Saturday, July 25, 2015
ရေ (လုံးဝ) မသောက် သင့်ဆုံး အချိန်
 ထမင်း အသက် ခုနစ်ရက်၊ ရေ အသက် တစ် မနက် ဆိုတဲ့ ရှေးစကား ရှိပါတယ်။ 
လူသားတွေ အတွက် ရေ က ဘာ့ကြောင့် မရှိမဖြစ် လိုအပ် ပါသလဲ......
(၁) ဦးနှောက် ရဲ့ ၇၅ရာခိုင်နှုန်း ကို ရေဓာတ် နဲ့ ဖွဲ့စည်း တည်ဆောက် ထားပါတယ်။ 
(၂) ခန္ဓာကိုယ်တွင်း အပူချိန် ကို မျှတစေပါတယ်။
(၃) သွေး ရဲ့ ၈၃ ရာခိုင်နှုန်း က အရည် ဓာတ်များဖြစ်ပါတယ်။
(၄) ကြွက်သားကို ရေဓာတ် ၇၅ ရာခိုင်နှုန်း နဲ့ ပြုလုပ်ထားပါတယ်။ 
(၅) အရိုး ထဲမှာ ရေဓာတ် ၂၂ရာခိုင်နှုန်း ပါရှိပါတယ်။ 
(၆) ခန္ဓာကိုယ် ထဲသို့ရောက်ရှိ လာတဲ့ အစားအစာတွေ ကို ခွန်အား အဖြစ်ပြောင်းလဲပေး ပါတယ်။
(၇) ခန္ဓာကိုယ် ထဲမှာ ပိုလျှံပြီး မလိုလားအပ်တဲ့ အ ရည်တွေ နဲ့ အဆိပ်အတောက်တွေ ကို ဆီး၊ ဝမ်း၊ သွေး ၊ ချွေး၊ ချွဲ သလိပ် အဖြစ် စွန့်ထုတ်ပေး ပါတယ်။ 
(၈) ခန္ဓာကိုယ် အ တွက် အာဟာရဖြစ်အောင် ကူညီပေးပါတယ်။ 
(၉) အသက်ရှူခြင်း ကို အထောက် အပံ့ဖြစ်စေပါတယ်။ 
(၁ဝ) အရိုး အဆက်များ ပွန်းတိုက် စားခြင်း မှ သက်သာစေပါတယ်။ 
(၁၁) ခန္ဓာကိုယ် တွင်း ဆဲလ်များ ကို အောက်ဆီဂျင် မပြတ် လပ်စေတော့ပါဘူး။ 
(၁၂) သက်လုံကောင်းစေပါတယ်။ 
(၁၃) ခေါင်းကိုက် သက်သာစေပါတယ်။ 
(၁၄) ပင်ပန်းနွမ်းနယ် မှုကိုပြေပျောက်စေ ကာ စိတ်ကြည်လင် လန်းဆန်းစေပါ တယ်။ 
(၁၅) ကင်ဆာဖြစ်နိုင်ခြေအလား အလာ ကို လျော့ပါး သွားစေပါတယ်။ 
(၁၆) အမောအပန်း ခံနိုင်ပြီး လေ့ကျင့် ခန်း ကြာကြာလုပ်နိုင်လာ ပါတယ်။ 
(၁၇) အသား အရေကောင်း ပြီး အရွယ်တင်နုပျိုစေပါတယ်။ 
(၁၈) ဝက်ရူးပြန်၊ တီဘီ၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ဝမ်းချုပ်၊ လိပ်ခေါင်းရောဂါ တို့ကို သက်သာစေ ပါတယ်။
(၁၉) အမြင် အာရုံ တိုးတက်ကောင်းမွန်စေပါတယ်။
ဘ၀ အတွေ့အကြုံ ဟာ အကောင်းဆုံး ဆရာပါ
လူရယ်လို့ ဖြစ်လာကြပြီ ဆိုရင် ချမ်းသာ၊ ဆင်းရဲ မရွေး ဘဝက ပေးတဲ့ သင်ခန်းစာတွေ ကို ခံစားကြရပါ တယ် ။ လူတွေနေ့စဉ်ဖြတ်သန်း ကြုံတွေ့နေကြရတဲ့ အကောင်း၊ အဆိုးတွေ ဟာ လူတွေ ရဲ့ ဘဝသင်ခန်း စာတွေ ဘဲဖြစ်ပါတယ်။ 
တစ်ချို့က ဒီလိုနေ့စဉ် သင်ခန်းစာတွေ က သင်ယူလေ့လာပြီး မိမိဘဝ အတွက် ဆောင်ရန် ၊ရှောင်ရန်အဖြစ် ကြိုးစားဆောင်ရွက် သွားကြသူတွေ ရှိသလို တစ်ချို့က နောက်ပြန်လှည့် အရှုံးပေးသွားကြသူတွေလည်း ရှိပါ တယ်။
ဘဝမှာ အတွေ့အကြုံ ဆိုတာ အကောင်းဆုံး သင်ပြပေးနေတဲ့ ဆရာတစ်ဆူ လို ပါဘဲလို့ လူကြီးသူမတွေ ရဲ့ပြောစကား ကို ငယ်ရွယ်ချိန်တုန်းက နားမလည်ခဲ့ပေမယ့် အရွယ်ရောက် လို့ လက်တွေ့ဘဝတွေမှာ ကျင်လည်ဖြတ်သန်းလာရတဲ့ အခါ ကောင်းကောင်း နားလည်လာခဲ့ရပါတယ်။ 
တကယ်တော့ လူတွေ မှာ မိမိကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေထဲ က လေ့လာ မှတ်သားစရာတွေ ကို မှတ်သား၊ ရှောင်စရာတွေ ကို ဆင်ခြင်ရှောင်ကြည်ခြင်းဖြင့် ဘဝ ကို အမှားတွေ နည်းအောင် အေးချမ်းမှု ကို ပိုမို ခံစား ရရှိနိုင်အောင်ကြိုးစားပိုင်ခွင့် ရှိကြပါတယ်။
Friday, July 24, 2015
ဥပုသ်စောင့်ခြင်း ၏ အကျိုးကျေးဇူး
1024x1024_20150721_204854_877
ဥပုသ် ရဲ့ အကျိုးကျေးဇူး ဟာ ဘယ်လောက်များ သလဲ လို့ ဆိုလို့ ရှိရင် အင် မတန်မှ အကျိုးကျေးဇူး များ တယ် တဲ့..........
ဘုရား က နားလည်အောင် ဘယ်လိုဟောတုန်း ဆိုတော့ ကမ္ဘာလောကကြီး အတွင်းမှာ ရှိတဲ့ အဖိုး တန် ရတနာတွေကို စုလိုက် အဲဒီ အဖိုးတန် ရတနာတွေ ရဲ့  တန်ဖိုး နဲ့ တစ်ကြိမ် တစ်ခါ စောင့်လိုက် ရတဲ့ အခုလို မွန်မြတ် တဲ့ စည်းစနစ် ကျတဲ့ ဥပုသ် အဓိပ္ပါယ် ရှိရှိ စောင့်လိုက် တဲ့ ဥပုသ်နဲ့  နှိုင်းယှဉ် ကြည့်လိုက်မယ် ဆို လို့ ရှိရင် ရတနာတွေ ရဲ့ တန်ဖိုးဟာ ဥပုသ် တစ်ခါ စောင့်ရတဲ့ ကုသိုလ်တန်ဖိုး ရဲ့ ၁၆-ပုံ ပုံ ၁-ပုံ တောင် မရှိ ဘူးလို့ ပြောတယ်နော်။
ဘာဖြစ်လို့  ဒီလိုပြောရတုန်း လို့ ဆိုလို့ ရှိရင် ဥပုသ် တစ်ကြိမ် တစ်ခါစောင့် လိုက် လို့ ရှိရင် လူ့ စည်းစိမ် မ ပြောနဲ့  နတ် စည်းစိမ် နတ်ချမ်း သာတွေ ပေးနိုင် တယ်။
နတ်ချမ်းသာတွေ ဆိုတာ အဲဒီ ရတနာတွေ ရဲ့ တန်ဖိုး ထက် ကြီးတယ်။ ဥပုသ် က လေး တစ်ခါစောင့် လိုက် တာ နဲ့ ဒီ ပုဂ္ဂိုလ်ဟာ လူချမ်းသာထက် သာလွန် တဲ့ နတ် ချမ်းသာ၊ လူချမ်းသာ ဆိုတာ နတ်ချမ်းသာ နဲ့ နှိုင်း ယှဉ်လိုက် လို့ ရှိရင် ဘာမှ မ ပြောပ လောက်တော့ဘူး။
ဝါဆို လပြည့်နေ့ အကြောင်း သိကောင်းစရာများ
ဝါဆို လပြည့် ဆိုတာ မြန်မာတွေ အတွက် အရေးပါလှတဲ့ နေ့ လေး တစ်နေ့ ပါ ။ ကျေးဇူးတော် ရှင် ဂေါတမမြတ်စွာ ဘုရား တရားဦးဟောကြား ခဲ့သော ဓမ္မစင်္ကြာ တရားကြောင့် ဗုဒ္ဓ အလင်းရောင်တွေ ထိန်လင်းခဲ့ ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ ဟာ သစ္စာလေးပါး နဲ့  အမှန်တရား ကို ဟောပြ ခဲ့တဲ့ နေ့ ထူးနေ့မြတ် ဖြစ်ပါသည် ။
ဝါဆို လပြည့်နေ့ ရာဇ၀င်
ဟိုးရှေးရှေးတုန်း က… မြတ်စွာဘုရား လက်ထက် မှာ ရဟန်းသင်္ဃာ အများစု သည် မိုးတွင်း ကာလမှာ စိုက် ပျိုးထားသည့် စပါးခင်းများ ထဲကို ဖြတ်သန်း၇လေ့ ရှိတာကြောင့် စပါးခင်းတွေ ပျက်စီး ခဲ့ရပါသည်။ 
အဲဒီ အကြောင်း ကို ရွာသူ ရွာသားများ က မြတ်စွာဘုရား ကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရား သည် စပါးပင် စိုက်တဲ့အချိန် ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိ တိုင်အောင်.. ရဟန်းသင်္ဃာ များကို မိမိ သီတင်းသုံးနေသောကျောင်း မှ ဘယ်နေရာကို မှ ညအိပ် ညနေသွားခွင့် မရှိပဲ နဲ့ မိမိကျောင်းမှာပဲ သီတင်း သုံးကာ တရားအားထုတ်ဖို့  အချိန် သုံးလ သတ်မှတ်ခဲ့ပါသည်။ 
ထိုကာလ ကို ၀ါတွင်း သုံးလ လို့  ခေါ်ပါသည်။ အဲဒါကြောင့် မို့ ဒီ ၀ါတွင်း သုံးလ အတွင်းမှာ ရဟန်း သင်္ဃာ များ ဟာ ဘယ်မှဝေးဝေး လံလံ မသွားပဲနဲ့  ကိုယ့်ကျောင်း မှာပဲ တရားဒေသနာ များကို သင်ချအား ထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်း သတ်မှတ်ခဲ့ပါသည်။
Thursday, July 23, 2015
ကမ္ဘောဇ ဘဏ် ၏ အကြီးတန်း အတိုင်ပင်ခံ ဦးသန်းလွင်နှင့်တွေ့ဆုံခြင်း
 Myanmar B2B Management Magazine's photo.
