Saturday, February 15, 2014
မြန်မာ မင်းသမီး ထိပ်စုဖုရားကြီး သာမန် အရပ်သား ဘဝဖြင့် နေထိုင်ဆဲ
မြန်မာမင်းသမီး ထိပ်စုဖုရားကြီး သာမန်အရပ်သားဘဝဖြင့် နေထိုင်ဆဲ  ရန်ကုန်ရှိ အသင့်အတင့်သာရှိသောတိုက်ခန်း၌ မြန်မာ့နောက်ဆုံးဘုရင်၏ မြေးမတော်သည် ရိုးရိုးရှင်းရှင်း နေထိုင်လျက်ရှိပြီး အိမ်နီးချင်းတို့ကပင် သတိမပြုမိကြချေ။  အသက် ၉၀ အရွယ် မင်းသမီး ထိပ်စုဖုရားကြီး (ပုံ) က ဘုရင်ခေတ် အဆင့်အတန်းအချို့ကို သူမမိသားစုက ထိန်းသိမ်းခဲ့ချိန် သူမ၏ငယ်ဘဝနေ့များမှာ ယခုအခါ မှုန်ပြပြသာရှိတော့ကြောင်း ပြောခဲ့သည်။  ဗြိတိသျှကိုလိုနီစနစ်က သူမ၏အဘိုး သီပေါမင်းကို ၁၈၈၅ ခုနှစ်၌ နန်းချပစ်ခဲ့သည်။ ဆယ်စုနှစ်များနှင့်ချီ ကြာခဲ့သော စစ်အုပ်ချုပ်သူတို့က ဘုရင့်မိသားစုကို အများပြည်သူမြင်ကွင်းမှ ဖျောက်ထားခဲ့ကြသည်။  သူတို့က မိမိတို့အား ထူးခြားသူအဖြစ် မလိုလားကြောင်း အင်တာဗျူးအတွက် ပန်းရောင်ခြုံပုဝါကို အထူး လွှမ်းထားသည့် မင်းသမီးက ပြောခဲ့သည်။ သူမသည် နှစ်ပေါင်း ၆၀ သာမန်အရပ်သားဘဝဖြင့် နေထိုင်ခဲ့ကြောင်း AFP သို့ ပြောခဲ့သည်။  မြန်မာအများစုက ဘုရင်အကြောင်း မေ့ပျောက်နေခဲ့ကြကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ဆိုသည်။ ဒုတိယဝန်ကြီးသည် အိန္ဒိယမှ မြန်မာသို့ သီပေါမင်း၏ ရုပ်ကြွင်းကို ပြန်လည်သယ်ယူရေး လှုပ်ရှားမှုတစ်ခုကို ဦးဆောင်နေသူ ဖြစ်သည်။  စောရူထီ့  မူရင်း- Myanmar Princess Lives Ordinary Life; ဟစ်တိုင်   Credit-http://www.myanmarcnn.com/2014/02/blog-post_6530.html
ရန်ကုန်ရှိ အသင့်အတင့်သာ ရှိသောတိုက်ခန်း ၌ မြန်မာ့နောက်ဆုံး ဘုရင်၏ မြေးမတော်သည် ရိုးရိုးရှင်းရှင်း နေထိုင်လျက် ရှိပြီး အိမ်နီးချင်းတို့ကပင် သတိမပြုမိကြချေ။
အသက် ၉၀ အရွယ် မင်းသမီး ထိပ်စုဖုရားကြီး (ပုံ) က ဘုရင်ခေတ် အဆင့်အတန်း အချို့ကို သူမ မိသားစုက ထိန်းသိမ်းခဲ့ချိန် သူမ၏ ငယ်ဘဝနေ့များ မှာ ယခုအခါ မှုန်ပြပြ သာ ရှိတော့ကြောင်း ပြော ခဲ့ သည်။
ဗြိတိသျှ ကိုလိုနီ စနစ်က သူမ ၏ အဘိုး သီပေါမင်း ကို ၁၈၈၅ ခုနှစ်၌ နန်းချ ပစ်ခဲ့သည်။ ဆယ်စုနှစ် များနှင့် ချီ ကြာခဲ့သော စစ် အုပ်ချုပ်သူ တို့က ဘုရင့် မိသားစုကို အများပြည်သူမြင်ကွင်း မှ ဖျောက် ထားခဲ့ကြသည်။
Facebook တည်ထောင်သူ မာခ့် ဇူကာဘတ် ရဲ့ Facebook အကောင့်ကို Block လုပ်လို့ မရ
Facebook တည်ထောင်သူ မာခ့် ဇူကာဘတ် ရဲ့ Facebook အကောင့်ကို ဘယ်သူမှ Block လုပ်လို့ မရ  Facebook တည်ထောင်သူ မာခ့် ဇူကာဘတ် ရဲ့ Facebook အကောင့်ကို Block လုပ်လို့ မရပါဘူး။  သေချာအောင် သတင်းဖတ်သူတို့ https://www.facebook.com/zuck မှာ ဝင်ရောက် စမ်းသပ်နိုင်ပါတယ်။ ပေါ်လာတဲ့ စာကတော့ overload ဖြစ်နေလို့ Block လို့ မရကြောင်း ရေးထားခြင်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက Block နေလို့တော့ မဟုတ်ပါဘူး။ လှည့်ကွက်နဲ့ ပိတ်ဆို့ထားခြင်းသာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့ ဇူကာဘတ်ကို ဘယ်သူမှ ဘလော့လို့ မရ ပါဘူး။  ဇူကာဘတ်ရဲ့  နောက်တစ်ခု ထူးခြားချက်က နေ့စဉ် နေ့တိုင်း နီးပါး အညိုရောင် Facebook တီရှပ်ကိုသာ ဝတ်ဆင်လေ့ ရှိပါတယ်။ အဲ့ဒါကို လည်း ကိုယ်တိုင် ရှာဖွေ ကြည့်နိုင် ပါတယ်။ ပွဲတက်ဝတ်ဆုံနဲ့ အနက်ရောင် အနွေးထည်က လွဲလို့ သူဟာ အညိုရောင်ကိုသာ စွဲစွဲ လမ်းလမ်း ဝတ်လေ့ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ . Ref: dyknow By အောင်ခမ်း (www.innewsmyanmar.com)
Facebook တည်ထောင်သူ မာခ့် ဇူကာဘတ် ရဲ့ Facebook အကောင့် ကို ဘယ်သူမှ Block လုပ်လို့ မရပါဘူး။
သေချာအောင် သတင်းဖတ်သူတို့  https://www.facebook.com/zuck  မှာ ဝင်ရောက် စမ်း သပ်နိုင် ပါတယ်။ ပေါ်လာတဲ့ စာကတော့ overload ဖြစ်နေလို့ Block လို့ မရကြောင်း ရေး ထားခြင်း ဖြစ်ပါ တယ်။ 
လက် သရဲ ဝင်ပူးသည့် ရောဂါ
လက်သရဲ ဝင်ပူးသည့် ရောဂါ  လက်သရဲဝင်ပူးတဲ့ ရောဂါဆိုတာ အမှန်တော့ Alien hand syndrome အမည်ရ ရောဂါ ဖြစ်ပါတယ်။ ဂြိုလ်သားလက် ရောဂါဝေဒါနာ ဖြစ်ပါတယ်။   ဒီရောဂါကလည်း ကြောက်စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို့မဟုတ် ညာလက် သို့မဟုတ် ၂ ဘက်စလုံး ဖြစ်တတ်ပါတယ်။ ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။ သူလုပ်ချင်ရာ လုပ်ပါတယ်။ ဓားရှိနေရင် ဓားကိုကောက်ကိုင်ပြီး သူများကို ထိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ထိုးတတ်ပါတယ်။ အိင်္ကျီဝတ်ပေမယ့် ဝတ်လို့မရအောင် လက်က တားပါတယ်။ မီးခလုပ်ကို ပိတ်ပေမယ့် ပြန်ဖွင့် ပါတယ်။ ဘယ်လက်က လုပ်တာကို ညာလက်က ပြန်ပြန်လိုက်လုပ်ပါတယ်။ လိုက်နှောက်ယှက်ပါတယ်။   သွားရင်းလာရင်း တွေ့ကရာ ပစ္စည်း အကုန်ကောက်ပါတယ်။ ခါးပိုက်နှိုက်မိ ပါတယ်။ မီးထဲ လက်ထဲမိပါတယ်။ လည်နေတဲ့ စက်ထဲ လက်က အတင်း ဝင်ပါတယ်။ တားလို့မရပါဘူး။ ဒါကို စိတ်ရောဂါလားလို့ တောင် ထင်မြင်ခဲ့ကြ ပါတယ်။ ဂီတာ အရင်က မတီးဖူးပေမယ့် တီးတတ်တာမျိုး၊ စန္တယား တီးတတ်တာမျိုးတို့ လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ လက်မှာ ကိုယ်ပိုင် စိတ် ရှိနေတဲ့ ရောဂါမျိုးလို့လည်း ခေါ်ပါတယ်။   လက်က သူ့ပါသူ အသက်ရှိနေသလို ဖြစ်ပြီး ကိုယ်က လုံးဝ ထိန်းချုပ်လို့ မရပါဘူး။ အချို့ ကျတော့ ရက်ပိုင်းအတွင်း ဖြစ်ပြီး ပျောက်ပေမယ့် အချို့ ကျ လပိုင်းကြာပါတယ်။ အချို့ ကျ တစ်သက်လုံး မပျောက်ပဲ ထင်ရင်ထင် သလို ရောဂါ ထဖောက်ပါတယ်။   စစ်တမ်းအရ ယင်းရောဂါဟာ ဦးနှောက်ခွဲစိတ်မှု၊ နှလုံးခွဲစိတ်မှု ခံယူပြီး သူတွေ မှာ အဖြစ်များပြီး အချို့ ကျတော့ အလိုလိုကို ထပေါ်လာ တာ ဖြစ်ပါတယ်။ ကိုယ်က မခိုးပေမယ့် လက်က အလိုလို လုပ်မိသွားတာကို အချို့ ကတောင် ရှေးဘဝ ဗီဇလို့ ထင်မြင်ကြပါတယ်။ သို့ပေမယ့် ယင်းလူဟာ Alien Hand Syndrom (ဂြိုလ်သားလက် ရောဂါ) ခံစားနေရသူ ဖြစ်ပါတယ်။ သူ့အတွက်လည်း ကြောက်ဖို့ ကောင်းသလို သူ့ပတ်ဝန်းကျင်အတွက် လည်း ကြောက်ဖို့ ကောင်းပါတယ်။   သေချာတာကတော့ ဘတ်စ်ကားစီးလို့ အဆင်ပြေမယ့် ရောဂါမဟုတ်ပါဘူး။ ယင်းရောဂါဝေဒနာ လူတိုင်းခံစားရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုသာ မသိလိုက်တာ တစ်ခါတစ်လေကျ ဖြစ်ခဲ့တာမျိုးတို့ ဖြစ်တတ်ပါတယ်။    ကမ္ဘာ့အနှံ့ က နိုင်ငံအသီးသီးမှာ Alien hand syndrome  ဂေရာဂါ ခံစားနေရသူပေါင်း များစွာရှိတယ်လို့ အမေရိကန် ဆေးပညာရှင်တို့ က ပြောဆိုထားကြောင်း သိရပါတယ်။  -- Ref: wiki အောင်ခမ်း (ရိုးရာလေး)  www.yoyarlay.com/health/health-article/40049-hand-horror  .
