Showing posts with label ဘာသာေ၇း နှင့် သက်ဆိုင်သော ဗဟုသုတများ. Show all posts
Showing posts with label ဘာသာေ၇း နှင့် သက်ဆိုင်သော ဗဟုသုတများ. Show all posts

Saturday, January 9, 2021

ဘုရားဂုဏ်တော် များများပွားပါ

 



နေ့စဉ်နေ့စဉ် ဘုရားဂုဏ်တော် (၉) ပါးကို ပွားများရတယ်။ 

အဲဒီလို ဘုရားဂုဏ်တော်တွေ ပွားများရင် ဘုရားဓာတ်တွေ တည်ထားတဲ့ ပုဂ္ဂိုလ်ပေါ် ဘုရားဓာတ်တွေ ကိန်းလာတယ် ။ အဲဒီလိုဘုရားဓာတ်တွေ ကိန်းတော့ ဘုရားရဲ့ ဘုန်းတန်ခိုး အာနုဘော်တွေလည်း တစ်ဖြည်းဖြည်းကူးလာတယ် ။ 


ဘုန်းဘုန်းတို့ နှစ်သစ်အချိန်အခါက ကာလ တစ်နှစ်ပြောင်း သွားတော့ သိပ္ပံနည်းအရ နေက ဟိုး,ဒက္ခိဏ အရပ်ကနေ တစ်ဖြည်းဖြည်းရပ်ပြီးတော့ ဒီဘက်ပြန်ပြောင်းလာတာကို နှစ်သစ်လို့ခေါ်တာပေါ့ ။


ကမ္ဘာကြီးက နေကို ပတ်လှည့်နေတာ •••

အဲဒီလိုအချိန်အခါမျိုးမှာ  ဒီကမ္ဘာပေါ်မှာရှိတဲ့ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ သစ်ပင်တောတောင် ရေမြေတွေလည်း ဥတု အလိုက် နေရဲ့အပူရှိန်နဲ့ လိုက်ပြီးတော့ပြောင်းကြတယ် ။


* အဲဒီလိုပြောင်းသလို သက်ရှိသတ္တဝါတွေက ဘာပြောင်း ရလဲ ဆိုတော့ အကောင်းဆုံးက နှစ်သစ်မှာ ဘုရားဂုဏ်တော်ပုတီးစိပ် မေတ္တာပွားတာ အလွန်တစ်ရာကောင်းပါတယ်။


နေ့စဉ်နေ့စဉ် ဘုရားဂုဏ်တော် (၉) ပါးကို ပွားများရတယ် ။

အဲဒီလို ဘုရားဂုဏ်တော်တွေ ပွားများရင် ဘုရားဓာတ်တွေ တည်ထားတဲ့ ပုဂ္ဂိုလ်ပေါ် ဘုရားဓာတ်တွေ ကိန်းလာတယ် ။ အဲဒီလို ဘုရားဓာတ်တွေကိန်းတော့ ဘုရားရဲ့ဘုန်းတန်ခိုး အာနုဘော်တွေလည်း တစ်ဖြည်းဖြည်း ကူးလာတယ် ။

                                 


Sunday, May 24, 2020

ရိုသေလေးမြတ်ရမည့်ပုဂ္ဂိုလ်၌ ပြစ်မှားကဲ့ရဲ့ မိသည်ရှိသော်



ရိုသေလေးမြတ်ရမည့်ပုဂ္ဂိုလ်၌ ပြစ်မှားကဲ့ရဲ့ မိသည်ရှိသော် " ဒက္ခိဏေယျဂ္ဂိ=အလှူခံမီး " လောင်တတ် သည်။    (အင်္ဂုတ္တရ-၇၊ပထမအဂ္ဂိသုတ်)


ထိုသဘောကို ရည်ရွယ်၍ ဘုန်းတော်ကြီး ဦးသီလ (ရဟန္တာအရှင်မြတ်ကြီး) က ရဟန်းသံဃာများ၏ အပြစ်
အနာအဆာ ကိုပြောလေ့ရှိသော ဦးဘိုးရင် ဆိုသူအား ...

" ဟဲ့ ဘိုးရင်၊ နင့်စိတ်ပြုပြင်ပြီး ကြည်ညိုရင်လှူ၊ မကြည်ညိုရင် မလှူပဲနေတာပေါ့၊ ဘာဘာညာညာ မပြောနဲ့" ဟု ဆုံးမခဲ့ ဖူး၏။

ညောင်လေးပင်မြို့မှ ရှေ့နေ ဦးတိုးကြီး ဆိုသူလည်း ဦးဘိုးရင် ကဲ့သို့ပင် ဘုန်းကြီးများ အပြစ်ကိုပြောလေ့ရှိ သဖြင့် သူ့အား ဘုန်းတော်ကြီး ဦးသီလ ဆုံးမခဲ့ဖူးသည်ကိုထုတ်ဖော်ပြောဆို ခဲ့ဖူး၏။

ဘုန်းတော်ကြီး။ ။ ဟဲ့ ငတိုး ၊ရှင်ဘုရင်ကြီးမှာ သားတော်နှစ်ပါး ရှိတယ်၊ အကြီးက တရားရှိ သူတော်ကောင်း ချစ်ခင်ကြည်ညို သူပေါတယ်။ အငယ်ကတော့ တရားမဲ့ သူယုတ်မာ၊ လူမုန်းများ တယ်။

အဲဒီ သူယုတ်မာ သားငယ်ကို လက်နဲ့ သွားပုတ်ရင် ဘယ်လို လုပ်မယ် ထင်သလဲ။
ဦးတိုးကြီး။ ။ လက်ဖြတ်ခံရမှာပါဘုရား။

ဘုန်းတော်ကြီး။ ။ခြေထောက်နဲ့ ကန်ရင်ကော။
ဦးတိုးကြီး။ ။ခြေဖြတ်ခံရမှာပါဘုရား။

ဘုန်းတော်ကြီး။ ။ ဆဲရေး တိုင်းထွာရင်ကော။
ဦးတိုးကြီး။ ။အာဟက် ခံရမှာပါဘုရား။

ဘုန်းတော်ကြီး။ ။ ဘာဖြစ်လို့လဲကွဲ့။
ဦးတိုးကြီး။ ။ ဘုရင့်သားတော်မို့လို့ပါဘုရား။


Wednesday, April 29, 2020

ကာလာမ သုတ်




ဆရာတော် ဦးဇောတိက ရဲ့ ဘာကိုတန်ဖိုးထားရ မလဲ စာအုပ်ထဲက ကာလမ သုတ် ကို ဝေမျှလိုက် ပါတယ်။

ကိုယ့်မှာ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်း သိဖို့မြင်ဖို့ (self-knowledge) နဲ့ creativity ဆိုတာ ဖြစ်လာဖို့ဆိုတာ သတ္တိ ရှိရှိ ရိုးရိုးသားသား ရင်ဆိုင်မှပဲ ရတယ်။

အဲဒီလို မဟုတ်ပဲနဲ့ မျက်ကန်းယုံကြည်မှုနဲ့ နေမယ်၊ ပုံသေကားချ မှတ်သားထားတဲ့ အတိုင်းပဲ ကိုယ့်ဘ၀ ကိုယ်နေ သွားမယ် ဆိုရင် ကိုယ့်မှာ new creativity ဆိုတာဖြစ်လာမှာ မဟုတ်တော့ဘူး။

အမှန်တော့ အမှန်တရားတစ်ခုခုကို ကိုယ်ပိုင်ဉာဏ်နဲ့ နက်နက် နဲနဲ ထိုးထွင်းပြီး သိမြင်လိုက်ရတာဟာ လူသား တစ်ယောက် အနေနဲ့ ရနိုင်တဲ့ အကောင်းဆုံးအရာ ဖြစ်တယ်။

အမှန်တရားတစ်ခုဟာ သူ့ဟာသူ မှန်နေပေမဲ့၊ ကိုယ် ကိုယ်တိုင် က ကိုယ်ပိုင်ဉာဏ်နဲ့ မသိသေးဘူးဆိုရင် အဲဒါ ကိုယ့် အတွက်တော့ အမှန်တရား အဖြစ်ကို မရောက်သေးဘူး။

ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ မှန်တယ်လို့ သိလိုက်တဲ့ အချိန်ကျမှ သာ အဲဒါ ကိုယ့်အတွက် အမှန်တရား ဖြစ်လာတယ်။

ဒီအကြောင်းကို ပြောရင်းနဲ့ မြတ်စွာဘုရားဟောတဲ့ ကာလာမသုတ် ဆိုတာကို သွားသတိရတယ်။
ကာလာမသုတ်မှာ မြတ်စွာ ဘုရားက .....

"မာ အနုဿဝေန" ကြားပါများတာနဲ့ပဲ မှန်ပြီ (သို့) မှားပြီ၊ တစ်ခုခုကို မှားတယ်၊ မှန်တယ်လို့ မဆုံဖြတ်ပါနဲ့တဲ့။

"မာ ပရမ္ပရာယ" ဘိုးဘွား စဉ်ဆက် လက်ခံခဲ့တဲ့ အယူ အဆဖြစ်လို့ မှန်တယ် လို့ မယူဆပါနဲ့တဲ့။

Wednesday, April 22, 2020

ခရစ်ယောဝါဒ ပုစ္ဆာ ကျမ်းထဲက ဧဝံဂေလိ ပုစ္ဆာ



ခရစ်ယောဝါဒ ပုစ္ဆာ ကျမ်းထဲက ဧဝံဂေလိ ပုစ္ဆာ မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။
ဗုဒ္ဓ အလိုအရ လူ သတ္တဝါ တို့၏ အစသည် မထင်ရှားတာကို ယခင် Post မှာ ပြဆိုထားပြီးပါပြီ ။
လူ သတ္တဝါ နဲ့ ကမ္ဘာ တို့တွင် ဗုဒ္ဓ အလိုအရ အစမရှိ အစမထင်ဟု ဆိုသော်လည်း ဘာသာခြားတို့၌မူ
အစရှိ၏ ဟူသောအယူကို ယူကြကုန်၏။



အကယ်၍
တစ်ပါးသော ဘာသာတို့၌ ကမ္ဘာ သည် အစရှိသည် လူ သတ္တဝါ တို့သည် အစရှိသည် ။
ထို အစရှိသည် ဟု ယူသောကြောင့် သတ္တဝါ ဖြစ်ပေါ်နိုင်ရန် အကြောင်း ကမ္ဘာ ဖြစ်ပေါ်နိုင်ရန် အကြောင်း သည်လို၏။


ဆိုလိုသည်မှာ....
လူ၏ အစသည်ရှိ၍  လူ သတ္တဝါတို့ ဖြစ်ခဲ့သည်ရှိသော် လူ သတ္တဝါတို့ ဖြစ်ရခြင်း အကြောင်း သည်
ရှိရ မည်သာတည်း  ။ ထိုနည်းအတူ  ကမ္ဘာဖြစ်ခြင်း အစသည်ရှိသော် ကမ္ဘာဖြစ်ခြင်း အကြောင်း ရှိရမည်သာတည်း ။



