Showing posts with label ဆောက်လုပ်ရေး.ဗဟုသုတများ. Show all posts
Showing posts with label ဆောက်လုပ်ရေး.ဗဟုသုတများ. Show all posts

Saturday, November 11, 2017

လိုရာသုံး ဗဟုသုတများ



လိုရာသုံး ဗဟုသုတ ခွန်နှစ် ခု

(1)----ရေ၀င်ဆန့် တွက်နည်း
(2)----သစ် တွက်နည်း
(3)----မြေ တွက်နည်း
(4)----ဘိလပ်မြေ တွက်နည်း
(5)----မြန်မာ ရတု ရေတွက်ပုံ
(6)----အကြိမ်ရေ ရေတွက်ပုံ
(7)----အသုံးဝင်သော နှစ်လုံးတွဲ အင်္ဂလိပ် စကားတိုများ


(1) ရေ၀င်ဆန့် တွက်နည်း
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
အုတ်ရေကန် ဝင်ဆန့်မှု
တွက်ချက်နည်းက ပိုလွယ်ပါတယ် ။ 
အလျား×အနံ×အမြင့်=ကုဗပေ ရတယ် ။
အဲဒီ ကုဗပေ နဲ့ ၁ ကုဗပေ မှာ ရေ ၆•၂၅ ဂါလံ နဲ့ မြှောက် ရတာ ဝင်ဆန့်တဲ့ ရေဂါလံပေါ့ ။

=========================

(2) သစ် တွက်နည်း
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

မြန်မာ လက်သမား တို့၏ သစ်တွက်နည်း ဝေမျှပါသည်။
သစ် တစ်တန်=၄၀၀ လက္မ သတ်မှတ်ပါသည်။

ဥပမာ ....   ၂"X၁"( အရှည် ၁၈ ပေ)=၂" ဟု သတ်မှတ်သည်။

၄၀၀ ÷၂= ၂၀၀ ထို့ကြောင့်
၂"၁" (အရှည် ၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။

၂"၁" (အရှည် ၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
၃"၁"= ၃"(အားလုံးပေရှည် ၁၈ ပေ မှတ်ယူရပါမည်)
၎"၁"=၄" (၁၀၀ချောင်း)
၅"၁"=၅" (၄၀၀ စား ၅ (၈၀ ချောင်း)
၆"၁"=၆" (၆၆.၆ ချောင်း)
၃"၀.၅"=၁.၅" (၂၆.၆၆ ချောင်း)
၎"၀.၅"=၂" (၂၀၀ ချောင်း)
၎"x၄"=၁၆ လက္မ(၂၅ ချောင်း)
၅"x၅"=၂၅လက္မ (၁၆ ချောင်း)

ဥပမာ ။ တန်ဘိုး တစ်တန်=၄၀၀၀၀၀ကျပ်
၄၀၀၀၀၀%၄၀၀= ၁၀၀၀ ကျပ် (၁" တန်ဘိုး ဖြစ်သည် ။)
၂"x ၁၀၀၀=၂၀၀၀၀ ကျပ် (၂"၁" ၁၈ပေ တစ်ချောင်း၏ တန်ဘိုးဖြစ်သည်။)

အမြန်ဆုံးသော သစ်တွက်နည်း
ဥပမာ ...
သစ်တစ်တန် ၆၅၀၀၀၀ ဈေးဖြင့်
၎''x၂ '' (လေးနှစ်) ၁၈ ပေ တစ်ချောင်း
တန်ဖိုးကို တွက်ကြည့်မယ် ။

ဈေးနှုံး ကို တည် ဒသမ သုည သုည နှစ်ငါး
ဖြင့်မြှောက် (၆၅၀၀၀၀ × •၀၀၂၅ )
ရလဒ် ကို သစ် ချောင်း ၏ ဒု × ဗျက် (၄''×၂'') ရလဒ်ဖြင့် ပြန် မြှောက်လိုက်ပါ ။

ဒါဆို ၄" × ၂" (လေးနှစ်) ၁၈ ပေ တစ်ချောင်း၏ တန်ဖိုး ရပါပြီ....
၆၅၀၀၀၀× •၀၀၂၅ = ၁၆၂၅
၎× ၂ = × ၈

-------------
၁ ၃၀၀၀
လေးနှစ် တစ်ချောင်း တန်ဖိုး ၁၃၀၀၀ ဖြစ်ပါသည်...
မည်သည့် ဒု ဗျက်
မည်သည့် ဈေးနှုံးမဆို တွက်ကြည့် နိုင်ပါ သည်။


