Showing posts with label သမိုင်း.မှတ်တမ်းများ. Show all posts
Showing posts with label သမိုင်း.မှတ်တမ်းများ. Show all posts

Thursday, September 26, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘုရင့်နောင်၏ မျိုးဆက်များ



ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ်တွင် ရခိုင်ဘုရင်များ လက်ထက်က အိမ်ခြေပေါင်း တစ်ထောင်စီဖြင့် ဗိုလ်မင်းထောင် (Bohmong – Bandarban District)၊ သက်ထောင် (Chakma – Rangamati District) နှင့် ဖလံထောင် (Mong – Kahgrachhari District) ဟု ထောင်သုံးထောင် တည်ဆောက်ပေးခဲ့ပြီး ဗိုလ်မင်း တစ်ဦးစီကို အဆိုပါ ထောင် တစ်ထောင်ကို အပိုင်စား ပေးပြီး အုပ်ချုပ်ခွင့်ပြုခဲ့သည်။

ထိုဒေသတွင် အုပ်ချုပ်သူ ဗိုလ်မင်း အနွယ်များသည် ဘုရင့်နောင်မင်းကြီး၏ သားတော် နန္ဒ ဘုရင် မှ ဆင်းသက်လာသည့် အမျိုးအနွယ်များဟု သိရသည်။ ၁၅၉၉ ခုနှစ်တွင် ရခိုင်ဘုရင် သည် ပဲခူးကို တိုက်ခိုက်အောင်မြင်ပြီးနောက် နန္ဒဘုရင် ၏ သမီးတော် မင်းသမီး ခင်နှောင်းနှင့် မောင်တော်စောဖြူ  တို့ကို ရခိုင်သို့ခေါင်းဆောင်ခဲ့သည်။ မင်းသမီးခင်နှောင်း အား မိဖုရား မြှောက်ပြီးနောက် မောင်တော်စောဖြူ   အား ထိုအချိန်က ရခိုင်လက်အောက်ခံ စစ်တကောင်း နယ် ကို အပိုင်စားပေးကာ အုပ်ချုပ်စေခဲ့သည်။



မကြီးကြီးလမ်း ပိုင်ရှင် သူဌေးမကြီး မကြီးကြီး




ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အတွင်းတွင် မကြီးကြီးလမ်း ဟု ခေါ်သော အထင် ကရ လမ်းမကြီး တစ်လမ်း တည်ရှိပါသည်။ မကြီးကြီးလမ်းသည် ပြည်လမ်းနှင့် ရှမ်းလမ်း ကို ဆက်သွယ်ထားသည့် လမ်းမကြီးလည်း ဖြစ်ပါသည်။ 

မကြီးကြီးလမ်း ဟု ဂုဏ်ပြုမှည့်ခေါ် ခံခဲ့ရခြင်းမှာ မိမိပိုင်မြေများထဲမှ လမ်းဖောက်လုပ်ရန် မြေလှူဒါန်း ခဲ့သောကြောင့် ဖြစ်သည်။ မကြီးကြီးသည် မိဘ ဘိုးဘွားများ လက်ထက်ကပင် ချမ်းသာကြွယ်ဝခဲ့သူ ဖြစ်သည်။

မိဘဆွေမျိုး

၁၈၇၀ ပြည့်နှစ်၊ အောက်တိုဘာလ တွင် ဦးရိုး၊ ဒေါ်ရွှေသီး တို့မှ ဖွားမြင်သည်။ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် အတွင်း ထင်ရှားသည့် ဦးကြွယ်ဟိုးလမ်း ဟု ဂုဏ်ပြုခေါ်ခံရသူ သင်္ကန်း ပရိက္ခရာ တိုက်ပိုင်ရှင် ဦးကြွယ်ဟိုး နှင့် ဒေါ်စုံ တို့မှာ မကြီးကြီး ၏ ဘိုးဘွားများ ဖြစ်သည်။

ပိုင်မြေများ

ပိုင်ဆိုင်သော မြေဧက ၄၀ ခန့်ပင် ရှိသည်။ မုန့်လုပ်ဆောင်းကုန်း၊ ဝေဠုဝန်၊ စိန့်မေရီကျောင်း၊ ပြည်တော်သာ တိုက်ခန်း၊ ကမာရွတ် အထိ ပိုင်ဆိုင်သည်။ မြေယာ အများအပြား ပိုင်ဆိုင်သော် လည်း အများအကျိုးအတွက် လှူဒါန်းခဲ့သူ ဖြစ်သည်။ ရွှေတိဂုံ စေတီတော်ကို ၁၀ ဧက လှူဒါန်း ဖူးသော်လည်း စေတီတော် နှင့် ဝေးကွာသည့် အတွက် လူနေရပ်ကွက်များ ဖြစ်သွားခဲ့သည်။



