Friday, October 17, 2014

တမလွန် က အဖွား ရဲ့ ဖုန်းမက်ဆေ့ခ်ျ ရလိုက်သော အခါ

 အဖွား လက်စလေရဲ့ ဖုန်းက မက်ဆေ့ခ်ျ ကို လက်ခံ ရလိုက်တဲ့ မြေးဖြစ်သူ ရှရီ နဲ့ ဦးလေးဖြစ်သူ ဂရေဟမ်၊  ဓာတ်ပုံ- The Mirror

တမလွန်က ဖုန်းမက်ဆေ့ခ်ျရောက်လာလို့ မိသားစုတွေ ထိပ်လန့်သွား ရှရီ အမ်မာစန်နဲ့ သူ့ ဦးလေး ဖြစ်သူ ဂရေဟမ်တို့ဟာ တမလွန်ရောက်သွားပြီဖြစ်တဲ့ အဖွား လက်စလေ အမ်မာစန် ဆီက တယ်လီဖုန်း သတင်း မက်ဆေ့ခ်ျတွေ လက်ခံရလိုက်တဲ့အခါ ထိပ်လန့် သွားခဲ့ကြတယ်။

အသက် ၅၉ နှစ်အရွယ် မှာ ကွယ်လွန် သွားတဲ့ အဖွား လက်စလေအမ်မာစန် ကို သူ့ရဲ့ လက်ကိုင် ဖုန်း ကိုပါ တပါတည်း မြေ မြှုပ် သဂြိုလ် ခဲ့ကြပါတယ်။

အကြောင်း ကတော့ အဖွားအမ်မာစန် ဟာ သူချစ်တဲ့ မိသားစုတွေ ကို ဖုန်းမက်ဆေ့ခ်ျပို့ ရတာ ကို အတော် ပဲ မြတ်နိုးခင်တွယ် ခဲ့လို့ပါတဲ့။


 
ဒါကြောင့်ပဲ မြေးဖြစ်သူ ရှရီ အမ်မာစန် နဲ့ ဆွေးမျိုးရင်းချာ မိသားစု ဝင်တွေက ကွယ်လွန် သွားပြီဖြစ် တဲ့ အဖွား အမ်မာစန်ဆီ ကို သူတို့ လွမ်းဆွတ်တဲ့အကြောင်း၊ ပူဆွေးသော ကတွေ ဖြစ်ကြ ရတဲ့အကြောင်းတွေ လည်း အဖွားနဲ့ အတူ မြေမြုပ်သဂြိုလ် ခဲ့တဲ့ တယ်လီဖုန်း နံပတ်ဆီကို ဆက်ပြီး ပို့နေခဲ့ကြတာပါတဲ့။

ဒါပေမယ့် တနေ့ မှာတော့ မြေးဖြစ်သူ ရှရီအမ်မာစန် ဟာ သူ့လက်ကိုင် ဖုန်းဆီ အဖွား အမ်မာစန် ရဲ့ ဖုန်း နံပတ် ဆီက မက်ဆေ့ခ်ျ ရောက်လာပါတော့တယ်။

“I’m watching over you, and it’s all going to get better.
“Just push through.”
အဲဒီ မျက်ဆေ့ခ်ျလည်း ရရော ရှရီ တို့ အံ့သြထိပ်လန့်ကုန်ကြတယ်လို့ The Mirror သတင်း တပုဒ်မှာ ရေး ထား ပါတယ်။

အဖွား လက်စလေ ရဲ့ မိသားစုတွေ ကလည်း အဲဒီဖုန်းနံပတ် ကို နောက်တခါ ဘယ်တော့မှ မသုံးတော့ဘူး လို့ အခိုင်အမာ ယုံကြည်ထား ခဲ့ပေမယ့် အဖွား လက်စလေ အမ်မာစန်သေပြီ ၃ နှစ် အကြာမှာ ဖုန်းကုမ္ပဏီ O2 က နောက်ထပ် သုံးစွဲသူ တဦးကို ပေးခဲ့လိုက်တယ်။

အစ ကတော့ အဲဒီ လူသ စ်ကလည်း သူ့ဆီ မကြာခဏ ရောက်ရောက် လာတဲ့ ဖုန်း မက်ဆေ့ခ်ျတွေ ကို ဟာသ တခုအနေ နဲ့ လက်ခံ ထားခဲ့ရင်း သူကလည်း ပြန်လည် စပြောင် နောက်ချင် တာနဲ့ အဲဒီလို ပြန်ရေးပြီး မက်ဆေ့ခ်ျ ပို့ခဲ့တာလို့ နောက်တော့ ဝန်ခံပြော လိုက်ချိန်မှာ …

လက်စလေ အမ်မာစန်ဟာ အသက် ၅၉ နှစ် အရွယ်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လတုန်းက ကင်ဆာရောဂါ နဲ့ ကွယ်လွန် ခဲ့ပြီး သူ့ နဲ့ အတူ သူမြတ်နိုး တဲ့ လက်ကိုင်ဖုန်း ပါ တပါတည်း ထည့်သဂြိုလ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလ အတွက် ရှရီ အမ်မာစန် နဲ့ ဦးလေး ဖြစ်သူ ဂရေဟမ် တို့ကလည်း အဖွားဖြစ်သူ ရဲ့ လက်ကိုင်ဖုန်း ကို အမြဲလို ဖုန်းမက်ဆေ့ခ်ျပေးပို့နေ ခဲ့ရင်း တနေ့မှာ အဲဒီ နံပတ် ကနေ ပြန်ရောက် လာတဲ့ ဖုန်းမက်ဆေ့ခ်ျရောက်ခဲ့ရာက အထိပ် တလန့်ဖြစ် ကုန်ခဲ့ကြတာ ပါ ဘဲတဲ့။

ဦးလေး ဂရေဟမ်ဖြစ်သူ က ဒါကြောင့် အဲဒီ အဖွား အမ်မာစန် ရဲ့ ဖုန်းနံပတ် ကို ခေါ်ဆို လိုက် တဲ့ အခါ အမျိုးသား တဦးက ကိုင် ပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။

သူ ကလည်း ဒီ ဖုန်းနံပတ် ကို လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကပဲ စသုံးခဲ့ သူဖြစ်တယ် ဆိုတာ သိခဲ့ကြပြီး ဒီသတင်းဇာတ်လမ်းတပုဒ်ဖြစ်လာတော့တာပါဘဲ။

အိမ့်သံစဉ် ~ 

From...Search Myanmar

No comments:

Post a Comment