Thursday, April 30, 2015
ကင်ဆာရောဂါ နှင့် ပက်သက်သော နောက်ဆုံး ထုတ်ပြန်ချက်။
 ကျန်းမာရေးသတင်းများ ရှယ်ပေးသည်'s photo.
 ဒီ အကြောင်းအရာ ကို သင့် ဘ၀မှာ အရေး ပါတဲ့ လူတွေဆီ ပေးပို့ သင့်ပါတယ် ။
** ဂျွန်ဟော့(ပ်)ကင်း(စ်) မှ **ဖတ်ပါ ။ဝေမျှပါ
 ဆေးသွင်း ကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်ပြုလုပ် ၇ာမှာ တစ်ခု တည်းသော နည်းလမ်းဖြစ်တယ် လို့ နှစ်ပေါင်း များစွာ ပြောကြား လာခဲ့ရာက အခုနောက်ဆုံးမှာတော့ တခြား နည်းလမ်း တစ်ခုလည်းရှိတယ် လို့ ဂျွန်ဟော့(ပ်) ကင်း (စ်) ကပြောကြားလာပါပြီ ။
ဂျွန်ဟော့(ပ်)ကင်း(စ်)မှ ကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံး ထုတ်ပြန်ချက်။
၁။ လူတိုင်း ရဲ့ခန္ဓာကိုယ် ထဲမှာ ကင်ဆာ ဆဲ(လ်)တွေ ရှိတယ်။  ဒီ ကင်ဆာ ဆဲ(လ်)တွေဟာ သန်းထောင်ပေါင်း အနည်းငယ် ထိ ပွားများ မလာမချင်းတော့ ပုံမှန်ရောဂါ ရှာဖွေ စစ်ဆေးချက် မှာ ပေါ် လာ မှာ မဟုတ်ဘူး။
ဆေးကုသ ခံယူပြီးနောက် ကင်ဆာ လူနာတွေ ကို သူတို့ကိုယ်မှာ ကင်ဆာ ဆဲ(လ်)တွေ မရှိတော့ ဘူးလို့ ဆရာဝန်တွေကပြောတဲ့ အခါ လူတွေ ရဲ့ကိုယ်ထဲ က ကင်ဆာဆဲ(လ်)တွေ ဟာ စစ်ဆေး သိရှိနိုင်တဲ့ အရေ အတွက် အထိ မရောက်ရှိသေးဘူး လို့သာ အဓိပ္ပါယ်သက်ရောက်ပါတယ်။
 ကျန်းမာရေးသတင်းများ ရှယ်ပေးသည်'s photo.
၂။ လူတစ်ယောက် ရဲ့ ဘ၀ တသက်တာ မှာ ကင်ဆာ ဆဲ(လ်)တွေ ဟာ ၆ ကြိမ် မှ ၁၀ ကြိမ်အထက် အထိ ပေါ်ပေါက်ပါတယ်။
၃။ လူတစ်ယောက် ရဲ့ ရောဂါ ပြီးစနစ် အားကောင်းနေရင် ကင်ဆာ ဆဲ(လ်)တွေဟာ ဖျက်ဆီး ခံရပြီး မပွား များနိုင်ပါဘူး၊ အကျိတ်လည်း မဖြစ်နိုင်ပါဘူး။
ကင်ဆာ ပျောက်စေသော ကြက်ဥပြုပ်
သတင်းဘုရင်'s photo.
လက်တွေ့ သားအိမ် ကင်ဆာဖြင့် ရန်ကုန်ဆေရုံကြီး မှာ စစ်ဆေးပြီးနောက်ကျမှ လာသည်ဟု သတ် မှတ်ပြော ဆိုခြင်း ခံရသူ အသက် ၅၀ကျော် အမျိုးသမီးကြီး တစ်ဦး- လက်တွေ့ပျောက်ကင်း သွားသည် ဆို သဖြင့် တိုက်ကြီးမြို့ အဝင် တာဂွ ရွာမှ သတင်းပျံ့ ပြီး တစ်ဆင့် စကား ကြားသိရသဖြင့် ကံတိုက်ဆိုင် သူ များပျောက်ကင်းကြစေရန် တင်ပြပါသည်။
( ပေးပို့သူ။ ဆရာကြီး ဦးသောင်းဌေး။ တာဂွ ရွာ အလယ်တန်းကျောင်းအုပ် ဆရာကြီး)
ကင်ဆာဝေဒနာ ခံစားနေရသူ။ 
သင်္ဘောသီး။ သင်္ဘောရွက် ကိုနေ့စဉ် သုံးစွဲပါ။ဆေးမီးတို ဆိုပြီးအထင် မသေးပါနှင့်။ အစာဟောင်းအိမ် အူမကြီး မှာ ကင်ဆာ အလုံးတွေ့၍ဖြတ်ထုတ် ရမည့်သူ တစ်ဦး။ငွေကြေး မတတ်နိုင်၍ ဆရာကြီး တစ်ဦး နည်းပေး သဖြင့် သင်္ဘောရွက်ပြုတ် အရည်သောက်ခြင်း။ အရွက်နုကို တို့စရာ လုပ်စားခြင်းဖြင့် မခွဲရပဲ၊ ဝမ်း လည်းပြန်သွားနိုင်ကာ ၂နှစ်ကျော်ပြီ။ အသက်ရှင်နေပါသည်။
သင်္ဘောသီး ကြက်ဥပြုပ်သည်ရေ မထည့်ပါ။ သင်္ဘောသီး ထဲမှ အငွေ့အာနိသင် ဝင်ပြီးကြက်ဥ ကျက်သွားခြင်းဖြစ် ပါ သည်။
သင်္ဘောသီး အငွေ့ကြောင့် ကြက်ဥ သည် ကင်ဆာပိုးကို သတ်နိုင်ပါသည်။ ကြက်ဥ မှမြွေဆိပ်ဖြေဆေး ထုတ်နေ သည်ကိုကြားဘူးကြပါ လိမ့်မည်။ 
ကြက်ဥ တစ်နေ့ တစ်လုံး စားပေးသင့်သည် ဟု ယခုအခါ ကျန်းမာရေး ဆရာဝန်ကြီးများက ညွှန်ကြားလျှက် ရှိနေကြ သည်။ 
Wednesday, April 29, 2015
အရေးကြီးတဲ့ Phone Number တွေ { လိုအပ်ရင် သုံးဖို့ }
ပွ ပွ ကြီး's photo.
အရေးကြီး တဲ့ Phone Number တွေ ကျွန်တော့် အတွက် အသုံးဝင် လို့ Share လိုက်တယ် ခင်ဗျ ။
သမ္မတရုံး .....    067-409077, 067-590009, 067-590008
အထူး စုံစမ်းရေး ဦးစီးဌာန ......   NPT 067-431374, 067-431396,
067-431383, 067-431399
မီးသတ် ဦးစီးဌာန......    NPT 067-420005,067- 420017
 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့.......     067-412006, 067-412047, 067-412036 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့.......     01-217502,01-217503
မီးသတ် ဦးစီးဌာန ......    YGN 01-384420
မီးသတ် ဦးစီးဌာနချုပ် ........    01-666912, 01-666913
အကျဉ်း ဦးစီးဌာန......    01-431414, 01-431420
မူး/ယစ် ဖမ်းဆီး တပ်ဖွဲ့.....    01-412136
မှုခင်း (ဦးစီးရုံး) .....   01-412503
ယာဉ်ထိန်းရဲ တပ်ဖွဲ့.....    01-550126
ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ......    01-412493
အလုပ်သမား ဥပဒေ  စစ်ဆေးရေး .......    01-430112~4
information Call Center......    1212, 1876
အရေးပေါ်ကား -......    Yangon Ambulance 192
Traffic Police Ambulance.......    500005
Academy Hospital .....    01-212890, 01-212866
Asia Royal Hospital .......    01-538055
Ayarwaddy Foundation ........   01-255819~38, 09-421060999
Central Women Hospital .........   01-222804~6, 01-222881
ခွေးလှေးယားသီး အနက်စေ့ အစွမ်းထက်ပုံ
 Zaw Min Tun's photo.
လက်တွေ့ သုံးစွဲပြီးပျောက်ကင်း ချမ်းသာသုခ ကို ရရှိ သွားတဲ့ ရွာသာ ရွာက အောင်ငြိမ်းပြော တဲ့ သူဇနီး မခင်စော အကြောင်း ................
ကျွန်တော် ၏ အမည် မှာ ဦးအောင်ငြိမ်း။ ဇနီး အမည်ကဒေါ်ခင်စောဖြစ်ပါသည်။ တိုက်ကြီးမြို့နယ် ဖိုးခေါင်း အုပ်စု ရွာသာ ရွာမှာနေပါတယ်။ ခွေလှေးယားသီး အနက်စေ့ အစွမ်း ထက်ပုံ ကိုယ်တွေ့ဖြစ်ရပ်ကို တင်ပြ လိုပါတယ်။
ကျွန်တော် ကဲ့သို့ ဆင်းရဲနွမ်းပါးသော လူနာရှင်များ ဖတ်မိ ကြားမိကြပါစေ။ ဖတ်ကြားပြီးသူများ ကလည်း ဆင်းရဲ နွမ်းပါးသူ လူနာရှင် များအား တဆင့်ပြောပြနိုင် ပါစေလို့ ဆုတောင်း မျှော်လင့်ပါတယ်။ ကျနော်၏ ဇနီးဒေါ်ခင်စော သည် မကျန်းမာ ၍ ဓါတ်မှန်ရိုက် သလိပ်စစ် အမျိုးမျိုး စမ်းသပ် ကုသခဲ့သော်လည်း သက် သာပျောက်ကင်းခြင်းမရှိပါ ။ တနေ့ တခြား အားအင် ကုန်ခမ်းပြီး ၉ လ အကြာမှာ ရောဂါပြင်းထန်ပြီး နီးစပ်ရာဆေးရုံ သို့ တက်ခဲ့ရပါသည်။
ဆေးရုံရောက် ရောက် ချင်းမေ့မြော  သွားတာ တနေ့နှင့် တည ကြာပါသည်။ လူအများ ကသေပြီ ဟုထင် မှတ် ကြသည်။ သေလျှင် အဆင်သင့်ဖြစ်အောင် စီစဉ်နေစဉ် သတိပြန်ရလာပါသည် အဖြေ ရှာတွေ့သောရောဂါ မှာ အရိုးကျီးပေါင်းတက်ခြင်း အစာအိမ်ရောဂါဖြစ်ခြင်းလောက်သာ သိရသည် ။ 
Iron Cross တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အမှတ်တရ { Iron Cross" ကို ပြုစု ပျိုးထောင်ပေးခဲ့သော " ဆရာစောဘွဲ့မှူး " }
Lay Phyu Crazy's photo.
IC Founder ကြီး “စောဘွဲ့မှူး” ကို အဖွဲ့သားများနှင့် တွေ့ရစဉ်။
 ကိုဘွဲ့အကြောင်း က ကျွန်တော့် အတွက်တော့ ရေးစရာတွေ အများကြီး ပါပဲ။ ဒီလို စာတစ်ပုဒ် နဲ့ သူ့ အကြောင်း ပေါ် လွင်အောင် ဖေါ်ပြဖို့ ဆိုတာ မလွယ်လှ ပါဘူး။ ဒါပေမယ့် တတ်နိုင် သလောက်တော့ ကျွန်တော် သိတဲ့ သူ့ အကြောင်း အချို့ကို ပရိသတ်တွေ လည်း သိရအောင် ပြောပြပါ့မယ်။
သူဟာ ကျွန်တော့် ရဲ့ သင်ဆရာ၊ မြင်ဆရာ တစ်ယောက်ပါ။ ပထမဆုံး သူနဲ့ စတွေ့တာကတော့ ကျွန်တော် ဆေး တက္ကသိုလ် ပထမနှစ် ပြီးခါနီး ၁၉၈၅ ခုနှစ်လောက်မှာပေါ့။
ကျွန်တော် က ဂစ်တာ ကို ရှစ်တန်း လောက် ကတည်း က တီးခဲ့တော့ စနစ် တကျ မ ဟုတ်ပေမဲ့ တော်တော်လေး တီး တတ်နေပါပြီ။ ဆေးကျောင်းမှာဆို လည်း ကျွန်တော်တို့အဖွဲ့ လက်သံတွေ ချည်းပဲ ဆိုပါတော့။ ဆေးကျောင်း မှာ ကျောင်းပြီးသွားတဲ့ ဆရာဝန်ပေါက်စတွေကို ဂုဏ်ပြုတဲ့ Convocation Dinner ကို တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိပါတယ်။ 
ပထမနှစ်ကျောင်းသား Fresher တယောက်ဖြစ်တဲ့ ကျွန်တော် ဟာ အရမ်း ကို ပါဝင် တီးခတ်ဖျော်ဖြေ ချင်ခဲ့ ပါတယ်။ ဒါပေမယ့် ထုံးစံ အရ နောက်ဆုံးနှစ်ကျောင်းသားတွေ ရဲ့ တီးဝိုင်း ကပဲ တီးခတ်ခွင့် ရတော့ သိပ်ပါ ချင်တဲ့ ကျွန်တော်တို့ အတန်းက ကျောင်းသားတွေ တီးလို့ မရလည်း ဆိုမယ်ကွာ ဆိုပြီး စာရင်းသွင်းကြ ပါတယ်။ 
ဒါပေမယ့် ဆိုမယ့်သူ များလွန်းတော့ ဖျော်ဖြေချိန် နဲ့ လူဦးရေ မလောက် မင ဖြစ်ကြတော့ အသံစစ် ပွဲ (Audition) ကျင်းပပြီး လူရွေးချယ် ဖို့ စီစဉ်ရပါတယ်။ ဒါကလည်း နှစ်စဉ်နှစ်တိုင်း ဆိုမယ့် သူတွေက သတ်မှတ် အရေ အတွက်ထက် များနေကြမို့ နှစ်တိုင်း လူရွေးချယ်ပွဲ ကျင်းပနေကြပါ။
မိသားစု ရှိတဲ့ သူတိုင်း ကိုယ့် မိသားစု ကို အချိန်ပေးဖို့ မမေ့ပါနဲ့.
Mg Thiha's photo.
