တည်ဆောက်မည့် မြန်မာဘောလုံး အကယ်ဒမီ( ရန်ကုန်) ပုံစံငယ် အား တွေ့ရစဉ်။ ဓာတ်ပုံ - MFF
ရန်ကုန်၊ ဇွန် ၂၉-
အမေရိကန်ဒေါ် လာ၂ ဒသမ ၅ သန်း ကုန်ကျမည့် မြန်မာဘောလုံး အကယ်ဒမီ (ရန် ကုန်) ကို ရှစ်လ အတွင်း အပြီးတည် ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်း အတွက် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် မှ အမေရိကန် ဒေါ်လာ ၅ သိန်း
ထောက်ပံ့ပေး မည် ဖြစ် ပြီး ကျန်ဒေါ်လာနှစ်သန်း ကို ဧရာဝတီဖောင်ဒေးရှင်း မှ ပံ့ပိုး လှူဒါန်းသွား မည်ဖြစ်သည်။
အဆိုပါ အဆောက် အ အုံ ကို ဧရာဝတီဖောင်ဒေးရှင်း မှ လှူ ဒါန်းထား သည့် မြက်ခင်းတု ကွင်း အမှတ် (၃) နှင့် (၄) အနီးတွင် တည် ဆောက်သွား မည်ဖြစ်ပြီး သက်တမ်း အလိုက် အမျိုးသား၊ အမျိုးသမီး အ သင်း များ လေ့ကျင့်မှု အဆင်ပြေစေ နိုင်ရန် အတွက် မြက်ခင်းတု လေ့ကျင့် ရေးကွင်း အမှတ် (၃)နှင့် (၄)ကို ၂ဝ၁၄ ခုနှစ်တွင် တည်ဆောက်ပေးခဲ့ခြင်းဖြစ် သော်လည်း မြန်မာဘောလုံး အကယ် ဒမီ(ရန်ကုန်) ၈ လအတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာဘော လုံး အကယ်ဒမီ (မန္တလေး)၊ မြန်မာ ဘော လုံး အကယ် ဒမီ (ပုသိမ်) တို့ကို တည်ဆောက် ဖွင့်လှစ် ထားပြီး မြန်မာ ဘောလုံး အကယ်ဒမီ (ရန်ကုန်)သည် တတိယမြောက် ဘောလုံး အကယ် ဒမီ အဖြစ် ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ် ခြင်းဖြစ်ကာ သက်တမ်း အလိုက် လက် ရွေးစင် ကစားသမားများ ကို မွေး ထုတ်ပေးလျက် ရှိသည်။