Saturday, October 11, 2014

သယံဇာတ တွေ တရုတ် နဲ့ ထိုင်း ခိုးလို့ ကုန်ပြီ ဟု ဦးခင်ညွှန့် ပြော




 Khin-Nyunt 
 (ဓာတ်ပုံ – မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံက သယံဇာတများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့က ခိုးထုတ်နေ သည် မှာ ကုန်နေပြီဟု ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွှန့် က ပြည်ထောင်စုနေ့စဉ် သတင်း စာနှင့် အင်တာဗျူး တစ်ခုတွင် ပြောကြားလိုက်သည်။

“သယံဇာတတွေက ခိုးထုတ်နေတာကွ။ တို့ဆီက ကျွန်းသစ်တွေ၊ သစ်တောတွေ အကုန် ပျက်စီး ကုန်ပြီ မရှိတော့ဘူး။ နယ်စပ်က ဟာတွေ အကုန် မရှိတော့ဘူး။ ခိုးထုတ်နေတဲ့ ဟာတွေမှာ အပေါင်း အသင်းတွေ ဖြစ်နေတာ။ 

အစိုးရမှာ ဘက်ဂျက် ရလား၊ မရဘူး။ အခွန် မရဘူး။ အများဆုံး ခိုးနေတာ က တရုတ် ကလည်း ခိုးနေတယ်။ ထိုင်း ကလည်း ခိုးနေတယ်။” ဟု ဦးခင်ညွှန့် က သူ၏ အင်တာဗျူး တွင် ပြောထား သည်။
 
သံယံဇာတ ပိုင်းနှင့် ပတ်သက် ၍ ပြောကြား သည့် အပြည့် အစုံမှာ …..
“သယံဇာတ တွေက ခိုးထုတ်နေတာ ကွ။ တို့ ဆီက ကျွန်းသစ်တွေ၊ သစ်တောတွေ အကုန် ပျက် စီး ကုန်ပြီ မရှိတော့ဘူး။ နယ်စပ်က ဟာတွေ  ။ ခိုးထုတ်နေတဲ့ ဟာတွေမှာ အပေါင်း အသင်း  တွေ ဖြစ်နေ တာ။ 

အစိုးရမှာ ဘက်ဂျက် ရလား၊ မရဘူး။ အခွန်မရဘူး။ အများဆုံး ခိုးနေတာက တရုတ် ကလည်း ခိုးနေတယ်။ ထိုင်း ကလည်း ခိုးနေတယ်။ ခိုးတာ သက်သာတာ က အန္ဒိယ က နည်းနည်း သက် သာတယ်။ 

ဘင်္ဂလားဒေ့ရှိ ကလည်း သက်သာတယ်။ နတ်မြစ်ကြီး ခြားနေတဲ့ အတွက်။ နောက်ပြီး သူတို့ ဘက်မှာ လည်း အဖိုးတန် တဲ့ သယံဇာတတွေ၊ ကျွန်းသစ်တွေ မရှိ ဘူးကွ။ ကဘော်မှာပဲ ရှိတယ်။ 

ကဘော်ချိုင့်ဝှမ်း ခဏခဏ ရောက်တာပေါ့။ အဲ့ဒီမှာ လည်း ကုန် သလောက်ဖြစ်နေပြီ။ သူက ကျွန်းတော နည်းတာကိုး။ များတာ ကတော့ ထိုင်းဘက်မှာ များတယ်။ တရုတ်ဘက်မှာ များတယ်။ မရှိတော့ဘူး။ ကုန်သွားပြီ။ 

ထိုင်းဘက်က ဟာတွေက အဲဒီ့ တုန်းက အဲ့ဒီ နယ်စပ်တွေ အကုန်ရောက်တယ်။ ကျွန်းတောကြီးတွေ မည်းနေ တာပဲ။ ငါ အတွင်းရေးမှူး ဖြစ်တဲ့ အခါမှာ ဘာမှ မရှိတော့ဘူး”

mizzima
From... Search Myanmar 

No comments:

Post a Comment