ဟိန်းဇော် တွေ့ဆုံမေးမြန်းသည်
မကြာခင်သေးခင် ကာလ ကနိုင်ငံခြား ဘဏ်ကိုးခု ကိုပြည်တွင်း၌ လုပ်ကိုင်ရန်ခွင့်ပြုခဲ့သည်။ နိုင်ငံခြား ဘဏ် များ ၀င်လာခြင်း ကပြည်တွင်းဘဏ်လောက အတွက် အခွင့် အလမ်းဖြစ်စေနိုင်သလို စိန်ခေါ်မှုများ လည်းဖြစ်စေ နိုင်ပါသည်။ 
သို့ဖြစ်ရာ မြန်မာနိုင်ငံ ဘဏ်လောက ၏ လက်ရှိ အခြေအနေ၊ နိုင်ငံခြားဘဏ်များ ခွင့်ပြုခြင်း၏ သက်ရောက် မှုနှင့် ပြည်တွင်း ဘဏ်လောက အလားအလာ များကို ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (ငြိမ်း) နှင့် ကမ္ဘောဇ ဘဏ် ၏ အကြီးတန်း အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးသန်းလွင်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
ဆရာဦးသန်းလွင် မင်္ဂလာပါ။  
လက်ရှိမြန်မာပြည် မှာ ဘဏ် လုပ်ငန်းတွေ အနေနဲ့ ဘယ်လို အခက် အခဲ စိန်ခေါ်မှုတွေ ရှိ နေလဲ ဆိုတာ နဲ့ စလိုက်ချင်ပါတယ်။
ပဏာမ အနေနဲ့ပြောချင် တာက ဘဏ် ဆိုတာက ဘယ် Society မှာ မဆို၊ ဘယ်နိုင်ငံ မဆို မရှိလို့ မဖြစ်ဘူး။ ဘဏ် ကနေရာတကာမှာ လိုအပ်တဲ့ အဖွဲ့အစည်း တစ်ခုလို့ ဆိုရမယ်။ ဒီကနေ့ ဆိုကြည့်လိုက် ရင် အပြည်ပြည် ဆိုင်ရာငွေကြေးပေးချေမှု အပိုင်းမှာ အဓိက ပါဝင်နေပြီး အပြည်ပြည် ဆိုင်ရာ စီးပွားရေး ရဲ့ နောက်ကွယ်မှာ ရှိနေတယ်။ 
ဘဏ် မရှိဘဲနဲ့တော့ ဒီကနေ့ ကမ္ဘာ့ စီးပွားရေးမှာ လည်ပတ်နိုင်အောင်လုပ်နိုင် ဖို့နည်းတယ်။ ဒါကြောင့် လည်း မြန်မာနိုင်ငံ ကိုလည်း မကြာမကြာ လာနေတဲ့ ပရော်ဖက်ဆာ စတစ်ဂလက် က ကမ္ဘာ့ဘဏ်မှာ လုပ်နေကတည်းက သိတယ်။ 
အန်ကယ် က IMF မှာလည်း လုပ်ဖူးတော့ သူ့ဟော ပြောပွဲတွေ၊ ဆွေးနွေးပွဲတွေလည်း အတော် တက်ဖူး တယ်။ အဲဒီမှာ တစ်ခု သူက ဘာပြောလဲ ဆိုတော့ 
''ဘဏ် ဆိုတာ ကတော့ တိုင်းပြည်စီးပွားရေး ရဲ့ဦးနှောက်ပဲ''လို့ တင်စားတယ်။ ဒါကလည်း ဘာကြောင့်ပြော လဲ ဆိုတော့ ဘယ်ငွေရေးကြေးရေး Crisis ပဲဖြစ်ဖြစ်၊ စီးပွားရေး Crisis ဖြစ်ဖြစ် ဥပမာ- ၁၉၉၇ ခုနှစ် အာရှ မှာငွေရေးကြေးရေး အကျပ်အတည်းက တစ်ဆင့် Economic Crisis တွေဖြစ်တယ်။
၁၉ ဇူလိုင်
( ၁ ) ဦးဘဝင်း *
လောက မှာ ကျွန်တော် မနာလိုဆုံး ပုဂ္ဂိုလ် က ခင်ဗျား ပဲ
ဗိုလ်ချုပ် နဲ့ မွေးချင်းတော်စပ်ခွင့် ရတယ်
ဗိုလ်ချုပ် ကို အင်္ဂလိပ်စာ သင်ပေးခွင့်ရတယ်
နောက်ဆုံး ဗိုလ်ချုပ်နဲ့ အတူ သေဆုံးခွင့် ရတယ်
ထူးလိုက်တယ့် ကံ ခင်ဗျားရင်ထဲက ကျည် ၈ချက်
ကျွန်တော်တို့ ခံစားရခက်နေတုန်းပဲ
( ၂ ) ဦးအုန်းမောင် *
ကံဆိုးတာလား ? ကံကောင်းတာလား ?
တိုင်းပြည်အရေး အတွက် ငါးမိနစ်စော ဝင်ခဲ့ပေမယ့်
ကျည်ဆန်တွေ က ခင်ဗျားကိုယ်ထဲ ကို နစ်ဝင် ခဲ့ရပြီ
ခင်ဗျားရဲ့ သယ်ယူပို့ဆောင်ရေး စီမံကိန်း စာရွက်ကြီး
သွေးကွက်တွေထဲ မှာ ခုထက်ထိ . . .
( ၃) ဦးရာဇာတ် *
အပစ် ခံရတာချင်း အတူတူ
ဗိုလ်ချုပ် နဲ့ သခင်မြကို အရင်ကြည့်ပါ
ကျွန်တော်က အရေးမကြီးပါဘူးတဲ့ လား !
ခင်ဗျားစကား တစ်ခွန်းက ခင်ဗျားဘယ်လောက် အရေးကြီးကြောင်းပြောသွားတယ်
တောင်းပန် ပါတယ်
ကျွန်တော်တို့ အားလုံး ဗိုလ်ချုပ်ကို အသက် မမှီလိုက်ဘူး...............
သန္ဓေတားဆေး အဖြစ် အာလူး ကို အသုံးပြုခဲ့ရာ မှ လိင်အင်္ဂါ တွင် အာလူးပင်ပေါက်
ကိုလံဘီယာ နိုင်ငံက အသက် (၂၂)နှစ်အရွယ် အမျိုးသမီး တစ်ဦး ဟာ မိခင်ဖြစ်သူ ရဲ့ အကြံပေး မှုကြောင့် အာလူး ကို သန္ဓေတားဆေး အဖြစ် အသုံးပြုခဲ့ တာမို့ ဒုက္ခတွေ့ခဲ့ ရတယ် လို့ သိရပါတယ်။ 
ဒီလို အသုံးပြုခြင်းကြောင့် အဲဒီအမျိုးသမီး ဟာ ဗိုက်အောင့် ဝေဒနာ ကို ပြင်းထန် စွာ ခံစားခဲ့ ရပါ တယ်။ ဒီ အမျိုးသမီး ဟာ ဗိုက်အောင့် ဝေဒနာကြောင့် ဆေးရုံ ကို ရောက်ရှိလာ ပြီးနောက် အာလူး ကို သန္ဓေတားဆေး အဖြစ် အသုံးပြု တာကို သိရှိခဲ့ရ ခြင်းဖြစ်ပါတယ်။ 
ဆရာဝန်တွေ ရဲ့ စမ်းသပ် စစ်ဆေးမှု အရ အဲဒီ အမျိုးသမီး ရဲ့ အင်္ဂါ မှာ အာလူး မျိုးစေ့တွေ တောင် ထွက်ပေါ်နေ တယ်လို့ ဆိုပါတယ်။ အဲဒီ အမျိုးသမီး ရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် ဒီဖြစ်ရပ် ဟာ ကိုလံဘီယာ နိုင်ငံ မှာ အလွန် ရေပန်းစားသွားခဲ့ ပါတယ်။
Monday, July 20, 2015
ကင်ဆာဖြစ်စေသည့် ဆဲလ် များကို တိုက်ဖျက် သည့် အသီးအနှံ များ
၁။ ခရမ်းသီး
၂။ ကြက်ဟင်းခါးသီး
၃။ ကန်စွန်းဥ
၎။ ဖရုံသီး
၅။ မုန်လာဥ
၆။ ကီဝီသီး
၇။ ပင်လယ်ရေမှော်
၈။ ဂျုံ
ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်း က မှိုတက် တဲ့ အစားအစာ နဲ့ မသန့်ရှင်း တဲ့ အစားအစာ များ စားသုံးလို့ ဖြစ်ပါတယ်။ 
Sunday, July 19, 2015
ရင် နာ လိုက် တာ
 ရွှေမြန်မာများ's photo.
 အိုမင်း မစွမ်းတော့လို့  သားသမီးကို မှီခိုရ တဲ့ အချိန်ကျမှ ငါ့တို့ ကိုငြိုငြင်နေကြပြီပေါ့ ။ မိဘတိုင်း သားသမီး ကို မကောင်းဘူး တဲ့လား ။
ကိုးလလွယ် ဆယ်လဖွား စောင့်ရှောက်ခဲ့ ရတဲ့ ဒုက္ခတွေ ကို ဘယ်လို ပင်ပမ်းစွာဖြတ်သန်း ခဲ့ရတယ် ဆို တာ မင်းတို့ လေးတွေ နားမလည်နိုင်ပါဘူးလေ ။
မင်းတို့ ပညာတတ်ကြီးတွေဖြစ်အောင် သင်ပေးခဲ့ရတဲ့ ပညာတွေ  ငယ်ငယ်က အမှားပေါင်းများစွာ ကျုးလွန်
ခဲ့လို့ အမှန် ကိုပြင်ပေးသင်ပေးခဲ့ရ တာတွေ အများကြီး ပါ  ။ 
ငါတို့ အသက်ကြီး လို့  မှားယွင်းခဲ့တဲ့ အခါ ကျတော့မှ ငါတို့ ကို ပြင်ပေးဖို့ မစဉ်းစားပဲ အပြစ်ပြောကြပြီပေါ့ ။
နိုချို  တိုက်ကျွေး ထမင်းဝါးကျွေး မစင်သုတ် ပေးခဲ့ရတာတွေ ဟာ မရေမတွက်နိုင် လောက်အောင် ပါပဲ ငါတို့ ကို တစ်ကြိမ် တစ်ခါ တောင်ပြန်ပြီး ပြုစုခဲ့ပေးဘူးလား ။
လွန်ခဲ့သည့် ၆၈ နှစ် က သူတို့ဤသို့မြင်တွေ့ခဲ့ကြသည်
 လွန်ခဲ့သည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ (စနေနေ့) နံနက် ၁ဝ နာရီ ၃၅ မိနစ်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ကြီး များ ရန်ကုန်မြို့ အတွင်းဝန်များရုံး ၌ လုပ်ကြံ ခံခဲ့ရသည့် သတင်းသည် တစ်မုဟုတ်ချင်း ရန်ကုန်မြို့တွင်း ပျံ့နှံ့သွားသည်။
ထို့နောက် နာရီပိုင်း အတွင်း တစ်နိုင်ငံလုံး ပျံ့နှံ့ သွားသည်။ ထိုနေ့ မကုန်မီ ပြည်သူ က ထို သတင်းဆိုး ကို ကြား သိခဲ့ကြပြီးနောက် တစ်တိုင်းပြည်လုံး တိတ်ဆိတ် ငြိမ်သက် သွားသည်။
''မိုးက စိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ ထိုလမ်းမ တွင်
ပျံကြ ဝဲကြ၊ ငရဲထ သို့
အုံကြွမည်အား၊ မသာယာ ကို
ငါကြားခဲ့၏၊ မှတ်မိ၏ ။
ထိုနေ့၌ ပင်၊ ထိုချိန် ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ ပန်းသည်
ပွင့်လန်း ခါစ၊ ကြွေလိုက် ရ၏
မြေခ သတင်း၊ မိုးကြိုးခွင်း သို့
အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင် ၌
မချင့်မရဲ၊ ဝမ်းနည်း ခံခက်
မျက်စိ မျက်နှာ၊ ညှိုးကြ ရှာသည်
ရွာဦးပိုင်း မှ သင်္ချိုင်းထိ'' .........      ဟူ၍ ဆရာ ဇော်ဂျီ က ထိုနေ့ ထိုဖြစ်ရပ် ဆိုးကြီးနှင့် ပြည်သူတို့ ၏ ခံစားချက် တို့ကို ''ပြောလိုက် ပါဘိ၊ ဟောပါ ဘိ '' ကဗျာတွင် ''ငါ့ညီ ပြောင်ဝင်းသို့'' ဟူ၍ ဆိုခဲ့ပါ အတိုင်း စပ်ဆို သီကုံး ခဲ့သည်။
ဆား ၏ လက်တွေ့ အသုံးဝင်ပုံ နည်းလမ်းစုံ
၁) ကြက်ဥ တစ်လုံး ကျကွဲပြီး ကြမ်းပြင်ပေါ် မှာ ကြက်ဥ အနှစ်တစ်ခုလုံး ကျနေ တယ်ဆိုရင် ဖိတ်ကျနေ တဲ့ ကြက်ဥ အနှစ်ပေါ် ကို ဆားနှံ့အောင်ဖြူးပေးပါ… ပြီးရင် ခဏစောင့်ပါ…. 
