Sunday, July 31, 2016

လပေါ် လူရောက်ခြင်း ကို ဗြိတိန်နိုင်ငံသား ထက်ဝက်ကျော် မယုံကြည်

  

၁၉၆၉ ခုနှစ်၊ ဇူလိုင်လ (၂၀) တွင် နီးလ်အမ်းစ်ထရောင်း သည် လပေါ် ပထမဆုံး ရောက်ရှိသည့် ပထမဆုံး လူသားဖြစ်လာခဲ့သော်လည်း ဗြိတိန်နိုင်ငံသား (၅၂) ရာခိုင်နှုန်း က အပိုလို (၁၁) အာကာသယာဉ် လပေါ် သို့ ရောက်ရှိခြင်း သည် လိမ်လည်ပြောဆိုခြင်းဟု သတ်မှတ်ထားနေဆဲ ဖြစ်ကြောင်း လေ့လာမှု တစ်ခု က ဖော်ပြလိုက်ပြီ ဖြစ်သည်။

          ဗြိတိန်နိုင်ငံသား အသက် (၂၅) မှ (၃၄) နှစ်ကြား လူအများစု သည် လပေါ်လူရောက်ခြင်းကို ယုံ တစ်ဝက် မယုံ တစ်ဝက် ဖြစ်နေပြီး၊ (၇၃) ရာခိုင်နှုန်း က လပေါ် အာကာသယာဉ် ဆင်းသက်ခြင်းသည် လိမ်စဉ်ကြီးသာ ဖြစ်ကြောင်း ယူဆနေသည်။

          လပေါ် လူရောက်သည့် အဖြစ်အပျက် ကို ရုပ်မြင်သံကြား မှ တစ်ဆင့် ကြည့်ရှုခဲ့ရသည့် အသက် (၅၅) နှစ်ကျော် အရွယ်များ အနက် (၃၈) ရာခိုင်နှုန်းက သာ လပေါ် လူရောက်ခြင်း ကို လိမ်လည်ပြောဆိုမှု ဟု ထင်မြင်ခဲ့ကြသည်။ ဓာတ်ပုံ များ၊ ဗီဒီယို မှတ်တမ်းများ၊ အာကာယာဉ်၊ လပေါ်ရှိ ကျောက်ခဲ နမူနာများနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများ ရှိခဲ့သော်လည်း လူအများစု သည် လပေါ်သို့ အာကာယာဉ် ဆင်း သက်ခြင်း အပေါ် သံသယ ရှိနေဆဲ ဖြစ်သည်။

          လ မျက်နှာပြင်ပေါ်တွင် အမေရိကန် အလံ ကို စိုက်ထူပြီးနောက် အလံ လွင့်နေပုံ၊ အာကာသ ယာဉ်မှူး များ ရိုက်ကူးခဲ့သည့် ဓာတ်ပုံ တွင် ကြယ်များ ကို မမြင်ရမှု တို့ကြောင့် လပေါ် လူရောက်ခြင်းမှာ လိမ်လည်ခြင်းသာ ဖြစ်သည်ဟု ယူဆနေကြခြင်း ဖြစ်သည်။


သြစတြေးလျ မှ သရဲခြောက်သည့် စံအိမ်ကြီး



   
     သြစတြေးလျနိုင်ငံ  နယူး ဆောက်သ်ဝေးလ်စ် ပြည်နယ် ဂျုနီးမြို့ ရှိ မွန်တီခရစ်စတို စံအိမ် သည် နေ့စဉ် ပင် ထူးဆန်းသော အရိပ် များ မြင်ရခြင်း၊ အပူချိန် အပြောင်း အလဲများ ရှင်းမပြနိုင်ဘဲ ဖြစ်နေခြင်း၊ ညပိုင်း တွင် အရာဝတ္ထု များ ပြုတ်ကျခြင်းများကြောင့် သရဲခြောက်သည့် ထူးဆန်းသော အိမ်ကြီး တစ်ခုအဖြစ် နာမည် ကြီးနေသည်။

            အဆိုပါ နေအိမ်တွင် ၁၉၆၃ ခုနှစ်မှ စ၍ နေထိုင် လာခဲ့သည့် အိုလစ်ဖ်ရိုင်ယန် တွင် ထို အကြောင်းနှင့် ပတ်သက် ၍ ပြောစရာ အကြောင်းနှင့် ဇာတ်လမ်း များစွာ ရှိနေသည်။ ၄င်းက ““ကျွန်မ ပခုံးပေါ် မှာ လက်တစ်ဖက် လာတင်တာ ကြုံဖူးတယ်။

             နာမည် ကို ခေါ်နေတဲ့ အသံကို ကြားဖူးတယ်။ ကိုယ် အိမ်အပြင် ထွက်သွားပြီး တစ်ဦးမှ မကျန်ချိန် မှာ လေသာဆောင် မှာ ခြေသံတွေ ရှိနေတာကို ကြားရဖူးတယ်”” ဟု ဆိုသည်။ အိုလစ်ဖ်နှင့် ၎င်း၏ ခင်ပွန်း တို့သည် ထိုနေရာ တွင် သင်္ကေတ များစွာကို မြင်ခဲ့ရ ဖူးပြီး အလင်းရောင်များ မြင်ရခြင်းများလည်း ခြံထဲတွင် ကြုံဖူးသည်။

            သို့သော် ၎င်းတို့သည် သားဖြစ်သူ လောရင့်စ်နှင့် အတူ နေထိုင်လာခဲ့ပြီး မကြောက် ဘဲ နေထိုင် ခဲ့ကြောင်း ဆိုသည်။ “တစ်ချို့ နေ့တွေတော့ နည်းနည်း ထူးဆန်း တာပေါ့လေ။ ဒါပေမဲ့ တချို့ နေ့တွေ မှာတော့ ဒီမှာနေလို့ ကောင်းပါတယ်”” ဟု ၄င်း က သရဲခြောက်ခြင်းများ အကြောင်း စိတ်ဝင်စား ဖွယ် ဖြစ်အောင် လေ့လာ တင်ပြနေသည့် အစီအစဉ်နှင့် တွေ့ ဆုံမှုတွင် ပြောသည်။

            ““ကျွန်မ တို့ ညီအစ်မတွေ အားလုံး ရဲ့ဝိညာဉ်တွေ ဒီမှာ ရှိနေပါတယ်။ သူတို့ ကတော့ အိမ်နဲ့ မဆိုင် သလို ဖြစ်သွားပြီး တစ်ကယ်လည်း ဒီက ထွက်သွား ရမှာကို ကြောက်ခဲ့ကြတယ်”” ဟု သူမက ဆိုသည်။




ထိုင်း ပဒေသရာဇ်စနစ် နှင့် အနာဂတ်အရေး



ထိုင်းနိုင်ငံတွင် ယနေ့တိုင် ဘုရင် စနစ် ထွန်းကားနေရခြင်းမှာ ရှိတ်စပီးယား ပြဇာတ်ရှည်ကြီးကို ကြည့်နေရ သလိုပင်။ နိဂုံး ဘယ်တော့ချုပ်မလဲ ဟုလည်း စိတ်ဝင်စားစရာဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘုရင်စနစ်များ တစ်ခုပြီး တစ်ခု ချုပ်ငြိမ်းနေသည်။ သို့သော် ထိုင်းနိုင်ငံ ဘုရင်စနစ်က ဆက်လက်စိုးမိုးနေသည်။ ဇာတ်က မပြီးသေး။ ဇာတ်စင်ပေါ်တွင် သွေးတွေ လွှမ်းနေသည်။ အလောင်းတွေပြည့်နေသည်။ ကံကောင်းသူတွေ က နိုင်ငံရပ်ခြား ထွက်ပြေးသွားနိုင်ခဲ့သည်။

ဘုရင်ကြီး ၏ ကျန်းမာရေး အခြေအနေကလည်း နေ့လား ညလား။ နန်းတွင်းသူ နန်းတွင်းသားများ ကလည်း ဘုရင်ကြီး တစ်ခုခုများ ဖြစ်သွားလျှင် မည်သူက ဆက်ခံမည်လဲ ဆိုသည်ကို စိတ်ဝင်စားနေကြသည်။ နန်းတွင်း ၌ ထီးနန်း ကို မည်သူ ဆက်ခံရမည် ဆိုခြင်းမှာ ပဟေဠိလိုဖြစ်နေသည်။

ထိုင်းနိုင်ငံ လူချမ်းသာနှင့် သူကောင်းမျိုးများ ကြားတွင် အိမ်ရှေ့မင်းသား မဟာဗဂျီရာလောင်ကွန် ကို ဆန့်ကျင်မှု များ၊ မနှစ်သက်မှုများ ရှိနေသည်။ အကယ်၍ သူ့ခမည်းတော် ကွယ်လွန်သွားပါက သူ့ကို ထီးနန်း ဆက်ခံခွင့် မရစေရန် လှုပ်ရှားမှုများ ရှိနေသည်။ ဗန်ကောက်ရှိ ပါတီပွဲများတွင် လောင်ကွန် ဆန့်ကျင် လှုပ်ရှား မှု စကားသံများကို ကြားနေရသည်မှာ ကြာခဲ့ပြီ။

ထိုင်းနိုင်ငံ ရှိ ပြည်သူများသည် မင်းဆွေ မင်းမျိုးနှင့် ဘုရင် အပါအဝင် ဆွေတော်မျိုးတော် တို့ကို ဝေဖန်ခွင့် မရှိ။ ပြစ်တင်ဝေဖန်ခဲ့လျှင် ထောင်ချ အပြစ်ပေးနိုင်သည်။ သို့ဖြစ်ရာ နန်းတော် ဂိတ်တံခါးဝနောက်က အဖြစ် အပျက် များသည် ပြည်သူများ စိတ်ဝင်စားသော်လည်း ဝေဖန်ပြောဆိုခွင့် မရှိဖြစ်ခဲ့ရသည်။ တစ်ခုခု ပြစ် တင်ပြောဆို ဝေဖန် မိသောကြောင့် ထောင်ထဲရောက် သူတွေလည်း မနည်းတော့ပေ။

ထိုင်းပြည်သူများတွင် အခြားပြဿနာ တစ်ခု ကလည်း ရှိနေသေးသည်။ ရိုင်းစိုင်းသည့် စစ်ဗိုလ်ချုပ် တစ်ယောက် က နိုင်ငံရေး အာဏာကို သိမ်းပိုက် ထားသည်မှာ ၂ နှစ်ခန့် ပင် ရှိသွားခဲ့ပြီဖြစ်သည်။ ထို အာဏာသိမ်းဗိုလ်ချုပ်နှင့် ထိုင်းဘုရင် တို့၏ ဆက်ဆံရေး အနေအထား ကလည်း မည်သို့ ရှိနေမှန်း ခန့်မှန်းရ ခက်လှသည်။ 

သို့သော် စစ်ဗိုလ်ချုပ်နှင့် သူ့ တပည့် စစ်ဘက် အရာရှိကြီးများ စိုးရိမ်နေကြသည်မှာ ဘုရင်ကြီး ကွယ်လွန် သွား လျှင် နိုင်ငံရေး၊ လူမှုရေး အားလုံး ထိန်းမနိုင် သိမ်းမရ ဖြစ်သွားမည့် အရေးဖြစ်သည်။ ထို့ကြောင့် စစ်ဘက် က ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ကို မျှော်လင့်နေကြသည်။ ထို ဥပဒေသစ် ထဲတွင် သူတို့ ဆက်လက် စိုးမိုး အုပ်ချုပ်နိုင်ရေး များကို ပြည်သူများက ဆန္ဒ မည်ကဲ့သို့ ရှိသည်ဖြစ်စေ သူတို့ လိုချင်ရာကို ထည့်သွင်းနိုင်ရန် အကွက်ချ နေကြသည်။ 

