Sunday, October 12, 2014
Control Panel အား လေ့လာ မိခြင်း
ကွန်ပျူတာ တစ်လုံး မှာ control panel ဟာ အခြေခံ အကျဆုံး နဲ့ user တိုင်း အတွက် မရှိ မဖြစ် မသိ မဖြစ် လို အပ်ပါတယ်.  .ဘာကြောင့်လဲ ဆိုတော့ system management နဲ့ ပက်သက် တာ ကို ဒီနေရာ က နေ အများကြီး လုပ်ဆောင်နိုင် လို့ ပဲဖြစ်ပါတယ်..
windows xp control panel ကို အခြေခံရေး ထားပေမဲ့  အခြား OS ဖြစ်တဲ့ windwos vista နဲ့ windows 7 တွေမှာ လည်း အနည်း ငယ်ခြားနား မှုလေး တွေသာ ရှိပါတယ်..
detail မဟုတ်ပေ မဲ့ အနည်း ဆုံးတော့ ကွန်ပျူတာ မှာ အနည်းငယ် အမှားယွင်း တွေဖြစ်လာရင် control panel ထဲမှာ မိမိ ဘာသာ မိမိ ဆောင်ရွက် တတ်စေဖို့ အတွက်အောက် မှာ လေ့လာ နိုင် ပါ တယ် ခင်ဗျာ..
Accessibility Options
Accessibility options မှာ keyboard,mouse ,display နဲ့ soundsetting တွေ ကို ပြုပြင် ပြောင်း လဲ   ပေးနိုင်တယ်..
Add Hardware
Windows ကနေပြီးတော့ မှ သူ့ မှာ တပ်ဆင် ထားတဲ့ hardware device တွေကို မမှတ်မိတော့ တဲ့ အခါ ဒီ Add Hardware မှာ လာပြီးတော့ add လုပ်ပေး ရပါတယ်..
Add or Remove Programs
အကယ် ၍ များ software တွေ ကို ထပ်ထည့် မယ် uninstall (remove) လုပ်မယ် ဆိုရင် ဒီ Add or Remove Programs မှာ လာပြီးတော့ပြင် ပါတယ်..ဆိုပါစို့ မိမိ ကွန်ပျူတာ မှာ software တစ်ခု က အကြောင်း အမျိုး မျိုးကြောင့် ဖြုတ် ရတော့မယ် uninstall လုပ်မယ် ဆိုရင် ဒီ ကနေ မလိုချင်တဲ့  ဆော့ ၀ဲကို Double click   ခေါက်ပြီးတော့ အဆင့်ဆင့် uninstall လုပ်နိုင် တယ်..(uninstaller tools တွေကို သုံးပြီးတော့လဲ Remove လုပ်နိုင်တယ်)
Administrative Tools.
ကွန်ပျူတာ management  ပြုလုပ်ခြင်း၊  မော်နီတာ ရဲ့ performance ပြုပြင်ခြင်း၊ windows ရဲ့  security ပိုင်းဆိုင်ရာ ကိုဆောင်ရွက်ခြင်း၊ ကွန်ပျူတာရဲ့  service တွေကို  Administering လုပ်ခြင်းတွေ ကို ဆောင် ၇ွက်နိုင်တယ်..
Automatic Updates
ကွန်ပျူတာ က ဘယ်လို update လုပ် မလဲ ဘယ် အချိန် မှာ Update လုပ်မလဲ လာရောက် ပြုပြင်ပေး ထားလို့ ရတယ်..ဘယ် ချိန်မှာ installer packet တွေကို ဒေါင်းလုပ် လုပ်မှာလဲ ..Installer packet တွေ ကိုဒေါင်းလုပ် မလုပ်ခင် user ကိုမေးဦး မှာလား စတဲ့ setting တွေ ကို ပြုလုပ် ထားနိုင်တယ်….
