Showing posts with label
နျူကလီးယား . နည်းပညာ . ဗဟုသုတ.
Show all posts
Showing posts with label
နျူကလီးယား . နည်းပညာ . ဗဟုသုတ.
Show all posts
၁ ။ ဥက္ကာခဲ များနှင့် တိုက်မိခြင်း ။
ဒါဟာ အရင်တုန်းကလဲ ဖြစ်ဖူး ပါတယ်။ ဒိုင်နိုဆောတွေ မျိုးသုန်း
သွားတုန်းကပေါ့။ စကြာဝဠာ အတွင်းမှာ
ဤကဲ့သို့ဖြစ်ရပ်မျိုး ဟာ မဆန်းပါဘူး။
၁၉၉၂ ခုနှစ် အတွင်းမှာကို ဂျုပီတာဂြိုလ် အတွင်း အလွန်ပြင်း ထန် တဲ့ ပေါက်ကွဲမှုမျိုး နဲ့ ဥက္ကာခဲ ၃ လုံး ၀င်ရောက် ခဲ့ပါ တယ်။ ယနေ့ ခေတ်မှာ နည်းပညာတွေ နဲ့တော့
ကြိုတင်သိမြင်နိုင် ပါတယ်။
၂ ။
နေလုံး အဆမတန်ကြီးမား လာခြင်း ။
နေမင်းဟာ အစဉ်အမြဲ တည်တန့်နေမည့် အရာ မဟုတ်ပါ။
သူ့ မှာ လဲ အဆုံးသတ် ဆိုတာရှိပါတယ်။ နောင်နှစ်ပေါင်း ၅ ဘီလီယံ ခန့်မှာ နေမင်းကြီးဟာ လောင်ကျွမ်း စရာ လောင်စာ ကုန်ဆုံး သွား မှာဖြစ်ပါတယ်။
ထိုအခါ နေမင်း ထဲမှာ ရှိတဲ့ ဟိုက်ဒရိုဂျင် နဲ့ ဟီလီယံ ဓာတ်ငွေ့တွေကြောင့် အဆမတန်ဖောင်းဖွ လာပြီး ကမ္ဘာလုံး ကိုပါဝါးမျို သွားမှာဖြစ်ပါတယ်။
၃ ။ ကမ္ဘာအနှံ့ နျူကလိယ စစ်ပွဲများ ။
နျူကလိယ ဗုံး များနဲ့
စစ်ဖြစ်ပြီးနောက်မှာ ကမ္ဘာ့ အိုဇုန်း လွှာပေါက်ပြဲ မှု၊ ရာသီဥတုဖောက်ပြန်မှု၊
ကမ္ဘာအနှံ့လေထု ညစ်ညမ်းမှု တို့ကြောင့် ကမ္ဘာကြီး ဟာ အသည်းအသန် ခံစားပြီး
အဆုံးသတ်သွားနိုင်ပါတယ်။
၎ ။ မီးတောင်ပေါက်ကွဲမှု ။
အင်ဒိုနီးရှားနိုင်ငံမှာ ရှိတဲ့ တိုပါဆိုတဲ့ မီးတောင်ဟာ လွန်ခဲ့တဲ့
နှစ်ပေါင်း ၇၁၅၀၀ ကလို ပေါက်ကွဲမှုမျိုး ထပ်ဖြစ် ခဲ့ ရင် အနီးနားမှာ ရှိတဲ့သန်းပေါင်း များစွာသော
ပြည်သူတွေဟာ ချက်ချင်းသေဆုံး သွားနိုင်ပါ တယ်။ ပြီးတာနဲ့ ကမ္ဘာအနှံ့ မီးတောင်ပြာများနဲ့ပဲ ဖုံးလွှမ်းပြီးတော့
လေထု ညစ်ညမ်းမှုကြောင့် အားလုံးနီးပါး ဒုက္ခရောက်ကာ အနည်းငယ်သာ အသက်ရှင် ကျန်နိုင်ပါလိမ့်မယ်။
၅ ။ စက်ရုပ်များ ။
သိပ္ပံပညာ ရဲ့ဆိုးကျိုး တစ်ခုဖြစ်ပါတယ်။ အလွန် အသိညဏ် ရှိလှတဲ့ စက်ရုပ်များဟာ တစ်ချိန်မှာ သူတို့ ကိုယ်တိုင် အသစ်အသစ်များ တီထွင်လာပြီး ကမ္ဘာကြီးရဲ့အနာဂတ် ကို
ပြောင်းလဲပစ်နိုင်ပါတယ်။
၆ ။ နည်းပညာ အဆမတန် ထွန်းကားမှု ။
နည်းပညာများ အဆမတန် ထွန်းကားမှုကြောင့် ကမ္ဘာပေါ်ရှိ သယံဇာတများ ပျက်သုန်းကာ စက်ရုပ်များသာ အသက်ရှင်နိုင်မယ့် ပတ်ဝန်းကျင် မျိုးဖြစ်သွားနိုင်တယ်။
စာဖတ်သူ မြန်မာပြည်သူ ပြည်သားများ အားလုံးလဲ မှတ်မိကြဦးမှာပါ ။ မနှစ်က Global Trajectory Optimisition Competition ဆိုတဲ့ အာကာသ ပတ်လမ်း ကို ကုန်ကျမှု အသက်သာဆုံး နဲ့ အထိရောက်ဆုံး တွက်ချက်မှုပြိုင်ပွဲ မှာ Moscow Avitition Institute မှာ Dotor of Science ကို (၂၀၁၂ မှ-ယနေ့ထိ) ခုနှစ်မှ စ၍ တက်ရောက် သင်ကြားနေတဲ့ မြန်မာ့ တပ်မတော်သား ဗိုလ်မူး မင်းသိန်း နဲ့ အဖွဲ့ဟာ နိုင်ငံပေါင်း (၄၀) ကျော် ဝင်ရောက် ယှဉ်ရာမှာ ကမ္ဘာ့အဆင့် (၆) ရရှိခဲ့ပါတယ်။ အဲ့ဒီ အကြောင်းကို ဤနေရာမှာ ဖတ်နိုင်ပါတယ်။