ဘုရင်ကြီး ဘူမိဘော အဒူရာဒက် သည် အသက် ၈၈ နှစ်ခန့် ရှိနေပြီ။ သူသည် ၁၉၄၆ ခုနှစ် ကတည်းက ထိုင်းနိုင်ငံ တွင် ထီးနန်းကို ရယူခဲ့ခြင်းဖြစ်သည်။ သူ ကွယ်လွန် ပါက နန်းဆက် သဘောတရား အရ ထီးနန်း ဆက်ခံရမည့်သူမှာ ဗီလိန်လိုဖြစ်နေသော သူ၏ သား ဗာဂျီရာလောင်ကွန်ဖြစ်သည်။ 

သူ့ကိုပြည်သူ အများစုက ဘုရင်ကြီး လို ချစ်ခင်မြတ်နိုးမှု မရှိကြပေ။ အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန် သည် အသက် ၆၃ နှစ် ရှိနေပြီ။ ပြည်သူတို့ကြားထဲတွင် ချစ်ခင်မြတ်နိုးခြင်းကို ခံနေရသူမှာ အသက် ၆၁ နှစ် အရွယ်ရှိ မင်းသမီး မဟာချာကရီ သီရိဒုံဖြစ်သည်။ 

သူမ ကို ထိုင်းပြည်သူများက သူတော်စင် နတ်သမီး တစ်ပါး ဟု တင်စားကြသည်။ သူမ ၏ ဓလေ့ စရိုက်နှင့် အလုပ်များသည် သူ့အစ်ကိုတော် လောင်ကွန်နှင့် တခြားစီဖြစ်နေသည်။ ၁၉၇၄ ခုနှစ် ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဘုရင်ကြီး ဘူမိဘော အနေဖြင့် ထီးနန်းကို သားတော်အား မပေးဘဲ၊ သမီးတော် ကို အပ်နှင်း သွားလျှင်လည်း ရနိုင်သည့် သဘောရှိနေသည်။

ဗာဂျီရာလောင်ကွန် သည် ထီးနန်းနှင့် ဆက်နွှယ်နေသော် လည်း ပေါက်လွှတ် ပဲစား နေချင်သလိုနေထိုင် သူ ဖြစ်သည်။ မကြာသေးမီ က ဂျာမနီနိုင်ငံ မြူးနစ်လေဆိပ်တွင် ဂျင်းဘောင်းဘီ၊ စွပ်ကျယ်၊ ထိုးကွင်းများနှင့် ဗိုက်ပေါ်ချက်ပေါ် ဖြစ်ချင်တိုင်း ဖြစ်နေသည့် မြင်ကွင်းက သူ့ကို ထိုင်းနိုင်ငံသူ နိုင်ငံသားများ စိတ်ပျက်သွား စရာ ဖြစ်ခဲ့ရသည်။ ထို့ပြင် လောင်ကွန် သည် မိန်းမ လိုက်စားလွန်းသူ ဖြစ်နေခြင်း က ထိုင်း ထီးနန်းကို ပိုပြီး သိက္ခာ ကျဆင်းစေခဲ့သည်။


Sunday, July 24, 2016

ကလေး အရွယ်မှာ လက်မစုပ်၊ လက်သည်းတွေ ကိုက်တတ်တဲ့ အကျင့်က ဓာတ်မတည့်မှု ပိုနည်းစေနိုင်ဟု သိရ


 
လက်မစုပ်၊ လက်သည်းတွေ ကိုက်တတ်တဲ့ ကလေးတွေ ဟာ ဓာတ် မတည့်မှု ဖြစ်ပွားနိုင်ခြေပိုနည်းကြောင်း သုတေသန အသစ် အရ သိရပါတယ်။ "ဓာတ်မတည့်မှုတွေ ဟာ ငယ်ရွယ်တဲ့ အချိန်မှာ ရောဂါ ပိုးမွှားနဲ့ ထိတွေ့တဲ့ ကလေးတွေ မှာ ဖြစ်ပွားတယ်" ဆိုတဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ အယူအဆ ကို ယခု ရှာဖွေတွေ့ရှိချက်တွေ ကနေ သက်သေထူပါတယ်။

မကြာမသေးမီ ဆယ်စုနှစ်တွေ အတွင်း ဓာတ် မတည့်မှုဖြစ်တဲ့ ကလေးတွေ ဘာကြောင့် မြင့်တက် လာလဲ ဆိုတဲ့ သီအိုသီ၊ အယူအဆ များစွာ ရှိပါတယ်။  

၁၃ နှစ် အရွယ် ကလေး ၄၅ % မှာ ကြောင်၊ ခွေး၊ ဖုန်မှုန့်၊ မြက်ပင်၊ မြင်း စတဲ့ ဓာတ်မတည့်မှု တစ်ခုခု အနည်းဆုံး တုံ့ပြန်ဖြစ်ပေါ်ကြောင်း သုတေသီတွေ က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် လက်မစုပ်၊ လက်သည်းတွေ ကိုက်တဲ့ ကလေးတွေကြား ဓာတ် မတည့်မှု ၃၁% ထိ လျှော့နည်း ပါတယ်။ သို့သော် ဒီ အပြုအမူ ဘယ်ဟာမှာမှ ကလေးတွေ မှာ ပန်းနာ သို့မဟုတ် ပန်းဝတ်မှုန် စတာတွေကြောင့် မျက်ရည်ယို၊ နှာစေး၊ ခြေဆတ်၊ ဖျားနာခြင်း ဖြစ်ပွားစေတဲ့ အကျိုးသက်ရောက်မှု မရှိပါဘူး။

ပြင်းထန် တဲ့ လေလည်နံ့ က ဦးနှောက် ကင်ဆာ ကို ကာကွယ်ပေးပြီး အနံ့ ရတဲ့သူတွေ အတွက် ကောင်းကျိုးပေးနိုင် ဟု သိပ္ပံပညာက ဆို

 
 
လေလည်တာ က ဘဝ ရဲ့ ပုံမှန်ဖြစ်စဉ် တစ်ခုပါ။ တစ်ခါ တစ်လေ ရှက်စရာ ရယ်စရာ တစ်ခုလို့ ထင်ရပေမဲ့ အစာချေ အဖွဲ့အစည်း ရဲ့ ကျန်းမာရေး အခြေအနေကိုပြတဲ့ သင်္ကေတ တစ်ခုပဲဖြစ်ပါတယ်။ လေလည် တာ က ဓာတ်ငွေ့တွေ စုပြီး ထွက်လာတာဖြစ်ပြီး အမြဲတမ်းတော့ အနံ့တွေ အသံတွေ မထွက်တတ်ပါဘူး။
 
ပုံမှန် လူတစ်ယောက်က တစ်နေ့ ကို ပျမ်းမျှ ၁၄ ကြိမ်လောက် လေလည် တတ်ပါတယ်။ အများ အားဖြင့် အနံ့ မရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်တွေပဲ ဖြစ်တာကြောင့် သတိမပြုမိတာဖြစ် ပါတယ်။
 
 လေလည် တဲ့ အခါ မှာ ပြင်းထန်တဲ့ အနံ့ရတာက သင့်မှာ ကျန်းမာရေး အတွက် လိုအပ်တဲ့ အမျှင်ဓာတ် လုံလောက်စွာ ရရှိနေပြီး အူလမ်းကြောင်း ထဲမှာလည်း အကျိုးပြု ဘက်တီးရီးယားအရေ အတွက် များများ ရှိတယ် ဆိုတာ ကိုပြတာပဲ ဖြစ်ပါတယ်။
 
ပြင်းထန်တဲ့ လေလည်နံ့ က ဟိုက်ဒရိုဂျင် ဆာလဖိုက်ဓာတ်ကြောင့်ဖြစ်ပါတယ်။ စားလိုက်တဲ့ အစာ အမျိုးမျိုး ကို ချေဖျက်ရာ ကနေ ထွက်လာတဲ့ ဟိုက်ဒရိုဂျင် ဆာလဖိုက်ဒြပ်ပေါင်း အနံ့ က အစာအိမ် ထဲမှာ ရှိတဲ့အရာ အားလုံး ကောင်းကောင်း မွန်မွန်လည်ပတ်နေတယ် ဆိုတာက ပြတာပါ။  
 
တွေ့ရှိမှု အသစ် တစ်ခုအရ လေလည်နံ့ ကို ရှူမိတဲ့ သူတွေမှာ ကောင်းကျိုးတွေ ရှိပါတယ်။ အဲ့ဒီလေလည်နံ့ မှာ ပါဝင်တဲ့ မီသိန်း ဓာတ်ငွေ့က ရောဂါဖြစ်စေမယ့် အလားအလာတွေ ကို လျော့စေပြီး အသက်ရှည်စေ ပါတယ်။
 

နေ့တိုင်း ရေ မချိုးချင်သူများ အတွက် သတင်းကောင်း



ရေနေ့တိုင်း ချိုးတာက ကျန်းမာရေး နဲ့ မညီညွတ်သလို လိုလည်း မလိုအပ်ပါဘူးလို့ကယ်လီဖိုးနီးယား ဆေး တက္ကသိုလ် က ပြုလုပ်တဲ့ သုတေသနပြုချက်တွေက ဖော်ပြနေပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ် က ကိုယ် တိုင် သန့်ရှင်းရေး လုပ်နိုင်တာထက် ပိုပြီး လုပ်နိုင်တယ်လို့ ဆိုပါတယ်။ 

 ရေချိုးတဲ့ အခါ ဆပ်ပြာတွေက အရေပြားပေါ်က သဘာဝ အဆီတွေကို ဖယ်ရှားပစ်လိုက်တဲ့ အတွက် အရေပြား ကို ခြောက်သွေ့ကြမ်းတမ်း စေပါတယ်။ 
 
ခေါင်းလျှော်ရည်တွေကလည်း ဦးရေပြား နဲ့ မွေးညင်းပေါက်တွေထဲ က အဆီတွေ ကို ဖယ်ရှားပစ် လိုက်တဲ့ အတွက် ဆံသား ကို အားနည်းခြောက်သွေ့စေပါတယ်။ ဒီနေ့ခေတ် မှာ ဆံပင် နဲ့ အရေပြား အတွက် အစို ဓာတ် ထိန်း ခရင်မ်တွေ၊ ပျော့ဆေးတွေရနိုင်ပေမဲ့ ခန္ဓာကိုယ် က အလိုအလျောက် ပြုလုပ်ပေးတဲ့ ကျန်းမာ သန်စွမ်း တဲ့ သဘာဝ ကို လိုက်မမီပါဘူး။

လူတစ်ယောက် ရေချိုးရ တဲ့ အကြောင်းရင်း က အညစ်အကြေးတွေ၊ အဆီတွေ နဲ့ ပိုးမွှားတွေ သန့်စင်စေဖို့၊ လတ်ဆတ် သန့်ရှင်းမှု ကို ခံစားရဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ သန့်ရှင်းချင်လွန်းတဲ့ စိတ်နဲ့ ရေချိုးလိုက်ခြင်း ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး ကတော့ အောက်က အရေပြားလွှာတွေ ကို ကာကွယ်ပေးထား တဲ့ ပေါ်ယံ ဆဲလ်သေ အလွှာ ကို ဖယ်ရှား ပစ်လိုက်မိတာပဲ ဖြစ်ပါတယ်။ 

 ရေချိုးပြီး ခန္ဓာကိုယ် ကို ပွတ်တိုက် မိတဲ့အခါတိုင်း အပေါ်ယံ အလွှာကို ပျက်စီးစေပါတယ်။ ပိုပြီး ပွတ် တိုက်လေ အပျက် အစီးတွေ များလာလေပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ကျန်းမာတဲ့ အရေပြား အလွှာတွေက အကာအကွယ် မဲ့သွားပြီး ခြောက်သွေ့ ပျက်စီးလွယ်သွားမှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ကူးစက်ရောဂါပိုး တွေကို ကာကွယ်ဖို့ အရေးပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ကိုလည်း ဖယ်ရှား ပစ်လိုက်ရာ ရောက်ပါတယ်။ ဦးရေပြားမှာ ဆိုရင်လည်း အလား တူပဲ ဖြစ်ပါတယ်။

လျစ်လျူရှုမထားသင့်တဲ့ အရေးပါတဲ့ အိပ်မက် သင်္ကေတ (၇) ခု

 