 ကလေး တစ်ယောက် ကို ချီဖို့ အချိန် ( ၆ ) လပဲရှိတယ် ။
အဲ့ဒီ နောက်ပိုင်း သူ့ဟာ သူ တွားသွား လိမ့်မယ်။
ကလေး တစ်ယောက် ကို ချီဖို့ အချိန် ( ၁ ) နှစ်ပဲ ရှိတယ် ။
အဲ့ဒီ နောက်ပိုင်း သူ့ဟာသူ လမ်းလျှောက်လိမ့်မယ်။
ကလေး တစ်ယောက် ကို အချိန်ကြာကြာ ဖက်ဖို့ အချိန် ( ၂ ) နှစ် ပဲ ရှိတယ် ။
အဲ့ဒီ နောက်ပိုင်း သူတို့ ကို အချိန် အကြာကြီး အဖက် မခံတော့ဘူး။
ကလေး တစ်ယောက် နဲ့ အိမ်မှာ အချိန် တော်တော်ကြာကြာနေဖို့ အချိန် (၁၀ ) နှစ် ပဲရှိတယ် ။
အဲ့ဒီ နောက်ပိုင်း သင့် ထက် စာရင် သူတို့ သူငယ်ချင်း နဲ့ ပဲနေရတာ ပိုနှစ်သက်လိမ့်မယ်။
Tuesday, April 28, 2015
ကင်ဆာေ၇ာဂါ ကို အကောင်းဆုံး နှိမ်နင်း နိုင်တဲ့ အ၇ာ ( ၄ ) မျိုး
Image and video hosting by TinyPic
ကံမကောင်းစွာ နဲ့ပဲ ကင်ဆာရောဂါ ဟာ ကမ္ဘာမှာ အဖြစ် အများဆုံးရောဂါ ထဲ တစ်ခုဖြစ်ပါတယ်။ ဆေးပညာ အလွန်ခေတ်မီ တိုးတက်လာ သည့်တိုင် ဒီ မနှစ်မြို့ဖွယ်ရောဂါဝေဒနာ ဖျက်ဆီးနှိမ်နင်း ဖို့ ဆေးဝါး ကုသမှုတွေ မရှိသေးပါဘူး။
အများ အားဖြင့် ကင်ဆာရောဂါ ကို ခွဲစိတ် ကုသခြင်း သို့မဟုတ် ဓာတ်ကင်ခြင်းဖြင့် ကုသကြပါတယ်။ သို့သော် ဓာတ်ကင် ကုသခြင်းဖြင့် ကောင်းမွန် တဲ့ ဆဲလ်တွေ ပျက်စီး ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။
မသိ မသာ စိမ့်ဝင် ကူးစက် ပျံ့နှံ့တတ်တဲ့ ဒီရောဂါ ကို အထိရောက်ဆုံး ခုခံ ကုသပေးမယ့် အပင် (၄) မျိုးရှိပါတယ်။
သင်္ဘောသီး စားခြင်း ၏ အံ့ဖွယ် အကျိုး ကျေးဖူးများ
Image and video hosting by TinyPic
မရေ မတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေကြောင့် သင်္ဘောသီး ဟာ များများ စားသုံး သင့်တဲ့ သစ်သီး ထဲက တစ် ခုဖြစ်ပါတယ်။ ပြင်းထန် တဲ့ရောဂါ များစွာ ကာကွယ်ပေးတဲ့ အစွမ်းထက် အင်တီအောက်ဆီဒင့် တို့နဲ့ အာနိသင်ဖြည့် ထားပါတယ်။ 
ခန္ဓာကိုယ် မှာ နေ့စဉ် လိုအပ်တဲ့ မရှိမဖြစ် အဟာရတွေ ပေါများစွာ ပါရှိတယ်။ သင်္ဘောသီး မှာ အမျှင်ဓာတ် ၊ ကြေးနီ၊ ဖိုးလ်လိပ် (ဗီတာမင်-ဘီ)၊ ပင်နီသိုးနစ်(ခ်)အက်ဆစ်(ဗီတာမင်-B5) တစ်နည်း အားဖြင့် ရေမှာ ပျော် ဝင်စေနိုင်တဲ့ ဗီတာမင်၊ မက်ဂနီဆီယမ်၊ ဗီတာမင်-အေ၊ စီ၊ ရီဘိုဖလားဗင်း နဲ့ သားမင်းတို့ ပါဝင်ပါတယ်။ 
သင်္ဘောသီး စားခြင်းဖြင့် ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေ ကတော့…
၁။ ကိုယ်တွင်း ခုခံအား စနစ်ကောင်းမွန်စေခြင်း
၂။ မျက်စိ ကျန်းမာ စေခြင်း
၃။ ကင်ဆာရောဂါ ကင်းဝေးစေခြင်း
ဖုန်း ကို တစ်ချိန်လုံး ပလပ် ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ?
 နဂါးနီ ဗဟုသုတ ဘဏ်တိုက်'s photo.
 ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်း သည် မိုဘိုင်းဖုန်း များ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲ လည်း ဖြစ် သည်။
လူများစုကြီး ကား မနက် ဖုန်းဘက်ထရီ အပြည့် နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေ သည့် ဖုန်း ကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ၀င်တော့ ဖုန်း ကို ပလပ်ထိုး အားသွင်းပြီး အိပ် လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။
ဖုန်း ကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်း လျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ည လုံး ပလပ်ဆက် ထိုး ထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့် တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။
ဖုန်းဘက်ထရီ နဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက် ကြည့် ပါ။ 
တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန် ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။ အထက်ပါ အတိုင်း ဘက်ထရီ ပြဿ           နာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿ        နာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။
 ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။
Friday, April 24, 2015
သင် မသိသေးတဲ့ Titanic သင်္ဘော အကြောင်း
 သင် ဒါတွေသိလား's photo.
 ၁။ Titanic ပေါ်ကဈေးအကြီးဆုံး အခန်း ဟာ ဒီခေတ်ဈေုးနဲ့ ဆို တစ်ည အတွက်ဒေါ်လာ တစ်သိန်းလောက်ပေး ရ ပါတယ် ။ ဒါဟာ ကမ္ဘာ့ တစ်ခုတည်းသော ကြယ်ခုနှစ်ပွင့် burj al arab ဟိုတယ် ကဈေးအကြီးဆုံး အခန်းခ ထက် သုံးဆကျော် ပိုများပါတယ် ။
၂။ Titanic ပေါ်က ဂီတပညာရှင်တွေ ဟာ အဲခေတ်ရဲ့ အကျော်ကြားဆုံး နဲ့ လူကြိုက် အများဆုံး သီချင်းပေါင်း ၃၇၀ ကျော် ရဲ့တီးလုံး အားလုံးကို အလွတ် ကျက်မှတ်ထား ရပါတယ် ။ဘယ်ခရီးသည်က မဆိုသူတို့ နားထောင် ချင်တဲ့ သီးချင်း ကိုတောင်းဆိုရင် ချက်ချင်း အထစ်အငေါ့ မရှိတီးခတ်နိုင်ဖို့ပါ ။
၃။ Titanicမှာ ကိုယ်ပိုင် သတင်းစာ ရှိပါတယ် သင်္ဘောပေါ်က ခရီးသည်တွေ အတွက်သာ သီးသန့်ထုတ်ဝေတဲ့ The Atlantic News ဆိုတဲ့ သတင်းစာ ကို သင်္ဘောပေါ်က သတင်းစာ တိုက်ကနေ သင်္ဘောပေါ်က သတင်း များ အားလုံးကို သိရှိဖို့ နေ့စဉ် ထုတ်ဝေပေးပါတယ် ။
၎။ Titanic ရဲ့ စတုတ္ထမြောက်ခေါင်းတိုင် ဟာ အလှသက်သက်ပဲ ထည့်သွင်း တည်ဆောက် ထား တာဖြစ်ပါ တယ် ။
 သင် ဒါတွေသိလား's photo.
သာသနာပြု အဓိပ္ပါယ်
ခင်လပြည့်ဝန်း's photo.
သာသနာပြု ဆိုင်းဘုတ် က ဒီကနေ့မြန်မာပြည် မှာ သိပ်ပြီး ထွန်းကားနေတယ်။ ဟိုကလည်း သာသနာပြု ဒီကလည်းသာသနာပြု နဲ့။ ဒီကနေ့ခေတ် မှာ အဲဒါကိုကြည့်ကြရအောင်။
သာသနာဆိုတာ ဘယ်လိုလဲ…???
ဘယ်လိုပြုတာကို မှ သာသနာပြုတယ် ခေါ်သလဲ…???
ဒါ စဉ်းစားဖို့ အချိန်ကျရောက်လာပြီ။
ဘုရားပြင်တဲ့ပုဂ္ဂိုလ်တွေ ကလည်း သာသနာပြုတယ်ပြောတာပဲ။
အဝတ်ဖြူကြီးတွေ ဝတ်ထားတဲ့ ပုဂ္ဂိုလ်တွေကလည်း သာသနာပြုတယ်ပြောတာပဲ။
မုတ်ဆိတ်မွှေးရှည်ကြီးနဲ့ လူ တောင်ဝှေးနဲ့ ထိုးတဲ့သူ ကလည်း သာသနာပြုတယ်ပြောတာပဲ။
တော်တော်ခက်တာပဲ။
ဘုန်းကြီးတို့ စာချနေတဲ့ ရဟန်းတော်တွေက သာသနာပြု  ဆိုင်းဘုတ် တင်ခွင့်ကိုမရတော့ဘူး။
ဒီလိုဖြစ်နေတယ်။ အဲဒိလို သာသနာပြုဆိုင်းဘုတ် ကို တွင်တွင်ကြီး တပ်လာပြီ ဆိုရင် ဒို့ဒကာ ဒကာမတွေက အုံပြီးတော့ ပါသွားကြတယ်။
ဒီမှာ စာသင်တိုက် မှာ အငတ်ငတ် အပြတ်ပြတ် နဲ့ ဆွမ်းမှ မဝရေစာ သင်္ကန်းမှ ရှားရှားပါးပါး စာသင်စာချ လုပ်နေကြတဲ့ ကိုယ်တော်တွေ အပေါ်ကြတော့ အဲဒါ သာသနာပြုတယ် လို့ မြင်တဲ့ သူက တဖြည်းဖြည်းနည်း လာတယ်။
မိမိတို့ ရဲ့ ငွေကြေး ကို ဘယ်လို စီမံခန့်ခွဲကြမလဲ
နည်းစနစ်ကျကျအတွေးအခေါ်'s photo.
တကယ်လို့ သင်ဟာ မိမိ တို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ၊ဆွေမျိုး မိသားစုတွေ ဆီမှ ပိုက်ဆံချေးငှား သုံးစွဲ ရပြီး အကြွေးတွေ တင်နေရတဲ့ အထိ ငွေအထွက် များနေလျင် မိမိ ရဲ့ ငွေကြေးသုံးစွဲမှု စနစ်ကို ပြန်လည် သုံး သပ်ပြီး ငွေကြေး သုံးစွဲခြင်းဆိုင်ရာ စီမံကိန်း တစ်ခုကိုဆွဲလိုက်ပါ။
ဒီလို စီမံကိန်း ဇယားတစ်ခု ကို ရေးဆွဲ လိုက်ခြင်းဖြင့် နောက်  ထပ်ငွေကြေး သုံးစွဲမှု အတွက်ကြိုတင်ပြင် ဆင် မှုတွင် များစွာ အထောက်အကူပြုနိုင်ပါတယ်။
အဆင့်(၁)-မိမိ တို့ရဲ့ ဝင်ငွေ ကို သိပါ။
မိမိ ရဲ့ ဝင်ငွေ အနေအထား ကို သိပြီး ဘယ်လောက် အတိုင်း အတာထိ သုံးလို့ရမလဲ ဆိုတာ အသေအချာ သိထားဖို့လိုပါတယ်။ တကယ် လို့ သင်ဟာ ပုံမှန် လစာ ဝင်ငွေ ရှိတဲ့ အစိုးရဝန်ထမ်း ၊ ကုမ္မဏီဝန်  ထမ်းတွေ ဖြစ်နေခဲ့လျင် သင့်အနေ နဲ့ ဒီအချက် ကို ပိုမို သိရှိထားဖို့လိုပါတယ်။
တကယ်လို့ သင်ဟာ နာရီ အပိုင်း အခြားဖြင့် လုပ်အားခ ရတဲ့သူ ၊ဒါမှမဟုတ် ကိုယ်ပိုင် လုပ်ငန်း လုပ်နေ သူဖြစ်နေခဲ့ လျင်တော့ သင်ဟာ ပျမ်းမျ  အားဖြင့် မိမိ ရဲ့ ဝင်ငွေ ပမာဏ အနေအထားကို တွက်ချက်ထား ဖို့လိုပါတယ်။
ရသေ့ကြီး ဦးခန္တီ ရွတ်သော အလွန် အကျိုးပေးသည့် ဘုရားရှိခိုး
 ပရလောကမှ ရှားပါးမှတ်တမ်းများ's photo.
 လာဘ် တိတ်နေသူများ ၊ ဈေးရောင်း မကောင်းသူများ ၊ အကြွေး မရသူများ ၊ အကြွေး မဆပ်နိုင်သူများ ၊ ငွေကြေး အခက် အခဲဖြစ်နေသူများ ၊အကြီး အကဲနဲ့ အဆင်မပြေသူများ ၊ အလုပ် အကိုင် တို့လို့ တန်း လန်း ဖြစ်နေသူများ ၊ လာဒ်ရွှင်ငွေဝင် လိုသူများ အတွက် အလွန်တရာ မှ လာဒ်ရွှင်စေသော ရသေ့ကြီး ဦးခန္တီရွတ်သော ဂါထာ ကို လက်ဆောင်ပေးလိုက်ရပါတယ် ခင်ဗျာ....
ကိုယ်တွေ့ တစ်ခု ပြောပါရစေ... 2012.12.31 နေ့ မှာ ငွေ ၆ သိန်း ပေးပါမယ် လို့ ကတိပြု ခဲ့တာပါ.. 29.12.2012 နေ့ မှာ လက်ထဲ မှာ ငွေ ၄ သိန်း ပဲ ရှိပါတယ်.. ၂ သိန်း လိုနေတယ်လေ.. ၂ သိန်း ကို ၂ ရက် အတွင်း ဘယ်လို ရှာရမလဲ.. စိတ်ပေါက်ပေါက် နဲ့ တီဗွီ ဖွင့်ကြည့်လိုက်တာ ။
အဲဒီ မှာ ဗန်းမော် ဆရာတော် ဒေါက်တာ ကုမာရ ဘိဝံသ က MRTV 4 မှာ ရသေ့ကြီး ဦးခန္တီ အကြောင်း တရားဟောနေတာ နာ လိုက် ရပြီး အဲဒီ လာဒ်ရွင်စေတဲ့ ဂါထာ ကို အားတိုင်း ရွတ် မနက် ၄၅ မိနစ် ၊ ည ၄၅ မိနစ် ရွတ်လိုက်တာ 31.12.2012 နေ့လည် 2း00 နာရီမှာ ဟောခန်း မှာ ဗေဒင်ဟောနေရင်း ဖုန်းဝင်လာတယ်.. 
