Thursday, October 16, 2014

မိန်းကလေးတွေ ဟာ ဒီလို အချက် ကလေးတွေ ကို ဖွင့်ပြော စရာ မလိုပဲ သူတို့ ချစ်သူတွေ ကို သိစေ ချင်တာ

ကောင်မလေး အများစု သူ့ချစ်သူကောင်လေးတွေ ကို သူမတို့ စိတ် ကို အကုန်အစင် မဖတ် တတ်ရင်တောင် မှ တစ်ချို့ အချက်ကလေးတွေ အလိုလို သိနေတာမျိုး ဖြစ်စေ ချင်ကြပါတယ်။

 ဒါမျိုး ကို မိန်းကလေးတွေ ဟာ စိတ်ရှုပ်ထွေး စရာကောင်း တယ် လို့တော့ မမြင် လိုက်ကြပါနဲ့။ ဒီလို ကိုယ့်ချစ်သူ ဘာဖြစ်နေတယ်၊ ကိုယ့်ကို ဘာပြောစေချင်တယ် ဆိုတာကို အလိုလို သိပြီး အဖက် လုပ်ခြင်းဟာလည်း ကိုယ့်ချစ်သူကောင်မလေး ကို ဂရုစိုက်ခြင်း တစ်မျိုးပါပဲ။ 

ကဲ သူတို့ မပြောပဲ သိစေချင် တဲ့ အချက်ကလေးတွေ က ဘာတွေ များဖြစ်မလဲ။


 
၁။ သူမ စိတ်ဆိုးတဲ့ အခါ အာရုံ အားလုံး သူမ ဆီမှာပဲ ထားလိုက်ပါ။
စိတ် အခန့်မသင့် လို့ သင့်ကို သူမ ရစ်တာပဲဖြစ်ဖြစ်၊ ပြသနာ ရှာတာမျိုး ဆိုရင် သူမကို ချစ်တယ် လို့ ပြောပြီးတော့ ဖွဖွလေး နမ်း လိုက်ပါ။ ဒါဟာ အလျှင်မြန်ဆုံး ဖြေရှင်းနည်းဖြစ်သလို သူမ လည်း ရစ်ချင် စိတ်တောင် ပျောက်သွားပါလိမ့်မယ်။ 

ဒါမှ မဟုတ် သူမ က သင့်ကို လျစ်လျူရှုလိုက်ပြီ ဆိုရင်တော့ တခြား ကိစ္စတွေကို အားလုံး ပစ် ထားပြီး အာရုံ အားလုံး သူမဆီ မှာပဲ ထားဖို့လိုပါပြီ။
 
၂။ အသိ၊ သူငယ်ချင်းတွေ အားလုံး ကို သူမ နဲ့ မိတ်ဆက်ပေးထား လိုက်ပါ။
မိန်းကလေးတွေ ဟာ ကိုယ့် ကို ဘယ်လောက် ချစ်တယ်ပြောပြော ပိုပြီး စိတ်ချ လုံခြုံမှုရှိတဲ့ အရာ ကို ရှာဖွေ တတ်ကြပါတယ်။ 

သင်က သင့် သူငယ်ချင်း၊ မိတ်ဆွေတွေ နဲ့ သူမ ကို ပေး မတွေ့ဘူး၊ မိတ်ဆက် မပေးဘူး ဆို ရင်တော့ ကျိန်းသေတာ က သူမ စိတ်မကောင်း ဖြစ်သွား ပါလိမ့် မယ်။ ဒီ အချက်ကိုလည်း သင့် ကို ဖွင့်ဟ မပြောပဲ အလို အလျောက် သိစေချင်ကြပါတယ်။

၃။ လျှို့ဝှက် ထားတဲ့ အရာတွေ ဟာ သူမကို လိမ်ညာခြင်း နဲ့ အတူတူ ပါပဲ။
ကိုယ်က ဘာရယ် မဟုတ် လျှို့ဝှက် ထားလိုက် မိတဲ့ ကိစ္စရပ်တွေ ကို သူမ ပြန်သိသွားလို့ ကတော့ ကျွန်မ ကို ဘာလို့ ဖွင့်မပြောတာလဲ လို့ မေးတော့မယ်။

 ဖေ့စ်ဘွတ်ခ်က ခင်သွား တဲ့ ကောင် မလေး တစ်ယောက် နဲ့ အပြင် မှာ အမှတ် မထင် ဆုံပြီး မုန့်စား မိတယ် ဆိုရင် နောက် တစ်ယောက် အသစ် ထားနေပြီလား၊ ဘာလို့ ဖွင့်မပြောတာလဲ၊ လိမ်ညာတာ မျိုးလား စသဖြင့် သံသယတွေကြီးထွား လာပြီပေါ့။ ဒီ အချက်ကိုလည်း သူတို့က သင့်ကို အလို လို သိစေချင် ပါတယ်။ လိုက်ပြော မနေချင်ပါဘူး။

၎။ သူမကို ဘယ်လောက် ချစ်တယ် ဆိုတာမျိုးကို လည်း ခဏခဏ ပြောပေးဖို့ လိုပါတယ်။
မောင် ကျွန်မ ကို ချစ်လား ဆိုတာမျိုး၊ ကျွန်မ လှလား ဆိုတာမျိုးတွေ ဘယ်သူ က မှ ခဏခဏ ထုတ်မေးချင် မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင် သိထားရမှာက မိန်းကလေးတွေ ဟာ ကိုယ့် ချစ်သူ ထံက အဲ့ဒီ လို စကားမျိုးတွေတော့ မကြာခဏ ကြားလိုကြပါတယ်။ ဒါကို လည်း မမေ့ မလျော့ ပြောပေးဖို့ လိုပါတယ်။

၅။ လူတိုင်း ဟာ မပြီးပြည့်စုံ ကြပါဘူး။ အပြစ် အနာအဆာတွေ ကို လိုက်ထောက် မပြပါနဲ့။
မျက်ခုံးမွှေး က မလှဘူး၊ လက်မောင်းက ကြီးနေ တာ၊ မျက်နှာ မှာ ၀က်ခြံလေးတွေ ရှိနေတာမျိုး သူမ ရဲ့ အပြစ်အနာ အဆာလေးတွေ ကို လိုက်ထောက် မပြောမိ ပါစေနဲ့။ 

လူတိုင်း ဟာ ပြီးပြည့်စုံကြ တယ် ဆိုတာမျိုးတော့ မရှိပါဘူး။ ခဏခဏ သူမအပြစ် ကို ပြော ဆိုနေမယ် ဆိုရင် သူမ စိတ်ထဲမှာ ငါ့ကို တကယ်ချစ်ရဲ့လား လို့ တွေးထင် သွားနိုင်ပါတယ်။


Ref:mensxp.com
Trend Myanmar
From...Search Myanmar


 

No comments:

Post a Comment