Saturday, October 11, 2014

မြန်မာ လူမျိုး ကို တိုင်းတပါး က မြင်တဲ့ အမြင်… (ရယ်စရာ မဟုတ်ပါ)


10670071_350947558405310_3695801881691338020_n 
 

အစိုးရ မင်းများ ခင်ဗျား ကျွန်တော်နိုင်ငံရေး သမားမဟုတ်ပါ ။ နိုင်ငံသား တယောက် အနေနဲ့ ကိုယ့်နိုင်ငံ အရေးကိုတော့ စိတ်ဝင်စားပါတယ်။

အခု ဒီပုံလေး ဟာ အမှတ် တမဲ့ကြည့်ရင် သာမန် သင်ရိုး တစ်ခုပါ မူလတန်း အဆင့် (သို့ ) pre အဆင့် ကလေးငယ် များကို သင်တဲ့သင်ရိုးဖြစ်နိုင်ပါတယ်။

စဉ်းစားကြည့်စေလို ပါတယ် ဒီကလေးတွေ အသိဥာဏ် ထဲမှာမြန်မာ ဆို အိမ်ဖော်လို့ စွဲ သွားစေနိုင် ပါတယ် ။ ဘာကြောင့်လည်း ဆို သင်ခန်းစာ က fill in the blank ဖြစ်နေလို့ ပါ တနည်းပြောရင် အိမ်ဖော်မြင်ရင် မြန်မာလို့ ကွက်လပ်မှာဖြည့် ဆိုတဲ့ သဘောပါပဲ။



ပေါ့ပေါ့လေး စဉ်းစားရင် ဘာမှ မဟုတ် သလိုပါပဲလေးလေး နက်နက် စဉ်းစားရင် ရင်နာ စရာ မခံချင်စရာပါ။

ကျွန်တော်တို့ တိုင်းပြည်၊ နိုင်ငံသား အားလုံး ကို အထင်သေး သွားစေနိုင်ပါတယ်။ ဖိလစ်ပိုင် ဟာ ကမ္ဘာ အနှံ့ အိမ်ဖော် လုပ်နေကြတာ အားလုံး အသိပါ ဒါမျိုး သင်ရိုးညွှန်းတန်း တခု ထဲပြဌာန်း တဲ့ အထိ အစော်ကား မခံရဘူးပါ။

တခုခုတော့ လုပ်ပေးစေ လိုပါတယ် ကျွန်တော် တို့က ကမ္ဘာ အနှံ့ သွားပြီး တာဝန် ထမ်းဆောင် ကြ ရတဲ့ သဘောင်္သားတွေပါ ။ 

အခု ဒီသင်ခန်းစာ သင်ထားတဲ့ တိုင်း ပြည်များရောက် သွားလို့ ကလေး တယောက်ကို ဦး ကမြန်မာနိုင်ငံသား လို့ပြောမိရင် အဲ့ဒီ ကလေး ဘယ်လို စဉ်းစား မလဲ လို့တွေးမိရင် ကိုယ်တိုင်နဲ့ အမိနိင်ငံတော် အတွက် အင်မတန် ရှက်မိပါတယ် ။ 

တိုင်းသူပြည်သားတွေ ကို ကာကွယ်ပေးဖို့ အစိုး ရမှာ တာဝန်အပြည့် အဝ ရှိတယ်လို့ ယူဆ ပါ တယ် ။ တခု ခုတော့ action ယူပေးပါဗျာ။
 
fb သူငယ်ချင်း များအားလုံးကို လည်းတောင်းဆို ပါတယ် ။ ဒီ post ကိုရှယ်ပေးကြပါ ဒါရယ်စရာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ လူမျိုး အပေါ် တိုင်းတစ်ပါးက ထားတဲ့ သဘေားထား နဲ့ အမြင်ကို သိသိသာသာ ထင်ဟပ်စေ ပါတယ်။



Credit:LU Min (FB)
From...Search Myanmar

No comments:

Post a Comment