လူ သတ္တဝါ ကမ္ဘာ မိုးမြေ တို့ စတင်ဖြစ်ပေါ်လာသည်ကိုသာ ယူ၍ မည်သည့်အကြောင်းကြောင့်ဖြစ်ပေါ်လာ သည် ကို မသိလေသောကြောင့် ကမ္ဘာကို၎င်း သတ္တဝါ မိုးမြေ တို့ကို၎င်း ဖန်ဆင်းသူ ရှိသည်ဟု အခိုင် အမြဲ ယူကြ၏။ ထိုအယူကို ဗုဒ္ဓဘာသာ၌ ဝိသမဟေတုဒိဌိ အယူ ဟူ၍၎င်း ဣသရနိမ္မာနဒိဌိ ဟူ၍၎င်း ကျမ်းဂန်တို့၌ ဆိုလေ၏။

* ဝိသမဟေတုဒိဌိ ဆိုသည်ကား ....
ကမ္ဘာဖြစ်ပေါ်ရန် လူ နှင့် သတ္တဝါတိြု့ ဖစ်ပေါ်ရန် ဟုတ်မှန်သော အကြောင်းကို လွှတ်၍ ( ရှာမရ၍/ မသိ၍ ဟုမှတ်ပါ ) မဟုတ် မမှန်သော အကြောင်းကို ယူခြင်းဖြစ်ပေသည်။


* ဣသရနိမ္မာနဒိဌိ ဆိုသည်ကား ....
ဤ ကမ္ဘာကို အစိုးရသော ကမ္ဘာ့ သခင်ကြီးသည် ရှိ၏ ။ ထိုသခင်ကြီးသည် ကမ္ဘာကို၎င်း သတ္တဝါကို၎င်း ဖန်ဆင်းသည် ဟု ယူခြင်းဖြစ်ပေသည်။


ဤကား ကမ္ဘာ အစ ရှိ၏ သတ္တဝါ အစရှိ၏ ဟု ယူသည့် အတွက် ဖြစ်ပွားသွားပုံတည်း။ တစ်ဖန် ထို ကမ္ဘာ ဖန်ဆင်းသော သခင်ကြီးသည် အစရှိသလော ဟု မေးရန်ရှိ၏၊ အစရှိသည်ဟု ဆိုသော် ထိုသခင်ကြီး ကို သူ၏ အရင်က ဖန်ဆင်းသူ ပေါ်ရ လိမ့်မည်ဖြစ်၏။


Monday, September 23, 2019

ဆားတောင် ဆရာတော်ဘုရားကြီး ဦးပညာဏိက



ဆားတောင် ဆရာတော်ဘုရားကြီး ဦးပညာဏိက က တရား အားထုတ်ရန် ပျင်းရိသူများအား ဤသို့  မိန့် ကြား တော်မူခဲ့ ပါတယ်။

တောထဲလွှတ်ကျောင်းတဲ့ နွားတွေဟာ နေ့ တိုင်း နေ့  တိုင်း ဒီ စားကျက်ပဲ စားနေကြတာပဲ ။ ကိုက်ပါများတော့ လည်းဗိုက်ပြည့်တာပဲ။ တရားဆိုတာလည်း ဒီအတိုင်း ပါပဲ။

ဒီခန္ဓာပဲ နေ့ စဉ် ရှု မှတ်နေရမှာပဲ။

တရားအားထုတ်ဖို့ ကျတော့ မအားဘူး။ မအားဘူးလို့ ပြောတယ်။ သေချိန်ကျလာလို့  မသေချင် ဘူး လို့ ပြောလို့ ရတာမဟုတ်ဘူး။ မအားဘူးလို့  ပြောလို့  ရတာ မဟုတ် ဘူး။

မသေချာ မရေရာတဲ့ အလုပ်တွေကိုတောင် ဟုတ်နိုးနိုး တော်နိုးနိုး နဲ့  သက်စွန့် ဆံဖျား လုပ်နေ ရတာပဲ။ သေချာ ရေရာတဲ့အလုပ် ဘာမလုပ်ရဲစရာရှိလဲ။ ဆင်းရဲ တစ်ဘဝ ပေါ့။ တစ်ဘဝ တောင် မှ ခဏ လေးပါ။

တရားအားထုတ်တယ် ဆိုတာ အားနဲ့ မာန် နဲ့  အား ထုတ်ရတယ်။ ခန္ဓာရှိလို့ ဆင်းရဲနေတာ။ ဆင်းရဲတဲ့ အထဲ ငါပါတော့ သံသရာ လည်တာပေါ့။ နာတာဟာ ငါမဟုတ် ဘူး။

တစ်ချို့က တရားအားထုတ်ရမှာကြောက်တယ်လို့ ပြော တယ်။ အားထုတ်ကြည့်စမ်းပါ။
ကြောက်စရာမလိုပါဘူး။

အားမထုတ်ပဲနဲ့  ကြောက်တယ်ပြောတော့ တရားကို ပစ်ပယ်ရာရောက်ပါတယ်။
မဟုတ်တာ လုပ်ရမှာ ကြောက်ပါ။


Saturday, March 16, 2019

သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿ ရ ရဲ့ ဘဝသမိုင်း တစ်​စိတ် တစ်ပိုင်း




သီတဂူ ဆရာတော်ဘုရားကြီး ဖြစ်လာမည့် မောင်စံသိန်း သည် (၇)နှစ်သား အရွယ်ကပင် တပ်ရွာကျောင်း ဆရာတော် အရှင် ဣန္ဒဝံသ ထံတွင် ကျောင်းသားငယ် အဖြစ် စတင် ပညာသင်ယူ သည် ။

(၁၅)နှစ် သား အရွယ်တွင် ရှင်သာမဏေပြုသည် ဘွဲ့ အမည်မှာ ရှင်ဇောတိ က ဖြစ်သည် ကိုရင်ဇောတိက အသက် (၁၉) နှစ် (၃)လ တွင် သဲကုန်းဆရာတော် အရှင်ဓမ္မစက္က ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းပြု သည် ။ရဟန်းဖြစ်လာသောအခါ အရှင်ဥာဏိဿ        ရ ဖြစ်လာခဲ့သည် ။

ရန်ကုန် ခြောက်ထပ်ကြီး ဘုရားကြီးတိုက် ထိုမှ ကင်းဘဲလမ်း (ယခု ငါးထပ်ကြီး ဘုရားလမ်း) ရှိ သိမ်ကုန်းကျောင်း သို့ ပညာ ဆက်လက် ဆည်းပူးရန် ရောက်ရှိခဲ့သည် ။

တာမွေ သိမ်ကုန်းကျောင်းမှ ပထမငယ်တန်း အောင်မြင်ပြီးနောက် မင်္ဂလာတောင်ညွန့် သိမ်ကုန်း ကျောင်းတိုက် သို့ ပြောင်းရွှေ့ သီတင်း သုံးခဲ့သည် အလတ်တန်း ၊ အကြီးတန်း အောင်မြင်ခဲ့ပြန်သည် ။ အကြီးတန်း တက်နေစဉ် ပဋ္ဌာန်း စာဝါကို ဆူးလေရင်ပြင်ရှိ အဘိဓမ္မာပြန့်ပွားရေး အသင်းကြီး၏ အဘိဓမ္မာ ဆရာကြီး ဦးကျော် ထံတွင် သင်ယူခဲ့သည် ။

အကြီးတန်း အောင်ပြီးနောက် ဓမ္မာစရိယ စာချတန်းအတွက် မန္တလေး ခင်မကန်တိုက် မိုးတားကျောင်းတိုက် တို့တွင် ဆက်လက် ပညာ ဆည်းပူးသည် န္တလေးရှိ နာမည်ကျော် ဆရာတော်ကြီး များ ထံတွင် စာဝါများ လိုက်ခဲ့သည် ဓမ္မာစရိယ စာချတန်း အောင်မြင်ပြီး သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည် ထို့နောက် သံင်္ဃ တက္ကသိုလ် ဆက်လက် တက်ခဲ့သည် ။



Sunday, December 9, 2018

မိုးပြာ အ​ကြောင်း သိ​ကောင်းစရာ

 

 


လွန်ခဲ့သည့်ကာလ (၃၁) နှစ်က ဦးဥာဏသည် စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တင်တောင်မှာ နေထိုင်သူဖြစ်ပါသည်။

ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာ စသည်ဖြင့် ကြွားဝါကာ တရားဟောခဲ့သူဖြစ်ပါသည်။ ထိုအကြောင်း ကို ကြားသိကြသဖြင့် နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးကပင် စစ်ကိုင်းတိုင်း သာသနာရေးမူး ဥိးစိုးမြင့် က စွဲဆို၍ စစ်ကိုင်းမြို့နယ် သံဃနာယက သို့ တင်ခဲ့သည်။
 
ဦးဥာဏ နှင့် ဦးဂုဏ တို့နှစ်ပါး ရှုံးခဲ့ကြပါသည်။ တစ်ဖန် သူတို့ကပင် တိုင်းသို့တက်ခဲ့ကြသည်။ တိုင်းမှာလဲ သူတို့ပင် ရှုံးကြပြန်သည်။ တစ်ဖန် ဗဟိုဌာန ဟု ဆိုရမည်ဖြစ်သော နိုင်ငံတော် သံဃမဟာနာယက ထံသို့
သူတို့ကပင် စောဒနာ တင်ကြလျက် “သာသနာရေး လျှောက်ထားတောင်းဆိုလွာ” အမည်ဖြင့် စတင်၍ မြို့နယ်နှင့်တိုင်းတို့က ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန်တောင်းဆိုခဲ့ကြသည်။

နိုင်ငံတော်မှာလဲ သူတို့ပင် ရှုံခဲ့၍ ထောင်သုံးနှစ် ကြခဲ့ပါသည်။ နိုင်ငံတော် သံဃနာယက ဆရာတော် ဘဒ္ဒန္တမာနိတ သီရိဘိဝံသထေရ် ၏ မိန့်ကြားချက်အရ သိရသည်မှာ (၁၉၈၃-၁၉၈၆ ခုနှစ်က ၀ိနည်းဓမ္မကံ
(၉/၁၁)ဖြင့် တရားစွဲခံရပြီးကတည်းက ပြတ်ပြတ်သားသား အရေးယူဖို့ စီရင်ခဲ့ရာတွင် တိပိဋကဓရ မင်းကွန်း ဆရာတော်ကြီးက မေတ္တာရပ်ခံမူကြောင့် ထောင်သုံးနှစ် မျှဖြင့် ပြီးသွားရခြင်းပင် ဟူ၍ ဖြစ်ပါသည်။



Sunday, April 29, 2018

ကဆုန်လပြည့် ဗုဒ္ဓနေ့



ကဆုန် လပြည့် (၅) နေ့
(၁) ဗျာဒိတ်ယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့်။ (သောကြာနေ့)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်။
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့် ။ (အင်္ဂါနေ့)

ကဆုန်လပြည့် ဗုဒ္ဓနေ့.

