Monday, October 6, 2014

အညောင်း အညာ ကင်းရှင်း လန်းဆန်း ကျန်းမာခြင်း

 
“ကျန်းမာခြင်း သည် လာဘ် တပါး” ဆို သလိုပဲ ကိုယ်ကျန်းမာ မှ စိတ်ချမ်း သာနိုင်မှာ ဖြစ်သလို စိတ်ရော ကိုယ်ပါ ကျန်းမာနေ မှလည်း မိမိ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာ မှန်သမျှ ကို အောင်အောင်မြင်မြင် အဆင်ပြေပြေ ချောချောမွေ့မွေ့ လုပ်ကိုင်ဆောင်ရွက်နိုင်ပါမယ်။

  စားဝတ်နေရေး အတွက် နိစ္စဓူဝ လှုပ်ရှား ရုန်းကန်နေကြ ရတဲ့ မြို့ပြ လူနေမှု ဘဝ ပုံစံတွေမှာ ကျန်းမာရေး အတွက် သီးသန့် အချိန်ပေးဖို့ အခွင့်အရေးက အင်မတန်မှ နည်းပါးလာတယ်လို့ ဆိုရပါမယ်။ 

နေ့စဉ် လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ အလုပ် သွား၊ အလုပ်ပြန်၊ ကျောင်းသွား၊ ကျောင်းပြန် စတဲ့ ဗာဟီရတွေ နဲ့ပဲ  အချိန်တွေ ကုန်နေရ တာကြောင့် ကျန်းမာရေးအတွက် အားကစား လုပ်ဖို့ အချိန် သီးသန့်ပေးနိုင် ဖို့က ခဲယဉ်းလာကြပါတယ်။



 
 အလုပ် မှာ၊ ကျောင်း မှာ အထိုင် များတဲ့ မြို့ပြရဲ့ လူနေမှု ဘဝ ပုံစံကြောင့် ကိုယ်လက် ညောင်း ညာ ကိုက်ခဲမှုတွေ၊ လေးလံ ထိုင်းမှိုင်းမှုတွေနဲ့ အတူ စိတ် ဖိစီးမှုလို ဆိုးကျိုးတွေကိုလည်း နောက် ဆက် တွဲ ခံစားလာကြရလေ့ရှိပါတယ်။

ရုံးသွား ရုံးပြန်၊ ကျောင်းသွား ကျောင်းပြန် အချိန်ကြာမြင့်စွာ ကားစီး၊ ရထားစီးရပြီး ရုံးမှာ၊ ကျောင်း မှာလည်း ကွန်ပျူတာရှေ့ နာရီ များစွာ အညောင်းထိုင် ရတဲ့အတွက် ဇက်၊ ခါး၊ ကျော အစရှိတဲ့ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့က ညောင်းညာကိုက်ခဲမှုတွေ အပြင်မျက်စိ၊ မျက်ရိုး ကိုက်ခဲခြင်းတွေ ကိုပါ ခံစားလာကြရပါတယ်။

 အဲဒါတွေ အဆင်ပြေစေဖို့ အတွက် အခု ဆိုရင် ခန္ဓာကိုယ်ညောင်းညာ ကိုက်ခဲမှုတွေ သက် သာစေဖို့ လူက နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုတွေ အပြင်  စက် ကိရိယာ နဲ့  နှိပ်နယ်ပေး တဲ့ ဝန်ဆောင်မှု မျိုးတွေလည်း ရှိနေပါပြီ။ 

လူ ကိုယ်တိုင်နှိပ် နယ်ပေးတဲ့ အနှိပ်ခန်း လို နေရာမျိုးတွေ ကို မသွားရောက် လိုသူတွေ အတွက် စက်နဲ့ နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှု ကလည်း အဆင်ပြေပါတယ်။


ခါးနဲ့ကျောရိုး ကို သက်သောင့်သက်သာဖြစ်စေတဲ့ Back Massager, ဇက်ကြော တက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အညောင်းထိုင် သူတွေအတွက် အထူး သက်သာစေတဲ့ Neck Massager, မျက် စိ နဲ့ မျက်ရိုး တလျှောက်ကို ပြေလျော့စေဖို့ လေအိတ် အသုံးပြုပြီး နှိပ်နယ်ပေးတဲ့ Eye Massager, ခြေထောက်နဲ့ ခြေဖဝါး ညောင်းညာ ကိုက်ခဲ မှုတွေကို ဖြေလျှော့ပေးနိုင် တဲ့ Foot Massager စ တဲ့ စက်ကိရိယာတွေကို အိမ်မှာ အပိုင် ဝယ်ထားပြီး အချိန်မရွေး လွယ်ကူစွာ တအိမ် သားလုံး အသုံးပြုနှိပ်နယ် သုံးစွဲနိုင်ပါတယ်။ 

 အချိန်ကြာမြင့်စွာ ကားမောင်း ရသူတွေလည်း မိမိ ကားထိုင်ခုံ မှာ ဒီလို အနှိပ်စက် အသေးလေးတွေ ကို တပ်ဆင်ပြီး အညောင်း အညာ ကင်းဝေးစွာ ခရီးနှင်နိုင်ပါတယ်။
 အိမ်မှာ ဝယ်ယူ ထားမယ် ဆိုရင်လည်း အဆင်ပြေပါလိမ့်မယ်။


