Wednesday, October 29, 2014

သင်္ဘောသီး မှည့် ၏ ကောင်းကျိုးများ

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ 

သင်္ဘောသီး မှည့်ဟာ ဆိုလျှင် ချိုသော အရသာရှိပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက် လိမ့်မယ်လို့ ထင်ပါတယ်။ သင်္ဘောသီးမှည့်ကို စားလျှင် ရရှိနိုင်သော အကျိုးကျေးဇူး တွေကတော့-

(၁) အသားအရေကို လှပါစေပါတယ်။

(၂) ကိုယ်လေးချိန်ကို လျော့ချပေးနိုင်ပါတယ်။

(၃) ဝက်ခြံများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၄) ဝမ်းကို ပျော့စေပါတယ်။

(၅) တုပ်ကွေးမိနေချိန် (သို့) အဖျားရှိနေချိန် စားပါက ရောဂါကို ပျောက်ကင်းစေနိုင် ပါတယ်။

(၆) ကိုယ်ခံအား ကျဆင်းမှုကိုလည်း တာဆီးပေးပါတယ်။

(၇) အူမကြီးကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

(၈) ချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ၊ တီဘီ ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။

အထူးသဖြင့် သင်္ဘောသီးမှည့်ကို အမျိုးသမီးများ ပို၍ စားသင့်ပါတယ်။ နေ့တိုင်း မစာနိုင်ဘူး ဆိုရင်တောင် အနည်းဆုံး တစ်ပတ်တစ်ခါ စားသုံးရုံဖြင့် အထက်ပါ ရောများကို ကာကွယ်ပေးနိုင် ပါလိမ့်မယ်။ 

ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

#kln_yyl
#health_yyl


သင်္ဘောသီး မှည့်ဟာ ဆိုလျှင် ချိုသော အရသာ ရှိပြီး လူတိုင်း နီးပါး ကြိုက်နှစ်သက် လိမ့်မယ်လို့ ထင်ပါတယ်။ သင်္ဘောသီး မှည့် ကို စားလျှင် ရရှိနိုင်သော အကျိုးကျေးဇူး တွေကတော့-
(၁) အသားအရေ ကို လှပါစေပါတယ်။

(၂) ကိုယ်လေးချိန် ကို လျော့ချပေးနိုင်ပါတယ်။

(၃) ဝက်ခြံ များကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

ပြည်တွင်း မှ ခလေး မိဘများ အား အထူး သတိပေးခြင်း { သတိ ပိုတယ် မရှိပါ }

အရှင်ဝိမလဝံသ နာလန္ဒာတက္ကသိုလ်'s photo.  



ဆင်းရဲ့ သည့်နိုင်ငံ များမှ ခလေး သူငယ် များ ၏ ခန္တာကိုယ် အစိတ် အပိုင်း များ အားရောင်း စား နေကြသော ဂိုဏ်း များ လာအို-ကမ္ဘောဒီးယား နှင့် မြန်မာ နယ်စပ် တလျှောက် သောင်း ကျန်း နေကြပါသည်။

 မြန်မာပြည် က ကလေးပျောက်မှုတွေ ကို အားလုံး ဝိုင်း သတိထားပေးကြပါ။ ကလေးတွေကော လူငယ်တွေကော ရဲ့ ခန္တာကိုယ် အတွင်း အစိတ်အပိုင်းတွေ ကို ခွဲထုတ်ရောင်းစား မှုတွေဖြစ် နေပါ တယ်။ 

လွန်ခဲ့တဲ့ ၁၀နှစ်လောက် တုံးက ထိုင်းရေပြင်မှာ ဖမ်းမိတဲ့ သင်္ဘော တစီး က လူခန္တာ ကိုယ် အစိတ်အပိုင်းတွေ ရေခဲ ရိုက်ပြီးတခြားနိုင်ငံ တခု ကို သွားပို့ဘို့ပါ။ 

Tuesday, October 28, 2014

ရန်ကုန်မြို့ က ကြိုပွိုင့် တိုက်ခန်းဈေး ကွက်နှင့် ပြဿ နာများ

အရစ်ကျငွေပေးချေကာ ၀ယ်ယူနိုင်ရရှိနိုင်သည့် ကြိုပွိုင့်တိုက်ခန်း အရောင်းအ၀ယ်လုပ်ငန်းမှာ မလိုလားအပ်သည့်ပြဿနာများ ပေါ်ပေါက်လာနိုင်သည်။ ဓာတ်ပုံ - အောင်ဌေးလှိုင် 


အရစ်ကျငွေပေးချေကာ ၀ယ်ယူနိုင်ရရှိနိုင်သည့် ကြိုပွိုင့် တိုက်ခန်း အရောင်း အ၀ယ် လုပ်ငန်းမှာ မလိုလား အပ်သည့်ပြဿ     နာများ ပေါ်ပေါက်လာနိုင်သည်။ ဓာတ်ပုံ – အောင်ဌေးလှိုင်
 

မြေဈေးနှုန်း များ သိသာစွာ စတင်မြင့်တက် ခဲ့ သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်း မှ စတင်၍ ရန်ကုန်မြို့၏ ဆောက်လုပ်ရေးလောက တွင် ကြိုပွိုင့် တိုက်ခန်း များ ပေါ်ပေါက်လာခဲ့ပြီး လက်ရှိ တွင် ပိုမိုတွင်ကျယ် လာသည့်လုပ်ငန်း တစ်ခုဖြစ်လာကြောင်း ရန်ကုန်မြို့ အခြေစိုက် ဆောက် လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
 
“၂၀၁၂ အစောပိုင်းလောက်က စပြီး တိုက်ခန်းတွေ ကို မဆောက်ခင် ကတည်း ကကြို တင်ရောင်းချပြီး အရစ်ကျ စနစ်နဲ့ငွေချေ  တဲ့ ကြိုပွိုင့် စနစ် နဲ့ အရောင်းအ၀ယ် လုပ်တဲ့ ကြိုပွိုင့် တိုက်ခန်းတွေ ပေါ်လာခဲ့ တယ်။ အရင် က ဒီလို ပုံစံ မျိုးနဲ့ဆောက် တဲ့ ကန်ထရိုက် မရှိသလို၊ ကြိုပွိုင့် စနစ်နဲ့ ရောင်းချ တဲ့ ဈေးကွက် လည်း မရှိခဲ့ဘူး။

 မြေဈေး အဆမတန်ကြီး တဲ့ အတွက် ကြောင့် ကန်ထရိုက်တွေ လည်း အဆင်ပြေတဲ့ နည်း နဲ့ ဆောက်ကြ ရင်း ကြိုပွိုင့် တိုက်ခန်းတွေပေါ်လာ ခဲ့တာပါ” ဟု ဆောက်လုပ်ရေး လုပ်ငန်းများ
တွင် လုပ်ငန်းခွင် မန်နေဂျာ အတွေ့အကြုံရှိခဲ့ သူ ဦးဆန်းယု က ပြောသည်။  



ဘယ့်နဲ့ ရှိစ



စိတ်ရောဂါ စွဲကပ်နေသော လူနာ ကို နောက်ဆုံးးပေါ် အထူး စနစ်ဖြင့်ကုသ စမ်းသပ် စစ်ဆေးပြီး ရောဂါ အခြေအနေ တိုးတတ်လာမှု ရှိမရှိ ဆရာဝန် တစ်ဥိးမှ စစ်ဆေးနေ၏။
လူနာအား ဆရာဝန် မှ ပြောသည်–
 

” မင်း…သိရဲ့လား…လွန်ခဲ့တဲ့ တနဂ်နွေနေ့ က ကမ်းနား လမ်းမကြီး ပေါ်မှာ အင်မတန်ကျေကွဲ ဖွယ် ကောင်းတဲ့ ကား တိုက်မှု့ တစ်ခုဖြစ်ခဲ့တယ်။  
ကျုပ် ကိုယ်တိုင်မြင်တွေ့ခဲ့ ရတယ်။ လမ်းဖြတ်ကူး လာတဲ့ လူငယ်ကို အရှိန်နဲ့လာတဲ့ ကုန်တင်ကား တစီး က နင်းကြိတ် လိုက်တာ… လူငယ်ရဲ့ ခေါင်းပြတ်ထွက် သွားတယ်ကွ။
 

ဒါပေမဲ့ လူငယ် ဟာ လဲနေရာ က ထပြီး သူရဲ့ဦးခေါင်း ကိုကောက်ယူတယ်…။
အနီးဆုံးဆေးခန်း ကိုရှာတယ်။“ကံကောင်းစွာပဲ အတိုက်ခံရတဲ့ နေရာနဲ့ မနီးမဝေးမှာ ချမ်းမြေ့ လို့ခေါ်တဲ့ အရိုး အကြောပြန် ဆက်ပေးနိုင်တဲ့ နံမည်ကြီး တရုတ်ဆေးခန်း ရှိတယ်။ 


Life Is ( HIV ရောဂါ ကူးစက်ခံနေရသော ကလေးငယ် ၏ စိတ်ဓာတ် )

ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီး ခြောက်ရက်ကြာ အမှောင် ကျ သွားမည် ဆိုခြင်း နာဆာငြင်း

နေမုန်တိုင်း ထန်ခြင်း ဖြစ်စဉ် တစ်ရပ်ကြောင့် လာမည့် ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီး မှာ ခြောက် ရက်ကြာ အမှောင်ဖုံး လွှမ်း သွားလိမ့်မည် ဆိုသည့် အွန်လိုင်း ပေါ်တွင် ပျံ့ နှံ့ လျက် ရှိသည့် သတင်း တစ်ရပ်နှင့် ပတ်သက်ပြီး နာဆာ က ငြင်းပယ် လိုက်သည်။

SolarStorm
နေမုန်တိုင်း ထန်ခြင်း ဖြစ်စဉ် သရုပ်ဖော်ပုံ။

ဖျော်ဖြေရေး ဝက်ဘ်ဆိုက် Huzlers.com တွင် “၂၀၁၄ ဒီဇင်ဘာလ အတွင်း ကမ္ဘာတွင် ခြောက် ရက်ကြာ လုံးဝ အမှောင် အတိ ကျသွားမည် ဟု နာဆာ အတည်ပြု” ဟူ၍ သတင်း တစ် ပုဒ် ဖော်ပြ ခဲ့ရာ ယင်း သတင်း အွန်လိုင်းပေါ် ရောက်ချိန် မှ စပြီး သတင်းမှန် သတင်း စစ် အဖြစ် ယုံကြည် ပျံ့ နှံ့ မှု များ ကျယ်ပြန့် သွားခဲ့သည်။