Tuesday, September 24, 2019

ယောမင်းကြီး ဦးဖိုးလှိုင်


" ငလှိုင် ၊ သည်လှံ ကို ကြည့်စမ်း၊ မည်သူကိုင်တဲ့ လှံ တုံး " ဟု မင်းတုန်းမင်း တရားကြီးက မေးလေရာ ......
" အရှင့် ခမည်းတော်ကိုင်သော လှံဖြစ်ပါကြောင်း " ယောမင်းကြီးဦးဘိုးလှိုင်က လျှောက်သည်။
မင်းတရားကြီးက "ငါ့ခမည်းတော် သည်လှံနှင့် မည်သူ့ကို စီရင်သတုန်း" ဟု ဆက်မေးတော်မူရာ
"ကျွန်တော်မျိုးကျေးဇူးရှင် အဖ ကို စီရင်ပါကြောင်း" လျှောက်၏။
" သည်လှံတော်နှင့် မောင်မင်း စီရင်ခြင်းကို ခံလိုသလား" ဟု မေးတော်မူရာ ယောမင်းကြီး ဦးဘိုးလှိုင် က "ထိုးတော်မူပါဘုရား" ဟု ပြောကာ ရင်ဘတ် ကို ကော့၍ ပေးလေသည် ။
အထက်ပါဖြစ်ရပ်လေးကတော့ မင်းတုန်းမင်း  နဲ့ ယောမင်းကြီးဦးဖိုးလှိုင် တို့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ် လေးပါ။
ယောမင်းကြီးဦးဖိုးလှိုင် အကြောင်းဆိုရင် ကျွန်တော်တို့ နှောင်းလူတွေဟာ အထက်ပါဖြစ်ရပ်နဲ့ ကင်းဝန်မင်းကြီးဦးကောင်း က ပြင်သစ်ကို မိုးကောင်းပတ္တမြားမြေ ရောင်းခဲ့တဲ့ ကိစ္စ ၀င်ဖြေရှင်း ပေးခြင်းတို့လောက်သာ သိကြတာပါ။
တစ်ကယ်တော့ ယောမင်းကြီးဦးဘိုးလှိုင် ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်တွေ အများကြီး လုပ်ခဲ့တဲ့၊ တုနှိုင်းမရတဲ့ သုခမိန် တစ်ယောက်ဖြစ်ပါတယ်။

ကနောင်မင်းသားကြီး ဦးဆောင်တဲ့ စက်မှုခေတ်ပြောင်းတော်လှန်ရေးမှာ ကနောင်မင်းသား ဟာ ဦးဆောင်သူ၊ လက်တွေ့ သမားဖြစ်ပြီး ယောမင်းကြီးဦးဘိုးလှိုင် ကတော့ လက်တွဲ လုပ်ကိုင်သူ ရဲဘော် ရဲဘက်၊ အကြံဥာဏ်ပေးသူ သဘောတရားရေးရာ ပညာရှင်ဖြစ်ပါတယ်။


ဦးဘိုးလှိုင် ဟာ စက်မှုခေတ် တည်ထောင်ဖို့သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသဖြင့် မြန်မာနိုင်ငံကို အဖက်ဖက်က ခေတ်သစ်နိုင်ငံဖြစ်စေရန် ကြိုးပမ်း အားထုတ်ခဲ့သူဖြစ်ပါတယ်။
သူကိုယ်တိုင် ဟာလည်း သက္ကတ၊ ပါဠိ၊ မြန်မာစာပေများ အပြင် အနောက်တိုင်း ၀ိဇ္ဇာ၊သိပ္ပံ ပညာ ရပ်တွေမှာလည်း နှံ့စပ်စွာ လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။ ပညာရပ်ပေါင်း များစွာနဲ့ သက် ဆိုင်တဲ့ ကျမ်းပေါင်းများစွာ ပြုစုခဲ့သူလည်း ဖြစ်ပါတယ်။

တစ်ယောက်တည်းနဲ့ တက္ကသိုလ်တစ်ခု တည်ထောင်နိုင်လောက်အောင် ပညာရပ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့သူဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။

ဦးဘိုးလှိုင် ဟာ ပုဂံမင်းကို တော်လှန်တဲ့ မင်းတုန်း၊ ကနောင် မင်းနှစ်ပါး အရေးတော်ပုံမှာ စတင် ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။
အရေးတော်ပုံအောင်မြင်ဖို့ အတွက် မင်းတုန်းမင်း နဲ့ မြောက်ဆောင်တော် မိဖုရားတို့ရဲ့ မွေးစား သားလည်းဖြစ်တဲ့ ဦးဘိုးလှိုင် ရဲ့ အကြံပေးမှုတွေဟာ အရေးပါခဲ့တာမို့ မင်းတုန်းမင်း နန်းတက် ချိန် မှာ ယောမြို့စားမ င်းသားအဖြစ် ချီမြှောက်ခံခဲ့ရပါတယ်။


Thursday, July 4, 2019

ပျဉ်းမနားမင်းသားကြီး နှင့် ထရံကာမင်းသမီး




ဘုရင် အဖြစ်မှ အကြိမ်ကြိမ်လွဲခဲ့ရသူ (သို့) ပျဉ်းမနားမင်းသားကြီး နှင့် ထရံကာမင်းသမီး