သိပ္ပံပညာ နှင့် ကျန်းမာရေး စာပေဆုရှင် အဖြစ် လျာထားခြင်းခံရတဲ့ Dr. Arthur Janov က အိပ်မက် သင်္ကေတတွေ အဖြစ်ပေါ်လာတတ်တဲ့ မသိစိတ်ကိုပြသနိုင်တဲ့ အိပ်မက်လေးတွေကို ဖော်ပြထားပါတယ်။


(၁) သေတ္တာများ
သေတ္တာတွေကို အိပ်မက် မက်တာက တစ်ခုခု ကို သင် မသိအောင် ဖုံးကွယ်ထားတယ် လို့ သင်ခံစားနေရ တာကို ပြပါတယ်။ ဘာမှ မရှိတဲ့ သေတ္တာ က စိတ်ပျက်တဲ့ ခံစားမှု ကို ပြပြီး သေတ္တာတွေ အများကြီးကို အိပ်မက်ရင် ခံစားချက် အများကြီး ကို ထိန်းသိမ်းနိုင်ဖို့ ခက်ခဲနေပြီး အဲ့ဒီ ခံစားချက်တွေကို ဖုံးကွယ်ထားဖို့ လိုအပ်နေတယ်လို့ ခံစားနေရတာကို ပြတယ်။

(၂) ဖုန်း
မြည်နေတဲ့ ဖုန်း က ကိုယ် မဖြစ်မနေ လုပ်မှရမယ့် အလုပ်တစ်ခု ကို မကြာခင်မှာ လုပ်ရတော့မယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဖုန်း ကို မကိုင်လိုက်ဘူး ဆိုရင် ဒီအလုပ်တွေ ကို သင်က လျစ်လျူရှုချင်စိတ် များနေ တယ် ဆိုတာကို ပြတယ်။

(၃) ပျံနေခြင်း
အိပ်မက်ထဲမှာ ပျံနေတာကို မက်ရင် မသိစိတ်ကြောင့ နိုးနေတာကိုပြပြီး ကိုယ်ကျော်လွှားဖို့ ကြိုးစားနေတဲ့ အခက် အခဲတွေကြုံနေရတာကို ပြတယ်။

(၄) လ
လ ကို အိပ်မက် မက်ရင် ကိုယ်လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ ကြိုမမြင်နိုင်တဲ့ အရာ တစ်ခုကို ပြပါတယ်။ ဖန်တီး နိုင်စွမ်းနဲ့ လွတ်မြောက်ဖို့ ကြိုးစားတာကို ဆိုလိုပါတယ်။

Monday, July 18, 2016

ဒေါ်လာ ၇သန်း ကို ဘာသုံးရမှန်း မသိလို့ ဆိတ် ၇ ကောင်တောင်းပြီး ရွာပြန်ခဲ့တဲ့ မင်းသား

 Phyo Min Shein's photo.

#‎Nixau_Toma‬ ( ကမ္ဘာ့ ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန် တင်ခဲ့သော လူရိုင်း(သို့ ) အောင်မြင်မူ ငွေကြေး ချမ်းသာမူတွေကို မသိခဲ့တဲ့ မင်းသားတစ် ယောက်ရဲ့ အတ္ထုပ္ပတ္တိ )

" ပီတာ က ဆိတ် ၇ ကောင်ပေး မယ် ဆိုလို့ ကျတော် လိုက်လာတာ ရုပ်ရှင် ဆိုတဲ့ စကား ကို ကျတော်
အခုမှကြားဖူး တာဗျ။ ဒီမှာ နေ အခါ ၃၀ ဝင်တဲ့ အထိ နေရမယ်ပြောတယ်။ ပြီးရင် ကျတော် စန် တို့ ရှိတဲ့ ဆီကို ဆိတ် ၇ ကောင် ယူပြီးပြန်မယ်။ "
 

N!xau Toma
...................
တောင်အာဖရိက တိုက် အစွန် နမီးဘီးယား ဆိုတဲ့နိုင်ငံသေးသေးလေး အပြင်မြို့ပြနဲ့ မိုင် ပေါင်းများစွာဝေး တဲ့ အာဖရိက တောတွင်း တစ်နေရာမှာ စန် ဆိုတဲ့ အာဖရိက လူရိုင်းရွာလေး တစ်ရွာ ရှိ ခဲ့တယ်။ ဒီရွာလေး က နမီးဘီးယားနိုင်ငံ ထဲက ကာလာဟာရီ သဲကန္တာရ ထဲမှာ ရှိပြီး အာဖရိယ လူ ရိုင်း မျိုးနွယ်တွေ ထဲမှာ ခေတ်နောက် အကျဆုံး လူ မျိုးစုတွေ ထဲက ၁၂ရာစု လူနေမူ စနစ်လိုနေထိုင် ကြတဲ့ ဘာဆာဝါ ဆိုတဲ့ လူရိုင်း မျိုးနွယ်စု ရဲ့ ရွာလေး ပါ။ 

အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေး ကြပြီး လယ်ယာမြေစိုက်ပျိုးမူကိုတောင် မသိရှိသလို သူတို့ ဘာသာစကား ဟာ လူ ၁သောင်းတောင် မသိတဲ့ ဘာသာစကား တစ်ခုကို ပြောကြတဲ့ လူရိုင်းမျိုးနွယ် ပါ။ 

၃နှစ်လောက်နေမှမြို့ပြ အမဲလိုက် အဖွဲ့ တွေကိုတွေ့ရလေ့ ရှိပြီး ဒါကိုက သူတို့အတွက် အထူး အဆန်းဖြစ်လေ့ ရှိတဲ့ ကိစ္စပါ။ သူတို့ ယုံ့ကြည်မူ က တစ်ခြား လူရိုင်းတွေလို နတ်ဘုရားနဲ့ ယစ်ပူဇော်မူ မဟုတ်ပဲ ရာသီဥတုကို ယုံကြည် ကိုးကွယ်ကြတဲ့ လူမျိုးတွေပါ။


မှတ်တမ်းများ အရ ဒီ လူမျိုးစု စစ်စစ်ဟာ ၂၀၀ကျော်သာ ကျန်တော့ပြီး သစ်တောပြူန်းတီးမူ တောင်အာဖရိ က ကျွန်ပြု အလုပ်ကြမ်း လုပ်ခိုင်းတဲ့ သူပုန်တွေကြောင့် မျိုးတုံးလုနီးပါး အခြေအနေ ကို ရောက်နေ ရပြီး လူ ၃၀ ကို တစ်ရွာလောက်ပဲနေထိုင် မူတွေကြောင့် ဒီ လူရိုင်း မျိုးနွယ်ဟာ ကမ္ဘာ့ လူမျိုးစု ထိန်းသိမ်းရေး အဖွဲ့တွေ နဲ့ အလှမ်းဝေးလွန်း ခဲ့ပါတယ်။ 

 
အချိန် အားဖြင့် ၁၉၄၄ ခုနှစ် ဒီဇင်ဘာ လ ၁၆ရက်နေ့ ဒီရွာလေးမှာ N!xau Toma ဆိုတဲ့ လူရိုင်းလေး တစ်ယောက် ကိုမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ မိခင်ဖြစ်သူ ဦးလေးဖြစ်သူတွေနဲ့ တစ်မိ သားစုလုံး ဟာ အာဖရိက ဘိန်းမှောင်ခို အဖွဲ့တောပုန်းမူမှာကြုံရင်း အသတ်ခံခဲ့ ရပါတယ်။ ဒီလူရိုင်းလေး နဲ့ သူ့ အကို N!aau သာ ကျန်ခဲ့ပြီး တစ်ခြားရွာ သူကြီးက သူတို့ ညီကို၂ယောက်ကို မွေးစားခဲ့ပါတယ်။ 
 
Niaau ဟာလဲ ၉နှစ်သား မှာ အပျော်တမ်း အမဲ လိုက် အဖွဲ့က ပစ်သတ်တာ ခံခဲ့ ရပြီး Toma တစ်ယောက် ထဲ မိမဲ့ဖမဲ့ မိသားစုမဲ့နဲ့ ဘဝကို စတင်ဖို့ဖြစ်လာခဲ့ပါတယ်။ Toma က လူရိုင်းပေမယ့် ဥာဏ်တော့ကောင်း တယ် ။ ရွာက လူတွေထဲ အမဲလိုက် အကျွမ်းကျင်ဆုံး သူရဲကောင်းဖြစ်သလို ၁၉နှစ်သားမှာ ငါးမွေးမြူ ဖို့ ရွံ့ကန် တစ်ခုကို သူလုပ်ခဲ့ပါပြီ။


ဒါက သာမာန်လူတွေအဖို့ ကလေးတောင်သိတယ် ဆိုပေမယ့် ဒီလို လူရိုင်းတွေ အဖို့တော့ နည်းပညာ
သစ် တစ်ခုပါပဲ။ အဆိပ်မှုတ်ပြောင်း ကို ပေ၃၀ နီးပါးပစ်နိုင်အောင် လုပ်တတ်ခဲ့ သလို လေး ကိုလဲ ပေါ့
ပါးပြီး အဝေးပစ်နိုင်အောင် ရွာကလူတွေကို သူသင်ကြားပေးနိုင်ခဲ့ပါပြီ။ 


သူများတွေ တစ်လ လောက်လိုက်ရတဲ့ အမဲအုပ် ကို သူ ၁၀ ရက်နဲ့ လိုက်နိုင်သလိုတောလဲ ကျွမ်းကျင်သူပေါ့။ ဒါကြောင့်လဲ ရွာမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်သလို Popular လဲဖြစ်လွန်းသူပါ။ ဒါပေမယ့် သူ့ အသက် ကို သူဘယ်လောက်ရှိမှန်း မရေနိုင် သလို တစ်ရက်တာ အချိန်ကိုလဲနေဝင်နေထွက် တာနဲ့ပဲသိတဲ့သူပါ။

 မိုး တစ်ခါရွာရင် တစ်နှစ်လို့ သိတဲ့လူမျိုးစုဖြစ်သလို သမင်အုပ်တောင်ဖက်ပြောင်းရင် ၁နှစ် လို့ အကြမ်းဖျင်း သိတဲ့လူမျိုးစုပါ။ နှစ်လရက် နာရီတွေကို မသိသလို ဂဏာန်းတွေကိုလဲ မသိရှိသူပါ။ ရွာမှာ ဆိတ် ၅ကောင် ရှိသူဟာ သူဌေး စာရင်းဝင်ဖြစ်ပြီး ကျွဲ ၁၀ကောင် အမဲလိုက်နိုင်ရင် Hero ပါပဲ။ 

ဒီလိုနဲ့ သူ့ အသက် ၂၅ လို့ထင်ရတဲ့ အချိန်မှာ တခြားရွာက သူကြီး သမီးနဲ့ လက်ထပ်ခဲ့ပြီး သူ့ ရွာမှာ ပဲနေ ထိုင်ခဲ့ပါ တယ်။ ရွာ ဆိုတာကလဲ လူ ၃၅ယောက်သာ ရှိတဲ့ ရွာလေးပါ။
 


Peter Jay
………………
ပီတာ က Hollywood ရုပ်ရှင်လော က မှာ ထုတ်လုပ်သူ တစ် ယောက်ဖြစ်တဲ့ Jamie Uys ရဲ့ သားပေါ့။ သူ ကိုင်တိုင်လဲ Setting သမားတယောက်ဖြစ်သလို အငယ်တန်း ဒါရိုက်တာ တစ်ယာက်ပါ။ သူဌေး သားဖြစ်ပေမယ့် အမဲလိုက်ရ တာကို ဝါသနာပါသူ တစ်ယောက်။ 


၁၉၇၉ ခုနှစ်မေလ မှာ သူနဲ့ သူငယ်ချင်း ၃ယောက် တောင်အာဖရိ က ကို အမဲလိုက် ထွက်ခဲ့ ပါတယ်။ ကိုယ်ပိုင် ဂျက်လေယဉ် တစ်စီးနဲ့ သူငယ်ချင်းတွေ အပျော်တမ်း အမဲ လိုက်ရာ ကနေ အင်ဂျင် မတော်တဆ မူဖြစ်ပြီးလေယာဉ် ပျက်ကျမူကြောင့် သူတို့ သူငယ်ချင်း တစ်သိုက် ဟာ ကံဆိုး ခဲ့ရပါတယ်။