ထောင် ၁၅နှစ် ကျလည်း ကျပါစေ ဟု ဆိုကာ သားမယားပြုကျင့်သူ

Lewis-Cole


မုဒိမ်းသမား လူးဝစ်ကိုးလ် အနေဖြင့် တရားရုံး ၌ သူ၏ပြစ်မှု အတွက် ကြားနာနေချိန် တွင် လည်း မိန်းကလေး အပေါ် အားတောင့် အားနာ ဖြစ်သည့် အမူအရာ တစ်ချက်မျှ  ကိုပင် မမြင်ခဲ့ရပေ ။

 

ဗြိတိန် နိုင်ငံ က လူငယ် တစ်ဦး သည် ၁၆ နှစ်ရွယ် မိန်းမပျိုလေး တစ်ဦး ကို သားမယား အဖြစ် အကြိမ်ကြိမ် ပြုကျင့် နေခဲ့ ရာ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် တိတ်တခိုး မှတ်တမ်းတင် ထားခဲ့ နိုင်ခြင်းကြောင့် ၎င်း ကို ထောင်ဒဏ် ဆယ့်နှစ်နှစ်ခွဲ ချမှတ် နိုင်ခဲ့သည်။ 

အဆိုပါ လူငယ် သည် အဓမ္မပြုကျင့်သည့် နောက်ဆုံး အကြိမ်တွင် “ထောင် ၁၅ နှစ် ကျရင် ကျ ပါစေ” ဟုပင် ပြော ဆိုခဲ့ပြီး မိန်းကလေး ကို အကြမ်းပတမ်း ကျူးလွန် ခဲ့သေးသည်။

ဘာမင်ဂမ် တွင် အသက် ၂၀ရွယ် လူးဝစ်ကိုးလ် ဆိုသည့် လူငယ်က ဆယ့်ခြောက်နှစ် အရွယ် 
မိန်းကလေး ကို ၂၀၁၃ ဇွန် မှ ၂၀၁၄ ဖေဖော်ဝါရီ အထိ ၉ လ တာ ကာလ အတွင်း အကြိမ် ကြိမ် သားမယား အဖြစ် ပြုကျင့်နေခြင်း ဖြစ်သည်။ 


ဖိုးထက် – ဒေါ်စု ကို အားမကိုးနဲ့

ဖိုးထက် – ဒေါ်စုကို အားမကိုးနဲ့ (မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၄
   
 ခေါင်းစဉ်မြင်လိုက် ကတည်းက သွေးတက် သူတွေ တက်ကုန် မှာဘဲ။ ဒေါ်အောင်ဆန်းစုကြည် ကို ကိုယ့် ကိုယ် ကိုယ် ထက်ပိုပြီး ယုံကြည် စိတ်ချတဲ့ ကျွန်တော် လို လူတွေ ဆိုရင် ဒီကောင့် ကို တွေ့ရာ နေရာ မှာ သတ့် ဖြစ်ကြမယ်။

 ဒေါ်စု ကို ရင်ထဲ အသဲ ထဲ အူထဲ ဖင်ထဲ က မုန်းသူ များကြတော့ ကောင်းတယ်။ မှတ်ကရော လို့ လုပ်ကြ မှာ။ ပွဲဆူအောင်၊ လူ အထင်ကြီးအောင်၊ လူ စိတ်ဝင်စားအောင် သက်သက်မဲ့ စတန့် ထွင်တယ် လို့ ထင်သူတွေလဲ မရှားလောက်ပါဘူး။ ထားပါလေ။  

စာလေး ပြီးအောင် ဖတ်ပြီး ရင် ကျွန်တော့် ရဲ့ “ဒေါ်စု ကို အားမကိုး နဲ့” ဆိုတဲ့ ခေါင်းစဉ်ကို သဘောပေါက်မယ် လို့ မျှော်လင့်တယ်။ 


ဒေါ်ကန့်လန့်

 

 

ရွာ တစ်ရွာမှာဘဲ ဆိုပါတော့– ။ မိန်းမ လုပ်တဲ့ သူဟာ ယောင်္ကျား ရဲ့ စကားကို အမြဲတန်း ကန့် လန့်တိုက်တတ် တယ် ။
 

ဆန့်ကျင်ဘက် လုပ်တယ် ။ ယောင်္ကျား က အဖြူ    ဆိုရင် သူက မဲတယ် –။ မိန်းမ အထာ သိ တဲ့ယောင်္ကျား က ဘာ လုပ်ချင် လုပ်ချင် အမြဲဆန့်ကျင်ဘက် ကိုပြောမှ သူဖြစ်ချင်တာဖြစ် ရတယ်–

ဥပမာ – “ မိန်းမရေ ဒီနှစ် ဘုန်းကြီး ဆွမ်း မကပ်တော့ဘူး ကွာ “
“ အို ဘယ်ဖြစ်မလဲ — ဆွမ်းကပ် ကို ကပ်မယ် “
“ ဒါဆိုလဲ ကွာ – တစ်ပါးလောက် -အဖြစ် ကပ်လိုက်ပေါ့ “
“ဖြစ်မလား အနည်းဆုံး ငါးပါး ဘဲ –“
 

ဒေါ်လာဈေး ကျပ် ၁၀၀၀ ကျော် ရောက် ရှိ၊ ငွေလဲနှုန်း တည်ငြိမ်ရန်လို

အမေရိကန် ဒေါ်လာ, မြန်မာ ကျပ်ငွေ , ရွှေဈေး , ငွေလဲနှုန်း
ပြည်တွင်း ဈေးကွက် တွင် အမေရိကန် ဒေါ်လာ အရောင်း အ၀ယ် ပြုလုပ်ကြ သည့် မြင်ကွင်း


အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက် မှုနှင့်အတူ မြန်မာ ကျပ်ငွေ တန်ဖိုး ကျဆင်းနေပြီး ယနေ့ ငွေလဲနှုန်း မှာ ၁ ဒေါ်လာ လျှင် ကျပ် ၁ ၀၀၀ ကျော် ၍ အပြင်ဈေးကွက် တွင် အရောင်း အ၀ယ် ဖြစ်လျက် ရှိကြောင်း သတင်းရသည်။

ဗဟိုဘဏ် က တရားဝင် သတ်မှတ်ပေးသော နှုန်းထား သည်ပင် အောက်တိုဘာ ၂၇ ရက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၀၀၀ ကျပ် ဖြစ်သည် ကို တွေ့ရသည်။

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်း မှာ ပြီးခဲ့သည့် စက်တင်ဘာ လ၀က်ကျော်တွင် ၁ ဒေါ်လာလျှင် ၉၇၀ ကျပ်ဝန်းကျင် မှ စပြီး တရွေ့ရွေ့ မြင့်တက် လာခြင်း ဖြစ်ပြီး အောက် တိုဘာ ၂၇ ရက် တွင် ယခု ကဲ့သို့ ဗဟိုဘဏ် က ၁ဒေါ်လာ ၁၀၀၀ ကျပ် အထိ သတ်မှတ် လာခြင်း ဖြစ်သည်။


Monday, October 27, 2014

စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း ရဲ့ လီရှန်လွန်း နဲ့ အတူ Selfie

စင်ကာပူ ၀န်ကြီးချုပ် မစ္စတာ လီရှန်လွန်း လည်း Selfie ရိုက်ကူး တာ ၀ါသနာ ပါတယ်ဆိုတဲ့ မှတ်တမ်း တခုပါ။ 

စင်ကာပူနိုင်ငံ ဆန်တိုဇာ ကျွန်းမှာ ရှိတဲ့ Madame Tussauds Singapore ပြတိုက် ထဲမှာ စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း ရဲ့ ဖယောင်းရုပ်တု နဲ့ အတူ လီရှန်လွန်း က သူ့ရဲ့ အသစ် စက်စက် အိုင်ဖုန်း နဲ့ အမှတ်တရ Selfie ဓာတ်ပုံရိုက် ပြီး ဖေ့စ်ဘုတ် မှာ တင်ခဲ့ ပါတယ်။ 

 ဓာတ်ပုံ- စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ


စမတ်ဖုန်းတွေ ခေတ်စား လာတာနဲ့ အမျှ နိုင်ငံ့ခေါင်းဆောင်တွေ လည်း ထင်ပေါ်ကြော်ကြား သူတွေလို Selfie ဓာတ်ပုံ ရိုက်ကူး လာတာဟာ Trend တခုဖြစ်လာတယ် လို့ ပြောရမလိုပါဘဲ။ 
အခုလို ၀န်ကြီးချုပ် လီရှန်လွန်း အစစ် နဲ့ အတု တို့ ရဲ့ ဓာတ်ပုံ ဟာ တစ်မျိုး ဆန်းသစ်တဲ့ Selfie တခုလည်း ဖြစ်နေ ပါတယ်။ 

ဥစ္စာစောင့်


 

” ကယ်ကြပါ အုံးတော်…..ကယ်ကြပါ အုံးတော် ”
 
အော်သံကြားလို့ ကြည့်လိုက် တာ အဖေ့ ညီမ ဒေါ်လေး ဖြစ်သူ ဒေါ်လုံးယဉ် (ခေါ်) ဒေါ်စပ် ရဲ့ အော်သံ ဖြစ်နေပါတယ်။ ဒေါ်လေးအိမ် ကို သွားကြည့် လိုက်တော့ အိပ်ယာထဲမှာ သတိမေ့ပြီးနေ ပါတယ်။

အိမ်နီး ပတ်ဝန်းကျင် မှ လူကြီး များ လူငယ် များလဲ ဝိုင်းအုံ လာပြီး ယပ်ခပ်သူ ယပ်ခပ်၊ နှိပ်နှယ်ပေး သူပေးနှင့် ဝိုင်းအုံနေပါတယ်။ ဆရာဝန် သွားခေါ်ဖို့ နဲ့ ရွာဦး ဘုန်းတော်ကြီး ပင့်လျောက် ဖို့ပြောနေကြတာ ကိုလည်း ကြားနေရပါတယ်။

နွားနို့ တစ်ခွက်ဖြင့် ကုသသည်



 


အိမ်တွေ ကို လိုက် တံခါးခေါက် လို့ ဟင်းသီးဟင်းရွက်ရောင်း ရတဲ့ ၁၀ နှစ်သား အရွယ် ကလေး ငယ်လေး တစ်ဦး ရှိပါတယ်။ မိဘ ဆင်းရဲတာကြောင့် သူ ကျောင်းတက် ဖို့ အတွက်ကို အရွယ် နဲ့ မလိုက်အောင် အလုပ် လုပ်ပြီး ငွေရှာ ရပါတယ်။

 နေပူကြဲကြဲ ထဲ သွားရင်း တစ်အိမ်ရှေ့ရောက်တော့ အောင့် မထားနိုင်တဲ့ အဆုံး ရေ တစ်ခွက် တောင်းသောက် ပါတော့တယ်။ သူ့လိုပဲ ရွယ်တူ အမျိုးသမီး ငယ်လေး ဖြစ်ပြီး ရေတင် မကပဲ ဗိုက်ဆာနေတဲ့ ပုံစံလည်း ပေါက် တာကြောင့် ရေအစား နွားနို့ ကို ခွက် အပြည့်ထည့်လို့ တိုက် ပါတယ်။


ဘလော့ အဟက် မခံရအောင် ကြိုတင် ကာကွယ် ပြင်ဆင်နည်း


blogs တွေ ဟက်တာ ဟက်တာ နဲ့ မကြာ ခဏ ကြား သိနေရ ပါတယ်..ဒါကြောင့် သတိ လက် မလွတ် ဆိုသလိုပေါ့....  ကြိုတင်ပြင်ဆင်ချက် တစ်ရပ် အနေနဲ့................
 