မန္တလေးမြို့  ကြေးမြင်ကျောင်းရှေ့က ရေအိုးစင်လေးမှာ ကပ်ထားတဲ့ သချိုင်းကဗ္ပည်းစာ ကျောက်ပြားချပ်လေး ကို သေချာဖတ်ကြည့်မိတော့ ထူခြားချက်လေးတစ်ခုကို သတိပြုမိတာပါ။

ကမ္ပည်းစာကျောက်ချပ်ပိုင်ရှင်တွေက မင်းတုန်းမင်း တရားကြီးရဲ့ သားတော်နဲ့ သမီးတော်တွေ ဖြစ်ကြတဲ့ ပျဉ်းမနားမင်းသားကြီး နဲ့ ထရံကာ ထိပ်ခေါင်တင် တို့ ဇနီးမောင်နှံဖြစ်ပြီး သူတို့ရဲ့ မွေးဖွားခုနှစ် နဲ့ ကွယ်လွန်တဲ့ ခုနှစ်နေ့ရက်တွေကိုလည်း အဲဒီကျောက်ချပ်မှာ ဖော်ပြ ထားတယ်။

ပျဉ်းမနားမင်းသားသည် ရေနံချောင်းမင်းကြီး၏ သမီး (ကြယ်မြင့်မိဖုရား) နှင့် မင်းတုန်းမင်းမှ မွေးဖွားလာသော သားတော်ဖြစ်သည်။ ပျဉ်းမနားမြို့ ကို အပိုင်စားရသည်။စည်းမျဉ်းခံ ဘုရင်စနစ် ကို အကောင်အထည်ဖော်ရန် ကင်းဝန်မင်းကြီး တို့ ကြိုးပမ်းစဉ်က အဖိုးဖြစ်သူ ရေနံချောင်း မင်းကြီး မှ ဘုရင်လောင်းအဖြစ် စာရင်းတင် ခံရသူ ဖြစ်သည်။

ထိုစဉ်က အသက် ၈ နှစ်သာ ရှိ၏။ နန်းတွင်းလူ သတ် ပွဲကြီးတွင် ရေနံချောင်းမင်းကြီး နှင့် ကင်းဝန်မင်းကြီးမှ အကာအကွယ်ပေးနိုင်ခဲ့သဖြင့် အသက်မသေဘဲ လွတ်မြောက်ခဲ့သည်။ ထိုစဉ်က အသက် ၁၀ နှစ်သာ ရှိသေးသည်။

သီပေါမင်းပါတော်မူပြီးနောက် ကင်းဝန်မင်းကြီးတို့သည် ကုန်းဘောင် မင်းဆက်မပျက်စေရန် ကြိုးပမ်းကြ ရာ နောက်တစ်ဖန် ဗြိတိသျှ သြဇာခံ ဘုရင်လောင်း အဖြစ် ထပ်မံ စဉ်းစားခြင်း
ခံရပြန်သည်။

၁၉၄၂ ခုနှစ် ဂျပန် လက်အောက်တွင်လည်း ဂျပန်တို့ သည် ကုန်းဘောင် မင်းဆက် ကို ပြန်လည် အသက် သွင်း လိုသဖြင့် ဂျပန်များမှ ပျဉ်းမနားမင်းသားကြီး ကို ရှာဖွေကာ ဘုရင်အဖြစ် တင်မြှောက်ကာ ကုန်းဘောင်မ င်းဆက် ကို ပြန်လည် အသက်သွင်းရန် စီစဉ်ခဲ့ကြသေး သည်။


Saturday, December 29, 2018

မင်းတုန်းမင်းကြီး ဘာတွေလုပ်



မင်းတုန်းမင်းကြီးဟာ ရှင်ဘုရင် ဆိုပေမယ့် အေးအေးဆေးဆေး ဇိမ်ခံနေတာမျိုး မဟုတ်ဘဲ သူ့ချိန်ဇယားနဲ့သူ အလုပ် အလုပ်လုပ်နေခဲ့တာကို ချီးကျူးဖို့ ကောင်းပါတယ်။


မနက်စောစော ၅ နာရီခွဲလောက်မှာ အိပ်ရာက ထတယ် ။ အပြင် မထွက်ခင် အလှည့်ကျ မိဖုရားများက သလွန်တော်အောက်ကနေ တစ်ကိုယ်လုံးကို ဆီတော် များနဲ့ ပွတ်လိမ်းပေးရတယ် ။ ခေါင်းလိမ်းဆီ ၊ ကိုယ် လိမ်းဆီ ဆိုပြီး နှစ်မျိုးခွဲခြားထားပြီး နှစ်မျိုးစလုံးဟာ စပါယ် မြတ်လေး စတဲ့ သင်းပျံ့မွှေးကြိုင်တဲ့ အဖိုးတန် ဆီ များဖြစ်ကြတယ် ။

