Tuesday, June 30, 2015

မာရ်နတ်







 သိပ် တန်ဖိုး ရှိတဲ့ ပို့စ်လေး ပါ မာန်နတ် ဆိုတာ အခုမှ စုံစုံ လင်လင် သိခွင့် ရတာ အကျိုးများ၏။

၁-မာရ်ငါးပါး ဆိုတာ မာရ်နတ် ငါးယောက် ကိုပြောတာလား ??
၂-ဘုရား မရှိတော့ပေမယ့် သိကြားမင်း တို့ နတ်ပြည်ကို ဘာလို့ သွား မသိမ်းလဲ ??
၃-ဘိက္ခုနီ သာသနာကို ကျတော့ ဘာလို့ မနှောက်ယှက်ခဲ့ တာလဲ ??
၎-ဘုရား ကို ပရိနိဗ္ဗာန် စံခိုင်းတာ မာရ်နတ် အကြီး မဟုတ်ဘူးလို့ ဆိုတယ်၊
မာရ်နတ်သေးသေးလေး တဲ့ မာရ်နတ်ကြီးကသာ စံခိုင်းရင် ချက်ချင်း စံရမှာ ဆိုတာဟုတ်လား ??
၅-မာရ်နတ် ခိုင်းလို့ ပရိနိဗ္ဗာန်ပြုတာ လား၊ ဝက်သားစား လို့လား ??
၆-မာရ်နတ် အခု ဘယ်မှာလဲ ??
၇-မာရ်နတ် ကို နှောင့်ယှက်လို့ မရအောင် ဘုရားက ဘာလို့ တန်ခိုး နဲ့ မတားလဲ ??
၈-ရှင်ဥပဂုတ် က မာရ်နတ် ကို ဆုံးမတယ် ဆိုတာ ဟုတ်လား ??
 


မာရ် ရဲ့အကြောင်းလေး အရင် ရှင်းရအောင် မာရ် ဆိုတာ မာရ ဆိုတဲ့ ပါဠိ ကနေလာတာ မာရ ဆိုတာ သေခြင်း၊ သေစေခြင်း လို့ အဓိပ္ပါယ် ရတယ်။
မာရ် ဆိုတာ သေတတ်တဲ့ သဘော သေအောင် သတ်တတ်တဲ့ သဘောကိုပြောတာ။




☆☆မာရ် (၅) ပါး ကို အကျဉ်းလေး ပြောပြမယ်။
(၁) ကိလေသ မာရ် (၂) ခန္ဓ မာရ် (၃) မစ္စု မာရ် (၄) အဘိသခါင်္ မာရ် (၅) ဒေဝပုတ္တ မာရ်

☆ ကိလေသမာရ် ဆိုတာ တစ်ထောင့်ငါးရာ ကိလေသာတွေ ကိုပြောတာ လောဘ၊ ဒေါသ၊  ဣဿာ     ၊ မစ္ဆရိယ အစ ရှိတဲ့ ကိလေသာတွေဟာ စိတ် ကို ပူလောင်စေတတ်တယ်၊ ညစ်နွမ်းစေတတ် တယ်၊ ပင်ပန်းဆင်း ရဲအောင် နှိပ်စက် တတ်တယ်။
 

ဒီ ကိလေသာတွေ ရှိနေ သရွေ့ကတော့ သံသရာ မှာ တလည်လည် နဲ့ အမြဲသေနေဦးမှာပဲ။
ဒီလိုသေစေ တတ်လို့ ကိလေသာ ကို မာရ်လို့ခေါ်တယ်။


☆ ခန္ဓမာရ် ဆိုတာ ဒီ ခန္ဓာ ၅ပါး ကို ပြောတာပဲ။ ခန္ဓာ ရှိသရွေ့ သေနေဦးမှာပဲ။ ဘယ် ခန္ဓာဖြစ်ဖြစ် သေနေဦး မှာပဲ။
သေတတ် လို့ ခန္ဓာ ၅ပါး ကို မာရ် လို့ခေါ်တယ်။


☆ မစ္စုမာရ် ဆိုတာ သေခြင်း တရားပါပဲ။ မရဏ ကိုပြောတာပေါ့။ သေတတ် တဲ့ မစ္စုကို မာရ် လို့ခေါ်တယ်။

☆ အဘိသခါင်္မာရ် ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ် ကံတွေကိုပြောတာ။
ကုသိုလ် ကံကြောင့် ကောင်းတဲ့ ဘဝရောက်မယ်။ အကုသိုလ် ကံကြောင့် မကောင်းတဲ့ ဘဝ ရောက်မယ်။ ဘယ် ဘဝရောက်ရောက် သေမှာပဲ။ သေစေတတ် လို့ အဘိသခါင်္ ကို မာရ် လို့ ခေါ်တယ်။


☆ ဒေဝပုတ္တ မာရ်  ဆိုတာ မာရ်နတ် ကို ပြောတာ။
မာရ်နတ် ဟာ သတ္တဝါတွေ သံသရာဝဋ် က လွတ်မှာကြောက်တယ်။ ၃၁ဘုံ ဘယ်ကို သွားသွား သူ သဘော ကျတယ်။
 

လွတ်ထွက် သွားမှာကြောက် လို့ လွတ်ကြောင်း လုပ်ရင် နှောင့်ယှက်တယ်။
မာရ်နတ် အနှောင့် အယှက် ခံရရင် သံသရာ လွတ်ကြောင်း မလုပ်ဖြစ်တော့ဘူး။
 

၃၁ဘုံမှာပဲ ပျော်မွေ့တော့တယ်။ ဘယ်ဘုံဖြစ်ဖြစ် သေမှာပဲ။
ဒီလိုသေစေတတ် လို့ ဒေဝပုတ္တမာရ်နတ် ဟာလည်း မာရ် ပါပဲ။
 

Monday, June 29, 2015

အသွား မတော် တစ်လှမ်း အပြော မတော် ?





မိဘမေတ္တာ ဟာ ဘယ်လောက် ကြီးမားသလဲ ဆိုတာတော့ လူတိုင်းသိပါတယ် ။ အနန္တော အနန္တ ငါးပါး စာရင်း မှာတောင် ပါတယ် ဆိုတော့ စဉ်းစားပေါ့ ...ဟုတ်ပြီ ၊

အဲဒီ မိဘ ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဟာ သူတို့ ရဲ့ သားလေး တယောက် ကို သာသနာ့ဘောင် သွင်းပေးလိုက် လို့ 
ကိုရင်လေးဖြစ်သွားရင် ဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ် သွားသလည်း ဆိုတော့ မိဘတွေ ကတောင် ထိုင်ပြီး ရှိခိုး ရလောက်အောင် ကို ကြီးကျယ်မြင့်မြတ် သွားတာ အဲဒါ သာမဏေ အဆင့်ပဲရှိသေးတယ် ။


မိဘ ကတောင်ပြန် ရှိခိုး ရတယ် ဆိုတော့ ရဟန်းတပါး ရဲ့ ဂုဏ်ကျေးဇူး ဆိုရင် ဘယ်လောက်ထိ ဂုဏ်ကျေးဇူး ကြီးမလဲ စဉ်းစားပေါ့ ။ 


တစ်ပါး ကနေ သုံးပါး အထိကို ရဟန်း လို့ ပဲခေါ်ပြီး လေးပါး နဲ့ လေးပါး အထက် ကို သံဃာ လို့ ခေါ်တယ်
သံဃာ ကို လှူတဲ့ အကျိုးဟာ ငါ ဘုရားရှင် ကို လှူတဲ့ အကျိုးထက် ကြီးမားတယ် လို့  ဘုရားရှင် မိန့် မှာ
ခဲ့ဘူးတယ် ။


ဒါဆိုရင် သံဃာ ထု ကိုပြစ်မှားရင် ဘုရားရှင် ကို ပြစ်မှား တာထက် ကို အကျိးပေး မသေးဘူး ဆိုတာ လက် မခံနိုင်စရာ အကြောင်းမရှိဘူး ။

အခု မြန်မာနိုင်ငံရေးသမား အများစု ဟာ အကျိုးအပြစ် ကို မသိ အတိမ်အနက် ကို မသိပဲ စကားလုံး အသုံး အနုန်းတွေ ကို လက်လွတ် စပါယ် သုံးနေကြတာတွေ့ ရတယ် ။ မဟန မဘသ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး တော့ သုံးနုန်းနေတာတွေ့ ရတယ် ။


ဖုံးကွယ်ဖျောက်ဖျက် ထားခြင်း ခံရသော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း






Myanmar Model Girls's photo. 


၁၉၆၂ ခုနှစ် မှ ယနေ့ အထိ ဖုံးကွယ်ဖျောက်ဖျက် ထားခြင်း ခံရသော ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်း။

 အောက်ပါ မိန့်ခွန်း မှာ ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်၊ နံနက် အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်း ဆင်းပွဲ ၌ ဗမာ့ ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း တစ်ရပ် ဖြစ်သည်။

ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစု အချို့ဟာ စစ်ဗိုလ်လောင်း ကလေးများ အဖြစ် ဘွဲ့အဆင့်အတန်း ကို ခံယူကြရတော့ မယ်။ ယနေ့ အထိ ရဲဘော်တို့ ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ် လို့ မိမိတို့ အပေါ်မှာ မရှိကြသေး ဘူး။


ယနေ့ကျောင်းက ထွက်ပြီး ဗမာ့ တပ်မတော် အသီးသီး ဋ္ဌာန အသီးသီး  ရာထူး အလုပ်ဝတ္တရား များ ရတာနဲ့ တစ်ပြိုင်နက် ရဲဘော် တို့ အသီးသီး မှာ ကိုယ့် တာဝန်နှင့် ကိုယ့် ၀တ္တရားနှင့် ဖြစ်သွားပြီ။ 

ဒီလို ကိုယ့် တာဝန် ကိုယ့်  ၀တ္တရားနှင့် ဗမာနိုင်ငံတော် နဲ့ ဗမာ့ တပ်မတော် ရဲ့အမှု ကို ထမ်းကြတဲ့ အခါ ရဲဘော်တို့ ကို မှာသင့် မှာ ရာ အချက်တွေ ကို ငါတို့ မှာကြားလိုတယ်။

ပထမဆုံး ရဲဘော်တို့ ကို မှာချင် တာက ငါတို့ အခု ဗမာနိုင်ငံ ဟာ ကိုယ့်မင်း ကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့ တပ်မတော် ဟာ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး ရဲ့ အကျိုး အတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ် ရမယ့် ဗမာ့ တပ်မတော် ဟာလည်း ဗမာတစ်နိုင်ငံလုံး တစ်မျိုးသားလုံး အတွက် ဖြစ်တယ်ဆို တာ နားလည်ရမယ်။

ဒီ တပ်မတော်ဟာ လူတစ်ဦး တစ်ယောက် အတွက် တည်ထောင် ထားတာ မဟုတ်။ တစ်နိုင်ငံလုံး တစ်မျိုး သားလုံး အတွက် ဖြစ်တယ်။ ဒီ တပ်မတော် ဟာ တစ်ဖွဲ့ တစ် ပါတီ လူတစ်စု အတွက် တည်ထောင်ထား တာ မဟုတ်။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။


ဗိုလ်တစ်ထောင် ဘုရား မှ မမြနန်းနွယ် ၏ ဘဝဖြစ်စဉ်





 မြန်မာပြည်ကြီး ထီးရိပ် နန်းရိပ် ကွယ်ပြီ ဆို တော့မြန်မာတစ်ပြည်လုံး တိုင်းရင်းသား အားလုံး ကြိမ်မီးအုံး သည့်နှယ် နှလုံးသား မှာ ခံစားနေကြရသည်။ နယ်ချဲ့ကိုလိုနီ ကို တွန်းလှန် ရန် နေရာဒေသ အနှံ့ လက်နက်စွဲ ကိုင်တော်လှန်ကြသည်။

မြန်မာပြည်ကြီး လွတ်လပ်ရေး ရစေရန် ရှမ်းပြည် ရှိ မိုင်းပွန်စော်ဘွားကြီး စောခွန်တီ သည်လည်း မျိုးချစ်တော်လှန်ရေး သမားဖြစ်ရကား မိဘမဲ့ တူမတော် "နန်းခမ်း" အား ကြည့်ရှုစောင့်ရှောက်ရန် ခက်ခဲလာ သည်။

တော်လှန်ရေးသမား ဆိုတော့ အချိန်ခါ မရွေး နေရာဒေသ အနှံ့ သွားလာ လှုပ်ရှားနေရ သည်။ အရွယ်ရောက်နေသော တူမတော် နန်းခမ်း ကိုခေါ်ဆောင်သွားလို့ က မဖြစ်ဆို တော့
မိုးကုတ်မြို့ မှကျောက်တွင်း သူဌေး ဦးအောင်ဇံ မိသားစု ထံခေါ်သွားပြီး အပ်နှံ ထားရသည်။

နန်းခမ်း အပေါ် ဦးအောင်ဇံ မိသားစု ကလည်း သားသမီး အရင်းပမာ စောင့်ရှောက်ပေးခဲ့ ကြသည်။
တကယ်တော့ စော်ဘွားသွေး ရှမ်းမျိုးနွယ် ဖြစ်သည့် နန်းခမ်း ၏ချောမော လှပမှု ဘာသာ တရား အဆုံး အမအောက် နေသူလေး မို့ မိုးကုတ်မြို့ ကျောက်တွင်း သူဌေးကြီး ဦးဘကောင်း ၏ သား  ကိုချမ်းသာ ကနှစ်သက် သဘောကျလေသည်။

ကိုချမ်းသာ ၏ မိဘ များ ကလည်း သားဖြစ် သူနှစ်သက် သဘောကျနေသည့် နန်းခမ်း အားရွှေလမ်း ငွေလမ်း ခင်း လာကြသည်။ အချိန် ကာလ ၁၈၉၇ ခုနှစ်ဖြစ်သည်။ ကိုချမ်းသာနှင့် မနန်းခမ်း လက်ထပ် ခဲ့ကြ သည်။ သီပေါမင်း ပါတော်မူပြီး ဆယ်နှစ် ကျော် ကာလဖြစ်သည်။