ဒီလို hack တာ ကနေ ကိုယ့် Blog ကို ဘယ်လို ကာကွယ်ရမလဲ ဆိုပြီးတော့  ကျွန်တော် ချက်ချင်း သတိရမိ တာနဲ့ နှစ်ပေါက်အောင် အသုံးပြုနေပြီး ဖြစ်တဲ့ ဒီ Blogger.com ထဲ က ကျော်ကျော် သွားတဲ့ function လေး ကို ကျော်သွားလို့ မဖြစ်ဘဲ အသုံးပြုရ ပါတော့မယ်။
 
ဒါကတော့ Blogger.com  က dashboard မှာ ရှိတဲ့ Settings ကိုနှိပ်ပါ။
 
 

Windows 7 ကို လျင်မြန်စွာ အသုံးပြုနိုင်သည့် အချက် ခုနစ်ချက်

 

 Windows 7 ကို အသုံးပြု နေသူများ အတွက် Windows 7 ကို လျင်မြန်သော လုပ်ဆောင် ချက် များ ရရှိ နိုင်စေရန် အတွက် အွန်လိုင်းတွင် ဝေမျှထားသည့် အချက် ခုနစ်ချက် ကို ဖော်ပြ ပေး လိုက်ပါသည်။

Window 7 ကို လျင်မြန်စွာ ပြောင်းလဲ အသုံးပြုခြင်း 

Window 7 ကိုလျင်မြန်စွာ ပြောင်းလဲ အသုံးပြု နိုင်ရန်အတွက် minimize- maximize Animation များကို disable လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ Disable ပြုလုပ်နည်းမှာ Run Box ကနေ System Properties Performance ဟု ရိုက်ပြီး Visual Effects Tab တွင် Animate windows when minimizing and maximizing ကို uncheck လုပ်ကာ OK နှိပ်ရမည် ဖြစ်ပါသည်  

Windows 7 boot time ကို မြှင့်တင်ခြင်း 

Windows 7 သည် စတင် အလုပ်လုပ်စဉ်တွင် core တစ်လုံးတည်းကိုသာ အသုံးပြုပါသည်။ ဒါကြောင့် boot time ကို မြှင့်တင်ရန် အတွက် အသုံးပြုမည့် core များကို တိုးမြှင့်ခြင်းဖြင့် ပြု လုပ်နိုင်ပါသည်။


တယ်လီနော ဆင်းမ်ကတ် မှောင်ခိုဈေး မရှိခဲ့




တယ်လီနော ဆင်းမ်ကတ် များ ၀ယ်ယူရန် တန်းစီနေ သူများ (ဓာတ်ပုံ – နစ်ကီ)



 တယ်လီနော ဆင်းမ် ကတ် များ ရန်ကုန်မြို့ တွင် စတင် ရောင်းချသည့်နေ့ ၌ ဆင်းမ်ကတ် မလောက်င မှုနှင့် မှောင်ခိုဈေး ကွက်ပေါ်ပေါက် ခဲ့ခြင်းများ မရှိခဲ့ ကြောင်း မိုဘိုင်းဖုန်း အရောင်း ဆိုင် များ ထံမှ သတင်း ရရှိသည်။

ယခု ကဲ့သို့ ရောင်းအား ပုံမှန် သာ ရှိခြင်းမှာ တယ်လီနောမြန်မာ အနေဖြင့် ၎င်း တို့၏ ဆင်းမ် ကတ် များရောင်းချမည့်နေ့ ကို ကြိုတင် ကြေညာခြင်း မရှိသည့်အတွက် ဆင်းမ်ကတ် စတင်ရောင်း ချ သည့် နေ့ ကို မိုဘိုင်းဈေးကွက်နှင့် နီးစပ် သူ အများ စုသာ သိရှိပြီး အခြား  လူ များ မသိ ရှိကြခြင်းကြောင့် တယ်လီနော အနေဖြင့် အရောင်းဆိုင်ပေါင်း ရှစ်ထောင်၌ တစ်ပြိုင် တည်းရောင်းချပေးလိုက်သည့် အတွက်လည်း ဖြစ်နိုင်ကြောင်း မိုဘိုင်းဖုန်း အရောင်းဆိုင် အချို့မှ သုံးသပ်ကြသည်။


Hard Disk အကြောင်းလေး


 
 
Hard disk ဆိုတာ
Hard disk ဆိုတာ ကွန်ပျူတာတစ်လုံးမှာမရှိမဖြစ်လိုအပ်ပြီး ကွန်ပျူတာအားလုံးမှာတွေ့ နိုင်တဲ့ device တစ်ခု ဖြစ်ပါတယ်…သူက operating system အလုပ်လုပ်ဖို့ နဲ့ data တွေကို storage လုပ်ဖို့ ဖြစ်ပါတယ်..
 
 သူ အလုပ်လုပ် တဲ့ပုံစံက ဒီ hard disk အထဲမှာ platter တွေရှိတယ် ဒီ Platter တွေဟာ spindle motor လည် တဲ့အား ကြောင့် air cushion ဖြစ်ပေါ်လာတယ် အဲဒီအချိန်မှာပဲ read/write head တွေက platter   ပေါ်မှာရေးမှတ် ထား တဲ့ဒေတာ တွေ ကို ရေးခြင်း ဖတ်ခြင်းမှတ်ခြင်းစတာတွေကိုလုပ်ဆောင်တယ်.. တစ်ခုချင်းစီ် လုပ်ဆောင်ပုံ ကို အောက် မှာ ရှင်း ပြပါမယ်..

Sunday, October 26, 2014

ပျောက်ဆုံးနေသော တန်ဖိုးများ

00024

အင်္ဂလိပ်စကား မှာ price နဲ့ value က မတူညီ ပါဘူး။ မြန်မာ စကား မှာလည်း ဈေးနှုန်းနဲ့ တန်ဖိုး ဆိုတာ အတူတူ လို့ ပြောဆို သုံးနှုန်းတတ်ကြပေမယ့် မတူပါဘူး။ ဈေးနှုန်း တူတဲ့ ပစ္စည်း ချင်း အတူတူ ကို တန်ဖိုး ထားမှုက ကွာနေတတ် ပါတယ်။ 

တစ်ခါ တလေ ဘာမှမဟုတ်ဘဲ၊ ဈေးကြီး မပေးရဘဲ တန်ဖိုး ထားသူက တန်ဖိုးထားနေတတ် တာပါ။ တန်ဖိုးထားမှု ဆိုတာ လူတစ်ဦးချင်း ရဲ့ အတွေ့ အကြုံ ခံယူချက်နဲ့ ဆိုင်သလို ယဉ်ကျေးမှု နဲ့လည်း ဆိုင်ပါတယ်။ ခေတ်နဲ့လည်း ဆိုင်ပါတယ်။ 

တစ်ခေတ်တစ်ခါ က မြန်မာယောက်ျား လေးတွေ “သျှောင်” ထုံးကြပြီး “သျှောင်” ကို အထိမခံ တာ အခုတော့ပျောက်ဆုံး သွားခဲ့ ပါပြီ။ နှမြောစ ရာ ရိုးရာဓလေ့ စရိုက် လို့ ပြောနိုင်ပေမယ့် ဒီနေ့ခေတ်လို အခါမှာ ကိုယ့်သား ကိုယ်တောင် “သျှောင်” ထား ဖို့ပြောလို့ ရမှာမဟုတ်ပါဘူး။ 


Saturday, October 25, 2014

နောက်ကြောင်း ပြန်လှည့်ဖို့ ကတော့ မဖြစ်နိုင်ဘူး လို့ ထင်တယ်

ဦးအောင်ဒင်, U.S Campaign for Burma , NED , Free Burma Coalition


ယ္ခင်အစိုး၇ လက်ထက် ၌ ပြည်ပ တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ပြည်တော်ပြန် များ မြန်မာနိုင်ငံ သို့ အကြောင်း ကိစ္စ အမျိုးမျိုးဖြင့် ပြန်လည် ၀င်ရောက် လာရာတွင် အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ (U.S Campaign for Burma) ၏ အမှုဆောင် ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူ ခဲ့သူ ဦးအောင်ဒင် လည်း အပါအ၀င် ဖြစ်သည်။

ဦးအောင်ဒင် သည် အမေရိကန် အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ဆိုင်ရာ အဖွဲ့ National Endowment for Democracy (NED) မှ ပေးအပ်သော ၂၀၁၂ ဒီမိုကရေစီ ဆုကို ဦးကျော်သူ၊ ဦးခွန်ထွန်းဦး ၊ ဦးမင်းကိုနိုင် ၊ ဒေါက်တာ စင်သီယာမောင်တို့နှင့် အတူ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု ကို ကိုယ်စားပြု ရရှိခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံ မှ ထွက်ခွာ သွားပြီး ၁၆ နှစ် ကာလ အတွင်း ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံ သို့ ခေတ္တ ပြန်လည် ရောက်ရှိ လာသူ ဦးအောင်ဒင် အား သူ၏ အတွေ့ အကြုံများနှင့် လက် ရှိ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ် များနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော် က တွေ့ဆုံ မေးမြန်းထားသည် များကို ဖော်ပြ လိုက်ပါသည်။


အပါယ်လေးပါး မှ လွတ်မြောက်စေနိုင်သော ကုသိုလ် (၇)မျိုး

 
 