 ရေမချိုးလို့ မဖြစ်တဲ့ အကြောင်းကိစ္စတွေက လွဲပြီး မင်းတုန်းမင်းကြီးဟာ ရေချိုးလေ့ မရှိဘူးတဲ့ ။ ရေအစား ဆီတွေနဲ့ ပွတ်လိမ်းပြီး တစ်ကိုယ်လုံးမှာ ရှိတဲ့ ချေးညော်များနဲ့ မကောင်းတဲ့ အနံ့အသက်တွေကို သုတ်သင် တာဖြစ်မယ် ထင်ပါတယ်။
ပြီးတော့ နာရီဝက်ခန့် ကြာအောင် ကိုယ်မှာ ဆီတွေ လိမ်းပြိး ကတိုးမှုန့် များနဲ့ ပွတ်လိမ်းတာကိုခံပါတယ်။အလှည့်ကျ ပျိုတော်များက မင်းကြီး ကျန်းမာရေးအတွက် အနှိပ်တော် ဆက်ကြရပါတယ် ။
အနှိပ်ခံပြီးနောက်မှာ အိမ်သာတော် ဝင်ပါတယ်။ အိမ်သာတက်နေတဲ့ အချိန်မှာ အလှည့်ကျ မိဘုရားများက တစ်ပါတည်း လိုက်ပါရပြီး ထောက်လှမ်းချက် ရသောစကားများ ၊ အလိုတော် မေးတော်ရှိသော စကားများကို ပြန်လည်လျှောက်ထားရန်ဖြစ်ပါတယ်။
အိမ်သာမှ ထွက်လာတဲ့ အခါ နန်းတော်ဦး အရှေ့ပိုင်းမှာ သားတော်များက မျက်နှာသစ်ရေ ဆက်ကြရ ပါ တယ် ။
မျက်နှာသစ်ပြီးနာက်မှာ ဆံတော် ရှင်းတယ် ( ခေါင်းဖြီးတယ် ) ။ နန်းမယ်တော် မိဖုရားခေါင်ကြီး (စကြာင်္ဒေဝီ) ရှိစဉ် အခါက နေ့စဉ်ခေါင်းဖြီးပေးရတယ်တဲ့ ။ မိဖုရားကြီး ကွန်လွန်ပြီးတဲ့ နောက်ပိုင်း ကိုယ်တိုင် ဖြီးပါတယ် ။ ဘယ်သူ့ကိုမှ မခိုင်း ၊ ဘယ်သူကိုမှ သူ့ဦးခေါင်းကို ကိုင်ခွင့် မပြု ၊ ဘယ်သူ့ကိုမှ မယုံ။
ပြီးတော့မှ ဝတ်တော်လဲ ပြီး ဘုရားကြည်ညို ( ရှိခိုး ) တယ် ။


Thursday, August 31, 2017

1942 မေလ 13 ရက် ရခိုင်များ လူမျိုးတုံး သတ်ဖြတ်ခံရတဲ့နေ့


နိုင်ငံတစ်ကာ သမိုင်းပညာရှင်များ မသိချင်ယောင်ဆောင်ထားတဲ့ တစ်ကယ့်ဖြစ်ရပ်မှန်။ ။

၁၉၄၂ ခုနှစ် ရခိုင် သမိုင်းမှာ ဒီလို ပုံရိပ်တွေ ရှိခဲ့တယ် ။
(1942 ) ခုနှစ် ကုလားရခိုင် အထိကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွါးလေသည်။

အင်္ဂလိပ်တပ်ဖြစ်သော ရာခ်ျပု ကုလားစစ်သားများက ရခိုင် အမျိုးသမီးများကို အဓမ္မပြုကျင့် ရခိုင်အမျိုးသားများကို ဘင်္ဂလီကုလား အရပ်သားများနှင့် ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာမှ မခံမရပ်နိုင်ဖြစ်ပြီး   စတင်ဖြစ်ပွါးလာ ရခြင်းဖြစ်လေသည်။

ယင်းပြဿနာသည် မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ် များသို့ ကူးစက်သွားသည်။ ယင်းကိစ္စကို ရခိုင်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဦးပညာသီဟ ၊ ဦးသာကျော် (ဘုံပေါက်) တို့က ဖြန်ဖြေပေးသဖြင့် အထက်ပါမြို့များမှာ အေးဆေးငြိမ်သက်သွားခဲ့ပါသည်။

သို့သော် အထက်ပါမြို့နယ်များမှ ဘူးသီးတောင် ၊မောင်တောမြို့နယ်များသို့ ထွက်ပြေးသွားကြသော ဘင်္ဂလီကုလားများနှင့် ဘူးသီးတောင် မောင်တောမြို့နယ်များမှ ပညာတတ် ကုလားခေါင်းဆောင် အချို့ ဦးဆောင်ကာ နယ်ခံ ကုလားများနှင့် ပူးပေါင်း၍ ယင်းဒေသရှိ ရခိုင် ၊ ရခိုင် မျိုးနွယ်စု တိုင်းရင်းသားများနှင့် ကျေးရွာများကို အမြစ်မကျန် ချေမှုန်း သုတ်သင် သတ်ဖြတ်ကြရန် နှိုးဆော် စည်းရုံးကြလေသည်။

