Saturday, December 29, 2018

၂၀၁၉ ခုနှစ်မှာဖြစ်ပေါ်မယ့် ထူးခြားဖြစ်စဉ်များ



လာမယ့် ၂၀၁၉ ခုနှစ် အတွက် အာကာသ အတွင်းမှာဖြစ်ပေါ်မယ့် အကြောင်းအရာ များစွာထဲက ထူးခြားပြီး သာမန် မျက်စိနဲ့ မြင်နိုင်လောက်တဲ့ ဖြစ်စဉ် အချို့ကို အာကာသနှင့် စကြဝဠာရဲ့ စာဖတ် ပရိတ်သတ်များ အတွက် ရေးသား တင်ဆက်ပေးလိုက်ပါတယ်..။
၂၀၁၉ ခုနှစ်မှာ ထူးထူးခြားခြား နေကြတ်ခြင်း (၃)ကြိမ် နဲ့ လကြတ်ခြင်း (၂) ကြိမ် ဖြစ်ပေါ်ဖို့ ရှိပါတယ်။ နေကြတ်ခြင်းဟာ နေ နဲ့ ကမ္ဘာ အကြား လ ရောက်ရှိခြင်း (တစ်နည်း) လကွယ်နေ့မှာ လဟာ နေရဲ့ အလင်းရောင်ကို ရုတ်တစ်ရက် ဖုံးအုပ် သွားခြင်းကြောင့် ဖြစ်ပေါ်ရပါတယ်။


(ပုံ) ။ လ အရိပ်ကျရောက်တဲ့ နေရာမှာသာ နေကြတ်ခြင်းကို မြင်တွေ့ နိုင်တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် အတွက် နတ်တော် လကွယ်နေ့ (ဇန်နဝါရီ ၆ ရက်)၊ နယုန် လကွယ်နေ့ (ဇူလိုင် ၂ ရက်) နဲ့ (နောက်နှစ်) နတ်တော် လကွယ်နေ့ (ဒီဇင်ဘာ ၂၆) ရက်တို့မှာ နေကြတ်ပါမယ်။

မြန်မာနိုင်ငံကတော့ ၂၀၁၉ ဒီဇင်ဘာ ၂၆ ရက်မှာ ဖြစ်ပေါ်မယ့် နေကြတ်ခြင်းကိုသာ မြင်တွေ့ရမှာဖြစ်ပြီး ၈၀% လောက်ထိ ဖုံးအုပ်သွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီလိုပါပဲ..။ လကြတ်ခြင်းဟာ နေ နဲ့ လ အကြား ကမ္ဘာရောက်ရှိခြင်း (တစ်နည်း) လပြည့် အမှတ် ရောက်ရှိ ချိန်မှာ ဖြစ်ပေါ်တာဖြစ်ပြီး ကမ္ဘာရဲ့ အရိပ်စစ် ကျရောက်တဲ့နေရာမှာ နေရဲ့ အလင်းရောင်ဟာ အနီရောင် သန်းတဲ့ အတွက် ထိုနေရာကို ဖြတ်သန်းရတဲ့ လ ဟာလည်း သွေးနီရောင် သန်းသွားရခြင်း ဖြစ်ပါတယ်။
(ပုံ)။ အင်္ဂလိပ်လိုတော့ Blood Moon လို့ခေါ်ပါတယ်။
ပြာသို လပြည့် (ဇန်နဝါရီ ၂၁) မှာဖြစ်ပေါ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ မြင်တွေ့ရမှာတော့ မဟုတ်ပါ။ ဒါပေမယ့် ဝါဆို လပြည့်နေ့ (ဇူလိုင် ၁၆) မှာဖြစ်မယ့် ရိုးရိုး လကြတ်ခြင်းကိုတော့ နံနက်ခင်း (အာရုံတက်ချိန်) ပိုင်းမှာ မြင်တွေ့ ရနိုင်ပါတယ်။


မင်းတုန်းမင်းကြီး ဘာတွေလုပ်



မင်းတုန်းမင်းကြီးဟာ ရှင်ဘုရင် ဆိုပေမယ့် အေးအေးဆေးဆေး ဇိမ်ခံနေတာမျိုး မဟုတ်ဘဲ သူ့ချိန်ဇယားနဲ့သူ အလုပ် အလုပ်လုပ်နေခဲ့တာကို ချီးကျူးဖို့ ကောင်းပါတယ်။