ဆု . ဖွား . ပွင့် .စံ ဤလေးတန် မှတ်ရန် ကဆုန်လပြည့်နေ့

ကဆုန် လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ဖြစ်ပါတယ် ။
ဘာကြောင့်လဲ ဆိုတော့ .......

(၁) " ဆု "
------
ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြှောက် ဂေါတမဘုရား စစ်စစ်
ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ  ဘုရားဆုပန်ပြီး ဗျာဒိတ် ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ ဖြစ်ပါတယ် ။

(၂) " ဖွား "
------
ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့ဟာလည်း မဟာသက္ကရာဇ်( ၆၈)ခု ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ 

(၃) " ပွင့် "
-------
ဂေါတမ ဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရား ဖြစ်တဲ့နေ့လည်း မဟာသက္ကရာဇ် (၁၀၃) ခု ၊
ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ် ။

(၄) " စံ "
------
ဂေါတမဘုရား ပရိနိဗ္ဗာန်စံတဲ့နေ့လည်း မဟာသက္ကရာဇ် (၁၄၈)ခု ၊ ကဆုန်လပြည့်နေ့သာ ဖြစ်ပါတယ် ။

Friday, August 4, 2017

တစ်ဘ၀ပဲ ဆိုပြီးတော့ လျော့မတွက်လိုက်ပါနှင့် မိတ်ဆွေ



အကြွေး ဆိုတာ မဆပ်ပဲ နေလျှင် တစ်ဘ၀ပါ။ သို့သော် တစ်ဘ၀ပဲ ဆိုပြီးတော့ လျော့မတွက်လိုက်ပါနှင့် 
မိတ်ဆွေ ။ ထို အကြွေးကို ကျေအောင် မဆပ်ခဲ့ရင် ဝဋ်ကြွေး ဖြစ်သွားပါလိမ့်မည် ။ ဝဋ်ကြွေး ဆိုသည် ကတော့ ထာဝရ ဆပ်ရမည်မှာ မလွဲပင် ။

ရစရာရှိသော သူများသည် မိမိတို့ ကြပ်တည်း လာတိုင်း ရရန် ရှိသော ငွေကြေးများကိုသာ အားကိုး တကြီး မျှော်လင့်ရသည် ။ ကိုယ့်ဆီက မရသောကြောင့် တစ်ပါးသူ အခက်အခဲပေါင်း များစွာနှင့် စိတ်ဆင်းရဲရလေလေ ကိုယ်ဆပ်ရမည့် ဝဋ်ကြွေး တန်ဖိုးကြီးမာလေလေ ဖြစ်မည်ကိုလည်း သိစေလိုပါသည် ။

သင်တို့ ရဟန်း ၀တ်ဖူးပေလိမ့်မည်။ သင်တို့ အသက် ၂၀ပြည့်ပြီးလို့ ဒုလ္လဘ ရဟန်း အနေနဲ့ သာသနာ့ဘောင် ကို ၀င်တော့မယ် ဆိုလျှင် သင်တို့ကို ရဟန်းပြု သိမ်ဝင်ပေးမယ့် ဆရာတော်က ” အသင်တို့ဟာ အမှန်တစ်ကယ်ကြွေးမှီများ ကင်းရှင်းသူများဖြစ်ကြပါရဲ့လား ” ဆိုပြီး မေးလာခဲ့သည် ရှိသော် ကြွေးမှီများ ကင်းပါတယ်   ဖြစ်ကြောင်းကို လိပ်ပြာ သန့်သန့်ဖြင့်ဖြေနိုင်ဖို့ အရေးကြီးသည် ။

ကြွေးပူများ ( မိမိမှ မပေးရင် တစ်ဖက်လူ ဒုက္ခရောက်တော့မယ့် အနေအထား ) ရှိနေခဲ့သော် မြင့်မြတ်သော ရဟန်း အဖြစ်သို့ မြတ်စွာဘုရား၏ သာသနာမှ လက်မခံပါ ။

ခြွင်းချက် အနေဖြင့် အကြွေးပင် ရှိနေသော်ငြားလည်း မကျေကျေအောင် ဆပ်မည်ဆိုသူများ သို့မဟုတ် ကြွေးရှင်မှ ကြွေးပူအဖြစ် မသတ်မှတ်ဘဲ အဆင်ပြေသည်အထိ စောင့်ပါမည်ဟု ခွင့်ပြုပေးထားသူများအား ရဟန်းအဖြစ်သို့ လက်ခံမည်ဟု ဆိုထားသော်လည်း ကြွေးမှီများလည်း မကင်းကြ ဆပ်ချင်စိတ်လည်း မရှိသူများအဖို့ကား နည်းလမ်း မရှိနိုင်ပေ ။

သူတစ်ပါးအား မျက်ရည်ကြီးငယ် ကျစေသော အကုသိုလ်ကံ အကျိုးပေး အဖြစ် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရမည့် အခွင့်အရေးအား ယခုဘဝတွင် လောလော လတ်လတ် ဆုံးရှုံးရမည်ဖြစ်သည် ။ နောက်ဘဝများတွင်လည်း ကောင်းသော အကျိုးပေးများ ရရှိနိုင်မည်ဟု ရာနှုန်းပြည့် မျှော်လင့်၍ မရနိုင်တော့ပါ ။

ထို့ကြောင့် ကြွေးပေးရန်ရှိသူများ အနေနဲ့ မိမိသာ တိရစ္ဆာန် ဘ၀မျိုးရောက်နေခဲ့လျှင် မည်သို့သော နည်းဖြင့် ကြွေးဆပ်ရမည်ကို တွေးကြည့်ဖို့လိုသည် ။ အကြွေးများကင်းရှင်းရန်နှင့် ဝဋ်ကြွေးများဆပ်ရန်အကောင်းဆုံးအချိန်အခါဖြစ်သော လူဖြစ်နေတုန်းအခိုက်မှ မဆပ်နိုင်ခဲ့လျှင် သံသရာအဆက်ဆက်အထိ မကျေမချင်း ခန္ဓာနဲ့ရင်းပြီး ဆပ်ရန်သာရှိတော့သည် ။



သူ့ဖို့လား ကိုယ့်ဖို့လား ခွဲခြားမြင်နိုင်ကြပါစေ



ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများ၏ နောက်ဆက်တွဲ မြင်ကွင်းများကို စာရေးသူ လက်လှမ်း မှီသလောက် ထောက်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် အတိတ် က ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ညီညီညွတ်ညွတ် အေးအေးချမ်းချမ်း နေထိုင်ခဲ့သည်မှာ လူတိုင်း အသိ ပင်ဖြစ်ပါသည်။

မြန်မာ လူမျိုးတို့၏ မူရင်း သဘောမှာ သူတစ်ပါး အပေါ်မှာ စော်ကားလိုစိတ်၊ အနိုင် ယူလိုစိတ်၊ ဖိနှိပ်လိုစိတ် မရှိကြပါ။ မိမိနိုင်ငံသို့ ရောက်ရှိလာကြသော လူမျိုးခြား၊ ဘာသာခြားများ ကိုလည်း ကြည်ကြည် ဖြူဖြူပင် ဆွေ မျိုးရင်းခြာ သဘောထားကာ ရင်းရင်းနှီးနှီး ပေါင်းသင်း ဆက်ဆံခဲ့ကြသည်။

အတိတ်နှစ်ပေါင်းများစွာမှ စ၍ မြန်မာ့မြေပေါ်၌ နေထိုင်ခဲ့ကြသော “ခရစ်ယာန် ဘာသာဝင်” လူမျိုးခြား၊ ဘာသာခြား များနှင့် မြန်မာ ဗုဒ္ဓဘာသာများ ပဋိပက္ခဖြစ်ခဲ့သည်ဟု ယခင်ကလည်း မကြားသိခဲ့၊ ယခုလည်း မကြား သိ၊ ယင်းသို့ ပဋိပက္ခ မဖြစ်ရခြင်းမှာ တစ်ဖက်သားမှ “ မိမိ အမျိုး ဘာသာ သာသနာ ” ကို ဖျက်လို့ဖျက်စီး မလုပ်ခဲ့ခြင်းကြောင့်ဟု စာရေးသူမှ ယူဆပါသည်။

ယနေ့ မြန်မာနိုင်ငံနှင့်တစ်ကွ ကမ္ဘာအရပ်ရပ် ဒေသ အသီးသီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများတွင် လည်း မြန်မာ ဗုဒ္ဓဘာသာဝင်များ ပါဝင်သည်ဟု မကြားသိရပါ။ သမိုင်း မှတ်တမ်း၊ စာနယ်ဇင်း မှတ်တမ်းများ တွင် လည်း မတွေ့ရ၊ မသိရပါ။ ဤသည်ပင် မြန်မာ ဗုဒ္ဓဘာသာဝင်များ၏ “မူရင်း စိတ်ဓါတ်အဖြစ်” အထင်းသားမြင်နိုင်ပါသည်။

မြန်မာနိုင်ငံသားများသည် ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ဒေသခံများနှင့် လိုက်လျော ညီထွေ နေတတ်ကြသည်။ သူများအတွက် “ ၀န်ထုပ် ၀န်ပိုး ” မဖြစ်အောင် နေထိုင်တတ်ကြသည်။ “ရောမရောက်ရင် ရောမလို ကျင့်” ဆိုသည့် အတိုင်း လိုက်နာကျင့်သုံးကြသည်။

ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများမှာလည်း မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ စတင်ဖန်တီးခဲ့သည့် လုပ်ရပ် တစ်ခုမျှ မရှိ၊ သို့သော် တစ်ခြား တစ်ဖက်က “ ကိုယ့်လူမျိုးကို စော်ကားလာသည့် အခါ” မှာ ပြန်လည်တုံ့ပြန်တတ်သည့် သဘောသဘာဝ အတိုင်း တစ်ချို့လူငယ်များ ပါဝင် ပက်သက် လွန်ကျူးခဲ့ သည်များတော့ ရှိနိုင်ပါသည်။ “ အင်္ဂလန် ၊ အမေရိကန် ” စသော တိုင်းပြည်များတွင်လည်း ဒီသဘောများ တွေ့ရ တတ်ပါသည်။