လက် သရဲဝင်ပူးတဲ့ ရောဂါဆိုတာ အမှန်တော့ Alien hand syndrome အမည်ရ ရောဂါ ဖြစ်ပါ တယ်။ ဂြိုလ်သားလက် ရောဂါဝေဒါနာ ဖြစ်ပါတယ်။
ဒီရောဂါကလည်း ကြောက်စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို့မဟုတ် ညာလက် သို့မဟုတ် ၂ ဘက်စလုံး ဖြစ်တတ်ပါတယ်။ 
ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။ သူလုပ်ချင်ရာ လုပ်ပါတယ်။ ဓားရှိနေရင် ဓားကိုကောက်ကိုင်ပြီး သူများကို ထိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ထိုးတတ်ပါတယ်။ 
အောင်မြင် လိုသူများ အတွက် လက်မှတ် ထိုးနည်းများ အပိုင်း(၂)
တစ်ချို့လက်မှတ်တွေကို ကြည့်လိုက်တဲ့ အခါ ထူးထူးခြားခြား ပုံလေးတွေလို မြင်ရတယ်။ 
ဥပမာကွာ ပုံ (၁) ကို ကြည့်ကြည့်လိုက်။ အဲဒီပုံလေးဟာ ငှက်ကလေးတစ်ကောင် ပျံဝဲနေတဲ့ ပုံလေးနဲ့တူတယ်။ အဲဒီလို လက်မှတ်ထိုးတဲ့ သူတွေ ဒါမှမဟုတ် ကိုယ့်လက်မှတ် တစ်နေရာရာမှာ အဲဒီလို ငှက်ကလေး ပျံဝဲနေတဲ့ပုံလေး ပါမယ်ဆိုရင် အဲဒီလက်မှတ် ပိုင်ရှင်တွေဟာ ခရီးသွား ၀ါသနာပါတတ်တယ်။ 
အောင်မြင် လိုသူများ အတွက် လက်မှတ် ထိုးနည်းများ { 1 }
တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ ကျွန်ုပ်နှင့် လွန်စွာရင်းနှီး ခင်မင်သော မိတ်ဆွေ(၃)ဦး ရောက်ရှိလာလေ၏။ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ဖြစ်၏။ ၎င်းတို့ အချင်းချင်းလည်း လွန်စွာရင်းနှီး ချစ်ခင်ကြ သူများ ဖြစ်ကြ သည် အားလျှော်စွာ တစ်ဦးနှင့်တစ်ဦးလည်း စကားပြောလျှင် လွန်စွာ ပွင့်ပွင့်လင်းလင်း ရှိကြကုန်၏။ 
တစ်ယောက်ကို တစ်ယောက် ပြောမနာဆိုမနာ ဖြစ်ကြသောကြောင့် ၎င်းတို့ သုံးဦး ရောက်လာ လျှင် ကျွန်ုပ်သည်လည်း ၎င်းတို့နှင့် ရော၍ ပျော်ရွှင်မိ၏။ အမျိုးသားနှစ်ဦး ၏ အမည်မှာ သားကြီးနှင့် ထွန်းထွန်းဖြစ်၍ အမျိုးသမီး ကလေး၏ အမည်မှာ မသက်မာဟူ၍ ဖြစ်လေ၏။
Friday, February 14, 2014
ကလေးငယ်တွေ အပေါ် တန်ဖိုး မထားတဲ့ နိုင်ငံတော့ မဖြစ်စေလို
photo for news no  3 2
လူ အသိုင်းအဝိုင်းထဲမှာ လူတွေ အချင်းချင်း စုပေါင်းနေထိုင်ကြတဲ့အခါမှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေ ထိုင်နိုင်ကြဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေထုတ်ပြန် လိုက်နာကြ ရပါတယ်။ 
မလိုက်နာဖောက်ဖျက်တဲ့ လူတွေကိုလည်း တားဆီးဖို့၊အပြစ်ပေး အရေးယူဖို့ ဆောင် ရွက်ကြ ရပါတယ်။
 လူတစ်ယောက်လူ့အသိုင်းအဝိုင်းအပေါ်၊ လူတစ်ဦးတစ်ယောက်အပေါ် ကျူးလွန်စော်ကားခဲ့ရင် အပြစ်ပေး တာထက် နောက်ထပ် အလားတူ ထပ်မံ မကျူးလွန်နိုင်ဖို့အတွက် သိပ်ဆိုးဝါး တဲ့ သူတွေ ကို သေဒဏ် အပြစ် ပေးတာတို့၊ လူ့အသိုင်း အဝိုင်းကနေ ခေတ္တဖယ်ရှားပြီး ထောင်ချ ထားတာ တို့ ပြုလုပ် ရပါတယ်။
ကိုယ်ဝန်ဆောင် သူငယ်ချင်းကို သတ်၊ ကလေးကို သားအိမ် ထဲက ထုတ်ယူပြီး သူမ ကလေး အဖြစ် မွေးစားခဲ့တဲ့ မိန်းမ
အသက် ၃၉ နှစ်အရွယ် ၊ ဂျူလီကိုရေး ဆိုသူ မိန်းမတစ်ယောက်ဟာ အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင် သူငယ်ချင်းဖြစ်သူ ဒါလိန်းဟေးနက်စ် ကို သတ်ပြီး ဗိုက်ထဲက ရှစ်လသားအရွယ် ကလေးလေးကို ထုတ်ယူခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။
ကိုရေးဟာ သူမ သူငယ်ချင်းကို ရိုက်ပုတ်ကာ သေတဲ့အထိ လည်မျို ညှစ်သတ်ခဲ့တယ်လို့  စွဲချက်တင် ခံထားရပါတယ်။  ဒီအဖြစ်အပျက်ဟာ ကိုရေးတစ်ယောက် ကိုယ်ဝန်ပျက်ကျပြီး သုံးလအကြာမှာ ဖြစ်ပွားခဲ့တာပါ။
ဟေးနက်စ်ရဲ့ အလောင်းကို သူမတိုက်ခန်း အ၀တ်ဗီရိုထဲ ထည့်ဖွက်ထားတာကို ၂၀၀၉ ခုနှစ်၊ ဂျူလိုင်လ မှာ ရဲတွေက တွေ့ ရှိခဲ့ရပြီး လည်ပင်းမှာ လျှစ်စစ်ဝါယာကြိုးနဲ့ ရစ်ပတ် ညှစ်သတ် ခံထားရတဲ့ သဲလွန်စတွေ တွေ့  ရှိခဲ့ရတာပါ။
ကြာရှည် အသုံးခံမယ့် Laptop တွေ ဘယ်လို ရွေးချယ် ၀ယ်ယူရမလဲ ?
Photo: ကြာရှည် အသုံးခံမယ့် Laptop တွေ ဘယ်လို ရွေးချယ်ဝယ်ယူရမလဲ? ========================================== Laptop ထုတ်လုပ်တဲ့ Company တွေဟာ များပြားတဲ့အတွက် ကြာရှည် အသုံးခံမယ့် အမျိုးအစားကို ရွေးချယ်ဝယ်ယူဖို့ဆိုတာ ခက်ခဲပါတယ်။ ဘယ် အမျိုးအစား ဟာ ကြာရှည် အသုံးခံမယ်ဆိုတာ သင် မသိနိုင်ပါဘူး။ ဒါပေမယ့် စစ်တမ်းတွေကို လေ့လာပြီးတော့ ကြာရှည် အသုံးခံမယ့် Laptop ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။ သုတေသန အဖွဲ့အစည်း တစ်ခု က လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ပျက်ဆီးမှုအများဆုံး Laptop တွေကို စစ်တမ်းကောက်ယူခဲ့ပြီး ရာခိုင်နှုန်းတွေနဲ့ပြသပေးခဲ့ပါတယ်။ စစ်တမ်း အရ Asus Laptop တွေဟာ ပျက်ဆီးမှု အနည်းဆုံးဖြစ်တာကို တွေ့ရပြီး HP Laptop တွေဟာ ပျက်ဆီးမှု အများဆုံးဖြစ်တာကိုတွေ့ရပါတယ်။ ပျက်ဆီးမှု အများဆုံး Laptop Brand တွေကို ရာခိုင်နှုန်း နဲ့ ဖော်ပြထားတာကိုအောက်မှာလေ့လာပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ 1. Asus: 15.6% 2. Toshiba: 15.7% 3. Sony: 16.8% 4. Apple: 17.4% 5. Dell: 18.3% 6. Lenovo: 21.5% 7. Acer: 23.3% 8. Gateway: 23.5% 9. HP: 25.6%  refer ; myamar digitial life 
 Laptop ထုတ်လုပ်တဲ့ Company တွေဟာ များပြားတဲ့ အတွက် ကြာရှည် အသုံးခံမယ့် အမျိုးအစား ကို ရွေးချယ် ၀ယ်ယူဖို့ဆိုတာ ခက်ခဲပါတယ်။ ဘယ် အမျိုး အစား ဟာ ကြာရှည် အသုံးခံမယ်ဆိုတာ သင် မသိနိုင်ပါဘူး။ 
ဒါပေမယ့် စစ်တမ်းတွေကို လေ့လာပြီးတော့ ကြာရှည် အသုံးခံမယ့် Laptop ကိုရွေးချယ် ၀ယ် ယူနိုင် ပါတယ်။
သုတေသန အဖွဲ့အစည်း တစ်ခု က လွန်ခဲ့တဲ့ သုံးနှစ် အတွင်းမှာ ပျက်စီးမှု အများဆုံး Laptop တွေ ကို စစ်တမ်းကောက်ယူ ခဲ့ပြီး ရာခိုင်နှုန်းတွေနဲ့ပြသပေးခဲ့ ပါတယ်။ စစ်တမ်း အရ Asus Laptop တွေဟာ ပျက်စီးမှု အနည်းဆုံးဖြစ်တာကို တွေ့ရပြီး HP Laptop တွေဟာ ပျက်ဆီးမှု အများဆုံးဖြစ်တာ ကိုတွေ့ ရပါတယ်။ 
Thursday, February 13, 2014
ကင်ဆာရောဂါ ကို ကာကွယ်နိုင် တဲ့ သင်္ဘောရွက်
ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ သင်္ဘောရွက် Thursday, February 13, 2014  သင်္ဘောသီး အစွမ်းတွေကို သိရှိပြီးတဲ့နောက် ယခုသင်္ဘောရွက်ရဲ့ အာနိသင် ဆေးစွမ်းပကားတွေကို ပြန်လည်မျှဝေပေး လိုက်ရပါတယ်။  သင်္ဘောရွက်ဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ စွမ်းပကားတွေ များစွာပါဝင်ကြောင်း သိရပါတယ်။ ဒါကြောင့် ကင်ဆာရောဂါ ရှိသူများ ဖြစ်ဖြစ် မရှိအောင် ကြိုတင်ကာကွယ်ချင်တဲ့ သူတွေဖြစ်ဖြစ် သင်္ဘောရွက်ကို မှီဝဲနိုင် ပါတယ်။ ဒါကြောင့် ကင်ဆာအတွက်ဆိုရင် သင်္ဘောရွက်ကိုသာ ပြေးပြီး မြင်လိုက်ပါ။  ကျန်းမာရေးနှင့် အလှအပ သတင်းများ
သင်္ဘောသီး အစွမ်းတွေ ကို သိရှိပြီးတဲ့နောက် ယခု သင်္ဘောရွက်ရဲ့ အာနိသင် ဆေးစွမ်း ပကားတွေ ကို ပြန်လည်မျှဝေပေး လိုက်ရပါတယ်။
သင်္ဘောရွက် ဟာ ကင်ဆာရောဂါ ကို ကာကွယ်ပေးနိုင်တဲ့ စွမ်းပကားတွေ များစွာ ပါဝင်ကြောင်း သိရ ပါတယ်။
၁၅ နှစ် အရွယ်ကောင်လေး ရဲ့ အိပ်ခန်းထဲကို ခိုးဝင်ပြီး လိင် ဆက်ဆံခဲ့တဲ့ အပျိုကြီး တရားစွဲခံရ
အသက် အရွယ်မရောက် သေးတဲ့ သူကို နေထိုင် ပေါင်းသင်း မိပါက အရေး ယူခြင်း ခံရ လိမ့် မယ် ဆို တာ အခု ဖြစ်ရပ် က သက်သေ ပြသ သွားခဲ့ ပါတယ်။ 
အမေ ရိကန် နိုင်ငံ၊ အရီ ဇိုနား မှာ ရှိတဲ့ (၃၄) နှစ် အရွယ် အမျိုး သမီး တစ်ဦး ဟာ အိမ်နီး နားချင်း ဖြစ်တဲ့ အရွယ် မရောက် သေးတဲ့ (၁၅)နှစ် အရွယ် ကောင်း ကလေးရဲ့ အိမ်ကိုခိုးဝင်ပြီး အတူအိပ်စက်ခဲ့လို့ ရဲတပ်ဖွဲ့ က ဖမ်းဆီးစစ်ဆေး မှုတွေပြုလုပ်လျက်ရှိပါတယ်။ 
ကီရီဂွန်ဇာ လက် အ မည်ရ အမျိုးသမီးဟာ ကောင်လေးရဲ့အိမ်ကို ခိုးဝင် ရောက်လာ ပြီး တဲ့ နောက် အရက်တွေသောက်သုံးကာ နှစ် ကြိမ် တိုင်တိုင် ချစ်တင်းနှောခဲ့ကြပါတယ်။ နံနက် နှစ်နာရီ ရောက် တဲ့အခါ ကောင်းလေး ရဲ့အမေ က သား ဖြစ်သူရဲ့ အခန်းထဲမှာ အသံကြား လို့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ 
ဗိုလ်ချုပ်အောင်ဆန်း မှ လူငယ်များ အတွက်ပြောကြားခဲ့သော သြဝါဒ
February 13, 2014
၁၉၄၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ညတွင် တိုင်းပြည် သို့ နှစ်သစ်ကူး မိန့်ခွန်း ပြော ကြားရာ၌ ကို ထည့် သွင်းမြွက် ကြားခဲ့၏။
”နောက်ပြီးတော့ ကာ တိုင်းပြည် မှာရှိတဲ့ လူငယ်စု ကို ကျွန်တော် စကား ပြောပြ လိုတယ်။ ဒီ လူငယ် စုတွေ ဟာ တော်လှန်ရေး စကားတွေ တော်တော် များများပြော ပြီး နေကြ တယ်။ တော် လှန် ရေး ဆို တာ ဘယ်ဟာ ကိုတော်လှန်ရေး ဆိုတာ သေသေချာချာ လေ့လာဖို့ လို တယ်။ 