ဈေးနှုန်း အစားစား ရှိပါတယ်။
 Back Massager – ၈၁,ဝဝဝ 
Neck Massager – ၇၃,ဝဝဝ
Eye Massager – ၁၄ဝ,ဝဝဝ
Foot Massager – ၃၆၉,ဝဝဝ

မဝယ် ယူခင် အရင် စမ်းသပ်ကြည့်ချင် သူတွေ အတွက် လည်း ရန်ကုန် တစ် ဘက်ကမ်း သံလျင်မြို့ “Lwin”  Relax & Health Wellness Center မှာ သွားရောက် အသုံးပြုလို့ ရပါတယ်။
 

နှိပ်နယ် မှု အသီးသီး အတွက် ၁၅ မိနစ် စာ ဝန်ဆောင်မှုများ အတွက် ဈေးနှုန်း က ၅၀ဝ ကျပ် ကျသင့် ပါလိမ့်မယ်။

 

ဒီနေ့ခေတ် မှာ စမတ်ဖုန်း နဲ့ ကွန်ပျူတာ အပါအဝင် ခေတ်ပေါ် လျှပ်စစ် ပစ္စည်းတွေကို ကြာရှည် နီးကပ်စွာ နေ့စဉ် အသုံးပြုနေ သူတွေ ရဲ့  ခန္ဓာကိုယ် မှာ ရှိတဲ့ လျှပ်စစ် အမဓာတ်တွေ ကလည်း နေ့စဉ် ဆုံးရှုံးနေရတယ် လို့ သိရပါတယ်။ 

ခန္ဓာကိုယ် မှာ လျှပ်စစ် အမ ဓာတ်တွေ အများအပြား ဆုံးရှုံး လာတာနဲ့ အမျှ အဓိက အားဖြင့် ကိုယ်ခံအား နည်းလာပြီး ခန္ဓာကိုယ် ကို ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။


  လျှပ်စစ် အမ ဓာတ်တွေ ကို ပြန်လည်ဖြည့်တင်းပေး တဲ့ စက် ကိရိယာ တမျိုး ကတော့ Life Energy Device လို့ခေါ်တဲ့ လျှပ်စစ် စက်ကွင်း  ကုထုံး နည်းနဲ့ ရောဂါဝေဒနာတွေ ကို ကုသပေး တဲ့ စက် တမျိုး ဖြစ်ပါတယ်။ Life Energy Device ဟာ အနှိပ်စက် လည်း မဟုတ် သလို လေ့ ကျင့် ခန်း လုပ်တဲ့ စက်လည်း မဟုတ်ပါဘူး။ 

 အားကုန် သွားတဲ့ အရာတွေ ကို အားပြန်သွင်း သလိုပဲ လူ့ ခန္ဓာကိုယ်မှာ အားကုန် သွားတဲ့ လျှပ်စစ် အမဓာတ်တွေကို ပြန်လည်ဖြည့်တင်း အားသွင်းပေးတဲ့ စက် တမျိုးပါ တဲ့။
Life Energy Device ကို အသုံးပြုမယ် ဆိုရင် ၄၅ မိနစ်ကို ကျပ် ၂,ဝဝဝ  ကျသင့်ပါမယ်။ 


နောက်ထပ် ကျန်းမာရေး အတွက် အထူး သင့်လျော်တဲ့ စက် တမျိုးကတော့ ကိုရီးယားနိုင်ငံထုတ် “MIGUN” လို့ခေါ်တဲ့ အနီအောက်ရောင်ခြည်သုံး အကြော အချဉ်ပြေလျော့စက် ဖြစ်ပါတယ်။
ဒီစက်ပေါ် လဲလျောင်းပြီး အသုံးပြုရမှာပါ။


စက်ရဲ့ ခုတင် ဝမ်းတွင်း မှာ ကျောင်းစိမ်း အစစ်ကို အသုံးပြု ထားပြီး အပူ နဲ့ လူ့ ခန္ဓာကိုယ် ပင်မကျောရိုး တလျှောက် ကို နှိပ်နယ်ပေးတာကြောင့် အကြော အချဉ် ပြေလျှော့စေပြီး သွေး သား ကိုလည်း သန့်စင်ပေးနိုင်တယ် လို့ သိရပါတယ်။ 


ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ အဆိပ်အတောက်တွေ ကို ပြေလျော့စေပြီး သွေးလည်ပတ်မှု အား ကောင်းစေသလို၊ အသား အရေ ကြည်လင် လှပပြီး ကိုယ်ခံစွမ်း အားကို လည်း မြှင့် တင်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီစက် ကို အသုံးပြုမယ် ဆိုရင် မိနစ် ၄၀ ကို   ၁,၅၀ဝ  ကျသင့်ပါမယ်။


 
ကဲ … အထိုင် များပြီး အညောင်းမိသူတွေ အတွက် လုပ်ငန်းခွင်မှာ ထိုင်းထိုင်း မှိုင်းမှိုင်း ဖြစ်မနေစေဖို့နဲ့ ခန္ဓာကိုယ်ကို Relax လုပ်ဖို့ နီးစပ်ရာ  Health Center တခုခုကို သွားလိုက် ရအောင်လား။
(အချက် အလက်တွေ ကို သံလျင်မြို့ “Lwin”  Relax & Health Wellness Center ကနေ ရယူ ပါတယ်)
 



 

 
From...ဧရာဝတီ

No comments:

Post a Comment