 
အပါယ်လေးပါး မှ လွတ်မြောက်စေနိုင်သော ကုသိုလ် (၇)မျိုး 
အပါယ်လေးပါး ဆိုတာ ငရဲ၊ တိရိစ္ဆာန် ၊ပြိတ္တာ၊  အသု ရကာယ် တို့ဖြစ်ပါတယ်။ အပါယ် ဆိုတာ က(အပါယ) ဆိုတဲ့ ပါဠိပုဒ် ကနေဆင်း သက် လာတာပါ။

(အပါယ) မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ် ရှိပါတယ်။ အပ=ကင်းခြင်း၊ အယ= ကုသိုလ် တရား နှစ်ပုဒ် ပေါင်းလိုက်တော့ ကုသိုလ် တို့မှကင်းခြင်း လို့ အဓိပ္ပါယ်ရ ပါတယ်။ 

ဆိုလိုတာ က အပါယ်လေးဘုံ သား တို့မှာ ကုသိုလ်တွေ မှ ကင်းခြင်း ၊ ကုသိုလ် တရား တို့ ကိုပြုလုပ်နိုင်စွမ်း မရှိခြင်း ချမ်းသာခြင်း တရားတို့မှ ကင်းခြင်း လို့ အဓိပ္ပါယ် ရပါ တယ်။

မှန်ပါတယ်။ အပါယ်လေးဘုံ ကိုရောက်သွားပြီ ဆိုရင် ကုသိုလ် တရားတွေကိုပြုလုပ်နိုင် စွမ်း မရှိ သည့် အ တွက် ကောင်းသော ဘုံဌာန ကို ပြန်ရောက်ဖို့ အင်မတန်မှ ခက်ခဲပါတယ်။ အကုသိုလ် ကံ အဟုန်တွေ ကုန်ဆုံး မှသာ ကောင်းရာ ဘုံကိုရောက်စေ တာပါ။

ငရဲ ဘုံ ဆိုရင်လည်း ငရဲသူ၊ ငရဲသားတို့ရဲ့ ဆင်းရဲဒုက္ခအလွန်ကြီး ပါတယ်။ သံရည်ပူ များနှင့်လောင်း ခံရခြင်း ၊ခွေး နက်ကြီး များရဲ့ ကိုက်ခဲခြင်း ကိုခံရခြင်း၊ ဓါး ၊ လှံတို့ဖြင့် ထိုးခံ ရခြင်း စသည်ဖြင့် ဒုက္ခများစွာ ဖြစ်နေ တဲ့နေရာ၊ ချမ်း သာ ဆိုလို့ မြူမှုန် တစ်မှုန် မျှ မရှိလိှု့ ငရဲ လို့ခေါ်တာပါ။ 

Friday, October 24, 2014

ပင်လယ် ခရုခွံ ဟာ ဘာကြောင့် ပင်လယ်သံ မြည်သလဲ

 
 
 
ပင်လယ် ခရုခွံ ကို နားမှာ ကပ်ပြီး နားထောင်ရင် ပင်လယ်လှိုင်း သံတွေ ကြားရသည်။ ဘယ်နေရာမှာ ပဲ ဖြစ်ဖြစ် နားထောင်ရင် ပင်လယ်လှိုင်း သံ ကြားရသည်။ ထိုသို့ ဘာကြောင့် ကြားရသနည်း။ 

ခရုခွံ ထဲမှာ ပင်လယ်ကြီး ရှိနေလို့လား မေးစရာ ဖြစ်သည်။ အမှန် မှာ ထိုသို့မဟုတ်။ ပင်လယ် ခရုခွံ သည် ကိုယ့်ဘေးဝန်းကျင် က အသံ များကို စုစည်း ကာ ပြန်ထုတ်ပေးခြင်း ဖြစ်သည်။ 

ထွက်လာသော အသံ သည် တိုက်ဆိုင်စွာ ပင် ပင်လယ်သံနှင့် ဆင်တူနေခြင်းဖြစ် သည်။ ဘေး ၀တ်ဝန်းကျင် က အသံ အတော် များများ (အထူး သဖြင့် သေးငယ်သော အသံ အမှုန် အမွှားလေး များ) ကို လူသား သည် ဂရုပြု နားဆင်ခြင်း မရှိလျှင် မကြားသလို ဖြစ်နေတတ် သည်။ 


Thursday, October 23, 2014

မြေမဲ့ အိမ်မဲ့ များ အတွက် ဝန်ကြီး ဌာနပိုင်မြေ များ ပြန်လည် စွန့်လွှတ်ပေးမည် ဟု ဒုဝန်ကြီး ပြောဆို



နေပြည်တော် (မဇ္ဈိမ)။ ။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များက လယ်မဲ့ ယာမဲ့ အိမ်မဲ့ များကို မြေနေရာ များ ချထားပေးနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီး ဌာနပိုင်မြေ များ ပြန်လည် စွန့် လွှတ်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ညှိနှိုင်းဆောင်ရွက် လျှက်ရှိသည်ဟု ဒု-ဝန်ကြီး ဦးတင်ငွေ က အမျိုးသားလွှတ်တော်တွင် ပြောသည်။


Nawaday-Encroach-Habitation-01

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ရှိ ဒေးစွန်း အနောက်ရပ်ကွက် အတွင်း အိမ်နှင့်မြေ ပိုင်ဆိုင်မှု မရှိကြသူများ ကျူးကျော် အဖြစ် နေထိုင်နေကြသည် ကို အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – အောင်ကိုဦး၊ မဇ္ဈိမ) မြေဈေးကြီးမြင့်မှု၊ အိမ်ဈေးကြီးမြင့်မှု များကြောင့် အိမ်မဲ့ ယာမဲ့ပြဿ      နာ ကို အမြန်ဆုံးဖြေရှင်းပေးရန် လိုအပ်နေပြီ ဟု လေ့လာသူ များကဆိုသည်။

“တိုင်းဒေသကြီး နဲ့ ပြည်နယ် အစိုးရ အဖွဲ့များ အလိုက်မြို့ပြ စီမံကိန်း Town Plan၊ Village Plan တွေ ရေးဆွဲပြီး အိမ်ရာမြေ များ တိုးချဲ့ပြီး အိမ်ထောင်ခွဲ၊ အိမ်ယာမဲ့ များအား ဦးစားပေး နေ ရာချထားပေး ရန် သက်ဆိုင်ရာ ဋ္ဌာနများက အသုံး မပြုတဲ့မြေများ ပြန်လည် စွန့်လွှတ်ပေးနိုင်ရေး အတွက် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာန မှ ဒု-ဝန်ကြီး ဦးတင်ငွေ က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး တွင် လယ်မဲ့၊ ယာမဲ့၊ အိမ်မဲ့ များကို တိုင်းဒေသကြီး အစိုးရ အဖွဲ့က စာရင်းပြုစု လျက် ရှိပြီး အချက်အလက် များပေါ်မူတည် ကာ သင့်တော်သည့် အစီအမံများ တိုင်း အစိုးရ က ချမှတ်ဆောင်ရွက်ပေးသွားမည် ဟု ဆိုသည်။

အလှအပ ရေးရာ အတွက် ရှောက်သီး ကို ဘယ်လို အသုံးပြုမလဲ


00021

ရှောက်သီး ဟာ အသားအရေ နဲ့ ဆံပင် အတွက် လွန်စွာ ကောင်းကျိုး ပြုသလို ရှောက်သီး ဟာ အလှ အပ အတွက် များစွာ အကျိုးရှိပါတယ်။

၁။ အစိုဓာတ် ထိန်း ခရင်မ်
အုန်းရည် အနည်းငယ် နဲ့ ရှောက်ရည် အနည်းငယ် ကို ရောစပ်ပါ။ အုန်းရည် က အသားအရည် ကို အစို ဓာတ် ထိန်းပေးပြီး ရှောက်ရည် က အသားအရည် ကို ကြည်လင် ၀င်းလက် စေ ပါတယ်။

၂။ တံတောင်ဆစ်နှင့် ဒူးခေါင်း ဂျီး ချွတ်ဆေး
ညိုမည်းနေ တဲ့ တံတောင်ဆစ် နဲ့ ဒူးခေါင်းတွေ ကို ရှောက်သီး တစ်ခြမ်းနှင့် ပွတ်တိုက်ပေး ပါ။ ဖြူ     ၀င်း လာပါလိမ့်မယ်။

လိင် အသားပေးပြကွက် များ လာမှုကြောင့် ထိန်းကျောင်းပေးခြင်းဖြစ် ဟုဆို


 
မြန်မာ့ ရုပ်ရှင်နဲ့ ဗွီဒီယို ဇာတ်ကားတွေ ကို လာမယ့် ဒီဇင်ဘာလ ၁ ရက်က စပြီး ဆင်ဆာအဖွဲ့ ထံ တင်ပြပြီး မှ ထုတ်လုပ်ခွင့် ရရှိတော့ မှာ ဖြစ်ပါတယ်။

ဆင်ဆာ  အဖွဲ့က အခုလိုပြန်လည် စိစစ် ရတာဟာ မြန်မာ့ ရုပ်ရှင်လောက ကို ထိန်းချုပ် လို တာကြောင့် မဟုတ် ဘဲ ဗွီဒီယို ဇာတ်ကားတွေ မှာ လိင် အသားပေးပြကွက်တွေ၊ သာသနာကို ညှိုးနွမ်းစေတဲ့ ပြကွက်တွေ အပါအ၀င် မြန်မာ့ရိုးရာဓလေ့ နဲ့ မကိုက်ညီတဲ့ ဇာတ်ဝင်ခန်းတွေ များလာ တာကြောင့် ထိန်းကြောင်းပေး တဲ့ သဘောသာ ဖြစ်တဲ့အကြောင်း ဇာတ်ကား အဆင့် အတန်း သတ်မှတ် စိစစ် အကဲဖြတ် အဖွဲ့ရဲ့ အဖွဲ့ဝင် ရှုမ၀ ဦးတင်ငြိမ်းက ပြောပါတယ်။

နှုတ်ခမ်းနီ



အလယ်တန်းကျောင်း တစ်ကျောင်း မှာ မြီးကောင်ပေါက် ကျောင်းသူတွေကြောင့် ဆရာ မကြီးခေါင်း ခဲနေရတယ်။ ကျောင်းသူ တွေ ဟာ ရေအိမ်ခန်းတွေ ထဲ သွားပြီး အလှတွေပြင်   ကြ ၊ နှုတ်ခမ်းနီ တွေ ဆိုးကြတယ်။

ပြဿ       နာက သူတို့ဟာ နှုတ်ခမ်းဆေး ဆိုးပြီးရင် ကြည့်မှန်ပေါ် မှာ သူတို့ ရဲ့ နှုတ်ခမ်းရာတွေ ချန်ထား ရစ်ခဲ့ကြ တာပဲဖြစ်တယ်။ 

