယားနိုင်ငံ များတွင်မှု တိရစ္ဆာန်နှင့် လိင် ဆက်ဆံခြင်းကို တားမြစ်သေးခြင်း မရှိပဲ တရားဝင်နေဆဲ ရှိသည်။

မြ၀တီ

From...Thit Htoo Lwin

No comments:

Post a Comment