နည်းနည်းကြာရင် ပေခြင်း ပွခြင်း မရှိဘဲ ကြက်ဥ အနှစ်တွေကို အမှိုက်ဂေါ် နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်….
၂) စွန်းထင်းနေတဲ့ လက်ကိုင် ပုဝါတွေ ကို မလျှော်ဖွတ်ခင် မှာ ဆားရည်ထဲ စိမ်ထားပါ… အစွန်းအထင်းတွေ ကို ပြောင်စင်စေပါတယ်…
၃) ပန်းကန်စင် စာအုပ်စင် စတဲ့ စင်တွေပေါ် မှာ ပုရွက်ဆိတ်တွေ တက်နေရင် ဆားဖြူးပေးလိုက်ပါ… ပုရွက်ဆိတ်တွေပြေး သွားပါလိမ့်မယ်….
၎) ငါးတွေ ကို ကြေးခွံတွေ မချွတ်ခင် ဆားရည်ထဲ စိမ်ထားပါ… ကြေးခွံတွေ အ လွယ်တကူ ချွတ်နိုင်ပါ လိမ့်မယ်…
ဘုရား ရှိခိုး ပူဇော် ရသော အကျိုး ၈ မျိုး
၁။ သွားလေ ရာရာ ရောက်လေရာ အရပ် ၁၀ မျက်နှာ တို့ ၌ အပူဇော် အချီးမြှောက် ကို ခံရခြင်း ။
၂။ သွက်သွက် လက်လက်နှင့် ထက်မြတ်သော ဥာဏ်ပညာ ကို ရရှိ ခြင်း ။
၃။ ကိုယ့် အလိုလိုက်ပြီး ကိုယ့် အကြိုက် ကိုသာ လုပ်ကိုင်ပေးကြသော အခြွေအရံ ပရိသတ်နှင့် ပြည့်စုံရ ခြင်း။
၎။ မရေ မတွက်နိုင်သော စည်းစိမ် ချမ်းသာနှင့် ပြည့်စုံ ခြင်း။
၅။ ဘဝတိုင်း ဘဝတိုင်း အဆင်း ရုပ်ရည် လှပ ခြင်း။
Friday, July 17, 2015
ကျောက်စိမ်း အကြောင်း ပြောကြရအောင်
ကျောက်မျက်ရတနာ ၏ အရောင် ၀င်ရောက်မှု သဘာဝ ကို အရည် ဟု ခေါ်ကြ သဖြင့် ကျောက် ရည်ကျောက် သား ဟူသော စကား သည် ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလောက တွင် ရေပန်းစား သည့် စကားများဖြစ်လေသည်။
ကျောက်ရည်ကျောက်သား အပေါ် မူတည် ၍ ရတနာ ၏ တန်ဖိုး ကို သတ်မှတ်ကြလေရာ ကျောက်မျက် ပညာ ကျွမ်းကျင် သူသည် ထိုနှစ်မျိုး စလုံး ကို ကျွမ်းကျင် ရလေသည်။
ပြင်ပ ရုပ်လက္ခဏာ ကို ကြည့်၍ အတွင်းသား ကို လေ့လာ အကဲခတ် ရ သည့် ပညာသည် ကျောက်မျက် ပညာ ၏ အရေးကြီးသော ပညာရပ် များဖြစ်လေသည်။ပြင်ပ လက္ခဏာ သည် အတွင်း သားကို ဖော်ပြနေ သည့် တိကျသေချာသော လက္ခဏာ ဟုပိုင်းဖြတ် ၍ မရသော် လည်း ထို လက္ခဏာ များသည် အတွင်းသား ကို အကဲခတ် ရာတွင် အတွေ့အကြုံ အရ သုံးစွဲနေ ရသည့် လက္ခဏာများ ဖြစ်လေသည်။
ကျောက်စိမ်း အရိုင်းတုံး တစ်တုံး ကို အကဲခတ် သူသည် ကျောက်စိမ်းတုံး ၏ ပြင်ပ လက္ခဏာ များ ကိုကြည့် ၍ သူ၏ အတွေ့အကြုံ ကြွယ်ဝ မှုဖြင့် အကဲ ခတ်ရ လေသည်။ ထိုကျောက်စိမ်း အရိုင်းတုံး သည် မည်သည့် အရပ်ဒေသ က ထွက်သလဲ၊ ဘယ်လို အမျိုးအစား လဲ စတာက နေ ချဉ်းကပ်ရသည်။ 
ဖားကန့် ကလား၊ လုံးခင်း ကလား၊ တာမခန် ဘက်က လား၊ခန္တီး ဘက်က လား စသဖြင့် ထွက်ရှိသည့် အရပ်ဒေသ ကို ကြည့်ရသည်။ ထွက်ရှိရာ ဒေသကို လိုက်၍ ပြင်ပ အခွံ ကွာခြားသည်။ပြင်ပ လက္ခဏာ ကွဲပြားမှု ရှိ သည်။ 
နာဆာ မှ မြန်မာ ပညာရှင်
 အာကာသ နှင့် စကြာဝဠာ's photo.
 အမေရိကန် အာကာသအေဂျင်စီ (နာဆာ) မှာ တာဝန် ထမ်းဆောင်နေ တဲ့ မြန်မာ လူမျိုး ရှိပါသလား လို့ စာဖတ် ပရိတ်သတ် တစ်ယောက်က မေးဖူးပါတယ်။ 
ကျနော်လည်း ဒီမေးခွန်း အတွက် အဖြေကို လိုက်ရှာရင်း အမှတ်မထင် တွေ့လိုက်တဲ့ Comment ၂ ခု ကနေ နာဆာမှ မြန်မာလူမျိုး သုတေသန ပညာရှင် တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ ပါတယ်..။
ဆရာကြီး ဒေါက်တာ ပဒေသာတင် လို့ခေါ်ပါတယ်။ သူဟာ ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် မှ ရူပဗေဒ အဓိက ဘာသာဖြင့် MSc ဘွဲ့၊ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် Western Illinois University မှ ရူပဗေဒ အဓိက ဘာသာဖြင့် MS ဘွဲ့၊ မစ်ဆိုးရီးပြည်နယ် University of Missouri, Rolla မှ ရူပဗေဒအဓိကဘာသာဖြင့် PhD ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်.။
နာဆာရဲ့ နိုင်ငံတကာ အာကာသ စခန်း မြေပြင် ထိန်းချုပ်ရေး ဌာနမှ The Melting of Aqueous Foams (Foam Optics and Mechanics) နဲ့ Structure and Dynamics of Freely Suspended Liquid Crystals တို့မှာ Project Scientist အနေ နဲ့ လုပ်ကိုင်နေပါတယ်။
ဘေးတိုက်တော့ မလိုက်နဲ့ 
ဦးမြင့် ခိုင် စိတ်ပညာ's photo.
သာသနာတော် ကို ကာကွယ်ဖို့ ဆိုတာ အခြေအနေ နဲ့ အချိန်အခါ ကို ကြည့်ပြီး သတ်မှတ်ရတာ ပါ ။ ပုံသေ မရှိပါဘူး ။
သီဟိုဠ် မှာ ၁၂ နှစ်ကြာ သူပုန်ဘေး ဆိုက်ပြီးတော့ ဗုဒ္ဓ တရားတော်တွေ ကို ပြန်လည် စုစည်းတဲ့ အခါ
အခြားသော တရားတော်တွေ ကို စုစည်း လို့ ရပေမဲ့ မဟာနိဒ္ဒေသပါဠိတော် ကပျောက်နေတယ် ။
အဲဒီ အချိန်က ရဟန်းတော်တွေ ဟာ တရားတော် တွေကို နုတ်တတ် ရအောင် ဆောင်ထား ရတယ် တပါး စီ တပါးစီ ခွဲခြားပြီး အာဂုံဆောင်ကြရတယ် ။
အဲဒီပျောက်နေ တဲ့ မဟာနိဒ္ဒေသ ပါဠိတော် ကတော့ အကျင့်ပျက် ရဟန်း (ဒုဿီလ) တစ်ပါး က အာဂုံဆောင် ထားတယ် ဆိုတာ သိကြရ တယ် ။  ဒါပေမဲ့ အကျင့်ပျက် ရဟန်း ဆီမှာ ရဟန်း ကောင်းတွေက တပည့် ခံပြီး သင်ယူလိုစိတ် မရှိကြဘူး ။ အာပတ်သင့် မှာ ကို ကြောက်နေကြတယ် ။
ဘ၀ မှာ တိုးတက်အောင်မြင် ချင်ရင် အနစ်နာ ခံရမယ်
 သား မိုက်'s photo.
 ဘ၀ မှာ လူတွေ ဟာ  အောင်မြင်သူတွေ ကို အားကျကြတယ်၊ လွယ်လွယ် နဲ့ ရလာတယ် ဘဲ ထင်တတ်ကြ တာ များပါတယ်၊ တကယ်တော့ ဘယ်အရာ မှ အလကား မရပါဘူး ၊ သူ့နေရာ နဲ့ သူ ထိုက်သင့်တဲ့ ပေးဆပ်မှု ကိုတော့ ပြုခဲ့ရတာပါ။
ကဲ - ပြောပြတော့မယ်နော် ၊ တစ်ခါ က ပန်းပု ဆရာကြီး တစ်ယောက် ရှိပါသတဲ့၊ သူ့ဆီ ကို သစ်သားတုံး နှစ်တုံးရောက် လာတယ် ၊ သစ်သားတုံး နှစ်တုံး အနက် ပထမ သစ်သားတုံး ကို ပန်းပု ဆရာကြီးက ဆူး ဆောက် လက်နက်တွေ နဲ့ ပန်းပု ထု တဲ့ အချိန်မှာ အဲဒီ သစ်သားတုံး က ရှုံ့မဲ့ ပြီး......