ဒါကြောင့် ရေအိမ်တွေ က ကြည့်မှန်တွေ မှာ သူတို့ရဲ့ နှုတ်ခမ်းတွေ ဒါဇင်ပေါင်း များစွာနဲ့ စွန်း ထင်းနေတယ်။

အကြမ်းဖက် ရိုက်နှက် ခြောက်လှန့် စစ်ဆေး ခံခဲ့ ရကြောင်း ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦးပြော

 
 
ထိုင်းနိုင်ငံ မှ ရှေ့နေများကောင်စီ အဖွဲ့ဝင် များနှင့် မြန်မာ သံအမတ်ကြီး တွေ့ဆုံစဉ် (ဓာတ်ပုံ− ငြိမ်းချမ်း)
 
 ဘန်ကောက်- 
ထိုင်း ရဲတပ်ဖွဲ့သည် မြန်မာ လုပ်သား နှစ်ဦးအား စစ် ဆေးစဉ် က အကြမ်းဖက် ရိုက်နှက် စစ်ဆေး ခဲ့ပြီး နှုတ်အားဖြင့် ကြောက် လန့်အောင် ပြောဆို မှု မျာြး ပုလုပ်ခဲ့ကြောင်း ထိုင်းနိုင် ငံ ရှေ့နေများ ကောင်စီက ပြော ကြားသည်။

ဖမ်းဆီးခံ မြန်မာ လုပ်သား နှစ်ဦး သည် ဗြိတိန် စုံတွဲ ကို သတ် ဖြတ် ရာတွင် ၎င်းတို့ မပါ ၀င်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေ များ ကောင်စီ အား ပြောကြား ခဲ့ကြောင်း ယင်းကောင်စီ က ပြော သည်။ 

ထိုင်းနိုင်ငံရှေ့နေ များကောင်စီ သည် အောက်တိုဘာ ၂၁ ရက် တွင်ဖမ်းဆီး ခံ မြန်မာ လုပ် သားနှစ် ဦးထံ သွားရောက်မေးမြန်း ခဲ့ရာ ဖမ်းဆီးခံ မြန်မာ လုပ်သား နှစ်ဦးက ယင်းကဲ့ သို့ ပြော ကြားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရှေ့နေကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက အောက် တိုဘာ ၂၂ ရက် တွင် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်ပြီး ထိုင်းနိုင်ငံ ဆိုင် ရာ မြန်မာ သံအမတ်ကြီးအား အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
 

ရည်းစား က ပစ်သွား ၍ ကြက်ကြော်ဆိုင် တွင် ကြက်တောင်ပံ များ တစ်ပတ်လုံး ထိုင်စားနေ သူ မီဒီယာ များ၏ ဖော်ပြခြင်းကို ခံရ

For seven days Tan ordered chicken wings with  extra large fries at the KFC near a train station by her home

ရည်းစားနဲ့ ကွဲလို့ ဝမ်းနည်းနေ တဲ့ မိန်းကလေး တစ်ဦးဟာ KFC ကြက်ကြော် ဆိုင်မှာ တစ်ပတ် လုံးလုံး ကြက်တောင် ပံတွေ ထိုင် စားနေတာကြောင့် ဒေသတွင်း မီဒီယာတွေကြား မှာ သတင်း ဖြစ်ခဲ့ ရပါတယ်။
 

Daily Star ရဲ့ဖော်ပြချက် အရ ဒီ မိန်းကလေး ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် Chengdu မြို့က ဖြစ်ပါတယ်။

 လူတွေ က အများကြီးကို လာတာ ပါ။ ပထမတော့ ဘယ်သူ မှ သူ့ကို သတိ မထားမိဟု ဆိုင်ဝန်ထမ်း တစ်ဦးဖြစ်သူ လီလန် ဆိုသူ က “၂၄ နာရီလုံး ဖွင့်တော့ ဒီမှာ ကျွန်တော်တို့ က အဆိုင်း ခွဲဝန်ထမ်းတွေ ဟာ တန်ရှင် ဆိုတဲ့ ဒီ မိန်းကလေး ကို သုံးရက်လောက် ကြာပြီး မှသာ သတိ ထားမိခဲ့ကြတယ် လို့ဆိုပါတယ် ။



စေတီ တို့တွင် တွေ့ရသော ခြင်္သေ့ရုပ် ၏ အဓိပ္ပါယ် အမှန်

ခြသေ့င်္ ဟာ သူ့ကိုမြှား နဲ့ ပစ်ရင် မြှားနောက် သို့ မလိုက် ဘဲ ပစ်တဲ့ သူကိုပဲ လိုက်ပါ တယ် …  ခွေးဆို လျှင် ခဲနဲ့ ပစ်ပါက ခဲနောက် ကို လိုက်ပါတယ်… ခြသေ့င်္ နဲ့ မတူပါ… ဒါကြောင့် ခြသေ့င်္ ဟာ အကြောင်း ကို လိုက်တယ် လို့ ပမာပြု ပါတယ်…

ဒီလိုပဲ ဗုဒ္ဓ တရား တွင် ပဋိစ္စသမုပ္ပါဒ် တရား သည် အကျိုး တရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ် မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာ ရှိတဲ့ အကြောင်း တရားတွေ ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀ တို့ မဖြစ်အောင် အပြီးသတ်ပါတယ်… 

အကြောင်း တရား များ မရှိပါက အကျိုး တရား ခန္ဓာ (ဒုက္ခသစ္စာ) သည် ထပ်ဖြစ်မလာတော့ပါ။ အကျိုးတရား တို့သည် ပုံမှန် အတိုင်း ဖြစ်နေတာပါပဲ။ သူတို့ ကို တိုက်ရိုက် ချည်း မဖြစ်အောင် လုပ်ရိုး မရှိပါ… လုပ်လို့လည်း မရပါ…

Wednesday, October 22, 2014

ကျောင်းခန်း သောက်ရေအိုး အတွင်း ပိုးသတ်ဆေး ထည့်ခဲ့သည် ဆိုသော ငါးတန်းကျောင်းသား အား အရေးယူသင့် မသင့် အငြင်းပွားနေ


 

 

ဆရာ ဆူသည့် အတွက် ကျောင်း သောက်ရေအိုး ထဲ ပိုးသတ်ဆေး ခပ်ခဲ့ သော ကျောင်းသားကို ပညာပေး ဆုံးမသင့်သည်ဟု ဆိုသော အုပ်စု က တစ်ဖက်နှင့် အရေးယူ သင့် သည်ဟု ဆို သော ရပ်တည် ချက် ရှိသူတို့က တစ်ဖက် စသည်ဖြင့် အသိုင်း အဝိုင်းနှစ်ခုကြား လက်ရှိ တွင်နှစ် ဖက် အငြင်းပွားလျက် ရှိနေကြသည်။

၂ဝ၁၄-၂ဝ၁၅ ပညာသ င်နှစ် ၏နှ စ်စ ၁၉ ရက်နေ့ တွင် ဧရာဝတီ တိုင်းဒေသကြီး ဝါးခယ်မ မြို့နယ် ရွေလောင်းတိုက်နယ် ကုလားကျွန်း ကျေးရွာ အလယ် တန်း ကျောင်းခန်း အတွင်း အင်္ဂလိပ်စာ စာလုံး ပေါင်းမေးသော ဆရာမ ဆူမည် ကို စိုးရိမ် လွန်ကာ ငါးတန်းကျောင်း သား မောင်…မှာ ကျောင်းခန်းသောက် ရေအိုး အတွင်း ပိုးသတ်ဆေးထည့်ခဲ့ ကြောင်း၊ ထိုရေ ကိုသောက်၍ ကျောင်း သား/ သူ ၁၃ ဦး အော့အန် ခဲ့သည်။


မြောက်ကိုရီးယားနှင့် နယ်စပ် အနီး ခရစ္စမတ် သစ်ပင် အဖြစ် အသုံးပြုလေ့ ရှိသည့် မျှော်စင် ကို တောင်ကိုရီးယား ဖြိုချ




မြောက်ကိုရီးယား က နယ်စပ် တွင် ခရစ္စမတ် သစ်ပင် စိုက်ထူရန် အသုံးပြုလေ့ ရှိသည့် မျှော်စင် တစ်ခုကို တောင်ကိုရီးယား က ဖြိုချလိုက်ကြောင်း သိရသည်။

အဆိုပါ ဘာသာရေး အထိမ်း အမှတ် အဆောက် အအုံသည် ပေ(၆၀) မျှ မြင့်ပြီး ခရစ္စမတ် ကာလ များတွင် ရောင်စုံ မီးများဖြင့် လှပစွာ စီခြယ် ပုံဖော်ထားလေ့ ရှိသည်။

 မြောက်ကိုရီးယား နိုင်ငံ ဘက်မှ ထင်ထင် ရှားရှား တွေ့မြင်ရသည့် ယင်းမျှော်စင် သည် တောင် ကိုရီးယား ၏ ဝါဒဖြန့် သိမ်းသွင်း သည့် လုပ်ဆောင် မှု တစ်ခု ဟု စွပ်စွဲကာ ဖြိုချပေးရန် မြောက် ကိုရီးယား က အကြိမ်ကြိမ် တောင်းဆိုခဲ့ ဖူးသည်။


သရဲအိမ် တစ်ခု အတွင်း အမျိုးသား နဲ့ အမျိုးသမီးပေါင်း ၈ ဦး အား အတင်းအဓ္မ ကိုယ်ထိ လက်ရောက် လိင်စော်ကားမှု ကျူးးလွန် ခဲ့တဲ့ အမျိုးသား တစ်ဦး ဖမ်းဆီးခံရ







အသက် ၅၂ အရွယ် ရှိ Daniel Rosmann လို့ခေါ်တဲ့ အမျိုးသား တစ်ဦးဟာ Milwaukee သရဲ အိမ်ကြီး ဆီ အလည် အပတ် သွားရောက်ကြည့်ရှု ခဲ့ပြီး ကြည့ှ်ုနေချိန် အတွင်း အမျိုးသားနဲ့ အမျိုးသမီး အားလုံးပေါင်း ရှစ်ဦး အား အတင်းအဓ္မ ကိုယ်ထိ လက်ရောက် လိင် ဆက်ဆံ ကျူး လွန် ခဲ့တာကြောင့် ဖမ်းဆီး ခံရတယ်လို့ WISN သတင်း အရ သိရပါတယ်။

