Showing posts with label ဗေဒင် လက္ခဏာ ဟောပြောမှုများ နှင့် သက်ဆိုင် သမျှ. Show all posts
Showing posts with label ဗေဒင် လက္ခဏာ ဟောပြောမှုများ နှင့် သက်ဆိုင် သမျှ. Show all posts

Friday, February 9, 2018

မျက်မမြင် အကြားအမြင် ဆရာမကြီးရဲ့ (၂၀၁၈) ခုနှစ် နဲ့ အနာဂတ်အတွက် ကြိုတင်ဟောစာတမ်း



ကမ္ဘာကျော်ဖြစ်ရပ်ကြီးတွေဖြစ်တဲ့ 9/11 အဖြစ်ဆိုးနဲ့ IS တို့ ကမ္ဘာကို တုန်လှုပ်စေမှုအပါအဝင် သွေး ထွက်အောင် မှန်ခဲ့တဲ့ ဟောကိန်းတွေကို ဟောခဲ့တဲ့ ဘူဂေးရီးယား အကြားအမြင်ဆရာမကြီး Baba Vanga ဟာ သူမ ကွယ်လွန်သွားပေမယ့် အနာဂတ်ဟောစာတမ်း တစ်စောင် ချန်ရစ်ခဲ့ပါတယ်။

ဒီဟောစာတမ်းထဲမှာ ကမ္ဘာစစ်ကြီး မဖြစ်ခင် ကြောက်စရာကောင်းလှတဲ့ ဘေးအန္တရာယ် ဆိုးကြီးတွေ ကြုံရဖို့ ရှိကြောင်း သူမက ဟောခဲ့ပြီး၊ (၂၀၁၈) ခုနှစ် အတွက်ကိုတော့ နှစ်ခုသာ ဟောကိန်းထုတ်ခဲ့ပါတယ်။
 
ပထမ တစ်ခုကတော့ အာရှ ရဲ့အင်အား အကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ် က ကမ္ဘာ့ စီးပွားရေးနဲ့ သြဇာ အာဏာ ကို အမေရိကန်၊ ရုရှား တို့ကို ကျော်ဖြတ်ပြီး သိမ်းပိုက် သွားလိမ့်မယ်လို့ ဆိုပါတယ်။


ဒုတိယ ဟောကိန်း ကတော့ သောကြာဂြိုဟ်ပေါ်မှာ ကမ္ဘာမြေမှာ မရှိတဲ့ ဓာတ်ငွေ့အသစ် တွေ့ရှိလိမ့်မယ် လို့ ဆိုပါတယ်။ တစ်ကယ်တော့ လက်ရှိ အချိန်ထိ သောကြာဂြိုဟ်ပေါ်ကို ခြေချနိုင်ခြင်း မရှိသေးပါဘူး။ NASA ကတော့ Parker Solar Probe အမည်ရ အာကာသယာဥ်နဲ့ သောကြာဂြိုဟ်အနီးကို ချဉ်းကပ်ဖို့ ၂၀၁၈ ခုနှစ်မှာ စတင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။


Baba ဟာ ၁၉၉၆ ခုနှစ် အသက် (၈၅) နှစ်မှာ သေဆုံးခဲ့ပြီး ကမ္ဘာကြီး ဟာ (၅၁) ရာစုနှစ် အထိ တည် ရှိနေမယ် ဆိုတဲ့ ဟောကိန်း ကိုလည်း ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် အနာဂတ်ဟောကိန်းကိုလည်း ဖြန့်ဝေခဲ့ပြီး သူမရဲ့ မှန်ခဲ့ပြီးတဲ့ ဟောပြောချက်တွေနဲ့ အနာဂတ်ဟောပြောချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။









 


Wednesday, January 24, 2018

သင် ဘယ်နေ့မှာ ဘာဖြစ်မှာလဲဆိုတာ




သင် ဘယ်နေ့မှာ ဘာဖြစ်မှာလဲဆိုတာ လေးကို တွက်ကြည့်လို့ရတဲ့ နည်းလေးပါ

ကျွန်တော်တို့ ဂဏန်းဗေဒင် ပညာမှာ ဘယ်နေ့ကို ဘာဖြစ်မယ် ဆိုတာကို တွက်လို့ရတဲ့ တွက်နည်း ရှိပါ တယ်။ ဟိုတစ်နေ့က အွန်းလိုင်း မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက ကျွန်တော့်ကို ဒီလို  ပြောပါတယ်။

ဆရာတဲ့ အဘ မင်းသိင်္ခ မရှိတော့ပေမယ့် ဆရာကြီးရဲ့ ပညာရပ်တွေကို အခုလို ဖြန့်ဝေပေးတာ ကျေးဇူးပါပဲတဲ့။ ကျွန်တော်တို့က အဘ မင်းသိင်္ခ ရဲ့ အဝေးရောက် တပည့်တွေဆို မမှားပါဘူးတဲ့။ ဆရာကြီး မင်းသိင်္ခ ရဲ့ စာအုပ်တွေဆို မလွတ်တမ်း ဖတ်တယ်တဲ့။ စာအုပ်ထဲမှာ ပါတဲ့ ဗေဒင်တွက်နည်းတွေဆို အမြဲတမ်း လေ့ကျင့် ပြီး တွက်နေကြတဲ့။ မိတ် ဆွေတွေ အမတွေ ဆိုလည်း တွက်ခိုင်းလို့ အမြဲတမ်း တွက်ပေးနေကြတဲ့။

အဲဒီမှာ ကျွန်တော်တို့ အားလုံးအတွက် အရမ်း မှန်ကန်တဲ့ ဗေဒင်တွက်နည်း တစ်ခုရှိတယ်။ ဂဏန်းဗေဒင်  တွက်နည်း ပါဆရာ။ ဆရာတော့ သိမလား မသိဘူး။ ရောက်ဆဲ ရက် လ ခုနှစ်ထဲက ကိုယ့်ရဲ့ မွေးရက် မွေးလ မွေးခုနှစ်ကို နှုတ်။ တစ်ခုထဲ ရအောင်ပေါင်းတယ်။ ရတဲ့ ဂဏန်းကို ကြည့်ပြီး ဒီနေ့က ကောင်းတယ် မကောင်းဘူး။ ဘာဖြစ်နိုင်တယ် ဆိုတာကို တွက်ယူလို့ရတဲ့ နည်းလေးပါ။ ဆရာ သိတယ် မဟုတ်လား 

ဆိုတော့..

ကျွန်တော်ကလည်း သိတာပေါ့ဗျာ။ ကျွန်တော့်ရဲ့ ဘ၀မှာ အရမ်း အရေးကြီးတဲ့ ကိစ္စတွေဆိုရင် ဒီနည်းနဲ့ ပဲ တွက်ကြည့်ပြီး လုပ်နေကြပေါ့လို့ ပြန်ပြောလိုက်တယ်။ အဲဒီတော့ သူကလည်း အရမ်းမှန်တာပဲ ဆရာရယ်တဲ့။ ကျွန်တော်ဆိုရင် အဲဒီနည်းနဲ့ တွက်ကြည့်လို့ မကောင်းဘူး ဆိုရင် ဘာအလုပ်မှ မလုပ်တော့ဘူးတဲ။ အဲဒါနဲ့ ကျွန်တော်လည်း စိတ်ကူးတစ်ခုရတယ်။ ကျွန်တော့်ရဲ့ ဆိုက်ကို လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေတွေ  အတွက် ဒီဏန်းဗေဒင် တွက်နည်းလေး တင်ရရင် ကောင်းမှာပဲ ဆိုတဲ့ ဖြူစင်သောနှလုံးဖြင့် ဒီပို့လေးကို တင်လိုက်တာ ဖြစ်ပါကြောင်း …….