Bluetooth Devices
ကိုယ် က Bluetooth devices အသုံးပြုနေသူ တစ်ယောက်ဖြစ်နေလျင် ဒီမှာ Bluetooth ကို Add ပေးထား ရပါတယ် ။ မသုံးတော့ဘူး ဆိုရင်လည်း ဒီနေရာ ကပဲ remove လုပ်နိုင်တယ်..
Date and Time
အတော်များများ နဲ့ ရင်းနှီးပြီး သားဖြစ်တဲ့ ဒီ Date and Time setting ကတော့ ရက်စွဲ အချိန်တွေ နေရာတွေ ကို လာရောက်ပြုပြင်နိုင်တယ် ကွန်ပျူတာ မှာ date time မှားနေ ရင် လည်း ဒီ option ကပဲ လာရောက်ပြုပြင်ပေးနိင်တယ်…ကိုယ် က Date and Time အမှန်တိုက် ထားပါ လျက်နဲ့  ခနကြာ တဲ့  အခါ မှားယွင်း စွာပြနေတာ ကတော့ cmos battery အားနည်း သွားတာဖြစ်နိင် ပါတယ်..
Display.
Display setting က မော်နီတာပေါ် မှာမြင် ရတဲ့ မြင်ကွင်းတွေ အားလုံးကို မိမိလို သလိုပြုပြင်ပြောင်း လဲနိုင် တဲ့ နေရာ တစ်နေရာဖြစ်တယ်..မော်နီတာ ရဲ့ resolution တွေ color depth တွေ ကို ချိန်ညှိ   ပေးနိုင် တယ် desktop background နဲ့ screensaver တို့ ကို မိမိ ထား ချင်တဲ့ Setting ပုံစံ အတိုင်းပြု လုပ်ပေးနိုင်တယ်….
Folder Options
ကွန်ပျူတာ ထဲမှာ ရှိတဲ့ file အနေထား folder အနေ အထား တွေ ကိုပြင်နိုင်တယ်..file တွေကို hide လုပ် ထား တာလား virus တွေ က hide file အနေ နဲ့ ဝင်နေတာလား ဆိုတာ ဒီ folder option ရဲ့  view sMenu ကနေကြည့်နိုင်တယ်..
ဖိုင်ရဲ့ extension တွေ ကိုဖော်ပြ ထားချင် တယ်…security tab တွေ ကို hide လုပ်မယ် ဆိုရင် ဒီနေရာ ကပဲ လာရောက် management လုပ်နိုင်တယ်.. တခါ တစ်ရံ mouse က Single click ၀င်နေ တာမျိုးဖြစ် ခဲ့ရင် လည်းပြုပြင်ပြောင်း လဲနိုင် တဲ့နေရာ တစ် နေရာဖြစ် တယ်..
folder option က virus   ရေးတဲ့ သူတွေ ရဲ့  tarket တစ်ခု အဖြစ် ထားခြင်း ကို ခံရပါတယ် ဘာကြောင့်လဲ ဆိုတော့ folder option ကနေ ထိန်းချူပ်နိုင်တဲ့ နေရာ က အများ အပြားဖြစ်နေ လို့ ပါပဲ..
Fonts
ဒီ Fonts option မှာ တစ်ခုထက် မက ပိုတဲ့ font မျိုးစုံ သုံးစွဲတဲ့ အခါမှာ လာရောက် ထည့် သွင်းပေး ရပါတယ်  ။ ဥပမာ.... ဇော်ဂျီဝမ်း သုံးနေတယ်  ဆိုပါစို့ မိမိက win innwa ဖောင့်နဲ့  စာစီ စာရိုက် လုပ်ချင်တဲ့  အခါ စက်ထဲ မှာ win အင်းဝ font ရှိနေဖို့ လိုပါတယ်..