သေးမွှား သည့် တိရိစ္ဆာန် ပုရွက်ဆိတ် သတ္တ၀ါပင် ဖြစ်စေကာမူ ကိုယ့် အင်အားရှိသလောက် တုန့်ပြန်တတ်သည့် သဘောမှာ “ လူမျိုးတိုင်း ၊ သတ္တ၀ါတိုင်း ” မှာ ရှိသည်။ မြန်မာ့မြေပေါ်တွင်ဖြစ်ပေါ်လာသည့် ပဋိပက္ခများကိုလည်း သက်ဆိုင်ရာ “ ဆရာတော် သံဃာတော်များ ” အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံး ၀ိုင်းဝန်း ထိန်းသိမ်းခဲ့ခြင်းကြောင့် ကြီးကျယ်တဲ့ ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ပွားသည်မှာလည်း အထင်အရှားပင်ဖြစ်ပါသည်။

“ဤသို့ တာဝန်ရှိသူများ၏ တာဝန် သိသိ ၀ိုင်းဝန်း ထိန်းသိမ်းသည့် အကောင်းကွက် ကိုတော့ မျက် ကွယ်ပြုထားကြသည်။ အဆိုး ဘက်ကို ဇောင်းပေးဖော်ပြနေသည်မှာလည်း တရားနည်းလမ်း ကျမည် မဟုတ်ပါ ”

လူသားတိုင်းမှာ ပြင်ပ အန္တရာယ်များ ထင်သလို စော်ကား မခံရစေရန် “ ကိုယ့်အိမ် ကိုယ့် ခြံစည်းရိုး
လုံအောင် ကာရမည့် နည်းလမ်း ” မှန်သမျှကိုတော့ မလွဲမသွေ လုပ်ဆောင် ရမည်သာဖြစ်ပေသည်။
ကိုယ့်အိမ် ကိုယ် ခြံစည်းရိုး မလုံလျှင် တစ်ဖက်သားက ထင်သလိုစော်ကားမည်။ အနိုင်ကျင့်မည်။
သိမ်းသွင်းမည်။ 


Sunday, July 30, 2017

ဗုဒ္ဓ ဘာသာဝင်တိုင်း သိသင့်သော သိမှတ်ဖွယ်ရာများ



သင့်ရဲ့ ကလေးငယ်ကပဲ မေးမေး ၊ ဘာသာခြားကပဲ မေးမေး ၊ ဘယ်သူ မေးမေး ဗုဒ္ဓဘာသာ အခြေခံ ၊ 
အတိုချုပ်လောက်တော့ သင်ဖြေနိုင်ရမယ်။ အဲဒီလိုဖြေနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ဘဒ္ဒ ကမ္ဘာတွင် ပွင့်တော်မူသော ဘုရား ငါးဆူ
********************************
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)
သာသနာတော် သုံးရပ်
****************
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေ သင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီ ကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်း သိမြင်ခြင်း
ရတနာ သုံးပါး
***********
၁။ ဘုရား
၂။ တရား
၃။ သံဃာ
ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သော အချက်များ
*************************************************
မြတ်စွာဘုရား၏ ဖခမည်းတော်အမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ထမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီတော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင် ။
သံဝေဇနိယ လေးဌာန
****************
၁။ မြတ်စွာဘုရား ဖွားမြင်သည့် အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသော နေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစင်္ကြာတရားဦး ဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ
သတ္တဌာန ခုနှစ်ပါး
*************
၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက် တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်
ဘုရားဂုဏ်တော် ကိုးပါး
*****************
၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။



Saturday, July 1, 2017

ကံ = အလုပ်



လောက၌ ဖြစ်ပေါ်သမျှသော အရာများသည် အကြောင်းမရှိပဲ ဖြစ်လာကြသည် မဟုတ် ။ သက်ဆိုင်ရာ အကြောင်း များကြောင့် ဖြစ်ပေါ်လာသည်ချည်း ဖြစ်ကြ၏။

အကြောင်းကြောင့် ဖြစ်ပေါ်လာသော ထို အကျိုးများသည်လည်း တဖန် အကြောင်း အဖြစ်သို့ ရောက်ပြန်ကာ တစ်ခြား အကျိုးတစ်ခုကို ဖြစ်ပေါ်စေပြန်သည်။

ဤနည်းဖြင့် လောကကြီးသည် ကြောင်းကျိုးဆက် သဘာဝကြီးမျှသာ ဖြစ်နေတော့၏။

ပါဠိဘာသာ "ကမ္မ" ကို မြန်မာဘာသာဖြင့် "ကံ" ဟုခေါ်သည်။ "အလုပ်" ဟု အဓိပ္ပာယ်ရသည်။

ကမ္မ=ကံ=အလုပ်၊ ဤစကား သုံးလုံး အဓိပ္ပာယ် အတူတူဖြစ်သည်။

အလုပ် ဆိုသည်မှာ-
ကိုယ်ဖြင့် ပြုလုပ်သည့် အလုပ်=ကာယကံ၊
နှုတ်ဖြင့် ပြုလုပ်သည့် အလုပ်=ဝစီကံ၊
စိတ်ဖြင့် ပြုလုပ်သည့် အလုပ်=မနောကံ
ဟု အလုပ် ၃ မျိုး ရှိ၏။ ကံ ၃ ပါး ဟုလည်း ခေါ်၏။

ကာယကံ ကိုယ်ဖြင့် ပြုလုပ်သော အလုပ် ( ကာယကံ ) ဆိုသည်မှာ တစ်စုံ တစ်ယောက်ကို တုတ်ဖြင့်  ရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ လဲနေသူ တစ်ဦးကို ထူပေးခြင်း၊ တစ်စုံ တစ်ခု မ,ချီနေသည်ကို ကူညီ မ,ချီ  ပေးခြင်းမျိုးကို ခေါ်သည်။

ဝစီကံ နှုတ်ဖြင့် ပြုလုပ်သည့် အလုပ် ( ဝစီကံ ) ဆိုသည်မှာ တစ်စုံ တစ်ယောက်ကို ဆဲဆိုခြင်း၊ "ရိုက်လိုက်" ဟု ခိုင်းခြင်း၊ တစ်စုံ တစ်ယောက်ကို ချီးမွမ်း ပြောဆိုခြင်း၊ "ကူညီလိုက်ပါ" ဟု ခိုင်းခြင်းမျိုးကို ခေါ်သည်။

မနောကံ စိတ်ဖြင့် ပြုလုပ်သည့် အလုပ် ( မနောကံ ) ဆိုသည်မှာ တစ်စုံ တစ်ယောက်ကို ရိုက်ရန် ကြံစည်ခြင်း၊ သူ့ပစ္စည်းကို ခိုးရန် ကြံစည်ခြင်း၊ တစ်စုံ တစ်ယောက်၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်အောက်မေ့ခြင်း၊ သူ တစ်ပါးကို ကူညီရန်၊ ပေးကမ်းလှူဒါန်းရန် ကြံစည်နေခြင်းမျိုးကို ခေါ်သည်။

ရည်ရွယ်ချက်နှင့် တက်ကြွစိတ် ကိုယ်၊ နှုတ်၊ စိတ် တို့ဖြင့် ပြုလုပ်သော်လည်း ပြုလုပ်တိုင်း ကံ မဖြစ်ပေ၊ ကံ အရာ မမြောက်ပေ။ အကောင်း အဆိုး ရည်ရွယ်ချက် တစ်ခုခုဖြင့် တက်ကြွ ထက်သန်သော စိတ် ဦးဆောင်လျက် ပြုလုပ်မှသာ "ကံ အရာမြောက်၍" ကံ ဟု ခေါ်သည်။

ကံ မမြောက်သော အလုပ်များ 

တစ်ချို့ အလုပ်များကို အကောင်း အဆိုး ရည်ရွယ်ချက် အထူးတစ်လည် မပါ၊ တက်ကြွ ထက်သန်သော စိတ် လည်း မရှိပဲ မထင်ရှားသော စိတ် စေတနာဖြင့် လုပ်ရိုးလုပ်စဉ် အတိုင်း လုပ်ကြ၏။ အလုပ်ဖြစ်မြောက်စေသော စေတနာ အလွန်အားသေးလှ သဖြင့် သူ့အလိုအလျောက် လုပ်သွားမိသည်ဟုပင် မှတ်ထင်ကြရ၏။ 
ယင်း အလုပ်များမှာ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ ထခြင်း၊ လျောင်းခြင်း စသော အလုပ်မျိုး၊ နှုတ်ဆက်စကားပြောခြင်း စသော အလုပ်မျိုး ဖြစ်၏။ ဤကဲ့သို့သော အလုပ်မျိုးသည် ကောင်းကျိုး ဆိုးကျိုး တစ်စုံ တစ်ရာ ဖြစ်ပေါ် စေသော ကံများ မဟုတ်ကြပေ။ ကံ အရာမြောက်သော အလုပ်များ မဟုတ်ကြပေ။

အချုပ် ဆိုရလျှင် ရည်ရွယ်ချက်နှင့် တစ်ကွ တက်ကြွ ထက်သန်သော စိတ် ဦးဆောင်လျက် ပြုလုပ်သော အလုပ်သည် ကံမြောက်၍ မသိသာ မထင်ရှားသော သာမန် စိတ်ဖြင့် ပြုလုပ်သော အလုပ်သည် ကံ မမြောက်ပေ။

စေတနာသည် ကံ 

ယင်း တက်ကြွ ထက်သန်သော စိတ်ကို စေတနာ ဟု ခေါ်သည်။ ဤ တက်ကြွသည့် စိတ် သဘောကြောင့်ပင် ကိုယ်ဖြင့် ပြုလုပ်မိ၏။ နှုတ်ဖြင့် ပြောဆိုမိ၏။ စိတ်ဖြင့် ကြံစည်တွေးတော ဆင်ခြင်မိ၏။

ယင်း တက်ကြွထက်သန်သော စိတ်သဘော စေတနာသည် ကိုယ်၊ နှုတ်၊ စိတ် အလုပ်များ ဖြစ်ပေါ်ခြင်း၏ အကြောင်းရင်း အခြေခံ ဖြစ်၏။ ထို့ကြောင့် ထိုစေတနာ ( တက်ကြွသော စိတ်သဘော ) ကို "ကံ" ဟု မြတ်စွာဘုရားက နာမည် တပ်တော်မူ၏။



Thursday, June 8, 2017

ကံကောင်းလိုလျှင် အယူမှန်ဖို့လို



ကံ တရား၏ သဘော လက္ခဏာကို တိကျ မှန်ကန် ပြည့်စုံစွာ သဘောပေါက်ရန် လူတိုင်း လိုအပ်သည်။ 
ကုသိုလ်ကံ အကုသိုလ်ကံ တို့သည် ပုဗ္ဗ၊ မုဉ္စ၊ အပရ စေတနာ သုံးတန်ပြည့်ဝ အားသန်လျှင် အမှန်ပင် ကြီးမားသော အကျိုးတရားကို ပေးကြစမြဲ ဖြစ်သည်။ 

သံသရာ ခရီးရှည် တစ်လျှောက် ဒုဂ္ဂတိဘ၀ သုဂတိဘ၀ မျိုးစုံတို့ကို ပေးနိုင်လောက်သော အင်အားရှိကြ သည်။ မိမိဘ၀ သံသရာ ခရီးအတွက် ကိုယ်တိုင် ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပြုလုပ်၍ ရသော သဘောဖြစ်သည်။ 