အဲဒီ သရဲခြောက်တဲ့ အိမ် ပိုင်ရှင် Corey Stephens ကတော့ Daniel Rosmann ဟာ တခြား သူတွေ လိုပဲ အခကြေးငွေပေးဆောင် ကာ အိမ်ထဲ ဝင်ရောက် ခဲ့တာလို့ ဆိုပါတယ်။ 

မြန်မာ အလုပ်သမား ၃၀ဝဝ လောက် ဘန်ကောက် မှာ ငွေလိမ်ခံရ




ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်တောင် ဘက်ခြမ်း ဘန်းဘော အရပ် မှာ ရှိတဲ့ ထိုင်း ကုမ္ပဏီ တစ်ခု က သူတို့ဆီ မှာ အစုရှယ်ယာ ဝင်ရင် ၄ လ အတွင်း အမြတ် ၄ ဆ ရမယ် ဆိုပြီး မက်လုံးပေး ခဲ့ တာကို ယုံခဲ့ မိတဲ့ မြန်မာ အလုပ်သမားတွေ ဘတ်ငွေ သန်း ၃၀ လောက် အလိမ် ခံလိုက် ရပါတယ်။

သူတို့ ကုမ္ပဏီ မှာ အစု ရှယ်ရာ တစ်စု ကို ဘတ် ၁ သောင်းနှုန်း နဲ့ အစုဝင် ရင် ၄ လ အကြာမှာ ဘတ် ၄ သောင်းခွဲ ရမယ်၊ တခြား အခွင့် အရေးတွေ လည်း ရမယ်လို့ ပြောတဲ့ အတွက် အလုပ် သမားတွေ က အစုရှယ် ယာ ဝယ်ခဲ့ တာ ဖြစ်တယ်လို့ အစု ၄ စုဝယ်ခဲ့ သူ ကိုကျော်လင်းဦး က ဘီဘီစီ ကို ပြောပြပါတယ်။


အမျိုးသမီး ငါးဦးလျှင် လေးဦး မှာ အပျိုစင် မဟုတ်ဟု ဆိုသည့် အပျိုစင် စစ်တမ်းနှင့် ခေတ်ဆန်း ပုစ္ဆာ



 


မြို့ပြနေ အမျိုးသမီး ငါးဦးလျှင် လေးဦး မှာ အပျိုစင် မဟုတ်ဟု စစ်တမ်း တစ်ရပ် က ထုတ်ပြန် လိုက် ပြီးနောက် ထို  သတင်း က မြန်မာ အမျိုးသမီး များကြား ပွက်လော ရိုက် သွားခဲ့ သည်။ 
မည်သို့သော အခြေအနေ များက ၎င်း စစ်တမ်းထွက်ရှိ ရန် အထောက် အကူ ပြုခဲ့ သနည်း။ 

မည် သူ တို့ ကို မေးမြန်း ခဲ့သနည်း။ မည်သည့်အတွက်ကြောင့် ယင်း စစ်တမ်း ကို ကောက်ခံ ခဲ့ ကြ သနည်း ဟူ သည့် မေးခွန်းများ က အမျိုးသမီး များတွင် သာမက အမျိုးသား များကြား တွင် ပါ ငြင်းခုံ တီးတိုး ဆိုစရာဖြစ်လာခဲ့သည်။

အထူး သဖြင့် မိဘ အုပ်ထိန်းမှုဖြင့် ကြီးပြင်းနေရဆဲ၊ လက်မထပ်မီ အတူနေခြင်းကို လက် မခံသော ယဉ်ကျေး မှု စံနှုန်း များနှင့် အပျိုစင် တန်ဖိုးကို အလေးထားနေ ဆဲ မြန်မာ အ မျိုးသမီး အများ စု က မူ ထိုစစ်တမ်း ကို ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ကြသောကြောင့်ပင်။ 

အသက် ၂၆ နှစ်ရှိ ကုမ္ပဏီ ဝန်ထမ်း အမျိုးသမီးတစ်ဦး က ပြည် တွင်း ဂျာနယ် တစ် ခု၏ မျက်နှာ ဖုံးပေါ် မှ ထို စစ်တမ်းသတင်း ကို ဖတ်ပြီး ပြီးချင်း ”ဒါ စော်ကားတာ ပဲ”ဟု ဒေါသ ထွက်သွား ဟန်ဖြင့် ခပ်တင်းတင်းပြောဆို လိုက်သည်။


အပျိုစင် ဘ၀ ကို ပုရိသ များထံ လေလံတင် ရောင်းချခဲ့ သူ မိန်းမပျို (၈) ဦးအကြောင်း

 

 

အမျိုးသမီး တစ်ဦး အတွက် အပျိုစင် ဆိုတဲ့ ဂုဏ်ပုဒ် ဟာ ဘာနဲ့မှ လဲလှယ် လို့ မရတဲ့ တန်ဖိုးကြီး ရတနာ အဖြစ် တင်စားလေ့ ရှိ ကြပါတယ်။ ငွေကြေးကြောင့် အပျိုစင် ဘ၀ကို စွန့်လွှတ်ရ သူတွေ အများအပြားရှိခဲ့ ပါတယ်။ 

ဒါပေမဲ့ အချို့ အမျိုးသမီး တွေဟာ နောက်ဆုံး အချိန်မှာ ငွေကြေးနဲ့ အပျိုစင် ဘ၀ကို မလဲနိုင်ကြောင်း ငြင်းဆိုတာ မျိုးလည်း ရှိခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် အပျိုစင် ဘ၀ကို ရောင်းချ မှုတွေ ဟာ မကြာခဏ ဖြစ်ပွား နေဆဲ ဖြစ်ပါ တယ်။ 

အင်တာနက် အသုံးပြုမှု ကျယ်ပြန့်လာ ပြီးတဲ့နောက် မှာ အပျိုစင် ဘ၀ကို အွန်လိုင်းကနေ ရောင်း ချ မှုတွေ ရှိ လာပါတယ်။ ဒီလို ရောင်းချရာ မှာ အချို့က ငွေကြေး အခက် အခဲကြောင့် လည်းကောင်း ၊ အချို့က ထင်ရှားလို သောကြောင့် လည်းကောင်း အမျိုးမျိုး ဖြစ်နေ တာ တွေ့ရှိ ခဲ့ရ ပါတယ်။ အပျိုစင် ဘ၀ကို လေလံတင် ရောင်းချရာမှာ ထင်ရှားတဲ့ အဖြစ် အပျက်တွေ ထဲက အချို့ ကို ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။


ရင်သား ပုံကြော်ငြာကြောင့် တရက် တည်း ယာဉ် တိုက်မှု ၅ဝဝ ဖြစ်


 

မော်စကိုမြို့ကြော်ငြာအေဂျင်စီ တခုရဲ့ ဖန်တီးချက် က သူတို့ ဆီမှာ အင်မတန် မှ သက်ရောက်မှု အားကြီး ခဲ့တယ် လို့ ဆိုရမယ်။ ဖုံးကွယ်အပ်တဲ့ အရာကို ဒီအတိုင်း ထားရင် ဘာဖြစ်မလဲ ဆိုတာ ဒီ အကြောင်းလေးက အဖြေပေးနေပါပြီ။

ဒီကြော်ငြာကြီး ငေးကြည့်မိတဲ့ အတွက် ကားအချင်းချင်း တိုက်၊ အဆောက် အအုံတွေ ဝင်တိုက် တာတွေ ဖြစ်သွား တာ တရက်တည်း နဲ့ မတော် တဆမှုပေါင်း ငါးရာကျော်သွားတယ် လို့ ဆို တယ်။

ကြော်ငြာ ကို တွေ့တာ နဲ့ ပတ်ဝန်းကျင် ကို မမြင်နိုင်လောက်အောင် ဖြစ်သွားတာပေါ့။


ဘုရားပွဲ နဲ့ မော်ဒယ်ဂဲလ် (သတိပြု ဆင်ခြင် ဖွယ်ရာ)


ဆရာရေ မြန်မာပြည် မှာ ဒါမျိုးကြီးတွေ တရားဝင် လုပ်လို့ရနေပြီလား ဟင် ... လို့ နံနက်ခင်း တစ်ခု မှာ အတူ လက်ဖက်ရည်ဆိုင် ထိုင် ဘက် ဘော်ဒါကြီး တစ်ယောက် က အင်တာနက် ဖွင့် ထား တဲ့ သူ့ဖုန်း လာ ထိုးပြတယ်။ 
 
ဖတ်လိုက်တော့ စတီးရောင် ပြောင် လက်လက် တိုင် တစ်လုံး ကိုင်ပြီး ပတ်ကနေ တဲ့ မြန်မာပြည် က Sexy အကျဆုံး လို့ နာမည်ကြီး တဲ့ မော်ဒယ်ဂဲလ် သုံးယောက် ပုံတွေ ထိပ်ဆုံး က ပါတဲ့ သတင်း တစ်ပိုဒ်။

မသိရင် ဟောလီးဝုဒ် ရုပ်ရှင်ပြကွက် တစ်ခုလား ထင်ရတယ်။ အရင် က မိသားစု နဲ့ အတူဆိုရင် ရစ်ကြည့် ရတတ်တဲ့ အခန်းမျိုး ထဲ ပါတယ်။ ခုများတော့ မြန်မာပြည် က ဟိုတယ် တစ်ခုထဲမှာ တရား ၀င် လုပ်ပြ သတဲ့။

ဂျာမန် ဆိုင်ကယ် လမ်းသရဲ ဂိုဏ်း ဆီးရီးယား သို့ သွားရောက်ပြီး IS အဖွဲ့ ကို တိုက်ခိုက် ရန်ပြင်ဆင်

 
 
 
Median Empire Motorcycle Club ဟု အမည်ရသော ဂျာမန် ဆိုင်ကယ် လမ်းသရဲ ဂိုဏ်းသည် အစွန်းရောက် အကြမ်းဖက် အဖွဲ့ IS ကို ချေမှုန်း ရာတွင် ပါဝင် ကူညီရန် အတွက် ဆီးရီးယားနိုင်ငံ၊ ကိုဘာနီ မြို့သို့ ရောက်ရှိ လျက် ရှိကြောင်း Daily Mail သတင်းဌာန တွင် ဖော်ပြ ထားသည်။

Median Empire Motorcycle Club သည် ဂျာမနီနိုင်ငံ၊ ကိုလုံး မြို့တွင် အခြေ စိုက်သော အဖွဲ့ တစ်ဖွဲ့ ဖြစ် ပြီး ကာ့ဒ်လူမျိုးစု များနှင့် အဆက် အသွယ် ရှိသော အဖွဲ့လည်း ဖြစ်သည်။

Median Empire Motorcycle Club ၏ ခေါင်းဆောင် များသည် ဆီးရီးယားနိုင်ငံ၊ ကိုဘာနီ မြို့သို့ ရောက် ရှိနေသော ၎င်းတို့ ဂိုဏ်းသား များ၏ ဓာတ်ပုံ များကို အဖွဲ့ ၏ တရားဝင် Facebook စာမျက်နှာ တွင် တင်ထား ခဲ့ပြီး ထို ဓာတ်ပုံများ ထဲမှ လမ်းသရဲ ဂိုဏ်း သား အချို့မှာ လက်နက် များ ကိုင်ဆောင် ထားသည်ကို တွေ့ရသည်။

ဂုဏ်ယူ ပါတယ် မြန်မာ ယူ-၁၉

 
 
မြန်မာ ယူ− ၁၉ ဘောလုံး အသင်းသား များ အာရှ ယူ−၁၉ အကြို ဗိုလ်လုပွဲ တွင် ရေ ကုန်ရေ ခန်း ကစားပြီးနောက် ကာတာ အသင်း ၏ အချိန်ပို သွင်းဂိုး ၃−၂ ဂိုး ရလဒ်ဖြင့် ရှုံးနိမ့် ပြီးနောက် ပရိသတ် များ ကို နှုတ်ဆက်နေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 
 ကာတာ အသင်း ကို အ ချိန်ပို သွင်းဂိုးဖြင့် ရှုံးနိမ့်ခဲ့သော် လည်း မြန်မာ ကစားသမားများ ၏ စွမ်းဆောင်ရည် ကို ဂုဏ်ယူမိ ကြောင်း မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် က ပြော သည်။
 
‘‘မြန်မာအသင်း ရဲ့ ဒီနေ့ စွမ်း ဆောင်ရည် ကို အရမ်းကျေနပ် ပါ တယ်။ ဒီလောက် စွမ်းဆောင် ရည် ကို တွေ့ပြီးတဲ့နောက် မှာတော့ မြန်မာ အသင်း ရဲ့ နည်းပြဖြစ်ရတာ ဂုဏ်ယူတယ် လို့ ပြောရဲ သွားပါပြီ’’ဟု အောက်တိုဘာ ၂၀ ရက် က သုဝဏ္ဏကွင်း ၌ ယှဉ်ပြိုင် ကစားခဲ့ သည့် အာရှ ယူ-၁၉ ပြိုင်ပွဲ အကြို ဗိုလ်လုပွဲ စဉ်တွင် ကာတာ အသင်း ကို အချိန် ပိုသွင်းဂိုး ၂-၃ ဂိုးဖြင့် ရှုံးနိမ့် ခဲ့သော်လည်း မစ္စတာဂတ် က မြန်မာ အသင်းအတွက် ဂုဏ် ယူစွာပြောသည်။
 

ထိုင်း ရုပ်သံ နဲ့ အငြင်းပွားဖွယ် လိင်ပိုင်း ဆိုင်ရာစော်ကားမှု ဇာတ်ဝင်ခန်း


 


ထိုင်းနိုင်ငံရဲ့ အခန်းဆက် ရုပ်သံ ဇာတ်လမ်း “The Power of Shadows” ထဲမှာ အရက် မူးလာ တဲ့ မင်းသား က မင်းသမီး ကို မတရားပြုကျင့်တယ်။

နောက်ပိုင်း မှာတော့ သူက မင်းသမီး ကို ခွင့်လွှတ်ဖို့ တောင်းပန်တယ်။ သူတို့နှစ်ယောက် ချစ် ကြိုက် သွားပြီး ပျော်ရွှင်စွာ ဇာတ်သိမ်းလေတယ်။တွေ့ကြဆုံကြတယ်။ မတရားကျင့် လိုက် တယ်။ လက်ထပ် ကြ တယ်။ ဒါဟာ ထိုင်း  အခန်းဆက် ရုပ်သံ ဇာတ်လမ်းတွေ ထဲမှာ ရိုးနေပါပြီ။
 
ဒီပုံစံ ရိုက်ကူးနေတာတွေ ကို ပြုပြင်ပြောင်းလဲ ကြဖို့ တောင်းဆို တာတွေလည်း များပြားလာ ပါတယ်။


Tuesday, October 21, 2014

ရုပ်ရှင် နဲ့ ဂီတ ကိုမျှအောင် လုပ်သွားမယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

 

ပထမဆုံး အကြိမ် ပြုလုပ် ခဲ့သည့် မိုးရာသီ ဂီတဆု ပေးပွဲ တွင် ပရိသတ် အချစ်ဆုံး ဆု I Love Artist (Male) ကို ရရှိ ခဲ့သည့် သရုပ်ဆောင်၊ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် သည် လျှောက်လှမ်း ရဦးမည့် အနုပညာ လမ်းကြောင်း တွင် သရုပ်ဆောင် အလုပ်နှင့် တေးသီချင်း သီဆိုမှု များကို မျှတအောင် လုပ်သွားတော့မည် ဟု ဆိုသည်။

‘‘ဂီတ နဲ့ ပတ်သက် လို့ လက်ရှိ မှာတော့ ဒိတ်ဒိတ်ကြဲ MTV အရင် ထွက်မှာဖြစ်ပြီးတော့ ၂၀၁၅ ထဲ မှာတော့ အယ်လ်ဘမ် အသစ် ထွက်နိုင်အောင် စီစဉ်သွား မှာပါ။ နောက်ပိုင်း မှာလည်း သရုပ်ဆောင် နဲ့ ဂီတ ကို မျှအောင် လုပ်သွားမှာပါ’’ဟု စိုင်းစိုင်းခမ်းလှိုင် ကပြောသည်။


နိုက်ဂျီးရီးယားနိုင်ငံ က လူ တစ်ပိုင်း ချင်ပန်ဇီ တစ်ပိုင်း နဲ့ မွေးလာသူ







ဟိုး အရင်က သိပ္ပံပညာ ရှင် အဖွဲ့ တစ်ဖွဲ့ စမ်းသပ်ခန်း မှာ လူ/မျောက်ဝံနှစ်မျိုး ပေါင်းစပ် သတ္တဝါဖြစ်တဲ့ လူမျောက်ဝံ ( humanzee) ပြု လုပ်ချင်တယ် လို့ သတင်းထဲ ဖတ်မိကြ မှာပါ။ 

ကျွန်ုပ်တို့ ဘာမှ မသိရှိ ရပေမယ့် များစွာသောလူတွေ ကတော့ အံ့သြ မင်သက် သွားကြ ပါ တယ်။ အခုတော့ နိုက်ဂျီးရီးယားနိုင်ငံ လာဂိုစ်ဒေသ မှာ အသက် (၂၆) နှစ်ရှိ လူတစ်ပိုင်းမျောက် ဝံ တစ်ပိုင်း လူသား တစ်ဦး သက်ရှိ ထင်ရှားရှိနေပါတယ်။

ဖြစ်လာနိုင် တဲ့ အကြမ်းဖက်မှု အန္တရာယ် ကိုရှောင်ရှားနိုင်အောင်  Azi အမည်ရှိ အဲဒီ လူမျောက် ဝံ ဟာ သူ့ အတွက် မရှိ မဖြစ် လိုအပ်ချက်တွေ ကူညီစောင့်ရှောက်ပေး တတ်တဲ့ ခင်မင် ရင်းနှီး မိတ်ဆွေ အချို့နဲ့သာ အဆက် အသွယ်ပြုလျက် တစ်ဦးတည်း လူသူ ကင်းဝေးရာ အရပ်မှာ သီးခြားနေထိုင်တယ်။ 

ပင်လယ်ပြင် တွင် မျောပါ လာသည့် ရေခဲတောင်ပေါ် ၌ ဖျော်ဖြေ မှု ပြုလုပ် ခဲ့သော ဂီတ အဖွဲ့





ဗြိတိန် မက်တဲလ် တေးဂီတ အဖွဲ့ တစ်ဖွဲ့ ဟာ သမိုင်းတွင် စေမယ့် အရာ တစ်ခု ကို ပြုလုပ်ခဲ့ ပါတယ်။ အဲဒါ ကတော့ ပင်လယ်ပြင် မှာ မျောနေ တဲ့ ရေခဲတောင် ပေါ် မှာ ဖျော်ဖြေမှု ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ 

ဒီလိုမျိုး အရင် က ဘယ်သူ မှ ပြုလုပ်ခဲ့ ဖူးခြင်း မရှိပါဘူး။The Defiled ဂီတ အဖွဲ့ဟာ ပင်လယ်ပြင် မှာ မျောပါ လာတဲ့ ကြီးမားတဲ့ ရေခဲတောင်ပေါ်မှာ ပထမဆုံး ဖျော်ဖြေခြင်း အဖြစ် မှတ်တမ်းဝင် သွားခဲ့ ပါတယ်။

 ဒီလို ဖျော်ဖြေနိုင် ဖို့ ခက်ခဲစွာ ကြိုးစားခဲ့ရပါ တယ်။ အလွန်အေးတဲ့ ရာသီဥတု အခြေအနေ မှာ ဖျော်ဖြေနိုင် ဖို့ ဆိုတာ မလွယ်ကူ ပါဘူး။ ဒီ ဖျော်ဖြေပွဲ ကို အနီး ပတ်ဝန်းကျင် မှာ ရှိတဲ့ လူတွေ က ငါးဖမ်း လှေတွေ နဲ့ လာရောက် ကြည့်ရှုပေမယ့် အရေ အတွက် ကတော့ အလွန် နည်းပါး ခဲ့ ပါတယ်။


တီးလုံး အတိုင်း ကွက်တိ ရင်သား လှုပ်ပြနိုင် တဲ့ မော်ဒယ် Sara X





အရင်တုန်း က သီချင်း သံစဉ်တွေ အတိုင်း မျက်ခုံး ပင့်ပြတာ၊ နှာခေါင်း လှုပ်ပြတာ မျိုးတွေ သင်တွေ့ဖူး၊ ကြည့်ဖူး မှာပါ။ ဒီ တစ်ခေါက်တော့ အရင် အခါတွေ နဲ့ ကွဲပြားခြားနား တဲ့ အနေ အထားတစ်ခု ကို သင်မြင်တွေ့ရပါလိမ့်မယ်။ 

Sara X လို့ ခေါ်တဲ့ မော်ဒယ် တစ်ယောက် က သူ့ ရင်သားတွေ ကို Mozart ရဲ့ Eine Kleine Nachtmusik သံစဉ် အတိုင်း ကွက်တိ ကို ဘယ်ညာ၊ အပေါ်အောက် လှုပ်ပြ သွားနိုင်ခဲ့တာပါ။
 