ယင်းအချိန်တွင် မေဂျာ ဦးကျော်ခိုင် (အိုင်စီအက်) သည် ၄င်းကိစ္စကို ထိမ်းသိမ်းရန် စစ်တွေမြို့  မှ ကုလားခေါင်းဆောင်များဖြစ်သော ဦးယာဆိန်း (ရှေ့နေ) ဦးဆူတန်မာမတ် ၊ဦးဘိုးခိုင် စသော သူများ နှင့် ကြိုးပမ်းသော် လည်း မအောင်မြင်သည့် အပြင် (မေဂျာ ဦးကျော်ခိုင် ) ကိုယ်တိုင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ တွင် ကုလား များ၏ ပစ်ခတ် လိုက်သော သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားရလေသည်။

(၁၉၄၂) ခုနှစ် မေလ တွင် မောင်တောမြို့နယ်ရှိ ကုလားကျေးရွာ အားလုံးသည် လူစုရုံးပြီး လက်နက်ကိုင်များကိုင်ဆောင် လျက် ရခိုင်ကျေးရွာများကို တိုက်ခိုက်ဖျက် ဆီး မီးရှို့ခြင်းများ စတင်ပြုလုပ်လာကြသည်။ ရခိုင်ကျေးရွာ များကို ၀ိုင်းထားခြင်း ၊ လမ်းတံတားများအား ဖြတ်တောက် ဖျက်ဆီးထားခြင်းတို့ ပြုလုပ်ကြ သည်။

မောင်တောမြို့ကို ဒုတ် ဒါး လက်နက် ကိုယ်စီဖြင့် ၀ိုင်းရံထားသည့် ဘင်္ဂလီ အင်အားမှာ(၂၀၀၀၀)နှစ်သောင်း ကျော် လောက်ရှိမည်ဟု ခန်းမှန်းကြသည်။ မောင်တောမြို့ ၀င်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ထားကြ သည်။

မောင်တောမြို့နယ် ပတ်ဝန်းကျင် ကျေးရွာများကိုလည်း ကုလား များ ၀ိုင်းဝန်း ထိုးခုတ်နေကြသည်ဟု သတင်းများကြားကြရသည်။ ဒါး ဒါဏ်ရာနှင့် မောင်တော မြို့ပေါ်သို့ တက်လာ သော သူများမှာလည်း မနည်းလှပါ။
မောင်တောမြို့အလယ်ရွာက ဟု ထင်ပါသည်။ အိမ်ထောင်စု တစ်စု မနက် (၄နာရီ) လောက်တွင် ဘူးသီးတောင်သို့ ဖေါက်ထွက်ပြေးကြရာ ကညင်တန်းရွာမှ ကုလားများ ခုတ်လွှတ်လိုက်သောကြောင့် ပါသွားသော 
ပစ္စည်း များအားလုံးလည်း လုယူ ခံရပြီး သွေးသံရဲရဲ ဖြင့် မြို့ထဲသို့ ပြန်ဝင်ပြေးလာသည်ကို တွေ့ရှိခဲ့ရသည်။

ယင်းနေ့ မိုးလင်းသည့် အချိန်မှ စ၍ ရရာ ပစ္စည်းများကို ထုတ်ပိုးပြီး ထွက်လာခဲ့ကြ ရာ လမ်းများပေါ်တွင် မိမိကဲ့သို့ အထုတ် အပိုးများဖြင့် ဟိုဟို ဒီဒီ ပြေးလွှားနေကြသော ထိတ်လန့် ကြောက်လန့်နေကြသည့် ရခိုင်များ အုပ်စုလိုက် အုပ်စုလိုက် တွေ့ရပါသည်။






Saturday, August 12, 2017

သမိုင်း စည်းရိုး ကာသင့်နေပြီ



အရေးကြီးသည်။ ဖတ်ပါ။ ဖတ်ပြီး ဖြန့်ဝေပါ။ 
အနောက်တံခါး လုံခြုံရေးကို တပ်မတော်က ကာကွယ်နေလျှင် .....
တို့တစ်တွေက သမိုင်း စည်းရိုး ကာသင့်နေပြီ ။
**********************************

ရို/ဂျာ သတင်းမှာ ဘာတက်လာလဲ ဆိုတော့ ရခိုင်မင်းတွေ လက်ထက်က သွန်းလုပ်ခဲ့တဲ့ ဒင်္ဂါးပြားတွေမှာ ပါနေတဲ့ အာရဗီစာတွေကို လက်ညှိုး ထိုးပြီး ရှေးခေတ်ကတည်းက ရို/ဂျာ ရှိတယ်ဆိုတာကို သမိုင်းလိမ်ထားတယ်။