ကံစမ်းမဲပေါက်တယ်တဲ့ ၂ သိန်း ရမှာတဲ့......ဟိုက်ရှားပါး.... လန်းသွားပါတယ်.....
ကတိ အတိုင်း ပေးနိုင်ခဲ့ပါတယ်....ကိုယ်တွေ့ပါဗျာ..
 အဲဒါနဲ့ သူငယ်ချင်းဗေဒင်ဆရာ တစ်ယောက်ကို ဖုန်းဆက်ပြီး ပြောပြတာ သူက ပြန်ပြောတယ်.. ငါလည်း အဲဒါ ရွတ်တာ ဒီ မနက်ပဲ အိမ်ဝိုင်းရောင်းထွက် လို့ ဆိုပြီး ၂ သိန်း လာကန်တော့သွားတယ်တဲ့.... ..တော်တော်ထူး တဲ့ ဂါထာ ပါပဲဗျာ
အော်တို ဂီယာ-ကို-ဒီလိုမောင်းကြ
 Kothet Win's photo.
[ " ၂-ထပ်ရှိမှ-မှတ်မိမှာမို့-ထပ်ရှင်းလိုက်အုံးမယ်-" ] {အော်တိုဂီယာ-ကို-ဒီလိုမောင်းကြကွယ်}
မြန်မာနိုင်ငံ ကားလောက အပြောင်းအလဲ ကို-၀င်ရောက်လာတာ-ခု-မှ-၂-နှစ်ကျော်-၃-နှစ် အတွင်းလောက် ပဲ ရှိပါသေးတယ်--
အများဆုံးရောက်လာတဲ့ ကားများ က-အော်တိုဂီယာ--ကားများပါ---
သူတို့နဲ့ ပတ်သက်တဲ့-အခေါ်အဝေါ်လေးများ ကိုလည်း-တတ်နိုင် သလောက် အတိအကျ သိထားစေချင် တယ်--  ဂီယာ ထိုးပုံ  နည်းစနစ်  ကိုလည်း-စနစ်တကျ  သိထားစေချင်  လို့ပါ-
 Kothet Win's photo.
P = Parking position---> [ ကား ရပ်နား ထားတော့မယ် ဆိုရင်--ဒီနေရာ ကို ဂီယာတံပြောင်းထားပါ--သို့မှ သာ-ကားသော့ကိုဖြုတ်လို့ ရပါမယ်--ဒီနေရာ မရောက်မချင်း-သော့ချွတ်လို့ မရပါ-
စတတ်တာ ဆိုတဲ့--စက်နိုးလို့ ရနိုင်မယ့်နေရာ တစ်ခုပါ-ဟန်းဘရိတ် ဆွဲစရာ မလိုအောင်-ကားဘီးများကို လည်းချုပ်ပြီး သားဖြစ်နေပါ လိမ့်မယ်]
ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် (မြန်မာ ၁၂၇၇-၁၃ဝဝ)
Thethtar Batheintin's photo.
 မွေးသက္ကရာဇ် သက္ကရာဇ်.....  ၁၂၇၇ ခုနှစ် တပို့တွဲလဆုတ် ၉ ရက် တနင်္ဂနွေနေ့
အမည်ရင်း..... အောင်ကျော်
မိဘ အမည်..... ဦးကျော်ထင် + ဒေါ်ရွှေကျော့
မွေးဖွားရာဒေသ....... ဟင်္သာတ ခရိုင်၊ မဲဇလီကုန်းမြို့၊ ရုံးဇင်ရွာ
နိုင်ငံသား....... မြန်မာ
လူမျိုး ....... ဗမာ
ကိုးကွယ်သည့်ဘာသာ.........  ဗုဒ္ဓသာသာ
ပညာအရည်အချင်း .......... ကောလိပ်ကျောင်းသား
အလုပ်အကိုင် -
ကြင်ဖော် -
သားသမီး -
ထင်ပေါ်ကျော်ကြားမှု တိုင်းပြည်နှင့် လူမျိုးအတွက် အသက်နှင့် လဲသွားသော ကျောင်းသားခေါင်းဆောင်
ထင်ရှားသည့် လက်ရာများ -
ရရှိခဲ့သည့် ဘွဲ့တံဆိပ်များ -
ကွယ်လွန်ရက် ဒီဇင်ဘာလ (၂၂)ရက်၁၉၃၈ခုနှစ်
ကွယ်လွန်ရာဒေသ....... ရန်ကုန်မြို့
 ဗိုလ်အောင်ကျော် သည် ၁၃ဝဝ ပြည့် အရေးတော်ပုံခေတ်က တိုင်းပြည်နှင့်လူမျိုး အတွက် အသက်နှင့် လဲ သွားသော ကျောင်းသားခေါင်းဆောင်ဖြစ်သည်။ အမည်ရင်း မှာ ကိုအောင်ကျော်ဖြစ်သော်လည်း အာဇာနည်ခေါင်းဆောင် တစ်ယာက် အနေနှင့် ဗိုလ်အောင်ကျော် ဟု ခေါ်ကြ၍ ထို အမည်နှင့် ပင် ကျော် ကြားသည်။
ကိုအောင်ကျော် ကို မြန်မာ သက္ကရာဇ် ၁၂၇၇ ခုနှစ် တပို့တွဲ လဆုတ် ၉ ရက်၊ ခရစ်နှစ် ၁၉၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ရက် တနင်္ဂနွေနေ့ တွင် ဟင်္သာတ ခရိုင်၊ မဲဇလီကုန်းမြို့၊ ရုံးဇင်ရွာတွင် အဖ အလယ်တန်းကျောင်း ဆရာကြီး ဦးကျော်ဒင်၊ အမိ ဒေါ်ဆွေကျော့တို့မှ ဖွားမြင်သည်။ 
ညီအစ်ကိုမောင်နှမ တစ်ကျိပ် တစ်ယောက် ရှိသည့် အနက် အဋ္ဌမမြောက် မွေးဖွားခဲ့သူဖြစ် သည်။ မွေး ချင်းပေါက်ဖော် များမှာ ဖခင် က ဆင်းသက်၍ ကျောင်းဆရာ ဆရာမ များသာ ဖြစ်ကြသည်။ 
Thursday, April 23, 2015
နှပ်ဆေးရည် များ ကို ကွမ်းယာ ၌ ထည့်သွင်း စားသုံးခြင်းကြောင့် ကျန်းမာရေး ချို့တဲ့သူ ယခုနှစ်တွင် ပိုမိုများပြား လာ ဟုဆို
Lwin Oo's photo.
 မြန်မာနိုင်ငံ ၌ လူကြီး၊ လူငယ် အများစု သည် ကွမ်းစားလေ့ ရှိသူများ ဖြစ်ကြသည်။
ထိုသို့ ကွမ်း ကို စွဲလမ်း စွာ စားသုံးသည့် အခါ ထုံး၊ ကွမ်းသီး၊ ဆေး စသည့် မိရိုးဖလာ ကွမ်း စားသုံးခြင်း မဟုတ် ဘဲ နှပ်ဆေး အရည် များကိုပါ ထည့်သွင်း စားသုံးခြင်းများ ပြုလာ ခဲ့ကြသည်။
ထို့ကြောင့် နှပ်ဆေးရည်ဖြင့် ကွမ်းယာ စားသုံးသူ အချို့ မှာ အစာအိမ် အူလမ်းကြောင်း ရောဂါများ ရရှိ ပြီး ဆေးဝါး ကုသမှု ခံယူ ရသူ ပိုမိုများပြား လာခဲ့ကြောင်း ပုဂ္ဂလိ က အထူးကု ဆေးရုံကြီးများရှိ အထူးကု ဆရာဝန်ကြီး များ၏ ပြောပြချက်များ အရ သိရသည်။
ကွမ်းကို နှပ်ဆေးရည်ဖြင့် ရေရှည် စွဲ၍ စားသုံး မိပါက အစာအိမ် အူလမ်းကြောင်း ကင်ဆာဖြစ်ပေါ် စေနိုင်ကြောင်း အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ အထူးကု ဆရာဝန်ကြီး တစ်ဦး ကလည်း ပြောကြားခဲ့သည်။
ကွမ်းစား နှပ်ဆေးရည် များကို ရေရှည် စားသုံး မိခြင်းကြောင့် အစာအိမ် အူလမ်းကြောင်း အတွင်း ကင်ဆာဖြစ်၍ ဆေးဝါး ကုသမှု ခံရသူ များစွာ ရှိခဲ့ရာ ၃၅ ရာခိုင်နှုန်း သာလျှင် အသက်ရှင် ကျန်းမာပြီး ကျန် ၆၅ ရာခိုင်နှုန်း မှာ သက်တမ်းစေ့ နေထိုင်ရခြင်း မရှိကြောင်း စောင့်ကြည့်လေ့လာ နေသူများ၏ မှတ်တမ်းအရ သိရသည်။
ရန်ကုန်မြို့ မှ မြန်မာပြည် တစ်ဝန်းရှိ အခြားမြို့များ သို့ အကွာအဝေး မိုင်များ
Motors.com.mm's photo.
ရန်ကုန်မြို့ မှ မြန်မာပြည် တစ်ဝန်း ရှိ အခြားမြို့များ သို့ အကွာအဝေး မိုင်များ ကိုဖော်ပြပေး လိုက်ပါသည်......
ရန်ကုန် _ နေပြည်တော်(လမ်းသစ်) ၂၀၂ မိုင်
ရန်ကုန် _ မန္တလေး ၃၆၄ မိုင်
ရန်ကုန် _ မိတ္ထီလာ ၂၈၉(လမ်းသစ်) မိုင်
ရန်ကုန် _ မြင်းခြံ ၃၉၆ မိုင်
ရန်ကုန် _ စစ်ကိုင်း ၃၅၁ မိုင်
ရန်ကုန် _ ပြင်ဦးလွင် ၄၃၂ မိုင်
ရန်ကုန် _ လားရှိုး ၅၆၅ မိုင်
ရန်ကုန် _ တောင်ကြီး ၃၈၄ မိုင်
ရန်ကုန် _ လွိုင်ကော် ၃၃၇ မိုင်
အသားပတ် ၍ ခြေဖနောင့် ကွဲနေပါသလား ?
အမျိုးသမီးနှင့်ကျန်းမာရေး's photo.
 ခြေဖနောင့် ကွဲခြင်း အတွက် ထိရောက်တဲ့ အိမ်တွင်း သဘာဝ ကုထုံးလေးတွေ ရှိပါတယ်။ စမ်းကြည့်နိုင် ပါတယ်။ ခြေထောက်ကြမ်း သူများလဲ ဥတုမ ရွေးလုပ်ဆောင်နိုင်ပါသည်။
၁။ သံလွင်ဆီ သို့ မဟုတ် အုန်း ဆီ ကို ညမအိပ် မှီ ခြေဖနောင့်ကို လိမ်းပေးပါ။ မလိမ်းမှီ ခြေထောက်ကို သန့် စင်အောင်ဆေးဖို့ လိုပါတယ်။ ထို့ နောက် ချည်သားခြေအိတ် စွပ်၍ အိပ်လိုက်ပါ။
၂။ ငှက်ပျောသီး အမှည့် တစ်လုံးကို ခြေလိုက်ပါ။ ပြီးလျှင် စိမ့်ဝင်အောင် ပွတ်လူးပါ။ ၁၀ - ၁၅ မိနစ် ခန့် ထား ၍ ရေနွေးနွေးနှင့် ဆေးလိုက်ပါ။ ထို့ နောက်ရေအေးနှင့် ခဏ စိမ်လိုက်ပါ။ နေ့ စဉ် လုပ်ပေးနိုင်ပါ သည်။ နူး ညံ့ အိစက်သော ခြေဖဝါး လေးဖြစ်လာ ပါလိမ့်မည်။
Wednesday, April 22, 2015
ယုံကြည်မှု နဲ့ လုပ်ရပ်
Eleven Media Group's photo.
 ၁၈ ရာစုနှစ်က ဖြစ်ပျက် ခဲ့တဲ့ တကယ့် အဖြစ်မှန်ပေါ် မူတည်ပြီး ရိုက်ကူးထားတဲ့ (Mutiny On The Bounty) ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား တစ်ကား ဟာ ၁၉၆၂ ခုနှစ်မှာ ပေါ်ထွက် လာခဲ့ပါတယ်။ ဒီ ဇာတ်ကား ထဲက အဖြစ် အပျက်တွေဟာ သင်္ဘော တစ်စီးပေါ်မှာ ဖြစ်ခဲ့ပေမယ့် နိုင်ငံ တစ်နိုင်ငံ ထဲမှာ ဖြစ်ပျက် ခဲ့ပုံမျိုးနဲ့ သဘောတရား ချင်း သွားဆင်တူနေပါတယ်။ 
ဒါကြောင့် နိုင်ငံ တစ်နိုင်မှာ ဖြစ်ပျက် သွားတဲ့ အရေးအခင်း တစ်ခုကို အစအဆုံး ထိုင်ကြည့်နေရ သလို တွေ့မြင်နေ ရတဲ့ အပြင် သင်ခန်းစာ ယူစရာတွေ လည်း အများကြီး ပါလို့ ဒီဇာတ်ကားကို ကြိုက်တဲ့လူ အတော်များပါတယ်။
၁၇၈၇ ခုနှစ် ရဲ့နေ့တစ်နေ့ မှာ ကပ္ပတိန် “ဘလိုက်” ဦးဆောင် တဲ့ “ဘောင်တီ” သင်္ဘော ဟာ ပစိဖိတ် သမုဒ္ဒရာ တောင်ပိုင်းမှာ ရှိတဲ့ တဟီတီ ကျွန်းစု ဆီကို အင်္ဂလန် က ရွက်လွှင့် ထွက်ခွာ လာခဲ့ပါ တယ်။
 ဘောင်တီ သင်္ဘော ရဲ့ အဓိက ရည်မှန်းချက် တာဝန် ကတော့ တဟီတီ ကျွန်းစုမှာ အလေ့ကျပေါက်နေ တဲ့ ပေါင်မုန့် သီး ပျိုးပင်တွေ ကို အခု လက်ရှိ ကျူးဘားနိုင်ငံနားမှာ တည်ရှိပြီး အဲဒီ တုန်းက အင်္ဂလန်ပိုင်ဖြစ်တဲ့ ဂျမေကာကျွန်း အထိ သင်္ဘောနဲ့ ပို့ဆောင် ပေးဖို့ပါပဲ။
 ပေါင်မုန့်သီးပင် ဆိုတာ ပိန္နဲသီး နဲ့ ဆင်ဆင် တူတဲ့ အသီးတွေ သီးတဲ့ အပင် တစ်မျိုး ဖြစ်ပါတယ်။ ဒီအပင်တွေ ဟာ ပေ ၈၀ လောက် ထိ မြင့်တတ်ပြီး ချက်လိုက် ရင် အသီးရဲ့အနံ့ က ပေါင်မုန့် ဖုတ်တဲ့ အနံ့နဲ့ တူလို့ ပေါင်မုန့်သီး ပင်လို့ ခေါ်ကြတာဖြစ်ပါတယ်။ 
မြန်မာ စာတန်းထိုး ရုပ်ရှင် စုစည်းမှု
ချမ်း ငြိမ်း's photo.
