Friday, October 10, 2014

သေရင် နောက်ဘဝ ဆိုတာ ရှိပါသလား၊ သိပ္ပံ ပညာတွေ က သက်သေ အထောက် အထားတွေ လေ့လာတွေ့ရှိ


သေရင် နောက်ဘဝ ဆိုတာရှိုပါ သလား။ ဦးနှောက် လည်ပတ် အလုပ်လုပ်မှု လုံးဝရပ် တန့်ပြီး တဲ့နောက်ပိုင်းမှာတောင် အသိစိတ် တစ်ခု ဆက်လက် ရှိနေကောင်း ရှိနေနိုင်တယ် လို့ သေဆုံး ခါနီးနဲ့ အသက်ဇီဝန် ချုပ်ပြီးနောက်ပိုင်း အဖြစ်အပျက် အကြောင်း ဆေးပညာ အရလေ့လာချက် တစ်ခု အရ သိရပါတယ်။

Southampton တက္ကသိုလ် မှ သိပ္ပံပညာရှင်တွေ က လန်ဒန်၊ အမေရိက နဲ့ သြစတြေးလျနိုင်ငံ က ဆေးရုံတွေ မှာ ရှိနေကြတဲ့ နှလုံးရောဂါဝေဒနာ ရှင် အယောက် ၂၀၀၀ ကျော်ကို (၄) နှစ် တိတိ အချိန်ပေးပြီး စူးစမ်း လေ့လာ ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဝေဒနာရှင် ထဲ ၄၀% ရာခိုင်နှုန်း က သူတို့ နှလုံး အလုပ်ပြန် မလုပ်မီ အချိန်လေးဖြစ် တဲ့ ဆေး အာနိသင်ကြောင့် နှလုံးခုံ ရပ်ပြီး ခဏတာ အသက်ပျောက်နေစဉ် အချိန်အတွင်း ခံစား ခဲ့ရတဲ့ အသိစိတ် တစ်မျိုးတစ်ဖုံ (awareness)နဲ့ ပတ်သက် လို့ ပြောဆိုခဲ့ကြတယ်။


 
အဲဒီထဲ တစ်ယောက်က သူ့ခန္ဓာကိုယ် ကို လုံးလုံး စွန့်ခွာ သွားပြီး အခန်းထောင့် တစ်နေရာမှ အသက်ပြန်လည် ရလာ တာတဲ့ဖြစ်စဉ် ရပ်ကြည့်နေခဲ့ကြောင်း ပြန်ပြောင်းပြော ဆိုခဲ့တယ်လို့ သုသေတန ပညာရှင် များက ပြောဆိုခဲ့တယ်။

Southampon က အသက် ၅၇ နှစ် အရွယ် လူမှုရေး လုပ်သား တစ်ဦးက အသိစိတ် ကင်းဝေး လျက် သုံးမိနစ် တာ သတိ လုံးဝ လစ်သွားပေမယ့် သူနာပြု  ဝန်ထမ်းတွေ ရဲ့ လုပ်ဆောင်မှု အသေးစိတ် ကို ပြန်လည်ပြောပြ ခဲ့ပြီး အသုံးပြု သွားတဲ့ စက်သံကို ပါ ဖော်ပြပြော ဆိုသွား ပါတယ်။

နှလုံး ခုန်နှုန်း ရပ်ပြီးရင် ဦးနှောက် လည်း အလုပ် မလုပ်နိုင်တော့ဘူးလို ဆိုတာ သိရတယ်လို့ Southampon တက္ကသိုလ် ယခု နယူးရောခ် တက္ကသိုလ် မှ သုတေသီဟောင်း တစ်ဦးဖြစ်တဲ့ Dr. Parnia ကပြောပါတယ်။

သို့ပေမဲ့ အခု အခါမှာ နှလုံး ရပ်သွားလို့ ၂၀-၃၀ မိနစ် အတွင်း ဦးနှောက် လည်ပတ်မှု သူ့အလို အလျှောက် ရပ်တန့်သွားသည့် အချိန်မှာတောင် နှလုံး ခုန်ရပ်ပြီးလို့ ၃ မိနစ် ထက်မက အသိစိတ် က ဆက်လက်ဖြစ်ပေါ်နေသေးတယ်။