Thursday, July 14, 2016

ဓမ္မ တာဝန်






အပိုင်း (၁)


တစ်ချို့က ပြောလေ့ ရှိကြတယ်၊ မြန်မာနိုင်ငံမှာ ရှိတဲ့ ဗုဒ္ဓသာသနာ ကလည်း မသန့်စင်ဘူး လို့ ဒီလိုပြော တယ် ။ မြတ်စွာဘုရား ရဲ့ အဆုံးအမတွေ လည်း မသန့်စင်ဘူး၊ ထေရဝါဒ မပီပြင်ဘူး လို့ တစ်ချို့သမိုင်း ဆရာတွေ က ဒီလိုဆိုချင်ကြတယ် ။ 
 
ဘာကြည့်ပြောတာလဲ ဆိုရင် ရွှေတိဂုံ ဘုရားပေါ်မှာ ရှိတဲ့ နတ်ရုပ်တွေ ဓာတ်ခန်းတွေ တို့ ဘိုးတော်တွေတို့ ဆိုတာတွေ ကိုကြည့်ပြီးတော့ ထေရဝါဒ မှာလည်းပဲ အယူအဆတွေ ရောနေတယ် လို့ ဒီလို သတ်မှတ် ပြီးပြော ဆိုတယ်။ ဒါဟာ သေသေ ချာချာ မစဉ်းစား ကြည့်လို့ ပြောမိတာသာ ဖြစ်တယ် ။
 
ကိုးကွယ်တဲ့ ပုဂ္ဂိုလ် တွေ အနေနဲ့ ရောတာက သဘာဝပဲ၊ ဓမ္မ အနေ နဲ့ အဲဒီလို ရောထွေးနေတာတော့ လုံးဝ မရှိဘူး၊ ထေရဝါဒ စစ်စစ် လုံးဝ သန့် ရှင်းစင်ကြယ်တယ်၊ ထေရဝါဒ ကို ကိုးကွယ်တယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေ ကတော့ ရောကောင်းရောလိမ့်မယ် ။ ဒါက ဓမ္မ မှာ ရောတာ မဟုတ်ဘူး၊ ပုဂ္ဂိုလ် က ရောတာ၊ ပုဂ္ဂိုလ် ဆိုတာ tradition ကို စွန့်ခဲတယ်။
 
 မြန်မာနိုင်ငံ မှာ ဗုဒ္ဓ သာသနာ မရောက်ခင်က နတ်ကိုးကွယ် တဲ့ ဝါဒမျိုး လက်ခံပြီးနေခဲ့တဲ့ အစဉ်အလာ ကနေ ဗုဒ္ဓ သာသနာတော် ရောက်လာတဲ့ အခါမှာ မြတ်စွာဘုရား ရဲ့ အဆုံး အမတွေ ရင်ထဲ နှလုံး ထဲ ရောက် လာလို့ အမှန် သိလာပြီး ဗုဒ္ဓ သာသနာတော်ကို မြတ်မြတ်နိုးနိုး နဲ့ ကိုးကွယ်လာခဲ့ကြတယ် ။ 
 
အဲဒီ ကိုးကွယ်လာတဲ့ ပုဂ္ဂိုလ်တွေမှာ အချို့က ရှေးရိုးစွဲ အတွေးတွေ ခေါင်းထဲမှာ မပျောက်သေးသည့် အတွက်ကြောင့် မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေ အပြင် တစ်ခြား ဟာတွေ ကို မှန်တယ် ထင်ပြီး လက်ခံ နေကြ တယ်၊ အယူစွဲတွေ ရှိနေတတ်တာ ကတော့ ဒါ လောက ရဲ့ သဘာဝပဲ။

သို့သော် မြန်မာနိုင်ငံရောက်လာတဲ့ ပိဋ္ဋက သုံးသွယ် နိကာယ်ငါးဖြာ၊ ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀) ဆိုတာ ဒီထဲ မှာ မည်သည့် ဝါဒ မှ ရောနှောနေတာ မရှိဘူး၊ ဒါတောင် မှ တစ်ချို့က ပိဋ္ဋက ထဲမှာ ဟိန္ဒူဝါဒ တွေ ရောနေ တယ်လို့ရေးတယ် ။ ဘယ်မှာရောတာတုန်း လို့မေးတော့ သူတို့ထောက်ပြတဲ့ အရာတွေက လုံးဝ ရယ် စရာတွေ သာဖြစ်တယ်။ 
 
ဆိုပါစို့ ရယ်စရာတစ်ခု က ဘာလဲ ဆိုတာ သူတို့ပြောမယ် ဆိုရင် ဗုဒ္ဓဝါဒ ထဲမှာ မိစ္ဆာဝါဒတွေ ရောနေတယ် ဆိုတာက ဒိဋ္ဌိ သံယုတ်တို့၊ ဗြဟ္မဇာလ သုတ်တို့၊ ဒါက ဒိဋ္ဌိ အကြောင်းတွေကို ဟောပြောတဲ့ ဟာသာဖြစ် တယ် ။ အဲတာတွေ ပါရှိလို့ရောတယ် လို့ ပြောနေတာ ကတော့ ရယ်စရာ သက်သက်ပဲ လို့ပြောရမယ်၊ မမှန်တာကို မမှန်ဘူး လို့ တင်ပြခြင်း အားဖြင့် ဒီတရားဟာ မမှန်မကန် ဖြစ်သွားတာ မဟုတ်ဘူး၊ မှန်ကန်မှု ကို အလေးထားပြီး အမှား ကိုလည်း အမှား လို့မြင်တတ် ရှင်းပြတတ် တာသာ ဖြစ်တယ်။

နန္ဒကပေတ ဝတ္ထု ဆိုတာ ကို ထောက်ထားပြီး (၃၁) ဘုံ ကို ဗုဒ္ဓ လက်မခံဘူး ဆိုပြီးတော့ မြန်မာနိုင်ငံမှာ ထုတ်တဲ့ စာအုပ် တစ်အုပ်မှာ ရေးတယ်၊ မမှန်ကန်တဲ့ သာဓကတွေ ကိုးကားတယ် ။
 
 တစ်ကယ် ကျမ်းဂန် ကို လေလာကြည့်မယ် ဆိုရင် နန္ဒက ဆိုတဲ့ပြိတ္တာကြီး ဟာ သူကိုယ်တိုင် မှားယွင်း တဲ့ အယူအဆတွေ ကို ယူခဲ့သည့် အတွက်ကြောင့် ဒီလို မှားယွင်းတဲ့ ဝါဒ လက်ခံ ကျင့်သုံးသည့် အတွက်ကြောင့် ပြိတ္တာ ဘဝ ရောက် ရပါတယ်လို့ပြောတာ ။ အဲဒါ စာပေထဲ မှတ်တမ်းတင်ထားတာ တွေကို ကြည့်ပြီး ဗုဒ္ဓဝါဒ ထဲမှာ ဟိန္ဒူ ဝါဒတွေ ရောနေတယ်လို့ ဆိုတာက အလွန်ရယ်စရာ ကောင်းတဲ့အရာ တစ်ခု သာဖြစ်တယ်

 

ဘ၀ မှာ စိတ်ချမ်းသာဖို့





 
 
(၁) ငါဟာ ငါ့ ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့ မိသားစု ဘ၀မှာလည်း အရေးပါတဲ့ သူ ဖြစ် တယ်။ ငါ့ အသိုင်းအ၀ိုင်း မှာလည်း အရေးပါတဲ့ သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ

ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်း လာရင်း နဲ့ စိတ် ချမ်းသာစရာလေးတွေ ကို ငါ ပြောနိုင်တယ်။ တစ်ခါတစ်လေ ကိုယ်တတ်နိုင်တဲ့ အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ 
 
ငါ့ ဘ၀မှာ ငါဟာ အရေး အပါဆုံး လူ မဟုတ်ရင် ဘယ်သူ က ငါ့ ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူ လို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လို လုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက် မလဲ။

(၂) ငါ ဘယ်သူ့ကို မှ ဒုက္ခ မပေးမိအောင် သတိထားတယ်။ တစ်ယောက်ကို တစ်ယောက် ဒုက္ခပေးနေကြ ရင် ဒီလောက် လူတွေ များတဲ့ လောကကြီး မှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှု မပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲ မှုတော့ မပေးမိအောင် သတိထားပါတယ်။

(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ ကို တန်ဖိုး ထားမှ နေ့တိုင်း တန်ဖိုး ရှိတဲ့နေ့ ဖြစ်မယ်။နေ့တိုင်း တန်ဖိုး ရှိတဲ့နေ့ ဖြစ်မှ ငါ့ဘ၀ ဟာ တန်ဖိုးရှိတဲ့ ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုး ရှိတာ လုပ်မယ်။ ပညာ ရှာမယ်။ မိတ်ဆွေကောင်း ရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ 
 
 မွေးနေ့မှာ HappyBirth Day  ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ် ။ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလိုပျော်လို့ မဖြစ်ဘူးလား။ မဖြစ်နိုင်စရာ အကြောင်း ဘာရှိ သလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထား မယ်။

(၄) ဒီနေ့ လုပ်ရမယ့် အလုပ်တွေ ကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေ ကို အကောင်းဆုံး သဘော ထား နဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ ကို ရုန်းကန်ပြီး နေသွားကြတယ်။

(၅) ကိုယ် တတ်နိုင်တာကို ပျော်ပျော် ရွှင်ရွှင် စိတ်ပါ လက်ပါ၊ ရိုးရိုး သားသား စေတနာ နဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီ လို မတတ်နိုင်တဲ့ အတွက်ကြောင့် စိတ်ဆင်းရဲ မခံဘူး။

(၆) ဒီနေ့ အကူအညီ လိုတဲ့ ငါ့မိတ်ဆွေ တစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀ မှာ တစ်ဦး ကို တစ်ဦး အကူ အညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကို မှ အကူအညီ မပေးဘူး။ ဘယ်သူ့ဆီကမှ လည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။

ဒါနပြုလျက် ဆင်းရဲ ရခြင်း အကြောင်း



 


 မြန်မာ အများစု ဗုဒ္ဓဘာသာဖြစ်ပါလျက် ဒါနပြုပါလျက် ဆင်းရဲ ရခြင်း အကြောင်း (၁၁)ချက် -

(၁) လိုအပ်သော နေရာတွင် မလှူဘဲ ၊ မလိုအပ်သော နေရာတွင် စုပြုံ ၍ လှူကြခြင်း ။

(၂) သမ္ပဒါ လေးပါး ချို့ယွင်းခြင်း ။

(၃) စီးပွား ရှာရာ မေတ္တာ စေတနာ ကို အဓိက မထားဘဲ ၊ငွေကြေး ကိုသာ အဓိက ထားခြင်း ။

(၄) ပျင်းရိခြင်း ကို ရောင့်ရဲခြင်း ဟု အထင်မှားခြင်း ။

(၅) မိမိ ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း မရှိခြင်း ။
နည်းနည်း ချမ်းသာလာ သည်နှင့် မယားငယ် ထားခြင်း လောင်းကစား လုပ်ခြင်း သေရည်သေရက် သောက်ခြင်း တို့ဖြင့် အောက်ခြေ လွတ်လာတတ်ကြသည်။ ထို့ကြောင့် ခေတ်သစ် စကားပုံ တစ်ခု ပေါ်နေ၏။ (မြန်မာ ကောင်းစား တစ်မွန်းတည့်)

(၆) အချိန် တန်ဖိုး မသိခြင်း ။
လူ့ ဘ၀နေရ သမျှ အချိန်တိုင်း မှာ ဥစ္စာ ၊ ကုသိုလ် ၊ ပညာ ဗဟုသုတ ဤသုံးမျိုး အနက် တစ်မျိုးမျိုး ကို အမြဲတမ်း ရနေရမည်။