မြန်မာ စာတန်းထိုး ရုပ်ရှင် စုစည်းမှု ( ၁ ) 9/3/2015 အကြိုက်သာ ရှယ်ထားပေတော့... 
ညတုန်းက မြန်မာစာတန်းထိုး ရုပ်ရှင်ဇာတ်ကား ၂၀၀ ကျော်ကို စုစည်းပြီး တင်ပေး ခဲ့တာ ပို့စ်က အရမ်း ရှည် သွားတော့ ဖုန်းသမားတွေ ရှယ်လို့ မရ ဖြစ်သွား လို့ ၂ ခါခွဲပြီး တင်ပေးလိုက်ပါတယ်..
အမှတ်စဉ် ( ၁၀၀ ) ကို မြန်မာ စာတန်းထိုး ရုပ်ရှင် စုစည်းမှု ( ၁ ) အဖြစ် သီးသန့် ထပ်တင်ပေးလိုက်ပါတယ်..
 မြန်မာ စာတန်းထိုး ရုပ်ရှင် စုစည်းမှု ( ၂ ) ကို ထပ် တင်ပေးသွား ပါ့မယ် အခု ဒီ စုစည်းမှု မှာတော့ မြန်မာ စာတန်း ထိုး ရုပ်ရှင် ဇာတ်ကားပေါင်း (၂၀၀) နှင့် ကမ္ဘာကျော် The Lord of the Rings ( ၃ ) ကား ၊
The Hobbit ( ၃ ) ကားနှင့်တကွ Harry Potter ဇာတ်လမ်းတွဲ ( ၈ ) ကား.. 
 ချမ်း ငြိမ်း's photo.
Buddha (လောကကို အလင်းဆောင် သူ) ကို မြန်မာ  စာတန်းထိုး  အစအဆုံး ( ၅၄ ) ပိုင်းနှင့် ( ထောင်ဖောက် ကား အဖြစ် လူသိများလှ တဲ့ )Prison Break Season အစ အဆုံး မြန်မာ စာတန်း ထိုး ( ၈၂ ) ပိုင်း အပါအ၀င် သရဲဖမ်း ညီအကို ဇာတ်ကား အဖြစ် လူသိ များလှ တဲ့ Supernatural ဇာတ်လမ်းတွဲကို season (1) ကနေ လက်ရှိပြီးသွားတဲ့ season (9) အထိ အပိုင်း ( ၂၀၁) ပိုင်း ကို စုစည်းပေးထား ပါတယ်..
ကညန Road Safty နဲ့ပတ်သတ် လို့ ကညန ကို ပြောပြချင်ပါတယ်
(မူရင်းရေးသူ - ဦးဝင်းချို)
(စာမြည်းxxx)
ဖရိမ်ကိုဘဲ ပြောတော့မယ်။ ဘယ်ဖရိမ် မှ မကောင်းဘူး။ စက်မှု (၁) က ထုတ်တဲ့ ကားတောင် ဖရိမ် မကောင်းဘူး။ ပုဂ္ဂလိက ထုတ်တာ ဘယ်ကောင်းနိုင်ပါ့မလဲ။  ကည-န က စစ်ဆေးတဲ့နည်းစနစ်မှာ လဲ ဖရိမ် ကို Material ကို စစ်ဆေးနိုင်တာမဟုတ်။  Technique ကို စစ်ဆေးနိုင်တာမဟုတ်။
ဖရိမ်နံပါတ် ဖြတ်ဖေါက် ထည့်ထားရင်တောင်မှ  (လက်ရာ သိတ်သေ သပ်ရင်) စစ်ဆေးနိုင်ဘို့မလွယ်။
အဲဒီတော့ စက်မှုဇုံ ကားနဲ့ ပတ်သက်ရင် ဖရိမ် ကို အော်ရီဂျင်နယ် ကို ပေးသုံး လိုက သုံးပါ။ သို့မဟုတ် နိုင်ငံတော်စက်ရုံ က ထုတ်လုပ်ပေးပါ။သို့မဟုတ် လုံးဝ(လုံးဝ) ထုတ်လုပ်ခွင့်မပေးပါနဲ့ခင်ဗျား။
******************************************************************************
ကျနော် အရည်ကြို Post မှာ Comment ၀င် မရေးဖြစ်အောင် နေတာ။ အခု မနေနိုင်လို့ နည်းနည်းရေးမယ်။
(၁) ““ အများပြည်သူ သွားလာသော လမ်းများပေါ်တွင် အန္တရာယ် ကင်းစွာ (အန္တရာယ်ကင်းစွာ) မောင်းနှင်နိုင်သော ယာဉ် များသည် မှတ်ပုံတင်ခွင့်ရှိသည်”
(၂) မ-ဆ-လ ခေတ် က စုပေါင်း စပ်ပေါင်း ဆင်ထားတဲ့ မော်တော်ယာဉ် မှတ်ပုံတင် ရင် “မ” အက္ခရာ နဲ့မှတ်ပုံတင်ပေးတယ်။
(၃) ကျနော် အမှတ် မမှားဘူး ဆိုရင် မ/၁ ဆိုတဲ့အက္ခရာ နဲ့ကား က “ဂျစ်ကား။ ။ ပ-လ-စ (၁) က တပ်မှူး ဗိုလ်မှူးမောင်မောင်ကျော် စီးဘို့အတွက် တပ် က ဆင်ပေးတဲ့ကား။
(၄) ပ-လ-စ (၁) မှာ ကားဘရိတ် စမ်းတဲ့အခါ အုတ်နံရံ ဆီ ကို အရှိန် မိုင် (၆၀)နှုံးလောက်နဲ့မောင်းပြီး “ဘရိတ် မိ/မမိ စစ်တာ။
(၅) အဲဒီ အလုပ်ကို အရပ်သား ပညာရှင်“ ဦးကျော်ရှိန်” လုပ်တယ် လို့မှတ်မိတယ်။
(၆) နောက်ဆုံး အချက် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်သော ယာဉ် မဟုတ်ရင် မှတ်ပုံတင်မပေးနိုင်ကြောင်း က-ည-န မှ ငြင်းဆန်ခွင့် ရှိပါတယ်။
အသားသီး များ ဖယ်ရှားနိုင်မည့် ဆေးဖက်ဝင် ကုသမှု သုံးရပ်
 Shwe Kyar's photo.
 အရေပြား မှာ ဖြစ်ပေါ်တဲ့ အသား သီးတွေ ကို ဖယ်ရှားနိုင်မယ့် အလွယ်နည်းတွေ ဖြစ်ပါတယ်။
လက်ဖက်ဆီ
လက်ဖက်ဆီ ဟာ မှဲ့ နဲ့ အသားသီးတွေကို ဖယ်ရှားနိုင်ပါတယ်။ လက်ဖက်ဆီ နည်းနည်း ကို ဝါဂွမ်း စ တစ်စနဲ့ ဆွတ်ပြီး အသားသီး ရှိတဲ့ နေရာတွေ ကို တိုက်ရိုက် သုတ်လိမ်းပါ။ တစ်နေ့တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ခန့် ပြုလုပ်နိုင်ပြီး လေးပတ်ကျော် ကြာတဲ့ အထိ၊ အသားသီး ပျောက်တဲ့ အထိ လုပ်ဆောင်ပေးပါ။
ကြက်ဆူဆီ
ကြက်ဆူဆီ ကို ပြင်ပ လိမ်းဆေး အနေ နဲ့ သုံးနိုင် ပါတယ်။ ပြုလုပ် ရမယ့် နည်း  ကတော့ ဆော်ဒါမှုန့် အ  နည်းငယ်ကို ကြက်ဆူဆီ အနည်းငယ်နဲ့ ရောမွှေပြီး စေးပျစ်တဲ့ အနှစ်သားရအောင် လုပ်ပါ။ အဲဒီနောက် သံပရာ ဆီ အနည်းငယ် ထည့်မွှေကာ အသားသီး ရှိတဲ့ အရေပြားပေါ် သုတ်လိမ်းပြီး ဖုံးအုပ်ထားပါ။ 
အချိန် ၂-၄ ပတ် ကြာတဲ့ အထိ ဆက်လက် လုပ်ဆောင်သွားမယ် ဆိုရင် အသားသီး ပျောက်သွားပါလိမ့်မယ်။
Thursday, April 16, 2015
သင်္ကြန်တွင်း ဘုန်းကြီးကျောင်း မှာ ကုသိုလ် ယူမယ် ဆို သတိပြု
 မောင်(စွယ်စုံကျမ်း)'s photo.
 ရှင်စောပု မိဖုရားကြီး က ဘုန်းကြီးကျောင်းသွား ခါနီး သူ့ အခြွေအရံ များကို ပြောသည်မှာ -
ယခု သွားရမှာ က ရဟန်းတော်တွေ သီတင်းသုံး တဲ့ နေရာ၊ သမီးတော် တို့ ချယ်သထား တာက တကယ့် ပွဲလမ်းသဘင် သွားမယ့်အတိုင်းပဲ။ 
မိန်းမ တစ်ယောက် ရဲ့ ၀တ်စားဆင်ယင်မှု နဲ့ အမူအရာတွေ ဟာ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေ ကို ဆွဲဆောင်နိုင်စွမ်း ရှိတယ်။ အဆန်းတကြယ် ပြင်ဆင်မွမ်းမံမှု က ညှို့ယူလိုက်တဲ့ အတွက် သူတို့မှာ ပူလောင်တဲ့ ဆန္ဒ ဖြစ်လာနိုင်တယ်လေ။
ဒီလို သူ့စိတ် ကို အမှောင်ရိပ် လွှမ်းသွားတာ နဲ့ တပြိုင်နက် သူ့မှာ အပြစ်ဖြစ်ရ သလို သူ့ကို ပူလောင်အောင် ၀တ်ဆင်ထား တဲ့ မိန်းမ မှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။
ခန္ဓာ ကိုယ်တွင်း တစ်ခုလုံး ဆေးကြော သန့်စင်ပေးမယ့် စွမ်းအားပြည့် အချိုရည်
သတင်းဘုရင်'s photo. 
 ယခုဖော်ပြပေးမယ့် အချိုရည် က သင့် ခန္ဓာကိုယ် ကို လုံးဝ အသစ်ဖြစ်လာ မှာတော့ မဟုတ်ပေမယ့် အထပ်ထပ် စုစည်း စုပုံ ထားတဲ့ အဆိပ်တွေ အားလုံး ကိုတော့ ရှင်းလင်းပေးသွားပါလိမ့်မယ်။
လိုအပ်သော ပစ္စည်းများ
 ရေသန့် (၂) လီတာ
လီမွန်သီး (၁) လုံး (သို့) သံပုရာသီး (၂) လုံး
လတ်ဆတ် တဲ့ သခွားသီး (၁) လုံး
ပူစီနံ (၁၀) ရွက် 
ပျားရည် စစ် မစစ် စစ်နည်း {၁၀} နည်း
သတင်းဘုရင်'s photo.
