
မိုဘိုင်းလ် ဖုန်း များ၏ စွမ်းဆောင်ရည် မြင့်မား လာခြင်းကြောင့် လူသားများ ၏
ကိုယ်ရည် ကိုယ်သွေးနှင့် စွမ်းဆောင်ရည် ကျဆင်းမှု များ ဖြစ်ပေါ်လျက် ရှိကြောင်း
အင်္ဂလန်နိုင်ငံ ရှိ ရက်ဒင်း တက္ကသိုလ် က ပြုလုပ် ခဲ့သော လေ့လာမှုများ အရ
တွေ့ရှိခဲ့သည်။
ရက်ဒင်း တက္ကသိုလ် မှ စိတ်ပညာရှင်များနှင့် ဆေးသိပ္ပံ ပညာရှင်
များသည် ၂ဝ၁၂ ခုနှစ်မှ စတင်၍ မိုဘိုင်းလ် ဖုန်း အသုံးပြုသူများ အား
လေ့လာမှု ပြုလုပ်ခဲ့ရာတွင် မိုဘိုင်းလ် ဖုန်း များသည် အသုံးပြုသူများ အား
ကိုယ်ပိုင် စွမ်းဆောင်ရည်နှင့် ဥာဏ်ရည် ဥာဏ်သွေး အသုံးပြုကာ လုပ်ဆောင်ရသည့်
လုပ်ဆောင် ချက် များတွင် ကိုယ့်ကိုယ် ကို အားကိုးရန် မလိုဘဲ အထောက် အကူ
ပေးနိုင်သည့် အခြေအနေ သို့ ပြောင်း လဲလာခဲ့ခြင်း မှာ လူသား များ၏
စွမ်းဆောင်ရည် ကို ကျဆင်းစေခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိ ခဲ့သည်။
ထို့ပြင်
လူ အများစု အနေဖြင့် မိုဘိုင်းလ် ဖုန်းဖြင့်သာ အချိန်ဖြုန်း မှု များပြားလာ
ခြင်းကလည်း လူမှုရေး ကဏ္ဍ များ တွင် သာမက တစ်ခြား ကဏ္ဍများတွင် လည်း
ကိုယ်ရည် ကိုယ်သွေး ကျဆင်းမှု များ ဖြစ်ပေါ် စေနိုင်ကြောင်း တွေ့ရှိခဲ့ခြင်း
ဖြစ်သည်။