(၇) ကိုယ့်ထက် သာလျှင် မနာလိုခြင်း ။
ကိုယ့်ထက် သာသူ အပေါ် ၀မ်းသာ လျှင် မုဒိတာ ကုသိုလ်ဖြစ်သည်။ မနာလိုလျှင် ဣဿာ အကုသိုလ် ဖြစ်သည်။ ကုသိုလ် ယူလို့ ရပါလျက် အကုသိုလ် ယူခြင်းသည် စိတ်ဓါတ် လူစဉ် မမီခြင်း ပင် ဖြစ်သည်။





ရဟန်း သံဃာတော် များသည် ၀ဲဘက် ပုခုံး ကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း





မြတ်ဗုဒ္ဓ သာသနာ မှာ လက်ဝဲတော်ရံ လက်ယာတော်ရံ ဆိုတာရှိတယ်။

လက်ဝဲတော်ရံ ဆိုတာ တန်ခိုး အရာမှာ ဧတဒဂ် ရတဲ့ အရှင်မဟာမောဂ္ဂလာန် ပါ လက်ယာတော်ရံ ဆိုတာ ပညာအရာ မှာ ဧတဒဂ် ရတဲ့ အရှင်သာရိပုတ္တရာပါ။

တန်ခိုး က လက်ဝဲ၊ ပညာ က လက်ယာ။ တန်ခိုး ဆိုတာ အာသဝေါတရား တို့ရဲ့ ကုန်ရာခန်းရာ အရဟတ္တဓဇ၊ အရဟတ္တ ရဲ့ အလံတံခွန် သာဖြစ်တယ်။

ပညာ ဆိုတာ ကတော့ ၀ိပဿနာ ပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာ ကနေ နိဗ္ဗာန် ကို ရဖို့ ရောက်ဖို့ပါ။

ပုထုဇဉ် တို့ရဲ့ စိတ်သဘာဝ ဆိုတာ အဆန်းကြိုက်၊ တစ်ခု ရိုး တစ်မျိုးပြောင်းပြီး။ တစ်သံသရာ လုံး ဆန်းတယ် ထင်တာတွေ နောက်လိုက်ခဲ့ကြတယ်။

ရိုင်းရိုင်းပြောရရင် လမ်းဘေး က မျောက်ပွဲ၊ မျက်လှည့်ပွဲ က အစ ဆန်းတယ် ထင်တာ မှန်သမျှမှာ လူတွေမေ့မျော သာယာနေတတ်ကြတယ်။

ဒီတော့ တန်ခိုး ရဲ့  ဆန်းဆန်းပြားပြား ဖမ်းစားမှု အပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ် ပညာ ဖိုလ် ပညာ ကွယ်မှာပဲ၊ မဂ် ပညာ ဖိုလ် ပညာ ကွယ်ရင် သာသနာ ကွယ်မှာပဲ။

သာသနာ ကွယ်ပြီ ဆိုတာ နဲ့ သတ္တ၀ါတွေ ရဲ့ သံသရာ ၀ဋ်ဆင်းရဲ ဒုက္ခအပေါင်း က လွတ်မြောက်ရာ တရားတွေ လည်းကွယ်တာပဲ။

ယောဂီ တို့ တရား ထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့ အခါ လက်ဝဲ လက် ကို အောက် က လက်ယာလက် ကို အပေါ်က ထားရတာလည်း ဒီသဘောပဲ။

လက်ဝဲ ဆိုတဲ့ တန်ခိုး သဘော ကို လက်ယာ ဆိုတဲ့ ပညာ က ဖုံးထား အုပ်ထား၊ ဆင့်ထား ရတယ်။ 

ဝါဆို လပြည့် ဓမ္မစကြာ အခါတော်နေ့ အကြောင်း သိကောင်းစရာ





ဝါဆို လပြည့်နေ့ ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပရခြင်း မှာ ထိုနေ့၌ ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား က ဟောကြားတော်မူသည် ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

ဓမ္မစကြာ တရားတော် ကို မြတ်စွာဘုရား သည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော ၌ မဟာ သက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆို လပြည့်နေ့ နေ၀င် လထွက် အချိန်၌ ပဉ္စ၀ဂ္ဂီ ငါးဦး တို့အား ဘုရား အဖြစ်ကို ၀န်ခံသော အားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာ တရားတော် သည် ..................................
ဝိနည်း မဟာဝါ ပါဠိတော် ၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော် ၌ ဓမ္မစက္ကပ၀တ္တန ၀ါရ-အမည်ဖြင့် လာရှိပါသည်။
မဟာဝဂ္ဂသံယုတ် ပါဠိတော် ၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။


ဓမ္မစက္ကပ၀တ္တန ၏ အဓိပ္ပါယ် မှာ တရားတည်း ဟူသော အသိစက် ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)


ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါးတရား ကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋက္က သုံးပုံ ၏ အနှစ်ချုပ် တရားဟု ဆိုထိုက် ပါသည်။ 

ဓမ္မစကြာတရားတော် ကို စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ (အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး ၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန် ကို ကျင့်သုံးရေး တို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါး တရားကို သိမြင်စေ ရန် ဟောကြားထားသောကြောင့် ဗုဒ္ဓ၀ါဒ ၏ တိကျ ခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရ ပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ တို့က ဓမ္မစကြာ တရားတော်ကို အထူးပင် အာရုံစိုက် ၍ ရွတ်ဖတ် သရဇ္ဈာယ်တော် မူကြပါသည်။ 

အမြို့မြို့ အရွာရွာ ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။


နပ်ပကျွန်း ဂြိုဟ် အလွန်တွင် ဂြိုဟ်ငယ်သစ် တစ်စင်း ကို အာကာသ ပညာရှင်များ ရှာဖွေ တွေ့ရှိ




နိုင်ငံတကာ မှ အာကာသ ပညာရှင်များ ပါဝင်သည့် သုတေသန အဖွဲ့သည် နပ်ပကျွန်းဂြိုဟ် အလွန် တွင် အေးခဲနေသည့် သီးခြားဂြိုဟ်များ ၏ ပတ်လမ်း အတွင်း လှည့်ပတ်နေသော ဂြိုဟ်ငယ်သစ် တစ်စင်းကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဇူလိုင် ၁၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖျင်း အရွယ် အစား ၇ဝဝ ကီလိုမီတာ ရှိသည့် အဆိုပါ ဂြိုဟ်သစ်တွင် အကြီးဆုံး ဂြိုဟ်ပတ်လမ်းများ အနက် ဂြိုဟ်ပတ်လမ်း တစ်ခု ရှိပြီး ၎င်းကို လက်ရှိ လုပ်ဆောင်လျက် ရှိသော နေ အဖွဲ့အစည်း အပြင်ရှိ ဂြိုဟ် များ၏ သဘာဝ အား စစ်တမ်း ကောက်ယူသည့် အစီအစဉ် ၏ တစ်စိတ် တစ်ပိုင်း အဖြစ် ဟာဝိုင် အီပြည်နယ် Maunakea မီးတောင်၌ အာကာသ အဏုကြည့်မှန်ပြောင်း ကို အသုံးပြု၍ ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။ 
 
RR 245 အမည် ရှိ အဆိုပါ ဂြိုဟ်ငယ်သစ် သည် ဂြိုဟ်ကြီးများ ၏ ဖွဲ့စည်း တည်ဆောက် ပုံနှင့် နေ မှရွေ့ လျားမှုတို့ကို သိရှိနိုင်ရန် အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ယင်းဂြိုဟ်မျိုး မှာ ယနေ့ခေတ် တွင် ပလူတိုနှင့် အီရစ်ဂြိုဟ် တို့နှင့် ယှဉ်တွဲ ရပ်တည်လေ့ ရှိကြောင်း သုတေသီများက ပြောကြားသည်။ 
 
 

Chrome ကို လျင်မြန်စွာ အသုံးပြုလိုပါက Tab အများ အပြား ဖွင့်၍ အသုံးပြုခြင်း ကို ရှောင်ကြဉ်သင့်





Google မှ ထုတ်လုပ် ထားသည့် Chrome Browser ကို လျင်မြန်စွာ အသုံးပြုလိုပါက Tab အများ အပြား ဖွင့်၍ အသုံးပြုခြင်းကို ရှောင်ကြဉ် သင့်ကြောင်း Google ၏ နည်းပညာ ဌာနခွဲမှ ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Chrome ၏ တည်ဆောက်ထားပုံ များ အရ Tab အများ အပြား ဖွင့်လှစ် အသုံးပြုခြင်းသည် စွမ်းဆောင်ရည် ပိုင်းနှင့် လျင်မြန်မှု ပိုင်းကို လျော့ကျစေသောကြောင့် Tab အများ အပြား ဖွင့်၍ အသုံးပြုခြင်း ကို ရှောင်ကြဉ် သင့်သည်ဟု အကြံပြုခဲ့ခြင်း ဖြစ်သည်။ 
 
သုံးစွဲသူများ က အသုံးမပြုသော Tab များ ကို ပိတ်ရန် မေ့လျော့လေ့ ရှိခြင်း မှာလည်း မြန်နှုန်းနှင့် စွမ်းဆောင် ရည်ပိုင်းကို ထိခိုက်စေ သောကြောင့် အဆိုပါ အချက်ကိုလည်း သတိပြုသင့်သည်ဟု ဆိုသည်။ 
 
Save Browsing Session ထဲ၌ အသုံးပြုသည့် History များကို စုပြုံ မှတ်သားသည့် Option ကိုလည်း အပြောင်း အလဲ လုပ်သင့်ကြောင်း အကြံ ပြုခဲ့သည်။ 
 
ထို့ပြင် Chrome ၏ စွမ်းဆောင်ရည်ပိုင်းနှင့် လျင်မြန်မှုပိုင်း ကို ကျဆင်းစေသည့် အကြောင်း ရင်းများထဲတွင် Plug-ins အများ အပြား ရှိနေသည့် အချက် ကလည်း အရေးကြီးသည့် အချက် အဖြစ် ရပ်တည်လျက် ရှိသောကြောင့် မိမိ အသုံးပြုခြင်း မရှိသည့် Plug-ins များကို ဖြုတ်ထားရန် လိုအပ်မည် ဖြစ်သည်။ 
 

ရင်သွေး ရစေရန် အထောက်အကူ ပေးမည့် Gadget များ ဈေးကွက် တင်မည်




 
 
အင်္ဂလန်နိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သော Clue သည် အမျိုးသမီး များ ရင်သွေး ရရှိစေ ရန် အထောက် အကူ ဖြစ်စေမည့် Gadget များ ဈေးကွက် တင်ရန် စီစဉ်လျက် ရှိကြောင်း Daily Mail သတင်းစာ က ဖော်ပြသည်။

Clue သည် အမျိုးသမီး များ မျိုးပွား စွမ်းရည်နှင့် ဆိုင်သော Application တစ်ခု ကို အောင်မြင်စွာ ဖန်တီးနိုင် ခဲ့ပြီး နောက်တွင် အဆိုပါ Application ကို ထည့်သွင်း ထားသည့် Gadget များအား ဈေးကွက် တင်ရန် စီစဉ်လာခဲ့ခြင်း ဖြစ်သည်။ C
 
lue က ဈေးကွက် တင်မည့် Gadget ကို FitBit HR ဟု အမည် ပေးထားပြီး အမျိုးသမီးများ ၏ နှလုံးခုန်နှုန်း အခြေအနေ ကို စောင့်ကြည့်ကာ ရင်သွေး ရရန် အကောင်းဆုံး အချိန်ကာလ ကို တွက်ချက်၍ အကြံပြုမှု များ ပြုလုပ်ပေးမည် ဖြစ်သည်။ 
 
ရင်သွေး ရရန် အတွက် အထောက် အကူဖြစ်စေရန် လုပ်ဆောင်ရာ တွင် ၂၄ နာရီ စောင့်ကြည့် သွား မည် ဖြစ် ကာ နှလုံးခုန်နှုန်း အပြောင်းအလဲ၊ သွေးခုန်နှုန်း အပြောင်းအလဲ များနှင့် မျိုးဥနှင့် ဆိုင်သော အခြေ အနေများကို တွက်ချက်ပြီးနောက် ရင်သွေး ရရန် အကောင်းဆုံး အခြေအနေ ရောက်ရှိလာပါက သတိပေး မည် ဖြစ်သည်။ 
 