Wednesday, March 8, 2017

ကွန်ကရစ်လောင်းရာမှာ အခြေခံ (၁၂)ချက်



ကွန်ကရစ်လောင်းရာမှာ အခြေခံ (၁၂) ချက်သာ သိထားပါက Projects ကြီးတွေကိုပါ ဆောင်ရွက်နိုင်မှာပါတဲ့ ။
ကွန်ကရစ် သွန်းလောင်းခြင်း၏ အခြေခံ သဘောတရား ၁၂-ချက်ကို၊ လေ့လာထားပါက concrete projects ကြီး ကိုလည်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ 

အဆိုပါ အခြေံသဘောတရား ၁၂ - ချက်မှာ

1. Site clearing
2. Subbase and subgrade preparation
3. Formwork preparation
4. Rebar installation
5. Concrete mixing
6. Concrete puring
7. Screeding the top of the concrete
8. Trowelling
9. Control joint
10. Creating the traction
11. Curing and sealing the concrete, and
12. Maintaining တို့၊ ဖြစ်ကြပါသည်။
1. သန့်ရှင်းရေးဆိုသည်မှာ_
မြေကြီးပေါ်မှာ လမ်းခင်း သကဲ့သို့ ကွန်ကရစ်လောင်းသည် ဆိုစေအုန်းတော့၊ Grass -မြက်၊ rocks - ကျောက်၊ trees - သစ်ပင်၊ shrub - ခြုံနွယ်၊ old concrete - ကွန်ကရစ်ဂျိုး အစရှိသည်တို့ကို၊ မြေကောင်းပေါ်လာ သည်အထိ တူးဖော်ဖယ်ရှားပြစ်ရပါမည်။ 

လမ်းခင်းတဲ့ သူငယ်ချင်းများ သတိပြုပါ။ အောက်မှာ soft pit တွေရှိ နေရင် ပြု ပြင်ပြီးမှ ကွန်ကရစ်လောင်းပါ။ အထပ်သားနဲ့ formwork ရိုက်ထားတဲ့ ကြမ်းခင်း slab လောင်း တယ် ဆိုရင်လည်း ဆေးလိပ်တိုတွေ၊ ကွမ်းတံတွေးတွေ၊ သစ်တို သစ်စတွေ၊ binding wire စတွေ၊ ချေ စာမှုန့် တွေ၊ ရှိနေတတ်ပါတယ်။ formwork ပေါ်မှာ ဘယ်သော အခါမှ ထမင်း မစားရပါဘူး။
2. Prepare your subbase - အောက်ခံကို၊ ပြု ပြင်ပါ။

2.1 what is subbase?
လမ်းခင်းသောအခါ၊ အောက်ခံ အခင်းကို၊ subbase ဟု၊ ခေါ်ပါသည်။ subbase ခင်းရခြင်း၏၊ အကြောင်း ရင်းမှာ၊ concrete rest လုပ်ဖို့ဖြစ်ပါသည်။ များသောအားဖြင့် granular - ကျောက်စေ့၊ ဂဝံစေ့ များကို၊ subbase အဖြစ်ခင်းကြိတ် အသုံးပြု ပါသည်။(တစ်ခါ တစ်ရံတွင်၊ မိမိ ကွန်ကရစ်ခင်းမည့်မြေသည် compacted and stable - သိပ်သည်း ကျစ်လစ် တည်ငြိမ်သည့် မြေ အမျိုးအစားဖြစ်နေပါက အဆိုပါမြေ သည် subbase ပင် ဖြစ်ပါသည်။
2.2 what is subgrade?
Subbase အောက်က မြေကြီးကို၊ subgrade ဟု၊ ခေါ်ပါသည်။ မြေကြီးပေါ်က၊ ကွန်ကရစ်သည်၊ သို့မဟုတ် ကွန်ကရစ်လမ်းသည်၊ အဆိုပါမြေကြီး ဆိုသော subgrade ကောင်းရင် ကောင်းသလောက်၊ ပျက်စီး ချို့ယွင်း ခြင်းမရှိပေ။ (ကဲ ဒါဆိုရင် သူငယ်ချင်းတို့ရေ - အထပ်မြင့်ကြမ်းခင်း ကွန်ကရစ်လောင်းတာဆိုရင် slab formwork က၊ subbase ပေါ့ဗျာ။ formwork supported prop က subgrade ပေါ့။)