တွက်နည်း ကတော့ လွယ်ပါတယ်။

ရောက်ဆဲ ခု . လ . ရက်  ထဲကနေ မိမိ ရဲ့ မွေးရက် မွေးလ မွေးသက္ကရာဇ်ကို နှုတ်။ 
တစ်လုံးထဲ ရအောင်ပေါင်းပေါ့။

အောက်မှာ တစ် ကနေ ကိုး အထိ ဘာဂဏန်း ရရင် ဘာဖြစ်မယ် ဆိုတာကို အတိအကျ ရေးထားတဲ့
ဟောကိန်းတွေ ပါပါတယ်။ အားလုံးသော သူများ ကျေနပ် ပျော်ရွှင်ကြလိမ့်မည်ဟု မျှော်လင့်ပါတယ်ဗျာ။


(၁)-ဂဏန်း ကျသောနေ့

အကြံအစည်သစ်တွေ၊ လုပ်ငန်း သစ်တွေ၊ အတွေ့အကြုံသစ်တွေ ရောက်လာလိမ့်မယ်။ အိပ်ယာကနိုး ပြီး မျက်လုံး နှစ်လုံး ပွင့်ကတည်းက ငါ တစ်ခုခုတော့ ရတော့မှာပဲလို့ စိတ်မှာ ပိုက်ထားပါ။ မုချ တစ်ခုခု ရရှိပါလိမ့်မည်။

(၂)-ဂဏန်း ကျသောနေ့

ဒီနေ့ဟာ ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် ကိုယ်က ကြားကနေပြီး ၀င်ပြီး ဖြန်ဖြေပေးရတတ်တယ်။ ဝေးကွာနေတဲ့ လူနှစ်ယောက် အတွက် ကိုယ်က ဆက်သွယ်ပေးရတတ်တယ်။ ဒီနေ့ဟာ ဘယ်လို အကြောင်းအရာတွေပဲ ပြောပြော ကိုယ်ပြောသမျှကို ဘယ်သူကမှ မဟုတ်ဘူးလို့ မပြောပဲ လက်ခံ၇မယ့် နေ့ဖြစ်တယ်။ အမှန်ကတော့ ဒီနေ့ဟာ နှစ်ဦးနှစ်ဖက် အုပ်စုနှစ်ခုကို ပြေပြေ လည်လည် ဖြစ်သွားအောင် ဖျန့်ဖြေပေးရတဲ့ နေ့မျိုးပဲ။

 ပြီးတော့ ဘာကိုပဲ လုပ်လုပ် ကံတရားက ကိုယ့်ကို မျက်နှာသာပေးတဲ့နေ့မျိုး ဖြစ်တယ်။


Monday, April 17, 2017

မိတ်ဆွေများ အားလုံးအတွက် (၁) နှစ်စာ ဟောစာတမ်းကြီး



ပုပ္ပါးစောရဟန်းမင်း ကို အကြောင်းပြုပြီး ရေးထိုးသော မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်တွင် …..
 
ခရီးသွားလုပ်ငန်း ၊ဟော်တယ်လုပ်ငန်း ၊ရေကြောင်းခရီးနှင့် ပတ်သက်သော လုပ်ငန်း ၊ရေထွက်ကုန်လုပ်ငန်း ၊ သင်္ဘောသားနှင့် ပတ်သက်သော လုပ်ငန်း ၊ သတ္တုတူးဖော်ရေး လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ကုန်သည်ကြီး အလုပ် ၊ပွဲစားအလုပ်၊ အသံကို အသုံးချရသောအလုပ်၊ စကားပြောရသောအလုပ်၊ လှုပ်ရှားရသောအလုပ်၊ သစ်၊သံ၊သွပ်၊သစ်သီး၊သီးနှံ လုပ်ငန်းများ …။ 

ပညာကို အသုံးချရသောအလုပ်၊ ပညာရေးအလုပ်၊ ဆရာအလုပ် ၊မြေ၊ ဖုန်း၊ မုန့် ၊ပဲ ၊ပြောင်း၊ ဖယောင်း၊ ပန်းချီ၊ ပန်းပု၊ ပန်းထိမ် လုပ်ငန်းများ ….။ 

အလှအပ၊ အနုပညာ၊ လက်မှုပညာ ၊ရွှေ၊ ရတနာ ၊ရေနံ ၊ရေလုပ်ငန်း ၊ရေသန့်၊ လက်ဖက်ရည်၊ အအေး၊ အဖျော်ယမကာ၊ ဘီယာ၊ ယုံစုံ လုပ်ငန်းများ …. အထူး အကျိုးပေးအောင်မြင်လတ္တံ့။ 

မိမိတို့ ရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်လတ္တံ့။ လွတ်လပ်ပေါ့ပါးစွာ ဆောင်ရွက်သင့်အံ့။
.
ဆန်၊ စပါး၊ ဆီ ၊ဆေး၊ ဆား၊ စိန်၊ စက်မှုလက်မှု၊ စားသောက်ကုန်၊ စားသောက်ဆိုင်၊ စတိုးဆိုင်၊ စက်ချုပ်၊ စိုက်ပျိုးရေး၊ စာပေ ၊စာရေးကိရိယာ၊ စပ်တူရှယ်ယာ လုပ်ငန်းများ …။

 ငွေ ၊ခြံ၊ ကား ၊ကျောက်မျက် ၊ကုန်သည်လေး၊ ကွန်ပြူတာ၊ ကွမ်းသီးကွမ်းယာပစ္စည်း၊ ကုန်ခြောက် ၊ကုန်စုံ   ၊ကြက်ဥ ၊ကြက်သား ၊ကြက်မွေးမြူရေး၊ ငါးပိ၊ ငါးခြာက်၊ ငါးမွေးမြူရေး လုပ်ငန်းများ …. အလယ် အလတ် ပုံ မှန်တန်းတွင်သာ ရှိနေလတ္တံ့။ 

မိမိ ရည်မှန်းထား သလောက်သာအောင်မြင်အံ့။ လူအား စိုက်ထုတ်ပြီး များများကြိုးစား အားထုတ်သင့်အံ့။
.
အိုးအိမ်၊ အဆောက်အဦး ၊ဆောက်လုပ်ရေး၊ အုတ်၊ သဲ ၊ကျောက်၊ အိမ်ဆောက်ပစ္စည်း၊ အိမ်ထောင် ပရိဘောဂ ၊အုပ်ချုပ်ရေး၊ ဥပဒေ ၊အိမ်ခြံ ၊မြေအကျိုးဆောင် လုပ်ငန်းများ ….။ 

အထည်အလိပ် ၊ထီး၊ ဖိနပ် ၊နာရီ ၊ဦးထုပ်၊ လူမျိုးခြား ၊နိုင်ငံခြား၊ မီး၊ လျှပ်စစ်၊ အပူ၊ ဓါတ်ငွေ့၊ ဒီဇယ် ၊နွားနို့၊ ဒိန်ချဉ် ၊နို့ဆီ ၊ဓါတ်ပုံ၊ ထီလုပ်ငန်း၊ ထုံးလုပ်ငန်း စသည့်လုပ်ငန်းများ … ထစ်ငေါ့၊လွဲချော်ခြင်း၊ ထိခိုက်ဆုံးရှုံးခြင်း၊ စိတ်ပူပန်ရခြင်းများဖြစ်တတ်သည့် အတွက် အစစအရာရာ သတိထားပြီး လုပ်ဆောင်သင့်အံ့။


တနင်္ဂနွေသားသမီးများ
.
လူရော စိတ်ပါ တည်ငြိမ်စွာဖြင့် လုပ်ငန်းဆောင်တာ ရည်ရွယ်ချက်များကို ကြိုးစားဆောင်ရွက်လျှင် အောင်မြင် လတ္တံ့။ အလုပ်နေရာ၊အိမ်နေရာ၊ အတွေးအခေါ်အယူအဆ၊ ဘ၀ခံယူချက်များ အပြောင်းအလဲဖြစ်အံ့။ ဆန့်ကျင်ဘက် လိင်များထံမှ အကူအညီကောင်းများရလတ္တံ့။ အဖက်ဖက်တွင် အလွန်အမင်းလည်းကောင်းနိုင် သလို၊ အလွန်အမင်းလည်း ညံ့သွားလတ္တံ့။
.
အချစ်ရေး၊ အိမ်ထောင်ရေး စိတ်ညစ်စရာ အရှုပ်အရှင်းပြဿနာများကြုံရတွေတတ်။ မိမိချစ်သူ ၊ မိမိ အိမ်ထောင်ဖက် ၏ အထင်မြင်လွဲမှားခြင်းကို ခံရတတ်ခြင်း။ အပျို၊ လူပျိုများ မလွပ်လပ်သူများနှင့်ငြိစွန်း လွယ် တတ် သည့်အတွက် သတိပြုအံ့။
.
အထူးလိုက်နာရန်။ ။ဘာသာရေးများများ ပိုလုပ်ပါ ။မေတ္တာများများ ပို့ပါ။ သည်းခံစိတ်မွေးပါ။ စိတ်လိုက်မာန်ပါ တစ်ဇွတ်ထိုး ပြောဆို လုပ်ကိုင် ဆုံးဖြတ်တာတွေကိုရှောင်ကျဉ်ပါ။
.
အထူးယတြာ။ ။ တနင်္ဂနွေနေ့ ည၀တ်အိပ်ထားသော အ၀တ်ဟောင်း တစ်စုံကို နောက်နေ့ မနက်စော လမ်းတွင် သွားစွန့်ပါ။ (ငါ့မှာ ရှိနေတဲ့ မကောင်းတဲ့ အခိုက်အညံ့တွေ အားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂) လ တစ်ခါ လုပ်ပါ။ အကြောင်းကိစ္စပေါ်လျှင် ထပ်လုပ်ပါ။
.
ယတြာ။ ။ မည်သည့်နေ့တွင်မဆို မနက် (၆)နာရီ (၅၀) မိနစ် တိတိတွင် သပြေ (၆)ညွန့် ၊ပေါင်မုန့် (၅)ချပ် ၊ကော်ဖီ(၂) ခွက် ကို မိမိနေအိမ် ဘုရားတွင် မကြာခဏ လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။ (အကြောင်း ရှိတိုင်း မကြာခဏပြု လုပ်နိုင်သည် ။)