" နာ တယ် နာ တယ် တော်ပါတော့ " ဆိုပြီး ထအော်တယ် ၊ ပန်းပု ဆရာ လည်း စဉ်းစား လိုက်တယ်  ၊ ဒီကောင် အနာ မခံ နိုင်တဲ့ အကောင်ဘဲ ၊ ဒါကြောင့် လွယ်လွယ် လေးဘဲ မောင်းတုံး အဖြစ် ထုပေးလိုက် တယ်၊
 နောက် သစ်သားတုံး ကို ပန်းပု ထုတော့ ဒုတိယ သစ်သားတုံး က နာပေမယ့် ကြိတ် မှိတ် သည်းညည်းခံ တယ်၊ ဒါကြောင့် ပန်းပု ဆရာကြီး က ဒုတိယ သစ်သားတုံး ကို ဘုရား ဆင်းတုတော် ဖြစ် အောင် ထုပေး လိုက်တယ်၊ 
Thursday, July 16, 2015
၂၀၁၅ ရွေးကောက်ပွဲ နဲ့ ပြိုင်ဆိုင်မှု ပြင်းထန် လာတဲ့ သမ္မတ ရာထူး
 ရွေးကောက်ပွဲ, သမ္မတ, ဦးသိန်းစိန်, ဦးရွှေမန်း
ဦးသိန်းစိန် နဲ့ ဦးရွှေမန်း တို့ကြား အနာဂတ် သမ္မတ ရာထူး လွန်ဆွဲပွဲ ကို ကာတွန်းဖြင့် သရုပ်ဖော် ထားပုံ 
(သရုပ်ဖော် – စိုင်းစိုးကြည် / ဧရာဝတီ)
၂၀၁၅ ရွေးကောက်ပွဲ နီးကပ် လာချိန် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ထဲမှာ သမ္မတ ရာထူး အတွက် ပါတီ ခေါင်းဆောင် ၂ ဦး ဖြစ်တဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် နဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း တို့ ကြား မှာ ပဋိပက္ခ ပြင်းပြင်း ထန်ထန် ဖြစ်ပေါ် နေသလို အတိုက်အခံ အင်အားကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကလည်း ဘယ်သူ့ ကို သမ္မတလောင်းရွေးချယ် မလဲ ဆိုတာ စိတ်ဝင် တစားစောင့် ကြည့်နေ ကြပါပြီ။
မြန်မာနိုင်ငံ ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ကို ပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့် မရှိဘဲ ပြည် သူတွေ ရွေးချယ် တင်မြောက်လိုက် တဲ့ လွှတ်တော် ကနေ တဆင့် ရွေးချယ်ခြင်းဖြစ်တဲ့ အတွက် သမ္မတ ဖြစ် ဖို့ဆိုရင် ကိုယ့် ပါတီက ရွေးကောက်ပွဲ မှာ မဲအပြတ် အသတ် အနိုင်ရရှိဖို့ လိုပါတယ်။ သမ္မတ ဟာ အစိုးရ အဖွဲ့ကို ဦးဆောင်ဖွဲ့နိုင်တဲ့ အာဏာ လည်း ရှိပါတယ်။
အာဏာရ ပါတီ က ဘယ်သူ သမ္မတလောင်းဖြစ်မလဲ ကြံ့ခိုင်ရေး ပါတီ ကဖြစ်တဲ့ လက်ရှိ သမ္မတ ဦးသိန်း စိန် က ၂၀၁၅ ခုနှစ်၊ ဇွန်လ ရေဒီယို မိန့်ခွန်း မှာ တိုင်းပြည် ရဲ့ အနာဂတ် အတွက် အခြေခံကောင်းတွေ ချထားပေး ခဲ့မယ်လို့ပြောဆို ခဲ့ပြီး ဇူလိုင်လ မိန့်ခွန်းမှာ တော့ တိုင်းပြည် ကို ပိုမိုကောင်းမွန် တဲ့ အနာဂတ်ဆီ ကိုမျှော်မှန်းပြီး အခြေခံကောင်းတွေ တည်ဆောက် သွားဖို့ ကျနော့် အနေနဲ့ သန္နိဋ္ဌာန် ချထားတယ်လို့ ပြောပြီး မကြာခင် ကျောက်တန်းမြို့နယ်မှာ မဲဆွယ် ပွဲစတင် ခဲ့တာကြောင့် ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး မှာ သမ္မတဆက်လုပ်မယ်ဆိုတာ ပါးပါးနပ်နပ် ထုတ် ဖော်လိုက်တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အာဏာရ ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ ရာထူး ကို ရယူ ထားတဲ့ ဦးရွှေမန်းကြောင့် ကြံ့ခိုင်ရေး ပါတီ ကနေ ရွေးကောက်ပွဲ မဝင်နိုင် ခဲ့ရင် တသီး ပုဂ္ဂလ ပုံစံ မျိုးနဲ့ ရွေးကောက်ပွဲ ဝင်နိုင်ဖို့ပါ ဦးသိန်းစိန် စဉ်းစား နေ တယ် လို့ နေပြည်တော်က လာတဲ့ သတင်းတွေက ဆိုပါတယ်။ 
သမ္မတ ဦးသိန်းစိန် ဟာ သူ့ ဇာတိဖြစ်တဲ့ ငပုတောမြို့နယ် ကနေ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံ မယ်ဆိုတဲ့ သတင်းတွေ လည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သူ့သမ္မတ သက် တမ်း အတွင်းမှာ တော်တော်လေး လုပ်ကိုင်ပေးခဲ့ လို့ ဒေသခံတွေ ရဲ့ထောက်ခံမှု ရရှိထား တယ်လို့ သိရ ပါတယ်။
သမ္မတ လုပ်ချင်သူ
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး ရှင်းလင်းပြောကြားနေစဉ်/ဓာတ်ပုံ - နစ်ကီ
‘‘ကျွန်တော်သမ္မတလုပ်ချင်တာ’’
အထက်ပါ စကား ကိုပြောကြားလာသူ မှာ လက်ရှိ သမ္မတဦးသိန်းစိန် လည်းမဟုတ် သလို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းလည်းမဟုတ်ပါ။
မြန်မာနိုင်ငံ တွင် သမ္မတဖြစ်လိုသည် ဟု ပွင့်ပွင့် လင်းလင်းပြော ကြားထားသူနှစ်ဦးနှင့် လူထုလို အပ်ပါက ဟု သုံးနှုန်း ကာ သမ္မတ ဆက်လုပ်မည် ဟုပြောကြားထားသူ လက်ရှိ သမ္မတဦးသိန်းစိန် အပါအ၀င် သမ္မတဖြစ် လိုသူ သုံးဦးရှိပြီ ဖြစ်ရာ အထက်ပါ ပုဂ္ဂိုလ်က လေးဦးမြောက်ဖြစ်သည်။
လူသိနည်းလှ သည့် နိုင်ငံရေး သမားနှင့်နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတောင်သူလယ် သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဋ္ဌဦးကျော်စွာစိုး ပင်ဖြစ်သည်။
‘‘စစ်သားချည်းပဲ သမ္မတ လုပ် လာတာနှစ်ပေါင်း ၆၀ရှိ လာပြီ။ တိုင်းပြည်လည်း မတိုးတက်ဘူး။ ဒီတစ်ခေါက်တော့ လယ်သမားလည်း သမ္မတ လုပ်ချင်ပါတယ်’’ဟု ဦးကျော်စွာစိုး က သူ၏ အိပ်မက်ကို 7Day News အား ပြောသည်။
 သူသည် ပါတီ လှုပ်ရှားမှုများ တွင် လေးဖြူ၊  အငဲ တို့ပါဝင်သည့် အိုင်စီ အဖွဲ့ကို စတိတ်ရှိုး သွင်းပြီး နယ်ခံ များနှင့် မိတ်ဆက် ခဲ့သည်။ ပါတီ လှုပ်ရှားမှုများ ငွေကြေးများ စွာသုံးနိုင်ခြင်းကြောင့် ၎င်းတို့ ပါတီ ကို နောက် ကွယ် မှ ထောက်ပံ့သူ၊ ထောက်ပံ့သော အဖွဲ့အစည်း ရှိ မည်ဟု သုံးသပ်သူအချို့လည်းရှိ သည်။ 
ဆရာစံ ရုပ်ပုံနှင့် နဂါး ဂဠုန် အလံ တို့ ကို ပါတီ တံဆိပ် အဖြစ်  အသုံးပြု သည်။ တောင်သူလယ် သမားများ အား ငွေချေးမည်ဟု ကတိပေးသည်။ ပြိုင်ဘက် များကို အလဲထိုးမည် ဟုကြုံးဝါးသည်။
blogger များ သိထားသင့်သည့် အချက်တစ်ချို့
ကျွန်တော်( လေလွင့်နေတဲ့လူ) အပါအ၀င် တက်သစ်စ ဘလော့ကာ များသိထား သင့်လို့ မျှဝေလိုက်ပါတယ် ခင်ဗျာ ။
1. ကျွန်တော်တို့Blog တစ်ခု မပြုလုပ်ခင်မှာ အရင် မိမိတင်ပြချင်တဲ့အကြောင်းအရာကို အရင် စဉ်းစားရပါမည်။ 
ဘာ အကြောင်း တင်ပြချင်တာလဲ တင်ပြချင်တဲ့အကြောင်းအရာတွေ ကို ဘယ်ကနေရနိုင်သလဲ ရနိုင်တဲ့နေ ရာတွေ ကို 
အရင် ရှာဖွေထားရပါမည်။ 
ဒါမှ မိမိတင်ပြချင်တာ ကို အလွယ်တကူ တင်ပြနိုင်မှာဖြစ်ပါတယ်။
2.ဒီ တစ်ချက်က အရေးကြီးပါတယ်.  မိမိရေးထားတဲ့ Blog လေး ကို hack  ခံရရင် မိမိရေးထားတဲ့ Post တွေ 
မဆုံးရူံး ရအောင် Export လုပ်ထား ရပါမည်။ 
Tuesday, July 14, 2015
သွေးစုပ် ဖုတ်ကောင် များ ကျန်းမာရေး ၀န်ထမ်းများကို ကြောက်လေ့ရှိ
မိမိကိုယ် ကို သွေးစုပ် ဖုတ်ကောင် Vampire များ အဖြစ် သတ်မှတ်ပြီး ကျန်းမာရေးကောင်းရန် လူသွေး သို့မဟုတ် အခြား တိရစ္ဆာန် များ၏ သွေးများ ကို သောက်သော သူများသည် လူမှု ၀န်ထမ်း များနှင့် ဆေး ပညာရှင် များ က ၎င်းတို့ ကို တွေ့ရှိပြီးနောက် တကယ့် မကောင်းဆိုးဝါး သို့မဟုတ် စိတ်ကျန်းမာရေး မကောင်းသူ အဖြစ် သတ်မှတ်မည် ကို စိုးရိမ်ကြကြောင်း လေ့လာမှုတစ်ခုက ဖော်ထုတ်လိုက်သည်။
သုတေသီများ သည် အဆိုပါ ဗန်ပိုင်းယား ဟု ကိုယ့်ကိုယ် ကိုယ် သတ်မှတ်ထားသူ တစ်စုကို လေ့လာ ခဲ့ ပြီးနောက် ၎င်း တို့ကို နားလည်ရေး သည် ကျန်းမာရေး လုပ်သားများ အတွက် အရေးကြီးကြောင်း သိလာရ သည်ဆိုသည်။
      “ဘ၀ဖြစ်တည် မှု မတူပေမယ့် ဒီလိုတွေ ဟာ လူတိုင်းမှာ လိုပဲ ကိစ္စတွေ ရှိနေပါတယ်”ဟု အိုင်ဒါဟို တက္ကသိုလ် မှ တွဲဖက် ပါမောက္ခ ဒီဂျေ ၀ီလီယမ် က ဆိုသည်။
စပါးကြီး သည်းခြေ ၏ စွမ်းရည်
 Thein Phyu    မြန်မာ့အာယုဗ္ဗေဒဆေးသိပ္ပံ's photo.