သက္ကရာဇ် ၁၉၀၆ ခုနှစ် ဒီဇင်ဘာ ၂၂ရက် စနေနေ့ (၁၂၆၈ ခုနှစ် ပြာသို လဆန်း ၉ ရက်နေ့ ) မှာ ကိုချမ်းသာ မနန်းခမ်း တို့မှာ မနန်း (ခေါ်) မြနန်းနွယ် ကို မွေးဖွား ခဲ့လေ သည်။
(မောင်နှမ သားချင်း ကိုတော့ စာရေးသူ လေ့လာ မှု အားနည်း လို့ မသိပါ)
 

 မြနန်းနွယ် တွင် အစ်မကြီး မြနန်းရှင် ညီမငယ် မြနန်းဝေ ရှိသည် ကိုတော့ လေ့လာမှု အရ သိရပါသည်။ အစ်မကြီး မြနန်းရှင် မှာ ညီမလတ်မြနန်းနွယ် လောက် သိပ်မနူးညံ့ ပါ။ ဒေါမာန်ကြီးသည်။ ဒိုးဒိုးဒေါက်ဒေါက် ရှိ ပေသည်။

သို့သော် ဘာသာရေးကိုင်းရှိုင်းပြီး သူ့ဆိုင်ရာ သာသနာ့နယ်မှာ သာသနာပြု နေပါသည်။
အစ်မတော် မြနန်းနွယ် တို့မှာ ကျောင်းပညာ အတန်း ပညာတတ်မြောက် စေရန် မိုးကုတ် မြို့ မှာသာ ပညာ သင်ကြားခဲ့သည်။ 

အတန်း ပညာမှာ ထူးချွန် ထက်မြက် သူမို့ မိဘ များက သားသမီးရှေ့ရေး မျှော်တွေးဆ ကာ အိန္ဒိယ ပြည်သို့ မမြနန်းနွယ် အား တက္ကသိုလ် ပညာ သွားရောက် ဆည်းပူး သင်ကြားစေခဲ့သည်။ မမြနန်းနွယ် သည် အသက်၂၀နှစ် (၁၉၂၆ ခုနှစ်) မှာ အိန္ဒိယပြည် တက္ကသိုလ် မှ ဝိဇ္ဇာ ပညာ ဘွဲ့ ရရှိခဲ့ပါသည်။

မမြနန်းနွယ် သည် သွက်လက် ထက်မြက် သည့် အမျိုးကောင်း သမီးဖြစ်ကာ ဘာသာတရား လွန်စွာ ကိုင်း ရှိုင်းပြီး ပါရမီ ဓာတ်ခံအား ကောင်းသူဖြစ် သဖြင့် တရားထိုင် ပုတီးစိပ်ရုံမျှ မက ဦးရီးတော် ဦးကံသာ ထံမှ တရုတ် လူမျိုး တို့၏ ရှေးဟောင်း ရိုးရာ လက်ဆစ်ချိုး ပညာ စိတ်ဝိဥာဏ်လွှင့် ပညာများ ကိုသင်ယူ နိုင်ခဲ့သည်။


Saturday, June 27, 2015

သင့်ဆီ က သင့် မေမေ ဘာတွေ လိုအပ်နေလဲ သင် သိသလား ?





 "သား အမေ့ ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့..."
"ဟာ..အမေ ကလည်းဗျာ ဒီမှာ သားလည်း မနည်းနွှင် စားနေရတာ..
အမေ စားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျ လို့ ဂရုစိုက်မှပေါ့ အမေရ...."


ထမင်းဝိုင်း မှ အမေအိုကြီး ၏ အကူ အညီတောင်းသံ သည် သားဖြစ်သူ ၏ အော်ငေါက်သံနောက် တွင် တိုး လျှိုးပျောက်ကွယ် သွား၏... အသက် ၆၀ ကျော်နေပြီဖြစ်သော သူမ အတွက် ထမင်း တစ်လုတ် ကို ပါးစပ်ထဲ ထည့်ဖို့ လက်တွေ က ငယ်ငယ် ကလို သန်သန် မာမာ မရှိတော့...

ဇရာ ၏ နှိပ်စက်မှု သည် သူမ တစ်ကိုယ်လုံး ကို တုန်တုန် ချိချိ ဖြစ်စေခဲ့သည်.. သူမ ၏ အတွေး များသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့ တရွေ့ရွေ့ ပြန်ရောက်သွား သည်...

သား ငယ်ငယ် က ထမင်း စားသည့် အခါ ထမင်းလုံးများပေပွ ၍ ကြမ်းပြင် ပေါ်တွင် လည်း ပြန့်ကျဲကျ လျှက်.... ထိုဟာများ ကို ရှင်းရသည့် အပြင် အရိုးစူး မှာ စိုး၍ အရိုးနွှင်ပေး ရသည်....
 

 နွှင်ပေးသည့်ကြား က မတော် တဆ သား အရိုးစူးသည့် အခါ အရိုးမြန်မြန် ကျစေဖို့ ငှက်ပျောသီးချော့ ကျွေး ၍ သား ၏ ရင်ဘတ်လေး ကို ကြင်ကြင်နာနာ သပ်ပေးပြီး မိမိ၏ သေချာ ဂရုမစိုက်မှု အတွက်ကိုယ့်ကို ကိုယ် အပြစ်တင်မဆုံး ဖြစ်ခဲ့ရသည်...ခု သူမ ကိုတော့သားသည် ထိုသို့ မဟုတ်ခဲ့....

သားရေချိုးသည့် အခါ ရေဇလုံ ထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာ စိုး၍ ထိန်းကျောင်းပေးခဲ့ ဂရု တစိုက် ရေချိုးပေးခဲ့ ရသည့် သူမ.. ခု ရေချိုးခန်း ထဲ ရှိရေညှိ များဖြင့် ချောနေသောကြမ်းပြင် ကို အမေချော် လဲမှာ စိုး၍ တိုက်ချွတ် ရှင်းလင်းပေးရမှန်း သား သတိမထား မိခဲ့...

ရေချိုးပြီးတိုင်း သနပ်ခါး လိမ်းတတ် သည့် သူမ အတွက် "သား ကိုယ်တိုင်သွေးထားတာမေမေ လိမ်းဖို့ "ဆိုသည့် အပြောမျိုး သား ပါးစပ်ဖျားက ထွက်ကျ လာသည်ကို သူမ လိုချင်မိသည်...
 

သို့သော် ငယ်စဉ် က သားကိုပေါင်ပေါ် တင်၍ မိမိသွေးထား သည့် သနပ်ခါး ကို သားမျက်နှာပေါ် ကိုယ်တိုင် ကိုယ်ကျ ပါးကွက် ညီညီ လိမ်းပေးတတ်သည့် အချိန်များ ကို သား မမှတ်မိတော့....
 

သား လက်သည်း  ခြေသည်းလေးတွေ ကို တပတ် တခါ ညှပ်ပေးတိုင်း အသားလေး ကို ညှပ်မိမှာ စိုး၍ ဂရု တစိုက် ညှပ်ပေး ခဲ့သည့် သူမမေတ္တာ...
 

တခါ တရံ အသားကို ညှပ်မိ၍ သား ဆီမှ စူးခနဲ ထွက်ပေါ်လာသည့် ငိုသံ သည် သူမရင်ကို ဗလောင် ဆူအောင် ပြာယာ ခတ် စေခဲ့မှန်း သားမသိခဲ့.....
 

ခု သူမ လက်သည်းခြေသည်းတွေ ရှည် လာတော့ သား ကိုယ်တိုင် မိမိ ကို ဂရုတစိုက် ညှပ်ပေးတာမျိုး တမ်း တမိ သည်...သို့သော် "ဒါလေး လုပ်တာများ အမေရယ် ကိုယ်တိုင်ပဲ ညှပ်လိုက် ပါလား သား မအားဘူး" ဆိုသော သား အပြောအောက် တွင် သူမ ၏ စိတ်ကူးလေးများပျောက်ပျက် သွားခဲ့ရသည် ။

ကလေး ပီပီ ကစားကွင်း သွားရတာ နှစ်သက်သော သား အတွက် တပတ် တခါ အလုပ် အားရက်သည် သားနှင့် အတူ ကစားကွင်း တွင် အချိန် ကုန်စေဖို့ဖြစ်ခဲ့သည်...ပျော်ရွှင်မြူးတူးနေသော သားကိုကြည့်ရင်း
သူမ ရင်ထဲ တွင် တပတ်လုံး လုပ်ခဲ့ သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်... 


ခုချိန် ဘုရားသွားချင် ၍ "သား ဘယ်နေ့အား လဲ အမေ့ ကို လိုက်ပို့ပါလား"ဟူသော မျှော်တလင့်လင့် အမေး ကို အလုပ် အားရက်တိုင်း သူငယ်ချင်း များနှင့် Golf သွား ကစားတတ်သော သား ၏ အချိန် များက သားကိုယ် စား အဖြေပေး ခဲ့သည် ။
 

Friday, June 26, 2015

ဆေး ဘဲဥ (century egg) ကို စားသင့် သလား ??? - ဗဟုသုတ အနေ နဲ.လူတိုင်း သိသင့် ပါတယ်




 ဆေးဘဲဥ ကို century egg,preserved egg,hundred year egg, thousand year egg, millennium egg ,ထုံး ဘဲဥ , ဖီတန် ( တစ်ကယ်တော့ တရုပ် လို နာမည်ပါ pidan ) လို့ လည်းခေါ်ကြပါတယ်။

ဟိုတလော က maggi လို့ ခေါ်တဲ့ လူကြိုက်များ တဲ့ခေါက်ဆွဲခြောက် တွေ ထဲမှာ ခဲဓာတ်တွေ (lead) ပါတာ များ တာ ကို အိန္ဒိယ မှာ ရှာဖွေတွေ့ရှိ ခဲ့ လို့ မက်ဂီး ခေါက်ဆွဲ တင်သွင်း ထုတ်လုပ် မှု ကို ရပ်ဆိုင်းပြစ်လိုက် ပါ တယ်။ 

တိုက်တိုက် ဆိုင်ဆိုင် ဆေးဘဲဥ ကို သတိရ မိလို့ ဆေးဘဲဥ အကြောင်းလေးမျှဝေဖြစ် တာပါ။
ဆေးဘဲဥ ကိုတရုတ်နိုင်ငံ က နေပြီး စတင်ပေါ်ပေါက် လာတာဖြစ်ပြီး ရိုးရာ အားဖြင့် ဘဲဥ ၊ကြက်ဥ နဲ့ ငုံးဥတွေ ကို အသုံးပြုကြပါတယ်။ 

ပါဝင်တဲ့ ပစ္စည်းတွေ ကတော့ ရွံ့မြေ ၊ ဆား၊ ထုံး၊ ထမင်း ပျော့ စတာတွေကို လိုအပ် သလို ထည့်ပြီး အသုံးပြု ကြ ပါတယ်။

 ဖြစ်စဉ် အားဖြင့် ဘဲဥ အကာ ဟာ စိမ်းပုတ်ရောင် မှ သည် မီးခိုးရောင် ၊ မီးခိုးရောင် မှ သည် အညိုနက်ရောင် သို့ပြောင်းလဲ သွားပြီး ပြစ်ခဲမှု  မှာလည်း အရည် အဖြစ် မှ ဂျယ်လီ အဖြစ်သို့ပြောင်းလဲ သွားပါတယ်။ အနံ့ မှာ လည်း ကန့် sulphur နှင့် အမိုးနီးယား (ကျင်ငယ်ရေ နံ့  ) ဘက်သို့ ပြောင်းလဲ သွားပါတယ်။

 PH level သည် လည်း ၉ -၁၀ ကြားပြောင်းလဲပြီး ပြင်းအား များသော အယ်လ်ကာလိုင်း ဖြစ်သွား ပါတယ်။
ယနေ့ စားသုံးသူ တို့ရဲ့ လိုအပ်ချက် များလားပြီး ဝယ်လိုအား တိုးလာသောကြောင့် ထုတ်လုပ်သူ တို့ က လ အနည်း ငယ်ကြာ ပြုလုပ် ရသော ဆေးဘဲဥဖြစ်စဉ် ကို ရက်ပိုင်းနှင့်ပြုလုပ်နိုင်ရန် နည်းလမ်း များ ရှာဖွေ့ လာကြ ပါတယ်။ 



လူတိုင်း အတွက် အရေးကြီး တဲ့ မနက်စာ


Happy family eating breakfast

နေ့တစ်နေ့ရဲ့အစ မှာ လူတိုင်း အတွက် မနက်စာ ဟာ အရေးကြီးပါတယ်။ မနက် အိပ်ယာက ထတာ နဲ့ အစာအိမ် ဟာ အစာသစ် ကို လက်ခံ ဖို့အတွက် အဆင်သင့်ဖြစ်နေ ပါပြီ။ ကိုယ်ခန္ဓာ တစ်ခုလုံး ဟာ  အာဟာရ ဓာတ်တွေကို လက်ခံဖို့စောင့်ဆိုင်းပါတယ်။ 

ဒါကြောင့် နေ့တစ်နေ့ မှာ မနက်စာ ဟာ အရမ်း ကို အရေးကြီးလှ သလို မနက်စာ ပုံမှန် စားခြင်း ရဲ့ အကျိုးကျေးဇူး ကလည်း များလှပါတယ်။

ဦးနှောက် အတွက် စွမ်းရည် တိုးစေဖို့ အထောက် အကူပြုပါတယ်
မနက်စာ စားခြင်း ဟာ ဦးနှောက် ရဲ့ စွမ်းရည် ကို တိုးစေဖို့များစွာ အထောက် အကူပြု သလို သင်ကြားလေ့ လာမှု အပိုင်း မှာ ဦးနှောက် ကို များစွာနိုး ကြားစေပါတယ်။ 

ဒါ့အပြင် မနက်စာ ဟာ ဦးနှောက် ရဲ့စွမ်းအင် အရင်း အမြစ်တွေဖြစ်တဲ့ ဂလူးကို့စ် အဆင့်ကို များစွာ သိုလှောင်ပေး ပါတယ်။ အထူး သဖြင့် မနက်စာ စားတဲ့ ကလေးငယ် တို့ဟာ မှတ်ဥာဏ် စွမ်းအား ပို အားကောင်းကြောင်း ပညာရှင် တို့က သုတေသနပြုဖော်ပြ ထားကြပါတယ်။