မနက်စောစော ၅ နာရီခွဲလောက်မှာ အိပ်ရာက ထတယ် ။ အပြင် မထွက်ခင် အလှည့်ကျ မိဖုရားများက သလွန်တော်အောက်ကနေ တစ်ကိုယ်လုံးကို ဆီတော် များနဲ့ ပွတ်လိမ်းပေးရတယ် ။ ခေါင်းလိမ်းဆီ ၊ ကိုယ် လိမ်းဆီ ဆိုပြီး နှစ်မျိုးခွဲခြားထားပြီး နှစ်မျိုးစလုံးဟာ စပါယ် မြတ်လေး စတဲ့ သင်းပျံ့မွှေးကြိုင်တဲ့ အဖိုးတန် ဆီ များဖြစ်ကြတယ် ။

 ရေမချိုးလို့ မဖြစ်တဲ့ အကြောင်းကိစ္စတွေက လွဲပြီး မင်းတုန်းမင်းကြီးဟာ ရေချိုးလေ့ မရှိဘူးတဲ့ ။ ရေအစား ဆီတွေနဲ့ ပွတ်လိမ်းပြီး တစ်ကိုယ်လုံးမှာ ရှိတဲ့ ချေးညော်များနဲ့ မကောင်းတဲ့ အနံ့အသက်တွေကို သုတ်သင် တာဖြစ်မယ် ထင်ပါတယ်။
ပြီးတော့ နာရီဝက်ခန့် ကြာအောင် ကိုယ်မှာ ဆီတွေ လိမ်းပြိး ကတိုးမှုန့် များနဲ့ ပွတ်လိမ်းတာကိုခံပါတယ်။အလှည့်ကျ ပျိုတော်များက မင်းကြီး ကျန်းမာရေးအတွက် အနှိပ်တော် ဆက်ကြရပါတယ် ။
အနှိပ်ခံပြီးနောက်မှာ အိမ်သာတော် ဝင်ပါတယ်။ အိမ်သာတက်နေတဲ့ အချိန်မှာ အလှည့်ကျ မိဘုရားများက တစ်ပါတည်း လိုက်ပါရပြီး ထောက်လှမ်းချက် ရသောစကားများ ၊ အလိုတော် မေးတော်ရှိသော စကားများကို ပြန်လည်လျှောက်ထားရန်ဖြစ်ပါတယ်။
အိမ်သာမှ ထွက်လာတဲ့ အခါ နန်းတော်ဦး အရှေ့ပိုင်းမှာ သားတော်များက မျက်နှာသစ်ရေ ဆက်ကြရ ပါ တယ် ။
မျက်နှာသစ်ပြီးနာက်မှာ ဆံတော် ရှင်းတယ် ( ခေါင်းဖြီးတယ် ) ။ နန်းမယ်တော် မိဖုရားခေါင်ကြီး (စကြာင်္ဒေဝီ) ရှိစဉ် အခါက နေ့စဉ်ခေါင်းဖြီးပေးရတယ်တဲ့ ။ မိဖုရားကြီး ကွန်လွန်ပြီးတဲ့ နောက်ပိုင်း ကိုယ်တိုင် ဖြီးပါတယ် ။ ဘယ်သူ့ကိုမှ မခိုင်း ၊ ဘယ်သူကိုမှ သူ့ဦးခေါင်းကို ကိုင်ခွင့် မပြု ၊ ဘယ်သူ့ကိုမှ မယုံ။
ပြီးတော့မှ ဝတ်တော်လဲ ပြီး ဘုရားကြည်ညို ( ရှိခိုး ) တယ် ။


Sunday, December 9, 2018

မိုးပြာ အ​ကြောင်း သိ​ကောင်းစရာ

 

 


လွန်ခဲ့သည့်ကာလ (၃၁) နှစ်က ဦးဥာဏသည် စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တင်တောင်မှာ နေထိုင်သူဖြစ်ပါသည်။

ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာ စသည်ဖြင့် ကြွားဝါကာ တရားဟောခဲ့သူဖြစ်ပါသည်။ ထိုအကြောင်း ကို ကြားသိကြသဖြင့် နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးကပင် စစ်ကိုင်းတိုင်း သာသနာရေးမူး ဥိးစိုးမြင့် က စွဲဆို၍ စစ်ကိုင်းမြို့နယ် သံဃနာယက သို့ တင်ခဲ့သည်။
 