ပျားရည်ထဲ ဘာပစ္စည်း ဘယ်ရာခိုင်နှုံး ပါတယ် သိဖို့အထိ ကျတော့ ကျွမ်းကျင် ပညာရှင်မှ ရတယ်။
ဒါပေမဲ့ ပျားရည် သဘာဝ ဟုတ်မဟုတ်၊အရောကင်း ၏ မကင်း ၏ သိဖို့ စမ်းတာကျတော့ လူတိုင်း လုပ် ကြည့်နိုင် တာပဲ။
၁..။  ထုတ်လုပ်သူတွေ ရဲ့ အညွှန်းစာမှာ တခြားအပိုတွေ စပ်ထား မထား ပါပါ လိမ့်မယ်။ဖတ်ပြီးရွေး ၀ယ်ပါ။
၂..။ သဘာဝ ပျားရည်က မစေး ကပ်ဘူး ပျားရည် နည်းနည်း ကိုယူ လက်မနဲ့ လက်ညိုးကြား ထားပြီးပွတ် ကြည့် သဘာဝ ပျားရည် က အသားထဲ အသာစိမ့်ဝင်သကြားနဲ့ အချိုရောထားရင်စေးကပ်ပြီး ပွတ်ရတာ မချောမွေ့ဘူး
၃..။ အပူပေးကြည့်လို့ ညိုညိုလေးနဲ့ အိုးကပ်သွားရင် အစစ်။ အမြုပ် တစီစီ နဲ့ ပလုံထိုး တက်လာရင် အတု။
၎..။ စက္ကူပေါ်ချကြည့် လို့ စက္ကူ    ရိပြီး စိုရင်၊ပေါက်ရင် ရေတွေ ပါနေတယ်။
IC Show ပွဲ Gran Royal ဆီက စပွန်ဆာ မယူဘဲ ဝင်ကြေးနဲ့ တင်ဆက်
 MG 6015 copy
ရန်ကုန် (မဇ္ဈိမ) ။ ။ လေးနှစ် ဆက်တိုက် ကန်တော်ကြီး အတွင်း Grand Royal ၏ စပွန်ဆာဖြင့် သင်္ကြန် မဏ္ဍပ်ဆောက် ကာ ပရိတ်သတ်များ အား ဖျော်ဖြေပေးခဲ့သော် လည်း ယခု ငါးနှစ်မြောက်နှစ် တွင် Grand Royal ထံမှ စပွန်ဆာ မယူတော့ဘဲ Iron Cross အဖွဲ့ကို ဖိတ်ကြားကာ ပန်းခြံ ဝင်ကြေးသာ ကောက်ခံ၍ အခမဲ့ဖျော်ဖြေ ခဲ့သည် ဟု ပွဲစီစဉ်သှူStar and Model agncy တည်ထောင်သူ ဂျွန်လွင် က မဇ္ဈိမကို ပြောသည်။
"ဒီနှစ် ကတော့ Grand Royal စပွန်ဆာ နဲ့ မဟုတ်ပါဘူး။ ကျွန်တော် တို့ Iron Cross ရဲ့ စင်တင်ဖျော်ဖြေမှု နဲ့ ဝင်ကြေး နဲ့ပဲ လုပ်တာပါ။ ပထမတော့ ဝင်ကြေးက ၅၀၀ကောက် မလို့ အခု ကတော့ ပန်းခြံ က ဝင်ကြေးက ၃၀၀ပဲ ကောက်ခွင့်ရှိတယ် ဆိုလို့ ကျွန်တော်တို့ ဝင်ကြေး အနေနဲ့ က တော်တော် ထိခိုက်သွားပါတယ်" ဟု ပြောသည်။
 ကန်တော်ကြီး ဝင်ကြေး ကို ပုံမှန် လူကြီး ၃၀၀၊ ကလေး ၂၀၀ ကောက်ခံလေ့ ရှိသော်လည်း ၂၀၁၄ခုနှစ် သင်္ကြန် ကာလ ကမူ လူကြီး ၅၀၀၊ ကလေး ၂၀၀နှင့် ကား ဝင်ကြေး ၁၀၀၀ ကောက်ခံခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်မူ ဝင်ကြေး ပုံမှန်သာ ကောက်ခံသည်ကို တွေ့ရသည်။
သင်္ကြန် မှာ တွေ့ခဲ့ ရတဲ့ သနားစရာ မြင်ကွင်းလေး တစ်ခုပါ
ဝမ်းစာရှာသူ ကလေး သူငယ်တွေ၊ ဆင်းရဲသား ကလေးငယ်တွေ ရဲ့ ရန်ကုန် သင်္ကြန် အကြိုနေ့ မြင်ကွင်းများ
ဓါတ်ပုံ - ကိုစိန်သန်း Facebook
ဒီနေ့ ပျင်းပျင်း ရှိတာနဲ့ ဝရံတာ မှာ ထွက်ပြီး လမ်းမ ဘက်ကို အဓိပ္ပါယ်မဲ့ ငေးမောနေမိတယ်။ နွေလယ် လမို့ လမ်းမ မှာ မြူတွေရစ်သိုင်းနေပြီး ထီလှည်း က လွင့်ပျံ လာတဲ့ လွမ်းမောဆွတ်ပျံ့ဖွယ် သင်္ကြန်သီချင်းလေးတွေ ကျွန်မ နားထဲကို ခုန်ပေါက် ဝင်ရောက်လာခဲ့တယ် ။ သင်္ကြန်အငွေ့အသက် ကို ခံစားမိတာနဲ့ တပြိုင်နက် ကျွန်မ စိတ်ထဲ မနှစ်က သင်္ကြန်မှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက် တစ်ခုကို သွားသတိရ မိတယ်။
Wednesday, April 15, 2015
ဦးနှောက် ကို ပျက်စီး စေသည့် အကြောင်းရင်းများ
A user's photo. 
၁. မနက်စာ မစား သုံးခြင်း
၂။ အပူ လွန်ကဲခြင်း
၃။ ဆေးလိပ် သောက်သုံးခြင်း
၎။ သကြား အလွန်အကျွံ  စားသုံးခြင်း
၅။ ညစ်ညမ်းသော လေထု ကို ရှုရှိုက် ရခြင်း
၆။ အိပ်ချိန် မမှန်ခြင်း
ကျောက်ကပ် ကို ထိခိုက်စေ တဲ့ ဆိုးကျိုး
Image and video hosting by TinyPic
(၁) အပေါ့ သွားချင်လျက်နှင့် ဆီးအောင့် ထားခြင်း ။
(၂) ရေ ကို လုံလောက်စွာ မသောက်သုံးခြင်း ၊ ရေသောက်နည်းခြင်း ။
(၃) အငံ စားများခြင်း ။
(၄) ခန္ဓာကိုယ် အတွင်း မှာ ဖြစ်တတ် တဲ့ ကူးစက် ရောဂါတွေ ကို မကုသ ပဲ ပေါ့လျော့စွာ နေထိုင်ပြုမှုခြင်း ။
(၅) အစားအသောက် ကို သင့်တင့် မျှတစွာ မစားသောက် ပဲ အသားဟင်း ကိုသာ အလွန်အကျွံ စား သောက်ခြင်း ။
Tuesday, April 14, 2015
ရေနန်းသဘင် ၊ ရွှေမန်းတွင်.. ၊ ငွေငန်းဆင်…
Sue Hnget's photo. 
တကယ်တော့ မန္တလေး သင်္ကြန် ဆိုတာ အကသင်္ကြန်၊ အလှသင်္ကြန်၊ ဂီတသင်္ကြန်၊ အနုသင်္ကြန်၊ အယဉ် သင်္ကြန် ဖြစ် ပါတယ်။ နေ့လယ်နေ့ခင်း ရေပက်ကြတယ်ဆိုတာ အဓိက မဟုတ်ပါဘူး။ မနက် ကိုးနာရီ မထိုး မချင်းလည်း ဘယ်လူ မှ ရေမပက်ကြဘူး။ 
မနက်စောစော ပိုင်းမှာ က သင်္ကြန်တွင်း မို့ ဥပုသ်သီတင်းစောင့် ဖို့ ဘုရားကျောင်းကန် သွားကြတယ် မဟုတ် လား။“ဥပုသ်သည် ကို ရေမပက် နဲ့ ငရဲကြီး တတ်တယ်” ဆိုတာ သင်္ကြန် ရဲ့ သံချပ်အဖြစ် သာမက စောင့် ထိန်း ဖွယ်တစ်ရပ် ကို သတိပေးနေတဲ့ အသံ လည်းဖြစ်တယ်။
ဧပြီလရဲ့ ပူပြင်းတဲ့နေ့လယ် ခင်း မှာတော့ ရေပက် နားကြပြီး သင်္ကြန် ကားတွေဟာ မန်္တလေးတောင်၊ ရန်ကင်းတောင် ၊တောင်သမန်အင်း နဲ့ အိမ်ရှေ့မင်း ထန်းတောတွေ မှာ နားခိုကြပါတယ်။
ထန်းပင် ထန်း လက် ထန်းရွက်တွေ အသွယ်သွယ် နဲ့ အိမ်ရှေ့မင်းထန်းတော ရဲ့ ထန်းပင်ခြေရင်း က ရနံ့ သင်းသင်း ထန်းလက်သစ် တွေ မိုးထားတဲ့ တဲကလေးတွေ က ၀ါးကြမ်းခင်းတွေပေါ်မှာ ထန်းရည် တစ်မြူနှစ်မြူ၊ အမဲကြော်သုပ်၊ ပဲကြော်သုပ် က ပူစီနံရွက်တွေ ၀ါးရင်း တရေး တမော အိပ်ကြတာပေါ့။ 
ညနေစောင်း ပါမှ တစ်ကြိမ်ရေပက် ခံကြတယ်။ နေလေးစောင်း တာနဲ့ အားလုံးရေပက် ရပ်ကြပြီး၊ ညပိုင်းမှ ကကြ၊ ခုန်ကြ၊ သီကြ ဆိုကြ၊ တီးကြ မှုတ်ကြဖို့ ပြင်ဆင်ကြရပါပြီ။ ညမှာ ရေပက်သူဟာ မန္တလေး မှာ တကယ့် အရိုင်း အရိုင်း၊ မယဉ်ကျေး မဖွယ်ရာ သူ၊ သင်္ကြန်ဖျက် မသမာသူ အဖြစ် ရှုတ်ချခဲ့ကြတာ တစ်ချိန်က မန္တလေး သင်္ကြန် ရဲ့ အမှတ်အသားပါပဲ။
အောင်မြင်မှု ပန်းတိုင် ကို သေချာပေါက် ရောက်စေမယ့် စကားလုံး (၁၀) လုံး
အောင်မြင်မှု ဆိုတာ ဟာ အလွယ် တကူ ရနိုင်တဲ့ အရာ မဟုတ်ပါဘူး။ လျှောက်လှမ်းရမယ့် လမ်း ကို မြင်နေပေ မယ့်လည်း ပန်းတိုင် ကို ရှာဖွေနိုင် ဖို့တော့ ခက်နေပါသေးတယ်။ ဒါကြောင့် သင့်ရဲ့ ဘ၀ မှာ အောင်မြင် မှု ပန်းတိုင် ကို သေချာပေါက်ရောက်စေမယ့် စကားလုံး ၁၀ လုံး ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ပျော်ရွှင်မှု (Happiness)
ပျော်ရွှင်မှု ဆိုတာဟာ ခံစားမှု တစ်ခု မဟုတ်ပါဘူး။ ဘ၀ ရဲ့ လမ်းစဉ် တစ်ခုပါ။ သင် လုပ်နေတဲ့ အလုပ် မှာ သင် မပျော်ပဲ အောင်မြင်မှု ရဲ့အရသာ ကို သင် ခံစားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်တွေ ကို ချစ်မြတ်နိုးခြင်း ဟာ ပြိုင်ပွဲတွေ မှာ တစ်ဝက်လောက်တော့ အနိုင်ရသွားစေပါတယ်။
၂။ ယုံကြည်မှု (Belief)
သင့် အနေနဲ့ ယုံကြည်တတ်ဖို့ လိုပါတယ်။ ကံကြမ္မာ ကိုပြောင်းလဲဖို့ အတွက် ယုံကြည်မှု သာလျှင်ပင် တစ်ခု တည်းသော ခွန်အားဖြစ်ပါတယ်။ သင် ယုံကြည်ရင် ယုံကြည် ထားတဲ့ အတိုင်းဖြစ်လာမှာပါ။
၃။ ရည်မှန်းချက် (Ambition)
ရည်မှန်းချက် မရှိတဲ့ ဘ၀ ဟာ ဘာမှ ဖြစ်လာမှ မဟုတ်ပါဘူး။ သင့်ရဲ့ ဖြစ်ချင်နေတဲ့ အနေအထားတွေကို ကြိုတင် ရည်မှန်းထား ပါမှ သင်ဖြစ်ချင်တာတွေဖြစ်လာနိုင်မှာပါ။
Wednesday, April 8, 2015
ဘဝ ဆီမီးတိုင်
Aung Naing's photo.
လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက် က ကျွန်တော့မှာ ရှိတဲ့ ငွေ အရင်းနှီးလေး နဲ့ လူတိုင်းက မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ လုပ်ငန်း တစ်ခုကို ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။
နောက်လ အနည်းငယ် အတွင်းမှာ ဆိုရင် နောက်တဆင့်ကို တက်လှမ်းပြီး အဲဒီ နယ်ပယ် ရဲ့ အကြီးဆုံး လုပ်ငန်းတွေထဲက တစ်ခုဖြစ်လာပါတော့မယ်။
အခုလဲ ကျွန်တော့ အတိုင်းအတာ နဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အများက ထင်ထားတဲ့ အရာ တစ်ခုကို ထပ် လုပ်ဖို့ ခြေလှမ်းစခဲ့ ပါပြီ။
ဒါပေမဲ့ ကျွန်တော့ အကြိုက်ဆုံး သီချင်းဖြစ်တဲ့ အဆိုတော် Rocker ကြီး ဦးညီထွဋ် ရဲ့ "ကောင်းကင်မေမေ" ဆိုတဲ့ သီချင်းလေး ထဲက အတိုင်း အခက်အခဲပေါင်းစုံကျော်ဖြတ်ပြီး ကြိုးစားမယ် ဆို နောက် ဆုံးတော့ လောကဓံ ကို အနိုင်ယူနိုင် စမြဲဆိုတာယုံကြည်နေဆဲပါ။
2007 ခုနှစ် က မန္တလေး မစိုးရိမ်ကျောင်း မှာ သီတဂူ ဆရာတော်ကြီးဟောကြားတော် မူခဲ့တဲ့ "ဘဝ ဆီမီးတိုင်" တရားကို နာပြီး ထဲက ဆရာတော်ကြီးညွှ န်ကြားခဲ့တဲ့ ......
1. ဝီရိယ (Energetic mind)
2. သမာဓိ ( Guardian of the mind)
3. သီလ ( Discipline)
4. ပညာ ( Wisdom)
ဆိုတဲ့ တရားလေးပါးပြည့်စုံ ရင် ဘဝရဲ့ ဘယ် လှိုင်းတံပိုး ဘယ်မုန်တိုင်း က မှ မဖိစီး မနှိပ် စက်နိုင်ဘူး လို့ဟောခဲ့ တာကို ယုံယုံကြည်ကြည် နဲ့ ကြိုးစား ခဲ့လို့ နေရာတစ်ခု ရခဲ့တာကို ကျွန်တော်တို့မြန်မာ လူငယ်တွေ ကို လက်ဆင့်ကမ်းပေးချင်လို့ပါ။
မလေး၇ှား တွင် ယာဉ်တိုက် ခံရ ပြီးသေဆုံး ခဲ့သည့် မယောနှင်း အတွက် နစ်နာကြေး ၂၀၈သိန်း မိသားစု ကိုပေးအပ်
ရန်ကုန်၊ ဧပြီ ၆။     ။ မလေးရှားနိုင်ငံ တွင် သွားရောက် အလုပ်လုပ် ကိုင်သည့်မြန်မာနိုင်ငံသား တစ်ဦး ယာဉ် တိုက်မှုဖြစ်ကာ အသက် ဆုံးရှုံးသွား၍ နစ်နာကြေး အဖြစ် ကျပ် ၂၀၈ သိန်း ကို ဧပြီ ၆ရက်က မြန်မာနိုင် ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့မှ တစ်ဆင့် မိသားစုထံ လွှဲအပ်ခဲ့သည်။
အသက် ၂၉နှစ် အရွယ် မယောနှင်း သည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၀ရက် က မလေးရှားနိုင်ငံ တွင် နား ကြပ် တပ်၍ လမ်းဖြတ် ကူးရာမှ ယာဉ်တိုက်မှုဖြစ်ကာ အ သက် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
သေဆုံးမှု အတွက် ၎င်းကို မလေးရှားနိုင်ငံ သို့  အလုပ်သွား  လုပ်ရန်  ချိတ်ဆက်ပေး  ခဲ့သည့်  ကြည်အား မာန်  ကုမ္ပဏီ က  ဂရုဏာကြေး၂၂ သိန်း ၊ မလေးနိုင်ငံ မှ မယောနှင်း အလုပ် လုပ်သည့် Insurance လျှပ်စစ် စက်ရုံမှ အသက် အာမခံကြေး၊ 
ဂရုဏာကြေး နှင့် အသက် ရှိစဉ်က အလုပ် လုပ်ကိုင်သွားသည့် လစာ စု စုပေါင်း မလေးရင်းဂစ် ၃၅,၆၂၀ (ကျပ် ၁၀၄သိန်း)၊ မလေးရှားနိုင်ငံ အစိုးရ မြန်မာ အလုပ်သမားများ အတွက် အသက် အာမခံကြေး ၆၇သိန်းကျော် နှင့် စက်ရုံ ရှိ အလုပ် သမားများက စုပေါင်း၍ ဂရုဏာကြေး ၁၅သိန်း စုစုပေါင်း ၂၀၈သိန်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။
Tuesday, April 7, 2015
ပြည်ထောင်ပြိုကွဲ၊ ထိုသူပဲ၊ သူရဲကောင်းသာ ဟုတ်ပါရိုးလား
 Aye NeWin   အေးနေဝင်း's photo.