လူတွေ အတွက် အရေးကြီး တဲ့ စီမံခန့်ခွဲမှု ပညာ





အလုပ်တွေ နဲ့ရှုပ်ထွေး လွန်းတဲ့ ခေတ်ကာလ မှာ လူတွေ အတွက် စီမံခန့်ခွဲမှု ပညာရပ် ဆိုတာ အရမ်းကို အရေးကြီး ပါတယ်။ လုပ်ငန်းတိုင်း မှာ စီမံခန့်ခွဲမှု ပညာရပ် ဟာ မရှိမဖြစ် လိုအပ် သလို လူတွေ မှာလည်း မိမိ ရဲ့ကိုယ်ရေး ကိုယ်တာ အလုပ်ကိစ္စရပ်များနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲတတ်ဖို့လိုအပ်ပါတယ်။ 

စီမံခန့်ခွဲမှု မရှိဘဲ လုပ်ကိုင် မိကြတဲ့ အခါ မလိုအပ်ဘဲ စိတ် ပင်ပန်း ရခြင်း ၊ အချိန်ကုန် ရခြင်း၊ အရေးကြီးတဲ့ ကိစ္စရပ်တွေကို လက်လွှတ် ဆုံးရှုံး ရခြင်းတို့ကြုံတွေ့ကြရ ပါတယ်။ ဒါကြောင့် အခုလို တိုးတက်နေ တဲ့ခေတ် ကာလ မှာ အောင်မြင်မှု အတွက် ကြိုးပမ်းနေကြသူတွေ ဟာ စီမံခန့်ခွဲမှု စနစ်ကို အလေးထား အသုံးပြု လာ ကြ ပါတယ်။ 

 နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ပါ အရေးပါ အကျုံးဝင်နေ တာကြောင့် စီမံခန့်ခွဲမှုကို စနစ်တကျ လုပ်ဆောင်နိုင်ကြစေဖို့ဖော်ပြလိုက် ပါတယ်။

အချိန် ကို စနစ်တကျ စီမံ ခန့်ခွဲပါ
အချိန် ကို စနစ်တကျ စီမံ ခန့်ခွဲအသုံးချမှု ဟာလည်း နေ့စဉ် လှုပ်ရှား ရန်ုးကန်နေရ တဲ့ ဘဝတွေ ထဲမှာ တကယ့် ကို အရေးကြီး ပါတယ်။ အချိန်ကို အကျိုး ရှိရှိ လိုအပ်တဲ့နေရာတွေ မှာ ဘယ်လို အသုံးပြုသွားမယ် ဆိုပြီး စီမံခန့်ခွဲတတ်မှု ဟာ မိမိ တို့ရဲ့များပြား လွန်းတဲ့ ကိစ္စရပ်တွေ ကို သူ့နေရာ နဲ့သူ အဆင်ပြေပြေကျော်ဖြတ် သွားစေပါတယ်။

အချိန် ကို စနစ် တကျ မစီမံနိုင်တဲ့ အခါ စိတ်ပျက် ရခြင်း၊  လွဲချော်မှုတွေ ကြုံရခြင်း ၊ အရေးကြီးတဲ့ ကိစ္စရပ်တွေ လက်လွတ် ခံရခြင်း၊ မလိုလား ဘဲ ငွေကုန်ခြင်း၊ လူအင်အားပြုန်းတီးစေခြင်း နဲ့ စိတ် ပင်ပန်းစေခြင်း တို့ ကြုံတွေ့ကြရ ပါတယ်။


မီးရထား စက်ခေါင်း





ကျွန်တော် ငယ်ငယ် က မီးရထား စက်ခေါင်းတွေ ကို တော်တော် သဘော ကျပါတယ်။ ပြောမယ့် သာပြော တာ.. တကယ်တမ်း ကျွန်တော်မွေးဖွား ကြီးပြင်း တဲ့နေရာ နဲ့ ဝန်းကျင် က မီးရထား နဲ့ ဘာမှ ပတ်သက် ဆက် စပ်ခြင်း မရှိပါဘူး။ 

ကျွန်တော်မွေးတာ က မန္တလေးဈေးချိုတော် အနောက်ဘက် အိမ်တော်ရာ ဘုရားတောင်ဘက်မုခ် က ဆင်းရဲ သား ရပ်ကွက်လေး မှာပါ။ ကျွန်တော့် အသိုင်း အဝိုင်း ထဲမှာလည်း မီးရထား ဝန်ထမ်း၊ မီးရထား နဲ့ ပတ်သက် တာ တစ်ယောက်မှ မရှိပါဘူး။ မီးရထား နဲ့ ခရီးသွားတာ ကလည်း တစ်နှစ် မှ တစ်ခေါက်တောင် အနိုင်နိုင်ပါ။ ဒါကလည်း မိဘတွေ ဇာတိဖြစ်တဲ့ ဘုတလင် ဘက် ကို နွေအခါ မှာပြန်ဖြစ်တာပါ။


ဟုတ်ပါတယ်။ တစ်နှစ် မှ တစ်ခါ ဆိုသလို မီးရထား စီးဖြစ်တဲ့ အချိန် မှာပဲ မီးရထား စက်ခေါင်းတွေကို စိတ်ဝင် စား သွားတာ ပါပဲ။ ကျွန်တော့် ဖခင် ဟာ ခရီးထွက်ရင် အလွန် ဝီရိယကောင်းလှပါတယ်။ မန္တလေး-ဘုတလင် လော်ကယ် က နံနက် ၅ နာရီခွဲလောက် မှ ထွက်တာပါ။ 

ဒါပေမယ့် အိမ်တော်ရာ ဘုရား တောင်ဘက်မုခ် အနီး နေအိမ် ကနေ မိုးမလင်းခင် နာရီပြန်နှစ်ချက်ခွဲ သုံးနာရီ လောက် ကတည်း က ကိုသန်းလေး မြင်းလှည်း နဲ့ ဘူတာ ကို ထွက်ဖြစ်ပါတယ်။ ဒီတော့ ဘူတာ ထဲရောက်နေတာ နံနက် အရုဏ်တက် လေးနာရီ ဆိုတာ နောက်အကျဆုံးပါ။

မီးရထား လက်မှတ် ဝယ်အပြီး မန္တလေး ဘူတာကြီး တောင်ဘက် အစွန် စက်ခေါင်းရုံ နားမှာ တွဲထိုး ထားတဲ့ ဘုတလင်လော်ကယ် ရထား တွဲဆိုင်းပေါ် ဘယ် ခရီးသည် မှ မရောက်သေးခင် အမှောင် ထဲမှာ ခြင် တဖျပ် ဖျပ် ရိုက်ရင်း ထိုင်နေရတာပေါ့။ ကျွန်တော် က ကလေးအရွယ် ဆိုတော့ အမှောင်ထဲ က မီးရထားတွဲထဲ တစ်နာရီလောက်ကြီး ဘယ်မှာ ထိုင်ချင်ပါ့ မလဲ...။ 

တွဲအောက် ဆင်းပြီး ဟိုသည်ကြည့်ချင် တာပေါ့။ ဒီတော့ စက်ခေါင်း ရုံနဲ့ အနီးအနား ဆိုတော့ အခြား စင်္ကြန် တွေ မှာ တွဲထိုး ထားပြီး ထွက်တော့မယ့် ရထားတွဲတွေ အတွက် မီးရထား စက်ခေါင်းကြီး တွေပြင် ဆင်နေတာ၊ ရှန်တိန် လုပ်နေတာတွေ ကိုကြည့်ရတာ ပျော်စရာကောင်းလှတယ်။ မည်းမည်း နက်နက် စက်ခေါင်းကြီးတွေ က မီးရဲရဲ၊ ရေနွေးငွေ့တထောင်းထောင်း၊ မီးခိုး တလူလူ နဲ့ ဥသြများ ဆွဲလိုက်ရင် လန့် သွား တာကို က ပျော်စရာပါ။ 

အသားမည်း သလောက် ဖွေးဖွေး လက်နေတဲ့ ယူနီဖောင်း ကို ကျကျနန ဝတ်ပြီး မီးရထား စက်ခေါင်းကြီး တွေပေါ် ကနေ မောင်းတံကြီးတွေ ဆွဲ၊ သံလက်ကိုင် ဘီးတွေ လှည့်၊ သံကြိုးကြီး တွေဆွဲပြီး စက်ခေါင်းကြီး ကို မောင်းနှင်နေတဲ့ စက်ဗိုလ်ကြီးတွေ ကိုလည်း သဘောကျ တယ်။

 မောင်းတံကြီးများ ဆွဲလိုက် ရင် ရေနွေးငွေ့တွေ မှုတ် ထုတ်ပြီး ဧရာမ မီးရထား ဘီးလုံး ကြီးတွေက မောင်း တံ ကြီး တွေ အ လှုပ် အရှားနဲ့ လည်ပတ်ပြီး စက်ခေါင်းကြီး ထွက်သွားတာ... နောက်ပြန် ဆုတ်သွား တာ။ ခေါင်းပေါ် က သံကြိုးလေး ဆွဲလိုက်ရင် 'တူ'ခနဲ ဥသြသံကြီး မြည်ဟည်း သွား တာတွေလည်း စိတ်ဝင် စားစရာကောင်းတယ်။

ရေနွေးငွေ့အားနဲ့ မောင်းနှင်တဲ့ မီးရထား စက်ခေါင်းကြီး ရဲ့ ပုံပန်းသဏ္ဌာန်၊ စက် ပစ္စည်းများ အလုပ်လုပ် ပုံတွေ ကို ကြည့်မဝ၊ ရှုမဝဖြစ်ရတယ်။ ဒီ မီးရထား စက်ခေါင်းကြီးတွေ ရဲ့ ပုံသဏ္ဌာန်တွေ ကို သဘောကျလို့ မှတ်သားဖန် များ လာတော့ ပန်းချီ ဝါသနာပါစ၊ ကျွန်တော့် ပန်းချီလေ့ကျင့်ခန်း ဟာ အခြား သူတွေ နဲ့မတူဘဲ မီးရထား စက်ခေါင်းကြီး ရဲ့ ရှေ့တည့်တည့် အမြင်၊ ဘေးတိုက် အမြင်၊ ဘေးတစောင်း အမြင် ပုံတွေများတယ်။

 ရေနွေးငွေ့စက်ခေါင်းကြီး က ဥသြသံ ပေးရင်း မီးခိုးတွေ မှုတ်ထုတ် ကာ နောက်ပြန် ဆုတ်ခုတ်မောင်း လာ ရင်း ကျွန်တော် တို့ စီးမယ့် ဘုတလင်လော်ကယ် ရထားတွဲဆိုင်း ကို 'ဂျိမ်း'ခနဲ တွန်းလိုက်ပြီး မီးရထား အလုပ် သမားတွေ က တွဲကို ချိတ်ဆက် လိုက်မှပဲ ကျွန်တော့် ကို ရထားတွဲပေါ် အဖေ ကပြန်တက် ခိုင်းတယ်။

 ဒါပေမယ့် စက်ခေါင်း ချိတ်ပြီး အနည်းဆုံး နာရီဝက်လောက်ကြာ မှ ရထား ထွက်မှာ မို့ ကျွန်တော်က တွဲပေါ် မတက် ချင်သေးဘူး။ မီးရထား စက်ခေါင်းကြီးကို ကြည့်ချင်နေသေး တယ်။ နောက်ဆံ တငင်ငင် နဲ့ပေါ့။ 

တွဲပေါ်ကျန်ရစ်တဲ့ အမေ က စိတ်ပူ လို့ တွဲပေါက်ကခေါင်းပြူပြီး တွဲပေါ်တက် ဖို့ တစာစာအော်ခေါ်နေ ပြီလေ...။ 

မီးရထား တွဲပေါ်ရောက် မီးရထားထွက်ပြီ ဆိုရင် မြို့ဟောင်း ဘူတာ က အထွက်ရောက်တော့ ကိုယ်စီးတဲ့ ရထား တွဲရဲ့ ညာဘက်ခြမ်း ကနေ ပြတင်း ပေါက်မေးတင်ပြီး အနောက်ဘက်ကွေ့ဝိုက် သွား တဲ့လမ်း အတိုင်း ရှေ့က မီးခိုး တလူလူ နဲ့ ခုတ်မောင်း သွားတဲ့ မီးရထား စက်ခေါင်းကြီး ကို မမေ့မလျော့ ကြည့်ရသေး တယ်။

 မြို့ဟောင်း ဘူတာ က အထွက် မှာ တည့်တည့် သွားတာ က ရန်ကုန်လမ်း မဟုတ်လား။ ဘုတလင်-မုံရွာ သွားတဲ့ လမ်း က အနောက်ဘက် ကွေ့ဝိုက် ချိုးသွားတာလေ။ အဲဒီ လို လမ်းအကွေ့ကို ပဲ အမရပူရ ဆိပ်ကမ်း ဘူတာက အထွက် စစ်ကိုင်း တံတား အဝင် မှာလည်း ရှိတော့ အားမရသေးဘဲ ထပ်ကြည့်ရပြန် တယ်။ 

စစ်ကိုင်း တံတား သံမဏိ ခုံးကြီးအောက် မီးရထား စက် ခေါင်းကြီး ဝင်သွားတာ က ပိုကြည့် ကောင်းတာကိုး ...။ စစ်ကိုင်း က ကျော် တော့ ကျွန် တော် မ ကြည့် နိုင် တော့ ဘူး။ ရ ထား တောက် လို့ အမေ့ ရင်ခွင် ကြား ခေါင်းတိုး ဝင် ပြီး အိပ်ရပြီလေ...။

Tuesday, June 23, 2015

ကိုယ်တွေ့ဆေးကောင်း တစ်ခွက် လမ်းညွှန် ပါ၇စေ။ { သည်းခြေကျောက်တည် တာရော၊ အသည်း အဆီဖုံး


 Yan Naing Soe's photo.



ဆေး သုံးလေးကြိမ်လောက် စစ်ဖူးတယ်။ ပထမဆုံးဆေးစစ် ရတော့ အက်ထရာဆောင်း ရိုက်တာ သဲခြေကျောက် တည်နေတာတွေ့လို့ ဆရာဝန် က ခွဲမလားပြောတယ်။  


မခွဲဘဲနေလို့ ရသေးလား ဆိုတော့ ရသေးတယ်၊ဆေးစား လို့တော့ ရတယ်။ ဒါပေမဲ့ မပျောက်ဘဲ ကြီး လာရင်တော့ မင်းဆေးရုံတက် ခွဲရမယ်လို့ပြောတယ်။

ဒါနဲ့မခွဲသေးဘဲ ဆေး စားမယ်လို့ စိတ်ကူး လိုက်တယ်။ fame က ထုတ်တဲ့ ကျောက်ပျော်ဆေး ကို စားကြည့် တယ်၊ ၂ လလောက်တော့ ဆေးပြန် စစ်ရတယ်။ ပိုကြီးလာတယ်။ 


မိန်းမကောင်း အင်္ဂါ (၆၄) ရပ်





မိဘဂုဏ်ရည် ဆရာတော်'s photo.


