ဒါဟာ တကယ်ရော ဟုတ်ရဲ့လား လို့ သင် ထင်ပါလိမ့်မယ်။ ပါးစပ် အဟောင်း သားနဲ့ မဖြစ်နိုင် ဘူး လို့လည်း သင်ရေ ရွတ်နိုင်ကောင်း ရေရွတ်နိုင် ပါတယ်။ ဒါပေမယ့် ဒါဟာ တကယ့်ဖြစ်ရပ် မှန်ပါပဲ။ 

ဖျော်ဖြေပွဲ မှာ မတော်တဆ မှုဖြစ်သွားမှန်း မသိ ခဲ့တဲ့ 4 Minute အဖွဲ့












တောင်ကိုရီးယား နာမည် ကျော် 4 Minute ကေပေါ့ပ် အ ဖွဲ့ဖြစ်သော အဖွဲ့သည် အောက် တိုဘာ ၁၇ ရက် ညနေ က ဖြစ် ပွားခဲ့သော မတော်တဆ မှုနှင့် ပတ်သက်၍ ၀မ်းနည်းကြောင်း ဖော်ပြ ခဲ့သည်။

အောက်တိုဘာ ၁၇ ရက် တွင်  ဆောင်နမ် မြို့၌  Pangyo Techno Valley တေးဂီတဖျော် ဖြေပွဲ ကျင်းပစဉ် ဖြစ်ပွား ခဲ့သော မတော်တဆ မှုနှင့်ပတ်သက် ၍ 4Minute အဖွဲ့၏ အေဂျင်စီ Cube Entertainment က ယခု ကဲ့သို့ မှတ်ချက်ပေး ပြောကြားခဲ့ သည်။

‘‘အဲဒီပွဲက 4 Minute အဖွဲ့ ရဲ့ အထူး သီးသန့်ဖျော်ဖြေ ပွဲ မ ဟုတ်ပါဘူး။ အဆိုတော် အများ ကြီး ပါတဲ့ ဖျော်ဖြေပွဲပါ။ 4Minute အဖွဲ့ ဖျော်ဖြေနေချိန် မှာ မတော် တဆမှုဖြစ်ပွားခဲ့တာ ဆိုပေမယ့် အဖွဲ့ဝင်တွေ သတိမထားမိခဲ့ပါ ဘူး။ 

ဒေါ်လာ ၃ ကုဋေ တန်ဘိုး ရှိသော မင်္ဂလာ သတို့ သမီးဝတ်စုံ နှင့် ရွှေသား ဗိုလ်ထိုင် အိမ်သာ

1510776_551584461638941_1962682196012298606_n10311344_551584808305573_7683214392006370968_n1932413_551584604972260_6912253754980432225_n


ဆော်ဒီ အာရေဗျ ဘုရင်ကြီး မှ သမီးတော် မင်္ဂလာ ပွဲ၌ လက်ဖွဲ့ အဖြစ်ပေးဆောင် ခဲ့ သည့် ဒေါ်လာ ၃ ကုဋေ တန်ဘိုး ရှိသော မင်္ဂလာ သတို့သမီး ဝတ်စုံ နှင့် ရွှေသား ဗိုလ်ထိုင် အိမ်သာ...

Credit: Ko Soe
From...Search Myanmar

 

ဖြစ်ရလေ …









သစ္စာတရား ကြီးမား တဲ့ ဇနီးသည် တစ်ဦး ဟာ သူ့ဘ၀ တစ်လျှောက်လုံး ခင်ပွန်းသည် ကိုပဲ ပြုစုပြီး နေလာခဲ့ပါတယ်။ ခုတော့ သူ့ရဲ့ ခင်ပွန်းသည်ဟာ လပေါင်း များစွာ သတိမေ့မြော သွားလိုက် ၊ သတိရလိုက်ဖြစ်နေပတယ်။
 
ဒါပေမဲ့ ခင်ပွန်း သည် နားက တစ်ဖ၀ါး မှ မခွာဘဲ နေ့စဉ် ပဲ ပြုစုနေခဲ့ ပါတယ်။
အမျိုးသား သတိရလာတဲ့ အခါ စိတ်လှုပ်ရှားနေ ပြီး ဇနီးသည်ကို သူ့အနားလာ ဖို့ ခေါ်လိုက်ပါ တယ်။
“မင်းဟာ ကိုယ် အဆိုးတွေ နဲ့ ကြုံရချိန် တိုင်း အနားမှာ ရှိနေခဲ့တယ်။ အလုပ်ဖြုတ် ခံရတုန်းက
ကိုယ့်ကို ထောက်ပံ့ပေး ခဲ့တယ်။ စီးပွား ပျက်တုန်း ကလည်း မင်းကိုယ့် အနားမှာပဲ ရှိနေခဲ့တယ်။
 

အမေ့ပြေစာ

 
 
သူ့ အိမ်မှာ စားသောက်ဆိုင် ဖွင့်ထားတယ်။ တစ်ခါ တလေ ကျောင်းအား ရက်မှာ အမေ့ကို သူ ကူရတယ်။ ဧည့်ကြို၊ ဧည့်ပို့၊ စားပွဲ သိမ်း၊ ပြေစာရှင်း တာက အစ သူဝင် လုပ်ရတယ်။ ကြာတော့ စီးပွားရေး သမား တစ်ယောက် လို သူအတွက် အချက် တော်လာခဲ့တယ်။
 
ဒီလိုနဲ့ တစ်နေ့ မှာ ဆိုင်မှာ ဝင်ကူရင်း ကိုယ့်လုပ်အားခ အတွက် စိတ်ကူး ရလို့ ပြေစာရေးပြီး အမေ့ ကို သူပေး လိုက်တယ်။ ပြေစာပေါ် မှာက …..

၁) ပန်းကန်ဆေးခ ၅ဝဝကျပ်
၂) တံမြက်စည်း လှဲခ ၂ဝဝကျပ်
၃) အပြင် ထမင်း ပို့ဆောင်ခ ၃ဝဝကျပ်

မီးခိုး ခေါင်းတိုင်တွင်း ဝင်ကာ ရည်စားနှင့် သွားတွေ့ သည့် အမျိုးသမီး

 unnamed

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင် အွန်လိုင်း တွင် တွေ့ဆုံ ရာမှ ချိန်းမိသည့် အမျိုးသား ထံသို့ နေအိမ် မီးခိုးခေါင်တိုင် အတွင်း မှ ဝင်ရောက်ကာ သွားသူ အမျိုးသမီး ခေါင်း တိုင် အတွင်း ပိတ်မိနေကာ ကယ်ဆယ် လိုက်ရကာ အိမ်ကျော်ကျုးနင်း ဝင်ရောက်မှုဖြင့် ဖမ်းဆီးလိုက်ရကြောင်း အာဏာပိုင်များက ပြောသည်။

အသက် ၃၀ ရွယ် ဂျီနိုဗီနာ သည် ၎င်းနှင့် အွန်လိုင်း တွင်တွေ့ဆုံ ကာ အပြင်၌့ လည်း နှစ်ခါ သုံးခါ တွေ့ဆုံ ဖူးသူ အမျိုးသား ထံသို့  မီးခိုးခေါင်တိုင် မှ တစ်ဆင့် ကျုးနင်း ဝင်ရောက် ခဲ့ခြင်းဖြစ် သည်ဟု ဟူစတန်ပို့ စ်သတင်းအရသိရသည်။


(၂၀၁၅) ခုနှစ် အတွက် သွားရောက် လည်ပတ်ရန် အကောင်းဆုံး နိုင်ငံ အဖြစ် စင်ကာပူ ကို Lonely Planet ရွေးချယ်

 
 
လာမည့်နှစ် အတွက် အလည် အပတ် ခရီး သွားရန် အကောင်းဆုံး နိုင်ငံ အဖြစ် စင်ကာပူကို Lonely Planet က ရွေးချယ် လိုက်ကြောင်း သိရှိရသည်။

ခရီးသွား ဝန်ဆောင်မှု ဆိုင်ရာ မီဒီယာ ကုမ္ပဏီကြီး က စင်ကာပူနိုင်ငံ ကို (၂၀၁၅) ခုနှစ် အတွက် ခရီးထွက် ရန် အသင့်တော်ဆုံး နိုင်ငံ အဖြစ် ဖော်ပြခဲ့ပြီး Lonely Planet Best in Travel 2015 ဆု ကို ချီးမြှင့်ခဲ့သည်။ 

Lonely Planet အနေဖြင့် နှစ်စဉ်နှစ်တိုင်း ရွေးချယ် ချီးမြှင့်သည့် ဆု ၏ (၁၀) ကြိမ်မြောက် အတွက် စင်ကာပူ ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။


အိပ်ယာ ထဲသေးပေါက် ချလို့ သားဖြစ်သူ ရဲ့ငယ်ပါနဲ့လည်ပင်း ကို ရက်ရက် စက်စက် လှီးသတ်ခဲ့

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ၊ ဇန်ရှင်းကောင်တီ က ဖခင် တစ်ဦးက သားဖြစ် သူကို လည်လှီး သတ်ဖြတ်မှု အပြင် ငယ်ပါ ကိုလှီးဖြတ် သတ်ဖြတ်ခဲ့ မှုနဲ့ထောင် ဒဏ်ကြီးကြီး ကျခံ ရဖွယ် ရှိကြောင်း သိရပါတယ်။

 ဖြစ်စဉ် မှာ အိပ်ယာ ထဲသေး ပေါက်ချတဲ့သားငယ်ကို အရက်သမားဖခင်က စိတ်ဆိုးဒေါသ ထွက်ပြီး အသိစိတ် မဲ့ကာ ရက်ရက် စက်စက် သတ်ပစ် လိုက်ခဲ့တာဖြစ်ပါတယ်။

မိခင် နဲ့ ညီမဖြစ်သူ တို့က အသက်ကိုးနှစ် အရွယ်သားဖြစ်သူ ကာအို ကို အ သက် ၃၉ နှစ် အရွယ် ရှိ အရက်သမား ဖခင်ဖြစ်သူ တန်မင်ဟူ နဲ့ အတူ စွန့်ပစ် ချိန်မှ စ၍ သားဖြစ်သူက စိတ်ဝေဒနာ ခံစားနေခဲ့ ရကာ ညဘက် အိပ်ယာထဲ ရှူး ပေါက်ချတဲ့ အကျင့် တစ်ခုဖြစ်နေ ခဲ့ တာဖြစ်ပါတယ်။