Game Controllers
မိမိ က game ကစားတဲ့ သူဖြစ်တယ် joystick , steering wheel စတဲ့  game တွေဆော့တော့ မယ် ဆိုရင် အချို့ သော joystick က ကွန်ပျူတာက မသိတဲ့ အခြေနေတွေ မှာ ဒီမှာ လာပြီးတော့ Add လုပ်ပေးရတယ်.. ခုနောက်ပိုင်းတော်တော် များများ မှာတော့ Auto detect သိတာ များပါ တယ်.. သိပ်ထွေ ထွေထူးထူး လုပ် စရာ မလိုပါဘူး…
Internet Options
အင်တာနက် အသုံးပြု တဲ့ အခါမှာ web browsing ပိုင်းဆိုင် ရာတွေ ကိုပြုပြင်ပြောင်း လဲခြင်း ၊လုံခြုံရေး ဆိုင်ရာ web history ကို သတ်မှတ်ခြင်း ၊ connection တွေကို ထည့်ခြင်း ဖြုတ်ခြင်း proxy setting တွေ ကိုပြုပြင်ခြင်း စတာတွေကို လုပ်ဆောင်နိုင် တဲ့ နေရာဖြစ်တယ်..
Keyboard
ကီးဘုတ် ရဲ့ စာရိုက် နှန်း အနှေး အမြန် cursor ရဲ့ အနှေး အမြန်နဲ့  blink rate တွေကို သတ် မှတ်နိုင် တယ်.. တစ်ခါ တရံ Driver ကြောင့် ကီးဘုတ် က ရိုက် လို့ မရတော့ဘူး ဆို၇င် update driver လုပ်ပေး ဖို့  လိုအပ် လာတဲ့ အခါ hardware ဆိုတဲ့ အောက်မှာ update driver လုပ်ဆောင်ပေးနိုင်တယ် ။
Mouse
Mouse speed တိုးခြင်းလျှော့ခြင်း၊ scrolling အနှေး အမြန်ြပုလုပ်ခြင်း၊ mouse pointer ကိုပြုပြင်   ပြောင်း လဲခြင်း စတဲ့ Adjusting လုပ်ငန်း ကို လုပ်ဆောင်နိုင်တယ်..
Network Connections
Network connection အသစ် တည်ဆောက်ခြင်း connection setting ပြုပြင်ခြင်း နဲ့  troubleshooting လုပ်ခြင်း တို့ ကို ဒီ network connection ကနေ လုပ်ဆောင်နိုင် တယ်.. local area network ပေါ်မှာ right click ထောက်ပြီး properties ကို သွားရင် network နဲ့  ပတ်သက် တဲ့ specifications တွေ ကိုလေ့ လာနိုင်တယ်..
Phone and Modem Options
မိမိ ကွန်ပျူတာ မှာ dialup connection အသုံးပြု ဖို့ အတွက် modem တပ်ဆင်  ထားတယ် ဆိုရင် modem နဲ့ ပတ်သက် တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်တဲ့ နေရာဖြစ်တယ် ။
Power Options
Power options က ကွန်ပျူတာ ရဲ့ power setting တွေ ကို Adjust လုပ်နိုင်တယ် windows ကနေပြီးတော့ မတူညီ တဲ့ power scheme တွေ ကို တည်ဆောက် ထားတယ်..monitor ကိုဘယ် အချိန် မှာ အနားပေး မယ်..stanby mode ဖြစ်နေတဲ့ အချိန်မှာ hard disk power ကို Turn off လုပ်မယ် မလုပ်ဘူး ဆိုတာ ကို save လုပ်ထားနိုင်တယ်.
power hibernation လုပ်ခြင်း ကို ဒီနေရာ ကနေလုပ်ဆောင် တယ်..hibernation လုပ်တယ် ဆိုတာ မိမိက အကြောင်း အမျိုးမျိုးကြောင့် ကွန်ပျူတာရှေ့ ကနေ တစ်နာရီ ၂ နာရီကျော်ကြာကြာ ထွက်ခွာ သွားပြီ ဆိုရင် ကွန်ပျူတာ က သူ့ အလို အလျောက် hard disk, monitor နဲ့  လက်ရှိ လုပ်နေတဲ့ အလုပ် တွေ အားလုံး ကို ခဏနားလိုက် ပါတယ်..