တနင်္လာ သားသမီးများ

အတိတ်ကံကို အကြောင်းပြုပြီး ငွေ အစုလိုက် အပုံလိုက် ရခြင်း၊ ထီဆုကြီးပေါက်ခြင်း ၊ခြံ၊ ကား ၊ကျောက် ကောင်းသောဝင်ခြင်းတွင် ရှိလတ္တံ့။ အချစ်ရေးမေတ္တာရေး ကံကောင်းခြင်း ၊မျက်နှာပွင့် စန်းပွင့်ခြင်း ၊ငွေကြေး ဥစ္စာ ပစ္စည်းများ စုဆောင်း တိုးပွားခြင်းတို့ကြုံရလတ္တံ့။ မိမိ မသိခဲ့သော အတိတ်ကံ အကောင်းအဆိုး နှစ်မျိုးစလုံး၏ အကျိုးကို တွေ့ကြုံ ခံစားရလတ္တံ့။

အပျိုလူပျို များ အတိတ်ဘ၀က ဆုတောင်း ရှိခဲ့ဖူးသော အချစ်ဟောင်း အဆက်ဟောင်းများနှင့် ပြန်လည် ဆုံတွေ့ရလတ္တံ့။ မိမိကို စိတ်ဝင်စား ချစ်ကြိုက်နေသူများ အများအပြားပေါ်လာလတ္တံ့။ မိမိချစ်သူ ၊ မိမိ အိမ်ထောင်ဖက် ၏ သ၀န်တိုခြင်း ကို ခံရအံ့။ အိမ်ထောင်ဖက်ကို အကြောင်းပြု၍ ငွေကြေး စီးပွားဥစ္စာများ တိုးပွားလတ္တံ့။

ယတြာ။ ။ မည်သည့်နေ့တွင် မဆို မနက် (၇) နာရီ (၆) မိနစ် တိတိတွင် နှင်းဆီ (၇) ပွင့်၊သပြေ (၆) ညွန့်၊ဆီအစိမ်း ဆမ်းထားသော ဆွမ်းပူပူ (၃) ပန်းကန် ကို မိမိနေအိမ် ဘုရားတွင် မကြာခဏ လှူဒါန်း ဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည် ။)


အင်္ဂါ သားသမီးများ

ကျန်းမာရေး ချူခြာခြင်း ၊ဆေးရုံဆေးခန်းများနှင့် ပတ်သက် ရခြင်း၊ ဘာမှန်းမသိ ရောဂါ ရှာမရပဲ တစ်ရှောင်ရှောင်ဖြစ်ခြင်း ၊အစားမှား ဆေးမှားဖြစ်ခြင်း၊ စကားပြောငြင်းခုန်ရခြင်း၊ ခိုက်ရန်ဖြစ်ပွားတတ်ခြင်း၊ စကားပြောကျွံခြင်း လွန်ခြင်း ၊ စက်ပစ္စည်း ၊ စာရွက်စာတမ်း ၊ စပ်တူရှယ်ယာ ကိစ္စများနှင့် ပတ်သက်ပြီး စိတ်ညစ်ရ တတ်ခြင်း တို့ကြုံရအံ့။ စိတ်ကူး အကြံအစည် ရည်ရွယ်ချက်များကို စွန့်စွန့် စားစား ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။ အိပ်ယာပြောင်းအိပ်ခြင်း၊ ခရီးထွက်ခြင်း စသည့် လှုပ်လှုပ် ရှားရှားနေထိုင်ဆောင်ရွက်ပါက ကံကောင်းလတ္တံ့။

အချစ်ရေး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ်တတ်ခြင်း ၊ စိတ်အပြောင်းအလဲမြန်ခြင်း ၊ ချစ်သူပါပြောင်းသွားတတ်ခြင်း တို့ကြုံရလတ္တံ့။ အိမ်ထောင်ရေး မကြာခဏ ဆိုသလို ခွဲခွာနေလျှင် အညံ့ များပြေပျောက်ပြီး အိမ်ထောင်ရေး သုခများ ခံစားရလတ္တံ့။

အခက်အခဲကြီးကြီးမားမား ရှိလျှင် အထူးပြုလုပ်သင့်သော ယတြာ … အင်္ဂါနေ့ ည၀တ် အိပ်ထားသော အ၀တ်ဟောင်း တစ်စုံကို နောက်နေ့ မနက်စောစော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာ ရှိနေတဲ့ မကောင်းတဲ့ အ ခိုက် အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂) လ တစ်ခါလုပ်ပါ။ အရေးအကြောင်း ကိစ္စပေါ်လျှင် ထပ်လုပ်ပါ။

ယတြာ။ ။ မည့်သည့်နေ့တွင် မဆို မနက် (၇) နာရီ (၁၀) မိနစ်တိတိတွင် အုန်း(၆)ညွန့် ၊နှင်းဆီ (၇)ပွင့် ၊လက်ဖက်ရည် (၄) ခွက်ကို နေအိမ် ဘုရားတွင် လှူဒါန်း ဆုတောင်းခြင်းဖြင့်တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်။)


ဗုဒ္ဒဟူး သားသမီးများ

ဘ၀ တစ်ဆစ်ချိုး ပြောင်းလဲမြင့်တက်သွားအံ့။ စီးပွားတက်အံ့။ ကြီးပွား တိုးတက်အောင်မြင် ချမ်းသာမည့် အခွင့် အလမ်းကောင်း ၊ အခြေအနေကောင်း ၊ အဆက်အသွယ်ကောင်း ၊ အကြံကောင်း ဥာဏ်ကောင်း ၊ မိတ်ကောင်းဆွေကောင်းများ ရလတ္တံ့ ။ကောင်းသော အကြံအစည် ရည်ရွယ်ချက်များအောင်မြင်လတ္တံ့။ နာ မည် ဂုဏ်သတင်းကျောဇောထင်ရှားအံ့။ အကောင်းပြော ချီးမွမ်းခံရလတ္တံ့။ တရားထူး အသိထူးရအံ့။ ရာထူး တိုး လစာတိုးခြင်း ၊အလုပ်နေရာကောင်းရရှိခြင်းများကြုံလတ္တံ့။

အပျို၊ လူပျိုများ မိမိကိုကြင်နာတတ်သူ မိမိကို တန်ဖိုးထားသူများနှင့် ချစ်သူဖြစ်ရတတ်။ မိမိထက် အဆင့် အတန်းမြင့်မားသူ ချမ်းသာသူများနှင့် ဖူးစာဆုံ အိမ်ထောင်ကျလတ္တံ့။ အိမ်ထောင်ရေး အိမ်ထောင်ဖက် ၏ ဂရု စိုက်ခြင်း၊ အလိုလိုက်ခြင်း ၊ကောင်းကျိုးပြုခြင်းကို ခံရလတ္တံ့။

ယတြာ။ ။ မည့်သည့်နေ့တွင် မဆို မနက် (၅) နာရီ (၁၀) မိနစ် တိတိတွင် အုန်း (၆) ညွန့်၊ ပန်းအ၀ါ (၅) ပွင့် ၊ ကော်ဖီ(၂)ခွက် ၊ ကိတ်မုန့်(၂) ချပ်ကို မိမိနေအိမ် ဘုရားတွင် လှူဒါန်း ဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။ (အကြောင်း ရှိတိုင်း မကြာ ခဏပြုလုပ်နိုင်သည် ။)


ကြာသပတေး သားသမီးများ

ကံကောင်းအံ့။ ဘုန်းတန်ခိုးကြီးခြင်း ၊သြဇာအာဏာ ထက်မြက်ခြင်း၊ အကြံအစည် ရည်ရွယ်ချက် များအောင်မြင်ခြင်း ၊ မင်းစိုးရာဇာ ကူညီမစခြင်း၊ ပတ်သက်ရခြင်း ၊ အလုပ်တိုင်းနေရာတိုင်းမှာ ရန်အတိုက်အခံ အပြိုင်အဆိုင်များပေါများပြီး ၄င်းတို့ အပေါ် ကံ အသာစီး အနိုင်ရရှိခြင်း၊ အခြွေအရံပေါများခြင်း ၊ မိမိ ကိုကြည်ညိုလေးစား ချစ်ခင်သူများပေါများခြင်း၊ အပျို၊ လူပျိုများ လူလိမ် ခံရတတ်ခြင်း ၊ အဖိုးတန် ပစ္စည်းများ လက်ဆောင်ရခြင်း တို့ ကြုံရလတ္တံ့။