-စစ်ဗိုလ်တွေ အတွက် ခွေး ကိုက် တာထက် နာတဲ့စကား
-ဘောပင် မင်ချောင်းက အစ အမေရိကန် အထောက်အပံ့ ယူပြီး တော်လှန်ရေးလုပ်ကာ တိုင်းပြည် ကို ဖြိုခွဲ ခဲ့တဲ့ သူ ဘယ်သူလဲ...........ရန်ကုန်တိုင်းမ်း ဂျာနယ် ပါ ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။
..................................
ပြည်ထောင်ပြိုကွဲ၊ ထိုသူပဲ၊ သူရဲကောင်းသာ ဟုတ်ပါရိုးလား
........................
ကလေးများ ငယ်စဉ် က စင်ဒရဲလား ပုံပြင် ကို ကြားဖူးကြမည်ဖြစ်ရာ မင်းသမီးလေး ရထားလုံးပေါ်ပြေး လွှား တက်ရင်း ဖန် ဖိနပ် တစ်ဖက် ကျန်ခဲ့သည် ဟု သိမှတ် ထားကြသည်။ ကျောင်း တုန်းက သင်သည့် အခါတွင် လည်း ထို အတိုင်း နားလည် ထားကြသည်။ 
တစ်ကမ္ဘာလုံး ကလေးသူငယ်များ လည်း ထို အတိုင်းပင် မှတ်သား မိနေကြသည်။ နောက်ပိုင်း နည်းနည်း လူကြီးဖြစ် ၍ ဘာသာရပ် အလိုက် အခေါ်အဝေါ် များကို တီးခေါက် မိတော့မှ ဖန် ဖိနပ် မဟုတ်ဘဲ သိုးမွေး ဖိနပ်ဖြစ်နေမှန်း သိလိုက်ရ၏။ 
ထို ပုံပြင် ၏ မူရင်း စာရေး ဆရာဖြစ်သော Charles Perrault က ပြင်သစ် ဘာသာဖြင့် ရေးသား ရာတွင် pantoufle de vair, သားမွေး ဖိနပ်လေး ဟုရေးခဲ့သည် ကို pantoufle de verre, ဖန်သား ဖိနပ်လေး ဟူ၍ အင်္ဂလိပ် ဘာသာပြန်သူ က မျက်စိသျှမ်း ဖတ်ကာ ရေးလိုက်မိ သဖြင့် တစ်ကမ္ဘာလုံး လည်း ဖန် ဖိနပ်ဟု အထင်ရောက်ခဲ့ရလေသည်။ 
vair ဆိုသော စကားလုံးနှင့် veere ဆိုသော စကားလုံး ကလည်း မှားချင် စရာပဲကိုး။ အချို့ ကလည်း မူရင်း စာရေး ဆရာ ရေးသားသော ပြင်သစ် အရေးအသားတွင် ပင် မူကွဲနှစ်ခု ရှိသဖြင့် ဘာသာပြန်သူ ၏ အမှား မဟုတ်ဟု ကာကွယ်ပြောဆိုကြသေးသည်။ ရှိစေတော့၊
ထို ဇာတ်လမ်း ကို ရေးသားသည့်ခေတ် ပြင်သစ်ပြည် တွင် လူကုံတန် အသိုးအဝိုင်း မှ မိန်းမပျို များသည် သားမွေး ဖိနပ်များ ကို စီးသည့် အလေ့အထ ရှိသည်။ ကျွန်တော် ဆိုလိုသည် မှာ ဘာသာပြန်သည့် စာရေး ဆရာသည် အကယ်၍ ပြင်သစ် တို့၏ ဝတ်စား ဆင်ယင်ပုံ၊ ဓလေ့ ထုံးတမ်း၊ သမိုင်းကြောင်း ကို အနည်းငယ် တီးမိခေါက်မိ ပါက ထိုကဲ့သို့သော မှားယွင်းရေးမိသည့် အဖြစ်မျိုး ကြုံမှ ကြုံခဲ့ပါ့မလား ဆိုတာကို အတွေးနယ် ချဲ့ဖို့ကောင်းနေပေတော့သည်။ 
သေခါနီး ဖြစ်တဲ့ စိတ်
"` သေခါနီးဖြစ်တဲ့ စိတ် ´
~~~~~~>><<~~~~~~
သေခါနီးဖြစ်တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။ 
လားရာသုဂတိကို ချက်ချင်းအကျိုးပေးနိုင်ပါတယ် ။ ဒီအကြောင်းတရားကိုမြတ်စွာဘုရားရှင်က ယခုလိုဟောကြားခဲ့ပါတယ် ။
 နွားကျောင်းသားဟာ နေ၀င်လို့ နွားတွေကို ခြံထဲသွင်းတဲ့အခါမှာ 
နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။
ဒါပေမယ့် မသန်မစွမ်းတော့တဲ့ နွားအိုကြီးတွေကတော့ ဘယ်လောက်ပဲ ရိုက်နှက်ခြောက်လှန့်သည်ဖြစ်စေ ဖြည်းဖြည်းချင်းပဲ နောက်ဆုံးကနေ ၀င်ကြတယ်။နောက်ဆုံး နွားခြံကို ပိတ်လိုက်တဲ့ အချိန်မှာတော့ နွားအိုကြီးတွေကခြံပေါက်ဝမှာပဲ အိပ်ကြရတယ် ။ ဒါပေမယ့်  နောက်တစ်နေ့ နွားတွေကို ခြံထဲက ပြန်ထုတ်တဲ့အခါမှာတော့ ခြံဝမှာ အိပ်နေတဲ့ နွားအိုကြီးတွေကပဲအရင်ထွက်ခွင့်ရပါတယ် ။ နွားပျိုနွားငယ် တွေကတော့ နောက်ဆုံးမှပဲထွက်ကြရပါတယ် ။ အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာမဲ့နေတဲ့ အချိန်မှာ ဖြစ်တဲ့စိတ်ဟာအရင်ဆုံးအကျိုးပေးပါတယ် လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ် ။
ဝိပဿနာအသိ မရှိတဲ့ လူ့ပတ်ဝန်းကျင်မှာ သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။ ကြည့်လေရာ မြင်လေရာက ကိုယ်တစ်ဘ၀လုံး စွဲခဲ့တဲ့အရာတွေချည်းပါပဲ ။ အိမ်တွေ အသုံးအဆောင်တွေ အ၀တ်အစားတွေ သား သမီး လင်မယားတွေ အိမ်မွေးတိရစ္ဆာန်တွေ ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေအကုန်လုံးက ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေချည်းပဲ ။ ဒါကြောင့် တစ်ချို့ နားလည်သဘောပေါက်တဲ့ လူတွေဟာ သူတော်ကောင်းနေရာ မေတ္တာဓါတ်လွှမ်းခြုံတဲ့နေရာ ဆိတ်ငြိမ်တဲ့ နေရာတွေမှာ ကြိုတင်စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။ သေမယ့်အချိန်ကိုကြိုမသိနိုင်ပေမယ့် အဲ့လိုနေရာမျိုးမှာပဲ ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းသွားကြပါတယ် ။ ကြောက်လည်း ကြောက်စရာပါပဲ။အပါယ်ကျသွားလို့ ဘွာတေး လုပ်လို့ မရပါဘူး ။
အကုသိုလ် အစွဲအလန်းတွေ အားကြီးလွန်းလို့ သေခါနီး ၀ိဥာဉ်မချုပ်နိုင်ပဲဆန့်တငင်ငင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ် ။ တစ်ချို့ကလည်းအကုသိုလ်စေတနာ ကုသိုလ်စေတနာ သိပ်ကြီးကြီးမားမား မရှိ.. ၀ိပဿနာဥာဏ်ကလည်းမရှိတော့ သူ့ ကံက သူ့ကို ဘယ်ပို့ရမှန်း မသိပဲ ဟိုစိတ်ရောက်လိုက် ဒီစိတ်ရောက်လိုက်နဲ့ ကြာနေတာတွေ ရှိပါတယ်။ ဒါကိုပဲ ဘေးကလူက ဟိုလူ့စောင့်သလိုလို ဒီလူ့ စောင့်သလိုလို သားကိုပဲ မျှော်သလိုလို သမီးကိုပဲမျှော်သလိုလိုထင်တော့တာပါပဲ ။ သားလေး ရောက်လာပြီ သမီးလေး ရောက်လာပြီထကြည့်ပါဦး လို့ ဘေးကများ ကုန်းအော်လိုက်လို့ကတော့ သေတဲ့သူ တစ်ခါတည်း သွားရော့ ငရဲအိုးပဲ .. အပါယ်လေးဘုံကို တန်းနေအောင် ပြေးပါတော့တယ် ။သေတဲ့သူကို ဆွဲခါ လှုပ်ယမ်း ဖက် ပြီး အော်ငိုတာကတော့ အဆိုးဆုံးပါပဲ ။ကျလုကျခင် ဖြစ်နေတဲ့သူကို ချစ်သလိုလိုနဲ့ ဆောင့်ကန်ချလိုက်တာပါပဲ ။
ဒါကြောင့် ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့… ငါ့ဘေးနားလည်းမနေကြနဲ့ ငါ့တရားနဲ့ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း သေမယ်လို့အဲ့လို ကြိုတင်ပြီး မိသားစုကို မှာထားရမယ်... 