ယင်းတို့ မှာ........
(၁)ခြေ လက္ခဏာ = ၁၃ ရပ်
(၂)ကိုယ် လက္ခဏာ = ၁၆ ရပ်
(၃)စိတ် လက္ခဏာ = ၆ ရပ်
(၄)လက်ဖ၀ါး လက္ခဏာ = ၉ ရပ်
(၅)လည်ပင်း လက္ခဏာ .= ၁ ရပ်
(၆)အသံ လက္ခဏာ = ၃ ရပ်
(၇)မျက်နှာ လက္ခဏာ = ၈ ရပ်
(၈)သွား လက္ခဏာ = ၁ ရပ်
(၉)မျက်စေ့ လက္ခဏာ = ၄ ရပ်
(၁၀)ဆံပင် လက္ခဏာ =၃ ရပ်

ကောင်းခြင်း လက္ခဏာ ၆၄ ရပ် တွင် ခြေ နှင့်  လက်ဖ၀ါး လက္ခဏာ ဖွင့်ဆိုချက် ကို ရှာဖွေ တွေ့ရှိခြင်း မရှိပါ။
(စာရေးသူ)


ကိုယ် လက္ခဏာ ၁၆ ရပ်
---------------------------

၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်
၂။ လင်္ကျာရစ် လည်သော အချက်
၃။ လင်္ကျာရစ် လည်သောဗွေ
၎။ရွှေသော အဆင်း
၅။ နက်သော ချက်
၆။ ရှည်သော လက်
၇။ သိမ်မွေ့ သော အင်္ဂါ
၈။ကြီးမြတ်သော သားမြတ်
၉။ ဆင် ကဲ့သို့ သွားခြင်း
၁၀။ သိမ်မွေ့ သော ခါး ရှိခြင်း
၁၁။ သိမ်မွေ့ သော အင်္ဂါ ရှိခြင်း
၁၂။ကောင်းသော ကိုယ် ရှိခြင်း
၁၃။ ဖွံ့ သောပေါင် ရှိခြင်း
၁၄။ ကိုယ်မွေး နည်းခြင်း
၁၅။လိပ်ကျောကုန်း ကဲ့သို့ အင်္ဂါ ရှိခြင်း
၁၆။ကြာပန်း ကဲ့သို့ မွှေးသော ကိုယ်နံ့ ရှိခြင်း ။



ကမ္ဘာကျော် ပျောက်ဆုံး မှု များနှင့် ဘုရားရှင် လက်ထက် က ပျောက်ဆုံးမှု များ

 Lynn Latyar's photo.



 အမေရိကန်နိုင်ငံ မှာ ၁၉၄၅ ခုနှစ် က ဖလော်ရီဒါ လေတပ် စခန်း မှာ လေ့ကျင့်ခန်း ဆင်းနေတဲ့ ဗုံးကြဲလေ ယာဉ် စုစုပေါင်း အစင်း - ၂၀ ခန့် ပျောက်ဆုံး သွားတယ်။ စုံစမ်း ဖို့ လေယာဉ် - ၅ စင်း ထပ်လွတ် လိုက်တယ်။ ၅ - မိနစ် အတွင်း ထပ်ပျောက် သွားကြတယ်။ ယနေ့အချိန်ထိ ပေါ်မလာခဲ့ကြပေ။

၁၉၇၀ ခုနှစ် က သံမဏိ တန်ချိန် - ၂ သောင်းကျော် တင်လာတဲ့ သင်္ဘော တစ်စင်း သမုဒ္ဒရာထဲ မှာ ပျောက် ဆုံး ခဲ့တယ်။ 

အီတလီနိုင်ငံ ဘိုလော့နာမြို့ မှာ ရထား တစ်စင်း ဟာ လူ - ၁၃၇ ယောက် တင်ပြီး ၁၅ - မိနစ် သာ ဖြတ် သန်း သွားရ တဲ့ လှိုဏ်ခေါင်းထဲ ဝင်သွားတာ ပျောက်ဆုံး သွားပြီး ၄၂ - နှစ်ကြာ မှ ပြန်ပေါ် လာခဲ့တယ်။ 

ရထားပေါ် က ပါသွားသူတွေ ဟာ အသက်ကြီး မသွားပဲ ရထားပေါ် လိုက်ပါသွားတဲ့ အချိန်က အရွယ်ပဲ၊ သူတို့ ကိုမေးတော့ လည်း ဘာမှ မေးလို့ မရဘူး။ သိပ္ပံပညာရှင်တွေ က time wamp တဲ့ မအို၊ မနာ၊ မသေ၊ အချိန် မဲ့သော နေရာတဲ့။


ဆေးလိပ် ဖြတ်လိုက်သော အခါ



အမေရိကန် ကင်ဆာ ကာကွယ်ရေး အသင်း က သုတေသနပြုချက် အရ လူတယောက် ဆေးလိပ်ဖြတ် လိုက်သော အခါ ၄င်း၏ ခန္ဓာကိုယ် တွင် အောက်ပါ အတိုင်း အဆင့်ဆင့် တိုးတက်ပြောင်းလဲ လာသည် ကို တွေ့ရသည်။

၁။ ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀-အကြာဝယ်
(က) အနည်းငယ် တိုးနေသော သွေးဖိအား သည် ပုံမှန်သို့ ပြန်ရောက်သွား သည်။
(ခ) သွေးခုန်နှုန်း မှာ ပုံမှန် သို့ ပြန်ရောက်သွားသည်။
(ဂ) သွေးလှည့်မှု နှေးသောကြောင့် မသိမသာအေးနေသော ခြေ၊ လက်တို့ ၏ အပူချိန်သည် ပုံမှန် သို့ ပြန်ရောက် လာသည်။


၂။ ဆေးလိပ်ဖြတ်ပြီး ၈-နာရီ အကြာဝယ်
(က) ဆေးလိပ်ကြောင့် သွေးထဲရောက်နေသော ကာဗွန်မိုနော့ဆိုက် ဓာတ်များ လျော့ကျ သွားသည်။
(ခ) သွေးတွင်း ၌ လှည့်လည်နေသော အောက်ဆီဂျင် ပမာဏသည် မြင့်တက်လာသည်။


၃။ ဆေးလိပ်ဖြတ်ပြီး ၂၄-နာရီ အကြာဝယ်
(က) နှလုံး ရုတ်တရက် ဖော်ပြန်ခြင်း Heart Attack ဖြစ်နိုင်ခြေ သိသာစွာ ကျဆင်း သွားသည်။


၎။ ဆေးလိပ်ဖြတ်ပြီး ၄၈-နာရီ အကြာဝယ်
(က) ဆေးလိပ် မီးခိုးသွားရာ လမ်းဖြစ်သော အသက်ရှူ လမ်းကြောင်းတ လျှောက်၌ရှိသော အာရုံခံ နဗ်ကြော များ ပြန်လည် အလုပ်လုပ် ရှင်သန် လာကြသည်။အနံ့ခံ အာရုံ ပိုမို တိုးတက်လာသည်။
(ခ) လမ်းလျှောက် ရာတွင် ပိုမို ၍ သက်လုံကောင်းလာသည်။


၅။ ဆေးလိပ်ဖြတ်ပြီး ၂-ပတ်မှ ၃-ပတ်အကြာဝယ်
(က) ခန္ဓာကိုယ် တွင်း သွေး လှည့်ပတ်မှု တိုးတက် လာသည်။
(ခ) အဆုတ် ၏ လုပ်ငန်းသည် အထူး တိုးတက် လာပြီး အသက်ရှူရသည် မှာ အဆင်ပြေ ကောင်းမွန် လာ သည်။




အားနာမိပါတယ် အဖေ......




အားနာလိုက်တာ အဖေ....
 

 တေးသီချင်းတွေ အများစု ကလည်း
အမေ့ မေတ္တာဘွဲ့ တေးတွေ ၊
 

ကဗျာဆရာ အများစု ကလည်း
အမေ့ မေတ္တာဘွဲ့ တွေရေးလို့ ၊
 

online ပေါ်က ပုံအများ ကလည်း
အမေ့ မေတ္တာ ကို တင်စားကြတယ်
အားနာလိုက်တာ အဖေရယ်...............။


အမေ သားကို နို့ချို တိုက်ကျွေးသလို
အဖေ က ပုခုံးပေါ် ထမ်းပိုးပေးခဲ့တာ
 

အမေ သားကို ထမင်းကျွေးဖို့ အတွက်
အဖေ က ဆန်အိုး ထဲ ဆန်ဖြည့်ပေးခဲ့တာ
 

အမေ သားကို ကျောင်းပို့ပေးခဲ့ သလို
အဖေ က ပညာသင်ဖို့ ငွေရှာပေးခဲ့တာ
 

ဒါပေမယ့်...
အဖေ့ မေတ္တာတရား ကို ဖော်ကြူးကြတာ
ရှားပါးတယ်....
သနားလိုက်တာ အဖေရယ်...................။


အဖေ က အရက် သမား တစ်ယောက်လား
သား သမီး အတွက်ဆို
ဘဝ ကို စတေး ထားတယ်................။


အဖေ က နောက် အိမ်ထောင်နဲ့လား
ဒါပေမယ့်....
သား..သမီး အတွက် ဆို အလေးထားတယ်..............။


သား... သမီး ဆိုတဲ့ အတွေး
အိမ်ထောင်တစ်ခု အတွက် စီးပွားရေးနဲ့
မကောင်းမှန်း သိလျှက် နဲ့ လုပ်
ထောင်ထဲမှာ လည်း ငုတ်တုပ် အဖေတွေ က ဒု နဲ့ ဒေး...........။


 နေပူပူ မှာ ကုန်ထမ်းရင်း
လမ်းကြို လမ်းကြား ဆိုက်ကားနင်းနေရတဲ့ အဖေတွေ
ကြည့်တတ်ကြပါလေ....။
 

သူများနိုင်ငံ မှာ ကျွန် သဘောထား
ရွယ်တူ (သို့) ငယ်သူ က ခိုင်းစား ခံနေရတဲ့ အဖေတွေ
မြင်တတ်ကြပါစေ......။


 နေပူ မရှောင် မိုးရွာ မရှောင်မှာ
စီးပွား ကို ရှာနေကြ တဲ့ အဖေ့ ရဲ့ ကျောပြင် ကို
ကတ္တရာ လမ်း ခပ်မဲမဲ တွေ ကတောင်
ဟားတိုက်လို့ လှောင်ရီနေကြပေါ့ ၊



Sunday, June 21, 2015

မြန်မာ တိုင်းရင်းသား ၁၃၅ မျိုး



ကျနော်တို့နိုင်ငံ က  မြန်မာနိုင်ငံ ပါဗျာ ၁၃၅ မျိုးသော တိုင်းရင်းသား ညီအစ်ကို တွေပေါင်းစည်းနေထိုင် တာပါ။ မြန်မာ အသင်းပါ ဗမာ အသင်း မဟုတ် ပါဘူး  ။  ကုလသမဂ္ဂ မှာလဲ  မြန်မာ လို့ မှတ်ပုံတင် ထားပြီးသားပါဗျာ ။ ခင်ဗျားတို့ မသိမှာ စိုးလို့ ၁၃၅ မျိုး သော တိုင်းရင်းသားတွေ ထပ်ရေး ပြပေးမယ်နော်သေချာ ဖတ် ပါ ။
 

 မြန်မာ တိုင်းရင်းသား ၁၃၅ မျိုး
**************************
ကချင် တွင် လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိသည်။


(၁) ကချင် Kachin
(၂) တရုမ်းTaron Taron
(၃) ဒလောင် Dalaung
(၄) ဂျိန်းဖော Jinghpaw
(၅) ဂေါ်ရီ Guari
(၆) ခခူ Hkahku
(၇) ဒူးလန်း Duleng
(၈) မရူ (လော်ဝေါ်) Maru (Lawgore)
(9) ရ၀မ် Rawang
(၁၀) လရှီ (လချိတ်) Lashi (La Chit)
(၁၁) အဇီး Atsi
(၁၂) လီဆူး Lisu



ကယား တွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။

(၁၃) ကယား Kayah
(၁၄) ဇယိမ်း Zayein
(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)
(၁၆) ကဲ့ခို Gheko
(၁၇) ဂေဘား Kebar
(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)
(၁၉) မနုမနော Manu Manaw
(၂၀) ယင်းတလဲ Yin Talai
(၂၁) ယင်းဘော် Yin Baw


ကရင် တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး ရှိသည်။

(၂၂) ကရင် Kayin
(၂၃) ကရင်ဖြူ Kayinpyu
(၂၄) ပလေကီး Pa-Le-Chi
(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)
(၂၆) စကော Sgaw
(၂၇) တာလှေပွား Ta-Lay-Pwa
(၂၈) ပကူး Paku
(၂၉) ဘွဲ Bwe
(၃၀) မော်နေပွား Monnepwa
(၃၁) မိုးပွား Monpwa
(၃၂) ရှူး (ပိုး) Shu (Pwo)



Saturday, June 20, 2015

အောင်မြင် ချင်ရင်တော့ သူများနိုင်ငံ လိုပဲ ပံ့ပိုး ဖြည့်ဆည်းပေး ဖို့ လိုတယ်

 Kyaw Swar Myint's photo.
အောင်မြင် ချင်ရင်တော့ သူများနိုင်ငံ လိုပဲ ပံ့ပိုး ဖြည့်ဆည်းပေး ဖို့ လိုတယ် လို. ပြောကြားလိုက် တဲ့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် နဲ. အင်တာဗျူး။
၈ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ တွင် ဗိုလ်လု ပွဲ သို့ တက်ရောက်နိုင်ခဲ့ သည့် မြန်မာ ယူ-၂၃ ဘောလုံး အသင်း ကို မြန်မာပြည်သူ  သန်းပေါင်း များစွာ က အားပေးခဲ့ကြသော်လည်း ထိုင်း အသင်းကို ၃ ဂိုး၊ ဂိုး မရှိဖြင့်  ရှုံးနိမ့် ခဲ့ကာ ဒုတိယ ဆု ငွေတံဆိပ်နှင့် သာ ကျေနပ် ခဲ့ရသည်။