အချစ်ရေး ကံကောင်းနေသော်လည်း မိန်းမလည် ယောင်္ကျားရှုပ်များနှင့်တွေ့ရတတ်ခြင်း ကို သတိပြုအံ့။ အိမ်ထောင်ရေး ပွင့်လင်းမြင်သာမှု အားနည်းပြီး ဖုံးကွယ် ဟန်ဆောင်မှုတွေ များနေအံ့။

ယတြာ။ ။ မည့်သည့်နေ့တွင်မဆို မနက် (၆) နာရီ (၂၀) မိနစ် တိတိတွင် ဇော်စိမ်း (၃) ညွန့်၊ ကံကော် (၂) ညွန့် သစ်သီး (၆) လုံးကို မိမိနေအိမ် ဘုရားတွင် လှူဒါန်း ဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင် သည် ။)



Thursday, April 6, 2017

မြန်မာနှစ်ဆန်း (၁) ရက်နေ့ ခေါင်းဆေး မင်္ဂလာ ဆောင်ရွက်ချင်တဲ့ မိတ်ဆွေများအတွက်



နှစ်ဟောင်းမှာ ရှိတဲ့ မကောင်းတဲ့ အခိုက်အညံ့တွေ ကင်းစင်ကြေပျောက်ပြီးတော့ .... နှစ်သစ်မှာ စိတ်သစ် လူသစ် ၊ အားသစ် အင်သစ် ၊ အကြံသစ် ဥာဏ်သစ်တွေနဲ့ တစ်နှစ်တာလုံး အတိတ်ကောင်း နိမိတ်ကောင်းတွေနဲ့ အန္တရာယ်ကင်းဘေးရှင်းပြီး ကံဇာတာပွင့်လန်းတိုးတက် ၊ စီးပွားတက်ရလေအောင် ၊ အကြံအစည်ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်အောင် ခေါင်းဆေးမင်္ဂလာ ကို ဆောင်ရွက်နိုင်ပါတယ် ....။
.
မြန်မာနှစ်ဆန်း(၁) ရက်နေ့ မဟုတ်သော်လည်း အကြောင်းကြီးငယ် ရှိတိုင်း ခေါင်းဆေးမင်္ဂလာကို ပြုလုပ်ဆောင်ရွက်နိုင်ပါတယ် ... ။
.
ရှေးဆရာ အစဉ်အဆက် အားကိုးအားထားပြု  လက်ဆင့်ကမ်း အသုံးပြုလာခဲ့သော ၊ ရှေးမြန်မာဘုရင်များ လက်ထက် ကတည်းက စစ်ချီ စစ်ထွက်တဲ့အခါ၊ တိုင်းရေးပြည်ရေး မငြိမ်မသက်ဖြစ်တဲ့အခါ၊ မင်းလောင်းပေါ်တဲ့ အခါမျိုးတွေမှာ ကံဇာတာအခိုက်အညံ့များပြေပျောက်ရအောင် ပြုလုပ်ဆောင်ရွက်လေ့ရှိသော ၊ အရမ်းသတင်းကြီးသည့် မရမ်းတလင်းတောကြီး၏ အစပ် အဘဆရာကြီးမင်းသိင်္ခ ၏ မရမ်းတလင်း အယူတော်မင်္ဂလာခြံတွင် နေ့စဉ်နှင့်အမျှပြုလုပ်ဆောင်ရွက်ပေးခဲ့သော ၊ (၇)  ရက်သားသမီးများ၏ အခက်အခဲ ဒုက္ခပေါင်းများစွာကို ကူညီ ကယ်တင်ဖြေရှင်းပေးနိုင်ခဲ့သော အလွန် အင်မတန် အစွမ်းထက်မြက်သော ယတြာနည်း တစ်ခုဖြစ်ပါတယ်။ (ဇာတာဆေးသည် ဟုလည်း ခေါ်ကြသည်)
.
ကံမကောင်းတဲ့ အခါ ၊ ဘာပဲလုပ်လုပ် အဆင်မပြေတဲ့အခါ ၊ စီးပွားကျနေတဲ့အခါ ၊ အခက်အခဲ အကြပ် အ တည်းများကြုံတွေ့နေရတဲ့အခါ ၊ အကြွေးတင်နေတဲ့ အခါ ၊ ရစရာရှိတဲ့ငွေတွေ မရတဲ့အခါ ၊ ဂြိုဟ်စီးဂြိုဟ်နင်းညံ့တဲ့အခါ ၊ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ ရည်ရွယ်ချက်များပြုလုပ်ဆောင်ရွက်ဖို့ ရှိတဲ့အခါ ၊ စာမေးပွဲ  အင်တာဗျူး ဖြေတဲ့အခါ ၊ 



Wednesday, March 8, 2017

သင့် အိမ်ထောင်ရေး ကံကြမ္မာ ဟောကိန်းများ




တနင်္ဂနွေ (၆) ၊ 
တနင်္လာ (၁၅) ၊ 
အင်္ဂါ (၈) ၊ 
ဗုဒ္ဓဟူး (၁၇) ၊ 
ကြာသပတေး (၁၉) ၊
သောကြာ (၂၁) ၊ 
စနေ (၁၀)
ဥပမာ ဗျာ- အသက် (၃၅) နှစ်ရှိတဲ့ ဗုဒ္ဓဟူးသား တစ်ယောက် အိမ်ထောင်ပြုမယ် ဆိုရင် ဘယ်လို မိန်းမမျိုး ကို ရမှာလဲ ဆိုတာ တွက်ကြည့်ကြည့်ရအောင်။ 

သူ့ရဲ့ အသက် (၃၅)နှစ် နဲ့၊ ဗုဒ္ဓဟူးဂြိုဟ်သက် (၁၇) နဲ့ပေါင်းလိုက် 
(၃၅+၁၇=၅၂) 
အဲဒီ (၅၂) ကို (၇) နဲ့ စားကြည့်လိုက်ရင် (၃) ကြွင်းတယ်ဗျာ။ အောက်မှာ ဖတ်ကြည့် လိုက်ပေတော့။ 

လွယ်ပါတယ် ။ မခက်ပါဘူး။ ဒီဟောကိန်းကိုတော့ အနာထပိဏ် သူဌေးကြီး ၏ ချွေးမဖြစ်သူ “ သုဇာတာ” ကို အကြောင်းပြု ၍ ဘုရားရှင်မြတ်ဗုဒ္ဓ ဟောတော် မူသော ဇနီးမယား ခုနှစ်မျိုးကို အကြောင်းပြု အခြေခံ ၍ ရှေး ကျမ်းများတွင် “သုဇာတာဟောကိန်း” လို့ အမည်ပေးထားတာဗျ  ဟု ပြောလိုက်လေ တော့၏။
တစ်ကြွင်းဟောကိန်း
အိမ်ထောင်ဖက် ဇနီးသည် မူလက မည်မျှ စရိုက်ကောင်း၊ စိတ်သဘောထား ကောင်းသည်ဖြစ်စေ၊ အိမ်ထောင် ကျပြီးနောက် ဆိုးသွမ်းသော စရိုက် သို့ ပြောင်းသွားမည်။ မူလ စရိုက် ဆိုးလျှင်ကား ဆိုဖွယ်ရာ မရှိ အညံ့ကြုံမည်။ အလွန် ဒုက္ခပေးသော ဇနီမယားဖြစ်မည်။ ဆိုးယုတ်မည်။ စရိုက်ကြမ်းမည်။ မြည်တွန်တောက် တီးမှု အမြဲပြုမည်။ အကြင်နာမဲ့မည်။ ပြဿ       နာ အမြဲရှာနေမည်။ ကလေးနှစ်ဦးရပြီးမှ အညံ့ကင်းမည်။
နှစ်ကြွင်းဟောကိန်း
ရရှိသော ဇနီးမယားသည် ခိုးသူနှင့် တူသော မယားတည်း။ မူလ အခြေအနေ စရိုက် မည်မျှ ကောင်းစေ၊ အိမ်ထောင် ကျပြီးနောက် စရိုက်ပြောင်းမည်။ လင်သားငွေကို ခိုးယူ၍ သူတစ်ပါးကို ပေးမည်။ မာယာ များသော စကားကို ဆိုမည်။ ငွေသုံးဖြုန်းမည်။ လင်သား မသိအောင် အရာရာ လျှို့ဝှက် လုပ်တတ်သည်။ အိမ်ထောင်သက် သုံးလ တွင် စရိုက်ပြင်လျှင်ပြင် ၊ မပြင်လျှင် (၁၅) လ ကြာမှပြင်မည်။ (၁၅) လကြာမှ မပြင် က (၃) နှစ်ကြာမှ ပြင်မည်။ သုံးနှစ်ကြာမှ မပြင်ပါက ရာသက်ပန် အမြဲစရိုက်ဆိုး လွှမ်းမိုးမည်။



Sunday, January 22, 2017

ချစ်သူနှစ်ဦးပေါင်းဖက်ဖို့ နေ့နံတွေ လိုပါသလား....