အကယ်၍ subgrade သည်၊ shifts - ရွေ့နေမည်၊ craters - ကျင်းဖြစ်နေမည်၊ moves - လှုပ်ရှား နေမည်ဆို ပါလျင်၊ သွန်းလောင်းလိုက်တဲ့ ကွန်ကရစ်သည်လည်း၊ subgrade ဖြစ်နေသကဲ့သို့၊ လိုက်ဖြစ်နေပါမည်။ ရွေ့ မည်၊ ကျင်းဖြစ်မည်၊ လှုပ်ရှားနေပါမည်။ (သူငယ်ချင်းတို့ ကွန်ကရစ်လမ်းတွေ ခုံးနေတာ ခွက်နေတာ ကျင်း တွေ ဂျိုင့်တွေ ဖြစ်နေတာ မြင်ဘူးကြပါတယ်နော။ လူတွေက ကွန်ကရစ်လမ်း ပျက်တာကိုဘဲ မြင်ကြတာပါ။ အောက်ကမြေ သားကောင်းအောင် လုပ်ဖို့ကြတော့၊ ခြလည်းစား ငါလည်း ဝါး ကိုးဗျ။)

ထို့ကြောင့် subbase မခင်းမှီ subgrade ကို၊ ငြိမ်နေအောင်၊ သိပ်သည်း ကျစ်လစ်နေအောင် သေသေချာချာ ပြု လုပ်ဘို့ လိုပါတယ်။ ဘယ်လို လုပ်ရမတုန်း ဆိုတော့၊ မြေကြီးကို၊ CBR 5 ရအောင်၊ ကြိတ်ရပါ့မယ်၊ မြေ ကြီး ကို CBR 5 ရအောင် ကြိတ်ဘို့ အခက်အခဲ ရှိတယ် ဆိုရင်တော့၊ open-grade stone (သို့မဟုတ်) closed-grade / fine-grade stone ကို၊ အသုံးပြု ပြီးတော့ subgrade တည်ဆောက်ရပါမည်။

6" × 9" အစွယ် ကျောက်ကြီး များဖြင့် Open-grade stone ခင်းမည် ဆိုလျင်၊ ကျောက်တုန်းတွေ အကြားကနေ ရေ အလွယ်တစ်ကူ စီးထွက် သွား စေနိုင်ပါသည်။ သို့သော်လည်း 2"×4" အရွယ် Finer-grade stone သုံးတာလောက်တော့ compaction မကောင်းပါဘူး။ fine grade stone က၊ ဈေးတော့ ပိုကြီးပါ တယ်။ 
2.3 how to lay subbase
Subgrade ပြီးတဲ့အခါ subbase ခင်းရပါ့မယ်။ အဆောက်အဦ မှာ အသုံးပြုတည်ဆောက်သော subbase ဆိုသည်မှာ အားလုံး သိထားသည့် hard-core ရိုက်တာဖြစ်ပါသည်။ hardcore ကို အနည်းဆုံး 4" ကနေ၊ အများဆုံး 8" အထိ၊ ခင်းကြပါသည်။ ခင်းပြီးတဲ့ အခါ hand tamper ဖြင့်ဖြစ်စေ၊ plate compactor ဖြင့် ဖြစ်စေ၊ သိပ်သည်းအောင် ဆောင်ရွက်ရပါသည်။ Plate compactors အပေါ်ယံမြေသားကိုသာ သိပ်သည်း ကျစ်လစ်မာကြောစေတတ်သောကြောင့်၊ လိုအပ်ပါက ပိုမိုကြီးမားသော စက်ကရိယာများကို အသုံးပြုဘို့ လိုပါ သည်။
3. Prepare a form - ပုံစံခွက်၊ ပြုလုပ် တပ်ဆင်ခြင်း။
A well-built form - ကောင်းစွာ တည်ဆောက်ထားသော၊ ပုံစံခွက်သည်၊ (ပုံစံခွက်ကောင်း တစ်ခုသည်) concrete အသားကောင်းကောင်းကို၊ ရရှိစေပါသည်။ ပုံစံခွက်ကောင်းတစ်ခုသည်၊ အတိုင်းအထွာ-ထောင့် (ထောင့်ကျဉ်း ထောင်ကျယ်၊ ထောင့်မှန်) မှန်ကန် ရမည် ဖြစ်သကဲ့သို့၊ အနိမ့်အမြင့် level လည်း၊ မှန်ကန်ဘို့ လိုအပ်ပါသည်။ 