 မျှော်လင့်ချက် များစွာ ဖြင့် ပြည်သူ လူထု တရပ်လုံး၏ စိတ်ဝင် စားမှု ကို ဆွဲဆောင်နိုင် ခဲ့သော မြန်မာ
ယူ ၂၃ ဘောလုံးအသင်း ၏ ရှုံးနိမ့်မှု အတွက် အများ စု စိတ်မကောင်းဖြစ် ကြသော်  လည်း လိုအပ်ချက် ပေါင်း များစွာ ရှိနေသည့်ကြား မှ ဗိုလ်လုပွဲ ထိတိုင် တက်ရောက် နိုင်မှုကို ပြည်သူများ က ဂုဏ်ယူကြောင်း ပြောဆို ကြသည်။ 


ဆီးဂိမ်းဘောလုံး ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သော မြန်မာ ဘောလုံး အသင်းနှင့်ပတ်သက် ၍ စင်ကာပူ နိုင်ငံရောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ကို
ဧရာဝတီ သတင်းထောက် ထွန်းထွန်း က ဆက်သွယ် မေးမြန်း ထား သည်။


မေး။ ။ မြန်မာဘောလုံး အသင်း ဆီးဂိမ်း မှာ ရွှေ ဆုနဲ့ လွဲခဲ့ ရတဲ့အပေါ် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ တယောက် အနေနဲ့ ဘာ များ ပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ အသင်း ရဲ့ ကစားသမားလေးတွေ အသင်း အုပ်ချုပ်သူတွေ နဲ့ နည်းပြတွေ နောက် ပရိတ် သတ်တွေ ရဲ့ ကြိုး စား အားထုတ်မှုတွေ ပေါင်းစပ်ပြီး မှ ဒီ အဆင့်ကို ရောက်ခဲ့ တာပါ။ ဗိုလ်လုပွဲ မှာ ကျနော် တို့ အားလုံး လိုချင်ခဲ့ တာက ရွှေတံဆိပ် ပါ။ 

အခု ရှုံးလို့ ရွှေ နဲ့ လွဲခဲ့ပေမယ့် ကြိုးစားမှု ကတော့ အပြည့်ပါပဲ။ ဒါဟာ အာဆီယံ အဆင့် ပဲ ရှိပါသေးတယ်။ ကျနော်တို့ အနေ နဲ့ ဒီထက် မက တဲ့ အဆင့်ကို တက်လှမ်းနိုင် ဖို့ အများကြီး လုပ်ဖို့ လိုပါသေးတယ်။ ဒါဟာ ကျနော် တစ်ဦး တည်း ရဲ့ အမြင် နဲ့ ပြောတာပါ။

မေး။ ။ ဆီးဂိမ်းပြိုင်ပွဲဝင် ခဲ့တဲ့ ယူ-၂၃ အသင်း အပေါ် ဥက္ကဋ္ဌ ရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။

ဖြေ။ ။ ယူ-၂၃ ကတော့ ကစားသမား၊ နည်းပြ နဲ့ ပရိတ်သတ်တွေ တသား တည်း ကျခဲ့တယ် လို့ ပြောရမှာပါ။ အဲဒီ အတွက် သူတို့ အနေနဲ့ နိုင်ငံ အတွက် မဖြစ်မနေ လုပ်ကို လုပ်ရမယ် ဆိုတဲ့ စိတ်နဲ့ ကြိုးစား ကစားခဲ့ကြ တာပါ။ သူတို့ အပေါ် အခု ထက် ပိုပြီး ပံ့ပိုးမှုတွေ၊ လေ့ကျင့် ပျိုးထောင်မှုတွေ လုပ်ပေးမယ် ဆိုရင် အခုထက်
ပိုကောင်း လာမှာပါ။ 

အခု သူတို့ အနေ အထား က ကြံ့ခိုင်မှု အားနည်း တဲ့ အတွက် တချို့နေရာတွေ မှာ ကောင်းကောင်း မကစားနိုင်ခဲ့ ကြတာတွေ တွေ့ရတယ်။

Thursday, June 18, 2015

အရဟံ ဦးဆင်





 “ငဆင်... နင့် ခန္ဓာကိုယ် ထဲမှာ ခုမှ အရဟံ ဂုဏ်တော် ကိန်းတယ် ဟ။ နင် ထူးခြားတော့မယ်။ ဆက် ကြိုးစား ကြားလား”
(အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ် ဆရာတော်ကြီး)


စစ်ကြီး ပြီးခါစလောက်က မန္တလေးမြောက်ဘက် မတ္တရာနယ် ကပိုင်ရွာ တစ်ဝိုက် မှာတော့ “အရဟံ ဦးဆင်” ဆိုတာ မသိသူ မရှိသလောက် လို့ ဆိုရလောက်အောင် လူသိများ ခဲ့ပါတယ်။ 

သူ့ကို လူတွေ အသိများ တာ ဟာ ဆန်စက် ပိုင်ရှင် သူဌေးကြီး တစ်ဦးဖြစ် လို့ ဆိုတာ ထက် အင်္ကျီဗလာ၊ လုံချည် ဖာတစ်ရာ နဲ့ နွားကျောင်းသား ဘ၀ က ဗြုန်းစားကြီး ဆန်စက် ပိုင်ရှင် အဖြစ် ပြောင်းလဲ သွားတာ ရယ်၊ သေသည် အထိ ပုတီးတစ်ကုံး နဲ့ ပုတီး မပြတ် စိပ်နေလေ့ ရှိတာရယ်၊ သူ့အိမ်ဝ မှာ “အရဟံ” ဆိုတဲ့ စာလုံး ဆိုင်းဘုတ် အကြီး ကြီး ရေးထား တာရယ်တို့ကြောင့်ပါပဲ။

ဒီ “အရဟံ” ဆိုတဲ့ စာလုံး ဆိုင်းဘုတ်ကြီးကြောင့်ပဲ သူ့ကို “အရဟံ ဦးဆင်” လို့ လူတွေက သိကြခေါ်ကြ တာ ပါ။

ဦးဆင် ဆိုတာ ငယ်ငယ် က သာမဏေ ဘ၀ နဲ့ မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက် ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသ (နောင် အဘိဓဇမဟာရဋ္ဌဂုရု) ထံမှာ နေသွား ခဲ့ဖူးတယ်။ ရဟန်း မဖြစ်ခင်မှာဘဲ သူ့ဒကာကြီး ဆုံးပါး သွားလို့ မိခင် နဲ့ လူမမယ် (မည်) ညီ၊ ညီမငယ်တွေ ကို လုပ်ကိုင်ကျွေးဖို့ လူထွက်လိုက် ရတယ်။ 


လယ်ယာမြေပိုင် မရှိတဲ့ အတွက် သူများ အိမ်မှာ ထွန်ယက် နွားကျောင်းသူ ရင်းငှား ဘ၀နဲ့ လုပ်ကိုင် စားရတဲ့ ဘ၀ မှာ မိသားစု က စားအိုးကြီးတဲ့ အတွက် အသက်ထိန်း ရုံ အရှက် လုံရုံ အနိုင်နိုင်ဖြစ်လို့ လုံချည် ခါးနွမ်း ကျောနေလှမ်း ဘ၀ မှာ အိမ်က ခနော် ခနဲ့ခေတ်သစ် ကာက၀လိယ လို့တောင် ဆိုနိုင်လောက်ပါ သတဲ့။

ဆရာသမား ရဲ့ ဂုဏ်ကျေးဇူး ကို အမြဲ ဦးထိပ် ထားတတ် တဲ့ မောင်ဆင် ဟာ မစိုးရိမ် ဆရာတော် ဘုရားကြီး မွေးနေ့ နီးပြီ ဆိုရင်တော့ မစိုးရိမ်ကျောင်းတိုက် ကို အမြဲရောက်အောင် လာတယ်။ လှူဖွယ် ၀တ္ထုရယ် လို့ မပါပေမယ့် ဆရာသမား ကို ၀တ်ကြီး ၀တ်ငယ် ပြုပေးရင်း ထင်းခွဲ၊ ရေခပ်၊ တံမြက်လှည်း စတဲ့ အလုပ်ကြမ်း မှန်သမျှ အားလုံး ဒိုင်ခံပြီး လုပ်လေ့ ရှိပါသတဲ့။




မွေးနေ့ပြီး လို့ အပြန် မှာတော့ အင်္ကျီဗလာ နဲ့ တပည့် ကို မကြည့်ရက်တဲ့ အတွက် ဆရာတော်ကြီးက “ငါ့ တပည့် လို သံဃာ့ဝေယျာဝစ္စ လုပ်သူ အတွက် ပေးကောင်းတယ် ကွဲ့။ အပ်စပ် ပါတယ်။ အင်္ကျီချုပ်ဝတ်” လို့ ပြောပြီး အဲဒီခေတ် က နာရေး ကန်တော့ ပွဲတွေ မှာ ပါလာလေ့ ရှိတဲ့ ပိတ်စ ကလေးတွေကို ချီးမြှင့် တတ်ပါတယ်။


ဆရာတော်ကြီး က မိမိ အတွက် အင်္ကျီချုပ်ဖို့ ဆိုပြီး ပေးစွန့်ပေမယ့် အိမ်မှာ အရွယ်ရောက်စပြုနေ ပြီဖြစ် တဲ့ နှမတွေ ညီငယ်တွေ အတွက်ပဲ သင့်သလို ချုပ်ပေးပြီး မောင်ဆင် ကတော့ ထုံးစံ အတိုင်း ယက်ချည် ထက် ချုပ်ချည် ကတောင် ပိုများ နေပြီလား ထင်ရတဲ့ လုံချည် ဖာတစ်ရာ ကျောဗလာပဲ နေရတာပါ။



မွေးနေ့ နီးတိုင်း နှစ်စဉ် မှန်မှန်ရောက်လာပြီး ကျောပြောင်ကြီး ပိုပြီး မွဲခြောက် လာတာ က လွဲလို့ ဘာမှ တိုးတက် ပြောင်းလဲ မလာတဲ့ တပည့် ကို ကြည့်ပြီး ဆရာ တော်ကြီးက-
 

“ငဆင် နင် မချမ်းသာချင် ဘူးလား” လို့ မေးတော့-
“ဘယ့်နှယ် မိန့်လိုက် ပါလိမ့်ဘုရား။ တပည့်တော် သူများတွေလို သူဌေးဖြစ်အောင် မချမ်းသာချင်နေပါစေ။ အစား အ၀တ် ပြည့်ပြည့် စုံစုံ နဲ့ မိုးလုံလေလုံလောက် နေရရင် ကို ကျေနပ် လှပါပြီ။ ဆရာတော် မစနိုင်ရင် မစပေးတော်မူပါဘုရား” လို့ လျှောက်ထားပါသတဲ့။


ဆရာတော်ကြီးက “ဟဲ့... ငဆင် ရဲ့၊ ကံ ကံ၏ အကျိုး ဆိုတာ နင်လည်း သိသား ပဲဟာ။ နင့်ကို ငါက မစလို့ ဘယ်ရ မလဲဟဲ့။ နင်ကိုယ်တိုင် ရုန်းပြီး ရပ်မှ မတ်လာ မှာပေါ့” ဆိုတော့...
 

“မှန်ပါ၊ တတ်နိုင် သမျှတော့ ကြိုးစား တာပါပဲ ဘုရား။ မိသားစု ကလည်း များ၊ ညီတွေ ညီမတွေ ကလည်း လက် လုပ် လက်ကိုင်လေး မှ အကူအညီ က မရသေး။ ဒီကြား ထဲ လောက အလျောက် အိမ်ထောင်ကလည်း ကျပြီး ဆိုတော့ အလုပ်နဲ့ ၀င်ငွေ က မတိုးဘဲ ပါးစပ်ပေါက်တွေ သာ တိုးနေတဲ့ အတွက် ဒီလိုပဲ လုံးချာ လိုက်နေ တာပဲ ဘုရား” လို့ ပြန်လျှောက်ပါတယ်။

ဆရာတော်ကြီး က “အေး... နင့်ကို ငါက မ,ထူပေးလို့တော့ မရဘူး။ နင့် ကိုယ်နင် ရုန်းထနိုင်အောင် အထောက် အကူတော့ ပေးလိုက်မယ်။ ရော့ ဟောဒီ ပုတီး ကို ယူသွား။ ဘာမှ နည်းတွေများ မနေနဲ့ “အရဟံ” တစ်လုံး ကို အဓိပ္ပာယ် ပါ အာရုံပြုပြီး မပြတ် ပွားပေရော့” ဆိုပြီး အနားမှာ ရှိတဲ့ ပရိက္ခရာ ပုံထဲ က ပုတီး တစ်ကုံး ကို ပေးလိုက်ပါတယ်။


ဆရာတော်ကြီး က မတာ မဟုတ်ဘူး ဆိုပေမယ့် မောင်ဆင် ကတော့ ဒါဟာ ဆရာတော်ကြီး က သူ့ကို မစ လိုက်တာပဲ ဆိုပြီး ဆရာတော် မိန့်ကြားတဲ့ အတိုင်း မပြတ်ပွားပြီး စိပ်တော့ တာပဲ။
 

ခါတိုင်း ကိုယ် အထက်ပိုင်း မှာ ဗလာကျင်းနေတဲ့ မောင်ဆင် မှာ ခုတော့ အလုပ် လုပ်နေချိန် ဆိုရင်လည်း လည်ပင်း မှာ ပုတီး တစ်ကုံး ဆွဲထား တာ တွေ့ရပြီး အလုပ် နားတာ နဲ့ ပုတီးနဲ့ လက်မပြတ်အောင် စိပ်တော့ တာပဲ။

 နွားကျောင်း ရင်လည်း ပုတီးစိပ် က မပြတ်တော့ ဒုစရိုက်ရယ် လို့ ကျူးလွန်ချိန် ကို မရှိတော့ဘူး။
နောက် တစ်နှစ် ဆရာတော်ကြီးမွေးနေ့ မှာ မောင်ဆင် ရောက် လာတော့လည်း ဘာမှ ထူးခြားပြောင်းလဲမှု မရှိသေးဘူး။ ဆရာတော်ကြီး ထံပါးမှာ ၀တ်ချတော့...
 