ကံတရားတို့ ဖြစ်ပေါ်ရေး အတွက် ဒိဋ္ဌိဇုကမ္မ ခေါ် အယူဖြောင့်မှန်မူသည် အရေးကြီးလှ၏။ အယူဖြောင့်မှန်သူသည် ကံတရား၏ အကျိုးပေးမူကို သိမြင်နားလည် သဖြင့် မိမိ အတွက် သံသရာတစ်လျှောက် ကောင်းကျိုးဝေဖြာ ဘ၀သမ္ပတ္တိပြည့်စုံလာစေရေးအတွက် ကောင်းသော ကာယကံ ၀စီကံ မနောကံ တို့ကိုသာ ပြု လုပ်တော့မည်ဖြစ်သည်။ သို့ဖြစ်၍ ကုသလကမ္မပထ တရား၏ စွမ်းအားကြောင့် လူ့ပြည် နတ်ပြည် သာယာသုခ ချမ်းသာသော ဘ၀တို့ကို ရရှိကြမည်မှာ သေချာလှ၏။


ဒုက္ခ တစ်ခု ကြုံတိုင်း ကုသိုလ် တစ်ခု လုပ်ပါ



တစ်နေ့ သောအခါ ဆရာတော် ဦးဗုဓ် ၏ မယ်တော်ကြီး သည် မိမိ နေ အိမ် မီးလောင် သွားသော ကြောင့်သား ဦးဇင်း ထံ သို့ ပြေး လာပါတယ်။ သူ့ခဗျာ မုဆိုးမကြီး ဆိုတော့ အားကိုးလဲ မရှိ ရှာပါဘူး။ အဲဒီအတွက် သားဦးဇင်း ထံ အားကိုး တစ်ကြီး နဲ့ ပြေး လာတာ ပါ ။

အဲဒိ အချိန်မှာ ဆရာတော် ဦးဗုဓ် က မင်းကိုးကွယ် တဲ့ ဆရာတော် ဖြစ်နေပါပြီ ။မယ်တော်ကြီး အတွက်နေစရာ အိမ်တစ်လုံးတော့ ကောင်းကောင်း ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။ ဘုရင် ကိုယ်တိုင်က အလွန်ကြည်ညိုတဲ့ ဆရာတော် ဖြစ်တဲ့ အတွက် လာဘ်လာဘပေါများမယ် ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။ 


ဒါယကာတွေကို မယ်တော့်အိမ် မီးထဲ ပါသွားတယ်လို့ပြောလိုက်တာ နဲ့ ကိစ္စပြီးနိုင်ပါတယ်။
ဒါပေမဲ့ ဆရာတော် ဦးဗုဓ် က မယ်တော်ကြီး လာတဲ့အခါ မှာ ဘာမေး လဲဆိုတော့…


” ခု မယ်တော်ကြီးအိမ် မီးထဲပါသွားပြီ။ 
ဘာတွေကျန်သေးလဲ လို့မေးပါတယ်။ ဒီအခါမှာ မယ်တော်ကြီး က အားကိုးတစ်ကြီး နဲ့ တပည့်တော်မ မှာ အခု ဝတ်ထားတဲ့ အဝတ်နဲ့ ပခုံး ပေါ်က ဒီ တဘက် တစ်ထည်ပဲ ကျန် ပါတော့ တယ်ဘုရား…လို့ လျှောက်လိုက် ပါတယ်။
ဆရာတော် ဦးဗုဓ် က
” မယ်တော်ကြီးရှေ့က ပြုခဲ့တဲ့ အကုသိုလ်တွေကြောင့် ခုလို ဒုက္ခတွေ ရောက်ရတာ ။ ဒါကြောင့် ကုသိုလ်ပြုပါဆို ပြီး ပုခုံးပေါ်က တဘက်လေးကို အလှူခံ လိုက်ပါတယ်။ ဆရာတော်ဘုရား ဟာ ပညာရှိဖြစ်သည့် အားလျှော်စွာ ပြုမူဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့် ဆရာတော် အပြုမူ ဟာနောက်လူတွေ အတွက် လမ်းပြသွားတာမှတ်သား စရာပါ။
ဦးဇင်း တို့တွေဟာ တစ်ခါ တစ်လေမှာ ကောင်းတာတွေ လဲ လုပ်ပါလျှက် မှန်မှန် ကန်ကန် လဲလုပ် ပါလျှက် ဒုက္ခတွေ ကြုံတွေ့ရရင် ဒါရှေ့ အကုသိုလ် အကျိုးပေးလာပြီ လို့သိရပါမယ်။ အဲဒါမျိုး အချိန်ကြရင် ကုသိုလ် တစ်ခုခု ကိုပြုလိုက်ပါ ။ ဒါဆိုရင် လက်ရှိ အကျိုးပေးနေတဲ့ အကုသိုလ်တွေ အနည်းငယ်တော့ အားပျော့ သွား ပါ လိမ့်မယ် ။ တော်ရုံ အကုသိုလ် ဆိုရင် တော့ပျောက်ကွယ် သွားပါ လိမ့် မယ် သူတော်ကောင်း တို့ ။
တစ်ချို့ ဆိုရင် အကုသိုလ်တွေ လုပ်နေ ပြီးအောင်မြင် နေတာ တွေ့ရ တတ် ပါတယ်။ ဒါဟာရှေ့ က သူပြုခဲ့တဲ့ ကုသိုလ်တွေ ရှိနေလို့ပါ။ ဥပမာ ခု လက်ရှိ အကုသိုလ် လုပ်နေပြီး လမ်း မှာ လက်စွပ် တစ်ကွင်းကောက်ရတယ် ဆို ပါ စို့ ။ ဒါဆိုရင် အဲဒိ လူဟာ ရှေ့ ကုသိုလ် ကြောင့် လက်စွပ်ထက် အဖိုး ကြီးတဲ့ အရာတစ် ခုရနိုင် ပေမဲ့ လက်ရှိ အကုသိုလ်တွေကြောင့် လက်စွပ်ပဲ ရတော့ တာပါ ။


Monday, May 15, 2017

သူတစ်ပါး အကြွေးကို ပြန်မဆပ်နိုင်လျှင် ဘယ်အပြစ် ဖြစ်ပါသလဲ



အရှင်ဘုရား၊ အချို့သော လူ့ဘောင်မှ လူသားများမှာ သူတစ်ပါးထံမှ ချေးယူထားသော ပစ္စည်း (အထူးဖြင့်ေ ငွကြေး)ကို ပြန်မပေးဘဲ နေတတ်ကြပါသည်။ အဲဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက်နဲ့ လောလောဆယ် ကြုံနေရလို့ စိတ်မချမ်းမသာ ဖြစ်နေရပါသည် ဘုရား။ 

အချင်းချင်း အကြွေးယူပြီး ပြန်မဆပ်သော ပုဂ္ဂိုလ်များသည် ယခု ဘဝ နောင် ဘဝ တွင် မည်သို့သော အပြစ်  ဖြစ်နိုင်သည်ကို ဟောကြားပေးတော်မူပါ ဘုရား။ 

 ကတိ ဟာ လူ့ အရည်အချင်း လူ့ တန်ဖိုးရဲ့ သော့ချက်ပဲ။ ကတိကြောင့် လူလေးစားခံရသလို ကတိ ပျက်ရင် အရည်အချင်း ရှိလျက် အသိအမှတ် မပြုခံရဘဲ ရှိတတ်တယ်။ အချိန်၊ အကြွေး ၊ အလုပ် – စသည်နဲ့ ပတ် သက်ပြီး ကတိ အရေးကြီးတယ် .. 

 စပ်တူ မလုပ်ဘူး

အရီဇိုးနား ကို ရောက်ခါစမှာ ဗမာ တရုတ် တစ်ယောက်က သူတွဲနေတဲ့ မိတ်ဆွေရင်းကို ‘ဒီကောင် နဲ့ စီးပွားရေး စပ်တူ လုပ်လို့ မရဘူး’လို့ အတော် ခပ်နှိမ်နှိမ် ပြောတာနဲ့ ‘သူ့ကို မယုံကြည်ဘဲ ဘာကြောင့် အပေါင်း အသင်း လုပ်တာလဲ’လို့ ဘုန်းကြီး ကလည်း မနေနိုင် ဝင်မေးမိတယ်။ 

ဒီတော့ သူက ‘စီးပွားရေး အတူလုပ်ရင် ကတိတည်မှ’ တဲ့။ သူ့ အပြောအရ သူ့ မိတ်ဆွေမှာ ကောင်းတာ  အချို့ ရှိပေမယ့် အချိန်ကို မလေးစားဘူး။ တစ်နာရီ ချိန်းရင် သုံး နာရီမှ ရောက်လာတာမျိုး အကြိမ်ကြိမ် ကြုံရသတဲ့။ ပြောလည်း မဖြုံဘူးတဲ့။ 

လိုရင်း ကတော့ ကတိမတည် (သူ့ ရည်းစားနဲ့သာ အဲဒီလို ဖြစ်ရင် ပြတ်ပြီးသား ဖြစ်နေမှာ)။ မင်းမှာ သစ္စာ လူမှာ ကတိဆို မဟုတ်လား။ အထူးသဖြင့် ဒီဘက်က လူတွေကို အဲဒီလို လုပ်လို့ မရဘူး။ အဲဒီ မိတ်ဆွေ ဆိုသူဟာ ဒီဘက်မှာ နေသူ ဖြစ်ရင် သိသလိုလိုနဲ့ မသိသေးတဲ့ လူမျိုးပါပဲ။ 

ကိုယ်ချင်းစာ

ရင်းနှီးလို့ ဆိုပြီး ဘာစာရွက် စာတမ်းမျှ မရှိဘဲ ချေးယူသွားသူ အများစုဟာ ချေးလို့ ရပြီးတာနဲ့ မေ့မေ့ ပျောက်ပျောက် နေသွားလေ့ ရှိတာကို တွေ့ရတယ်။ (ဒီလို မဟုတ်တဲ့ လူ အနည်းစုလည်း ရှိနိုင်ပါတယ်)။ ပြောတုန်းက နှစ်လ အတွင်း။ ကူညီလိုစိတ်နဲ့ ချေးပေးလိုက်သူကတော့ ယူသွားသူ ပြောတဲ့ နှစ်လ ကို သတိတရနဲ့ မျှော်နေတာပဲ။ ကိုယ့်ပစ္စည်းပဲလေ။ လူတိုင်း ဒီလိုပဲနေမှာ။ 