>> https://www.facebook.com/knge1/posts/10208187304581216?pnref=story
မကြာသေးခင်က မှ အကို တစ်ယောက်နဲ့ မြန်မာပြည်မှာ မီးတွေပြတ်နေတာတွေ ဆက်သွယ်ရေး Internet တွေ အဆင် မပြေတာတွေ ပြောရင်း ပြောမိတာလေး တစ်ခုက ဒီလို ရေအား လျှပ်စစ် အပေါ် အားထား နေရသေးတယ် ဆိုရင်တော့ မီးတွေလည်း မကြာမကြာ ပြတ်နေဦးမှာပဲ။
Nuclear စွမ်းအင် ကနေ လျှပ်စစ် မရမချင်း မြန်မာနိုင်ငံကြီး ကို ည အချိန်ကောင်းကင် က ကြည့်ရင် မှောင်နေ ဦးမှာပဲ။ တစ်ချိန်ထဲ ကိုယ်ပိုင်ဂြိုယ်တု မပိုင်ပဲ ငှားသုံးနေရတော့ ဆက်သွယ်ရေးက အဆင်မပြေ တစ်နိုင်ငံလုံး အနေအထား နဲ့ပြောထားပါ ။
Cyber လုံခြုံမှု ကတော့ လုံးဝပဲ ။နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေး ကာကွယ်ရေးဘက်မှာ ဆိုရင်
ဂြိုလ်တုတွေဘယ်လောက် လိုတယ်ဆိုတာ ယနေ့ခေတ် လူတိုင်း သတိပြုမိမှာပါ ။
အစစ အရာရာ သူတစ်ပါးကို မှီခိုလာရသည်ကား အချိန်ကြာညောင်းခဲ့ပြီ။ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အချိန်တန်လေပြီ။ ကိုယ့်လူမျိုး အကြောင်းတွေ တစ်ဘက်နိုင်ငံ က မသိချင်မှ အဆုံး ၊ အများကြီး ပါ ဂြိုလ်တု မပိုင်တဲ့ အကျိုးဆက်တွေ။ ဆက်သွယ်ရေး မကောင်းတဲ့ နိုင်ငံ ကတော့ အများထက် နောက်ကျပြီး ကျန်ခဲ့ဦး မှာပဲ။
အခု အချိန်ထိ mobile broadband services provider တွေ အခုအချိန်ထိ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။
မြန်မာပြည်ပြန်လာတော့ အင်တာနက် ကြော်ငြာလေးတွေ တွေ့တယ်။ (၁)မိနစ် ဘယ်လောက်နဲ့ပေါ့။ အပြိုင်ကြော်ငြာနေကြသည်။ ကျနော်တို့ဟာ တစ်မိနစ် စာလေးလေးပဲ တွက်တာ။
ထို တစ်နာရီ ကို တစ်မိနစ်စာ နဲ့မြောက်။ တစ်မိနစ်စာ သာ မြင်ကြသည် တစ်ရက် စာ ကြိုမတွက်ကြ။
အင်တာနက် ကို လပေးစနစ် နဲ့ စိတ်ကြိုက် သုံးတွေနဲ့ mobile broadband services provider မလုပ်ပဲ
ဒီလို မိနစ်နဲ့ရောင်းနေသ၍ ကာလပတ်လုံး အချိန်ရှိသ၍ သူတို့အတွက် အချိန်သည်ရွှေ ဆိုသည်မှာ
သူတို့ အတွက် နိယာမပင်။
သန်း(၂၀) လောက်က တစ်မိနစ် (၁) ကျပ်တန် နဲ့ တစ်မိနစ် သုံးလိုက်တိုင်း သူတို့မှာ တစ်မိနစ် ကို သန်း (၂၀)ဝင်နေပါပြီ။ တစ်ရက် တစ်ရက် နိုင်ငံခြား ကုမ္ပဏီကြီး (၂) ခု ရတဲ့ငွေတွေက ကြောက် စရာပါလား။
ပြောချင်တာက ကိုယ်ပိုင်ဂြိုလ်တုတွေ ပိုင်သင့်နေပြီ Nuclear ကနေ မီးအားတွေ ထုတ်သင့်နေပြီ ။ ကျနော် တို့ တစ်တွေ ကိုယ်ကျင့် သီလတွေကောင်းမွန်ပြီး ငါ ငါ့အတွက် ငါ့ မိသားစု ဆိုတာလေးကို
လျော့ပြီး တိုင်းပြည် အတွက် အတူတူ အလုပ် လုပ်ကြရမည် ။