ဆံကေသာ သန်စွမ်းစေမယ့် လျှို့ဝှက်ချက်
Online Photo's
ဆံပင်တွေ နက်မှောင်ဖို့ ၊ သန်စွမ်းဖို့ ၊ ထူထဲ ပြီးတောက်ပနေစေဖို့အတွက် လျှို့ဝှက်ချက်ဆို တာ ဈေးကြီး တဲ့ ခေါင်းလျှော်ရည်တွေ နဲ့ နာမည်ကြီး ဗြူးတီး ဆလွန်းတွေရဲ့ ကုသပေးမှုတွေ မဟုတ်ပါ ဘူး။ လျှို့ဝှက်ချက်က သင့်ရဲ့ အစားအသောက် ပုံစံပါပဲ။ ကျန်းမာရေးကို အထောက် အကူပြုတဲ့ အမျိုးမျိုးသော အစားအစာတွေကသာ ဆံကေသာအတွက် ကုစားမှုအစစ်အမှန်ပါ။
အခုဖော်ပြပေးမယ့် အာဟာရတွေကို အသုံးချပြီး ကျန်းမာသန်စွမ်းတဲ့ ဆံပင်တွေ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားကြည့်လိုက်ပါ။
Wednesday, February 12, 2014
အိမ်မပြန်ချင်သေးသည့် ယိုးဒယားမြေ မှ ကြက်ကြော်သည်လေး
1901417_662080003853637_2109950140_n
“မြန်မာပြည်ပြန်ရင် ဘာလုပ်စားရမလဲ။ ကျွန်တော့် တစ်ယောက်စာတောင် မလောက်ဘူး။ အခု ဒီမှာ ကျွန်တော် တစ်ယောက်ပဲရှာ တစ်အိမ်လုံးထိုင် စားလို့ရတယ်လေ”
လေးပေနှစ်ပေ ပတ်လည် တွန်းလှည်းလေးပေါ်မှာ တင်ထား သည့် ပွက်ပွက်ဆူနေသော ဆီအိုး ထဲသို့ မုန့်နှစ် စိမ်ထားသည့် ကြက်သားတုံးတွေကို ပစ်ထည့်ရင်း က ကိုမင်းထိုက် တစ်ယောက် ဘန်ကောက် မြို့ ၏ အချက်အချာ ကျသော နရသီဝလမ်းမကြီး တစ်လျှောက် ပျားပန်း ခပ်မျှသွား လာနေသော လူ များ ကို ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။
အေပရွန် ခပ်လတ်လတ် ကို ၀တ်ဆင်ထားပြီး လက်အိတ် စွပ်ထားသည့် လက်တွေက ကြက်ကြော် လာ ၀ယ် သူများကို သွက်လက်စွာ ထုပ်ပိုးရောင်းချသည့် ကိုမင်းထိုက်လို မြန်မာ အလုပ်သမား တစ်သန်းကျော် ထိုင်းနိုင်ငံကို မှီခိုရပ်တည်နေရသည်မှာ အဆန်းတော့မဟုတ်ပါ။
ဘော်ဒါဆောင် မှာ ခြောက်တဲ့ သရဲမ (ဖြစ်ရပ်မှန်)
မ Chitya Thu ဇာတ်လမ်း စုစည်းမှု့ ထဲမှာ တင်ဆက်ပေးထား တဲ့ ကိုယ်တွေ့ဇာတ်လမ်းလေးပါ ခင်ဗျာ...။
2011-2012....ပညာသင်နှစ်ကဘော်ဒါ မှာပေါ့ ..ဘော်ဒါ စဖွင့်ချင်းနေ့ ဆိုတော့ လာ တက်ကြတဲ့ကျောင်းသား/ကျောင်းသူတွေအကုန်လုံး နေရာမရဖြစ်နေတာပေါ့...နာလည်ပါ
 တယ်လေ....ဘော်ဒါ ထဲ စ၀င်ဝင်ခြင်းပဲ သတင်းတွေကြားရတာပေါ့ ..
စာသင်ဆောင် ရဲ့ခေါင်းရင်း က ဆီးပင်ကြီးမှာ မိန်းမ သရဲရှိတယ်ပေါ့...ညညဆိုရင် အပင်ပေါ် ကနေဇောက် ထိုး ဆင်းဆင်း လာတယ်ဆိုပြီးတော့ သတင်းတွေကြား ရတာပဲလေ....
Tuesday, February 11, 2014
ကားလောက ဈေးကွက် အကျဘက် ကို ဦးတည်
Date: 11/02/2014 
ရန်ကုန်မှာ ကားရောင်း စင်တာတွေ များပြီး လူတိုင်ကား တင်သွင်းခွင့် ရှိတဲ့အတွက် ကားလော က ဈေးကွက် ၀ယ်လိုအား မရှိသလောက် ဖြစ်ပြီး အကျဘက်ကို ဦးတည်နေတယ်လို့ ကားဝယ်ရောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။
ကားရောင်းစင်တာ အသစ်တွေ များလာပြီး သွင်းအားကောင်းနေတဲ့ အတွက် ကားဈေးတွေ အကျ ဘက်ကို ဦးတည်နေတယ် လို့ မင်းရဲကျော်စွာ ကားပွဲစားတန်းက ၀ယ်ရောင်း တဦးဖြစ်တဲ့ ဦးအောင်သန်းဝင်း က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း ကလဲ အင်ဂျင်ပါဝါ ၁၀၀၀ စီစီအောက် မော်တော်ယာဉ်တွေကို မြန်မာ အိန္ဒိယ နယ် စပ်ဖြစ်တဲ့ ကလေး–တမူး နယ်စပ် စခန်းတွေကနေ တရားဝင် တင်သွင်းခွင့်ပေးမယ် လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ကုန်သည်တွေ နဲ့တွေ့ဆုံစဉ် မှာ ပြောဆို ခဲ့ ပါတယ်။
အင်းစိန် တိုက်ပွဲ ထဲက “တံမြက်စည်း”
အင်းစိန်တိုက်ပွဲ, တပ်မတော်, ဘိုဖာအမြှောက်, ပြည်တွင်းစစ်, ကရင် တံမြက်စည်း အမည်ရ တပ်မတော် ရေမှ ဘိုဖာ အမြှောက်နှင့် အမြှောက်ပစ် တပ်သားများ ပြည်တွင်းစစ် အစလို့ ဆိုရ မယ့် နာမည်ကျော် “အင်းစိန်တိုက်ပွဲ” ဖြစ်ပွားခဲ့သည်မှာ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုလျှင် ၆၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။
လွတ်လပ်ရေး ရပြီး တနှစ် အကြာမှာ ဖြစ်ခဲ့တဲ့ အင်းစိန်တိုက်ပွဲဟာ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခဲ့ရာ လေးလ နီးပါး ကြာမြင့်ပြီး တဲ့နောက် မေလ ၂၂ ရက်နေ့တွင် အဆုံး သတ်သွား ခဲ့ပါတယ်။
အီကြာကွေး စားသုံးမှု သတိပြု
လူအများ စားသုံးလျက် ရှိသော အီကြာကွေး ထဲ၌ ရောင်းပန်း လှရန် အတွက် မိုးနီးယား (MX3)  ဟုခေါ်သော ဓာတု ဆေးဝါး တစ်မျိုးအား သုံးစွဲကာ ကြော်လှော် ရောင်းချမှုများ ရှိကြောင်း စားသုံး သူ ကာကွယ်ရေး အသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ် ခိုင်က ပြောကြားသည်။
ဒီလိုဖြစ်တဲ့ နေရာကတော့ ရွှေပြည်သာက ထန်းခြောက်ပင် ဈေးမှာ ဖြစ်တာ။ ဆရာတို့ ကို လူ တွေ က အဲဒီဆိုင် က အီကြာကွေး တွေက သေးစော်နံ လို့ ဆိုပြီး တိုင်တယ်။ 
ဆရာတို့ သွားစစ် တဲ့ အခါ ကျတော့ သေးစော် နံမှာပေါ့ မိုးနီးယား (MX3) ကို ထည့် သုံးထား တာကို မိုးနီးယား ဆိုတဲ့ ဓာတုဆေး ၀ါး တစ်မျိုးကို အီကြာကွေးတို့ အခြား ကြော်တဲ့ နေရာတွေမှာ ထည့် သုံး မယ်ဆို ရင် အဲဒီဆေးက အခြားပွ ဆေးတွေ သုံးတာထက် ပိုပွတယ်။
အရင်တုန်းက အီကြာကွေးတွေ ထဲမှာ ဆော်ဒါ ထည့်သုံး ကြတယ်။ အဲဒါကို သုံးတာ ဆရာတို့ ဘာမှ မပြောပါဘူး။ အခုဟာက တရား လွန် လာတယ်။ ဘယ်သူ သေသေ ငတေမာရင် ပြီးရော စိတ်နှင့် အလုပ် လုပ်နေကြတယ် ဟု ပြောကြားခဲ့သည်။
Monday, February 10, 2014
၂၀၁၄-ခုနှစ် - အားလုံး အတွက် ဂဏန်းဗေဒင် ကံကြမ္မာဟောကိန်း
၁၊ ၁၀၊ ၁၉၊ ၂၈ ရက်များ တွင် မွေးဖွားသော (၁) ဂဏန်းသမားများ
ဘာရောဂါမှန်း မသိတဲ့ ကျန်းမာရေးညံ့တာမျိုးကို သတိထား။ အမှုပြဿနာတွေကို သတိထား။ ဓားခုတ်ရာ လက်ဝင်လျှို မိတတ်တာတွေကို သတိထား။ ရာထူးတိုးသလို၊ ထီပေါက်၊ မဲပေါက်၊ ဆုရသလို ကံထူးတာမျိုး (သို့မဟုတ်) အနုပညာကဲ့သို့ အလုပ်တွေမှာ တစ်ဟုန်ထိုး နာမည်ကြီးသွားတာတွေတော့ ကြုံရလိမ့်မယ်။
၂၊ ၁၁၊ ၂၀၊ ၂၉ ရက်များတွင် မွေးဖွားသော (၂) ဂဏန်းသမားများ 
ဘာသာရေး လုပ်လေ ကံကောင်းလေဖြစ်မယ် ။ အတိတ်က ပြုခဲ့တဲ့ ကုသိုလ်ကံ၊ ကြိုးစားခဲ့တဲ့ ရလာဒ်တွေ လာပြီး အကျိုးပေးလိမ့်မယ်။ ထီထိုးပါ။ ပြည်တွင်း ပြည်ပခရီးကောင်းတွေ၊ ဘုရားဖူး ခရီးတွေ လည်း သွားရလိမ့်မယ်။ ပညာရေးဆိုင်ရာ ထူးချွန်မယ်။
၃၊ ၁၂၊ ၂၁၊ ၃၀ ရက်များတွင် မွေးဖွားသော (၃) ဂဏန်းသမားများ
အိမ်ပြောင်း၊ နေရာပြောင်း၊ အလုပ်ပြောင်းဆိုတဲ့ ဘဝအခြေအနေ အပြောင်းအလဲတွေ ကြုံလာ မယ်။ ကောင်းသော အပြောင်းအလဲတွေ ဖြစ်မှာပါ။ ကား၊ ယာဉ်၊ စက် အဖိုးတန်အသုံး အဆောင်တွေ ဝင်လာမယ့်အချိန်ပါပဲ။
ယဉ်ကျေးမှု အမွေကို ကိုယ်က မထိန်းလျှင် ဘယ်သူထိန်းမလဲ
မြိုင်မြို့နယ် ဗိမာန်မ ရွာမှ မနောရမ္မာကျောင်းကြီး ၏ အတွင်းအဆင် တန်ဆာတို့က ခမ်းနား ထယ် ဝါ လှသည်။ 
အမိုး မျက်နှာကြက်မှသည် ကျောင်းတိုင်လုံးများ ထိ မည် သည့်နေရာမှ အလွတ် အ လပ် မရှိ ရအောင် ရွှေချခြင်း ရွှေဇဝါ ရေးသားခြင်း ပန်းပြောက် ပန်းခက် နတ် သိကြားဗြဟ္မာရုပ် များဖြင့် တန်ဆာ ဆင် ထားသည်။
 ကျောင်း အတွင်း သို့ ဝင် ရောက်လာသူကို မဝံ့မရဲ ဖြစ် သွားအောင် ထိုခမ်းနားထည်ဝါ မှုက ဖမ်းစားထားနိုင် သည်။
မလေးရှားရောက် ရခိုင် လူမျိုး ရှစ်သောင်းကျော် အလုပ်အကို င်ရှားပါးမှုကြောင့် ပြန်မလာလို
မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ကြသည့် ရခိုင် တိုင်းရင်းသားများမှာ နေထိုင်ရ မလုံ ခြုံမှု များရှိနေသော်လည်း ပြည်တွင်းသို့ ပြန်လာမည် ဆိုပါက အလုပ်အကိုင် အခွင့်အလမ်း နည်းပါး သဖြင့် ပြန်လာလိုခြင်း မရှိ ဟု မလေးရှားနိုင်ငံ တွင် ရခိုင်တိုင်းရင်းသားများနှင့် သွားရောက်တွေ့ ဆုံခဲ့ သည့် ရခိုင်ဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က မဇ္ဈိမ ကို ဖေဖော်ဝါရီ ၉ ရက်က ပြောဆို လိုက် သည်။
“မလေးမှာ အဖမ်းဆီးလည်း တောက်လျှောက်ရှိနေတယ်။ သတ်တာဖြတ်တာ လည်း တောက်လျှောက်   ဖြစ်နေ တယ် ။ ဒါပေမဲ့ သူတို့ ပြန်မလာချင်ကြဘူး၊ အဆင်ပြေအောင် နေနေကြ တယ်။ အဲဒီမှာ တစ်ခုက တော့ ရခိုင်အဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီမှာတော့ အကူအညီပေးတယ်”ဟု ဆိုသည်။
သနပ်ခါး { Black Hole }
မိုးရာသီထဲ { L Sai Zi }
သီချင်းမရှိတဲ့ ဂီတာ { Lဆိုင်းဇီ }
ဂီတာအစ ဘယ်သူက { ၀ိုင်းစုခိုင်သိန်း+Jenny }
ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်
ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်   ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။   Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင်  power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။  ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။  တရုတ်ပြည်က လာတဲ့ ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ သေချာ ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ ဈေးနှုန်းနိမ့် ဖုန်းများ၊ ကလုန်းများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါ သီသီ ရှိတော့ Apple က iPhone 6 စတင်မိတ် ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။  SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယို လှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာ ပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထား အိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။   SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲ အား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက မော်ဒယ်နိမ့် ကီးပတ်ပါ စမတ်ဖုန်းများလောက် အများ အားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါ တယ်။  ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါ တယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံ ကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။  ဒီတော့ ဖုန်းဝယ်ရင် ယုံကြည်စိတ်ချရတဲ့ ကမ္ဘာသုံး Brand များကို သာ ရွေးချယ်လို့ ဝယ်သင့်ပါတယ်။ ဈေးမသက် သာရင်တောင် ဈေးမကြီးတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ နိုကီယာ၊ ZTE အပြင် အခြားသော Brand အချို့လည်း ဈေးနည်းဖုန်း ဈေးကွက် အတွက် ဖုန်းများထုတ်ပါသေး တယ်။   ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင်မယ် လို့ မျှော်လင့်ပါတယ်။ -- အောင်ခမ်း (ရိုးရာလေး)   http://yoyarlay.com/science-tech/mobile/39988-cheap-handset-s-sar  .
ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းဆွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုး အကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီ အကျိုးဆက်များထဲ ကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။ 
Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်း ရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှူး  ၁ ကီလိုဂရမ် စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့
ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ် ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။
ဒို့ မြန်မာ { ကဗျာ }
ရှေးထုံး စဉ်လာ
မျိုးဂုဏ် ဝါတင့် 
ရာဇဝင် တစ်ခေတ်
ကို မြန်မာဟေ့  လို့ ကြွေးကြော်ခဲ့ တယ်........
ဗုဒ္ဓသက်ဝင်
သင်သည် သိသား
မြန်မာ ဖွားဟု
ကမ္ဘာသိစေ
သမိုင်းသက်သေ..............
တိုက်ပွဲခေါ်သံ { ကဗျာ }
photo's online
အိုဘယ့် သွေးချင်း
ခပ်ကွင်းပြင်လော့ 
ရိုးရာ မဟူ
ပျက်သသူများ
ယုတ်မာစိတ်ထား
ကျုပ်မြန် နားကို
ချဉ်းရောက်ပေပြီ****
အိုဘယ့် သွေးချင်း
စစ်တလင်း ခင်းလော့ 
အမျိုးကို သတ်
ဘာသာဖျက်မြင်း
သူစစ်ခင်းပြီ
ခံတပ်စည်းရိုး
လုံခြုံတင်းလော့ ******
Sunday, February 9, 2014
အချိန်ပိုင်း သုခဘုံ
မောင်မောင် (အမည်လွှဲ) သူ့နံဘေးက အမျိုးသမီး ၏ ပခုံးကိုဖက်ရင်း ပါးကိုနမ်းလိုက်သည်။ "ဟာ၊ ဒါမျိုး မရဘူးလေ" ဟု ထို အမျိုးသမီးက ပါးပြင်ကို ပွတ်ရင်း ပြန်ပြောသည်။ ထို့နောက် စားပွဲပေါ်ရှိ ယမကာခွက်ကို မောင်မောင်ထံ ထိုးပေးလိုက်ကာ "ဒါပဲရမယ်" ဟု ပြောလိုက်လေသည်။
ကလေးမြို့ လှိုင်သာယာရပ်ကွက်ရှိ တပ်မတော် အဆင့်မြင့်အရာရှိ တစ်ဦး ဖွင့်လှစ် ထားသော ကေတီဗီ တစ်ခုတွင် မောင်မောင်တို့ သူငယ်ချင်းနှစ်ဦး လာရောက်ကာ အပျော် ရှာနေကြခြင်း ဖြစ်သည်။ 
ချစ်သူများနေ့ပေါ်ပေါက်လာပုံ သမိုင်း
ချစ်သူများနေ့ပေါ်ပေါက်လာပုံ သမိုင်း ....  Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။ ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သူများနေ့ . . " " . . ချစ်သူများနေ့ . . " မရိုးနိုင်အောင်ပြောနေ ကြပေမယ့် .. ဘယ်လိုပေါ်ပေါက်လာ သလဲဆိုတဲ့သမိုင်းကို မသိကြသေးတဲ့သူတွေ တော်တော်များများ ရှိကြဦးမယ်ထင်ပါတယ်..။ ဒါကြောင့်ပဲ ကျွန်တော် သိသလောက် ၊ဖတ်မိသလောက် ပြောပြချင်ပါတယ်... သိပြီးသား ကိုကိုမမများကလဲ သိထားတာလေးတွေရှိရင် ဝေဖန်ခဲ့ပါဦးလို့..။ ချစ်သူများနေ့ပေါ်ပေါက်လာပုံ အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်.. စစ်သားသစ်တွေလိုလာတယ်..။စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။ Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်..။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။ ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်က Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။ သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။ တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။ မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ် လိုက်ကြတယ်..။ သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။ အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။ ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ အများကြီးပြောတယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love from your Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။ အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်.. အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့် "" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။ American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့...။  (Submit from forward mail. Thanks to writer)  မောင်လေပြေအောင်
Valentine's Day ရောက်လာတော့မယ် ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။
ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သူများနေ့ . . " " . . ချစ်သူများနေ့ . . " မရိုးနိုင်အောင်ပြောနေ ကြပေမယ့် .. ဘယ်လိုပေါ်ပေါက်လာ သလဲဆိုတဲ့သမိုင်းကို မသိကြသေး တဲ့သူတွေ တော်တော်များများ ရှိကြဦးမယ်ထင်ပါတယ်..။ 
ဒါကြောင့်ပဲ ကျွန်တော် သိသလောက် ၊ ဖတ်မိသလောက် ပြောပြ ချင်ပါတယ်... သိပြီးသား ကိုကိုမမ များကလဲ သိထားတာလေးတွေရှိရင် ဝေဖန်ခဲ့ပါဦးလို့..။
ချစ်သူများနေ့ပေါ်ပေါက်လာပုံ
အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ် ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေ စုဆောင်း၊ နယ်မြေသစ်တွေ တိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမ အင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။
ပြည့်တန်ဆာမတို့၌ ပျော်မွေ့ ခြင်း (သို့) မိမိဇနီး၌ မတင်းတိမ်နိုင်ခြင်း
1779799_656547441068851_131321604_n
ဣတ္ထိဓုတ္တဖြင့် တရားဝင် မိန်းမတစ်ယောက် မျှနှင့် အားရကျေနပ်မှု မရှိဘဲ မိန်းမများစွာကို ယူဆောင် ပေါင်းသင်း သည့် မိန်းမ အယူများသော သူကို ကြီးပွားချမ်းသာမှု ကို ပျက်စီးကြောင်း ဟု ဟောတော်မူ ပါတယ်။
“သေတိ ဒါရေဟိ အသန္တုဋ္ဌော၊ဝေသိယာသု ပဒုဿတိ။ ဒုဿတိ ပရဒါရေသု၊ တံ ပရာဘဝတောမုခံ”
လောက ဖတ်စာ ( မောင်လှမျိုး - ချင်းချောင်းခြံ )
လာကဖတ်စာ ( မောင်လှမျိုး - ချင်းချောင်းခြံ )  -  ဘာမှန်းတောင် မသိသေးဘူး  လောကကြီးက  မျက်စိတစ်ဖက် မှိတ်ပြနေပြီ။  -  အသားထဲမှာ လောက်တက်နေသလို  လောက်ကောင်ရဲ့ အသားထဲမှာလည်း  နောက်ထပ်…  လောက်တက်နေပြန်ရင်. . . . ဒုက္ခ။  -  က, ကြီး . . . .လို့  အော်ဖတ်ဖို့ ပြင်ရုံရှိသေး၊  က, ကြီးက ပက်လက်လှန်ပြ  ငါ ဘယ်လို ဖတ်ရမှာတဲ့လဲ. . . .။  -  ၀, လုံးကို ကြည့်ရင်း . . .  သုညက အယောင်ဆောင်ထားသလား. . .လို့  သံသယ ၀င်တတ်ပြီ။  သုညက ၀, လုံးယောင်ဆောင်တာ ကိစ္စမရှိ၊  မသိတသိ လူတွေက. . .  ၀, လုံးရဲ့ ၀ိုင်းဝိုင်းစက်စက် တန်ဖိုးကို  သုည. . .လို့ သတ်မှတ်လိုက်မှ  . . .ဒုက္ခ။  -  ဘယ်မှတောင် မသွားရသေးဘူး  လောက, ကို ပြတင်းပေါက် ဖွင့်လိုက်တာ  ဒုက္ခကို ခလုတ်တိုက်မိပြီ. . . ။ ။  ကဗျာဆရာကြီးမျာဒ၏ ကဗျာများစုစည်းမှူ့
ဘာမှန်းတောင် မသိသေးဘူး
လောကကြီးက
မျက်စိတစ်ဖက် မှိတ်ပြနေပြီ.......