အဖေရယ် အမေရယ် နိမိတ်မရှိသေစကားမပြောပါနဲ့  အဲ့လို ပြောလာရင် ဟဲ့ နိမိတ်မရှိ မလုပ်နဲ့ ..ငါက သေရင် ဒီနိမိတ်နဲ့ပဲ သွားရမှာ ... အဲ့လို ပြတ်ပြတ်သားသား မှာထားရမယ်လို့မိုးကုတ်ဆရာတော်ဘုရားကြီးက အထပ်ထပ်အခါခါ သတိပေးသွားခဲ့တာပါ ။
တစ်ချို့က ကုသိုလ်ကောင်းမှုတွေတော့ လုပ်ခဲ့ပါရဲ့ ဒါပေမယ့် သေခါနီးကျတော့လှူတုန်းကဖြစ်ခဲ့တဲ့ စေတနာကို ပြန်မစွဲပဲ ကျောင်းစွဲ ဘုရားစွဲ ဇရပ်စွဲအဲ့လို စွဲတော့ ကျောင်းစောင့် ဘုရားစောင့် စေတီစောင့်တွေပဲ ဖြစ်ကြရတယ် ။ရိပ်သာမှာ အားထုတ်ခဲ့ပေမယ့် ၀ိပဿနာစိတ် မဖြစ်ပဲ ရိပ်သာစွဲသေတော့ရိပ်သာစောင့် ဖြစ်ရပြန်တယ် ။ စေတနာကို ပြန်စွဲမိရင်တောင်မှ အစွဲဖြစ်တဲ့အတွက် ကံရှိသလောက် အကျိုးပေးပြီး ကံကုန်တာနဲ့ ပြန်ဆင်းရမှာပါပဲ။ ဒါကြောင့် အပါယ်လွတ်ရာလမ်း တစ်လမ်းပဲ ရှိပါတယ်။ အဲ့ဒါကတော့ အသက်ရှင် နေထိုင်တုန်းမှာ ၀ိပဿနာကို မြင့်မြတ်စွာကျင့်ကြံအားထုတ်ပြီး အသေတတ်အောင် ကြိုးစားဖို့ပါပဲ ။
သစ္စာတရားကို နှလုံးသားမှာ ယုံမှားသံသယမရှိအောင် ကျင့်ကြံသွားနိုင်တဲ့ အရိယာပုဂ္ဂိုလ်ကတော့ ပတ်ဝန်းကျင်ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ်တော့ပါဘူး ။အရိယာတို့ရဲ့ လားရာသုဂတိဟာ မြဲသွားပြီ ဖြစ်တဲ့အတွက် သူသွားရမယ့် လမ်းကိုဖြောင့်ဖြောင့်တန်းတန်းပဲ သွားပါတယ် ။ ဒါပေမယ့် အဲ့လိုမှ မကျင့်ကြံနိုင်တဲ့ သာမာန် ပုဂ္ဂိုလ်များအတွက်ကတော့ သေခါနီးအချိန်နဲ့ပတ်ဝန်းကျင်ဟာ ကိုယ့်အတွက် နောက်ဆုံးအခွင့်အရေး နောက်ဆုံးကျည်ဆန်ဖြစ်တဲ့အတွက် အလွန်အင်မတန်မှ အရေးကြီးလှပါတယ်လို့ စေတနာအရင်းခံပြီး သတိပေးလိုက်ရပါတယ် ။
Credit to အနန္တမေတ္တာ
Share ခြင်းဖြင့် ကုသိုလ်ယူပါ…"
 သေခါနီးဖြစ်တဲ့ စိတ် ဟာ အရမ်း ကို အရေးကြီးပါတယ် ။  လားရာသုဂတိ ကို ချက်ချင်း အကျိုးပေးနိုင်ပါတယ် ။ ဒီ အကြောင်းတရား ကိုမြတ်စွာဘုရားရှင် က ယခုလိုဟောကြားခဲ့ပါတယ် ။
 နွားကျောင်းသား ဟာ နေ၀င် လို့ နွားတွေ ကို ခြံထဲသွင်းတဲ့ အခါမှာ  နွားပျို  နွားပေါက်စလေးတွေ က ရှေ့ဆုံး ကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။ ဒါပေမယ့် မသန်မစွမ်းတော့ တဲ့ နွားအိုကြီးတွေ ကတော့ ဘယ်လောက်ပဲ ရိုက် နှက်ခြောက်လှန့်သည်ဖြစ်စေ ဖြည်းဖြည်းချင်း ပဲ နောက်ဆုံး ကနေ ၀င်ကြတယ်။နောက်ဆုံး နွားခြံကို ပိတ်လိုက် တဲ့ အချိန်မှာတော့ နွားအိုကြီးတွေ ကခြံပေါက်ဝ မှာပဲ အိပ်ကြရတယ် ။ 
ဒါပေမယ့် နောက်တစ်နေ့ နွားတွေ ကို ခြံထဲ က ပြန်ထုတ်တဲ့ အခါမှာတော့ ခြံဝမှာ အိပ်နေတဲ့ နွား အို ကြီးတွေ ကပဲ အရင်ထွက်ခွင့် ရပါတယ် ။ နွားပျိုနွားငယ် တွေကတော့ နောက်ဆုံး မှပဲထွက်ကြရပါတယ် ။ 
အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာ မဲ့နေတဲ့ အချိန်မှာ ဖြစ်တဲ့စိတ်ဟာ အရင်ဆုံး အကျိုးပေး ပါတယ် လို့ မြတ်စွာ ဘုရား ဟောကြားတော် မူခဲ့ပါတယ် ။
ဝိပဿ         နာအသိ မရှိတဲ့ လူ့ပတ်ဝန်းကျင် မှာ သေရ ရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။ ကြည့်လေရာ မြင်လေရာ က ကိုယ့် တစ်ဘ၀လုံး စွဲခဲ့တဲ့ အရာတွေချည်းပါပဲ ။ အိမ်တွေ အသုံးအဆောင်တွေ အ၀တ်အစားတွေ သား သမီး လင် မယားတွေ အိမ်မွေး တိရစ္ဆာန်တွေ ။ 
Sunday, April 5, 2015
ဝမ်းချုပ်ခြင်း ပြဿ နာ
ဒါတင် မကပါဘူး။ နေ့စဉ် ပုံမှန် စားသောက် ထားတဲ့ အစာကြွင်း အစာကျန်တွေဟာ စွန့်ထုတ်ရမယ့် အချိန် မှာ မစွန့်ထုတ်ဘဲ အူလမ်းကြောင်း ထဲမှာ အကြာကြီး ကျန်နေတာဟာ ရေရှည်မှာ ကြီးကြီးမား မားထိခိုက် လာနိုင် ပါတယ်။ 
ဒါကြောင့် ကျန်းမာရေးပညာ ပေးတွေ နဲ့ ဗဟုသုတ ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက နေပါဝင်နေတာမို့ ဒီတစ်ပတ်တော့ ဝမ်းချုပ်တဲ့ အကြောင်း ကိုလေ့လာ ကြည့်ကြရအောင်။
ဒီဆောင်းပါးလေး မှာဆွေးနွေးသွားမှာ က တော့ 'ကိုယ့်ကိုယ် ကိုယ် ဝမ်းချုပ် တတ်တယ်လို့ ဘယ်လို သတ် မှတ် လို့ရနိုင်သလဲ။ ဝမ်းချုပ် ရတဲ့ အကြောင်းရင်း တွေက ဘာတွေလဲ။ ဝမ်းချုပ် တာကိုဘယ်လိုဖြေရှင်းသင့် သလဲ'ဆိုတဲ့ မေးခွန်းတွေပါ။
Saturday, April 4, 2015
တရုတ် အစ မြန်မာ က ဟု လေ့လာတွေ့ရှိ
တရုတ်နိုင်ငံတွင်း မှီတင်းနေထိုင် ခဲ့ကြသော ရှေးဦး လူသားများ သည် မြန်မာနိုင်ငံ ဘက်မှ မြစ်ကြောင်းများ မှ တဆင့် ဝင်ရောက် ခဲ့ခြင်း ဖြစ်နိုင်သည် ဟု အပြည်ပြည်ဆိုင်ရာ သုတေသန စာစောင်ဖြစ်သည့် Scientific Reports တွင် မကြာသေးမီ က ရေးသား ထုတ်ပြန်ထားသော စာတမ်း တစောင် က ဆိုလိုက်သည်။
ယူနန်ပြည်နယ် ကူမင်းမြို့ အခြေစိုက် တရုတ် သိပံ္ပ အကယ်ဒမီ ကူမင်းသတ္တဗေဒ အင်စတီကျု (Chinese Academy of Sciences Kunming Institute of Zoology) မှ သုတေသီ များက တရုတ်ပြည် အနောက်တောင်ပိုင်း ရှိ လူများ ၏ မူရင်း ဗီဇ သည် မြန်မာနိုင်ငံ အတွင်းရှိ ရှေးဦး လူသားများနှင့် ဆင်တူပြီး လက်ရှိ ဗမာ၊ ကရင်နှင့် ရခိုင် လူမျိုး များနှင့် ဆက်နွယ်နေကြောင်း လေ့လာ တွေ့ရှိရသည်ဟု ရေးသားထားသည်။
ယင်းတွေ့ရှိချက် သည် တရုတ်ပြည် သို့ ရှေးဦး လူသားများ လာရောက် အခြေချရာ လမ်းကြောင်း တွင် မြန်မာပြည် သည် အရေးပါသောနေရာ ဟု ညွှန်းဆိုနေသည်။
အာဖရိက မှ စွန့်ခွာ လာပြီး အရှေ့တောင် အာရှဒေသတွင်း သို့ လွန်ခဲ့သော နှစ် ၆ သောင်း ခန့်က စတင် အခြေ ချလာသော ရှေးဦး လူသားများ ထဲမှ အချို့သည် မြန်မာနိုင်ငံတွင်း သို့ လွန်ခဲ့သော နှစ်ပေါင်း ၅ သောင်း ခန့်တွင် ဝင်ရောက် အခြေချနေထိုင်ပြီး ဆက်လက်နေထိုင်ခဲ့ကြကြောင်း စာတမ်းက ဆိုသည်။
Friday, April 3, 2015
Double Cap ကားများ ကျပ် သိန်းတစ်ရာ ခန့် ဈေးကျဖွယ် ရှိ
Double Cap ကားတစ်စီး ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
တံခါးနှစ်ပေါက်ပါ Double Cap ကားများ ဆိပ်ကမ်း အရောက် တန်ဖိုး စီအိုင်အက်ဖ်ပြောင်းလဲ သတ်မှတ် လိုက်ခြင်းကြောင့် အဆိုပါကားများ၏ ဈေးနှုန်းမှာ ကျပ်သိန်းတစ်ရာခန့် ဈေးကျမည်ဖြစ်ကြောင်း ကားတင် သွင်းသူ လုပ်ငန်းရှင်များ ကပြောသည်။
တံခါးနှစ်ပေါက်ပါ Double Cap ကားများ၏ ကုန်သွယ်ခွန်ကို ၂၅ ရာခိုင်နှုန်းပေးဆောင်နေရာ မှ ယခု စီအိုင်အက်ဖ် တန်ဖိုး သစ်တွင် ၅ ရာခိုင်နှုန်းသာ ရှိတော့သဖြင့် ယခင် ကျပ်သိန်း သုံးရာ ၀န်းကျင်ရှိ ကားများ ၏ ဈေးနှုန်းမှာ သိန်း ၂၀၀ ၀န်းကျင်ဖြင့် ၀ယ်ယူ စီးနင်းနိုင်တော့မည် ဖြစ်သည်။
ယခင်က ၂၀၁၃ Ford SVT Raptor ကားတစ်စီးလျှင် ကျပ် ၂၂၅ သိန်း ကျသင့်ရာမှ ယခုသိန်း ၁၄၀ ကျော်ဖြင့် ၀ယ်ယူ စီးနင်းနိုင် တော့မည်ဖြစ်ကြောင်း District Trading ကုမ္ပဏီ မန်နေဂျင်းဒါ ရိုက်တာ ကိုတင်ထွဋ် က ရှင်းပြ သည်။
ထို့အပြင် Toyota Tundra Cadillac Escalade EXT ကားများမှာလည်း ကျပ်သိန်း တစ်ရာကျော် အတွင်း ကျဆင်း သွားနိုင်ကြောင်း ၎င်းက ဆိုသည်။
ဒူးနာ၊ ခါးနာ ပျောက်ကင်းစေမည့် သဘာဝဆေးနည်း
"မင်္ဂလာပါ မှ ဦးအောင်ကျော်မြင့်
ကိုယ်တိုင်စား ကိုယ်တိုင်ပျောက်လို့
ဆေးဖော်သူကျေးဇူးရှင်အား  
ကျေးဇူးတင် မြန်မာဆေး မျှဝေပေးပါသည်။   
ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း
-----------------------------------------------------------
မိတ်ဆွေတစ်ဦးမှ ပေးပို့လာတဲ့ ဆေးနည်းလေးကို အများသိအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 
ကျနော် အားကစားလုပ်ရင်း ခါးနာတဲ့ ဒဏ်ရာကို ရခဲ့ပါတယ်။ လိမ်းဆေးမျိုးစုံလိမ်းကြည့်ခဲ့တယ်။ အနှိပ်သည်များနဲ့လည်း ကုသခဲ့ပါတယ်။ မပျေက်သေးလို့ အဘကြီးတစ်ယောက်က သူသိထားတဲ့ ဆေးနည်းကို စမ်းကြည့်ဖို့ ပြောလာတာနဲ့ စမ်းကြည့်လိုက်တာ တကယ်လက်တွေ့ ပျောက်ကင်းခဲ့ပါတယ်။ 
သူငယ်ချင်းတစ်ယောက်ကလည်း ဒူးနာလို့ ဒီဆေးနည်းကို စမ်းကြည့်လိုက်တာ တကယ်ပျောက်သွားပါတယ်လို့ ကျေးဇူးတင်ကြောင်း ပြောပြပါတယ်။
ဆေးနည်းကတော့-
၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။
၂။ ကြက်ဥကို ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်)
၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့ စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။ 
၎။ ၄င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။ 
၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။
တစ်ပတ်ကို တစ်ကြိမ်နဲ့ (၃)ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။ 
အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို လက်တွေ့ပျေက်ကင်းနိုင်သည့် သဘာဝကုထုံးဆေးနည်းလေးမို့  ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ 
မင်္ဂလာပါ"
မိတ်ဆွေတစ်ဦး မှ ပေးပို့ လာတဲ့ ဆေးနည်းလေး ကို အများ သိအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ကျနော် အားကစား လုပ်ရင်း ခါးနာ တဲ့ ဒဏ်ရာ ကို ရခဲ့ပါတယ်။ လိမ်းဆေး မျိုးစုံလိမ်းကြည့် ခဲ့တယ်။ အနှိပ် သည်များနဲ့လည်း ကုသခဲ့ပါတယ်။ 
မပျောက်သေး လို့ အဘကြီး တစ်ယောက်က သူသိ ထားတဲ့ ဆေးနည်း ကို စမ်းကြည့်ဖို့ ပြောလာတာနဲ့ စမ်းကြည့် လိုက်တာ တကယ်လက်တွေ့ ပျောက်ကင်းခဲ့ပါတယ်။
သူငယ်ချင်း တစ်ယောက် ကလည်း ဒူးနာ လို့ ဒီဆေးနည်း ကို စမ်းကြည့်လိုက်တာ တကယ်ပျောက် သွားပါ တယ်လို့ ကျေးဇူးတင်ကြောင်း ပြောပြပါတယ်။
 ဆေးနည်း ကတော့-
၁။ သင်္ဘောသီး အစိမ်း တစ်လုံး ကို ထိပ်ပိုင်းနေရာမှ ကြက်ဥ တစ်လုံး စာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကို လည်း မထုတ်ပဲ ထားပါ။
ကင်ဆာရောဂါမှ အသက် ချမ်းသာရာ ရရှိခဲ့သူ အမျိုးသမီး မှ ထပ်ဆင့်ဝေမျှ တဲ့ ကင်ဆာဆေးနည်း
 Lwin Pyin's photo.
Bosnia and Herzegovina နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ အခြားဝေဒနာရှင်တွေ အကျိုးဖြစ်စေ ဖို့ စိတ်အား ထက်သန် တဲ့ သူမ က သူမ အား အသက် ချမ်းသာရစေ ခဲ့တဲ့ ဆေးနည်းကို ထပ် ဆင့် ဝေမျှခဲ့တယ်။ 
ဒီဝေဒနာ ရင်ဆိုင် ခံစားနေရတဲ့ အခြား လူနာတွေ အကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ယင်းဆေး နည်း ဖော်စပ် ဖို့ ရိုးရှင်း လွယ်ကူပြီး ချင်း နဲ့ ပျားရည် ကိုသာ လိုအပ်ပါတယ်။ ဒီဘော့စ်နီးယမ်း အမျိုး သမီးကတော့ သူမ ရဲ့ကင်ဆာရောဂါ ကို ချေမှုန်းပေးနိုင်တဲ့ တစ်ခု တည်းသော ဆေးနည်းဖြစ်ကြောင်း အခိုင် အမာ ဆိုထားပါတယ်။
တပ်မတော် (ရေ) မှ မလေးရှားနိုင်ငံ တွင် ထိန်းသိမ်း ခံထားရသော မြန်မာ အလုပ်သမား တစ်ရာကျော် ကို ပြန်လည်ခေါ်ဆောင်လာပြီး အလုပ်သမား ဝန်ကြီးဌာန သို့ လွှဲပြောင်းပေးအပ်ခဲ့
Yangon Media Group's photo.
Yangon Media Group's photo.