 ဆေးလောက ၌ ဆေးဘက်ဝင် သက်ရှိ သတ္တ၀ါ တို့၏ ရုပ်ကြွင်းဆေး ပစ္စည်း များဖြစ်ကြသည့်သွေး၊ အရိုး ၊ အစွယ်၊ သည်းခြေ စသည်တို့ အနက်အလွန် ထက်မြက်ပြီး စွမ်းရည် သတ္တိအမျိုးမျိုး တို့နှင့် အ ပြည့်စုံဆုံးသော
ပစ္စည်း မှာ စပါးကြီးသည်းခြေပင်ဖြစ်ပေသည်။
ထို စပါးကြီး သည်းခြေ သည် သက်ရှိ တို့၏ သည်းခြေ တကာတို့တွင် စွမ်းရည်ပြည့်ဝစွာ ပါရှိသော သည်းခြေဖြစ်ပေ သည်။ 
သည်းခြေ ဟူသမျှ တို့သည် အစ၊ အလယ်၊ အဆုံး (၃) ပါးလုံး ၌ ခါးကြသည် သာဖြစ်သည်။ စပါးကြီး သည်းခြေ သည်ကား အစ ၌ ခါးသော အရသာရှိသော် လည်း ခါးပြီးသည့်နောက် ၌ ချိုသော အရသာကို ထူးခြား စွာတွေ့ ရှိရလေသည်။ 
ထိုသည် စပါးကြီးသည်းခြေ ၏ အရသာ အနေဖြင့် သည်းခြေ တကာတို့ ထက် ထူးခြားခြင်းဖြစ်ပေ သည်။
ပုံသဏ္ဍာန် အနေဖြင့်လည်း စပါးကြီး သည်းခြေသည်၊ သည်းခြေ တကာတို့ထက်ထူးခြားလေသည်။
အခြားသော သည်းခြေ များသည် အခွံထူ ထဲပြီး အိတ် သဏ္ဍာန်ရှိကြသော် လည်း စပါးကြီးသည်းခြေကား အလွန်ပါး လွှာသော အခွံ ၏ တွင်း၌ သည်းခြေရည် သည် ပျံ့နှံ့ပြီးတည်နေလေသည်။
ဗုဒ္ဓဟောကြား စီးပွားအောင်မြင်နည်း တရား
Myanmar Model Girls's photo.
 လူတွေဟာ ချမ်းသာ ချင်ကြတယ်။ အခုမှ မဟုတ်ပါဘူး။ ရှေးတုန်း ကတည်း ကပါ။ အင်္ဂုတ္တရနိကယ် မှာ ဒီလိုဟောထား ပါတယ်။
ဗုဒ္ဓ လက်ထက်တော်၊ ကောလိယတိုင်း၊ ကက္ကရပတ္တမြို့ မှာ ဒီဃဇာဏု ဆိုတဲ့ အမျိုးသားဟာ ဒီဘဝမှာ ချမ်းချမ်း သာသာ နေချင် ပါတယ် ။  အဲဒီလို ဖြစ်နိုင်တဲ့ အခြေ အနေကောင်းများ ရှိပါသလားလို့ မေးလျှောက်ခဲ့ပါတယ်။
ဗုဒ္ဓက ရှိတယ် ဒီဘဝ အတွက် ဟိတသုခ အခြေ အနေကောင်းတွေ နဲ့ ချမ်းသာသုခ ကိုရစေနိုင်တဲ့ အချက်လေး မျိုးရှိတယ်။
(၁) ဥဋ္ဌာနသမ္ဗဒါ-ကိုယ်လုပ်တဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကြိုးကြိုး စားစား တက်တက်ကြွကြွ လုပ်ကိုင်ရ မယ်။ ကြိုးစားတိုင်း ရသလား ဆိုတော့ မရနိုင်ဘူး။ 
ဒက္ခ-လုပ်ငန်း ကျွမ်းကျင်မှု ရှိရမယ်၊ 
အနလသ-ဇွဲကောင်းမှု ရှိရမယ်၊ 
ဥပါယဝီမံသ-နည်းပညာ ရှိရမယ်။....... ကြိုးစားမှု ရှိရုံ တစ်ခုတည်းနှင့်တော့ မရဘူး။
 ကြိုးစားမှု ဆိုတဲ့ ထဲမှာ အရေးကြီး တဲ့ အချက်၃ချက် ပါတယ်။ 
 ကြိုးတော့ ကြိုးစားတယ်၊ လုပ်ငန်း က မကျွမ်းကျင်ဘူး မအောင်မြင်နိုင်ဘူး။ 
 ကြိုးစား တော့ကြိုးစားတယ် ဇွဲမကောင်းဘူး မအောင်မြင်နိုင်ဘူး။ 
ကြိုးစားတယ်၊ နည်းပညာ က နိမ့်ကျနေတယ်၊ စီမံခန့်ခွဲနိုင်တဲ့ စွမ်းအားတွေ မရှိဘူး။ မအောင်မြင်နိုင်ပါဘူးတဲ့။ 
Monday, July 13, 2015
ကိုးရီးယား ဇာတ်လမ်းတွဲများ မှ မှတ်သား စရာများ
Myanmar Model Girls's photo.
၁။ ချမ်းသာပြီး ချောမောသော ယောက်ျားများ သည် ပြောချင်ရာပြော တတ်သော ရွက်ကြမ်းရေ ကျို မိန်းမ များကို ကြိုက်လေ့ ရှိသည်။
၂။ မိန်းကလေးများ ၏ အရင်းနှီးဆုံး ယောက်ျားလေး သူငယ်ချင်းတိုင်း သည် သူမ တို့ကို သေချာပေါက် ချစ်လေ့ ရှိသည်။
၃။ ညီအစ်ကို များ၊ သူငယ်ချင်း များ၊ ကျောင်းနေဘက် များ၊ ရန်သူ များသည် မိန်းကလေး တစ်ယောက်တည်း ကိုသာ စုပြုံကြိုက်လေ့ ရှိသည်။
၎။ ကိုးရီးယား တွင် ဘယ်လမ်း မဆို ဂငယ်ကွေ့ ကွေ့ခွင့် ရှိသည်။  ကိုယ်ကွေ့ချင် သည့် လမ်းတွင် ဘယ်တော့ မှ ကားမရှိ (တစ်စီးမှ ကို မရှိ) ။
၅။ စားသောက်ပြီး မရှင်း ပဲ ထပြေး သွားခွင့် ရှိသည် (မပြေးခင် တစ်ယောက်ယောက် ကိုတော့ ငိုပြီး ပါးရိုက် ခဲ့ရမည်)။
၆။ လူတိုင်း ကင်ဆာဖြစ်နေကြသည်။
ရ။ မိုးရေထဲ တွင် ငါးမိနစ် ခန့်နေပါ။ သေချာပေါက် ဖျားမည်။
 ၈။ ဖျားလျှင် ပူစရာမလို။ ရည်းစား က ကျောပိုးပြီး ဆေးရုံ သို့ ပြေးလိမ့်မည်။ (Taxi, car, ambulance ဘာ မှ ခေါ် စရာ မလို၊ ပြေးတာ က ပိုမြန်၏)။
၉။ ရေဆင်းကူး လျှင် ဘယ်တော့မှ အဝတ်အစား လဲစရာ မလို။ ဒီတိုင်း ဆင်းသွား ရုံသာ။
၁၀။ ချမ်းသာ သူ = မကောင်းသော လူ။
၁၁။ ဆင်းရဲ သူ = လွန်စွာ ရိုးသားဖြူစင်သူ။
၁၂။ မင်းသား၊ မင်းသမီး ၏ အစ်ကိုသည် ဘယ်တော့ မှ အသုံးမကျ။  အစ်ကို အရင်းဖြစ် လျှင် ပိုဆိုး သည်။ ရုပ် ချင်းတောင် တစ်စက် မှ မတူ၊ မချော။
၁၃။ စာ တကယ်ကြိုးစားရင် နှာခေါင်းသွေးယို ရမည်။
Sunday, July 12, 2015
Facebook ပေါ်မှာ sexy virus လင့်တွေကို ဖျက်နည်း
 Aung Pyay Thein's photo.
facebook ပေါ်မှာတွေ့တွေ့နေတဲ့ sexy ဆိုက်တွေ ဟာ  virus လင့်ဖြစ်ပါတယ်။  sexy ဗိုင်းရပ် လင့်ကြည့်မိပြီ ဆိုတာ နဲ့ ကြည့်မိ သူရဲ့ ကိုယ့်အကောင့်နာမည် နဲ့ သုးံပြီး အဲဒီ sexy ဗီဒီယိုတွေ ကို ကိုယ်နဲ့ ပတ်သက်တဲ့ မိတ်ဆွေ သူငယ်ချင်း၊ မိမိ ဝင်ထားတဲ့ group တွေမှာ မိမိ အကောင့် နာမည် နဲ့ ပေးပို့နေမှာဖြစ်ပါတယ် ။
တကယ်လို့  ကိုယ့် မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ယောက် က sexy လင့်တွေ ကိုပေးပို လာရင် လည်း သူ ဗိုင်းရပ် ကိုက်ခံနေရပြီ ဆိုတာ နာလည် ခွင့်လွတ်ပေးဖို့ လိုပါ တယ် ။
ကိုယ်ကလည်း ဖွင့်မကြည့်မိ ပါစေနဲ့....ဗိုင်းရပ်လင့်  ဘယ်လိုပြန်ဖျက်ထုတ်ရ မလဲပြောပြပါမယ်..... 
ဗိုင်းရပ်လင့် ဖျက်နည်းပါ။
Group မှာ မိမိ အကောင့် အမည်ဖြင့် sexy ဗိုင်းရပ် လင့် သွားပေါ်နေရင်....
- Account setting ထဲ ဝင်ပြီး privacy ကိုနှိပ်လိုက်ပါ။
ပြန်ဆုံနိုင်မယ့် ၇က်လေး တစ်၇က်
ဒီ သီချင်းလေး က တက္ကသိုလ် ကျောင်းသား ဘ၀ကေ၇းဖြစ်ခဲံ့ တဲ့ အမှတ်တ၇ သီချင်းတွေထဲက တစ်ပုဒ်ပါ...  