အသားထဲမှာ လောက်တက်နေ သလို
လောက်ကောင် ရဲ့ အသားထဲမှာလည်း
နောက်ထပ်…
လောက်တက်နေပြန်ရင်. . . . ဒုက္ခ။
အရှိ တရားနှင့် အဖြစ် တရား
အရှိတရားနှင့် အဖြစ်တရား  အစပထမ စဉ်းစားကြည့်ဖို့ရာက စိတ်ဟာ အရှိတရားလား, အဖြစ်တရားလား? ဒါကို အရင်ကြည့်ရမယ်၊ အရှိတရား ဆိုတာ သူ့ဟာသူ ရှိတာ၊ အဖြစ်တရားဆိုတာ အကြောင်းတရားပေါ်လာမှ ဖြစ်တာ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “အတ္ထိ ဘိက္ခဝေ အ,ဇာတံ” “ဖြစ်ခြင်းသဘော မရှိတဲ့တရားဟာ ရှိတယ်”၊ ဘာလဲ ဆို - နိဗ္ဗာန်၊  ဒါကြောင့်မို့ နိဗ္ဗာန်ကို အရှိတရားလို့ပြောရင် ရတယ်၊ နိဗ္ဗာန်ကို ဘယ်အကြောင်းက ထုတ်လုပ်တယ်လို့ အကြောင်းတရားရှာပြီး ပြောစရာ မလိုဘူး၊ နိဗ္ဗာန်ကို ထုတ်လုပ်တဲ့ အကြောင်းရယ်လို့ မရှိဘူး၊ သို့သော် နိဗ္ဗာန်ကို ရောက်စေတက်တဲ့ အကြောင်းတော့ ရှိတယ်၊ ဒါနကောင်းမှု လုပ်တယ်၊ သီလဆောက်တည်တယ်၊ ကမ္မဋ္ဌာန်း ဘာဝနာပွားများအားထုတ်တယ်၊ဒါတွေက နိဗ္ဗာန်ကို ရောက်စေတဲ့ အကြောင်းတရားတွေပဲ၊  သို့သော် အဲဒီအကြောင်းတရားတွေက နိဗ္ဗာန်ကို ဖန်တီးတဲ့ အကြောင်းတရားတွေ မဟုတ်ဘူး၊ ဒါကြောင့်မို့ နိဗ္ဗာန်သည် အရှိတရား, ထာဝရရှိနေတဲ့ အရှိတရားပဲ၊ အဲဒါကြောင့်မို့ ‘အ,ဇာတ’ အဖြစ်တရား မဟုတ်ဘူး၊ အရှိတရားလို့ ပြောတာ။  ဘာကြောင့်လဲဆိုတော့ မီးငြိမ်းနေတာကိုပဲ ကြည့်ပေါ့၊ ငြိမ်းအေးမှုဆိုတာ မီးမရှိမှုကို ပြောတာ၊ မီးမရှိတဲ့ နေရာတိုင်းကို ငြိမ်းအေးတယ်လို့ ပြောလို့ရလား၊ မီးတောက်ပြီးတဲ့နေရာမှာ အဲဒီ မီးတောက်လေး ငြိမ်းသွားမှ အငြိမ်းကိုပြောလို့ရတာ၊ သို့သော် ငြိမ်းတယ်ဆိုတာ မရှိဘူးလားဆိုတော့ ရှိတယ်၊ အမြဲတမ်းရှိတဲ့ အရာတစ်ခု၊ ငြိမ်းအေးတယ်ဆိုတဲ့ သဘာဝက အမြဲတမ်းရှိတယ်။  သူ့ကို ဘာနဲ့သတ်မှတ်ပြီး ပြောရလဲဆိုရင် တစ်စုံတစ်ခုကို ရည်ညွှန်းပြီးပြောရတယ်၊ မီးတောက်၏ ငြိမ်းမှုဆိုတဲ့ အငြိမ်းဟာ ဒီနေရာမှာ မီးတောက်ငြိမ်းသွားတာကို ပြောတာ၊ ကိလေသာတို့၏ငြိမ်းမှု ဆိုတာ ကိလေသာ ချုပ်ငြိမ်းသွားမှုကို ပြောတာ၊ သင်္ခါရတို့၏ ငြိမ်းမှုဆိုတာ သင်္ခါရတွေ ငြိမ်းသွားတာကို ပြောတာ။  မရှိဘူးဆိုတာ စဉ်းစားကြည့် - မရှိဘူးဆိုတာ နဂိုကတည်းက မရှိတာ၊ ဆိုပါစို့ - ‘ယုန်မှာ ချိုမရှိဘူး, လိပ်မှာ အမွေးမရှိဘူး’ ဆိုတာ လောကမှာ မရှိဘူးလို့ သတ်မှတ်ထားတဲ့အရာဟာ မရှိကို မရှိလို့ မရှိတရားလို့ပြောတာ၊ နိဗ္ဗာန်ဟာ အဖြစ်တရားမဟုတ်, အရှိတရား၊ နိဗ္ဗာန်ဟာ ထာဝရရှိနေတဲ့တရား, မရှိတရားမဟုတ်၊ သို့သော် ထာဝရရှိနေတဲ့ အရှိတရားကို အဖြစ်တရားနဲ့ သတ်မှတ်ပြီး တော့ ပြောကြရတယ်၊  ဥပမာ - ‘ဒုက္ခ’ ဆိုတာ ဖြစ်ပေါ်လာတဲ့ တရား, ထိုဒုက္ခတရားရဲ့ ချုပ်ငြိမ်းမှုကို ဒုက္ခနိရောဓ - နိဗ္ဗာန်လို့ ဒီလိုပြောတာ၊ အဖြစ်တရားနဲ့ သတ်မှတ်ပြီးတော့ အငြိမ်းဓာတ်ကို ဖော်ပြရတယ်၊ နို့မို့ဆို နားမလည်နိုင်ဘူး၊ နိဗ္ဗာန်ဆိုတာ သိမ်မွေ့တယ်၊ သိဖို့ခက်တယ်၊ ဒါကြောင့် နိဗ္ဗာန်အကြောင်းပြောပြီး ငြင်းခုံစရာမလိုဘူး။  အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်  မြတ်ဗုဒ္ဒ၏ ဓမ္မစာစုများ.. 