 

မိုဘိုင်းလ် ဖုန်း များကြောင့် လူသားများ ၏ ကိုယ်ရည် ကိုယ်သွေး များ ကျဆင်းဟုဆို




 
 
မိုဘိုင်းလ် ဖုန်း များ၏ စွမ်းဆောင်ရည် မြင့်မား လာခြင်းကြောင့် လူသားများ ၏ ကိုယ်ရည် ကိုယ်သွေးနှင့် စွမ်းဆောင်ရည် ကျဆင်းမှု များ ဖြစ်ပေါ်လျက် ရှိကြောင်း အင်္ဂလန်နိုင်ငံ ရှိ ရက်ဒင်း တက္ကသိုလ် က ပြုလုပ် ခဲ့သော လေ့လာမှုများ အရ တွေ့ရှိခဲ့သည်။
 
ရက်ဒင်း တက္ကသိုလ် မှ စိတ်ပညာရှင်များနှင့် ဆေးသိပ္ပံ ပညာရှင် များသည် ၂ဝ၁၂ ခုနှစ်မှ စတင်၍ မိုဘိုင်းလ် ဖုန်း အသုံးပြုသူများ အား လေ့လာမှု ပြုလုပ်ခဲ့ရာတွင် မိုဘိုင်းလ် ဖုန်း များသည် အသုံးပြုသူများ အား ကိုယ်ပိုင် စွမ်းဆောင်ရည်နှင့် ဥာဏ်ရည် ဥာဏ်သွေး အသုံးပြုကာ လုပ်ဆောင်ရသည့် လုပ်ဆောင် ချက် များတွင် ကိုယ့်ကိုယ် ကို အားကိုးရန် မလိုဘဲ အထောက် အကူ ပေးနိုင်သည့် အခြေအနေ သို့ ပြောင်း လဲလာခဲ့ခြင်း မှာ လူသား များ၏ စွမ်းဆောင်ရည် ကို ကျဆင်းစေခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိ ခဲ့သည်။ 
 
ထို့ပြင် လူ အများစု အနေဖြင့် မိုဘိုင်းလ် ဖုန်းဖြင့်သာ အချိန်ဖြုန်း မှု များပြားလာ ခြင်းကလည်း လူမှုရေး ကဏ္ဍ များ တွင် သာမက တစ်ခြား ကဏ္ဍများတွင် လည်း ကိုယ်ရည် ကိုယ်သွေး ကျဆင်းမှု များ ဖြစ်ပေါ် စေနိုင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 
 
 

သွေး အတွင်း အဆီဓာတ် မြင့်မားခြင်း




သွေး အတွင်း အဆီဓာတ် မြင့်မားတဲ့ သူတွေ အနေနဲ့ အသား စားပေးသင့် ပါတယ်။ တစ်ချို့က အဆီ ဓာတ် မြင့်မား လို့ ဆိုပြီး ပုံမှန် စားနေကျ ထမင်း ကို လျှော့ပြီး ဟင်းသီး ဟင်းရွက်ကြော်၊ ဟင်းချိုရည် နဲ့ပဲ စားကြတယ်။

ကြာလာတော့ အားအင် ကုန်ခန်းပြီး တက်ကြွ လန်းဆန်းမှု မရှိတော့ဘဲ အမြဲ အိပ်ငိုက်ပြီး ပျင်းရိ နေ တတ် တယ်။ လူ့ ခန္ဓာကိုယ် အချိုးအဆ အနေ နဲ့ ဘီအမ်အိုင် ၁၈ ဒသမ ၉ မှ ၂၄ ဒသမ ၉ အတွင်း ရှိ ရပါမယ်။ 


ဘီအမ်အိုင် ဆိုတာ ခန္ဓာကိုယ် အလေးချိန် (ကီလိုဂရမ်) အရပ်အမြင့် မီတာ (နှစ်ထပ်ကိန်း) နဲ့ စားလို့ရတဲ့ ကိန်း ဖြစ်လို့ အလေးချိန် လျှော့ဖို့ လိုမယ်။ အသင့် အမြန်စား အစာတွေ က ကိုလက်စထရော ကို မြင့် တက်စေ ပါတယ်။ 

တစ်ချို့ သွေးအတွင်း အဆီ ဓာတ် လွန်ကဲသူတွေ က အသားဟင်း၊ အဆီတွေ ကို မစားရဘူးလို့ နား လည်နေ ကြတယ်။ ပြည့်ဝဆီ များတဲ့ ဝက်သား လို အသား ကို ရှောင်ပြီး ငါးကို ရွေးချယ် စားသုံးနိုင်ပါတယ်။ မပြည့်ဝဆီ အက်စစ် ဟာ သွေး အတွင်း အဆီဓာတ် ထူးခြားခြင်း နဲ့ နှလုံး၊ ဦးနှောက်သွေးကြော ရောဂါ တို့ကို ကာကွယ် ပေးရာမှာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေတယ်။

 သွေးအားနည်းရောဂါ ဖြစ်နေသူတွေ အနေ နဲ့ သံဓာတ် ကြွယ်ဝပြီး အဆီဓာတ် နည်းတဲ့ အမဲသား သို့မဟုတ် အဆီ မပါတဲ့ အသား ကို ရွေးချယ် စားသုံးနိုင်ပါတယ်။ လေးဖက်နာရောဂါ ရှိနေသူတွေ ဆိုရင်တော့ ဖြူလင်းဓာတ် နည်းပါးတဲ့ ကြက်၊ ဘဲ တို့ကို ရွေးချယ်စားသုံး သင့်ပါတယ်။ 


Tuesday, July 12, 2016

Gmail ရဲ့ Password သိတာတောင် Hack လို့မရအောင်ပြုလုပ်နည်း






Gmail ကို လုံခြုံရေး အတွက် 2-Step ခံနည်းလေးကို တင်ပေးလိုက်ပါတယ်။
သင် အသုံးပြုနေတဲ့ Gmail ကို Hack ခံထိသွားပါက Gmail နှင့်ပြုလုပ်တဲ့ Account တွေ အကုန်လုံး ဆုံးရှုံးစေမှာ အမှန်ဘဲဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက် အသုံးပြုသူတွေ အတွက် အရေးကြီးဆုံး အချက်က မိမိသုံးနေတဲ့ Gmail လုံခြုံမူရှိဖို့ ပါဘဲ။


ဒီနည်းလေး ကတော့ 2-Step ခံနည်း ဆိုတော့ Hacker မှ သင့် Gmail or Password ကို သိသွားတောင်မှ ၀င်လို့ ရမှာ မဟုတ်ပါဘူး ။ Gmail ကို ၀င်လိုက်တာနဲ့  Google  က သင့်
ဖုန်းထဲကို ပို့ လာတဲ့ Code 6 လုံးကို ထည့်ပေးမှသာ Gmail ကို ၀င်ရောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။


ဒီတော့ အရေးကြီးဆုံး ကတော့ Gmail လုံခြုံမူ ရှိဖို့ ပါဘဲ..
Gmail 2-Step ခံနည်း အဆင့်ဆင့်ကို ScreenShot များဖြင့် လက်တွေ့ ရှင်းပြထားပါတယ်။







Wednesday, July 6, 2016

မြန်မာ့ ဂီတာ အကြောင်း



 

ဂီတာ ဟုပြောလိုက်ရင် အနောက်တိုင်း ဇာတိ ကြိုး ၆ ချောင်းပါ ကြိုးတပ် တူရိယာ Guitar ကိုပဲ အရင် ဆုံး မြင် မိကြပေမယ်။ မြန်မာ ဂီတာ လို့ ဆိုရင်တော့ အနောက်တိုင်း ဂီတာ ပုံစံ မျိုးပဲလို့ သိကြ သူတွေများ ပါလိမ့် မယ်။

 မြန်မာ ဂီတာ က အနောက်တိုင်း ဇာတိ Slide Guitar (Lap Steele) နဲ့ ပုံစံချင်း အတူတူပါပဲ။
Slide Guitar ကို များသော အားဖြင့် လည်ပင်း မှာ လွယ်ပြီး လက်ချောင်း မှာ စွပ်ထား တဲ့ ပိုက်လုံး ကလေးနဲ့ လက်ကွက်တွေ ကို ဖိလို့ တီးပါတယ်။


 မြန်မာ ဂီတာ မှာတော့ ဂီတာ ကို ပေါင်ပေါ်မှာ ပြားလိုက် တင်ပြီး လက်ကွက်တွေ ကို ကြေးပြား ကလေးနဲ့ ဖိပြီး တီးပါတယ်။ Slide Guitar ကို ပေါင်ပေါ် မှာ တင်ပြီး ကြေးပြား နဲ့ တီးတာတွေလည်း ရှိပါတယ်။


မြန်မာ ဂီတာ က တစ်ခြား မြန်မာ့မွေးစား တူရိယာ (adopted musical instruments) မယ်ဒလင်၊ ဘင်ဂျို၊ တယော၊ ဒုံမင်း၊ ဗျပ်စောင်း တွေ လိုပဲ မူရင်း တူရိယာတွေ နဲ့ ကြိုးညှိ တာရော တီးပုံ ဟန်ပန်တွေရော လုံးဝ ကွာခြား သွားတဲ့ မြန်မာ့ တူရိယာ တစ်မျိုးဖြစ်လာခဲ့တာပါ။



အနောက်တိုင်း တူရိယာ ပညာရှင်တွေ က မြန်မာသံ ညှိထားတဲ့ မြန်မာ့မွေးစား တူရိယာတွေ ကို မတီးနိုင် ကြတာ အမှန်ပါပဲ။ ဒါကြောင့် မြန်မာ ဂီတာ လို့ပဲ ခေါ်လိုက်ချင်ပါတယ်။



ဒီကနေ့ မြန်မာ ဂီတာ တီးနိုင်သူ အရေအတွက် ကို လက်ချိုး လို့ပဲ ရေတွက်နိုင်ပါတော့မယ်။ မြန်မာသံ သီချင်းတွေ မှာတောင် မှ မြန်မာ ဂီတာသံ ကို ကြားရတာ နည်းပါး လာနေပါပြီ။



အလွန်ပဲ မြန်မာ ဆံ တဲ့ အလိုက်သစ် ၊ဟန်သစ်တွေ ကို ဖန်တီးရေးသား သွားခဲ့သူ၊ မြန်မာ့ ဂီတ ဥယျာဉ်မှုး တစ်ဦးဖြစ်သူ ဂီတနက်သန် ကိုစောညိန်း ရဲ့ သီချင်းတွေ ကို ယနေ့တိုင်အောင်ပဲ တစ်စိုက် မတ်မတ် မြန်မာ ဂီတာ နဲ့ တီးခဲ့သူ ကတော့ ဂီတနက်သန် ဦးအုန်းလွင် ဖြစ်ပါတယ်။


ဂီတနက်သန် ဦးအုန်းလွင် ကို လေးစားစွာ ဂုဏ်ပြု တင်ဆက်လိုက်ပါရစေ။
 


 မြန်မာ့ ဂီတ သမိုင်းဝင် ဂန္ထ၀င်တေးများ
ဂီတ စာဆို - ဂီတ နက်သန် ကိုစောညိန်း၊ ဂီတ နက်သန် ဦးအုန်းလွင်
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတ နက်သန် ဦးအုန်းလွင် (မြန်မာ ဂီတာ)
မူလ ကက်ဆက် တိပ်ခွေ မှ တီးလုံး များကို MP3 Files များ ပြုလုပ်ပြီး  ရန်ကြီးအောင်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်း တင်သည် ။






ဂြိုလ်သား ပုံစံ ရှိသော မြေကမ္ဘာ မှ အင်းဆက် ပိုးမွှားများ






ဒီကောင် ကတော့ Zygoptera suborder အုပ်စုဝင်ဖြစ်ပါတယ် ။ လူတွေက တစ်ခါတစ်ရံ မှာတော့ သူတို့တွေ ဟာ နားနေချိန် နဲ့ ပျံသန်းချိန် မှာ သူတို့ရဲ့ အတောင်ပံတွေ ကို ဘယ်လို ထားရှိ သလဲ ဆိုတာနဲ့ သူတို့ဟာ သာမန် ပုစဉ်းတွေထက် သေးငယ်တယ် ဆိုတာကို သတိ မထားမိကြပါဘူး ။ 
 
