Wednesday, October 22, 2014

ကျောင်းခန်း သောက်ရေအိုး အတွင်း ပိုးသတ်ဆေး ထည့်ခဲ့သည် ဆိုသော ငါးတန်းကျောင်းသား အား အရေးယူသင့် မသင့် အငြင်းပွားနေ


 

 

ဆရာ ဆူသည့် အတွက် ကျောင်း သောက်ရေအိုး ထဲ ပိုးသတ်ဆေး ခပ်ခဲ့ သော ကျောင်းသားကို ပညာပေး ဆုံးမသင့်သည်ဟု ဆိုသော အုပ်စု က တစ်ဖက်နှင့် အရေးယူ သင့် သည်ဟု ဆို သော ရပ်တည် ချက် ရှိသူတို့က တစ်ဖက် စသည်ဖြင့် အသိုင်း အဝိုင်းနှစ်ခုကြား လက်ရှိ တွင်နှစ် ဖက် အငြင်းပွားလျက် ရှိနေကြသည်။

၂ဝ၁၄-၂ဝ၁၅ ပညာသ င်နှစ် ၏နှ စ်စ ၁၉ ရက်နေ့ တွင် ဧရာဝတီ တိုင်းဒေသကြီး ဝါးခယ်မ မြို့နယ် ရွေလောင်းတိုက်နယ် ကုလားကျွန်း ကျေးရွာ အလယ် တန်း ကျောင်းခန်း အတွင်း အင်္ဂလိပ်စာ စာလုံး ပေါင်းမေးသော ဆရာမ ဆူမည် ကို စိုးရိမ် လွန်ကာ ငါးတန်းကျောင်း သား မောင်…မှာ ကျောင်းခန်းသောက် ရေအိုး အတွင်း ပိုးသတ်ဆေးထည့်ခဲ့ ကြောင်း၊ ထိုရေ ကိုသောက်၍ ကျောင်း သား/ သူ ၁၃ ဦး အော့အန် ခဲ့သည်။


 
သူ ထည့်ခဲ့သည် က ဆိုးရွားပြင်း ထန်သော ပိုးသတ်ဆေး မဟုတ်ခဲ့သော ကြောင့် ကလေးများ မသေ ခဲ့ပေ။ သို့သော်လည်း အမှုအခင်းဖြစ်ပွား သည့် အတွက် ဝါးခယ်မ ရဲ စခန်းက ဆေးဝါး အလွဲ သုံးစားမှုဖြင့် ပုဒ်မ ၃၂၈၊ ပ-၂၄ အမှုဖွင့်ခဲ့သည်။

ယင်ြး ဖစ်ရပ် ကို ဝါးခယ်မမြို့နယ် တရားရုံးက စစ်ဆေးနေချိန် တွင် ထိုအတိုင်း ၄င်းတို့ က ငြင်းနေ ကြ သည်။ ကုလား ကျွန်းကျေးရွာ အလယ်တန်းကျောင်း အုပ် ဆရာမကြီး   ဒေါ်စိန်းခီ က ”ကျွန်မ တစ်သက်လုံး ဒီလို တစ်ခါမှမတွေ့ဘူး ဘူး။ 

ထိတ်လန့် စရာမြင်ကွင်းပါပဲ။ ကျောင်း သားမိဘတွေ ရဲ့ဆန္ဒနဲ့ ကျောင်း အတွက် ကြောင့် ကျွန်မ တရားလို လုပ်ပြီး တရား စွဲခဲ့ ပါတယ်”ဟု ပြောသည်။ အချိန်မီ ကယ်တင်နိုင် ခဲ့ခြင်းကြောင့် အသက်သေဆုံးမှု မရှိခဲ့၍ ကလေးများ ကိုယ်စား ရင်အေး ရကြောင်းယင်းက ပြောသည်။

”တစ်ခုခု သာဖြစ်ခဲ့ မယ် ဆိုရင် တော့ ကျွန်မတော့ ဖြေနိုင် မှာ မဟုတ် ခဲ့ဘူး” ဟု ကျောင်းအုပ် ဆရာမကြီး ဒေါ်စိန်းခီ က ပြောသည်။ ဆရာမကြီး ၏ တရားလို လုပ်မှုကို ဝါးခယ်မ တရားရုံးက လက်ခံ ခဲ့ပြီးလက်ရှိ တွင် စစ်ဆေးနေပြီ ဖြစ်သည်။

 ကျောင်း အုပ် ဆရာမကြီး၊ အတန်းပိုင် ဆရာမ၊ ကျောင်း အထွေထွေ လုပ်သား အပြင် ကျုးလွန် သူ ဟုစွပ်စွဲခံရသူ ကလေးငယ် ကို ပါ တရားရုံးတော်က စစ်နေပြီဖြစ်သည်။

အသက် ၁၈ နှစ် မပြည့်သေး ၍ ကလေးသူငယ် တရားရုံးက ယင်း အမှုကို ကိုင်တွယ်နေပြီး ကလေးမှာ မူ ခံဝန်ဖြင့် အပြင် တွင် နေနေသည်။ ကလေးငယ် သည် ကျောင်းဝင် ခွင့် မှတ်တမ်း အရ ၁၄ နှစ် ရှိကြောင်း ကုလားကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး က ပြောသည်။

”ရပ်ရွာ သန်းခေါင်စာရင်း အရ ဆိုရင် တော့ သူက ၁၆ နှစ် လို့ ဆိုတယ် ဗျ။ မြန်မာ ခုနှစ်နဲ့ ဆိုတော့ မှားရင် လည်း မှားနိုင် တာပေါ့။ သူတက် ခဲ့တဲ့ အတန်း တွေ မှာ ဒီကလေးက ကျတာတွေ လည်း ရှိတာပေါ့။ ကောင်လေးက အကောင်တော့ နည်းနည်း ထွားတယ်။စာတွေ ဘာတွေ လည်း သိပ် မရဘူး။ အရိုက် လည်း ခံနေ ရတော့ ဆူခံ ရမှာစိုးပြီး လုပ် တာလို့ပြော တယ်ဗျာ”ဟု ၄င်းက ပြောသည်။