သူတို့တတွေက သမိုင်းလိမ်တွေကို ကမ္ဘာနဲ့ ချီပြီး ဖြန့်ဝေနေတဲ့ အချိန်မှာ တို့လူမျိုးတွေက စာဖတ်ဖို့ ပျင်းနေ ကြ တယ်။ နိုင်ငံတစ်ခုကို လက်နက်နဲ့ ကျူးကျော်လို့ လက်နက်နဲ့ ပြန်တိုက်လို့ရပေမဲ့ သမိုင်း ကျူးကျော်ပြီး ဝါဒဖြန့်နေတာကိုတော့ လက်နက်နဲ့ တိုက်မရပါဘူး။ ဒါဆို ဘာနဲ့ပြန်တိုက်မလဲ။ သမိုင်းကို သမိုင်းနဲ့ပြန်တိုက်မယ်။ ကုလားတွေရဲ့ သမိုင်းလိမ်တွေကို တို့တစ်တွေဖော်ထုတ်မယ်။ တို့လူမျိုးတွေ သမိုင်း အလိမ် မခံရအောင် စာဖတ်ကြမယ်။
လက်ရှိ ရခိုင်သမိုင်း လိမ်လည်မှုတွေကို ဒီအတိုင်း လက်ပိုက်ကြည့်နေရင် တို့တစ်တွေရဲ့ အမှန်တရားဟာ လုံးဝပျောက်ကွယ်သွားမယ် ဆိုတာ သတိထားကြပါ။ အခုလက်ရှိ အလိမ် ခံထားရတဲ့ ရခိုင်မင်းများလက် ထက် က ထုတ်တဲ့ ဒင်္ဂါးပြားပေါ်က အာရဗီစာတွေ အကြောင်းကို ကျွန်တော် လက်လှမ်းမှီသလောက် ရှင်းပြပါ့မယ်။
မြန်​မာနိုင်​ငံ၏ ပြည်​နယ်​တစ်​ခုဖြစ်​​သော ရခိုင်​ပြည်​နယ်​သည်​ ဧရိယာ စတုရန်းမိုင်​​ပေါင်း ၁၄၂၀၀ ရှိသည်​။၂၀၀၈ ခုနှစ်​ စာရင်း အရ လူဦး​ရေ ၃ သန်း နီးပါး ရှိသည်​ကို​တွေ့ရသည်​။
ဓည၀တီ (စစ်​​တွေခရိုင်)၊ ရမ္မ၀တီ ​(ကျောက်​ဖြူခရိုင်​)၊ ​မေဃ၀တီ (မာန်​​အောင်​ခရိုင်​) စသည့်​ ၀တီ​လေးရပ်​ဖြင့်​​  ပေါင်းစည်း အပ်​​သော ရခိုင်​ပြည်​နယ်​တွင်​ ...............
ဓည၀တီ​ခေတ်​ ၊ ​ဝေသာလီခေတ် ​၊ ​လေးမြို့​ခေတ်​ ၊ ​မြောက်​ဦး​ခေတ်​ ဟူ၍​ ခေတ်​​လေး​ခေတ်​ ထွန်းကားခဲ့သည်​။ 

ရခိုင်​ သမိုင်းမှတ်​တမ်းများ အရ ဓည၀တီ​ခေတ် ​သည်​ ဘီစီ ၃၂၅ မှ ​အေဒီ ၃၂၇ အထိကြာရှည်​ခဲ့သည် ​။ အ​ထောက်​အထား အဖြစ်​ ဓည၀တီမြို့​ဟောင်း၏ မြို့ရိုးများ၊ နန်းရာများကို ယ​နေ့နိုင်​ တူး​ဖော်​​တွေ့ရှိ​နေရခြင်းဖြစ်​သည်​။ 

ဓည၀တီသည်​ ပထမ ဓည၀တီ ၊ဒုတိယ ဓည၀တီ ၊တတိယ ဓည၀တီ ဟူ၍ထွန်းကားခဲ့ရာ ဘီစီ ၅၈၀ တွင်​နန်းတတ်​​သော စန္စသူရိယမင်း သည် တတိယ ဓည၀တီကို တည်​ထောင်​၍ မြို့တော်​ကို ​​တောင့်​တင်းခိုင်​မာ​အောင်​ ပြုလုပ်​ပြီး သူရိယ မင်းဆက်​ကို တည်​​ထောင်​ခဲ့သည်​။ ဓည၀တီမြို့သည်​ ​အေဒီ ၃၂၇ အထိ မြို့​တော် ​အဖြစ်​ ဆက်​လက်​တည်​ရှိခဲ့ရာ ​နောက်​ဆုံးမင်းမှာ သူရိယ​ကေတု ဖြစ်​သည်​။ ထိုမင်း လက်​ထက်​တွင်​ ​ဝေသာလီ အရပ်​သို့​ပြောင်း​ရွှေ့ခဲ့ရသည်​။
ဝေသာလီ အပျက်​တွင်​ ငမင်းငတုံ​ ခေါင်းဆောက်သော သက်လူမျိုးတို့ အင်​အား ကြီးမားလာပြီး ​အေ​ဒီ ၇၉၄ တွင်​နန်း တက်ခဲ့သည်​။ မြို့​တော်​ကိုလည်း ​ဝေသာလီ မှ စမ္ပ၀က်​သို့ ​ပြောင်း​ရွှေ့ခဲ့ပြီး ​နောင်​အခါ ​လေးမြို့​ခေတ်​ ဟု ထင်​ရှားလာမည့်​ ​ခေတ်​တစ်​​ခေတ်​ကို စတင်​ခဲ့သည်​။ 