Original  သီချင်း လေး၇ဲ့ နာမည် ကိုတော့  အိမ်နဲ့ အဝေးတစ်နေ၇ာမှာေ၇ာက်၇ှိနေ၇တဲ့ အတွက် မှတ်သား ထားတာတွေ ထဲမှာ ပြန်လည်၇ှာဖွေ တင်ပြပေးဖို့  အဆင်မသင့်တော့ပါ..  
ငယ်ငယ် က အန်တီ နွဲ့၇ည်ဝင်း  ဒီ သီချင်း  သံစဉ်လေး ကို  ဆိုခဲ့ဖူးတာ နားထောင်ခဲ့၇ဖူး ပါတယ်...  
သီချင်း ချစ်တတ်သူ အားလုံးကိုလဲ  မင်္ဂလာပါ  လို့ နှုတ်ခွန်းဆက်ပါတယ်..........  
                                                                                                ***  ကိုကျော်ကြီး........
https://www.youtube.com/channel/UCvvTWV009eSzW-jG0WMYKaA
Saturday, July 11, 2015
နဂါး ဦးခေါင်း မဟာ တံတိုင်းနှင့် တိုက်မိခြင်း
10th July 2015
ဂရိ ရဲ့ စီးပွားရေး အကျပ်အတည်း အပေါ် ရှိကြတဲ့ အာရုံ အလုံးစုံ ကို တစ်ရက်ထဲ နဲ့ တရုတ် ရှယ်ယာ ဈေးကွက် က ဖမ်းယူ သွားခဲ့တယ်၊ (၈. ၇. ၁၅) တစ်ရက် ထဲမှာ တရုတ် စတော့ဈေးကွက် (၅၁%) နီးပါး အရောင်း အဝယ် ရပ်တံ့ သွားခဲ့ပြီး တစ်ခဏ အတွင်း (၃.၂) ထရီလီယံ တန်ဘိုး ရေငွေ့ပျံ သွားတဲ့ ပမာဏဟာ မသေးဘူး လို့ ဆိုရ ပါလိမ့်မယ်။
ဆယ်စုနှစ် သုံးခုလောက် တစ်ဟုန်ထိုး စီးပွားရေးကောင်း လာခဲ့တဲ့ တရုတ်တွေ အတွက် အခုတစ်ကြိမ် ဟာ ဆိုးဆိုး ဝါးဝါး အဖြစ်ဆုံးဖြစ်ပြီး မဟာတံတိုင်းကြီး နဲ့ တရုတ် နဂါးခေါင်း တိုက်မိ သွားတာလို့ တောင် တင်စား နိုင်မလား မဆိုနိုင်ပါဘူး ။ 
ဒါပေမဲ့ တရုတ်ဘက် က ပြန် ခုခံလိုက်တာ ကတော့ အများပြော သ လောက်တော့ မဟုတ် ပါဘူး၊ ခန့်မှန်း ချက်တွေ ထက် ပြဿ         နာက အများကြီးသေးပါတယ်  လို့ ချေပ ထားတာ တွေ့ရတယ်၊ Qu Hongbin က စတော့ဈေးကွက် ဟာ စုစုပေါင်း ဘဏ္ဍာရေးဈေးကွက် ပမာဏ ရဲ့ (၁၅%) ၊ Social Financing ရဲ့ (၅%) သာ ရှိတာ တွေ့ရမှာပါ လို့ ချေပထားတယ် ။
Qu ဆက်ပြီးပြောတာက … တရုတ်တွေ ရဲ့ စုဆောင်းငွေ အများစု ဟာ စတော့ဈေးကွက် မှာထက် လက်ဝယ် ထားရှိ တဲ့ငွေသား နဲ့ ဘဏ် အပ်နှံငွေက အများကြီး ပိုပြီး စုဆောင်းထားတာ တွေ့ရပါ လိမ့်မယ်၊ အခုဖြစ်ရပ် ကို မကြာခင် မှာ ပြန်ပြီး-ဆယ် ထုတ်သွားနိုင်ပါလိမ့်မယ် လို့ အကောင်း ဘက်ကပြောခဲ့တာ တွေ့ရတယ် ။
ဘာပဲပြောပြော ၂ဝဝ၈-အမေရိကန် Subprime ဈေးကွက် ကဖြစ်လိုက် တဲ့ စီးပွားရေး အကျပ် အတည်း နောက် ပိုင်း မှာရော၊ တရုတ် ရဲ့ သမိုင်း မှာရော က ဒီ တစ်ကြိမ် တော်တော် ကြီးကြီးမားမား တုန်လှုပ် မှုဖြစ်ခဲ့တာ ကို တော့ ငြင်းနိုင်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်၊
Windows 7 မှာဖြစ်တတ် တဲ့ This Copy Of Windows is Not Genuine ကိုဖြေရှင်းနည်း
windows 7 is not genuine  
ကျနော့ ဝက်ဆိုဒ် မှာ နည်းပညာ များကိုသာ သီးသန့် ရေးလို တာကြောင့် Post တင်တာလေးတွေ နှေး ပါတယ် ။ ဒီလို နည်းပညာ ဆိုဒ်မျိုးတွေ ကို လူဝင်လဲ နည်းပါတယ် ဒါပေမဲ့ Post တစ်ခုဆို ဆိုသလောက် အသုံး ဝင်တာလေးများကိုသာ တင်ပေးသွားမှာ ဖြစ်ပါတယ်။ 
Windows 7
Build 7600
This Copy Of Windows Is Not Genuine
ဆိုတဲ့ ရေစာလေး Microsoft ကို ကပ်ပေးလိုက်တာ လစဉ် နီးပါးဖြစ်နေတယ် ။  ပြီခဲ့တဲ့ လ က သူ့ PC ကို Windows ပြန်တင်ပေးတာ တစ်လ တစ်ကြိမ်နှုံးလောက်ကြနေတော့ ဒီတစ်ခေါက် Windows ပြန် မတင်ပေးတော့ ဘဲ အဲဒီရေစာလေး ကို ဖျက်တဲ့ နည်းလေး ရှာ ပြီး စမ်းလိုက်တာ အောင်မြင်သွားတာကြောင့် ဒီ အကြောင်းကို Post အဖြစ်တင်ပေးလိုက်ပါတယ်ဗျာ။ 
 ဒီ နည်းကို သုံးဘို့ အတွက် အောက်မှာ ရှင်းပြပေးထားတာလေးတွေကို သာ သေချာဖတ်ပြီး လိုက်လုပ်ပေး သွား ရုံသာဖြစ်ပါတယ် ။ အားလုံး အဆင့် ငါးဆင့်ပေးထားပါတယ်။
ဒီနည်း ကို စလုပ်တော့မယ် ဆိုရင်....... 
Step 1
ပထမ အဆင့် အနေ နဲ့  CMD ဆိုတဲ့  Command Prompt ကိုခေါ်ယူ ရမှာဖြစ်ပါတယ်။  ဒီလိုခေါ်ယူ ဘို့ ရန် Start Menu ကိုသွားပြီး Search ထဲ ကနေ CMD လို့ ရိုက်သွင်း ပါ ။ 
Friday, July 10, 2015
သူတို့ တွေလည်း မကျေနပ်လောက်ဘူး
ဆရာ ထင်လင်းဦး
စာရေးဆရာ ဆိုကတည်း က သူလည်း စာအုပ်တွေ အများကြီး ဖတ်ခဲ့ဘူး မှာပါ ။ ဒါပေမဲ့ ဗုဒ္ဓစာပေတွေ အဖတ် နည်းခဲ့တော့ ဘာသာတရား ရဲ့ အတိမ်အနက် ကို မသိဘူး သာကီဝင်မျိုးက ကိုယ့်နှမ  ကိုယ်ပြန် ယူတာ တဲ့ မောင်နှမဝမ်းကွဲ လို့  မပါဘူး ။ အဲဒီ စကားတစ်ခွန်း ကသူ့ ကို ကျရှုံးစေတာ.....
မိုးသီးဇွန်
သူလည်း ဗုဒ္ဓ စာပေတွေကို  တန်ဘိုးရှိမှန်း မသိဘူး  မြန်မာနိုင်ငံ ပညာရေး စနစ်နိမ့်ကျတာ ဟာ ဗုဒ္ဓ စာပေ သင်တဲ့ နည်းစနစ်တွေကြောင့်တဲ့  .....  အင်း သူလည်း သွာ့း ရှာပေါ့
သခင်သန်းထွန်း
ငါသာ သမ္မတ ဖြစ်ရင် ရွှေတိဂုံ ဘုရားကြီး ကရွှေတွေ ကို ခွါပြီး ဆင်းရဲသားတွေ အ တွက် လိုအပ်တဲ့နေရာမှာ သုံးမယ် တဲ့ ။  သူလည်း အဲဒီ စကားတခွန်း ကပဲ ကျရှုံးစေခဲ့တာ ။
တကယ်တော့ .....   ဘယ်နိုင်ငံရေးသမား မဆို ဗုဒ္ဓ တရားတော်ရဲ့ အတိမ်အနက် ကို နားလည် သင့်တယ်
နိုင်ငံရေး နယ်ပယ်မှာ ဘယ်လောက်ပဲ တော်နေပါစေ ဗုဒ္ဓ တရား စာပေတွေကို နားမလည်ရင် သူတို့ လို ပဲဖြစ် မှာပါ......
ဗုဒ္ဓဘာသာဝင်တွေ ဟာ ကိုယ့် ဘာသာ ဘယ်လောက် တန်ဘိုးကြီးတယ် ဆိုတာကို သိကြ တယ် ဘာသာ တရား ကို ထိပါး လာမဲ့ ဦးဆောင်သူမျိုး ဆိုရင် လက်ခံကြမှာ မဟုတ်ဘူး......... ။
Thursday, July 9, 2015
အင်တာနက်လိုင်း မြန်အောင် လုပ်နည်း
Pe Than Htike's photo.
နဂိုရှိ မှ နားကိုင်းထွက် ဆိုသလို န ဂိုအဝင် အင်တာနက် လိုင်း မကောင်းရင် ကိုယ်ရမယ့် Output အင်တာနက် လိုင်း ကလည်း မကောင်းနိုင်ပါဘူး။
ဒီကြားထဲ Waste ဖြစ်သွားတာတွေ လည်း မိမိ ကွန်ပြူတာ တစ်လုံးတည်း မှာ တင် အများကြီး ရှိနေတတ်တော့ မကောင်းတဲ့ ကော်နက် ရှင်က တက်ကို မလာဘူး ဖြစ်သွားရပါရော။ 
ဒီလို အလဟဿ           ဖြစ်သွားမယ့် Bandwidth တွေကို Waste မဖြစ်ပဲ အပြည့် အဝ အသုံးချ လိုက်ရင် အင်တာနက် ကော်နက်ရှင်က အနည်း နဲ့ အများ ပြန်တက် လာမှာတော့ အမှန်ပါပဲ။ 
လုပ်ပုံလုပ်နည်းလေး က အောက်ပါ အတိုင်း ဖြစ် ပါတယ်။
၁။ Bndwidth မြင့်ခြင်း  
Start Menu >Run > gpedit.msc ဟူသော စာကို ရိုက်> Enter ခေါက်။ Screen ဘယ်ဘက်က administrative templates ကိုရွေး> Network ကိုရွေး> QoS packet scheduler ကို click နှိပ်>limit reservable bandwidth ကို click နှိပ်။ Enabled ပြောင်း၊ Bandwidth ကို 0 သို့ထား။
လက်ရှိ အင်တာနက် မြန်နှုန်းထက် ၂၀ ရာခိုင်နှုန်း တက်ပါတယ်။
Tuesday, July 7, 2015
အလုပ် ပိတ်ပြီး ပြန်သွားတယ် ဆို ဒီအတိုင်း ထွက်သွားလို့ မရဘူး၊ ဥပဒေ က ရှိပြီးသား၊ အလုပ်သမား ကို အလုပ် အတွက် နစ်နာကြေး လျော်ကြေးပေးရမယ်..