နေ့နံဆိုတာ လူတွေရဲ့စိတ်ကိုကောင်းအောင်ဆိုးအောင် လုပ်လို့မှမရတာ။
တစ်ယောက်နဲ့တစ်ယောက် တည့်တယ်ဆိုတာရောမတည့်ဘူးဆိုတာရော နေ့နံနဲ့မဆိုင်ဘူးလို့ ထင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်.......

♦ခွင့်လွတ်နိုင်ရမယ်။
♦နားလည်ပေးနိုင်ရမယ်။
♦သဘောထားကြီးရမယ်။

ဒါဆိုရင် အဆင်ပြေအောင် ပေါင်းလို့ ရပါတယ်။ နေ့တွေနဲ့ မဆိုင်ပါဘူး။

နေ့နံ တည့်တယ် ဆိုပြီး တစ်ယောက် နဲ့ တစ်ယောက် ချစ်ခင်မှုလည်းမရှိ ၊ မြတ်နိုးမှုလည်း မရှိ သည်းခံ မှု လည်း မရှိဘူး ဆိုရင် ဘယ်လိုအတူနေကြမလဲ။



Saturday, January 14, 2017

သင့် ရဲ့ လက်ကောက်ဝတ် အရစ်လေးမှ သိနိုင်တဲ့ သင့် အကြောင်းများ



၁. ပထမဆုံး လမ်းကြောင်း
********************
ဒီ လမ်းကြောင်းလေးကတော့ ကျန်းမာရေး လမ်းကြောင်းလေးဖြစ်ပါတယ်။ အရေးအပါဆုံး လမ်းကြောင်း တစ်ခု လည်းဖြစ်ပါတယ်။ လက်ဖဝါးပြင် ရဲ့ အနီးစပ်ဆုံး လမ်းကြောင်းတစ်ခုပါ။ ဒီလမ်းကြောင်းလေးမှာ
ရှင်းလင်းပြီး နက်နက် နဲနဲ ပေါ်ထင်နေတယ် ပြတ်ကြောင်း၊ ချိန်းကြိုးဆက်များ မပါဝင်ရင်တော့ ကျန်းမာရေးအလွန်ကောင်းမွန်မယ်လို့ ဖော်ပြနေတယ်။ 

လမ်းကြောင်းလေးမှာ ပြတ်ရာများ ပါဝင်နေရင်တော့ မိန်းမ ဆိုရင် မီးယပ် ရောဂါများဖြစ်ပွားနိုင်ပြီး၊ ယောက်ျားလေး ဆိုရင် ဆီး၊ ဟော်မုန်း၊ ဆီးကျိတ်၊ ဒါမှမဟုတ် မျိုးပွားမှု့ မှာ ပြဿ       နာများဖြစ်ပွားနိုင်ပါတယ်။
၂. ဒုတိယ လမ်းကြောင်း
******************
ဒီ လမ်းကြောင်းလေးက ဥစ္စာ ဓန လမ်းကြောင်းလေးဖြစ်ပါတယ် ။ ဒီ လမ်းကြောင်းလေး မှာ သင့် ရဲ့ ချမ်းသာခြင်း၊ အဆင်ပြေ သာယာဝပြောခြင်း၊ ပျော်ရွင်မှု့တွေကို ပြောပြနေပါတယ်။ ဒီ လမ်းကြောင်းလေး မှာ ကွင်းဆက်များ မပါပဲ တစ်ဖြောင့်ထည်းဖြစ်နေမယ် ဆိုရင် အခွင့် အလမ်းများပေါ်များပြီး အနာဂတ် အတွက်ကောင်းမွန်လှပါတယ်။ 

အက်ကြောင်းများ၊ ကွင်းဆက်များ ပါဝင်နေရင်တော့ဘဏ္ဍာရေး အခြေအနေ ခက်ခဲနိုင်တယ်လို့ ပြောပြနေပါတယ်။ ပထမမျဥ်း နဲ့ ကျိုးပဲ့နေခြင်း မဟုတ်ပဲ ကွဲပြား သီးခြားစွာ တည်ရှိနေရင်တော့ အနာဂတ်မှာ အောင်မြင်ကျော်ကြားနိုင်တယ်လို့ ဆိုလိုပါတယ်။
၃. တတိယ လမ်းကြောင်း
*******************
ဒီ လမ်းကြောင်းလေးက အောင်မြင်မှု့ လမ်းကြောင်းလေးဖြစ်ပါတယ်။ လူအများစု မှာ အနည်းဆုံးနှစ်ဦးတော့ တတိယ လမ်းကြောင်းလေး ပါရှိကြပါတယ်။ တတိယ လမ်းကြောင်းလေး သင့်မှာ ရှိရင်တော့ အောင်မြင် မှု့ ကျော်ကြားမှု့တွေနဲ့ အတူ သြဇာ လွမ်းမိုးမှု့ကြီးများတယ်လို့ပြောပြနေပါတယ်။ သင်က လူတစ်ကာ ရဲ့ အောက့်မေ့ဖွယ် လူတစ်ဦး ဖြစ်စေနိုင်ပါတယ်။


Saturday, December 17, 2016

လူ တစ်ယောက် ၏ ပင်ကိုယ် စရိုက်တွက်နည်း




လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာ တတ်ပါတယ် ။

(၀) လောဘကြီးသူ
(၁) ဒေါသကြီးသူ
(၂) မောဟစိတ်လွန်ကဲသူ
(၃) မေတ္တာစိတ်ရှိသူ
(၄) ဂရုဏာစိတ်များသူ
(၅) မုဒိတာ တရားလက်ကိုင်ထားသူ
(၆) ဥပေက္ခာသမား
ဆိုပြီး (၇)မျိုး ခွဲခြာထားပါတယ် .......။

တွက်နည်းကတော့ လွယ်ပါတယ် ။ ကိုယ့်ရဲ့ မွေးသက္ကရာဇ် ရယ် ၊မွေးနံ ကို ဂဏန်းပြောင်းပြီး ပေါင်းပါ။
ရတဲ့ အဖြေ (၇) နဲ့ စားရပါမယ် ။ ထွက်လာတဲ့ အဖြေ ကတော့ ကိုယ့်ရဲ ပင်ကိုယ် စရိုက်ပေါ့ ။

ဥပမာ -
သင့် မွေးသက္ကရာဇ် က 1353 ခု သောကြာသား ဆိုရင် 6 ပေါ့။
1353+6=1359
1359÷7=1 ကြွင်းပေါ့

မြန်မာမွေးနှစ် မသိတဲ့လူတွေ အတွက်တော့
http://www.mmcalendar.com/index.php
အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ် က မြန်မာ ခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ်။

ကဲ .....အောက်မှာ ကိုယ့် ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....

အကြွင်း (၀) လောဘ။
သူကတော့ လိုချင်စိတ် များတယ် ။ ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ် မရှိဘူး ။ ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီ့ထက် သာယာတဲ့ ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခု လုပ်ချင်တယ် ဘယ်အရာ မဆို လက်ဝါးကြီး အုပ်ချင်တယ် ။

ဘယ်တော့မှလည်း နောက်လိုက် မလုပ်ချင်ဘူး ။ ကိုယ် ရယူပိုင်ဆိုင်ဖို့ ဆိုရင် ဘယ်အရာကို မှ မထောက်ထား ဘူး မှားသည် မှန်သည် မခွဲခြားဘူး ဘယ်နည်း နဲ့ မဆို ရအာင် ယူရမှ ကျေနပ်တဲ့ သူ။ လိုချင်စိတ် များတော့ ဘာမဆို လုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာ လိုတယ် ကြွယ်ဝ လိုတယ် ချမ်းသာခြင်းကိုလဲ ရမဲ့ သူ။ 

ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား တွေးမှာ မဟုတ်တဲ့ အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ သူက ဘ၀ကို ရည်မှန်းချက်ကြီးကြီး နဲ့ ဖြတ်သန်းမည့် သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တစ်ကျ အသုံးပြုသွာမယ် ဆိုရင် ဒိတ်ဒိတ်ကျဲ လူသား ဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ။

အကြွင်း (၁) ဒေါသ။
စိတ်ကြီးတယ် မဟုတ်မခံစိတ် များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စ မဟုတ်လဲ ၀င်ပါဖို့ ၀င်ပြော ဖို့ ၀န်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသ ထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက် မှ ကျေနပ်တဲ့သူပေါ့ ။ 