ဒါပေမယ့် တစ်ချို့ နှစ်နှစ် မကလည်း ဖြစ်သွားနိုင်ပြီး အချို့ဆို ရာသက်ပန် မပေါ် လာ ဖြစ်သွားတတ်တယ်။ သူတို့ အနည်းငယ် အဆင်ပြေသွားတဲ့ အချိန် ‘အဆင် မပြေတုန်းက ငါတို့ကို ဘယ်သူမှ အရေးမလုပ်ဘူး’ ဆိုတာမျိုးတောင် ပြောတတ်သေးတယ်။ ဒါကြောင့် ပိုက်ဆံ ချေးပေးမယ်ကြံရင် လူအချို့ဟာ အသွင် သဏ္ဌာန် သားနားတိုင်း အတွင်းစိတ် မသားနားဘူး ဆိုတာကို အခုရ ရှိတဲ့ အတွေ့အကြုံနဲ့ ဘဝတစ်လျှောက် ကိုယ့်ကိုယ်ကို သင်္ခန်းစာယူပေါ့။ 

အဲဒါ ကိုယ့်အတွက် အမြတ်လို့ပဲ နှလုံးသွင်းလိုက်ပါ။ သနားတတ်တာ၊ အားနာတာ၊ ယုံလွယ်တာ အရင်းခံနဲ့ ဘုန်းကြီး တောင် အမေရိက ကို ရောက်ပြီးမှ ဇာတ်တူသား စားမိလို့ ‘နိဗ္ဗာနဿ ပစ္စယော ဟောတု’ လုပ် လိုက်ရတာ လေးကြိမ် ကြုံဖူးတယ်။ ဘုန်းကြီး သာ မကပါဘူး။ ဘုန်းကြီး  အတော်များများ ဟို .. ဗမာပြည်မှာ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေး အချို့ ရှက်လို့ မိဘဆွေမျိုးတွေကို ဖွင့်မပြောရဲသလို ကျိတ်ခံနေလိုက် ရတဲ့ ဖြစ်ရပ်တွေ ကြားဖူးပါတယ်။ အဲဒီ အတွေ့အကြုံနဲ့ ကြွေးပြန် မရသူတွေကို ကိုယ်ချင်း စာပါတယ်။ 

ဘုရားဟော

ဣဏသုတ် (အံ ၂၊ ၃ဝ၉)မှာ ကြွေးယူရသူရဲ့ ဆင်းရဲ ၆-မျိုး ဟောကြားပါတယ်။ ဆင်းရဲတာ၊ ဆင်းရဲ လို့ အကြွေးယူရတာ၊ အရင်းကို မပေးနိုင်သေးလျှင် အတိုးပေးပါမယ် လို့ ကတိပေးထားရတာ၊ ကြွေးရှင်က အတိုးကို တောင်းတာ၊ ပြန်မပေးနိုင်လို့ သူ့နောက်ကို ကြွေးရှင် လိုက်ခံရတာ၊ ဖမ်းခံရတာ။ 


Sunday, May 14, 2017

မျက်မှောက်သာသနာ့ အခြေအနေနှင့် သာသနာ့ တာဝန်ကြီး (၄)ရပ်



သီရိလင်္ကာနိုင်ငံမှာ ကျင်းပတဲ့ ဗုဒ္ဓနေ့ အခမ်းအနား (သို့မဟုတ်) ဗုဒ္ဓဘာသာ နိုင်ငံပေါင်း (၅၀)ကျော်တို့၏ အစည်းအဝေးကြီးမှာ စကားပြောခွင့်ရတာ အလွန်ဝမ်းမြောက်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ပြောကြားခွင့်ရလို့လည်း ပို၍ပို၍ ဝမ်းမြောက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်ုပ်တို့ အရှေ့တောင်အာရှ (သို့မဟုတ်) ဗုဒ္ဓသာသနာ ပြန့်ပွားဖြန့်ချီရာဒေသဟာ သီရိလင်္ကာနိုင်ငံ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံ ပါဠိစာပေလောကကြီး တစ်ခုလုံး သင်ကြားပို့ချနေကြတဲ့ အဋ္ဌကထာနှင့် ဋီကာတွေ အားလုံးဟာ သီရိလင်္ကာနိုင်ငံမှာ ပေါက်ဖွားတဲ့ ကျမ်းစာတွေ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးသော နောက် နှစ် (၂၃၆)မှာ သီရိဓမ္မာသောကမင်းကြီးက ကိုးတိုင်းကိုးဌာနသို့ သာသနာပြုတွေ စေလွှတ်ခဲ့ပါတယ်။ 

ပါဋလိပုတ္တ ရဲ့ အနောက်မြောက် ယောနကတိုင်း သို့ ဓမ္မဒူတ အဖွဲ့တစ်ဖွဲ့ စေလွှတ်ပါတယ်။ အဲဒီ ယောနက တိုင်းဆိုတဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးဟာ ဒီကနေ့ ဂရိ၊ တူရကီ၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်နိုင်ငံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါပြီ။

 နောက် အသောက စေလွှတ်သော Mission တစ်ခု ဂန္ဓာရတိုင်း၊ ကသ္မီရတိုင်းများ သို့ ကြွသွားသည် ဟု မှတ် တမ်း ရှိပါသည်။ ဂန္ဓာရတိုင်း ဟာလည်း ဒီကနေ့တော့ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် တို့ ဖြစ်သွားပါပြီ။ ကသ္မီရတိုင်း ဆိုတာကတော့ ကက်ရှမီးယား ကို ပြောတာပါ။ ဝင်္ဂတိုင်း ဆိုတာကလည်း ဘင်္ဂလားဒေ့ရှ် ဖြစ်ခဲ့ရပါပြီ။
အခုပြောခဲ့တဲ့ အထက်ပါ တိုင်းနိုင်ငံတွေ အားလုံးဟာ ဗုဒ္ဓဘာသာနိုင်ငံများ အဖြစ်ကနေ အစ္စလာမ်နိုင်ငံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြတ်ဗုဒ္ဓ ၏ အဆုံးအမများ စွဲစွဲမြဲမြဲ တည်ရှိနေသည့် တိုင်းနိုင်ငံများ ကတော့ သုဝဏ္ဏဘူမိခေါ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ အရှေ့တောင်အာရှနိုင်ငံများနှင့် သီရိလင်္ကာခေါ်တဲ့ သီဟိုဠ်ကျွန်း (Island of Srilanka) ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံ ရှေးဟောင်းသံဃာတော်များကို ကျွန်ုပ် ဒီနေရာကနေ အနူးအညွတ် ဦးခိုက်ပါတယ်။
ဘာကြောင့် ဦးခိုက်ရသလဲ ဆိုရင် အရှင်မဟိန္ဒ ခေါင်းဆောင်ခဲ့တဲ့ ဓမ္မဒူတ အဖွဲ့က နှုတ်ငုံဆောင်၍ အိန္ဒိယက သယ်ဆောင်လာခဲ့သော ဘုရားဟောဖော် ပိဋကတ်တော်များ ကို နှုတ်ဆင့်ကမ်း သင်ယူ ထိန်းသိမ်းနိုင်ခဲ့ကြတဲ့ စွမ်းရည်သတ္တိများကြောင့်ပါဘဲ။

 နောက်ပြီးတော့ နှုတ်ဆောင်အား memory စွမ်းအားတွေ နည်းပါးလာမည့် နှောင်းခေတ်ကို မျှော်ပြီးတော့ နှုတ်ဆောင်ပိဋကတ်ကို ပေရွက်ပေါ်မှာ ပြောင်းလဲရေးသားခဲ့ကြတဲ့ ရှေးဟောင်း သီဟိုဠ် ဆရာတော်ကြီးများရဲ သဒ္ဓါ၊ ဝီရိယ စွမ်းရည်သတ္တိများကိုလည်း လေးနက်စွာ ဦးခိုက်ကြည်ညို ရပါတယ်။ ရှေးခေတ်က ဆရာတော်ကြီးများ၏ သဒ္ဓါ၊ ဝီရိယဟာ ကြီးမားတဲ့ ထုထည်ကြီးများ ဖြစ်ကြပါတယ်။ မဟာပထဝီမြေကြီး အလားပါပဲ။
ဒီကနေ့မှာတော့ iPhone, iPad, Computer စတဲ့ Technology တွေ တိုးတက်လာမှုကြောင့် သာသနာထမ်း ရှင်ရဟန်းငယ်များ သဒ္ဓါ၊ ဝီရိယတွေ ခေါင်းပါးလာတာ တွေ့ရပါတယ်။ ပိဋကတ် ကို နှုတ်တိုက်၊ နှုတ်ငုံဆောင်ခြင်း မလုပ်တော့ဘဲ Computer နဲ့ ဆောင်တဲ့ IT တိပိဋကခေတ်သို့ ရောက်ရှိသွားပါပြီ။



Wednesday, May 10, 2017

ကဆုန်ု လပြည့်နေ့




ကဆုန်ုလပြည့်နေ့ ဟာ ဗုဒ္ဓဘာသာ တို့ရဲ့ နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်တယ်။

အဘယ့်ကြောင့် ဆိုသော် ....................

(၁) ဘုရားအလောင်းတော် ရသေ့ သုမေဓာ ဟာ ဒီ ဘဒ္ဒကမ္ဘာ မှ လေးဆူမြောက် ဂေါတမ ဘုရား စင်စစ် ဖြစ် လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရား ထံ နိယတ ဗျာဒိတ် ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။

(၂) ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့ဟာလဲ မဟာ သက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။



Monday, May 8, 2017

ဗုဒ္ဓမြတ်စွာ ဘုရား ၏ စွယ်တော်ကို သိပ္ပံ ပညာရှင်များ စမ်းသပ်စစ်ဆေးချက် ရပ်ဆိုင်းခံရ




ဗုဒ္ဓ ပွင့်ပေါ်ခဲ့တာက (BC . 623) ဆိုတော့၊ ဗုဒ္ဓ က ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက (AD. 570) ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓ ရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ -

အဲဒီလောက် သက်တမ်း ရှိပြီဖြစ်တဲ့ သွား အပေါ်မှာ သံသယ မကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာ ရှင်တို့က အဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ် လို့ အကြိမ်ကြိမ်တောင်း ဆိုလို့ တရုတ် အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေ ကတော့ ……

(၁) ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀) ခန့်က သွားဆိုတာ မှန်ကန်ပါတယ်တဲ့ ၊
(၂) လူသား တစ်ဦး ရဲ့သွား ဆိုတာလဲ မှန်ကန်ပါတယ်တဲ့ ၊
(၃) ၎င်းသွားထဲမှာပါတဲ့ DNA (Deoxyribo Nucleic Acid) ဟာ သာမန် လူသားတစ်ဦး ရဲ့ DNA နဲ့မတူဘဲ Supreme Lord (အမြင့်မြတ်ဆုံး အရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ ၊ -




Sunday, April 9, 2017

ရှင်သီဝလိ (ထေရုပ္ပတ္တိ)




ဗုဒ္ဓဘာသာဝင်များ က ရှင်သီဝလိ ကို ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။ လာဘ်လာဘ ပေါများသည် ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။