“ငဆင် ဘာတွေ များ ထူးခြား လာသလဲ ဟဲ့”
“ဘာမှ မထူးသေးပါ ဘုရား”
 

“အေး လာစမ်း ဒီနား” ဆိုပြီး “ဖြန်း” ခနဲ ရိုက်လိုက်တော့...
“အမလေး ဘုရား” လို့ လန့်အော်တယ်။ ဆရာတော်ကြီးက...
“နင် လိုသေးတယ်၊ ဆက်ကြိုး စားဦး” လို့ မိန့်ပါတယ်။
 

 နောက်နှစ်နှစ် သုံးနှစ် ဒီအတိုင်း ပဲ၊ မထူးဘူး။ အဲ... လေးနှစ်မြောက် အရောက် မှာတော့ ဆရာတော်ကြီး “ငဆင် လာစမ်း ဒီနား” “ဖြန်း” ဆိုတော့ “အရဟံ... အရဟံ... အရဟံ...” လို့ အော်လိုက် ပါသတဲ့။
“အေး နင့်ခန္ဓာကိုယ် ထဲခုမှ “အရဟံ” ဂုဏ်တော် ကိန်းတယ် ဟ။ သုံးလေး နှစ် အတွင်း ခန္ဓာကိုယ် ထဲ အရဟံ ဘုရား အမြဲကိန်းအောင် တည်နိုင်တာ နင် မဆိုးဘူး၊ နင် ထူးတော့မယ်။ ဆက်ကြိုးစား ကြားလား”
“မှန်ပါဘုရား”




Wednesday, June 17, 2015

ဆီးဂိမ်း အကောင်းဆုံး ကစားသမား ၁၁ ယောက် စာရင်း မှာ မြန်မာ က ၄ ယောက် ပါဝင်

 
 
 
ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဝင် ဘောလုံး အသင်းများမှ အကောင်းဆုံး ကစားသမား ၁၁ ဦး စာရင်းကို Football Channel Asia ကရွေးချယ် ခဲ့ရာတွင် မြန်မာ ကစားသမားလေးဦး ပါဝင်ခဲ့သည်။

ပထမ ဦးစားပေး ၁၁ ယောက် စာရင်း ကို ၃-၅-၂ ကစားကွက်ဖြင့်ရွေးချယ် ခဲ့ပြီး ဂိုးသမား ကျော်ဇင်ဖြိုး၊ အသင်းခေါင်းဆောင် နေလင်းထွန်း ကွင်းလယ် ကစားသမား စည်သူအောင်  နှင့် နောက်တန်း ကစားသမား ဟိန်းသီဟဇော် တို့ပါဝင်ခဲ့သည်။ 

ဟိန်းသီဟဇော် မှာ အကောင်းဆုံး ကစားသမား အရံလူ စာရင်းတွင် ပါဝင်ခဲ့ပြီး ကျန် ကစားသမား သုံးဦးမှာ ပထမ ဦးစားပေး ၁၁ ယောက် စာရင်းတွင် ပါဝင်ခဲ့သည်။

 မြန်မာအသင်း ၏ အဓိက ဂိုးသမားကျော်ဇင်ဖြိုး ကို ရွေးချယ် ရခြင်းမှာ အုပ်စုပွဲများ တွင် ပေးဂိုးလေးဂိုး သာ ခွင့်ပြု  ခဲ့ရပြီး အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ များတွင် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည့် အတွက် အကောင်းဆုံး လူစာရင်း တွင် ရွေးချယ် ခံခဲ့ရခြင်းဖြစ်ပြီး မြန်မာ အသင်းကစားသမားများ သာ ယခုထက် ပိုခြေ စွမ်းကောင်း မွန် ပါက ချန်ပီယံဖြစ်နိုင်မည်ဟု Football Channel Asia က ချီးကျူးရေး သားခဲ့သည်။


ကြည့်မြင်တိုင် ဘူတာ ဖွံ့ဖြိုး တိုးတက်ရေး မှာ ရှေးဟောင်း အမွေ အနှစ် ထိန်းသိမ်း မှုများ စနစ် ကျပြီလား

 MOI Webportal Myanmar's photo.


 ရန်ကုန် ဘူတာကြီး က ထွက်ခွာ လာတဲ့ မြို့ပတ် ရထား တစ်စင်း က ကြည့်မြင်တိုင် ဘူတာ ဆီ ဦးတည် ချဉ်း ကပ်လာပါတယ်။ ဘူတာ တည်စ က တပ်ဆင် ထားတဲ့ အရောင်လွင့်ကြေးနန်းဘုတ် မှာ အချက်ပြ မီးရောင် ကလေးပေါ်လာတဲ့ အခါ အလံချိုး ရုံလုပ်သား ကိုဆန်းဝင်း က ရထား စာရင်း မှတ်နေရာ ကနေ ထလာ တယ်။

 မြန်မာ တစ်နိုင်ငံလုံး မှာ ရှားရှား ပါးပါး ကျန်ရှိနေတဲ့ အလံချိုး အချက်ပြ ဆိုင်ရာ ရထား သံလမ်းချိန်းတဲ့ ပွိုင့်တွေ ကို ကိုဆန်းဝင်း တို့လို ကျွမ်းကျင် သူတွေ ကသာ အသုံးပြုနိုင်တာပါ။ လက်မောင်းကြွက် သားကြံ့ခိုင် မှုတစ်ခု တည်းနဲ့တော့ ရထားကြီး တစ်စင်း မှန်ကန်တဲ့ လမ်းကြောင်း ရွေးချယ် နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ 

အချိန်အဆ၊ အတွေ့အကြုံ နဲ့ ရာသီဥတု အခြေ အနေတွေ ကလည်း ရထား တစ်စင်း ပုံမှန် ဝင်ထွက်ဖို့ အရေး ကြီး ပါတယ်။ ကိုဆန်းဝင်း က လုပ်ရိုး လုပ်စဉ် ပြန်လည် အချက်ပေးမှု ကို ရုံပိုင် ထံ ကြေးနန်း အချက်ပြ ပါတယ်။ အဆင် ပြေပါပြီ။ 

ကြည့်မြင်တိုင် ဘူတာ မှာ ရထား တစ်စင်း ဆိုက်ကပ် ခဲ့ပါပြီ။ လက်ယာရစ် ရထား ၄၅ စီးနဲ့၊ လက်ဝဲ ရစ်ရထား ၃၈ စီး တို့ ကြည့်မြင်တိုင် ဘူတာ ကို နေ့စဉ်ဖြတ်သန်းနေ တာပါ။

ကိုဆန်းဝင်း အပါအဝင်ခြောက်ဦးသော အလံချိုး ရုံလုပ်သားတွေ အတွက်တော့ အော်တိုစနစ် မရောက်ရှိ ခင် စပ်ကြား ကြည့်မြင်တိုင် ဘူတာ ရဲ့ ဇာတ်လိုက် တွေ အဖြစ် ရပ်တည်နေဦး မှာပါ။

ရန်ကုန်-ပြည် ရထားလမ်း ကို ၁၈၇၇ ခုနှစ် မေ ၁ ရက်မှာ စတင် ဖွင့်လှစ် ခဲ့ပါတယ်။ ၁၈၇၆ ခုနှစ်မှာ ရန်ကုန်-ပြည် ရထားလမ်း အတွက် လမ်း ဘူတာ ၁၈ ခု တည်ဆောက်ခဲ့ ရာမှာ ကြည့်မြင်တိုင် ဘူတာရုံ ပါဝင် ခဲ့ပေမယ့် ယနေ့မြင်တွေ့နေရ တဲ့ အဆောက် အအုံတော့ မဟုတ်သေးပါဘူး။ 


Tuesday, June 16, 2015

သေနေ့ အကြို နှုတ်ဆက်ပွဲ



 
နာရေးကူညီမှုအသင်း-ရန်ကုန်'s photo.



နာရေး ကူညီမှု အသင်း(ရန်ကုန်) သို့ ဘိုးစဉ်ဘောင်ဆက် မကမ်းခဲ့ ဘူးသော၊ ထူးဆန်း ၍ အဖိုးတန်သော စာသား များဖြင့် ဖွဲ့စည်း ထားပြီး ကြက်သီး ထဖွယ် ဖိတ်စာ တစ်စောင် အား လွန်ခဲ့သော (၁) ပတ်ခန့် က ရောက် ရှိ လာခဲ့သည်။ 

ထို ဖိတ်စာ အား အသင်းရုံးချုပ် မှ ရရှိ ခဲ့ပြီးနောက် ရုံးခန်း ၏ ကြေငြာဘုတ် တွင် “သေနေ့ အကြို နှုတ်ဆက် ပွဲ” အခမ်းအနား တက်ရောက်ရန် ဆိုသော စာတန်းနှင့် ရက်စွဲ၊ အချိန် တို့အား ရေးမှတ် ထားပြီး ကာယကံ ရှင်နှစ်ဦး ၏ အမည်နှင့် အသက် ကိုပါ ရေးမှတ် ထားရာ ဖတ်ရှု့သူ အပေါင်းမှ မေးခွန်း များမေးမြန်းခြင်း ရှိခဲ့ သည်။ 

အားလုံး သိချင်၊ မြင်ချင်၊ စိတ်ဝင် စားနေသော ဖိတ်စာပါ အကြောင်းအရာ များသည် လေးစားဖွယ်၊ အတု ယူဖွယ်၊ အားကျဖွယ်၊ ပီတိ ဖြစ်ဖွယ် များစွာ ပါဝင်ပြီး နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် အလေးအနက် ထား ဂုဏ်ယူ ဖွယ်ရာ များ ဖြစ်ပေါ်လာခဲ့တော့သည်။ 


ဖိတ်စာ ၏ အစ ပိုင်းတွင် မေတ္တာဖြင့် လက်ဆောင် ပစ္စည်းပေးပို့ခြင်း သည်းခံပါ။ ဟူ၍ရေးသား ထား သည်။ နောက် စာမျက်နှာ တွင် “(၂) ယောက် (၁) ဘဝ ရဲ့အစ ဆုံးနေ့” “အပြုံးပန်းတွေ နဲ့ဝေ ဝေနိုင်ပါစေ … လေ” ဟူ ၍ ရေးသား ထားပြီး   ၃.၁၁.၁၉၆၃ အသက် (၂၇) နှစ်စီ သပြေညို   ဦးတင်ရွှေ+ဒေါ်တင်ရီ တို့၏ ငယ်စဉ် အခါက ရိုက်ကူး ထားသော နှစ်ယောက်တွဲ ပုံအား တွေ့မြင်ရသည်။

 နာရေးကူညီမှုအသင်း-ရန်ကုန်'s photo.

 “လာဖြစ်အောင် သာ လာခဲ့ပါ” ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်းဒေသ ကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်တော် ကလေး အနောက်ရပ်ကွက်၊ (၈၈) လမ်း၊ အမှတ် (၁၁)၊ ၅-လွှာ (B)နေ ကျွန်တော်သေခြင်း နီး သပြေညို  ဦးတင်ရွှေနှင့် ကျွန်မသေခြင်း နီး ဒေါ်တင်ရီ တို့ မင်္ဂလာ ရက်မြတ် လက်ထပ် ခဲ့သည်မှာ နှစ် (၅ဝ) ပြည့် ခဲ့ပြီး ဖြစ်ပါ သဖြင့် ရွှေရတု မင်္ဂလာ အထိမ်းအမှတ် အဖြစ်၊ သေနေ့ကြိုနှုတ်ဆက် မိတ်ဆုံပွဲ ကျင်းပ မည်ဖြစ်ပါ၍ တစ်ဖက်ပါ အစီအစဉ် အတိုင်း လာဖြစ်အောင်သာ လာခဲ့ပါရန် ဖိတ်ကြား ထားပါသည်။ 




 

ကားလောက မှ တက်ယောင်ကန်းများ နှင့် Hybrid (ဟိုက်ဘရစ်) နည်းပညာ

 MoeZac Auto's photo.

 ၂၀၁၂ နှစ်လယ်လောက် က စလို့ ၁၃၀၀ စီစီ အောက်ကားလေး တွေ ကို အခွန်လျော့ ကောက် တော့ Hybrid ကားတွေ ထဲ က ၁၃၀၀ စီစီ Honda Civic နဲ့ Honda Insight တို့ လူကြိုက်များ လာပါတယ်... လူကြိုက် များလာတာ နဲ့ အမျှ ဆီစား သက်သာ တယ် ဒီဇိုင်းလန်းတယ် ဆိုတာ ကိုအကြောင်းပြု ပြီး အ၀ယ်လိုက် လာ ကြပါတယ်…

အခုပြောချင်တာက Hybrid ကားတွေ ထဲ ကမှ Honda Civic နဲ့ Insight အကြောင်း ပါ.. ဘယ်က ဘယ် တက်ယောင်ကန်း ပညာရှိ က စပြောလိုက်လဲတော့မသိ... ကားလောက မှာ ပြောပြောနေကြတာ က ကီလို ၄၀ ကျော် ရင် အင်ဂျင်က ရပ်ပြီး ဘက်ထရီ နဲ့ ပဲ ဆက်သွားနေတယ် ဆိုတာပါပဲ… 

အဲဒီလိုမျိုး တကယ်သာ ဆိုရင် နိုင်ငံတကာ မှာ ကီလို ၁၀၀ နဲ့အောက်ထစ်မောင်း ရတဲ့ ဟိုင်းဝေး တွေမှာ ဆီလုံးဝ မကုန်တဲ့ Honda ကားတွေပဲ မောင်း မနေကြတာလဲ မေးစရာဖြစ်လာပါတယ်… မြန်မာနိုင်ငံ အနေ နဲ့ ရော အမြန်လမ်း သွား ရင် ဆီ မကုန်တဲ့ Honda Hybrid ကိုပဲ သုံးနေရ မဲ့ အနေအထားမှာ ရှိပါတယ်… 

တကယ်တမ်းပြန်လည် သုံးသပ်ကြည့်လိုက် တော့ဒီ ကီလို ၄၀ ကျော်ရင် ဘက်ထရီ နဲ့ ပဲမောင်းတယ် ဆိုတာ လုံးဝ ရုပ်တိ မရှိတဲ့ အဆိုတခုပါ…

အသေးစိတ် လေ့လာကြည့် လိုက်တော့ Hybrid စနစ် ဆိုတာ ဓာတ်ဆီ နဲ့ ဘက်ထရီ နှစ်မျိုးသုံး ကားများ ကို သာ ဆိုလိုခြင်း လုံးဝ ဟုတ်ပဲ အရမ်းကျယ်ပြန့် ပါတယ်… Hybrid ကား ဆိုတာ ကားတစီးထဲ အတွက် စွမ်းအင် ကို နေရာနှစ်မျိုး မှ ရယူခြင်းဖြစ်ပါတယ်… 


ငွေ တံဆိပ် မှ သည် ၂၀၁၇ ရွှေ တံဆိပ် သို့

 The Irrawaddy (Burmese Version)'s photo.


