Monday, October 13, 2014

အိမ်ထောင်ရေး တည်မြဲဖို့ အတွက် ကြိုတင် ခန့်မှန်းကြည့်နိုင်တဲ့ အံ့သြဖွယ် အချက် တစ်ချက်

လူတွေ ဟာ ပေါင်မုန့်လို ဖုတ်ထားတဲ့ မုန့်လေး တစ်ခု ကနေ ကိတ်မုန့် တစ်ခုဖြစ်အောင် ဘယ် လို လုပ်ရမယ် ဆိုတာ အလွယ် တကူ ခန့်မှန်း တွက်ချက်နိုင်သူတွေပါ။ ဒါဆို အိမ်ထောင် တစ်ခု တည်မြဲအောင် ဘယ်လို လုပ်ဆောင် ရမလဲ၊ ဘာလိုအပ် သလဲဆိုတာ ဘာ့ကြောင့်မသိရမှာလဲ။ 

ဒါဟာ သိပ္ပံပညာရပ် နဲ့ အနည်း အကျဉ်းတော့ ဆက်စပ်မှု ရှိသွားပြီပေါ့။  တကယ်တော့ အိမ်ထောင် တစ်ခု တည်မြဲဖို့ ဆိုရင် သစ္စာရှိရမယ်၊ ယုံကြည်မှုရှိရမယ်၊ အချစ်၊ ရိုးသားမှု ၊ လေး စားမှု စသဖြင့် လျှို့ဝှက်ချက်က ဘာများလဲ ဆိုပြီး တွေးနေကြပါ လိမ့်မယ်။ 

ဒါနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ချက်တွေ အရ၊ လေ့လာ သုံးသပ်ချက်တွေအရ ထောက်ပြနိုင် တဲ့ အချက်တစ်ချက် ပေါ်ထွက်လာခဲ့ပါတယ်။


ကြိုတင် ခန့်မှန်းချက်တွေ ၊ လေ့လာချက်တွေ အရ ပိုက်ဆံ အတွက် လက်ထပ်တဲ့ သူ၊ ရုပ်ပိုင်း ဆိုင်ရာ သွင်ပြင်နဲ့ ပတ်သက်ပြီး လက်ထပ်တဲ့ သူတွေရဲ့ အိမ်ထောင်ရေး ဟာ ကြာရှည် မခံပေ မယ့် အံ့သြ စရာကောင်းတဲ့ ရှာဖွေတွေ့ရှိချက် အရ ခမ်းခမ်း နားနား မင်္ဂလာဆောင်တဲ့ သူတွေ ဟာ တော်ရုံတန်ရုံ မကွဲ တတ်ကြပါ ဘူးတဲ့။

 အောက်မှာဖော်ပြ ထားပေးထားတဲ့ ဇယားမှာ အပြာက စပြီး အညို အထိ အရောင်တွေနဲ့ ခွဲခြားပြ ထားပြီး အောက်ခြေ မှာ ကိုယ့် ဘာသာကိုယ် နှစ်ဦး သဘောတူ နှစ်ဦးတည်း လက်ထပ် လိုက်တဲ့ အပြာရောင်က စလို့ ဧည့်ပရိသတ် ဖိတ်ကြားပြီး ကျင်းပတဲ့ အညိုရောင် အထိ ကွာရှင်းမှု ဘယ်လောက်ထိ နည်းသွားတယ် ဆိုတာကို အပေါ်က ရာခိုင်နှုန်းလေးတွေ နဲ့ ပြသထားပါတယ်။


http://cos.h-cdn.co/14/41/640x483/1413057433-marriage-stability-wedding-attendance.png 


ဒီတော့ ခုလိုဖြစ်လာ ရခြင်း အကြောင်းဟာ အသိုင်း အ၀ိုင်းကြီးတဲ့ အတွက်၊ အသိမိတ်ဆွေတွေ က နှစ်ဦး စလုံးအတွက် အရေးပါ လာတဲ့ အတွက် နှစ်ယောက်သား အခက် အခဲဖြစ်နေချိန် သူတို့ ၀ိုင်းဝန်း ကူညီဖြေရှင်းပေး တာမျိုး၊ ဒါမှ မဟုတ်တောင် လူသိရှင်ကြား ခမ်းခမ်းနားနား မင်္ဂလာပွဲ ကျင်းပထားတာကြောင့် ကွဲမယ်၊ ကွာမယ် ဆိုရင်တောင် အားလုံး အရှက်ရမယ် ဆိုတဲ့ စိတ်ကြောင့်လည်း ဖြစ်နိုင်တယ် လို့ သုံးသပ်ထားပါတယ်။ 

ဒါက လေ့လာ သုံးသပ်ချက်တွေ အရ ဆိုပေမယ့် အိမ်ထောင် တစ်ခုမှာ အချစ်၊ ယုံကြည်မှု၊ ရိုးသားမှု နဲ့ သစ္စာရှိမှု ဆိုတာ ကတော့ မင်္ဂလာပွဲ မှာ သတို့သား၊ သတို့သမီး အရံတွေ ဘယ်လောက် များသလဲ ဆိုတာထက်တော့ အရေးကြီးတယ် ဆိုတာ မမေ့လိုက်ပါနဲ့။


Ref:Cosmopolitan
Trend Myanmar

No comments:

Post a Comment