ယင်းသို့ ယုံကြည်သည့် အလျောက် ရှင်သီဝလိ ပုံတော်ကို ထုလုပ် ကိုး ကွယ် ၍ အဆောင်ကောင်း အဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။

  ရှင်သီဝလိ ဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာ တစ်ပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီဝလိနှင့် ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစား ရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။

( တောင်းခဲ့သော ဆု)

  ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော် ၌ လာဘ်လာဘ အရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတစ်ပါး ကို အားကျပြီး ထို ဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရ ဘုရားထံ ဆုတောင်း၍ ပါရမီ ကို စတင်ဖြည့်ခဲ့လေသည်။ (ပြုခဲ့သော ကုသိုလ်) ၀ိပဿီမြတ်စွာဘုရား လက်ထက် သို့ ရောက်သောအခါ ကျေးလက် ဇနပုဒ်တစ်ခု၌ အညတရ တောသား တစ်ဦး ဖြစ်ခဲ့ရ၏။ 

ထိုအချိန်၌ ဗန္ဓု မတီမြို့သူ မြို့ သား တို့က ဗန္ဓုမတီ မင်းကြီးနှင့် သူနိုင် ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲ ကို ဆင်နွှဲနေချိန်ဖြစ်၏။ ၆-ကြိမ် တိတိ ဘုရင် ကလည်း ပြည်သူတွေကို နိုင်အောင် မလုပ်နိုင်။ ပြည်သူတွေ ကလည်း ဘုရင်ထက် သာအောင် မလုပ်နိုင်။ အားပြိုင် ၍ နေလေ ၏။ 

၇-ကြိမ်မြောက် ဒါနပြိုင်ပွဲတွင် မူ ပြည်သူများ ဘက်မှ ထူးခြားချက် တစ်ခု ဖြစ်ပေါ်လာလေသည်။ ဘုရင်မင်းမြတ်၏ အလှူထက် သာစေရန် ပြည်သူတို့၏ ဒါနပွဲတွင် လောလော လတ်လတ် ပျားရည်နှင့် နွားနို့ခဲ မပါဘဲ ရှိရာ ထိုပစ္စည်း ရလျှင် ဘုရင်မင်းမြတ် ၏ အလှူထက် သာပေလိမ့်မည်။

  ထို့ကြောင့် လမ်းဆုံ လမ်းမတွင် အစောင့် ချ၍ ပြည်သူတို့က ဦးအောင် ၀ယ်ရန် ငံ့လင့်နေကြသည်။ ထိုအခိုက် တောမှ မြို့သို့ တက်လာသော သီဝလိအလောင်း လုလင် က ထိုပစ္စည်း ၂-မျိုး ကို ယူဆောင်၍ လာရာ မြို့သူမြို့ သား တို့က တစ်ကျပ်ပေး၍ ၀ယ်ယူကြ၏။ 

ထိုခေတ်ပေါက်ဈေး အရ တစ်ကျပ် မတန်သော ပစ္စည်းကို တစ်ကျပ်ပေး၍ ၀ယ်ယူသောကြောင့် တောသား လုလင်၏ စိတ်တွင် အထူး အဆန်းဖြစ်ပြီး ရုတ်တရက် မရောင်းဘဲ ဈေးကိုင်ထားလိုက်၏။ မြို့သူ မြို့သားတို့က တစ်ဖြည်းဖြည်း ဈေးတက်ပေး၍ အနည်းငယ်မျှသာ တန်သောတောသားလုလင် ၏ ပျားရည်နှင့် နွားနို့သည် တစ်ထောင် အထိဈေးနှုန်းမြင့်တက် သွားလေသည်။ 

ထိုအခါ တောသား လုလင်က-မြတ်စွာဘုရား လှူရန် ၀ယ်သည် ဆိုပါက ငွေဖြင့် မရောင်းလိုဘဲ ကျွန်ုပ် ကိုယ်တိုင် အခမဲ့ ကုသိုလ်ပါဝင် လှူဒါန်းပါမည်-ဟု ပြောကြားရာ အားလုံး ကပင် သဘောတူ လက်ခံပြီး ရွှင်ရွှင်ပျပျ လှူဒါန်းခွင့်ပေးလေသည်။ တောသားလုလင်က -လာဘ်လာပေါများ ရပါလို၏-ဟု ဆုတောင်းရာဝိပဿီမြတ်စွာဘုရား က-သင် ဆုတောင်းသည့် အတိုင်းဖြစ်စေ သတည်း-ဟု မိန့်ကြားတော်မူသည်။

  ဤ ဒါနနှင့် ဤ ဆုတောင်းကြောင့် ဖြစ်လေရာ ဘ၀ အကျိုးပေးကောင်းမွန်ပြီးဂေါတမမြတ်စွာဘုရား လက်ထက်တွင် လာဘ်ပေါများသည့် အရာ၌ သူ မတူအောင် အကျိုးပေး ကောင်းမွန်သည့် ဧတဒဂ်ဘွဲ့ရ ရှင်သီဝလိ ဖြစ်ခဲ့ရလေသည်။

  (ကျူးလွန်ခဲ့သော အပြစ်)

  ရှင်သီဝလိဖြစ်မည့် နောက်ဆုံး ဘ၀တွင် အမိ ၀မ်းတွင်း၌ ၇-နှစ်ကြာမျှ ၀ဋ် ဒုက္ခ ခံစားရခြင်း၊ ဖွားမြင်သော အခါမှာလည်း အမိ ၏ ယောနိဝ တွင်ကန့်လန့် ခံ ပိတ်ဆို့၍ ၇-ရက်ကြာမျှ ဒုက္ခကြီးစွာ ရောက်ရခြင်း တို့နှင့် ကြုံကြိုက် ရ သည်။

  ဤသည် တို့မှာ ဆိုးကျိုး ဆိုးပြစ်ဖြစ်၍ အကြောင်းကို သုံးသပ်လျှင် ဤသို့ တွေ့မြင်ရပါမည်။ တစ်ခုသော အတိတ်ဘ၀က သီဝလိနှင့် မယ်တော် သုပ္ပ၀ါသာ တို့မှာ ဗာရာဏသီ မင်း၏ မိဖုရားကြီးနှင့် သားတော်ဖြစ်ခဲ့ကြလေသည်။ တစ်ချိန်တွင် ကောသလမင်း က စစ်တပ် အလုံးအရင်းဖြင့် ဗာရာဏသီမင်းကို တိုက်ခိုက် လုပ်ကြံ၍ ထိုမင်း၏ မိဖုရားကြီး ကို သိမ်းပိုက် ယူငင်လေ သည်။ 

ဗာရာဏသီမင်း ၏ သားသည် သူ၏ ဖခင် ဗာရာဏသီ မင်းကြီး စစ်ရှုံး၍ နတ်ရွာစံသော အခါ ရေထုတ်ပြွန်ပေါက်မှ တိတ် တဆိတ် ထွက်ပြေးပြီးလျှင် ဗိုလ်ပါ အလုံးအရင်းကို စုရုံးလျက် ဗာရာဏသီမြို့ကို ပြန်လည် တိုက်ခိုက်လေသည်။ အတွင်း ရှိ မယ်တော်ကြီးက မြို့ကို ၀ိုင်းထားရန် အကြံပေးလေသည်။ 

မယ်တော်ကြီး အကြံပေးသည့် အတိုင်း သားဖြစ်သူက မြို့တံခါး မကြီး လေးပေါက် တို့ကို အ၀င်အထွက် မရှိ ပိတ်ဆို့ ထားရာ ၇-နှစ်မျှ ကြာသွားလေသည်။ မည်သို့မျှ အကြောင်း မထူး၍ မယ်တော်ကြီးထံ ထပ်မံ၍ အကြံဉာဏ်တောင်းခံရာ အတွင်းနေ မယ်တော်ကြီးက တံခါးငယ် (မလွယ်ပေါက်) ပါ မကျန် အားလုံး ပိတ်ဆို့ ၀န်းရံထားရမည်ဟု အကြံပေးလေ၏။

မယ်တော်ကြီး အကြံပေးသည့်အတိုင်း ၀င်ပေါက် ထွက်ပေါက် မရှိအောင် (၀င်မရ ထွက်မရအောင်) ပိတ်ဆို့ ၀န်းရံထားလေရာ မြို့သူမြို့သားတွေမှာ အစာရေစာ အတွက် ဒုက္ခရောက်ပြီး အနေကျပ်သောကြောင့် ကောသလမင်း ၏ ဦးခေါင်းကို ဖြတ် ၍ သီဝလိ အလောင်း ဗာရာဏသီ မင်းသားအား ဆက်သပြီး ထီးနန်း ကို ထိုးအပ်ရလေသည်။ 

ဤ မကောင်းမှု အကုသိုလ် ကံကြောင့် ကိုယ်တိုင် ကျူးလွန်သူ ဗာရဏသီ မင်း သားမှာ ငရဲ၌ ခံရပြီး ရှင်သီဝလိ အလောင်းအလျာ ဖြစ်လာသည်။ ( ရှင်သီဝလိ မယ်တော်နှင့် ခမည်းတော်) ရှင်သီဝလိ ဖွားရာဒေသမှာ ကုဏ္ဍိကာမြို့ ဖြစ်သည်။ 

ရှင်သီဝလိ ၏ မျိုးရိုး မှာ ကောလိယ မင်းမျိုး ဖြစ်သည်။ ဖခင် ၏ အမည်ကို ကျမ်းဂန် တို့၌ သီခြား မပြပါ။ ကောလိယ မင်းသား-တစ်ပါး ဟုသာ သာမန်ပြဆိုသည်။ မယ်တော် ၏ အမည်ကိုမူ သုပ္ပ၀ါသာ-ဟု သီးခြားပြဆိုသည်။ သုပ္ပ၀ါသာ သည်လည်း ဆွေကြီး မျိုးကောင်း ကောလိယ ဘုရင်တစ်ပါး၏ သမီးတော်ဖြစ်သည်။

အလွန် သဒ္ဓါတရား ကောင်း၏။ ဖွယ်ဖွယ် ရာရာ မွန်မွန်မြတ်မြတ် လှူတတ်သော သဘောရှိ၏။ ထို့ကြောင့် ဂေါတမမြတ်စွာဘုရား ၏ သာသနာ တွင် မွန်မွန့်မြတ်မြတ် အလွန် သဒ္ဓါတရား ကောင်း၏။

မြတ်စွာဘုရားနှင့် သံဃာတော်များ အတွက် ခဲဘွယ်ဘောဇဉ်နှင့်ဆေးဝါး ဓာတ်စာ များကို သင့်လျော်အောင် စီမံ၍ ကိုယ်တိုင် ကိုယ်ကျလှူဒါန်းလေ့ ရှိ သည်။ နေ့စဉ်နေ့တိုင်း သံဃာတော် ၁၀၈-ပါး ကို နိစ္စဘတ် ဆွမ်းလောင်းလှူလေ့ ရှိသည်။ ဆွမ်းခံကြွလာသော ဘိက္ခုဖြစ်စေ၊ ဘိက္ခုနီဖြစ်စေ အချည်းနှီး ပြန်မသွားရ။ ကန်တော့ဆွမ်း မလောင်း။
 