user က ကွန်ပျူတာရှေ့ ကိုပြန်ရောက် လို့ ကီးဘုတ် (သို့  ) mouse ကို ထိ လိုက် တာနဲ့ အလျင် အမြန်ပြည် လည်ပြီးတော့ အလုပ်လုပ် ပါတယ်..အဲလို လူ မရှိတဲ့ အချိန်မှာ computer sleep   ဖြစ်နေပြီး user ပြန်ရောက် လာတဲ့ အခါ လျင်မြန်စွာ quickly wake up လုပ်တာ ကို hibernation လို့ ခေါ်ပါတယ်..
Printers and Faxes
ကိုယ့်မှာ printer ရှိမယ် ဆိုရင် control panel ထဲမှာ printer ကို install လုပ် ရ ပါတယ် ဒါမှ ကွန်ပျူ  တာ ကသိ မှာဖြစ်တယ်..Add printer wizard တည်ဆောက်ပြီး မှ printer ကိုအသုံးပြု လို့  ရမှာဖြစ်တယ်.. printer sharing ယူတဲ့ စက် မှာကျတော့ Add printer wizard ကိုဆောက် စရာမလိုပါ ဘူး..printer နဲ့ ကွန်ပျူတာ ချိတ်ဆက် ထားတဲ့ စက် တစ်လုံးသာ လျင်လုပ်ဆောင် ရမှာဖြစ်တယ်..
Regional and Language Options
ဘာသာစကား တစ်ခုထက် ပိုတဲ့  language တွေကို အသုံးပြုရတဲ့ အခါမှာ ဒီနေရာမှာ လာပြီးတော့ add ပေး ရတယ်..တရုတ်၊ ဂျပန်၊ ရုရှား စတဲ့  language တွေကို add ပေးလိုက် တာနဲ့ အသုံးပြုနိုင်တယ် ..သီးသန့် ဆော့ဝဲ နဲ့ တင်ပေး စရာမလိုတော့ဘူး..ကီးဘုတ်မှ ကီးတွေ ရိုက် လို့ ကိုယ်လို ချင်တဲ့  language မထွက်တဲ့ အခါမျိုး၊ key setting Adjust လုပ်နိုင် တယ်..Alt+shift+Ctrl ကီးတွေ ကို မိမိ စိတ်ကြိုက်ပြောင်းပြီးတော့ ထားနိုင်တယ်..
Scanners and Cameras
Scanner အသစ် ဆိုရင် ကွန်ပျူတာ က ကိုယ် တပ်ဆင် လိုက်တဲ့ scanner ကို သိ ဖို့  ဒီနေရာ မှာ လာပြီးတော့ Add ပေးရတယ်…
Schesduled Task
ကွန်ပျူတာ အသုံးပြုသူ အနေဖြင့် အလုပ်များ လို့ ပဲဖြစ်ဖြစ် ကွန်ပျူတာ ကို ဘယ် အချိန်ကျရင် maintainance လုပ်မယ် ဆိုရင် ပဲဖြစ်ဖြစ်မေ့နေ ရင် Scheduled Tasks ဆွဲပြီး လုပ် ဆောင်နိုင် တယ်..ဥပမာ defragment လုပ်မယ် ဆိုပါစို့ ..  တစ်ပတ်မှာ ဘယ်နေ့ ဘယ် အချိန် မှာ defragmenent လုပ်မယ် ဆိုပြီးတော့ သတ်မှတ်ပေး လို့ ရပါတယ်..တစ်ခုတော့ ရှိတယ်.. scheduled tasks ဆွဲထား တဲ့ အတိုင်းဖြစ်စေချင်တယ် ဆိုရင် ကွန်ပျူတာတော့ ဖွင့်ထား ဖို့ လိုမယ်..