အခင်းဖြစ်ပွား ပြီးပြီးခြင်း ရပ်ရွာက ထိုကလေး ကို ဒေါသထွက် ခဲ့ကြသည်ဟု ၄င်းကပြော သည်။
”ဖြစ်ခါစ ကတော့ဗျာ။ မိဘတွေ အနေနဲ့ ကတော့ ဒေါသထွက်ကြ တာ   ပေါ့။  နောက်တော့ အော် ကလေး ပဲလေ မသိ လို့ လုပ်တာပဲ ဆိုပြီး ဖြစ်ကုန်ကြ တယ်။ ကျွန်တော် တို့ ကတော့ ထောင် တွေ ဘာတွေကျ မှာ မလိုလားဘူးဗျာ”ဟု ပြောသည်။

ထို့ အတွက်ကြောင့် အမှုပိတ် ရန် မိသားစုနှင့် ရပ်ရွာလူကြီး အချို့က ရဲ စခန်းသို့ သွားရာ အမှု မပိတ်ပေးနိုင်    ကြောင်း ရဲ ကပြောသည် ဟု ကုလား ကျွန်းကျေးရွာ အုပ်ချုပ်ေ ရးမှုး ဦးဇော် နိုင်ဦး ထံမှ သိရသည်။

”အစ ကတော့ ဝါးခယ်မ အုပ်ချုပ် ရေးမှူး က ကလေး ကို မင်းနောက် မလုပ် တော့ နဲ့ ခံဝန်ထိုး ဒါနဲ့ ပြီးမယ်ပေါ့။နောက်တော့ မဟုတ်တော့ဘူး။ ဝန်ကြီး ချုပ် က ဥပဒေ အတိုင်း လုပ်ပါ ဆိုပြီး တရားစွဲ တာတွေ ဖြစ်တော့ တာပဲ” ဟု ပြောသည်။ 

ကျုးလွန်သူ ဟု စွပ်စွဲ ခံရသူ ကလေးငယ် ၏ မိဘတို့ မှာ စီးပွားရေး မပြေ လည်ကြဘဲ ကိုင်း စိုက်ပျိုးရေး အလုပ် လုပ်ကြကြောင်း၊ ကလေး မှာ လည်း စာမသင် ရလျှင် နောင်ရေး မကောင်း နိုင်ကြောင်း ထို့ အတွက်သက် ညှာပေးရန် တိုင်းဝန်ကြီးချုပ် ထံသို့ အသနားခံစာ တင်ထား သည် ဟု ၄င်းကပြောသည်။

သို့သော်လည်း ကလေး မိဘ အား လုံးတော့ မဟုတ်ပေ။ ဝါးခယ်မ မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့ မှူး က ”ကျွန်တော် တို့ အလုပ်ဖြစ် တဲ့ အမှုဖွင့် တာတွေ လုပ်ပြီး ပါပြီ။ ဆုံးဖြတ် ရမှာ ရုံးတော်ရဲ့ အလုပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ က အမှု ပိတ်ပေးလို့ မရပါဘူး” ဟု ပြောသည်။

CID ဓာတု ဓာတ်ခွဲခန်း က သောက် ရေအိုး ထဲ ကလေးငယ် ခတ်ခဲ့သော ပိုးသတ်ဆေးမှာ ပမာဏ သိပ် မများဘဲ အနည်းသာ ရှိသည်ဟု အဖြေပေးထား ကြောင်း ၄င်းကြေ ပာ သည်။
တရားလို လုပ် အမှုဖွင့်ထား သူ ဆရာမကြီးက ¤င်း အနေဖြင့် အမှုမပိတ် ပေးနိုင် ဟု ဖြေကြား ထားသည်။ 

ကလေး သူငယ်ဆိုင် ရာ ပြစ်မှု များကို ရှေ့နေ လိုက်ပေးနေ သူ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ဇ် က ”ဆရာမ ရိုက်တာ နဲ့ အခုလို တုံ့ပြန်တာမျိုး က တော်တော်လေးရှား တယ်။ သို့သော် လည်းပဲ ကလေး ရဲ့ သဘော သဘာဝ က သူဆူခံရပြီ ဆိုရင် သူရှင်သန် တဲ့နေရာ အသိုင်း အဝိုင်းက အကျင့်တွေနဲ့ တုံ့ပြန်တတ်တယ်။

 အေး တဲ့ မိသားစုက ဆိုရင် စကားမပြောဘဲ နေမယ်။ ဆိုးတယ် ဆိုရင်တော့ ကြမ်းကြမ်း တမ်းတမ်း တုံ့ပြန်မယ်။ ဒါက ပတ်ဝန်း ကျင်နဲ့ ဆိုင်တယ်” ဟု မှတ်ချက်ပြုသည်။

ကလေးဖြစ်သောကြောင့် နိုင်ငံ၏ ဥပဒေအရ ထောင်မချ၊ သို့သော် ရုံး တော်က လိုအပ်လျှင် ထိန်းသိမ်းရေး စခန်းသာ ပို့သည် သို့တည်း မဟုတ် ခံဝန် ဖြင့် ထားတတ်သည် ဟု အမှုများ ၏ အတွေ့အကြုံ ကို ၄င်းက ရှင်းပြသည်။


PN-051
Popular Myanmar

No comments:

Post a Comment