အကယ်၍ ဆွမ်းနှင့် ဆွမ်းဟင်း ကုန်သွားသော် အခြား စားဖွယ် တစ်မျိုးမျိုးကို လောင်းလှူလေ့ရှိသည်။ လှူသည့် အခါမှာလည်းဖြစ်ကတတ်ဆန်း မလှူ။ မွန်မွန်မြတ်မြတ် ရိုရိုသေသေ လှူတတ်သည်။ ဒါနနှင့် ပျော်မွေ့သူဖြစ်သည်။

ဤမျှ သဒ္ဓါတရားကောင်းပြီး ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါလျက် ကိုယ်ဝန် သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသည်မှာ သနားဖို့ပင် ကောင်းတော့သည်။ 

အဖြေကား မြို့ကို ၀န်းရံ ပိတ်ဆို့ထားပါ-ဟု တိုက်တွန်း မိသော အကုသိုလ်ပြစ် ချက်၏ အကျိုးဆက်ပင် ဖြစ်တော့သည်။ ရှင်သီဝလိ သည်လည်း ကျပ်တည်း ကျဉ်းမြောင်းသော အမိ ၀မ်းထဲတွင် သွေး အလူးလူးဖြင့် ၇-နှစ်ကြာမျှ ဒုက္ခကြီးစွာ ၀ဋ်ဆင်းရဲကို ခံရရှာသည်။

မွေးဖွားရာတွင်လည်း သက်သာ လွယ်ကူခြင်း မရှိဘဲ ကမ္မဇလေကြောင့် ဦးစောက်ပြောင်းပြန် ခြေထောက် မိုးမျှော် ကျွမ်းထိုးမှောက်ခုံ ဖြစ်ရရုံမျှမက အမိ ၏ယောနိတွင် ကန့်လန့် ခံ၍ ၇-ရက်ကြာ ဒုက္ခဝေဒနာကို အလူးအလဲ ခံရပြန်လေသည်။ ( အံ့ဖွယ် ဖြစ်ရပ်ထူးများ) ရှင်သီဝလိ ၏ ကုသိုလ်ကံ အကျိုးပေးကောင်းပုံမှာလည်း ထူးထူးခြားခြား ရှိလှ၍ အံ့သြဖွယ် ကောင်းလွန်းလှပေသည်။
 
ရှင်သီဝလိ အလောင်း သန္ဓေ တည်မိသည်နှင့် တပြိုင်နက် ၀မ်းတွင်းရှိ သန္ဓေသား ၏ ကုသိုလ်ကံကြောင့် မယ်တော် သုပ္ပ၀ါသာ မင်းသမီးအထံသို့ ဟိုမှ သည်မှ ရာပေါင်း များစွာသော လက်ဆောင် ပစ္စည်းများ နေ့စဉ် အမြဲ ည-နံနက် ဆက်ကာ ဆက်ကာ ပေးပို့လာကြလေသည်။

ဆွေမျိုးများက သုပ္ပ၀ါသာ မင်းသမီး၏ ဘုန်းကံကို စမ်းလို၍ မျိုးစေ့ ထည့်ထားသောတောင်းကို မင်းသမီး ၏ လက်ထဲသို့ ထည့်စေကြကုန်၏။ သုပ္ပ၀ါသာ မင်းသမီး၏ လက်ဖြင့် ထိမိ သမျှ မျိုးစေ့ တို့သည်အံ့သြ ယူရလောက်အောင် တစေ့ တစေ့မှ အပင် အညှောက် အရာ အထောင်ပေါက်ပွား လာကြကုန်၏။ 

မင်းပယ်တစ်ပယ် ကျယ်ဝန်းသော လယ်မြေ တစ်ကွက်မှ လှည်းအစီးပေါင်း ငါးဆယ်ခြောက်ဆယ် တိုက်ယူရလောက်အောင် ကောက် စပါးများ အထွက် တိုး၍ လာလေသည်။
 
စပါးကျီ ထဲသို့ စပါးများကို သွင်းသည့် အခါမှာလည်း မင်းသမီး လက်ဖြင့် တံခါးပေါက်ကို အကိုင် ခိုင်းကြည့်ရာ ၀မ်းတွင်းရှိ သီဝလိ ၏ ဘုန်းကံကြောင့် ပြောင်း၊ စပါး၊ စသော ကောက်ပဲသီးနှံများမှ (ထုတ်ယူ သယ်ဆောင်သွား သည့် တိုင်) မူလ အတိုင်း လျော့သွားသည် မရှိ၊ ပြည့်မြဲပြည့်၍ နေတတ်လေ သည်။ 

ချက်ပြီးသား ထမင်းအိုး မှ ထမင်း ကို ခူးခပ်ကာ-ဟောဒါ-မင်းသမီး ၏ ဘုန်းကံ ပါပဲ-ဟု ပါးစပ်မှ ပြောဆို၍ ပေးကမ်း လှူဒါန်း ပါလျှင် ကုန်ခန်းသည် မရှိ၊ ပြည့်စုံလုံလောက်သော ဟူ၏။
 
ဤသို့ အံ့ဖွယ်ဖြစ်ရပ် ထူးထူးခြားခြား ဖြစ်ပေါ်ရခြင်းမှာ ၀ိပဿီ ဘုရားလက်ထက်က နွားနို့ ခဲနှင့် ပျားရည် ကို လှူခဲ့ဖူးသော ကုသိုလ် ၏ အကျိုးဆက်ပင် ဖြစ်လေသည်။


သော တ ပန် နှင့် စူ ဠ သော တ ပန်




သောတပန် = သောတပန္န

သောတ = ရေအယဉ် ။

အာပန္န = ရောက်သည် ။

သောတပန္န (ဝါ) သောတပန် ပုဂ္ဂိုလ် ဆိုသည်မှာ -

ဥပမာပြုရသော် အရပ်ရပ် မှ စီးဆင်းလာသော ရေအယဉ် တို့သည် သမုဒ္ဒရာ သို့ ရောက်သောအခါ နောက်သို့ ပြန်မဆုတ်ဘဲ သမုဒ္ဒရာ သို့သာ ပြေးဝင် ဘိသကဲ့သို့ သောတပန်ဖြစ်သော ပုဂ္ဂိုလ်သည် ငရဲ ၊ တိရိ စ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် ၊ အပါယ်လေးဘုံ သို့ ပြန်မဆင်းတော့ဘဲ နိဗ္ဗာန် သို့သာ ပြေးဝင်မည့် ပုဂ္ဂိုလ်ဟု ဆိုလိုသည် ။ 
(ဝါ) အပါယ်လေးပါး တံခါး ပိတ်နေသော ပုဂ္ဂိုလ် လည်း မည်ဧ။် ။

သစ္စာလေးပါး တရားတော် ဧ။် သဘော အဓိပ္ပာယ်ကို.....
( သင် ၊ မေး ၊ နာကြား ၊ ဆောင်ထား ၊ ဆင်ခြင်မှု တို့ဖြစ်သော ) သုတမယဥာဏ် ၊ စိန္တာမယဥာဏ် တို့ဖြင့် သိသော အသိ မဟုတ်ဘဲ အားထုတ် ပွားများထား၍ ထိုးထွင်း သိမြင်သော ပဋိဝေဓဥာဏ် ဖြင့် အမှန်တ ကယ် သိမြင်နိုင်သော သူကို သောတပန် ပုဂ္ဂိုလ် ဟူ၍ ခေါ်ဆိုရဧ။် ။

သောတပန် အစစ် သာလျှင် အပါယ်လေးပါး တံခါး ပိတ်သည် မဟုတ်သေး ၊ တရားအားထုတ် ပွားများနေ စဉ် စူဠ သောတပန် အရည် အချင်းနှင့် ပြည့်စုံနေသူလည်း သေလွန် စုတေ သွားပါက အပါယ်လေးပါး တံခါး ပိတ်နိုင်သည် သာတည်း။

( ဝိသုဒ္ဓိ မဂ် ) ။
( စူဠ သောတပန် = သောတပန်ငယ် ၊ သောတပန်လောင်း )

စူဠ သောတပန် အရည် အချင်း ပြည့်စုံမှု ဆိုသည်မှာ ၊ ရုပ် ဧ။် သဘောတရား ၊ ရုပ်ဖြစ်ကြောင်း တရား ၊ 

နာမ် ဧ။် သဘောတရား ၊ နာမ်ဖြစ်ကြောင်း တရား ၊ 
ရုပ်နာမ် အကျိုးတရား ကို ဖြစ်ပေါ်စေသော အကြောင်းတရား ( ပဋိစ္စ သမုပ္ပာဒ် ) ကို အနတ္တ ဓမ္မ သဘာဝသို့ ဆိုက်အောင် ဥာဏ် မျက်စိဖြင့် ဆင်ခြင် ပွားများ နေသော အချိန်သည် ထို ပုဂ္ဂိုလ် အတွက်..
' စူဠ သောတပန် ' ဖြစ်၍နေသည် မည်ဧ။် ။

ရုပ်နာမ် သဘောတရား ဆိုသည်မှာ ဖြစ်ပျက် ပြောင်းလဲ ဖောက်ပြန် နေခြင်းကြောင့် ဆင်းရဲခြင်း အမှန်  ဖြစ်ပေါ်နေခြင်း ( ဒုက္ခ သစ္စာ) ကို သိမှုပင် ဖြစ်သည် ။ 


ရုပ်နာမ် ဖြစ်ကြောင်း တရား ဆိုသည်မှာ စွဲလန်း တပ်မက်မှု ( သမုဒယ သစ္စာ = တဏှာ ) ကြောင့် ရုပ်နာမ်တို့ ဖြစ်ပေါ်နေခြင်းကို သိမှုပင် ဖြစ်သည် ။ ထို အသိဥာဏ် ဖြစ်ပေါ်နေစဉ် အချိန်တွင် ထိုပုဂ္ဂိုလ်သည်
စူဠ သောတပန် ဖြစ်၍နေလေသည် ။ 


ယင်းကဲ့သို့သော အချိန်၌ ကွယ်လွန် စုတေ သွားပါက အပါယ်လေးပါးမှ ကင်းလွတ်ခွင့် ရရှိနိုင်ပြီး
ကောင်းမြတ်သော နောက် ဘဝကို ရောက်လျှင်ရောက်ချင်း သောတပန် အစစ် ဖြစ်ခါ အရိယာဘဝ ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ပေသည် ။    ( ကင်္ခာ ဝိတရဏ ဝိသုဒ္ဓိ နိဒ္ဒေသ ) ။