အတိုင်းအတာ မှန်ကန်အောင် မှန်ကန်သော ပေကြိုးကိုလည်းကောင်း ၊ ထောင့်ကျဉ်းထောင့် ကျယ် မဖြစ်ရလေအောင် diagonal method ကိုလည်းကောင်း၊ အနိမ့်အမြင့် မှန်ကန်အောင် ပေကြိုး ကိုလည်း ကောင်း အတိမ်း အစောင်းမဖြစ်အောင် ချိန်သီး ရေချိန်ပိုက် ပန်းရံရေချိန် တို့ကိုလည်းကောင်း၊ အသုံးပြုရမည် ဖြစ်ပါ သည်။ လူတွေဟာ အသက်ရှူနေကြသည့် အတွက်၊ တစ်မတ် တစ်မူး 14/" - 1/8" မှားယွင်းမှု ကိုတော့ ခွင့်ပြုရ မည်သာ ဖြစ်ပါသည်။


Wednesday, October 12, 2016

DPC ထည့်တာ ဘာအတွက်လဲ




တစ်ချို့ ပန်းရံတွေဟာ အဆောက်အဦ ထဲမှာ DPC ဘာကြောင့် ထည့်တယ် ဆိုတာ မသိကြပါဘူး။ အတွေ့ အကြုံ  များတဲ့ ပန်းရံ စီနီယာကြီးများသာ သိကြတယ်။ အရင်ခေတ် RC ပေါ်ကာစ က အဆောက်အဦ များမှာ ground beam (မြေအောက်ရက္မ) များသာ ထည့်ပြီplinth beam (ကြမ်းခင်း ရက္မ) များကို ထည့်လေ့မရှိကြဘူး။ 

အဲဒီ အဆောက်အဦ မျိုးတွေ ပတ်ပတ်လည် မှာ ၉" အုတ်ရိုး မြေထိမ်း နံရံနဲ့ အဆောက်အဦ ခန်းဆီး (partition) ရှိတဲ့ နံရံအောက်တွေ မှာလည်း ၉" မြေထိန်းနံရံတွေ တည်ဆောက်ကြတယ်။မြေထိန်း နံရံများ level (သတ်မှတ် အမြင့်) ရပြီဆိုရင် မြေကြီး အပေါ် အနည်းဆုံး ၆"ကနေ ၉" ထိ ၉" အုတ်ရိုး အပေါ်မှာ damp proof course (DPC) ဆိုတာကို ထည့်ပေးရတယ်။ 

ဒီအလွှာ ဘာကြောင့်ထည့်ရသလဲ ဆိုရင် မြေကြီးအောက်မှာ ရှိတဲ့ရေကို မြေထိန်း နံရံ အုတ်များက စုပ်ယူ တယ်။ အဲဒီ စုပ်ယူတဲ့ရေများကို အဆောက်အဦ ရဲ့ အုတ်နံရံ များက စုပ်မယူနိုင်အောင် အဲဒီ အလွှာက တားထားပေးတယ်။ ဒါကြောင့် ဒါကို `စိုထိုင်းမှု တားလွှာ´လို့ခေါ်တယ်။

အဲဒီခေတ်က အဆောက်အဦ တွေမှာ DPC မပါဘဲ နံရံ တက်ရင် မိုးအခါမှာ နံရံအောက်ခြေများ အမြဲ စိုစွတ်နေတာတွေ့ရလိမ့်မယ်။ သုတ်ထားတဲ့ဆေးများ မကြာခဏ ကွာကျတယ်။ အဆောက်အဦထဲ ခြဝင်တယ်။ အတွင်းပစ္စည်းများ အမြဲ စိုထိုင်းနေပြီး မှိုတက်တယ်။

အထူးသဖြင့် အုတ်ညှပ် အဆောက်အဦ (bricked knogged wall) တွေမှာ ပိုဖြစ်လေ့ ရှိတယ်။ အခုခေတ်မှာတော့ အဆောက်အဦတိုင်း လိုလိုမှာ plinth beam များ ပါရှိနေလို့ သီးသန့် DPC ထည့်ဖို့ မလိုတော့ပါဘူး။


ဒါပေမယ့် အဆောက်အဦ ရဲ့မြေညီထပ်ကြမ်းခင်း ကို လောင်းတဲ့ အခါ ၁း၃း၆ ဘိလပ်မြေ အချိုး နဲ့ ၄.၅" အောက်ခံကို အရင်လောင်းပြီးမှ အပေါ်က ၁း၂း၎ ဘိလပ်မြေ အချိုးနဲ့ ၁.၅"ထု လောင်းခြင်းဟာ DPC လောင်ြး ခင်းပဲဖြစ်တယ်။ ဒါကို ပန်းရံများရဲ့အခေါ် `တော်ပင်´လောင်းတယ်လို့ လည်းခေါ်တယ်။