Wednesday, October 22, 2014

ထိုင်း ရုပ်သံ နဲ့ အငြင်းပွားဖွယ် လိင်ပိုင်း ဆိုင်ရာစော်ကားမှု ဇာတ်ဝင်ခန်း


 


ထိုင်းနိုင်ငံရဲ့ အခန်းဆက် ရုပ်သံ ဇာတ်လမ်း “The Power of Shadows” ထဲမှာ အရက် မူးလာ တဲ့ မင်းသား က မင်းသမီး ကို မတရားပြုကျင့်တယ်။

နောက်ပိုင်း မှာတော့ သူက မင်းသမီး ကို ခွင့်လွှတ်ဖို့ တောင်းပန်တယ်။ သူတို့နှစ်ယောက် ချစ် ကြိုက် သွားပြီး ပျော်ရွှင်စွာ ဇာတ်သိမ်းလေတယ်။တွေ့ကြဆုံကြတယ်။ မတရားကျင့် လိုက် တယ်။ လက်ထပ် ကြ တယ်။ ဒါဟာ ထိုင်း  အခန်းဆက် ရုပ်သံ ဇာတ်လမ်းတွေ ထဲမှာ ရိုးနေပါပြီ။
 
ဒီပုံစံ ရိုက်ကူးနေတာတွေ ကို ပြုပြင်ပြောင်းလဲ ကြဖို့ တောင်းဆို တာတွေလည်း များပြားလာ ပါတယ်။



နိုင်ငံ လူဦးရေ ရဲ့ လေးပုံ တပုံ စောင့်ကြည့်ကြ တဲ့ ရုပ်သံ ဇာတ်လမ်းတွဲများ ကို ရိုက်ကူး သူတွေ ကတော့ သူတို့ ဇာတ်လမ်းတွေ ထဲ လိင်ပိုင်း ဆိုင်ရာစော်ကား မှုတွေ ထည့်သွင်း တာဟာ လို အပ်ချက် အရ လို့ ဆိုပါတယ်။

ဒါရိုက်တာ Sitthiwat Tappan ကတော့ ပြည်သူ ကို ပညာပေးတဲ့ အနေနဲ့ မုဒိမ်း ကျင့်တဲ့ပြ ကွက်တွေ ထည့်သွင်း ရပါတယ် တဲ့။

“အမျိုးသမီး တယောက် ဆွဲဆောင်မှုရှိရှိ ၀တ်ထားမယ်၊ (အရက်)သောက်နေတဲ့ အမျိုးသားနား ကို ဖြတ်သွားမယ် ဆိုရင် အဲဒီ လူက ရမ္မက်ဇော ထလာမယ်၊ ဒီ အမျိုးသမီး ကို တပ်မက်  လာ မယ်၊ နောက်ဆုံး... ဒီ အမျိုးသမီး နိုင်ထက် စီးနင်းလုပ်ခံ ရမယ်” လို့ သူက ဆိုပါတယ်။

“အမျိုးသမီးတွေ တယောက်တည်း ခရီးသွားတာမျိုး၊ ပေါ်အောင် ၀တ်တာမျိုး မလုပ် သင့် ဘူး။ ပြီးတော့ အမျိုးသားတွေ လည်း (အရက်) မသောက်သင့်ဘူး ဆိုတာ ကို ရုပ်သံ ကနေ ပညာပေးနေ ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

သို့သော်လည်း ရုပ်သံ ဇာတ်လမ်းတွဲတွေ ထဲမှာ မုဒိမ်းကောင်တွေ ကို အပြစ်ပေး အရေး ယူတာ မျိုး ရိုက်ပြ တာ နည်းပါး လွန်းပါတယ်။ သူတို့ မတရား ကျင့်လိုက်သူတွေ ကလည်း ဒီဖြစ်ရပ်တွေ အကြောင်း ထုတ်ဖော်ပြောဆို မှု နည်းလွန်း ပါတယ်။ ပြင်ပလောက ကိုလည်း ဒီပြကွက်တွေက သက်ရောက် မှု ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် အတွင်း မုဒိမ်းကျင့် ခံရ၊ မတော် တရော်အလုပ် ခံရသူတွေ အရေးပေါ် ဖုန်း လိုင်းကို   ၃၁,၈၆၆ ကြိမ် ခေါ်ဆို ခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရဲဌာန ကတော့ သူတို့ဆီ ကို အမှုလာဖွင့် တာ ၃,၃ဝဝ ရှိတယ်၊ ဖမ်းဆီး ထိန်းသိမ်းမှု အရေ အတွက် က ၂,၂၄၅  ရှိတယ်လို့ ဆိုတယ်။