Security Center
Computer Security နဲ့ ပက်သက် တဲ့ virus protection ပြုလုပ်ခြင်း automatic updates ပြု လုပ်ခြင်း firewall on/off ပြုလုပ်ခြင်း စတဲ့ လုပ်ငန်းတွေကို လာေ၇ာက်ပြီးပြုပြင်ပြောင်း လဲနိုင်တယ် ။
Sounds and Devices
အသံနဲ့ ပက်သက် တဲ့ sound setting ကိုပြုပြင်ပြောင်းလဲ လို့ ရနိုင် တဲ့ နေရာဖြစ် ပါတယ်.. volume ကို mute (ပိတ်ထားခြင်း) လုပ်ခြင်း taskbar မှာ speaker icon ထားခြင်း/ဖြုတ်ခြင်း sound channel ကို 2.1(သို့ ) 5.1 ထားခြင်း စတာတွေ ကိုပြုလုပ်နိုင်တယ်..
Speech Properties
ကွန်ပျူတာ မှ document တစ်ခု မှ text တစ်ပုဒ် ကို အသံ ထွက် ဘာသာပြန်ခိုင်းတယ် ဆိုပါစို့  အဲလို ဘာသာပြန် ရာမှာဒီနေရာ ကနေ မိမိ လိုသလို အနှေး အမြန် သတ်မှတ်ပေးနိုင်တယ်….
System
System ကနေ ဘာလုပ် လို့ ရနိုင် သလဲဆိုရင် computerရဲ့  configuration တွေ hardware profile တွေ ကို detail ကြည့်ရှု့ နိုင်တယ်..Device manager ကိုလဲ သွားနိုင်တယ် virtual memory (page file ) တွေ သတ်မှတ်ပေးနိုင်တယ်..ကွန်ပျူတာ တစ်လုံး နဲ့ တစ်လုံး remote desktop နဲ့ ဆက်သွယ်မယ် ဆို Allow ပေးဖို့ အတွက် Remote Desktop ကိုသုံးပြုနိုင်တယ်..
Taskbar and Start Menu
Taskbar နဲ့ start menu မှာ မိမိ လိုချင်တဲ့ icon တွေ ကို ဘယ် icon တွေကိုတော့ ထားမယ် /ဖြုတ်မယ်..taskbar ကို hide လုပ်မယ်/ မလုပ်ဘူး စတာတွေပြင်နိုင်တယ်..
User Accounts
User account တွေ လုပ်မယ်..password ပေးမယ် (သို့ ) password ကို remove လုပ်မယ်. account type တွေ change မယ် Account ရဲ့  icon တွေကို မိမိ လိုချင်တဲ့ icon ပြောင်းလဲ မယ်..စတာတွေ ကို လုပ်နိုင်တယ်..
Windows Firewall
Windows firewall on/off လုပ်မယ်ဆိုရင် ဒီနေရာမှာပြင်နိုင်တယ်..ဘာကြောင့်fire wall on/off လုပ်ရသလဲ ဆိုရင် တစ်ချို့ သော sharing file တွေ ကျတော့ workgroup မှာလာ လာ ညှိ တတ် လွန်းလို့  firewall ကို off လုပ်ထားပေးမှ ရတာတွေ ရှိတယ်…နောက် virus အန္တရယ် ကိုလဲ ကာ ကွယ် ပေး နိုင်တယ်..
Wireless Network Setup Wizard
အချို့ သော Wireless network ကို အသုံးပြုမယ် ဆိုရင် စက်မှာ အရင် setup လုပ်ပေး ရတယ်.. setup လုပ်ပေး ဖို့ လိုအပ်တယ် ဆိုရင် ဒီနေရာမှာ လုပ်ပေးရမယ် ..ခုနောက် ပိုင်း တော်တော် များများတော့ တန်းချိတ် လို့ ရပါတယ်..
အဆင်ပြေကြ ပါစေ ခင်ဗျာ..
From...မြန်မာ IT လုငယ်များ
No comments:
Post a Comment