အမြင့်ဆုံး ဆုငွေ ကျပ် သိန်းတစ်သောင်း ပေးမယ့် ကျပ် ၅၀၀ တန် ထီကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက် မှာ စတင် ဖွင့်လှစ် သွားမယ်လို့ ပြည်တွင်း အခွန်များ ဦးစီးဌာန က အတည်ပြုလိုက်ပါတယ်။
အထူးဆုကြီး အနေ နဲ့ ဖွင့်လှစ်မယ့် ကျပ်သိန်း ၁၀၀၀၀ ဆု အပြင် ဒုတိယ ဆု ကျပ်သိန်း ၅၀၀၀ နဲ့ တတိယ ကျပ်သိန်း ၁၀၀၀ ဆုတွေ အပါအ၀င် အခြား ဆုမဲတွေကိုလည်း တိုးမြှင့် ဖွင့်လှစ်သွားမယ် လို့ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်မှာ ပြောကြားထားပါတယ်။
ကျပ် ၅၀၀ တန် ထီတွေ စတင်ရောင်းချတဲ့ အချိန်မှာ လက်ရှိရောင်းချနေတဲ့ ကျပ် ၂၀၀ တန် ထီ စနစ်ကိုလည်း ဖျက်သိမ်းမှာ မဟုတ်ဘဲ နောက်ပိုင်းမှာ ကျပ် ၂၀၀ တန် ထီကို စိတ်ဝင်စားတာ နည်းပါး လာရင် ဖျက်သိမ်းသွားမယ်လို့ သိရပါတယ်။