အရေးပေါ် ဖုန်းလိုင်း ကို ခေါ်ဆိုမှု သုံးသောင်းကျော် ဆိုတာ က အမှန်တကယ် မတရား ကျင့် ခံရတဲ့ အရေ အတွက်ထက် အများကြီး လျော့နည်းမယ် လို့ ယူဆရပါတယ်။

မနှစ် ကပဲ ည ရထားပေါ်မှာ ၁၃ နှစ် အရွယ် မိန်းကလေး တယောက် မတရားကျင့် သတ်ဖြတ် ခံရ တဲ့ ဖြစ်ရပ်ကြောင့် မုဒိမ်း မှုနဲ့ ပတ်သက်တဲ့ စိုးရိမ် ပူပန်မှုတွေက ထိုင်း တနိုင်ငံလုံး ပွက်လော ရိုက် သွားပါတယ်။

  ဒီအမှု အတွက် အသက် ၂၂ နှစ် အရွယ် အမျိုးသား တဦးကို တရားရုံးက  သေဒဏ် အပြစ်ပေးခဲ့ တာပါ။ ရထားဌာန ကလည်း အမျိုးသမီးတွေ ကလေးတွေ သီးသန့် စီးနင်းနိုင်မယ့် အမျိုး သမီးရဲ အရာရှိစောင့်ကြပ် တဲ့ ရထားတွဲ အစီအစဉ် ကို အကောင်အထည်ဖော်ပါတယ်။

သတင်းစာနဲ့ ရုပ်သံဆွေးနွေးခန်းတွေ မှာ ဒီဖြစ်ရပ် အကြောင်း အကြီးအကျယ် ဆွေးနွေးခဲ့ကြပြီး ရုပ်သံ ဇာတ်လမ်းတွဲတွေ ထဲ ချစ်လို့ မုဒိမ်းကျင့်တဲ့ ဇာတ်ကွက်မျိုးတွေ ရပ်တန်း က ရပ်ကြ ဖို့ တောင်း ဆိုတဲ့ အွန်လိုင်း သဘောထား လက်မှတ်ကောက်ယူရာ မှာ လက်မှတ်ပေါင်း သုံးသောင်းကျော် ရပါတယ်။

“ထိုင်း နိုင်ငံရဲ့မုဒိမ်းမှုတွေ ဟာ ရုပ်သံ ဇာတ်လမ်းတွဲတွေကြောင့် ဖြစ်တယ် ဆိုပြီး ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဇာတ်လမ်းတွဲတွေ ဟာ ပြဿ    နာရဲ့ အစိတ်အပိုင်း တခုလို့တော့ ယူဆ ရ ပါတယ်” လို့ လက်မှတ် ကောက်ခံမှု အစပြုခဲ့သူ အသက် ၃၆ နှစ် အရွယ် Nitipan Wiprawit ဆိုသူက ပြောပါတယ်။

“မုဒိမ်းကျင့် တာဟာ လက်ခံနိုင်စရာဖြစ်တယ် ဆိုတဲ့ သဘော   ရုပ်သံ ဇာတ်လမ်းတွဲတွေ မှာ တွေ့  ရ ပါတယ်။ ဒီလို ရိုက်ပြနေတာတွေ ကို ရပ်ရမှာဖြစ်ပါတယ်”

 ဒီလို သဘောထားကောက်ခံတဲ့ လှုပ်ရှားမှု ရဲ့ရလဒ် လို့ပဲ ဆိုရ မလား... ရေဒီယို ရုပ်သံ ထုတ်လွှင့် မှုကော်မရှင် က ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူ တို့ကို ကျန်းမာရေး၊ လူ့အခွင့် အရေး ကျွမ်းကျင်သူတွေ ကို စုဝေးစေပြီး ရုပ်သံ ဇာတ်လမ်းတွဲတွေ က ဘာပေးချင် တာလဲ ဆိုတဲ့ အချက် ကို စကားဝိုင်းဖွဲ့ဆွေးနွေးစေခဲ့ ပါတယ်။

 

 
 Thai Soaps Trigger Outcry Over Romanticizing Rape 

 
ဧရာဝတီ
From...www.mmdailystar.com




No comments:

Post a Comment