အစပထမ စဉ်းစားကြည့်ဖို့ရာက စိတ်ဟာ အရှိတရားလား, အဖြစ်တရားလား? ဒါကို အရင်ကြည့် ရမယ်၊ အရှိတရား ဆိုတာ သူ့ဟာသူ ရှိတာ၊ အဖြစ်တရားဆိုတာ အကြောင်း တရားပေါ် လာ မှ ဖြစ်တာ။
မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်က “အတ္ထိ ဘိက္ခဝေ အ,ဇာတံ” “ဖြစ်ခြင်းသဘော မရှိတဲ့ တရား ဟာ ရှိတယ်”၊ ဘာလဲ ဆို - နိဗ္ဗာန်၊
ဒါကြောင့် မို့ နိဗ္ဗာန်ကို အရှိတရားလို့ပြောရင် ရတယ်၊ နိဗ္ဗာန်ကို ဘယ်အကြောင်းက ထုတ်လုပ် တယ်လို့ အကြောင်းတရားရှာပြီး ပြောစရာ မလိုဘူး၊ နိဗ္ဗာန်ကို ထုတ်လုပ်တဲ့ အကြောင်းရယ်လို့ မရှိဘူး၊ သို့သော် နိဗ္ဗာန်ကို ရောက်စေတက်တဲ့ အကြောင်းတော့ ရှိတယ်၊ 
မြန်မာဈေးကွက် မှာ အပြိုင်အဆိုင်တွေ များလာတဲ့ ဂျပန်ကားများ
 Date: 09/02/2014
သမ္မတဦးသိန်းစိန် အစိုးရ အာဏာရလာသည့် ၂၀၁၁ ခုနှစ်မှစပြီး အခွန်များနှင့် လုပ်ထုံးလုပ်နည်း များ လျှော့ပေါ့ပေးလိုက်သည့်အတွက် ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ်ကားများ မြန်မာနိုင်ငံသို့ အလုံး အရင်းနှင့် ၀င်ရောက်လာနေသည်။
ထိုကဲ့သို့ ၀င်ရောက်လာမှုက မြန်မာနိုင်ငံ၏ စီးပွားရေးမြို့ တော် ရန်ကုန်တွင် ကား အရောင်းပြ ခန်းများ ဖွင့်လှစ်လာသည့် ဥရောပနှင့် အမေရိကန်မှ ကားထုတ်လုပ်သူများနှင့် အပြိုင်အဆိုင်များ တိုးလာသလို ရှိနေပါသည်။
Saturday, February 8, 2014
မှတ်သား ဖွယ်ရာ သင်္ဂါယနာ ၆-တန်
သင်္ဂါယနာ ၆-တန်။ ။ ဘုရားသခင် ဟောကြားတော်မူခဲ့သော ပိဋကတော်ဓမ္မတို့ကို မပျောက်ပျက် မတိမ်ကော သွားစေရန် စုပေါင်း၍ မူမှန်ကိုရွတ်ဆိုမေးမြန်း ဆွေးနွေးဖြေကြား ရေးမှတ်အတည်ပြုခြင်းမျိုး။ (၁) ပဌမ သင်္ဂါယနာ- သုဘရဟန်းကြီး၏ ဗုဒ္ဓ အ၀ဏ္ဏ စကားကိုကြောင်းပြု၍ ဘုရားသခင် ပရိနိဗ္ဗာန် ၀င်စံပြီးသည်နောက် ဓာတုဘာဇန နေ့၌ စည်းဝေးရောက်လာတော်မူကြကုန်သော (၇၀၀၀၀၀) ခုနှစ်သိန်းမျှသော သံဃာတော်အရှင်မြတ်တို့၏ ဦးစီးနာယက သံဃာ့ထေရ် ဖြစ်တော်မူသော အရှင်မဟာကဿပ မထေရ်မြတ်သည် ခီဏာသ၀ ဆဠာဘိည ရဟန္တာငါးရာ ရွေးကောက်တော်မူပြီးနောက် အခြံအရံသံဃာတော် ၇၀၀၀၀၀-နှင့် ဘိုးတော်အဉ္ဇနဖြိုကြွင်း သက္ကရာဇ် ၁၄၈-ခုနှစ်သာသနာသက္ကရာဇ် ၁-ခုနှစ်ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့မှစတင်၍ တပေါင်းလပြည့်နေ့အထိ ၇-လတိုင်အောင် သုဘခေါ် တောထွက်ရဟန်းကြီးကို အကြောင်းပြု၍ ရာဇဂြိုလ်ပြည် ဝေဘာရတောင်ယံ သတ္တပါဏိဂူလိုဏ်၌ နှုတ်ရွတ်ခါ ဘုရင် အဇာတသတ်မင်းနှင့် ပဌမသင်္ဂါယနာ ထင်တော်မူကြလေသည်။ (၂) ဒုတိယ သင်္ဂါယနာ- ဘုရင်အဇာတသတ်မင်း ဖြိုကြွင်း သက္ကရာဇ်အနှစ်တရာရောက် သာသနာသက္ကရာဇ် (၁၀၀)တရာခုမြောက်သော် ၀ဇ္ဇီတိုင်းသား အလဇ္ဇီရဟန်းများ၏ အဓမ္မ၀တ္ထုဆယ်ပါး မတရားပေါ်ပေါက်ပြန်၍ (၉၀၀၀၀)ကိုသောင်းကုန်သော သံဃာ့အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်အရ ဘုရင် ကာလာသောကမင်းမြတ်နှင့်တကွ အရှင်မဟာယသထေရ် အမှူးပြု ပဋိသမ္ဘိဒါပတ္တ ရဟန္တာ(၇၀၀)ခုနှစ်ရာ ရွေးတော်မူလျက် အခြံအရံ သံဃာတော် ၁-သန်း၂-သိန်းနှင့် ဝေသာလီပြည်ဝါလုကာရုံ ကျောင်းတော်ကြီး၌ နှုတ်ရွက်ခါ ရှစ်လတိုင်တိုင် ဒုတိယသင်္ဂါယနာ တင်တော်မူကြသည်။ (၃) တတိယ သင်္ဂါယနာ- သာသနာသက္ကရာဇ် ၂၃၅-ခုနှစ် ရောက်သောအခါ ပါဋလိပြည်ကြီး ရှင်ဘုရင် အသောကမင်းမြတ် လက်ထက် ဗာဟိရက တိတ္ထိယတို့သည် ဗုဒ္ဓသာသနာတော်၌ ရဟန်းပြုကုန်လျက် မိမိတို့မူလအယူ မိစ္ဆာဝါဒကိုသာ ကျင့်ကြံသုံးသပ် နေကြပြန်သောကြောင့် (၆၀၀၀၀) ခြောက်သောင်းသော မဟာသံဃာ့ အစည်းဝေးသဘင်ကြီးက ဆုံးဖြတ်ချက်ချကာ အသောကဘုရင်မင်းတရားကြီး ကူညီချက်အရ အရှင်မောဂ္ဂလိပုတ္တ တိဿမထေရ်နာယကပြု၍ ရဟန္တာ(၁၀၀၀) တစ်ထောင် ရွေးချယ်စီစစ်ပြီးလျှင် အရံသံဃာ ၆-သန်းနှင့် ထိုနှစ် နယုန်လမှ စ၍ တပို့တွဲလအထိ ကိုးလတိုင်တိုင် ပါတလိပုတ်ပြည် အသောကာရုံကျောင်းတော်ကြီး၌ နှုတ်ရွတ်ခါ တတိယ သင်္ဂါယနာတင်တော်မူကြသည်။  မှတ်ချက်။ ။ သီရိစတုရင်္ဂဗလ မြန်မာပညာရှိ ဦးဘေ အလိုအားဖြင့်သာသနာတော် ၂၃၄-ခုနှစ်မှာ တတိယသင်္ဂါယနာ တင်တော်မူသည်ဟု ယူ၏၊ ပရိုဖက်ဆာ ဆရာလွန်းခေါ် မစ္စတာ မောင်မှိုင်းအလင်္ကာကျော်စွာ သခင်ကိုယ်တော်မှိုင်း အလိုအားဖြင့် ၂၃၅-ဟု ယူ၏၊ ရေး၏၊ စီစစ်ကြပါကုန်။ (၄) စတုတ္ထ သင်္ဂါယနာ- သာသနာတော် သက္ကရာဇ် (၄၅၀)လေးရာ့ငါးဆယ်သို့ ရောက်သောအခါ လင်္ကာဒီပ သီဟဠ တည်းဟူသော သီဟိုဠ်ခေါ် သိဃုဠ် ကျွန်းကြီးသခင် ဘုရင် ၀ဋ္ဋဂါမဏိ မင်းတရားကြီး လက်ထက် ပိဋကသုံးပုံကို အာဂုံဆောင်ကြကုန်သော ရဟန္တာအရှင်မြတ်တို့သည် နောင် အနာဂတ်ကာလ၌ သတ္တ၀ါတို့သည် သတိပညာ ဆုတ်ယုတ်ကုန်လတံ့၊ နှုတ်တက် အာဂုံ မဆောင်ရွက် မကျက်မမှတ်နိုင်လတံ့တို့ကို မြင်တော်မူကြ၍ သာသနာတော်၏ အသက်မပျောက်မပျက်တည်ရှိနိုင် စေရန် ကြံစည်တွေးဆကာ(၅၀၀)ငါးရာသော ရဟန္တာအရှင်မြတ်တို့ ပေထက်မှာရေးလျက်'ပေထက္ခာရာ'ခေါ်စတုတ္ထ သင်္ဂါယနာကို မဟာသံဃရာဇာကြီးမှူးလျက် သီဟိုဠ်ကျွန်းမလယဇနပုဒ် အာလောကလိုဏ်ဂူ၌ တင်တော်မူကြပြန်သည်လည်းတကြိမ်။ (၅) ပဉ္စမသင်္ဂါယနာ- ဂေါဇာ သက္ကရာဇ် ၁၂၃၃-ခု၊ သာသနာတော်(၂၄၁၅)ခုနှစ် ရောက်ပြန်ရာ မြန်မာနိုင်ငံတော်ရတနာပုံ နေပြည်တော်ကြီးကို စည်ထီး နန်းအိမ်နှင့်တကွ ပဌမလက်မွန် တည်ထောင်တော်မူခဲ့သော ဘုရင်မင်းတုံးမင်းတရားကြီးသည် ဘုရားရှင်ဓမ္မစက်ပေရွက်နှင့် မလျော်ဟု ဆင်ခြင်ပြီးကာ သာသနာငါးထောင်(၅၀၀၀)ကုန်အောင်တည်စေနိုင်ခြင်းငှါ၊ ကိုးဖြာန၀ရတ် ကျောက်မြတ်အ၀င် ဖြူစင်သန့်ရှင်းသော သလင်းကျောက်ရတနာ အပြင်ဝယ်အက္ခရာတော် ထင်ပြီးလျှင် ရွှေမင်းရွှေစုတ်နှင့် ရေးသားခတ်နှိပ်တော်မူ၍ အုဌ်ပြသာဒ်များအတွင်း သွတ်သွင်းခါထားတော်မူပြီးမှ တံဆိပ်တော်ရ သုဓမ္မာဆရာကြီးရှစ်ပါးကို ရှေးဖျားရှေးဦး အမှူးဉပကာ (၂၄၀၀)နှစ်ထောင်လေးရာ ကုန်သော သီလ၀န်ဂုဏ၀န် ကလျာဏပုထုဇဉ် သံဃာတော်အရှင်မြတ် တို့နှင့် တကွ ပဉ္စမသင်္ဂါယနာ တင်တော်မူခဲ့သည်လည်း တကြိမ်အားဖြင့် ပေါင်း၅-ကြိမ်ဖြစ်သတည်း။ (၆) ဆဋ္ဌသင်္ဂါယနာ၊ သစ္စာလေးဆူ အောင်လံထူလျက် ပြိုင်သူဖက်ကင်း တရားမင်းဖြစ်တော်မူသော ဗုဒ္ဓရှင်တော်ဘုရားသည်၄၅-နှစ်(၄၅-၀ါ)အတွင်း ဟောကြားတော်မူအပ်သော တရားတော်တို့ကို ကြွသွား နိဗ္ဗာန် စံဝင်တော်မူပြီးနောက်၊ ၂၄၉၈-နှစ်ကြာသောအခါ  (၁) မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော နိကာယ်ငါးရပ်တို့ကိုအထပ်ထပ် အဆင့်ဆင့် ရေးကူး၍ လာကြရာ၌သတိ ချွတ်ယွင်းရေးမှားခြင်းဟုဆိုအပ်သော ပမာဒလေခ(ပါဠိပျက်)များကိုအထူးသန့်ရှင်း စင်ကြယ်စေလိုသောကြောင့်၎င်းင်း၊  (၂) ထိုစင်ကြယ်သော ပိဋကတ်တော်များကို စက်တင်ပုံနှိပ်၍ ကမ္ဘာအရပ်ရပ်သို့ပြန့်နှံ့စေခြင်းအားဖြင့် အဓွန့်ရှည်စွာ တည်စေလိုသောကြောင့်၎င်းင်း၊  (၃) လွတ်လပ်သော မြန်မာနိုင်ငံတော်နှင့်တကွ ဗုဒ္ဓဘာသာနိုင်ငံအားလုံးတို့ကသာသနာတော်ကို စုပေါင်းအားပေး ချီးမြှောက်လိုသောကြောင့်၎င်းင်း၊ ဤ ဆဋ္ဌသံဂါယနာပွဲသဘင်ကြီးကို တင်တော်မူကြသည်ဟူ၍ မြန်မာ, ယိုးဒယား, ကမ္ဗောဇ, သီဟိုဠ်, လော, ဟူသည့် ထေရာဝါဒ ငါးနိုင်ငံရှိ သံဃာတော်အရှင်မြတ်တို့၏ ဆုံးဖြတ်တော်မူချက်အရ- ပြည်ထောင်စု မြန်မာနိုင်ငံတော် ရန်ကုန်မြို့ရေးကူးရပ် သီရိမင်္ဂလာကမ္ဘာဧ စေတီတော်အနီး ဆဋ္ဌသံဂီတိမဟာပါသာဏ ဂုဟာခေါ် လိုဏ်ဂူတော်ကြီးအတွင်း မြန်မာနိုင်ငံတော်အစိုးရ၏ ပစ္စယာနုဂ္ဂဟဖြင့်သာသနာတော်၊ ၂၄၉၈၊မြန်မာ- ၁၃၁၆-ခုနှစ်၊ ကဆုန်လပြည့်။ အင်္ဂလိပ် ၁၉၅၄-မေလ(၁၇)ရက်နေ့မှစ၍ မြန်မာ, သီဟိုဠ်, ယိုးဒယား, (ကမ္ဗောဇ)ကမ္ဗောဒီးယား, (လော)လာအို, ငါးနိုင်ငံတို့နှင့် နှစ်နှစ်တိုင်တိုင် ကျင်းပသည့်ဆဋ္ဌသံဂါယနာပွဲတော်ကြီးတွင် မြန်မာပြည်တွင်းမှ စာပေကျမ်းဂန်တက်ဆရာတော် သံဃာတော် (၂၄၇၃)ပါး။ ကမ္ဘာ့နိုင်ငံတော် အရပ်ရပ်မှကြွလာတော်မူကြသော သံဃရာဇာစသည့် ပိဋကကျမ်းဂန်တတ်အကျော် အမော်ဆရာတော် သံဃာတော် (၁၄၄)ပါး၊ ပေါင်း သံဃာတော်(၂၆၁၇)ပါးတို့သည် အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ မန္တလေးမြို့ညောင်ရမ်းဆရာတော်ဘုရားကြီးအား သံဃထေရ် မဟာဝိနာယက အရာထား၍ ၁၃၁၈-ခုနှစ်၊ ကဆုန်လပြည့်နေ့တိုင် အောင် ၂-နှစ်ပတ်လုံးနိကာယ်ငါးရပ် ပိဋကသုံးပုံ ပါဠိတော်များကို သံဂါယနာတင်တော်မူခဲ့ကြသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကြီး၏သံဂါယနာ မှတ်တမ်းမှယူပြသည်။  မှတ်ချက်။ ။ ပါဠိတော် သံဂါယနာတင်အပြီး အဋ္ဌကထာ, ဋီကာ, များကိုလည်း ၁၃၂၃-ခုနှစ်၊ တပို့တွဲလဆန်း ၁၂-ရက်နေ့အထိအဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မစိုးရိမ်ဆရာတော် ဦးသူရိယ အမှူးရှိသော သံဃာတော်တို့သည် သံဂါယနာတင်တော်မူကြကုန်၏ဟု မှတ်ရာသေးသည်။ ဆဋ္ဌသံဂါယနာ - ဧချင်း မင်းချင်းတို့လေ။ ။ သိရီသြဘာ၊ ထောမနာတည်း၊ ကောဇာတွက်စစ်၊ သက္ကရာဇ်ကား၊ ဆဧက်- တြိဧက်၊ ခေတ်ကောင်းဖြစ်ခဲ့၊ ရှင်ချစ်မြတ်စွာ၊ သာသနာမူ၊ ဓ၊ ဇာ၊ ၀၊ ရ၊ ကဆုန်လ၏၊ ပုဏ္ဏာတိထီ၊ နေ့စန္ဒီဝယ်၊ နာရီဆယ့်နှစ်၊ မွန်းတည့်ဖြစ်၏၊ စွန်းလစ်ဗာရာသ်၊ မိနစ်မှတ်လော၊ ကောင်းမြတ်ချိန်ခါ၊မင်္ဂလာဝယ်၊ မြန်မာကရင်၊ ရှမ်း ကချင်နှင့်၊ ပေါ်ထင်တူပြိုင်၊ မွန်ရခိုင်တည့်၊ တောင်ပိုင်ထင်ရှား၊ ချင်း ကယားတို့၊ ကိုယ်စားဥက္ကဌ၊ သမ္မတဟု၊ ဌာနရာထူး၊ ဦးဘဦးနှင့်၊ ကြီးမှူးဉပလုပ်၊ ၀န်ကြီးချုပ်ဟု၊ သရုပ်တန္တု၊ စန်းဣန္ဒုသို့၊ ဦးနုဘွဲ့ချီး၊ ခေါင်းဆောင်ကြီးတို့၊ ဦးစီးနာယက၊ ပါဝင်ကြသား၊ ဗုဒ္ဓသာသနာ၊ ဘွဲ့သညာဖြင့်၊ သြဘာသံဟီး၊ အဖွဲ့ကြီးက၊ ခိုင်ဖြီးလေးဝ၊ ပစ္စယဖြင့်၊ ဆဋ္ဌမဟာ၊ ဒါယကာဟု၊ သဒ္ဓါစင်ဖြူ၊ တာဝန်ယူခဲ့၊ ဇမ္ဗုရန်ကုန်၊ မြို့ဒဂုန်တွင်၊ ၀သုန်မောဠိ၊ အံ့ဘွယ် ရှိသား၊ သီရိမင်္ဂလာ၊ ကုန်းတော်သာဝယ်၊ ကမ္ဘာဧတွင်၊ စေတီယင်၏၊ ၀န်းကျင်အနီး၊ လိုဏ်ဂူကြီး၌၊ ဘုန်းမီး နေလ၊ မြတ်ဗုဒ္ဓ၏၊ ထေရ၀ါဒ၊ ဂိုဏ်းစုံမှလျှင်၊ ရဋ္ဌဂုရု၊ ဘွဲ့သေတ္တုဖြင့်၊ ဂုဏ်ဉပဆောင်စွမ်း၊ အခေါင်လွှမ်းသည့်၊ ညောင်ရမ်းတဆူ၊ ဦးထိပ်မူလျက်၊ ၀ိဓူဇာနည်၊ မဟာထည်(ထေရ်)တို့၊ ငါးပြည်ထောင်စုံ၊ ဓမ္မာရုံဖြင့်၊ အာရုံဖြောင့်ဖြောင့်၊ ယွင်းမနှောင့်ပဲ၊ နှစ်ထောင့်ငါးရာ၊ မြတ်သံဃာလျှင်၊ ရွှေဗျာဒိတ်>မက်၊ ဓမ္မစက်ကို၊ ငွေထက္ခရာ၊ စက်အလွှာ၌၊ ကောင်းစွာပိုင်ပိုင်၊ ၂-နှစ်တိုင်အောင်၊ သံဉပိင်ညီမျှ၊ ရွတ်တင်ကြသည်၊ ဆဋ္ဌသံဂါယနာတည့်လေး၊ သူတော်ကောင်းဖေါ်ရွေ့ မင်းချင်းတို့လေ။ ရွှေကွန်းထိပ်တင်ရေးသည်။ (မန္တလေး သာသနာဝင်ကျမ်း၊ မိုးကောင်း သာသနာဝင်မှ။)  ဖျာပုံတိုက်သစ်ဆရာတော်
သင်္ဂါယနာ ၆-တန်။ ။ 
ဘုရား၇ှင် ဟောကြားတော်မူခဲ့သော ပိဋကတော် ဓမ္မတို့ကို မပျောက်ပျက် မတိမ်ကော သွားစေရန် စုပေါင်း၍ မူမှန်ကို ရွတ်ဆိုမေးမြန်း ဆွေးနွေးဖြေကြား ရေးမှတ် အတည်ပြုခြင်းမျိုး။
(၁) ပဌမ သင်္ဂါယနာ-   သုဘရဟန်းကြီး၏ ဗုဒ္ဓ အ၀ဏ္ဏ စကားကိုကြောင်းပြု၍ ဘုရားသခင် ပရိနိဗ္ဗာန် ၀င်စံပြီးသည်နောက် ဓာတုဘာဇန နေ့၌ စည်းဝေးရောက်လာတော်မူကြကုန်သော (၇၀၀၀၀၀) ခုနှစ်သိန်း မျှသော သံဃာတော် အရှင်မြတ် တို့၏ ဦးစီးနာယက သံဃာ့ထေရ် ဖြစ်တော် မူသော အရှင်မဟာကဿ         ပ မထေရ်မြတ် သည် ခီဏာသ၀ ဆဠာဘိည ရဟန္တာငါးရာ ရွေးကောက်တော် မူသည် ။ 
 အခြံအရံသံဃာတော် ၇၀၀၀၀၀-နှင့် ဘိုးတော်အဉ္ဇနဖြိုကြွင်း သက္ကရာဇ် ၁၄၈-ခုနှစ် သာသနာ သက္ကရာဇ် ၁-ခုနှစ်ဝါခေါင် လပြည့်ကျော် ၁-ရက်နေ့မှ စတင်၍ တပေါင်းလပြည့်နေ့ အထိ ၇-လ တိုင်အောင် သုဘခေါ် တောထွက်ရဟန်းကြီးကို အကြောင်းပြု၍ ရာဇဂြိုလ်ပြည် ဝေဘာရတောင် ယံ သတ္တပါဏိဂူလိုဏ်၌ နှုတ်ရွတ်ခါ ဘုရင် အဇာတသတ်မင်းနှင့် ပဌမသင်္ဂါယနာ ထင်တော် မူကြလေ သည်။
*** အာဖရိက သို့ ဗုဒ္ဒသာသနာ ပြန့်ပွါးပြီ ***
*** အာဖရိက သို့ ဗုဒ္ဒသာသနာ ပြန့်ပွါးပြီ ***  ဗုဒ္ဒဘာသာ ၀င် တိုင်း ဒီ Post ကို Share လုပ်ပေးပါ။ တောင်းဆိုပါတယ်။  ======================== အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်ကဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှအိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်လေ့လာခွင့်ရခဲ့ပါတယ်။ ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူကတိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီးစားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာအတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာလောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်းလက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာသုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ယောဂီတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ အခြားလူတွေအတွက်တော့ ရေကူးစရာ ပင်လယ်မရှိ တရားဆွေးနွေးစရာဗုဒ္ဓဘာသာဝင် မရှိတဲ့ နိုင်ငံကို ဒါတွေသယ်လာတယ် ဆိုတော့ ထူးဆန်းနေကြတယ်။ထိုင်းနိုင်ငံက ပြည့်စုံတဲ့ ဘဝကို စွန့်ပစ်ခဲ့တော့အချို့က မင်းစိတ်မှမှန်သေးရဲ့လား ဆရာဝန်ပြပါလားလို့ နောက်ကြတယ်။ သူကတော့ တရားစာအုပ်တွေဖတ်တရားအားထုတ်နဲ့သာ ကိုယ့်ဟာကိုယ်နေခဲ့တယ်။ (သူမရှိတော့တဲ့ နောက်ပိုင်းမှာသူအလုပ်၊လုပ်ခဲ့တဲ့ အပန်းဖြေစခန်းလေးဟာ ဆူနာမီဒဏ် ခံလိုက်ရတော့ခင်မင်ရင်းနှီးသူတွေ များစွာရုတ်တရက်သေဆုံးသွားတဲ့ သတင်းကိုကြားခဲ့ရတယ်။ဆရာတော်အလောင် လျာတွက်လည်း သံဝေဂယူစရာတွေ ဖြစ်ခဲ့ပါလိမ္မယ်။(ကျွန်တော်ကတော့ သာသနာပြုဖို့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့်နတ်ကောင်းနတ်မြတ်တွေများ စောင့်ရှောက်နေသလားလို့တွေးမိသေးတယ်။)အချို့သော ဆွေမျိုးတွေက ဆိုရင် စာအုပ်တွေအားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့ ဘိုင်ဘယ်တစ်မျိုးတည်းကိုသာထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့စည်းရုံးကြသေးတယ်။ သူ့ကို အချို့ကလည်း ဆိတ်ကလေး၊ ကြက်ကလေးတွေ စားဖို့လက်ဆောင်အဖြစ်ပေးပြီး ကြိုဆိုကြတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ယောဂီလူငယ်Steven က အကောင်တွေ သတ်တာကို မလိုလားတော့ဘူး။ အထူးသဖြင့် သူ့အတွက်သတ်မှာကို လုံးဝ မဖြစ်စေချင်ဘူး။ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာသူဟာတစ်ဦးတည်း တရားအားထုတ်နေတယ်။ တိုင်ပင်စရာမိတ်ဆွေနဲ့ နည်းခံစရာဆရာမရှိတဲ့ဘဝမှာ သူမနေနိုင်တော့ဘူး။ ပိုမိုပြည့်စုံတဲ့ အမှန်တရားကိုရှာဖွေဖို့ သူဟာ အမိမြေကို နောက်တစ်ကြိမ်စွန့်ခွာရပြန်တယ်။တောင်အမေရီကား မြောက်အမေရီကားမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့တယ်။ TathagataMeditation Center TMC မှာ တရားအားထုတ်ခွင့်ရတယ်။ နောက်ပိုင်းမှာတော့သူဟာ ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ TMC စင်တာကပဲဗီယက်နာမ်ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့သာကီဝင်မင်းမျိုးမှ ရဟန်းပြုသွားသော သိဒ္ဓတ္ထဂေါ်တမ ဘုရားရှင်ရဲ့သားတော်အဖြစ်ကို ရယူခဲ့တယ်။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သော ရဟန်းဘဝကို ခံယူလိုက်တယ်။ရဟန်းပြုပြီးတဲ့ နောက်ပိုင်း ဆရာတော်ဟာ အိန္ဒိယနိုင်ငံတောင်ကြားဒေသတစ်ခုမှာ တရားအားထုတ်နေရရင် ကောင်းမလား၊ အမိမြေကိုဓမ္မမျိုးစေ့ချပေးရရင် ကောင်းမလားလို့ အတွေး ၂-မျိုးဝင်လာတယ်။မြန်မာဆရာတော်ဘုရားကြီး ဦးပဏ္ဍိတက ယူဂန်ဒါ နိုင်ငံမှာ သာသနာပြုဖို့ကိုအားပေးတော်မူခဲ့တယ်။ အမေရိကန်လူမျိုး အချို့ကတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးမှမရှိတဲ့ဒေသမှာ ရဟန်းတပါးအဖြစ် နေဖို့ မလွယ်ကူနိုင်ကြောင်းစားဖို့နေဖို့ပင် အခက်အခဲရှိနိုင်ကြောင်းတွေကို ပြောကြသေးတယ်။နောက်ဆုံးတော့ ဆရာတော်အရှင် ဗုဒ္ဓရက္ခိတဟာ အမိမြေကို ပြန်ပြီး ဗုဒ္ဓသာသနာပြုဖို့ ဆုံးဖြတ်လိုက်တယ်။ အမိမြေကို မပြန်ခင် အိန္ဒိယ၊ မြန်မာ၊သိရီလင်္ကာနိုင်ငံတွေကို အလည်အပတ်သွားရောက်ခဲ့သေးတယ်။ သိရီလင်္ကာနိုင်ငံဘာသာရေး အဖွဲ့အစည်းတစ်ခုက သူ့အပြန်လမ်းအတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်၂-ဆူထဲက တစ်ဆူကို လက်ဆောင်အဖြစ် ယူသွားဖို့ ပေးလိုက်တယ်။ သူကလည်းအရွယ်ကြီးမားတဲ့ ရုပ်ပွားတော်ကို ယူဖို့ဆုံးဖြတ်ခဲ့တယ်။ဗုဒ္ဓဆင်းတုတော်ကြီးကို လေယာဉ်နဲ့ သယ်ဆောင်ရာမှာ ကင်ညာနိုင်ငံအရောက်အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ ဘုန်းတော်ကြီးကို မဖူးမြင်ဖူးတဲ့ လူတွေကသူ့ကို အထူးအဆန်း ဖြစ်နေကြတယ်။ ဒေသခံ Maasai လူမျိုးစုတစ်ခုရဲ့ဝတ်စားဆင်ယင်မှုနဲ့ ဆင်တူနေလို့ Maasai မဟုတ်ဘဲ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ရဟန်းတော်တစ်ပါးဖြစ်ကြောင်းကို ရှင်းပြခဲ့ရတယ်။အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်ရတယ်။သားရဟန်းကိုကြည့်ပြီး Steven မှဟုတ်ရဲ့လားလို့ မေးသေးတယ်။ဟုတ်မှန်ကြောင်း ပြောပြတော့ မယ်တော်ကြီးဟာ သားဖြစ်သူကို အိမ်အရောက်ပြန်ပို့ပေးသော God ကို ကျေးဇူးတင်ကြောင်း ပြောသေးတယ်။ သားဖြစ်သူကတော့သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော ဘုရားသခင်ဆိုတာလုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူစိတ်အနှောင်အယှက် မဖြစ်စေချင်လို့ ဘာမှ မပြောပဲနေခဲ့တယ်။ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ဃန်းဝတ်ကြီးနဲ့ အိမ်မှာကြာကြာနေလို့မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေး ဖြစ်လာအောင်အားထုတ်ရတယ်။ အမေရိကန်နိုင်ငံTMC စင်တာက ဆရာတော်ဘုရားကြီးတွေ ကျေးဇူးနဲ့ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာတစ်ခုကိုဖွင့်လစ်နိုင်ခဲ့ပါတယ်။သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့ အခက်အခဲအမျိုးမျိုးတွေ့ရပါတယ်။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ်ကို တင်းနစ်ကစားနည်းတစ်မျိုးအတွက် ဘတ်တန်လို့ထင်သူတွေ၊ သပိတ်ကိုဗုံးထင်သူတွေ၊ ဘောလုံးထင်သူတွေဝတ်စားဆင်ယင်မှုကိုကြည့်ပြီးတိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသောအခက်အခဲတွေ ရှိခဲ့ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်းသိသူကလည်း မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါချေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသားများကတောင် ဆွမ်းလှူဖို့ သဒ္ဓါတရားတွေဖြစ်လာကြပါတယ်။အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ယူဂန်ဒါနိုင်ငံမှာ နေထိုင်နေကြတဲ့ ထိုင်းမိသားစုတွေ၊ သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကို ရခဲ့ပါတယ်။ မယ်တော်ကြီးကိုပါ အတူတကွအဆိုပါ မိသားစုတွေဆီကို ကြွခဲ့ပါတယ်။ ထိုင်းလူမျိုးတွေကစုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ရောက်ခဲ့ပါတယ်။ ထေရဝါဒပုံစံစနစ်တကျ သင်္ဃန်းရုံထားတဲ့ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်းလူမျိုးတွေဟာဆွမ်းကိုလည်းလောင်းလှူကြ ရိုသေစွာ ရှိခိုး ကန်တော့ကြတာတွေ့တော့မယ်တော်ကြီးက အလွန်တရာ အံ့သြခဲ့ပါတယ်။ သိရီလင်္ကာလူမျိုးကလည်းစက်ရုံတစ်ခုရဲ့ ပိုင်ရှင် အရပ်မြင့်မြင့် လူကြီးလူကောင်းတစ်ယောက်ပါ။ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်းရိုသေစွာရှိခိုးကန်တော့ပါတယ်။ အဲဒီအချိန်မှာ မယ်တော်ကြီးရဲ့စိတ်ခံစားမှုသဒ္ဓါတရားကို မြင်လို့ ဆရာတော်က လက်ျာတော်ရံ အရှင်သာရိပုတ္တရာရဲ့ မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက ဆိုရင်ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ ဆွမ်းအဖို့ကိုတာဝန်ယူပါရစေလို့ လျှောက်ထားလိုက်ပါသေးတယ်။အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီးလောလောဆယ်အနေအားဖြစ် အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့်ကြာပြီဖြစ်သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့ တင့်တယ်လှတဲ့ရူပကာယတတော်ကို ကြည်ညိုတတ်ပြီဖြစ်ကြောင်း နဲ့ ဗုဒ္ဓဝါဒကို လေ့လာလိုကြောင်းသားရဟန်းပြောပါတယ်။ သားဖြစ်သူက တရာဓမ္မတွေ ဟောပြလို့ မယ်တော်၊နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သောယူဂန်ဒါ နိုင်ငံသားတွေဟာ သရဏဂုံသုံးပါးနဲ့ ငါးပါးသော နိစ္စသီလတို့ကိုတည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များဖြစ်လာကြပါတယ်။ အခုတော့အာဖရိကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါနိုင်ငံ the pearl of Africa မှာဗုဒ္ဓဝါဒဟာ စတင်လို့ အမြစ်တွယ်ခဲ့ပါပြီ။ဆရာတော်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးကိုလည်း ယူဂန်ဒါနိုင်ငံတော် ကိုယ်စားပြုအနေနဲ့ ပထမဆုံးတတ်ရောက်ခွင့်ရခဲ့ပါတယ်။King Oyo of Tooro ယူဂန်ဒါနိုင်ငံက Tooroဒေသရဲ့ဘုရင်လေး Oyo ဟာလည်း ဆရာတော်နဲ့အတူ အစည်းအဝေးကို တတ်ရောက်ခဲ့ပါတယ်။မကြာသေးခင်က မြန်မာနိုင်ငံမှာ သီတဂူဆရာတော်ဘုရားကြီးဦးဆောင်ကျင်းပခဲ့တဲ့ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံအစည်းအဝေးကြီးကိုလည်း တတ်ရောက်ခဲ့ပါတယ်။ယူဂန်ဒါနိုင်ငံ Kampalaမြို့တော်က University of Makere ရဲ့ဖိတ်ကြားချက်ကြောင့်ဟောပြောပွဲတစ်ခုကို ဟောပြောခဲ့ရပါတယ်။အမေရိကန်နိုင်ငံ မဆာချူးဆက်တက္ကသိုလ်မှာလည်း အခါအားလျော်စွာ ဟောပြောမှုတွေ ပြုလုပ်ပါတယ်။ အဲဒါတွေကတော့ဆရာတော်ရဲ့ အောင်မြင်မှုတွေပါပဲ။၂၀၀၉ ခုနှစ်အတွင်း ဆရာတော်ရဲ့ဆက်လက်လုပ်ဆောင်ဖွယ် ခရီးစဉ်နဲ့ လုပ်ငန်းစဉ်တွေကိုတော့ ဒီမှာလေ့လာနိုင်ပါတယ်။Uganda Buddhist CentrePlot 31, Garuga Road, Bulega, EntebbeP.O.Box 16650, KampalaUGANDATelephone: +256-(0)414-662203 Mobile phone: +256-(0)782-159985 E-mail : ugandabuddhistcentre@gmail.comWeb site: http://www.ugandabuddhistcentre.org/[စာကြွင်း။ ။စစ်ကိုင်း၊ သီတဂူ ဗုဒ္ဓတက္ကသိုလ် နိုင်ငံတကာ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ အစည်းအဝေးကြီး တွင်ဦးဇင်းနှင့် ထိုဆရာတော် ဆုံဖြစ်ခဲ့ပါသည်။ဆရာတော်၏ပြောပြချက်အရ အာဖရိကမှာ ဆရာတော်၏ စွမ်းဆောင်မူကြောင့်ထေရဝါဒဗုဒ္ဓဘာသာဝင် လူဦးရေ လေးဆယ်ကျော်ရှိသွားပြီဖြစ်ကြောင်းသိခဲ့ရပါသည်။]  အရှင်ဝရသာမိ  Like and Share this to your friends.  www.facebook.com/ShweMedia
ဗုဒ္ဒဘာသာ ၀င် တိုင်း ဒီ Post ကို Share လုပ်ပေးပါ။ တောင်းဆိုပါတယ်။
အာဖရိက တိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေး က ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်က ဖွားမြင် ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရား ဆိုလို့ ခရစ်ယာန်နဲ့ အစ္စလာမ် ၂-ခု တည်း သာရှိတယ်လို့ ထင်ခဲ့တာပါ။ 
၁၀ ကျော်သက် အရွယ်ရောက်မှ အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်း ခဲ့ ဖူးကြောင်းကို နာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာ အိန္ဒိယနိုင်ငံကို နိုင်ငံခြား ပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်း လူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်း ငယ်လေ့လာခွင့်ရခဲ့ပါတယ်။