စိတ်ကသာကြီးပါတယ် သူ့နှလုံးသား ကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်က စပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ် ဆိုတတ်တယ။ လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကို စိတ်ရင်းကောင်းတယ် ။ သူတစ်ပါး ကို ပေးရမှာ ကျွေး ရမှာ ထိပ်ဆုံး ကပေါ့ ။

ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ် တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံ ကတော့ ဖိနပ် စီးရတာ ခက်နေရင်တောင် ဖိနပ်ကို ကန်ထုတ် ရန်လုပ်ပြီး ဖိနပ် မပါပဲ လျှောက်သွားတတ်တဲ့ သူမျိုး။ ကိုယ့်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင် ခဲမရ ဒေါပွနေတတ်တယ် ။ အဲဒီ စိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ ဆိုစေ ``လူဖြောင့် စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။

အကြွင်း (၂) မောဟ။
သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် မချနိုင်ဘူး ။ အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါ တစ်လေ ငေါင်တောင်တောင် နဲ့ ငေးမောနေတတ် တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့ စိတ်ပြင်းတယ် ။ ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေ မသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ 

အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေ ။ ကြားဝင်ဖြေရှင်း ရမယ် ဆိုရင် နှစ်ဖက်နှစ်ခွ မြင်တဲ့သူ။ အပြောအေးအေးလေး နဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့၇ဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။ ပြဿ         နာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။

ဒါ့ကြောင့် ဘာကိုမှ လေးလေး နက်နက် မရှိဘူးလို့ အထင် ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြော တာ တစ်ခါ တစ်လေ ရှေ့နောက် မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။ စိတ်ဓာတ် တတ်လွယ် ကျလွယ် တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀ အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ ကို နိုင်နိုင် နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူ့ ဘ၀က ဟန်ကျမယ် ။ နောက်က တစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံ ကျမှာ ။ အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူက ဘယ်တော့မှ မှတ်မထားလို့ပါ ။

အကြွင်း(၃) မေတ္တာ။
သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။ အားနာတတ်တယ် ၊ယုံစား လွယ်တယ် ၊သူတစ်ပါး အပေါ် ခွင့်လွတ်နား လည်စိတ် ရှိတယ် ။ သည်းခံစိတ် ရှိတဲံ့နေရမှာ နှစ်ယောက် မရှိဘူး အောချရလောက်တဲ့  အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။ လူသားအားလုံးအပေါ်လေးလေး စားစား ဆက်ဆံတတ်တယ် ။

ကိုယ့်ကိုယ် ကို အမြဲ နှိမ့်ချနေတတ်တယ် ။ သူ့အနေနဲ့ ရိုးပေမဲ့ သွားအထင် မသေးပါနဲ့ သူ့မှာ ချစ်တဲ့ ခင်တဲ့သူတွေ အလွန်ပေါတဲ့သူပါ ။ လမ်းလေ ဂျပိုး လူမိုက်က အစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။ အရေး အကြောင်းဆို ကူညီဖို့ အသင့်ပဲ ။မြင့်မြတ်တဲံ့ စိတ် သဘောထား အပေါ် လူတိုင်းက နေရာပေး ဆက် ဆံကြတယ် ။

ရန်သူ အပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနားမလည် အားမလို အား မရ ဖြစ်တတ်ကြတယ်။ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့  အဆုံး မှာ စည်းရုံးနိုင်တဲ့ သူပါ ။ စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။ ဘယ်သူ့ကို မဆို တန်ဖို့းထား ဆက်ဆံတတ်တယ်။ အပြောသမား မဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ ကို ရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့ သူ ပါ ။ အားလုံး သိပါတယ် အောင်ခြင်(၈)ပါးကို မြတ်စွာ ဘုရားက မေတ္တာ နဲ့ အောင်မြင်ခဲ့တာကိုလေ။

Thursday, November 3, 2016

လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ် ဆိုရင်..






နံပါတ် (၃)

နှလုံးသား မာကျောပြီ.. တစ်ကိုယ်ကောင်း ဆန်တတ်တယ်.. ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတတ်သူတစ်ဦးပါ.. တိုးတက်မှုကို မြတ်နိုးတဲ့သူ တစ်ဦးပါ.. မင်းဟာ မိသားစုပြဿ       နာတွေကို လျှော့ကျဖို့ လိုလားပေမယ့်.. ပြဿ       နာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတတ်တာ များပါတယ်..
မင်းဟာ သြဇာ အာဏာကြီးမားပြီး.. နှစ်လိုဖွယ် မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..

ဒါကြောင့်.. ဘယ်နေရာကို သွားသွား.. မင်း အလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တစ်ခုခုကို ရဖို့ အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတတ်တယ်..

မကြိုးစားဘဲနဲ့ ရလာတာ ဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက် ငယ်ရွယ်သူတွေကို ဆိုဆုံးမတတ်တယ်..
ဘာကြောင့်လဲ ဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ နှစ်သက်လို့ပဲ.. အဲဒီလို  လည်း  မင်းဟာ စံပြနေလေ့ရှိပါတယ်.. 

ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူ တယောက် မဟုတ်ပါဘူး..
မင်းနဲ့ ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့ အလုပ်တစ်ခုပါ..မင်းဟာ စိတ်ဓာတ်မာတဲ့ ပြိုင်ဘက်  တစ်ယာက်လိုပဲ...

ဒါပေမယ့်လည်း.. တစ်စုံ တစ်ယောက်ရဲ့ အပြုအမှုကို မင်း သဘောကျသွားပြီဆိုလည်း..
မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတတ်ပါတယ်...

မင်းဟာ အမြဲလိုလို..သူတစ်ပါး ဆီက လေးစားမှုကို ရရှိနေတတ်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ.ပြဿ        နာတွေ အများကြီး  ရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည်မခံပါဘူး..

ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင် တစ်ယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါ တယ်..မင်းဟာ ပိုက်ဆံကို အနည်းငယ် ပို မက်မောတဲ့ အတွက်.. သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..မင်းဟာ နပန်းလုံးနေရတတ်တယ်...မင်းဟာ အမျိုးသား တစ်ဦး ဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. 

လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ် ဆိုရင်




နံပါတ် (၂)

ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာ လ နဲ့ တူလို့ပါ.. လ ကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..

ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တတ်သူ တစ်ဦးလည်းဖြစ်တယ်...
မင်းဟာ ကိုယ့်ကိုယ် ကို ယုံကြည်မှု အလွန်နည်းတယ်..မင်းဘ၀မှာ ပြန်ပြီး သုံးသပ် သင့်စရာတွေချည်းပဲ...

မင်းဟာ ခန့်မှန်းရခက်တဲ့ သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့ အခြေအနေကို လိုက်ပြီး မင်းဟာ အမြဲ     တမ်းပြောင်းလဲနေတယ်..တစ်ကိုယ်ကောင်းဆန်ပြီး .. အနုပညာဘက်မှာ အားအတော် သန်တဲ့သူဖြစ် တယ်.. အပြောအဆို ညက်ညောပြေပြစ်တယ်.

မင်းရဲ့ အပြုအမှုတွေဟာ လ လို့ပဲ.. နေ အလင်းရောင် ပျောက်မှ လ ထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့ အချိန်ဆိုရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီ ဆိုရင် မင်းဟာ သူတို့ ဘ၀ထဲ  က ပျောက်ကွယ် သွားတတ်တယ်..

မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ် ။

(ကျနော် ဆိုလိုတာက မင်းရဲ့ ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ) .

တစ်ကယ်လို့များ..ဘုရားတရား ကို နက်နက်ရှိုင်းရှိုင်း လုပ်မယ်ဆိုရင်...မင်းဟာ အောင်မြင်မယ့်သူ တစ်ဦးပါ... အများစုသော မင်းရဲ့ စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
တစ်ခါ တစ်ရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတတ်သူ တစ်ဦးပါ.

မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာ နယ်ပယ်မှာ ကျင်လည်မယ့်သူ တစ်ဦးပါ...
မင်းဟာ အချစ်ကို အရမ်းကြီး မယုံကြည်တတ်သူ တစ်ဦးပါ.. မင်းလက်ထပ်ပြီးတဲ့ အထိတောင် အဲဒီအတိုင်းပဲ ။

မင်းဟာ အချစ်အပေါ် သာမန်ပဲ ခံစားနေတတ်သူ တစ်ဦးပါ..
မင်းဟာ မိန်းကလေး ဆိုရင်တော့..မိသားစုမှာ တာဝန်သိ အမျိုးသမီးတစ်ဦးဖြစ်နေပါလိမ့်မယ်..

လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားသူများ





နံပါတ် (၁)

မင်းဟာ..ပါးနပ်တယ်..စကားကို ရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ် ရွှင်တယ်..
ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..

ဖော်ရွေတယ်..တာဝန်ယူလိုစိတ် ရှိတယ်..အမြဲတမ်းကျော်ကြားသူတစ်ယောက်ဖြစ်ချင်တယ်..
လူတွေအားလုံးရဲ့ အထက်မှာပဲ နေချင်တယ်.. တစ်ခါ တစ်ရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတစ်ပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.

မိမိကိုယ်ကို ယုံကြည်တတ်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်.. ဒါပေမယ့်..   ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထပ်ဖြစ်ကြတာ များပါတယ်..

အမြင်မတူတဲ့ သူတွေနဲ့ ပြဿ      နာ  တက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတတ်ကြတယ်..အသုံးအဖြုန်းကြီးသူတစ်ယောက်ဖြစ်ပေမယ့်..
မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတတ်ပါတယ်..

မင်းသာ အမျိုးသားဆိုရင်..အရမ်း နာမည်ကျော်မယ်.. ဆွဲဆောင်မှု ရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီါ်..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူတစ်ယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုး အပေါ် ပါလီမန်တွေထိကို မင်းက နေရာစုံသွားနိုင်သူပါ..

ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော် များများကို မင်းက တစ်ဖတ်ကန်းခတ်အောင် သိနေတတ်တယ်..
ဒါပေမယ့်..မင်းရဲ့ ဘ၀မှာ..တစ်ချို့လူတွေက မင်းဘ၀နှိပ့်ကျ သွားအောင်..နာမည် ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတတ်ပါတယ်...

ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့ မနာလိုမှုကြောင့်ပါပဲ..
မင်းရဲ့ မိသားစု ဘ၀က အေးချမ်းလွန်းပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီး.. ချစ်စဖွယ်သားသမီးတွေ နဲ့ နေထိုင်ရပါလိမ့်မယ်..


Thursday, October 20, 2016

မိန် ရာသီဖွားများ



မိန် ရာသီဖွားများ

(ဖေဖော်ဝါရီ ၁၉ မှ မတ်လ ရက်၂၀ အတွင်း၊ တပေါင်းလ)
မိန် ရာသီသည် ရာသီစက်ဝန်း ၏ ၁၂ ခုမြောက် ရာသီခွင်ဖြစ်၏။ ကောင်းကင်ပြင်တွင် ဤရာသီခွင်၌ ကြယ်နက္ခတ် တို့တွင် ငါးနှစ်ကောင် ကူးခတ်နေပုံ အသွင်သဏ္ဍာန် ပေါ်ထွန်းနေသော ရာသီခွင်ဖြစ်၏။

သောမ ရာသီ (မ သဘာဝ) သက်ရောက်လေ၏။ ဒွေဒဟ (နှစ်ခွ၊ နှစ်မျိုးနှစ်စား) သဘောဆောင်၏။ နေ့ ရာသီဖြစ်၏။ ရာဇ ဂုဏ် (ထက်မြက်မှု) သဘောဆောင်၏။ ဓာတ် သဘာဝ အားဖြင့် အာပေါဓာတ် (ရေဓာတ် အေးဆေး တည်ကြည်မှု) စိုးမိုး၏။ 

ဤ ရာသီခွင်၏ နက္ခတ်ပုံ သင်္ကေတ ငါးနှစ်ကောင် မှာ ဆန့်ကျင်ဘက် အနေ အထားဖြင့် ယှဉ်တွဲနေသော ပုံဖြစ် ၏။ ဆယ့်နှစ်ရာသီ စက်၏ မူလ နယ်ပယ်တွင် ကြာသပတေးဂြိုလ် ၏ ဂြိုလ်အိမ် အဖြစ် သတ်မှတ်ခဲ့ကြ ၏။ 
(၃) ဂဏန်း သင်္ချာ စိုးမိုးမှု ရှိပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အားဖြင့် ခြေ အစုံကို ပိုင်စိုးလေ၏။


မိန် ရာသီဖွားတို့၏ ပင်ကိုယ် သဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ

မိန် ရာသီဖွား တို့သည် ရာသီ (၁၂) ပါး တွင် ချမ်းသာ သုခနှင့် အပြည့်ဝဆုံးသော သူများ ဖြစ်တတ်ကြပေ ၏။ မိန် ရာသီဖွားတို့သည် ထူးခြားသော စရိုက်နှစ်မျိုး ကို တစ်ပြိုင်တည်း ပါနေသူများဖြစ်တတ်ကြပေ၏။ အလွန် သနားကြင်နာတတ်ကြ၏။ ရိုးသား၏။ အေးဆေး တည်ငြိမ်၏။ အရှက် အကြောက်ကြီး၏။

အခွင့် အာဏာ ပကာသန တို့ကို မမက်မောဘဲ လွတ်လပ်ပေါ့ပါးစွာ နေထိုင်လို၏။ အယုံလွယ်၏။ သူတစ်ပါး ကို ကူညီလို၏။ အားနည်းသူတို့ဘက်မှ ရပ်တည်လို၏။ နူးညံ့သိမ်မွေ့၏။ ထို့အတူ ထက်မြက်၏။ ဉာဏ်ထက် ၏။ ဇွဲသတ္တိကောင်း၏။ အမြော်အမြင်ကြီး၏။

မဖြစ် မနေ ကြီးပွားအောင်မြင်လိုစိတ် ရှိ၏။ စိတ်ထက်၏။ စိတ်ကြီး၏။ ဒေါသ ထွက်လာက ခက်ထန် လာတတ်၏။ စိတ်မြန်လက်မြန် လုပ်တတ်၏။ စကားပြောဆိုမှု၊ စာပေရေးသားမှု တို့တွင် အလွန်ထက်မြက်၏။ တစ်ခါ တစ်ရံ သတ္တိ နည်းကာ သွေးကြောင် နေတတ်၏။ နောက်တွန့်နေတတ်၏။ စိုးရွံ့နေတတ်၏။ 

ထို့အတူ မကြာခဏ ခေါင်းဆောင်နေရာကို အလိုလိုရောက်နေတတ်ပြန်၏။ တစ်ကိုယ်တည်း အေးအေးဆေးဆေးနေချင်တတ်၏။ ထို့အတူ စိတ်တူ ကိုယ်တူ အပေါင်းအဖော် များနှင့် နေရခြင်းကို နှစ်သက်ပြန်၏။
သို့သော် အပေါင်း အသင်း များများ မထားတတ်ပါ။ 

မိန် ရာသီဖွား တို့သည် နာမ် ၀ါဒ ကို အထူး သက်ဝင် ယုံကြည်ကြ၏။ ဘာသာရေး ကို ပြင်းထန်စွာယုံကြည်သက်ဝင်ကြ၏။ အများ အားဖြင့် စိတ်တည်ငြိမ်စွာဖြင့် တရား အလုပ်ကို လက်တွေ့ ကျကျ ကျင့်လှမ်း သူများ ဖြစ်တတ် ကြလေ၏။ 

ထုံးတမ်း အစဉ်အလာ ဓလေ့များကို ယုံကြည် လိုက်နာတတ်ကြ၏။ အရာရာတိုင်း ကို ကြိုတင် သုံးသပ်၍
ကြိုတင် အဖြေထုတ်ရာတွင် ပါရမီ ထူးကဲတတ်ကြ၏။ အမြင်ပြတ်သား၏။ ဉာဏ်ထက်၏။ စိတ်ကူးကောင်း ကြ၏။ သို့သော် တစ်ခါတစ်ရံ အယူသီးလွန်းကြ၏။ ခေါင်းမာ တတ်ကြ၏။ အထူးသဖြင့် ဘာသာရေးတွင် အလွန် တိကျစွာ ကျင့်သုံးတတ်ကြ၏။

အခြား ကိစ္စတို့တွင် စည်းကမ်းကောင်းလွန်း တတ်ကြ၏။ အတ္တ၊ ပရ မျှတစွာ ကျင့်သုံးတတ်ကြ၏။ သစ္စာရှိ၏။ အလွန် စိတ်ဆိုးခဲပြီး စိတ်ဆိုး မိပါက အငြိုးအတေးကြီး၏။ အစားကြူး၏။ သြဇာပေး ကောင်း၏။
လူအများ အပေါ် အုပ်ချုပ်လို၏။ ဘယ်တော့မှ မရောင့်ရဲဘဲ ထင်ပေါ်အောင်၊ အောင်မြင်အောင် ကြိုးစား တတ် ကြ၏။


ကုမ် ရာသီဖွားများ



ကုမ် ရာသီဖွားများ 
(နှစ်စဉ် ဇန်န၀ါရီလ ၂၁ မှ ဖေဖော်ဝါရီ ၁၈ အတွင်း၊ တပို့တွဲလ ဖွားများ )