Wednesday, October 12, 2016

ပျူ ဘုရင့်မွေးနေ့




သမိုင်း ဟာ နိဗ္ဗာန်ရောက်ကြောင်းတရား မဟုတ်ဘူး ။ သို့သော်လည်း စကြာမင်းတောင် သေခြင်းတရားနဲ့ မကင်းဘူး ။ သီရိဓမ္မာသောက မင်းတောင် ဇမ္ဗူဒိတ် တစ်ကျွန်းလုံး သူပိုင်တယ်လို့ ယူဆပေမယ့် သူသေခါနီးမှာ သူ့ပိုင်နက်တွေကို သူ့သားက ပိုင်တယ် ။ သေခါနီး သူပိုင်တာ ဓာတ်စာစားဖို့ ရှိတဲ့ သစ်သီး တစ်လုံး သာဖြစ်တော့တယ် ။ ဒီအကြောင်း အချက်တွေကို နမူနာယူပါ ။ သမိုင်းကို ဖတ်ရင် ဖြစ်ခြင်း ပျက်ခြင်းနဲ့ ဆင်ခြင်ပြီး နိဗ္ဗာန်ရောက်ကြောင်း ရှာပါ ။ ကမ္မဋ္ဌာန်း သဘောနဲ့ ဖတ်ပါ . . . ။

( စဥ့်ကိုင် သူဌေးသား မောင်ကုလား - ၁၇၂၀ ပြည့် / ခန့်မှန်း . . . )
1912 ခုနှစ်မှာ ကျောက်စာဝန် တော်စိန်ခို က ပြည်မြို့ သရေခေတ္တရာမြို့ဟောင်း တည်ရှိရာ မှော်ဇာမှာ ပျူအရိုးအိုးကြီး ၂ လုံး ကို တူးဖော် ရရှိခဲ့ပါတယ် ။ ကမ္ပည်းစာများ အရ သီဟဝိကြမဘုရင် နဲ့ ဟရိဝိကြမ ဘုရင်တို့ရဲ့ အရိုးအိုးတွေ ဖြစ်ကြပါတယ် ။ ပညာရှင်တွေ ကြိုးစား ဖတ်ရှုကြည့်ကြတော့ ပျူ  စာ က အဓိပ္ပာယ်ပေါ်လာခဲ့တယ် ။

"တိုင်းပြည် ၏ အဆင်တန်ဆာ သီဟဝိကြမ မင်းမြတ်သည် သက္ကရာဇ် ၈၀ နှစ် ၂ လ ၄ ရက်တွင် သက်တော် ၄၄ နှစ် ၉ လ ရက် ၂၀ မှာ နတ်ရွာစံသည် ။ မင်းမြတ် ၏ ရုပ်ကလာပ် . . ."

"မေးရိုး သုံးဆင့်ရှိသော ဟရိဝိကြမ မင်းမြတ်သည် သက္ကရာဇ် ၅၇ နှစ် ၂ လ ၂၄ ရက် တွင် သက်တော် ၄၁ နှစ် ၇ လ ၉ ရက်မှာ နတ်ရွာစံသည် ။ မင်းမြတ် ၏ ရုပ်ကလာပ် . . ."  စသဖြင့် ဖြစ်ပါတယ် ။

ပျူ  အရိုးအိုးတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေ အယူအဆ မတူညီကြတာက သက္ကရာဇ် ကိစ္စ ဖြစ်ပါတယ် ။ အများစုက ပျူ   အရိုးအိုးပါ အက္ခရာတွေဟာ ခရစ်နှစ် ၄ ရာစုသုံး ဂုပ္တ အက္ခရာမျိုးဖြစ်တယ် ဆိုပြီး ပျူနှစ် ကို ၃၁၉ ပေါင်းပြီး ခရစ်နှစ် ပြောင်းယူကြပါတယ် ။

တရုတ်ဘာသာ စာပေ ပညာရှင် သုတေသနမှူး ဦးရည်စိန် ( ပြည်ပ ၌ ကွယ်လွန် ) က ပျူ  သက္ကရာဇ် မှာ ၂၁ မတ် ၈၃၈ အေဒီမှာ စတင်ခဲ့တဲ့ သက္ကရာဇ်ဖြစ်ပြီး အခု မြန်မာ သက္ကရာဇ်ပင်ဖြစ်ကြောင်း ဆိုပါတယ် ။ 