 MOI Webportal Myanmar's photo.
ဦးမျိုးအောင်(အမြဲတမ်း အတွင်းဝန်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန)
အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထား တစ်ရက် ကျပ် ၃၆ဝဝ သတ် မှတ်ခြင်း အပေါ် လုပ်ငန်းရှင် အချို့က ကန့်ကွက် မှုနှင့် ပတ်သက် ၍ နယ်ပယ် အသီးသီး မှ ပုဂ္ဂိုလ်များ ၏ သဘောထား အမြင်များ ကို တွေ့ဆုံမေးမြန်း တင်ပြ လိုက်ရပါသည်။
ဦးဇော်ဦး (နိုင်ငံတော်သမ္မတ ၏ စီးပွားရေး အကြံပေး)
မေး။ ။ အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထား တစ်ရက်(ရှစ်နာရီ)ကျပ် ၃၆ဝဝ သတ်မှတ်လိုက်ခြင်းအပေါ် လုပ်ငန်းရှင်များ ဘက်က ကန့်ကွက်နေတာ ရှိတဲ့ အပြင် လုပ်ငန်းရှင်အချို့က စက်ရုံ ပိတ်သိမ်းမယ် လို့ ပြော ဆိုမှု တွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
ဖြေ။ သုံးရက်ကြာ ဆွေးနွေးခဲ့တဲ့ အနည်းဆုံး အခကြေးငွေသတ် မှတ်ရေး ဆွေးနွေးပွဲမှာ သဘောတူညီမှု ရခဲ့တာပါ။ အများစု သဘောတူပြီးမှ အဆိုပြု နှုန်းထား ကျပ် ၃၆ဝဝ ကို ထုတ်ပြန် ခဲ့တာပါ။ အများစု သဘော မတူဘဲ နဲ့တော့ ဒီနှုန်းထားက ထွက်မလာပါဘူး။ အနည်းဆုံး အခကြေးငွေ ကို သတ်မှတ်တဲ့ အခါ ကျွန်တော် တို့ မှာ သတ်မှတ် ထားတဲ့ စံတွေ ရှိပါတယ်။ 
အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ၊ ဝန်ကြီးဌာန က ကိုယ်စား လှယ်တွေ၊ ကျန်တဲ့တိုင်းဒေသ ကြီး နဲ့ ပြည်နယ် အသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေ လည်း ပါပါတယ်။ ဆိုလို တာက အလုပ်ရှင် ကိုယ် စား လှယ်ဦးရေ နဲ့ အလုပ်သမား ကိုယ်စားလှယ်ဦးရေ ဟာ တစ်စုံ တစ်ခုသော သတ်မှတ်ချက်ထက် မကျော် ရင် အဲဒီ အစည်းအဝေး အထ မမြောက်ပါဘူး။ 
ကျွန်တော်တို့ နိုင်ငံမှာ အားလုံး က ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေ တာဖြစ်ပါတယ်။ အလုပ်သမားရော အလုပ်ရှင်ရော ဆိုင်တဲ့ ကိစ္စ မှာ အင်မတန် မှ ဂရုစိုက်ပြီး ဆောင်ရွက်နေပါတယ်။
အခု ကန့်ကွက်နေတယ် ဆိုတာ အထည်ချုပ် လုပ်ငန်းတွေ ပဲ ဖြစ်ပါတယ်။ အလုပ်ရုံ ပိတ်သိမ်း တာနဲ့ ပတ် သက် လို့ ပြောရရင် အလုပ်ရှင်တော်တော် များများ လုပ်ဖို့ ခက်ပါတယ်။ သူတို့အနေ နဲ့ ဒါကိုတော်တော် စဉ်းစား ရမယ့် အချက် ဖြစ်ပါတယ်။ ကျွန်တော့်အနေ နဲ့ ဒါကို တောင်းဆိုမှု တစ်ခု လို့ပဲ ယူဆ ပါတယ်။ 
Sunday, July 5, 2015
ပြည်ပ က ဝင်လာ တိုင်း လာရောက် ဝါးမျို တာမျိုးဘဲ ဖြစ်မယ်လို့ ပြောလို့မရ
၁၉၇၅ ခုနှစ်လောက် က အသက် ၂၂ ရှိ တဲ့ တိုနီ ဆိုသူ ဟာ ဖိလစ်ပိုင် နိုင်ငံ က မြို့ တစ် မြို့ မှာ ရေခဲမုံ့ ဆိုင်လေး စဖွင့် ခဲ့ရာက ၁၉၇၈လောက်ရောက်တော့ ဘာဂါတွေ ဘာတွေ ပါရောင်းတဲ့ အမြန်ရ အစားအစာ ဆိုင်လေး ဖြစ်လာတယ် ။ 
ဆိုင်ခွဲတွေ ဖွင့်လာနိုင်ပြီး ရပ်တည်နေ ခဲ့တယ်။ ၁၉၈၂ မှာ ဖိလစ်ပိုင်ဈေးကွက်ထဲ ကို McDonald’s လို ကမ္ဘာကျော် ဘာဂါ ဆိုင်ကြီးတွေ ဝင်လာတယ်၊ ပုံမှန် အတိုင်းဆိုရင် သူတို့ က ဝါးမြို့ပြီး SME လေးတွေ ဖြစ်တဲ့ လုပ်ငန်းတွေ ပျောက်ကွယ်သွားကြလေ့ ရှိတယ် ။ 
 ပေါင်းပြီး ဈေးကွက် ကို သိမ်းသွားတာ ဝယ်သွား တာတွေ ဖြစ်လေ့ ရှိပေမဲ့ သူ တည်ထောင်ထား တဲ့ JOLLIBEE ဆို တဲ့ ဆိုင် ကလေး ကတော့ သူဈေးကွက်မှာ ရအောင် ပြိုင်ဖို့ ကြိုးစား ခဲ့တယ်။ သူတို့ ဟာ ပြိုင်နိုင် ဖို့ နိုင်ငံတကာ လုပ်ငန်းကြီးတွေ ရဲ့ Business Process လုပ်နည်း လုပ်ဟန်တွေလေ့လာ တယ် ။
သူတို့ လိုရအောင် လိုက်လုပ်တယ် သူတို့ လုပ်နိုင်တာ ကို ကိုယ်လည်း ရအောင် ကြိုးစားတယ် ဖိလစ်ပိုင်  ဈေးကွက် မှာ ဖိလစ်ပိုင်တွေ ကြိုက်တဲ့ အရသာ ကို သူက သိနေတော့ နောက်ပိုင်းမှာ ဈေးကွက် မှာ ရအောင် ယှဉ်ပြိုင်လာနိုင် ခဲ့တယ်။
အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ပြီး လုပ်နိုင် လာခဲ့ကြတယ် နောက်ပိုင်း မှာတော့ သူ့ ဆိုင်ဟာ ဖိလစ်ပိုင် တစ်နိုင်ငံ လုံးမှာ အနိုင် ရရှိခဲ့ယုံသာ မက သူဆိုင်ခွဲတွေ ကို ဖိလစ်ပိုင် အပြင်မှာပါ တိုးချဲ့ ဖွင့်လှစ် လာနိုင်ခဲ့ တယ် ။ 
Saturday, July 4, 2015
ဖီးနစ် နှင့် စာမရီ (ဇာမဏီ)
 သုတဇုန်'s photo.
ကျွန်တော် က ဒဏ္ဍာရီတွေ၊ ဘာတွေ ကို စိတ်ဝင်စားတယ် ဗျ။ ဘာပဲပြောပြော ဒဏ္ဍာရီ ဆိုတာလည်း သက်ဆိုင်ရာ လူမျိုးတွေ ရဲ့  ယဉ်ကျေးမှု နဲ့ အတွေးအမြင် ကို ဖော်ပြပေးနိုင်တယ်မဟုတ်လား။
ဖီးနစ်ငှက် အကြောင်း ကိုတော့ ၀တ္ထုတွေ ဘာတွေ စဖတ် တဲ့ အချိန်ကတည်း က ရေးရေးလေး သိနေခဲ့တာ ပါ။ ဒီ ငှက် က အင်မတန် တင်စားလို့ ကောင်းတယ် မဟုတ်လား။ ဒဏ္ဍာရီ ဖန်တီး ခဲ့ သူကလည်း တင်စားဖော်ပြ ဖို့ ဖန်တီးခဲ့တာနဲ့ တူပါရဲ့။
ဖီးနစ်ငှက် ဆိုတာ ဂရိ ဒဏ္ဍာရီလာ သတ္တ၀ါ တစ်ကောင်ပေါ့၊ ဘ၀သစ် ကို ဖန်ဆင်း ဖို့ ကိုယ့် အသက် ကိုယ် စတေးတဲ့ ငှက် အဖြစ် လူသိများပါတယ်။
အသက်ရှည်ခြင်း၊ ဘ၀သစ် ဖန်ဆင်းရန် မိမိအသက် ကို မိမိ စတေးခြင်း၊ ပြာပုံ ထဲမှ တစ်ဖန်ပြန်လည်နိုး ထ လာခြင်း စတာတွေဟာ လူတွေ အားကျလောက် တဲ့ ဖီးနစ် ရဲ့ ၀ိသေသ လက္ခဏာတွေ ပါပဲ။
ပညာရှင်တွေ ကတော့ ဖီးနစ် ငှက်ဟာ နေမင်း သူရိန်၊ အချိန် ကာလ၊ ဘ၀ နိဗ္ဗာန်၊ အပျိုစင်၊ ပုံမှန်ထက် ထူးခြားသော လူသား နဲ့ ဘာသာရေး ဆက်နွယ် တဲ့ ပုံရိပ်တွေ (ဥပမာ ခရစ်တော်၊ မယ်တော်မေရီ) စတာတွေ ရဲ့ သင်္ကေတ၊ ရှင်ပြန် ထမြောက်ခြင်းရဲ့ သင်္ကေတဖြစ်တယ်လို့ ဆိုကြပါတယ်။
အကြောဆိုင်း လေဖြန်းရောဂါ များအတွက် ဆေးကောင်း တစ်လက်
လူသားတွေဟာ အသက် အရွယ်လေး အတန်သင့်ရ လာတာနဲ့ အမျှသွေးသားတွေ ဟာလည်း တဖြေးဖြေး ဆုတ်ယုတ် လာပြီးအလုပ်တွေ ပင်ပင်ပန်းပန်း လုပ်တဲ့ ဒဏ်ကို မိမိတို့ ခန္ဓာကိုယ်ကြီးက ခံနိုင်ရည်စွမ်း ကျ ဆင်း လာတတ်ပါတယ်။
အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်ရတဲ့,လုပ်ခဲ့တဲ့ ဒဏ် တွေကြောင့် ခန္ဓာကိုယ် ထဲမှာ ရှိတဲ့ အကြော တွေ က မကြာ ခဏ  ညောင်းညာ ကိုက်ခဲ  နေတာမျိုး, အကြောတွေ ဆိုင်းချင် သလိုလိုဖြစ်သွား တာ,အကြောတွေ လုံးဝ ဆိုင်း သွားတာ မျိုး,လေဖြန်းချင် သလိုလိုဖြစ်သွားတာ,လုံးဝ လေဖြန်း  သွား တာမျိုးတွေဖြစ်လာ တတ် ပါတယ်။
အဲဒီ လိုရောဂါတွေ ခံစားနေရပြီ ဆိုရင် အခုဖော်ပြမဲ့ ဆေးနည်းလေးက သက်သာပျောက်ကင်းစေမှာပါ။ ဦး
ဇင်း ကိုယ်တိုင်လဲ ဦးဇင်း နဲ့ ပက်သက် ဆက်နွယ်နေတဲ့ ဒကာ ကြီးတွေ ဒကာမကြီးတွေ ကိုဆေး နည်းပြောပြ ပြီး သုံးစွဲဖို့ တိုက်တွန်း သလိုကြုံတဲ့ အခါမှာလည်းကိုယ်တိုင် ကိုယ်ကျဖော်စပ်ပေးခဲ့ ပါတယ်။
အမြဲ လိုလို  ညောင်းညာကိုက်ခဲနေသူများ ဟာတစ် ပတ်လောက် ပုံမှန် စားလိုက်တဲ့ အခါညောင်းညာကိုက်ခဲ မှုတွေပျောက်ကင်းပြီးနောက်ထပ်ပေါ် မလာတော့ေ ကြာင်း ဝမ်းသာအားရ လာပြီးပြောကြပါတယ်။
အကြောဆိုင်းနေသူများ နဲ့လေဖြန်းနေသူများ ကလည်း တစ်လ,နှစ်လ စသည်အားဖြင့်ဖော်စား လိုက်, ခဏ နားလိုက် နဲ့ သုံးစွဲလိုက်လို့ သက်သာပျောက်ကင်းကြောင်း ဝမ်းသာ အားရပြန်ပြောကြပါတယ်။
 ဆေးနည်းလေး ကတော့-------
၁။  ဖီးကြမ်းငှက်ပျောသီး မှည့်မှည့်ရယ် (မမှည့်ရင်ချောင်းဆိုး တတ်ပါသည်)
၂။သက်ရင်းကြီးရွက် ရယ်(၎င်း အပင်မှာဒေသတိုင်းတွင်ပေါက်လေ့ရှိပါသည်) ဒီနှစ်မျိုးပဲ လိုအပ်မှာပါ။
Friday, July 3, 2015
လက်ဖဝါး ပေါ်ရှိ နှလုံး လမ်းကြောင်း ကပြောသော သင့် အကြောင်း
သုတဇုန်'s photo.
လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ကျော်လောက် ကတည်း က လက္ခဏာ ပညာရပ် ဆိုတာ ရှိခဲ့တာပါ။ လက်ဖဝါးပေါ်မှာ ရှိတဲ့ အရေး အကြောင်းလေးတွေ က တစ်ဆင့် ကျွန်ုပ်တို့ ရဲ့ ပင်ကိုယ် စရိုက်
လေးတွေ နဲ့ စိတ်နေ စိတ်ထားလေးတွေ ကို ခန့်မှန်းတဲ့ ပညာရပ်ပေါ့။
ပုံမှာဖော်ပြ ထားတဲ့ အနီရောင် အရေး အကြောင်းလေး က တော့ နှလုံးလမ်းကြောင်း လို့ခေါ်ပါတယ်။ သင့် လက် ဖဝါးပေါ်မှာ ရှိတဲ့ နှလုံး လမ်းကြောင်းလေးတွေ က တစ်ဆင့်ပြောပြ တဲ့ သင့် အကြောင်းလေးတွေ လေ့လာကြည့် လိုက်ရအောင်။
၁။ သင့်နှလုံး လမ်းကြောင်း ဟာ ပုံ(၁) မှာ ပြထားတဲ့ အတိုင်း ဆိုရင်တော့ သင်ဟာ ရည်မှန်းချက် သိပ်ကို ကြီးမား တဲ့ လူ တစ်ယောက်ပါ။ ညဏ်ရည် ထက်မြက်ပြီး အမှီအခို ကင်းကင်း ရပ်တည်ချင်သူဖြစ်ပါတယ်။ 
ဆုံးဖြတ်ချက် ချတဲ့နေရာ မှာ ပြတ်သား ခိုင်မာတယ်။ ဘဝကို လက်တွေ့ ကျကျ ရှုမြင် တတ်ပြီး အနည်းငယ် တစ်ကိုယ်ကောင်း ဆန်တတ်တယ်။ သို့ပေမယ့် ပတ်ဝန်းကျင် အတွက်တော့ သိပ်ကို အဖိုးတန်တဲ့ လူသား တစ်ဦးပါ။
အမေရိကန်ဒေါ်လာ၂ ဒသမ ၅ သန်း ကုန်ကျမည့် မြန်မာဘောလုံး အကယ်ဒမီ (ရန်ကုန်) ကို ရှစ်လ အတွင်း အပြီး တည်ဆောက်မည်
Yangon Media Group's photo.
  တည်ဆောက်မည့် မြန်မာဘောလုံး အကယ်ဒမီ( ရန်ကုန်) ပုံစံငယ် အား တွေ့ရစဉ်။ ဓာတ်ပုံ - MFF
ရန်ကုန်၊ ဇွန် ၂၉-
အမေရိကန်ဒေါ် လာ၂ ဒသမ ၅ သန်း ကုန်ကျမည့် မြန်မာဘောလုံး အကယ်ဒမီ (ရန် ကုန်) ကို ရှစ်လ အတွင်း အပြီးတည် ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်း အတွက် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် မှ အမေရိကန် ဒေါ်လာ ၅ သိန်း ထောက်ပံ့ပေး မည် ဖြစ် ပြီး ကျန်ဒေါ်လာနှစ်သန်း ကို ဧရာဝတီဖောင်ဒေးရှင်း မှ ပံ့ပိုး လှူဒါန်းသွား မည်ဖြစ်သည်။ 
အဆိုပါ အဆောက် အ အုံ ကို ဧရာဝတီဖောင်ဒေးရှင်း မှ လှူ ဒါန်းထား သည့် မြက်ခင်းတု ကွင်း အမှတ် (၃) နှင့် (၄) အနီးတွင် တည် ဆောက်သွား မည်ဖြစ်ပြီး သက်တမ်း အလိုက် အမျိုးသား၊ အမျိုးသမီး အ သင်း များ လေ့ကျင့်မှု အဆင်ပြေစေ နိုင်ရန် အတွက် မြက်ခင်းတု လေ့ကျင့် ရေးကွင်း အမှတ် (၃)နှင့် (၄)ကို ၂ဝ၁၄ ခုနှစ်တွင် တည်ဆောက်ပေးခဲ့ခြင်းဖြစ် သော်လည်း မြန်မာဘောလုံး အကယ် ဒမီ(ရန်ကုန်) ၈ လအတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာဘော လုံး အကယ်ဒမီ (မန္တလေး)၊ မြန်မာ ဘော လုံး အကယ် ဒမီ (ပုသိမ်) တို့ကို တည်ဆောက် ဖွင့်လှစ် ထားပြီး မြန်မာ ဘောလုံး အကယ်ဒမီ (ရန်ကုန်)သည် တတိယမြောက် ဘောလုံး အကယ် ဒမီ အဖြစ် ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ် ခြင်းဖြစ်ကာ သက်တမ်း အလိုက် လက် ရွေးစင် ကစားသမားများ ကို မွေး ထုတ်ပေးလျက် ရှိသည်။ 
ယခုချက်ချင်း လုပ်သင့်သော ဘဝ အတွက် ၂၇ ချက်
နောင်တ ကိုတာ နောင်မှ တရ တယ်လို့ ဆိုစကား ကို လူကြီးတွေ ဆိုတာ ကြားဖူးပါတယ်။
ဒီစကား အတိုင်း မဖြစ်ချင် ရင်တော့ ယခု ချက်ချင်း လုပ်သင့်သော ၂၇ချက် ကို လုပ်သင့်တယ် လို့ထင် ပါတယ်။
၀၁. ထမင်းစားနေချိန် မှာ ဖုန်းကို ခဏမေ့ထားပါ။
သူငယ်ချင်းတွေနဲ့ ပဲဖြစ်ဖြစ် အိမ်မှာ ပဲဖြစ်ဖြစ် အမြဲတမ်း ဖုန်းတစ်လုံး နဲ့ အချိန်ကုန် မနေဘူးလား။
မိသားစု အတွက် တန်ဖိုးရှိတဲ့ အချိန်တွေ အတွက် ဖုန်းကို ဘေးချ ထားလိုက်ပါ။
၀၂. ကီး မကိုက်တဲ့ သူငယ်ချင်းတွေ နဲ့ အဆက် အသွယ်ဖြတ်ပါ။
သူတို့ နဲ့ အတူတူ သွားလာချိန်မှာ မပျော် ရင်တော့ သူတို့ကို  အဆက်ဖြတ်ပါ။
သင့်မှာ အချိန် ဆိုတာက အကန့်အသတ် မရှိသလို အားနာနေဖို့ လည်း မလိုပါဘူး။ ကိုယ့် အတွက် အရေးကြီး တဲ့သူတွေ အတွက် အချိန် ကို အလေးပေးပါ။
၀၃. မနက်စောစော ထပြီး တခုခု လုပ်ပါ။
နေ့တိုင်း အလုပ်တွေ များပြီး ကိုယ့်ရဲ့အချိန်ကော ရှိရဲ့လား။ မနက်စောစော ထပြီး တိတ်ဆိတ်နေ တဲ့ ပတ်ဝန်းကျင် ကို အသုံးချပြီး ကိုယ်လုပ်ချင်တာ ကို လုပ်ပါ။
၀၄. ငြင်းသင့်ရင် ငြင်းပါ။
မလုပ်ချင်တဲ့ အလုပ်(သို့) ကိစ္စကို မလုပ်ချင်တဲ့ အခါ သတ္တိ ရှိရှိ ငြင်းလိုက်ပါ။ မလုပ်ချင်တဲ့ အလုပ်ကို လုပ်ရင် အဖြေ ကတော့ ပြောစရာ မလိုပါ။
၀၅. နေတိုင်း စိတ်သစ် ကိုယ်သစ် နဲ့နေပါ။
အတိတ် မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို အတိတ် မှာသာ ထားခဲ့ပါ။ အတိတ် က အကြောင်းတွေ ကို အတွေး လွန်ရင် မျက်စိရှေ့မှာ ရှိတဲ့ အခွင့်အရေး ကို လက်လွတ် သွားနိုင်ပါတယ်။
၀၆. မိသားစု ကို ကျေးဇူးတင်ကြောင်း ပြောပါ။
မိသားစု ကို ကျေးဇူးတင် စကား ပြောခဲ့တာ ဘယ်တုန်း ကလဲ။ ပြောရ မှာ ရှက်ပေမဲ့ တတ်နိုင် သလောက် ပြောနိုင်အောင် ကြိုးစားပါ။