 မြန်မာ ယူ ၂၃ အသင်း သည် ၂၈ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်းပြိုင်ပွဲမှ အမျိုးသား ဘောလုံး ပြိုင်ပွဲ တွင် ထိုင်း ယူ ၂၃ အသင်း ကို ၃ ဂိုး ဂိုး မရှိဖြင့် အရေးနှိမ့် ခဲ့ပြီး ဒုတိယ ဆု ငွေတံဆိပ်ဖြင့် အဆုံးသတ် ခဲ့ရသည်။

မြန်မာ အသင်းနှင့် ထိုင်း အသင်း တို့သည် အုပ်စုပတ်လည် ပွဲနှင့် အကြိုဗိုလ်လုပွဲ တွင် ရှုံးပွဲ မရှိ ဗိုလ်လုပွဲ ကို တက်ရောက် လာခဲ့ခြင်း ဖြစ်သည်။

ဗိုလ်လုပွဲ တွင် ပထမပိုင်း ၄၅ မိနစ် အထိ တဘက်နှင့် တဘက် အပြန် အလှန် တိုက်စစ်ဖွင့် ကစား ခဲ့ပြီး ထိုင်း အသင်းမှ အပိုင် ရရှိသည့် အမှတ် မထင် ကန်သွင်းချက်များ ကို မြန်မာ ဂိုးသမား ကျော်ဇင်ဖြိုး လက်စွမ်းပြ ကာကွယ်နိုင် ခဲ့၍ ပထမပိုင်း တွင် ဂိုးမပေးရခြင်း ဖြစ်သည်။


 The Irrawaddy (Burmese Version)'s photo.

ဒုတိယပိုင်း ပြန်လည် ကစားရာ တွင် ထိုင်း အသင်း တိုက်စစ် ကို မြန်မာ အသင်း မထိန်းချုပ်နိုင်သောကြောင့် ထိုင်း အသင်း ဦးဆောင် ဂိုးများ ရရှိခဲ့သည်။ မြန်မာ အသင်းအနေဖြင့် ချေပဂိုး ရရှိရန် တန်ပြန် တိုက်စစ်ဆင် ကစားခဲ့သော် လည်း ပွဲချိန်ပြီးဆုံး သွားသည့် အထိ ဂိုးမသွင်းနိုင်ဘဲ ဒုတိယဖြင့် သာ ဖြေသိမ့်ခဲ့ရသည်။


ငွေ မရှိသော အစိုးရ ၏ ပိုက်ဆံ ရှာပုံတော်


Yangon Media Group's photo.


 မြန်မာပြည် အတွင်း ပိုက်ဆံ အတု ထုတ်တာ ကို အကြောင်းပြပြီး ဦးသိန်းစိန် အစိုး ရ ကတော့ ၁ဝဝဝဝ တန် အသစ်များ ထပ်ထုတ် ဖို့ ပြင်ဆင်နေပါပြီ။ လာမည့် ဇူလိုင် ၁ ရက် မှာ စတင် ထုတ်ဝေသွားမှာ ပါ။ စေ့စေ့ပြန် ကြည့် လျှင် အဲဒီလို ငွေအတု ထုတ်တာ ကို အကြောင်းပြပြီး သူ့ အစိုးရ သက်တမ်း အတွင်း ငွေစက္ကူ   အသစ် ထုတ်သည် မှာ နှစ် ကြိမ် တိတိ ရှိပါပြီ။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူအသစ် ကို လာမည့် ဇူလိုင် ၁ ရက်တွင် ထပ်မံ ထုတ်တော့ မည်ဖြစ်သည်။ ၂ဝ၁၄ ခုနှစ် အောက် တိုဘာ မှာတုန်း ကလည်း တစ်ကြိမ်နှင့် ယခု တစ်ကြိမ်။ ၂ဝ၁၄ တုန်း က သူတို့ အစိုးရ လက်ထက် မှ ထုတ်ဝေခဲ့ သည့် ကျပ် ၅ဝဝဝ တန်ငွေစက္ကူ ကို အတုလုပ်ခဲ့သည် ဟု အကြောင်းပြသည်။

 ပြီးတော့ လုံခြုံရေး တိုးမြှင့်ပြီး ပုံစံ အနည်းငယ် အပြောင်းအလဲ လုပ်ကာ ကျပ် ၅ဝဝဝ တန် များ အသစ် ထပ် ရိုက်ခဲ့သည်။ အခုလည်း ၂ဝ၁၂ ခုနှစ် ဇွန်လ ကမှ ထုတ်ဝေ ခဲ့သည့် ကျပ် ၁ဝဝဝဝ တန် အစိမ်းရောင် ငွေစက္ကူ သည် အတုတွေ များလာသည် ဟု ဆိုကာ လုံခြုံရေး တိုးမြှင့်၊ ပုံစံ အနည်းငယ်ပြောင်းပြီး ထပ်မံရိုက်ထုတ်မည် ဟု ကြေညာပြန်သည်။

ပိုက်ဆံ အသစ် တစ်ခါ ရိုက်တိုင်း အရင် က ရှိနှင့်ပြီးသား၊ စီးဆင်းနေနှင့်ပြီးသား ပိုက်ဆံတွေ ကို စနစ် တကျ ပြန်လည် သိမ်းယူမှ သာလျှင် ငွေကြေးဖောင်းပွ မှု ကို ဟန့်တားနိုင်ပေမည်။ 


Sunday, June 14, 2015

ဆွဲထား လို့  မရတော့ဘူး

 ဦးမြင့် ခိုင် စိတ်ပညာ's photo.

 လူ တယောက်ပဲဖြစ်ဖြစ် နိုင်ငံ တနိုင်ငံပဲဖြစ်ဖြစ် ကံမကောင်းတဲ့ အချိန် နဲ့  ကံကောင်းတဲ့ အချိန်ဆို တာ ရှိပါတယ် ။ ကံမကောင်းတဲ့ အချိန် မှာတော့ ဘာပဲလုပ်လုပ် ဘယ်လိုပဲနေနေ အဆိုးတွေ ချည်းပဲဖြစ်ပေါ်လေ့
ရှိတယ် ။ ကံမလိုက်တဲ့ အတွက် ဥာဏ် နဲ့ ဝိရိယ အစွမ်းလောက်သာ အကျိုး ခံစားကြရတယ် ။
 

တိပ်တန်းရောက်တဲ့ အောင်မြင်မှု့ ဆိုတာ ဥာဏ်နဲ့ ဝိရိယ အပြင် ကံပါ ကောင်း ဖို့ လိုအပ်ပါတယ် ။ ဒါ့ကြောင့် ကံမရှိ ဥာဏ်ရှိတိုင်း မွဲ ဆိုတဲ့စကားပုံ ပေါ်လာရတာပါ ။

 လောက သဘာဝအရ အကောင်းတွေချည်း ကြုံတွေ့ နေရသူ ဟာ မကြာခင် အဆိုးတွေ လာတတ်ပါတယ် ။
အဆိုးတွေချည်း ကြုံတွေ့ နေရသူတွေ ဟာလည်း ကောင်းလာပြီ ဆိုရင် ဘယ်သူမှ မမှီတော့ပါဘူး။


အခု မြန်မာနိုင်ငံဟာ ကံမကောင်း ခဲ့တာ နှစ်ပေါင်း များစွာ ကြာခဲ့ ပါပြီ ဘာသာရေး လူမှု့ရေးစီးပွားရေး တွေ အပြင် အဆိုး ရွားဆုံးဖြစ်တဲ့ စိတ်ဓာတ်ရေးရာ ပါ ဆုတ်ယုတ် ခဲ့တာ မြင်နေတွေ့ နေရတဲ့ အတိုင်းပါပဲ
မရိုင်း သင့် ပဲ ရိုင်းနေကြတယ် မကြမ်းတမ်း သင့်ပဲ ကြမ်းတမ်းနေကြတယ် ။

တကယ်တော့ ဗုဒ္ဓ တရားတော်တွေ ရင်ထဲမှာ ကိန်းအောင်းနေ တဲ့ မြန်မာပြည်သူပြည်သားတွေ ဟာ အခြေ အနေဆိုး တခုကြောင့် ဖြစ်ချင်တိုင်း ဖြစ်နေကြတာပါ ။ မေတ္တာတရား အသိပညာ ကိုယ်ကျင့် တရားတွေ ဟာ လူတိုင်း ရင်ထဲမှာ ကိုယ်စီစောင့်ထိမ်းသင့်တယ် ဆိုတဲ့ အသိ ရှိပြီး သားတွေပါ ။

Saturday, June 13, 2015

အားလုံး ကတော့ ၇င်တမမ ပဲ




ဦးသက်နိုင်ဦး, တိုးတက်သာ, အိမ်ခြံမြေ, ဆောက်လုပ်ရေး   














တိုးတက်သာ ဆောက်လုပ်ရေး လုပ်ငန်း အမှုဆောင် အရာရှိ ချုပ် ဦးသက်နိုင်ဦး (ဓာတ်ပုံ – မေစိုးစံ / ဧရာဝတီ)  


အိမ်ခြံမြေဈေးကွက် အရောင်း အ၀ယ် သာမက ဆောက်လုပ်ရေး လုပ်ငန်း များ ရပ်တန့်နေပြီး စီးပွားရေး အရ ၀င် ရောက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းကြီး များသည် လည်း နိုင်ငံရေး အပြောင်းအလဲ ကို စိုးရိမ်နေကြ သဖြင့် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် စောင့်ဆိုင်း လျက် ရှိသည်။

ထို အချိန်တွင် အသေးစားနှင့် အလတ်စား ဆောက်လုပ်ရေး လုပ်ငန်း ၇၀ ရာခိုင်နှုန်း ခန့်သည် လည်း လုပ် ငန်း ရပ်တန့် သည့် အလား အလာ များ ရှိလာခြင်း တို့ကြောင့် လက်ရှိ အခြေ အနေ များနှင့် ပတ်သက်၍ တိုးတက်သာ ဆောက်လုပ်ရေး လုပ်ငန်း မှ အမှုဆောင် အရာရှိချုပ် ဦးသက်နိုင်ဦး ကို ဧရာဝတီ သတင်းထောက် မေးစိုးစံ က တွေ့ဆုံ မေးမြန်းခဲ့သည် များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ အိမ်ခြံမြေ ဈေးကွက် က အရင် တုန်းက အခြေအနေ နဲ့ အခု လုပ်ကိုင် ရတဲ့ အခြေအနေ ဘယ် လို ပြောင်း လဲမှုတွေ ရှိလာပါ သလဲ။

ဖြေ။ ။ ကျနော်တို့ စလုပ်ကိုင်တဲ့ အချိန်က အိမ်ခြံမြေလောက လုပ်ကိုင် ရတာ ဘာပြဿ       နာမှ မရှိသေးဘူး။ အခု နောက်ပိုင်း မှာတော့ နာမည်ကြီး ဆောက်လုပ်ရေး လုပ်ငန်း တခုက လိမ်လည် မှုတွေက နိုင်ငံတော် အဆင့် အထိ ရောက် လာတော့ အိမ်ခြံမြေမှာ အောက်ခြေ က ဆောက်လုပ်ရေး လုပ်ငန်းကလေးတွေ အထိ ဂယက် ရိုက်ခဲ့ တယ်။

ဒီပြင်မှာ ကျနော်တို့ နိုင်ငံမှာ ဘီလီယံနာပေါင်း မြောက်များ စွာ ရှိနေတယ်။ ဆင်းရဲ တဲ့ သူက လုံးဝ ဆင်း ရဲနေပြီး ချမ်းသာတဲ့ သူက မတရား ချမ်းသာနေတယ်။ အဲဒီ ဘီလီယံနာတွေ က မြန်မာပြည် မှာ သူတို့ စီးပွားရေး လုပ်ဖို့ အတွက် သစ်လည်း မရှိတော့ဘူး။ ပဲ လုပ် ငန်းလည်း ရပ်သွားပြီ။ ငါးလုပ်ငန်း လည်း ရပ် သွားပြီ အိမ်ခြံမြေ က လည်း ရပ်သွားပြီ။ 


သီတဂူ ဆရာတော် ဘုရားကြီးရဲ့ Dagon City project အပေါ်အမြင်

 ဗုဒ္ဓဘာသာ မြန်မာပြည်'s photo.


``ရွှေတိဂုံ ဘုရား အန္တရာယ် ရှိနေပြီ´´။
``ရွှေတိဂုံ ဘုရားနား မှာ မြို့တော်ကြီး ဖော်ဆောင်တော့ မှာ´´။
``ရွှေတိဂုံ ဘုရားကို ကာကွယ်ကြ ပါစို့´´။
 

ဤနှိုးဆော်ချက် သည် မိမိ အတွက် တုန်လှုပ်ချောက်ခြားဖွယ် အလွန်ကောင်းသည့် ``သေမင်း တမန်နှိုးဆော် ချက်´´ ဖြစ်၏။

ရွှေတိဂုံ ဆိုသည်မှာ မြန်မာ တို့၏ အသက်၊ မြန်မာ တို့၏ ၀ိညာဉ်၊ မြန်မာ တို့၏ နှလုံး သည်းပွတ်ပင် မဟုတ်ပါလော။


ရွှေတိဂုံ ဘုရားသာ တစုံ တစ်ခု ဖြစ်သွားလျှင် . . . ဆက်ပြီး မတွေးရဲ။ တွေးလိုက် တိုင်း ကျောချမ်းမိ၏။

``အရှင် လတ်လတ် အသတ် ခံရသလို´´

စီးပွားရေး လုပ်ငန်းရှင် တို့၏ မြို့တော် စီမံကိန်းကြောင့် ရွှေတိဂုံ ပုံရိပ် တစ်စုံ တစ်ခု ဖြစ်သွား မှာကို ဗုဒ  ဘာသာဝင် တို့သည် မည်သို့သော အကြောင်းကြောင့်မှ လက်ခံနိုင်ပါ။

ဘာ့ကြောင့်နည်း၊ ရွှေတိဂုံ ပုံရိပ် ပြောင်းလဲ သွားလျှင် မြန်မာ သည်လည်း အရှင် လတ်လတ် အသတ် ခံလိုက် ရသလို ခံစားရမည် ဖြစ်သောကြောင့်တည်း။



Friday, June 12, 2015

ဘ၀ထဲက ကဗျာ


Ko Sithu's photo.