ခရစ်နှစ် ၈၃၂ ခုနှစ် ပျူ   သက္ကရာဇ် ၁၉၄ မှာ ယီမိုးရွှန်း ရဲ့ မြေးဖြစ်သူ ချွန်ဖန်ယု  ရဲ့တပ်များ လာရောက်တိုက်ခိုက်ကြလို့ သရေခေတ္တရာ ပျက်သုဉ်းခဲ့ရတယ်လို့ ဆိုပါတယ် ။

ပျူ   အရိုးအိုးတွေက သက္ကရာဇ်တွေ ကို သိရတော့ အတွေးတစ်ခု ပေါက်လာပါတယ် ။ အရိုးအိုးတွေမှာ ပျူ  ဘုရင် နတ်ရွာ စံခဲ့တဲ့ ရက်စွဲ နဲ့ နတ်ရွာစံစဉ် အသက် ( နှစ် လ ရက် ) အတိအကျ ပါပါတယ် ။ သို့ ဆိုရင် နတ်ရွာ စံ ရက်စွဲမှ နတ်ရွာစံ စဉ် အသက်ကို နုတ်လိုက်ရင် ပျူ   ဘုရင့်မွေးနေ့ကို သိလာနိုင်ပါတယ် ။

ဟရိဝိကြမ ဘုရင်ကို အရင် တွက်ကြည့်ရအောင်ပါ ။ ခက်တာ မဟုတ်ပါဘူး ။ နတ်ရွာစံ တဲ့ ပျူသက္ကရာဇ် ၅၇ ခု ၂ လ ၂၄ ရက် မှ နတ်ရွာစံစဉ် အသက် ၄၁ နှစ် ၇ လ ၉ ရက် ကို နုတ်ကြည့်တာ ဖြစ်ပါတယ် ။ ဟရိဝိကြမဘုရင် အတွက် မွေးသက္ကရာဇ်ရက်စွဲ က ၁၅ ခု ၇ လ ၁၅ ရက် ကို ရပါတယ် ။

ပြက္ခဒိန် တွက်ချက်မှု  မှတ်တမ်းအရ သက္ကရာဇ် ၁၅ ခုက ဝါကြီး ထပ်နှစ် ဖြစ်တယ် ။ ၇ လမြောက်လ က တော် သလင်းလ ဖြစ်လိမ့်မယ် ။ သက္ကရာဇ် ၁၅ ခုရဲ့ တော်သလင်း လဆန်း ၁၅ ရက် ကို ခရစ်နှစ် ရက်စွဲ ပြောင်းကြည့်တော့ ၆၅၃ ခု စက်တင်ဘာလ ၁၂ ရက် ကြာသပတေးနေ့ ဖြစ်ပါတယ် ။ 

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၅၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ပျူ  ဘုရင် ဟရိဝိကြမ ကို ဖွားမြင်ခဲ့တယ် ။ အဲဒီနေ့မှာ သရေခေတ္တရာ မှာ ဘုရင်မင်းမြတ် ရဲ့ မွေးနေ့ပွဲ ကို ခြိမ့်ခြိမ့် သဲသဲ ကျင်းပကောင်း  ကျင်းပနေ   လိမ့်မယ် ။

သရေခေတ္တရာ နန်းရင်ပြင်ထက်မှာ ပျူ   ကချေသည်တွေ ၊ တူရိယာ အတီးအမှုတ် ပညာရှင်တွေ နဲ့ စည်ကားနေပါလိမ့်မည် ။ ပုရောဟိတ်တွေက အဲဒီနေ့မှာ ဖွားမြင်တဲ့ ဟရိဝိကြမ ဘုရင်ဟာ စွမ်းရည်ထက်မြက်သူ တန်ခိုး အာဏာ ကြီးမားသူဖြစ်ကြောင်း အမွှန်းတင် ပြောဆိုကြပါလိမ့်မယ် ။ 

အနီးဝန်းကျင် နိုင်ငံတွေဖြစ်ကြတဲ့  ဗိဿနိုး    ဟန်လင်း  နဲ့ ဝေသာလီ  တို့က ကိုယ်စားလှယ်တော် မင်းညီ မင်းသား များလည်း လာရောက်ကောင်း လာရောက်ကြပေလိမ့်မည် ။

အဲသလိုပဲ သီဟဝိကြမ မင်းရဲ့ မွေးနေ့ ရက်စွဲကိုလည်း တွက်ကြည့်မိတော့ သက္ကရာဇ် ၃၅ ခု ၄ လ ၁၄ ရက်မှာ ဖွားမြင်ကြောင်း တွေ့ရပါတယ် ။ ( ဝါဆို လဆန်း ၁၄ ရက် လို့ ဆိုနိုင်ပါတယ် ။ ခရစ်နှစ် ရက်စွဲကို တွက်   ကြည့်တော့ ခရစ်နှစ် ၆၇၃ ခု ဇူလိုင်လ ၂ ရက်နေ့ ရပါတယ် ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၃၉ နှစ် အကြာ ဇူလိုင်လ ၂ ရက်နေ့က ပျူဘုရင် သီဟဝိကြမ ကို ဖွားမြင်ခဲ့ပါတယ် ။