ရန်ကုန်၊ မတ် ၂၉
မလေးရှားနိုင်ငံ တွင် အကြောင်း အမျိုးမျိုးဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံနေရသော မြန်မာ အလုပ်သမား ၁ဝ၂ ယောက် ကို တပ်မတော် (ရေ)၊ စစ်ရေယာဉ် မဟာ သီဟ သူရ  ဖြင့် ပြန်လည်ခေါ်ဆောင် လာကာ ယနေ့နံနက် ၁ဝနာရီ က အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း တပ်မတော်ရေ မှ တာဝန်ရှိသူ ထံမှ သိရှိရသည်။
''လူတွေက ညှိုးငယ်ပြီး အဝတ် တစ်ထည် ကိုယ်တစ်ခုနဲ့ ပါ။ အား လုံး ကို လက်ထိတ် ခတ်ထားပြီး ကတုံး တုံး ထားတယ်။ ထွက်မပြေးနိုင် အောင် မလေးရှားရဲ က လုံခြုံရေး အပြည့် အဝ ချထားတယ်။ သူတို့က လုပ်ထုံး လုပ် နည်း အရ လုပ်တာ မှန် ပေမယ့် ကိုယ့်မြန်မာတွေ ကို အဲဒီလို ပုံစံ နဲ့ သူများနိုင်ငံ မှာ မြင်ရတာ နည်း နည်း မှ စိတ်မချမ်းသာပါဘူး။
သင်္ဘောရောက်တဲ့ အချိန်မှာ အား လုံးကို လက်ထိတ်ဖြုတ်ပေးပြီး သူ တို့ကို အခန်းတစ်ခု ထဲမှာ ပေါင်းထား ပါတယ်။ လူများတော့ ကိုယ်ခန္ဓာ အပူ ချိန်တွေကြောင့် နေရထိုင်ရ အဆင် ပြေအောင် ဆိုပြီး အဲကွန်း ကို ၂၄ နာရီလုံး ဖွင့်ပေးထားရတယ်။ 
ပါလာ တဲ့ ဆေး ဗိုလ်ကြီး ကလဲ တစ်ဦးချင်း စီရဲ့ ကျန်းမာရေး ကို ဂရု တစိုက်ကြပ် မတ်ပေးပါတယ်'' ဟု စစ်ရေ ယာဉ်တွင် လိုက်ပါခဲ့သူ တာဝန်ရှိအရာထမ်း တစ်ဦးက ပြောသည်။
 မြန်မာ့ တပ်မတော်(ရေ) မှ Frigate အမျိုးအစား စစ်ရေယာဉ်-မဟာ သီဟသူရ (F-23)) သည် မလေးရှား နိုင် ငံ လန်ကာဝီ ကျွန်း၌ မတ် ၁၇ မှ ၂၁ရက် အထိ ကျင်းပပြုလုပ်သည့် Langkawi International Mari-time and Aerospace Exhibition 2015 (LIMA-2015) ပြပွဲ သို့ တက် ရောက်ခဲ့ပြီး အပြန်တွင် မလေးရှား နိုင်ငံသို့ တရား မဝင် လမ်းကြောင်း များ မှသွားရောက်ခဲ့ပြီး မလေးရှား အစိုးရ ၏စီမံချက်ဖြင့် ဖမ်း ဆီး ခံရကာ၊ ထိန်း သိမ်းရေး စခန်းများတွင် ထိန်းသိမ်း ခံနေရသူ၊ မြန်မာနိုင်ငံသို့ ပြန်ရန်အ တွက် မည် သူဖြစ်ကြောင်း သက်သေ ခံလက် မှတ် (C of I) ထုတ်ယူရရှိ ထားပြီး လေယာဉ်စရိတ် ကျခံနိုင် ခြင်းမရှိ သဖြင့် နေရပ်ပြန်ရန် အခက် အခဲ ကြုံတွေ့နေရသူ ယင်းအလုပ် သမားများကို ပြန်လည်ခေါ်ယူ ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
Thursday, April 2, 2015
ရွန်းစိုတောက်ပ တဲ့ အသားအရေ ကို ပိုင်ဆိုင်နိုင်စေမယ့် အသီးအနှံ (၇) မျိုး
"ရွန်းစိုတောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမယ့် အသီးအနှံ (၇) မျိုး
ရေပန်းစားနေတဲ့ခရင်မ်တွေကိုလည်းသုံး၊ မျက်နှာကိုလည်းထိန်းသိမ်းပါ။ အစားအစာနဲ့ အာဟာရပညာရှင်Danna James က ချော့မွေ့နူးညံ့တဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့ သူကြိုက်နှစ်သက်တဲ့အစားအစာတွေကို ဝေငှထားပါတယ်။
၁။ သင်္ဘောသီး
မျက်နှာဆေးမယ်ဆိုရင်တောင်သင်္ဘောသီးကိုအသုံးပြုနိုင်ပါတယ်။ စားတောင်စားသေးတာပဲလေ၊ မဟုတ်ဘူးလား။ သင်္ဘောသီးဟာ ဗီတာမင်စီဓာတ် အလွန်ကြွယ်ဝပြီး မျက်နှာမှာရှိတဲ့ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ နှစ်ရက်တာခန့်သင်္ဘောသီးကိုစားမယ်ဆိုရင်ပဲအသားအရေဟာ ၀င်းလက်တောက်ပပြီး ကျစ်လစ် လှပနေမှာပါ။ သင်္ဘောသီးမှာ ဗီတာမင်အေ ပေါင်းစပ်ပါဝင်တဲ့အတွက် ခရင်မ်တွေရဲ့ စွမ်းဆောင်ရည်လိုပဲ အသားအရေကိုနူးညံ့စေပါတယ်။ သင်္ဘောသီးမှာပါပိန်း(papain)  လို့ခေါ်တဲ့အစာချေစနစ်ကိုကောင်းမွန်စေတဲ့ဓာတ် ပါဝင်ပြီးအသားအရေရောင်ရမ်းခြင်းကိုတိုက်ဖျက်ပေးခြင်းအားဖြင့်နီစပ်စပ်အသားအရေကိုလျော့ကျစေပါတယ်။
၂။ အုန်းနို့ရည်
အုန်းနို့ဆိုတာတော့ကြားဖူးမှာပါ။ အုန်းသီးကိုအရည်ညှစ်ပြီးရလာတဲ့အုန်းနို့ရည်မှာအကျိုးပြုဘက်တီးရီးယား ပါဝင်ပါတယ်။ အုန်းနို့ရည်အနည်းငယ်အတွင်းမှာ ဒိန်ချဉ်မှာပါဝင်တဲ့ ပမာဏထက်သုံးဆများတဲ့ ၁၅ဘီလီယံ လောက်ရှိတဲ့ ဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲ့ဒီ့အကျိုးပြုဘက်တီးရီးယားတွေကအသားအရေကိုကြည်လင်စေပါတယ်။ အုန်းနို့ရည်ဟာ သဘာဝအချိုဓာတ်ရှိတဲ့အတွက် အသားအရေရဲ့ အဓိကရန်သူဖြစ်တဲ့သကြားအစားအချိုဓာတ်ကိုပေးစွမ်းပြီးအာသာပြေစေပါတယ်။
၃။ နှမ်းမဲ
အရက်သောက်လွန်လို့အသားအရေပျက်စီးနေတာတောင်မှနှမ်းမဲဟာအသားအရေကိုပြန်လည်တင်းရင်းစေပြီး ၀င်းလက်တောက်ပစေပါတယ်။ နှမ်းမဲမှာမရှိမဖြစ်အဆီဓာတ်၊ cellulite အက်စစ်၊ အမိုင်နိုအက်စစ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။ အသားအရေကိုလှပစေမယ့် အာဟာရဓာတ်တွေ အပြည့်ပါဝင်တဲ့ နှမ်းမဲပဲဖြစ်ပါတယ်။ တတ်နိုင်သမျှစားတဲ့အစားအစာတိုင်းမှာထည့်စားဖို့သင့်တော်တဲ့အစားအစာတစ်ခုပါပဲ။
၎။ မုန်လာဥနီ
မုန်လာဥနီဟာသွေးဖြူတွေကိုလှုံ့ဆော်မှုပေးခြင်း၊ ဆဲလ်ညစ်တွေကိုဖယ်ရှားပေးခြင်းဖြင့်မှိုင်းနေတဲ့အသားအရေကိုပြန်လည်ပြုပြင်ပေးပါတယ်။ မုန်လာဥနီဟာသွေးထဲမှာအောက်ဆီဂျင်သယ်ဆောင်နိုင်တဲ့စွမ်းရည်ကိုလည်း လေးဆမြှင့်တင်ပေးတဲ့အတွက်အသားအရည်ကိုတောက်ပစေပါတယ်။ အရေပြားအလွှာကိုဆွဲဆန့်ပေးခြင်းဖြင့်အသားအရေကိုမှေးမိန်စေတဲ့အဆီဓာတ်ဖြစ်တဲ့ခနူကူငအန တွေထွက်ပေါ်လာခြင်းကိုလည်းလျှော့ချပေးနိုင်ပါတယ်။
၅။ သံပုရာသီး
သံပုရာရည်သောက်ခြင်းဖြင့် အဆီဓာတ်ပျော်ဝင်ပါရှိတဲ့ အဆိပ်ဓာတ်တွေနဲ့အဆီထွက်လွယ်တဲ့အသားအရေကိုဆိုးဆိုးရွားရွားဖြစ်စေတဲ့ ဟော်မုန်းဓာတ်အဟောင်းတွေကိုဖယ်ရှားပစ်နိုင်ပါတယ်။ သံပုရာရည်ဟာ အဆီဓာတ်ကိုဖျော်ပစ်ပြီး အသားအရေကို ရေဓာတ်ကြွယ်ဝစေပါတယ်။ သံပရာခွံမှာပါဝင်တဲ့ ဓာတ်တွေဟာလည်း အူနဲ့ပါးစပ်ထဲမှာရှိတဲ့ပိုးတွေကိုသေစေပြီး ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ၀က်ခြံ ထွက်ခြင်းကိုလည်း ကာကွယ်ပေး နိုင်ပါတယ်။
၆။ ဖရုံစေ့
ဖရုံစေ့မှာဇင့်၊ ဗီတာမင်အီး၊ဆာလဖာနဲ့အိုမီဂါ-၃ အက်ဆစ်စတာတွေ ပါဝင်ပြီးအသားအရေကိုကုသပေးပါတယ်။ အာဟာရဓာတ်ပေးတယ်။ အသားအရေကိုပြန်လည်ကောင်းမွန်စေတယ်။ ရေဓါတ်ကိုကြွယ်ဝစေတယ်။ ထိခိုက်ဒဏ်ရာဖြစ်ထားလို့အမဲကွက်တွေကျန်နေခဲ့ရင်တောင်ပြန်လည်ပြုပြင်ပေးပါတယ်။
၇။ ခရမ်းချဉ်သီးဖျော်ရည်
တစ်နေ့တာအတွင်း ဘာမှမစားရသေးခင်မှာလတ်ဆတ်တဲ့ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်မယ်ဆိုရင်သူ့မှာ ပါဝင်တဲ့ လိုင်ကိုပိန်းဟာခရမ်းလွန်ရောင်ခြည်ဒဏ်ကိုကာကွယ်ပေးမှာပါ။ ၈အောင်စ ပမာဏပါဝင်တဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်ဟာနေရောင်ခြည်ကာကွယ်နှုနှ်းင်္ဏ ၅ ကိုပေးစွမ်းမှာပါ။ ခရမ်းချဉ်သီး ဖျော်ရည်ဟာ မှိုင်းနေတဲ့အသားရေကိုတောင် ပြန်လည်ဝင်းပစေတဲ့အတွက် မယ်တော်မေရီတောင်နံနက်၊ နေ့လယ်စာစားတဲ့အခါသုံးဆောင်ပါတယ်။
Ref: elle.com
Trend Myanmar" 
 ရေပန်းစားနေတဲ့ ခရင်မ်တွေကို လည်းသုံး၊ မျက်နှာ ကိုလည်း ထိန်းသိမ်းပါ။ အစားအစာနဲ့ အာဟာရ ပညာ ရှင်Danna James က ချော့မွေ့နူးညံ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ သူကြိုက်နှစ်သက်တဲ့ အစားအစာတွေ ကို ဝေငှထားပါတယ်။
၁။ သင်္ဘောသီး
မျက်နှာဆေးမယ် ဆိုရင်တောင် သင်္ဘောသီးကို အသုံးပြုနိုင်ပါတယ်။ စားတောင် စားသေးတာပဲလေ၊ မဟုတ် ဘူးလား။ သင်္ဘောသီး ဟာ ဗီတာမင်စီ ဓာတ် အလွန်ကြွယ်ဝပြီး မျက်နှာမှာ ရှိတဲ့ ဆဲလ်အသေတွေ ကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ 
 နှစ်ရက်တာခန့် သင်္ဘောသီးကို စားမယ် ဆိုရင်ပဲ အသားအရေ ဟာ ၀င်းလက်တောက်ပပြီး ကျစ်လစ် လှပနေ မှာပါ။ သင်္ဘောသီး မှာ ဗီတာမင်အေ ပေါင်းစပ် ပါဝင်တဲ့ အတွက် ခရင်မ်တွေ ရဲ့ စွမ်းဆောင်ရည် လိုပဲ အသားအရေ ကိုနူးညံ့စေပါတယ်။ 
သင်္ဘောသီးမှာ ပါပိန်း(papain) လို့ခေါ်တဲ့ အစာချေစနစ် ကိုကောင်းမွန်စေတဲ့ ဓာတ် ပါဝင်ပြီး အသား အရေရောင် ရမ်းခြင်းကို တိုက်ဖျက်ပေးခြင်း အားဖြင့်နီစပ်စပ် အသားအရေ ကိုလျော့ကျစေပါတယ်။
၂။ အုန်းနို့ရည်
အုန်းနို့ ဆိုတာတော့ကြားဖူး မှာပါ။ အုန်းသီးကို အရည်ညှစ်ပြီး ရလာတဲ့ အုန်းနို့ရည် မှာအကျိုးပြု ဘက်တီးရီး ယား ပါဝင် ပါတယ်။ အုန်းနို့ရည် အနည်းငယ် အတွင်းမှာ ဒိန်ချဉ်မှာ ပါဝင်တဲ့ ပမာဏထက် သုံးဆ များတဲ့ ၁၅ ဘီလီယံ လောက် ရှိတဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ 
အဲ့ဒီ အကျိုးပြု  ဘက်တီးရီးယားတွေ က အသားအရေ ကိုကြည်လင်စေပါတယ်။ အုန်းနို့ရည် ဟာ သဘာဝ အချိုဓာတ် ရှိတဲ့အတွက် အသားအရေ ရဲ့ အဓိက ရန်သူဖြစ်တဲ့ သကြားအစား အချိုဓာတ် ကိုပေးစွမ်းပြီး အာသာပြေစေပါတယ်။