 ဒါ့အပြင် သူတို့ရဲ့ မျက်လုံးတွေဟာ သီးခြားစီ တည်ရှိနေတယ် ဆိုတာကိုလည်း သင် သတိထားမိပါသလား ။ သူတို့ ရဲ့ မျက်လုံးတွေ ထဲက အပြာရော င်ကို စောင့်ကြည့်ဖို့ထက် သူတို့ ထွက်ပြေး သွားတာက ပိုပြီး လျှင်မြန် လွန်း လှပါတယ် ။




"ကျနော့ကို အစာပေးပါ...." ဒီ ဇဝေဇ၀ါ ဖြစ်တဲ့ ဂြိုလ်သား ပုံစံ အ၀ါရောင် အကောင် ကတော့ သူတို့ရဲ့ အမဲရောင် အစက်တွေကြောင့် သူတို့ ကို Dasychira Pudibunda လို့ခေါ်ပါတယ် ။ ဒါဟာ သားလောင်း အဆင့်ပဲ ရှိပြီး ခူကောင် (သို့မဟုတ်) အနီရောင် အမြီး ရှိတဲ့ ပိုးဖလံ သာလျှင်ဖြစ်ပါတယ် ။


ဒီ ဂြိုလ်သား ပုံစံ အကောင် ကတော့ လူတွေကို သူတို့ မျိုးစိတ် သတ်မှတ်ဖို့ အတွက် နှစ်ပေါင်းများစွာ တိုင်အောင် ကလိ ကလိ ဖြစ်စေခဲ့ပါတယ် ။ သူ့ကို လူသိများတာ ကတော့ bumblebee လို့ခေါ်ပြီး သူက Apidae အုပ်စု ၀င်ဖြစ်ပါတယ် ။
 
သူတို့ကလည်း ဇဝေဇ၀ါဖြစ်စေတဲ့ အ၀ါရောင် အမဲရောင် အမွှေးတွေ ပါရှိပြီး သူတို့ထဲက အချို့ဟာ အဆိပ် ဆူးတွေ မရှိကြဘူးလို့ ကောလဟာလတွေ လည်း ပျံ့နှံ့လို့နေပါတယ် ။ မှန်ပါတယ် ဒါပေမယ့် ..ဘယ်လို ပဲဖြစ်ဖြစ် လူတွေ အနေဲ့ ဒီ အကောင်ကို သတိတော့ ထားရပါမယ် ။
 
 


" ကျနော်ပြောတာ နားထောင်ပါ မြေ ကမ္ဘာမှ လူသားရေ...ဒီ အစိမ်းရောင် အကောင်တွေ ရဲ့ အစွန်း စုံ ဒေါသ ထွက်မှု ကို ခံစားကြည့်လိုက်ပါဦး " ဒါကတော့ Tettigoniidae အနွယ်ဝင်တွေဖြစ်ပြီး Lord of the Rings မှ အစိမ်းရောင် ပုရစ် ပုတွေ ဖြစ်ပါတယ် ။
 

ကမ္ဘာတစ်ဝှမ်း ရှိ ကို့ယို့ ကားယားနိုင်သော ရေချိုးနည်း များ



                                                      မြေကြီး ရေချိုးနည်း


အကယ်၍သင်ဟာ မောပန်းနေခဲ့ပြီး ပုံမှန် မဟုတ်တဲ့ နည်းလမ်း နဲ့ ရေချိုး လိုပါသလား ...။ နို့ရည် နဲ့ ရေချိုး တာကို တော့ ကျွန်တော်တို့ ကြားခဲ့ဖူးတာကြာပါပြီ ။ ဒါပေမယ့် ကျွန်တော်တို့ လုံးဝမကြားဖူးသေး တဲ့ ရေချိုး နည်း သစ်တွေ အများကြီးရှိပါတယ် ။ 

ပုံသဏ္ဍာန် မတူတဲ့ ရေချိုးနည်းတွေဟာ ဒေသ တစ်ခု လူမျိုး တစ်ခုချင်း စီရဲ့ ရိုးရာ ဓလေ့ များဖြစ်ပြီး အဲဒီဒေသတွေ မှာ အချိန်တို အတွင်းမှာပဲ တွင်ကျယ်ခဲ့တာ ဖြစ်ပါတယ် ။

အဲဒီရေချိုးနည်းတွေ ထဲက တစ်ချို့ဟာ တစ်ကယ့်ကိုပဲ ထင်ရှားကျော်ကြားလှပါတယ် ။ ဘာကြောင့်လဲဆို လူရဲ့ ခန္ဓာကိုယ် ကို အကျိုး ရှိစေပြီး ပါဝင် ဆင်နွှဲကြသူတွေဟာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အတွက် ဖြစ်ပါတယ် ။ ဒီလို ကို့ယို့ ကားယားနိုင်တဲ့ ရေချိုးနည်းတွေဟာ ဂျပန်နိုင်ငံ ကနေ အခြေပြု ဆင်းသက်လာတယ် လို့လည်း သိရပါတယ် ။

မြေကြီး ရေချိုးနည်း

ဂျပန်နိုင်ငံ မှာ ရိုးရာ ဓလေ့ အဖြစ် Kyushu ကျွန်းမှာ မြေကြီး ရေချိုးနည်း ကို ဆင်နွှဲလေ့ ရှိကြပါတယ် ။ ဒီရေချိုး နည်း ဟာ ခန္ဓာကိုယ် တစ်ခုလုံးကို အကျိုး ရှိစေပြီး ချွေးထွက်စေပါတယ် ။ စိတ်ကို ပြေလျော့စေပြီး ခန္ဓာ ကိုယ် တောင့် တင်းမှုတွေ ကိုလည်း သက်သာစေတဲ့ အပြင် လန်းဆန်းမှုကိုလည်းပေးပါတယ် ။ ဦးခေါင်း မှ လွဲ၍ တကိုယ်လုံးကို မြေကြီး ထဲ နစ်မြှုပ်ထားခြင်းပဲ ဖြစ်ပါတယ် ။




 


ရေနံနှင့် ရေချိုးနည်း

အန္တရာယ် အများဆုံး ရေချိုးနည်းတွေ ထဲက တစ်ခု ကတော့ ရေနံ နဲ့ ရေချိုးနည်း ပဲ ဖြစ်ပါတယ် ။ ရေချိုးတော့ မယ် ဆိုရင်တော့ သင့် ရဲ့ ပါးစပ် ၊ နှာခေါင်း ၊  တို့ကို လုံခြုံစွာ ဖုံးအုပ် ထားဖို့တော့ လိုပါလိမ့်မယ် ။။ ရေနံ နဲ့ ရေချိုး နေစဉ်မှာ ဆေးလိပ်သောက်ဖို့ မီးမညှိရန် လည်း သတိထားရပါမယ် ။


 ရေနံ နဲ့ ရေချိုးခြင်း ရဲ့ အကျိုးကျေးဇူး ကတော့ အဆစ်ရောင်ရောဂါ နဲ့ အရေပြားရောဂါတွေ ကို ပျောက် ကင်းစေတဲ့ အတွက် ဖြစ်ပါတယ် ။ ဘာကြောင့် လည်း ဆို ရေနံ မှာ sulphur (ဆာလ်ဖာ) ပါဝင်တဲ့ အတွက် ဖြစ်ပါတယ် ။ ဒီရေချိုးနည်း ကို Azerbaijan နိုင်ငံမှ Naftalan မှာ ကျင့်သုံးနေကြပါတယ် ။




Ning ၊ ကိုယ်ပိုင် ဒိုမိန်း ( Domain )နှင့် ဘလော့ ပို့စ်တင်သူများ



အခုရေးတဲ့ ပို့စ်လေး ကတော့ ဧဒင်ဥယျာဉ် က ဆိုက် တည်ထောင်သူ ကိုမျိုး ရဲ့ အကူအညီတွေ အများကြီး ပါပါတယ် ။ နည်းပညာပိုင်းတွေမို့ လေ့လာလို့ မကုန်နိုင်ပါဘူး ။ စိတ်ဝင်စားသူများနှင့် Ning ဆိုက် တည်ထောင် ထားသူများ ၊ Ning ဆိုက်တွေ မှာ ဘလော့ပို့စ် တင်နေသူများ အတွက် ရည်ရွယ်ပြီးရေး သားခြင်းဖြစ် ပါတယ် ။

အခုမြန်မာပြည် က Ning Creator တော်တော် များများ မသိသေးတဲ့ အချက်တွေကို ရှင်းပြသွားမှာပါ ။ သိထားပြီး သားဆိုရင်လည်း ဒီပို့စ်လေး ကို ထပ်ပြီး ဖတ်စေချင်ပါတယ် ။

(၁) Domain ဆိုတာ ဘာလည်း ?


Domain ဆိုတာ အင်တာနက် စာမျက်နှာ တစ်ခု ကို Map လုပ်ပေးတဲ့ အရာလို့ မြန်မာလိုပြောလို့ရပါတယ် ။ ( သူက ဖုန်းနံပတ် နဲ့ တူပါတယ် )

ဒိုမိန်း နာမည် ဆိုတာဟာ Domain Name System (DNS) ပေါ်အခြေခံပြီး အင်တာနက်ပေါ် မှာ ထိမ်းချုပ်ခွင့် သို့မဟုတ် လုပ်ပိုင်ခွင့် ၊ ခြယ်လှယ် ပိုင်ခွင့်ရတဲ့ သတ်မှတ်ချက် Label တစ်ခု ပဲဖြစ်ပါတယ် ။ 


ဒိုမိန်း နာမည် များကို ပထမ အဆင့် သတ်မှတ်ခြင်း ဟာ Top Level Domian (TLDs) ဖြစ်ပါတယ် ။ အဲဒီမှာ Generic top-level domains (gTLDs) ပါဝင် ပါတယ် ။ အထူး သဖြင့် ထင်ရှားတဲ့ com , net နဲ့ org တို့ပဲဖြစ် ပါတယ် ။ 

DNS အဆင့်များမှ ဒီ Top level domains တွေအောက်မှာ ဒုတိယ အဆင့် နဲ့ တတိယ အဆင့် ဒိုမိန်း နာမည်တွေ ကို သုံးစွဲသူ ( end-users) တွေက ဖွင့်လှစ်ပြီး Local Area Networks ကို အင်တာနက်သို့ ချိတ်ဆက်ခြင်း ၀ဘ် ဆိုက်များ ပြုလုပ်ခြင်း နဲ့ အခြား Publicly ဆိုင်ရာ အင်တာနက် အရင်းအမြစ် (Resources) တွေ ကို သုံးစွဲကြပါတယ် ။

ပထမဆုံး Domain ကိုပြောပြပြီးတော့ နောက် ဆက်တွဲ လိုအပ်ချက် တစ်ခုကို ဆက်ရှင်းပြမှာပါ ။ အင်တာနက် စာမျက်နာ တစ်ခုကို Mapping လုပ်ပေးတဲ့ Domain က အင်တာနက် ရဲ့ ပထမလိုအပ်ချက်ပါ ။


(၂ ) Hosting ဆိုတာ ဘာလည်း ?