ကုမ် ရာသီခွင်သည် (၁၂) ရာသီ စက်ဝန်း၏ (၁၁) ခုမြောက် ရာသီခွင်ဖြစ်၏။ ဤ ရာသီခွင်နှင့် ဆိုင်သော ကောင်းကင်ပြင် အစိတ်အပိုင်း ရှိ ကြယ် နက္ခတ်များသည် ရေအိုးထဲမှရေကို သွန်းလောင်းချနေသော အမျိုးသား တစ်ဦး၏ ပုံ ပေါ်ထွန်းနေသော ရာသီခွင်ဖြစ်၏။ 

ဝါယော ဓာတ် ခေါ် လေဓာ တ် သဘာဝ စိုးမိုးသော ရာသီခွင်ဖြစ်၏။ ဓာတ်ဖို သဘာဝ ဆောင်၏။ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွင် ဒူးဆစ်နှင့် ခြေကျင်းဝတ် တို့ကို စိုးမိုး၏။ မည်သည့်နှစ် မဆို ဇန်န၀ါရီ (၂၁) ရက်မှ
ဖေဖော်ဝါရီ (၁၈) ရက် အတွင်း မွေးဖွားသူ တို့သည် ကုမ် ရာသီဖွားများဟု ပုံသေမှတ်ယူရမည် ဖြစ်သည်။ 

ထိုသို့ ရက် အတိအကျ မသိဘဲ မြန်မာလ တပို့တွဲလ အတွင်း မွေးဖွားသူတို့သည် လည်း ကုမ် ရာသီဖွားများဟု တစ်ထစ်ချ မှတ်ယူကာ အောက်ပါဖြစ်စဉ်တို့ကို လေ့လာဆင်ခြင်နိုင်ပေ၏။


ကုမ် ရာသီဖွား တို့၏ ပင်ကိုယ် သဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ

ကုမ် ရာသီဖွား တို့သည် ပင်ကိုယ် စိတ်ဓါတ် ဖြူစင်မြင့်မြတ်သူများဖြစ်၏။ ဉာဏ်ပညာ အလွန် ထက်မြက်သူများဖြစ်၏။ အထူး သဖြင့် အတွက် အချက် ပညာတို့တွင် ပါရဂူမြောက်အောင် ထူးချွန်တတ်ကြ၏။ ထို့အပြင်
မည်သည့် ကိစ္စမဆို ယုတ္တိကျကျ ကျိုးကြောင်းတိကျစွာ တွေးခေါ်ယူဆနိုင်စွမ်း ရှိကြ။

 ဖြတ်ထိုးညာဏ် အလွန်ကောင်း၏။ အနေအထိုင်၊ အစားအသောက် ကျစ်လစ်၏။ သစ္စာ ရှိ၏။ စကားနည်း ၏။ သီးသီးသန့်သန့်နှင့် အေးအေး ချမ်းချမ်း နေတတ်၏။ သူတစ်ပါးကို အနှောက်အယှက် လုံးဝ မပေးတတ်ပါ။ ကိုယ် တာဝန်ယူထားသော ကိစ္စများကို အပြီးဆောင်ရွက်တတ်ကြ၏။ မည်သည့် ကိစ္စမဆို အပင်ပန်းခံပြီး လုပ်တတ်ကြ၏။ 

စည်းစနစ်နှင့် သုံးစွဲသဖြင့် နှမြောတွန့်တို သလို အထင်ခံကြရတတ်၏။ အအိပ် စုံမက်၏။ ပျင်းရိစိတ် ၀င်လာက ဘာမှ မလုပ်ဘဲ နေတတ်၏။ အလှအပ အထူးကြိုက်၏။ အလှအပမြင်သမျှ သဘောကျတတ်၏။

ပင်ကိုယ် စိတ်ဓါတ် တည်ကြည်၏။ ထက်မြက်၏။ သစ္စာရှိ၏။ ဘ၀တွင် အပြောင်းအလဲများစွာ ကြုံရတတ် ၏။ ဘ၀တွင် အမြဲတမ်း လှုပ်ရှား ရှင်သန်နေရ၏။ အနစ်နာခံ၊ အပင်ပန်းခံ၊ အနွံတာခံပြီး ကြိုးစားကြရ တတ်၏။ ကိုယ်တိုင်ကလည်း မလုပ်ဘဲနေလျှင်သာ ငြိမ်နေတတ်ပြီး လုပ်ပြီ ဆိုက သူများထက် သွက်လက်ထက်မြက်၏။

အထူး သတိပြုရန်မှာ.............. 
 စိတ်ထားဖြောင့်သလောက် ကုမ် ရာသီဖွား အမျိုးသားတို့ စကားပြောရာတွင် မထင်လျှင် မထင်သလို
ပေစောင်းစောင်း၊ ကျွတ်ဆတ်ဆတ် ပြောချင်တတ်ကြ၏။ ကုမ်ရာသီဖွား အမျိုးသမီးများ နှုတ်စ လျှာစ ကြမ်းတမ်း မိတတ်ကြ၏။ တစ်ခါတစ်ရံ အာရုံခံစားမှု၊ စိတ်ခံစားမှုနောက် လိုက်မိသဖြင့် သစ္စာမရှိ၊ ကတိမတည်၊
လော်လီ သလိုဖြစ်သွားတတ်ကြ၏။ 

အမှန်မှာ ကုမ်ရာသီဖွား တို့သည် သစ္စာရှိသူ၊ ယောက်ျား ပီသသူများဖြစ်ကြပေ၏။ ကုမ် ရာသီဖွား အမျိုးသမီး
များ ယောက်ျား ဆန်ဆန် ထက်မြက်တတ်ကြ၏။ ကုမ် ရာသီဖွားအားလုံး ရည်မှန်းချက် မြင့်မားစွာ ထားပြီး စိတ်ပါ လက်ပါ ကြိုးစားပါက ထိပ်တန်းရောက်အောင် အောင်မြင်သွားတတ်ကြ၏။  
အထူးသတိပြုကြိုးစား သင့် ၏။ 

ထို့အပြင် ကုမ် ရာသီဖွားတို့သည် ယုံမိက ပုံအပ်တတ်ခြင်း၊ ခေါင်းမာစွာ ဆုံးဖြတ်တတ်ခြင်းတို့ကြောင့် နာမည် ပျက်ခြင်း၊ ရှိရင်းစွဲ အောင်မြင်မှု ကို ထိခိုက်တတ်ခြင်း၊ စည်းစိမ် ဥစ္စာများ ပျက်စီးသွားခြင်းလည်း ဖြစ်တတ် ကြ၍ အထူးသတိပြုသင့်၏။ 

အကြောင်းမူ ကုမ် ရာသီဖွားတို့သည် ဓါးသွေးကျောက် သဖွယ် သူတစ်ပါးတို့ကို အနစ်နာခံတတ်ကြ၏။ အနစ်နာခံပြီး ကူညီချင်၏။ သူတစ်ပါးအတွက် ဆိုလျှင် ကိုယ်ကျိုး စီးပွားအပျက်ခံပြီး ကူညီတတ်ကြ၏။ မိတ်ဆွေကောင်း ပီသ၏။

မိတ်ဆွေ မဖြစ်ခင်သာ ဘာသိ ဘာသာ နေတတ်ပြီး မိတ်ဆွေဖြစ်သွားက တစ်ခါတွေ့တစ်သက် မမေ့နိုင်လောက်အောင် မိတ်ဆွေ ပီသသူများဖြစ်၏။ အနစ်နာ ခံသူများဖြစ်၏။ ထိုသို့သော အခြေအနေကြားမှပင် အထင်လွဲ ခံရခြင်းမျိုးကိုလည်း မကြာခဏ ကြုံရတတ်ကြလေ၏။  

သူတစ်ပါး အတွက် ကြားဝင် ခံရခြင်းမျိုးလည်း ကြုံတတ်ကြလေ၏။ ကိုယ်နှင့်ဝေးမှ ချီးကျူးး ခံရတတ်၏။ သေ ပြီး မှ ချီးမွမ်း ခံရတတ်သော ဇာတာရှင်များဖြစ်၏။

အနုပညာကို အထင်ကြီး၏။ အနုပညာသမားများနှင့် လက်တွဲပေါင်းသင်းတတ်၏။ စာပေရေးသားမှု ဘက်တွင် ပါရမီရှိ၏။ ထို့အပြင် ဘာသာရေး ပါရမီရင့်သန်သူများဖြစ်သည်။ သို့သော် ဘာသာရေးတွင် အယူသည်း ၏။ အချို့ ကိစ္စများတွင် အများနှင့် အမြင် မတူသဖြင့် လူ့ခွစာများ ဖြစ်နေတတ်ပြန်သည်။