အဲဒီ ပုဂ္ဂိုလ်က အခန်း ထဲဖြစ်ပျက်ခဲ့ သမျှကြောင်း ကုန်စင်ပြောပြ သွားတာပါ။ ဒါပေမဲ့ ပိုပြီး အရေးကြီး တာက ဒီ ၃ မိနစ် အချိန်ကာလ စပ်ကြား ဆူညံ သံဖြစ်ပေါ်စေသော စက်ယန္တရား ကြားမှ တဆင့် ပြတ်တောက်ပြတ်တောက် အသံနဲ့ အတူ ကျယ်လောင်စွာ အော်သံနှစ်ခု သူကြား လိုက်တာပါ။ 

ဒါ့ကြောင့်မို့ အချိန် ဘယ်လောက်ကြာသွား သလဲ တိုင်းတာနိုင်ခဲ့ခြင်းဖြစ် ပါတယ်။
သူ့ကို ကြည့် ရတာ ယုံလောက် စရာကောင်းနေပြီး သူပြော သွားခဲ့ တဲ့ အကြောင်းအရာ အားလုံးမှာ လည်း အမှန် တကယ်ဖြစ်ပျက် ခဲ့တဲ့ အကြောင်း အရာတွေ ချည်းပါပဲလို့ Parnia ပြောတယ်။

နှလုံးရောဂါဝေဒနာရှင် ၂၀၆၀ ကိုလေ့လာ ခဲ့တဲ့ အထဲ ၃၃၀ ယောက်က အသက်ရှင်ကျန်ရစ် ခဲ့ပြီး ၁၄၀ က မေ့မျော ရာမှ သတိပြန်လည် လာချိန်မှာတော့ အသိစိတ် နဲ့ ပတ်သက်ပြီး တစ်မျိုး တစ်ဖုံ ခံစားခဲ့ကြပါတယ်။

၅ ယောက် မှာ ၁ တစ်ယောက် က ငြိမ်းချမ်းတဲ့ စိတ်အာရုံ တစ်ခုကို ထူးထူးခြားခြား ရရှိခံစား ခဲ့ပြီး သုံးပုံ တစ်ပုံက အချိန် ကာလမှာ တရိပ်ရိပ် အဆုံးသတ် သွားခဲ့ကြောင်း သို့မဟုတ် မြန် ဆန် စွာ ရွေ့ရှားနေကြောင်း အသီးသီးပြောဆို ခဲ့ကြတယ်။

တစ်ချို့တွေ ကတော့ အလွန်တောက်ပ လင်းထိန်နေတဲ့ အလင်းရောင် တစ်ခု မြင်တွေ့ ခဲ့ကြောင်းပြန်ပြော ခဲ့ကြတယ်။ တချို့ ကျတော့ ကြောက် စိတ်ဖြစ်နေခဲ့ကြောင်း ဒါမှ မဟုတ် အင်မတန် နက်ရိုင်းတဲ့ ရေပြင်ကြီး ထဲ ဆွဲခေါ်ခံရ သလို ခံစားခဲ့ ရကြောင်း ပြန် လည်ပြောဆို ခဲ့ကြပါတယ်။

Parnia ကတော့ တချို့ မှာ သေမင်း ဆီ ချဉ်းကပ်ရောက်ရှိ တဲ့ အချိန် အတွေ့ အကြုံများ စွာကြုံ ရနိုင် တယ်။ ဒါပေမဲ့ မေ့မျောနေရာ ကနေ သတိပြန်လည် ရလာချိန် ဆေးဝါး အသုံးပြုထားတဲ့ အရှိန်ကြောင့် စိတ်အာရုံ ခံစားမှု အသိတရား နဲ့ ကင်းကွာနိုင်တယ် လို့ လည်း ယုံကြည် ထားတယ်။



Source: indianexpress
Trend Myanmar
From...Search myanmar 

 

No comments:

Post a Comment