ဒုတိယ လိုအပ်ချက် ကတော့ Hosting ဖြစ်ပါတယ် ။ Hosting က အကျယ် ရှင်းပြရရင် အင်တာနက် စာမျက်နှာ ရဲ့ အ ချက် အလက် Data တွေကို transmit လုပ်ပေးမယ့် Memory Storage and Server လို့ပြောလို့ရပါတယ်။

( သူက ဟန်းဆက် လို့ပြောလို့ရပါတယ် )

Hosting မရှိရင် စာရွက်လွတ်ကြီး ကို အင်တာနက် မှာ တင်ထား တာနဲ့ တူနေပါလိမ့်မယ် ။  နောက်ပြီး ဆိုဒ် တစ်ခု ရဲ့ လုပ် ဆောင်ချက်တိုင်းမှာ သုံးရတဲ့ အရာပေါ့ ။  Bandwidth အတွက် လဲ hosting က မရှိမဖြစ် လိုအပ် လေ့ရှိ ပါတယ် ။ ဥပမာ ပြောရရင် စာတွေကို ပို့မယ် ဆိုပါဆို့ အဲ့အခါ member အရေ အတွက်လိုက် ပို့ရမယ့် စာအစောင်ရေ အလိုက် သုံးရတဲ့ Memory ပေါ့ အဲ့ဒါတွေ အတွက် hosting ဆိုတာ က ဖြေ ရှင်းပေး ရတာပါ ။   ဒါက အင်တာနက် စာမျက်နှာ တစ်ခုရဲ့ အဓိက လိုအပ်ချက် 2 ရပ်ပဲဖြစ်ပါတယ် ။



Monday, July 4, 2016

ကမ္ဘာကြီး အဆုံးသတ်နိုင်သော အကြောင်းအရင်း ၁၀ ချက်


၁ ။ ဥက္ကာခဲ များနှင့် တိုက်မိခြင်း ။

ဒါဟာ အရင်တုန်းကလဲ ဖြစ်ဖူး ပါတယ်။ ဒိုင်နိုဆောတွေ မျိုးသုန်း
သွားတုန်းကပေါ့။ စကြာဝဠာ အတွင်းမှာ ဤကဲ့သို့ဖြစ်ရပ်မျိုး ဟာ မဆန်းပါဘူး။ 


၁၉၉၂ ခုနှစ် အတွင်းမှာကို ဂျုပီတာဂြိုလ် အတွင်း  အလွန်ပြင်း ထန် တဲ့ ပေါက်ကွဲမှုမျိုး နဲ့ ဥက္ကာခဲ ၃ လုံး ၀င်ရောက် ခဲ့ပါ တယ်။ ယနေ့ ခေတ်မှာ နည်းပညာတွေ နဲ့တော့ ကြိုတင်သိမြင်နိုင် ပါတယ်။

၂ ။ နေလုံး အဆမတန်ကြီးမား လာခြင်း ။

 
 နေမင်းဟာ အစဉ်အမြဲ တည်တန့်နေမည့် အရာ မဟုတ်ပါ။ သူ့ မှာ လဲ အဆုံးသတ် ဆိုတာရှိပါတယ်။ နောင်နှစ်ပေါင်း ၅ ဘီလီယံ ခန့်မှာ နေမင်းကြီးဟာ လောင်ကျွမ်း စရာ လောင်စာ ကုန်ဆုံး သွား မှာဖြစ်ပါတယ်။ 


ထိုအခါ နေမင်း ထဲမှာ ရှိတဲ့ ဟိုက်ဒရိုဂျင် နဲ့ ဟီလီယံ ဓာတ်ငွေ့တွေကြောင့် အဆမတန်ဖောင်းဖွ လာပြီး ကမ္ဘာလုံး ကိုပါဝါးမျို သွားမှာဖြစ်ပါတယ်။


၃ ။ ကမ္ဘာအနှံ့ နျူကလိယ စစ်ပွဲများ ။

နျူကလိယ ဗုံး များနဲ့ စစ်ဖြစ်ပြီးနောက်မှာ ကမ္ဘာ့ အိုဇုန်း လွှာပေါက်ပြဲ မှု၊ ရာသီဥတုဖောက်ပြန်မှု၊ ကမ္ဘာအနှံ့လေထု ညစ်ညမ်းမှု တို့ကြောင့် ကမ္ဘာကြီး ဟာ အသည်းအသန် ခံစားပြီး အဆုံးသတ်သွားနိုင်ပါတယ်။


၎ ။ မီးတောင်ပေါက်ကွဲမှု ။
အင်ဒိုနီးရှားနိုင်ငံမှာ ရှိတဲ့ တိုပါဆိုတဲ့ မီးတောင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၁၅၀၀ ကလို ပေါက်ကွဲမှုမျိုး ထပ်ဖြစ် ခဲ့ ရင် အနီးနားမှာ ရှိတဲ့သန်းပေါင်း များစွာသော ပြည်သူတွေဟာ ချက်ချင်းသေဆုံး သွားနိုင်ပါ တယ်။ ပြီးတာနဲ့ ကမ္ဘာအနှံ့ မီးတောင်ပြာများနဲ့ပဲ ဖုံးလွှမ်းပြီးတော့ လေထု ညစ်ညမ်းမှုကြောင့် အားလုံးနီးပါး ဒုက္ခရောက်ကာ အနည်းငယ်သာ အသက်ရှင် ကျန်နိုင်ပါလိမ့်မယ်။

၅ ။ စက်ရုပ်များ ။
သိပ္ပံပညာ ရဲ့ဆိုးကျိုး တစ်ခုဖြစ်ပါတယ်။ အလွန် အသိညဏ် ရှိလှတဲ့ စက်ရုပ်များဟာ တစ်ချိန်မှာ သူတို့ ကိုယ်တိုင် အသစ်အသစ်များ တီထွင်လာပြီး ကမ္ဘာကြီးရဲ့အနာဂတ် ကို ပြောင်းလဲပစ်နိုင်ပါတယ်။

၆ ။ နည်းပညာ အဆမတန် ထွန်းကားမှု ။
နည်းပညာများ အဆမတန် ထွန်းကားမှုကြောင့် ကမ္ဘာပေါ်ရှိ သယံဇာတများ ပျက်သုန်းကာ စက်ရုပ်များသာ အသက်ရှင်နိုင်မယ့် ပတ်ဝန်းကျင် မျိုးဖြစ်သွားနိုင်တယ်။



ကဗျာဆရာကြီး ရူမီ ပြောသည့် ဘ၀ နေနည်း





သင့် နှလုံးသားရဲ့ဆန်းကြယ်သော ခေါ်ငင်ရာနောက်သို့ အသာ တကြည်ကလေး စီးမျောလို့ လိုက်ပါကြည့် ပါ ၊ သင် နှစ်သက်မြတ်နိုးသော ထိုအရာသည် သင့်အား ဆိုးသော အကျိုးကိုပေးလိမ့်မည် မဟုတ်။
ပါရှား လူမျိုး ဂန္ဒဝင် ဒဿနဆရာ ကဗျာ ဆရာကြီး ရူမီ (Rumi) ဟာ သူပျော်မွေ့ခဲ့ရာ ၁၃ ရာစုနှစ်မှာ သာမ က ပဲ မျက်မှောက်ခေတ် အထိကိုပါ သူ့ရဲ့ ပြောင်မြောက် လှတဲ့ စာပေ အနုပညာနဲ့ အသိဥာဏ် ပညာ အလင်း ကို ဆောင်ကျဉ်းပေးလျက်ရှိနေပါတယ်။ 

ယခုအချိန်ထိ အမေရိကန်ပြည် မှာ စာအုပ် အရောင်းရဆုံး နဲ့ အကျော်ကြားဆုံး ကဗျာ ဆရာ စာရင်းဝင် အဖြစ် ရှိနေဆဲ ရူမီ ဟာ လူ့လောကကြီး နဲ့ ပတ်သက်လို့ ဘဝ နေနည်းတွေနဲ့ ပတ်သက် လို့ လေ့လာ သင်ယူ မှတ်သား ဖွယ်ရာ ဆန်းကြယ်တဲ့ အမြင်တွေကို ချန်ထားရစ်ခဲ့ပါတယ်။


ယခုဖော်ပြပေးမှာ ကတော့ ရူမီ ရဲ့ အကျော်ကြားဆုံး ဘဝ ဒဿန အဆီအနှစ်တွေပဲဖြစ်ပါတယ်။
မတူရာတွေ စုကြတဲ့ လောကဖြစ်တာနဲ့ အညီ ဆရာကြီး နဲ့ အမြင်တူသူ ရှိသလို အမြင်မတူသူတွေလဲ ရှိနေ မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီး ရဲ့ ကြီးကျယ်သော ပညာဥာဏ် စီးဆင်းမှု ကနေ အလိုရှိ သလို ယူငင် သုံးစွဲကြပြီး ကျွန်တော်တို့ရဲ့ဘဝတွေ အတွက်အပြောင်းအလဲ တစုံတရာ ဖြစ်ပေါ်စေမယ် လို့ ယုံကြည် ပါတယ်။



၀၁. ကြမ်းတမ်း ခက်ထန်သော လောကဓံ ရဲ့ရိုက်ခတ်မှုပေါင်းများစွာဆီမှ ရှောင်ခွာ မပြေးပါနဲ့ ၊ သူတို့ဟာ အကောင်းဆုံး ဆရာတွေပါ ။  
ဘဝရဲ့ဒဏ်ရာ ဒဏ်ချက်တွေဟာ အမှောင်ထဲက သင့်ကို အလင်းပြပေးတဲ့ အရာတွေဖြစ်ပါတယ်။ လမင်းစန္ဒာ ဟာ ညရဲ့မှောင်မိုက်မှု ကို ကြောက်ရွံ့ခြင်းကင်း တဲ့ အတွက်ကြောင့်သာ တောက်ပသော အလင်း ကို ဖြန့်ကျန့်ခွင့် ရပါတယ်။


၀၂. သင့်ရဲ့စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဘယ်အရာကိုမှ လွယ်လင့်တကူ မခံစားပါနဲ ။့
ပွတ်တိုက်မှုတိုင်းကိုသာ ခံစားဒေါသထွက်နေခဲ့ရင် သင်ဘယ်သော အခါမှ တောက်ပြောင် လာလိမ့်မည် မဟုတ်။ ပူဆွေးဝမ်းနည်း မနေပါနဲ့ ၊ သင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အရာတိုင်းဟာ တစ်ခြားပုံစံ မျိုးစုံနဲ့ သင့်ထံရောက်လာဦးမှာပါ။


  ၀၃.ဘယ်အရာမဆိုဖြစ်နိုင်တယ်၊ ဒါဆို ဘာလို့သေးနုပ်တဲ့ ကိစ္စတွေ အတွက်အချိန်ကုန် ခံနေတော့ မလဲ ။ အချုပ်အနှောင်တွေ က ရုန်းထွက် ၊ လွတ်လပ်ခြင်းကိုဖွေရှာ ၊ ​ကောင်းကင်ကြီးသာ ဖြစ်လိုက်စမ်းပါ။


  ၀၄. မိမိ ကိုယ်ကိုပြောင်းလဲဖို့သာ အာရုံစိုက်လိုက်ပါ၊ ဒါဆိုရင် လောကကြီး တစ်ခုလုံး ကို ခြားနားသော အမြင်တွေ နဲ့ မြင်တတ် လာပါလိမ့်မယ် ။ 
မနေ့က ကျွန်တော်သည် တော်၏ ၊ ထို့ကြောင့် ကမ္ဘာကြီးကိုပြောင်းလဲပစ်ရန် ကြိုးစားခဲ့၏။ ယနေ့ ကျွန်တော် သည်လည်း အသိဥာဏ်ပညာနှင့်ပြည့်စုံ၏၊ ထို့ကြောင့် မိမိကိုယ်ကိုကောင်းအောင်သာ ကြိုးစား ၏။


၀၅. မိမိ နှလုံးသားခေါ်ဆောင်ရာနောက်သို့သာ လိုက်သွားပါ၊ ရောက်သင့်ရောက်ထိုက်သောနေ ရာ ကို ရောက်မှာအသေချာ ။  

မိမိ အသက်ဝိဥာဉ် က လိုလားတောင့်တ အပ်သောအရာကို အကောင်အထည်ဖော်သော အခါ ၊ ပျော်ရွှင်ခြင်းမြစ် တစ်စင်း ရင်တွင်း စီးဆင်းမှာ ၊ လောကမှာ အရေးပါဆုံးသော အရာ။ မိမိ နှလုံးသားထဲမှာ ဖယောင်းတိုင် တစ်တိုင် ၊ မီးညှိလို့ ထွန်းလင်းစေပါ။ အသက် ဝိဥာဉ်ထဲမှာ ကွက်လပ် တစ်ခု ၊ ဖြည့်တင်း လို့ ပြည့်စုံစေပါ။