ရိုးရိုးလေး ပါပဲ
အမေ နေမကောင်းရင် မနက်စာ ငတ်မယ်။
အဖေ အလုပ် မဆင်းနိုင်ရင် ညစာ ငတ်မယ်။
အခု အမေနေမကောင်းဘူး... ဆရာမ။


အသား မည်းမည်း၊ မျက်လုံးပြူးပြူးလေး နဲ့
သိပ် ချစ်စရာကောင်းတဲ့ သမီးမောင်လေး
ဗိုက်ဆာ လို့ ငိုမနေဖို့ အရေး
လမ်းခင်းကျောက် ထု ကျွေးရမယ်။


ဆင်းရဲတာ ပညာမတတ် လို့တဲ့
အဖေက ပြောတယ်။
 

Thursday, June 11, 2015

ဦးသန့် နှင့် ဗိုလ်ချုပ်ကြီးနေဝင်း (ကြေးမုံ ဦးသောင်း)

 Andrew Soe's photo.


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် သည်  တင်မောင်နှင့် စာပေမိတ်ဆွေဖြစ်ပါသည်။ သူ ထုတ်ဝေသော ဒီမိုကရေစီ ဂျာနယ်တွင် မိမိက ဆောင်းပါးရှင် တစ်ဦးဖြစ်ပါသည်။ တင်မောင် တည်းဖြတ်သော ဗမာ့ခေတ်
သတင်းစာ တွင် အစိုးရ ၏ အာဘော်ကို  ဝန်ကြီးချုပ် ဦးနုနှင့် အတူ “သမိန်ဗရမ်း” ကလောင် အမည်နှင့် ဆောင်းပါးရေး သဖြင့် သူက မိမိ ၏ ဆောင်းပါးရှင် ဖြစ်လာပြန်သည်။


 ကြေးမုံ စက်သစ်ကြီး ဝယ်ရန် ကိစ္စကို အကြောင်းပြုကာ အမေရိကန် အစိုးရ က ဖိတ် သဖြင့် အမေရိကန် သို့ စာရေးသူ ရောက်သွားပါသည်။ တော်လှန်ရေး အစိုးရ အရှိန် တက်နေပုံ များ ကို နှစ်ဦးသားဆွေးနွေးကြရာမှ တင်မောင်က “စစ်တပ် က သတင်းစာတွေ ကို ရန်ရှာ စပြု ပါပြီ” ဟု ပြော ကာ “သတင်းစာ သမား များ အဖို့ ဘေး အန္တရာယ် ထူပြောသော ဇာ တိမြေကို မပြန်လိုတော့ဟု ညည်းမိပါတယ်”။ 

“ခင်ဗျားထောင်ထဲရောက်မှာ သေချာပါတယ်။  အတွေ့အကြုံ စုံတာပေါ့။ ခင်ဗျား မပြန်တော့ဘူး ဆိုရင် ဒီမှာ နေနိုင် ဖို့ ကူညီဖို့ အသင့်ရှိပါတယ်။  ဒါပေမယ့် ပြန်စေချင် ပါတယ်။ သတင်းစာ ဆရာတွေဟာ ရေး ရဲရင် ခံရဲသူတွေဖြစ်ရမှာပေါ့။ ကိုယ်လည်း ပြန်ဖြစ်အောင် ပြန်ခဲ့မယ်။ 







စ လုံး





Empat Mata's photo. 


စလုံး သည် နိဗ္ဗာန် မဟုတ်ပါ။ စလုံး သည် အတုအယောင် တို့ဖြင့် မျက်စိ ပသာဒဖြစ်အောင် ဖန်ဆင်း ထားသော မိုနိုပိုလီ ဂိမ်း တစ်ခုသာဖြစ်ချေ၏။

သမိုင်းကြောင်း မရှိပါ၊ ယဉ်ကျေးမှု မရှိပါ၊ သယံဇာတ မရှိပါ၊ ဘာမှ မရှိသော်လည်း စူပါမန်း တစ်ဦး ရှိခဲ့ ပါသည်။ ထိုသူအား မစ္စတာလီ ဟု ခေါ်လေ၏။ မြန်မာပြည် မှ အနှီ ပုဂ္ဂိုလ်အချို့ တို့သည် စလုံး အသံကြား သည်နှင့် တန်း အထင်ကြီး တတ်ကြလေ၏။ အံ့သြဖွယ်ကောင်းလေစွ။

မှုန်ပေပေ စက်ရုပ်လူသား တို့ အကြား သူတို့ မလုပ်ချင်သော အလုပ် များကို အင်မတန် မှ လုပ်ချင်ကြလေ၏။ သဘာဝ မဟုတ်သော အတု အယောင် ဖန်ဆင်းနေရာ များကို ဝင်ကြေးဒေါ်လာ သုံးဆယ်ပေး၍ လူရာဝင် ခံလိုကြ၏။ 

ဖရေဇာ၊ သိမ်ကြီးဈေးနှင့် ယုဇန ပလာဇာ တို့တွင် ပါးရိုက်ဝယ်၍ ရသော အထည် များကို ဘူဂစ်လမ်း ဟူသော လမ်းကြား ထဲ၌လူ အတိုးခံ ဖင် အနှိုက်ခံ ဝယ်၍ ရွာပြန်ကြွား လိုကြလေ၏။ လက်ထဲ ကိုင်ထားသော ပစ္စည်း ကို စလုံး ပစ္စည်းဟု ပြောမိသည်နှင့် ပြန်ရောင်း ပါလားဟု ကမ်းလှမ်းကြလေ၏။


Wednesday, June 10, 2015

နနွင်း + နွားနို့ ဖျော်ရည် အကောင်းဆုံး အိပ်ယာဝင် ဆေးတစ်ပါး

 Win Oo's photo.

 အိန္ဒိယလူမျိုးတွေ မှာ အနောက်တိုင်း အရှေ့တိုင်း နိုင်ငံပေါင်းစုံ နဲ့ မတူ တဲ့ ဆေးဘက် ဆိုင်ရာ အယူဝါဒတွေ ကြွယ်ဝ တယ် ။ သူတို့ဆီ က ဆေးနည်းများစွာ မှာ ထိပ်ဆုံး မှာ နံပါတ်တစ်နေရာ မှာ ရှိနေတဲ့ ဆေးတပါး ကတော့ နို့နနွင်း ပါပဲ ။

နနွင်း ဟာ ခန္ဒာကိုယ် နာကျင် ပင်ပန်းခြင်း ၊ဖျားနာ ကိုက်ခဲခြင်း ၊ အလုပ် ပင်ပန်းခြင်း တို့ အတွက် အထူးကောင်း မွန်တဲ့ ဓာတ်စာ ဖြစ်ပါတယ် ။
 

အဆစ်မြစ်ယောင်နေတာတွေ ရှိရင် ဆေးသောက် စရာ မလိုပဲ ပျောက်သွားမှာပါ ။ အစာအိမ် အချဉ်ပေါက်နေ တာတွေ အစာ မကြေဖြစ်နေတာတွေ အတွက်လဲ အလွန်ကောင်းတဲ့ ဆေးတပါးပါ ။ ဘိုက်ပြည့် ဘိုက်ကယ်နေတာတွေ အတွက်တော့ နတ်ဆေးတပါးပါပဲ ။

တစ်ခါ တစ်လေ ဗိုက်ပြည့် ဗိုက်ကယ် တာ  နေရ ထိုင်ရ ခက်တဲ့ အပြင် လေးလံ ထိုင်မှိုင်းပြီး မပျော်တဲ့ ရောဂါ ကို ခံစားရ ပါတယ် ။ လူကြည့်လိုက်ရင် လဲ ဖြတ်လတ်မှု မရှိပဲ ဗိုက်ကြီး ပူပြီး အပင်ပန်းမခံနိုင်ဘူး ။ ဒါဆိုရင် နို့နနွင်းသောက်ပါ ။


ရန်ကုန်မြို့ ဧရိယာ ကို အကောင်းဆုံး ဘယ်လို ချဲ့မလဲ

ဒလမြို့တွင်း တစ်နေရာ (ဓာတ်ပုံ − ကျော်ဇင်သန်း)

စပါးစိုက်ပျိုးသည့် လယ်ကွင်း များ အကြားမြေ နီ လမ်းသွယ်လေး ၏ တစ်ဖက် တစ်ချက်တွင် ယခုရက်ပိုင်း အတွင်း ဓာတ်တိုင်များ လာ ရောက် သွယ်တန်းနေသည် ကို တွေ့ရှိရသဖြင့် တွံတေးမြို့နယ်မှ တမာတကော ရွာသားကြီး ဦးသိန်းစိုးဝင်း တစ်ယောက် အထူး အ ဆန်း ဖြစ်နေသည်။

ရန်ကုန်-တွံတေး ကားလမ်း နံဘေး တမာတကောရွာသား ဦးသိန်းစိုးဝင်း ၏ အတွေးတွင် မူ ပြီးခဲ့သည့်နှစ်က တိုင်းဒေသကြီး အစိုးရ ကိုယ်တိုင် လုပ်ဆောင်မည် ဟု ကြေညာပြီးမှ ရပ်ဆိုင်းခဲ့သည့် ရန်ကုန်မြို့သစ် စီမံကိန်း ပြန် လည် စတင်တော့မည်လားဟု တွေး တောမိလျက်ရှိသည်။

ဦးသိန်းစိုးဝင်းတွေးမိ သကဲ့ သို့ အဆိုပါ နေရာ အပါအ၀င် ရန်ကုန်၏ မြို့စွန် မြို့နယ်ပေါင်း ခုနစ်မြို့နယ်၏ စတုရန်းမိုင် ၁၀၀ ကျော် တွင် မြို့သစ် အဖြစ် တိုးချဲ့ရန် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက စီစဉ်၍  ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ ပြီးခဲ့သည့် မေလက တင်ပြထား ခဲ့ပြီး ဖြစ်သည်။

‘‘လက်ရှိ ရန်ကုန် ရဲ့ ဧရိယာ ၃၄၀ စတုရန်းမိုင် ရှိတယ်။ အဲဒါ ကို မိုင် တစ်ရာကျော်လောက် ထပ်ချဲ့ဖို့ လွှတ်တော် ကိုတင်ပြီး သွားပါပြီ။ လွှတ်တော်က အတည်ပြု တာနဲ့ လုပ်ငန်း စလို့ရပါပြီ’’ ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ မြို့ပြနှင့် မြေယာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး က ပြောသည်။

သို့သော် ၂၀၁၄ တွင် တိုင်း ဒေသကြီး အစိုးရနှင့် စည်ပင် အစီ အစဉ်နှင့် ကြည့်မြင်တိုင် တစ်ဖက် ကမ်းတွင် တိုးချဲ့ရန်စီစဉ်နေ သည့် မြို့သစ် စီမံကိန်း မှာ ပွင့်လင်းမြင်သာမှု မရှိဘဲ နီးစပ်ရာ ကုမ္ပဏီ သို့ လုပ်ကိုင် ခွင့်ပြုခဲ့၍ မီဒီယာနှင့် အမတ်အချို့ က ဖိအားပေးသဖြင့်  မြို့သစ်စီမံကိန်းမှာ ရပ်ဆိုင်းခဲ့ရ ဖူးသည်။


Tuesday, June 9, 2015

ကလေးတွေ အပေါ် ဖုန်းနဲ့ကွန်ပျူတာ ရဲ့ သက်ရောက်မှု


Electronic Devices for the children | Yangon Life

ဖုန်းနဲ့ ကွန်ပျူတာ စတဲ့ လျှပ်စစ် ပစ္စည်းတွေ ဟာ အသွားနှစ်ဖက်ပါ ဓါး လိုပဲ ကလေးတွေ အတွက် ကောင်း ကျိုး နဲ့ဆိုးကျိုး ကို တပြိုင်နက်တည်း ဖြစ်စေပါတယ်။ ကလေးတွေ ကို ခေတ်မီ နည်းပညာတွေ နဲ့ မိတ် ဆက်ပေး တာဟာ ကောင်းပေမဲ့ ကလေးတွေက အသည်းအသန် စွဲလမ်း သွားတတ်တာကြောင့် ဆိုးကျိုးတွေ လည်း ရှိလာတတ်ပါတယ်။ 

ဒါကြောင့် မိမိ ရဲ့သားသမီးတွေ ကို ခေတ်မီ လျှပ်စစ် ပစ္စည်းတွေ ၀ယ်ပေးတဲ့ အခါ ချင့်ချိန် မျှတစွာ သုံး တတ်အောင် ထိန်းနိုင် ဖို့ ကောင်းကျိုး ဆိုးကျိုးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

ကောင်းကျိုး (၁) အမြဲ ဆက်သွယ်နိုင်ခြင်း
သင့် ကလေး ကို ဖုန်း တစ်လုံးပေးထား လိုက်ခြင်း အားဖြင့် အချိန် မရွေး ဖုန်းဆက်၊ မက်ဆေ့ခ်ျပို့နိုင်ပြီး သူ ဘယ်နေရာမှာ ဘာလုပ်နေလဲ သိနိုင်တဲ့ အတွက် စိတ်အေး ရမှာဖြစ်ပါတယ်။ မိဘ က အလုပ်သွား၊ သားသမီးတွေ က ကျောင်းသွား နဲ့ အချိန်ကြာကြာ အတူ မရှိနိုင်ကြတဲ့ ဒီခေတ်မှာ မိဘ နဲ့ကလေးကြား ဖုန်းနဲ့ဆက်သွယ်နိုင်ခြင်းဟာ သိပ်ကို အဆင်ပြေတဲ့ နည်းပါပဲ။ 

ဒါ့အပြင် အန္တရာယ် တစ်စုံတရာ ရှိလာခဲ့ရင် လည်း ချက်ချင်း အဆက်အသွယ် ရနိုင်တဲ့အပြင် အခုခေတ် ဖုန်းတော်တော် များများ မှာ GPS စနစ် ထည့်ထားနိုင်တဲ့ အတွက် GPS ကို သုံးပြီး ရှာရလည်း လွယ်ကူစေ မှာဖြစ်ပါတယ်။