Monday, October 27, 2014

စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း ရဲ့ လီရှန်လွန်း နဲ့ အတူ Selfie

စင်ကာပူ ၀န်ကြီးချုပ် မစ္စတာ လီရှန်လွန်း လည်း Selfie ရိုက်ကူး တာ ၀ါသနာ ပါတယ်ဆိုတဲ့ မှတ်တမ်း တခုပါ။ 

စင်ကာပူနိုင်ငံ ဆန်တိုဇာ ကျွန်းမှာ ရှိတဲ့ Madame Tussauds Singapore ပြတိုက် ထဲမှာ စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း ရဲ့ ဖယောင်းရုပ်တု နဲ့ အတူ လီရှန်လွန်း က သူ့ရဲ့ အသစ် စက်စက် အိုင်ဖုန်း နဲ့ အမှတ်တရ Selfie ဓာတ်ပုံရိုက် ပြီး ဖေ့စ်ဘုတ် မှာ တင်ခဲ့ ပါတယ်။ 

 ဓာတ်ပုံ- စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ


စမတ်ဖုန်းတွေ ခေတ်စား လာတာနဲ့ အမျှ နိုင်ငံ့ခေါင်းဆောင်တွေ လည်း ထင်ပေါ်ကြော်ကြား သူတွေလို Selfie ဓာတ်ပုံ ရိုက်ကူး လာတာဟာ Trend တခုဖြစ်လာတယ် လို့ ပြောရမလိုပါဘဲ။ 
အခုလို ၀န်ကြီးချုပ် လီရှန်လွန်း အစစ် နဲ့ အတု တို့ ရဲ့ ဓာတ်ပုံ ဟာ တစ်မျိုး ဆန်းသစ်တဲ့ Selfie တခုလည်း ဖြစ်နေ ပါတယ်။ 

ဆန်တိုဇာ က ပြတိုက် ထဲမှာ နိုင်ငံတကာ နဲ့ ဒေသတွင်း က ထင်ရှားကြော်ကြား သူတွေ ၊ နိုင်ငံရေး  ခေါင်းဆောင်တွေ ရဲ့ ဖယောင်း ရုပ်တုတွေ လည်း ရှိကြပါတယ်။ 

စင်ကာပူနိုင်ငံ ရဲ့ ပထမဆုံး သမ္မတကြီး မစ္စတာ Encik Yusof Ishak အပါ အ၀င် Fandi Ahmad နဲ့ Phua Chu Kang တို့ရဲ့ ဖယောင်း ရုပ်တုတွေ လည်း ရှိပါတယ်။

 စင်ကာပူရဲ့ ယဉ်ကျေးမှု ပြယုဂ်တွေ နဲ့ အထိမ်း အမှတ်တွေ လည်း ပြတိုက်မှာ ထားရှိတာပါ။ 
အခုလို စင်ကာပူနိုင်ငံ က ဖယောင်း ရုပ်တုတွေ နဲ့ ဂုဏ်ပြုထားနိုင် တာကို ၀န်ကြီးချုပ် လီရှန်လွန်း က ဂုဏ်ယူကြောင်းလည်း သူ့ဖေ့စ်ဘုတ် မှာ ရေး ထားပါတယ်။ 

 Posted by
အိမ့်သံစဉ် ~ 
From...Search Myanmar



No comments:

Post a Comment