ဦးဥာဏ နှင့် ဦးဂုဏ တို့နှစ်ပါး ရှုံးခဲ့ကြပါသည်။ တစ်ဖန် သူတို့ကပင် တိုင်းသို့တက်ခဲ့ကြသည်။ တိုင်းမှာလဲ သူတို့ပင် ရှုံးကြပြန်သည်။ တစ်ဖန် ဗဟိုဌာန ဟု ဆိုရမည်ဖြစ်သော နိုင်ငံတော် သံဃမဟာနာယက ထံသို့
သူတို့ကပင် စောဒနာ တင်ကြလျက် “သာသနာရေး လျှောက်ထားတောင်းဆိုလွာ” အမည်ဖြင့် စတင်၍ မြို့နယ်နှင့်တိုင်းတို့က ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန်တောင်းဆိုခဲ့ကြသည်။

နိုင်ငံတော်မှာလဲ သူတို့ပင် ရှုံခဲ့၍ ထောင်သုံးနှစ် ကြခဲ့ပါသည်။ နိုင်ငံတော် သံဃနာယက ဆရာတော် ဘဒ္ဒန္တမာနိတ သီရိဘိဝံသထေရ် ၏ မိန့်ကြားချက်အရ သိရသည်မှာ (၁၉၈၃-၁၉၈၆ ခုနှစ်က ၀ိနည်းဓမ္မကံ
(၉/၁၁)ဖြင့် တရားစွဲခံရပြီးကတည်းက ပြတ်ပြတ်သားသား အရေးယူဖို့ စီရင်ခဲ့ရာတွင် တိပိဋကဓရ မင်းကွန်း ဆရာတော်ကြီးက မေတ္တာရပ်ခံမူကြောင့် ထောင်သုံးနှစ် မျှဖြင့် ပြီးသွားရခြင်းပင် ဟူ၍ ဖြစ်ပါသည်။



ဆီသိန်း​ ခွေး



 

ကျနော်တို့အ​ဖေတို့ ၊ ဦးကြီး ဦး​လေးတို့​ခေတ်​က ​ရွှေသွားစိုက်​တာ ​ခေတ်​စားပါတယ်​ ။ ခု​ခေတ်​ ကိုယ်​​ပေါ်မှာ ​ဆေးမင်​​ကြောင်​ ထိုးတာ ​ခေတ်​စားသလိုမျိုးနဲ့ တူပါတယ်​ ။

အသက်​ ၃၀ တန်း လူငယ်​​တွေ​တော့ ​ရွှေသွားနဲ့ ​ရှေးအဖိုးကြီး​တွေကို မြင်​ဖူး​တော့မှာ မဟုတ်​ဘူး ။ ​ရွှေသွား စိန်​ကြီး​တွေ ခုရှိ​သေးရင်​ အသက်​ ၉၀ တန်း​လောက်​ ဖြစ်​လိမ့်​မယ်​ ထင်​တယ်​ ။

မန္တ​လေးမှာလည်း ​ရွှေသွား တစ်​​ခေတ်​ ရှိခဲ့ပါတယ်​ ။ ဒါ​ပေမယ့်​ အ​ကြောင်းတစ်​စုံတစ်​ခု​ကြောင့်​ မန်းသားကြီး​တွေ ​ရွှေသွားနဲ့ စတိုင်​ထုတ်​ဖို့ စတွန့်​သွားကာ ​ရွှေသွား ဓ​လေ့​တောင်​ ​မှေးမှိန်​သွားခဲ့ပါတယ်​ ။
 
မန္တ​လေးမှာ ကိုလိုနီ​ခေတ်​က ရတနာပုံ ဆီစက်​ သူ​ဋ္ဌေး ဦးသိန်း ဆိုတာ ရှိတယ်​ ။ သူက ဒါးတန်း ဦးသန့်​  ဦး​လေး​တော်​စပ်​တာ​ကြောင့်​ သင်္ကြန်​မိုး ရုပ်​ရှင်​ထုတ်​လုပ်​တဲ့ ကို​ဇော်​မြင့်​ရဲ့ ဘကြီးလည်း ဖြစ်​ပါတယ်​ ။
 
ဦးသိန်းဟာ မန္တ​လေးရဲ့ ဆီဘုရင်​ပါ ။ ဒါ့​ကြောင့်​ တစ်​မြို့ လုံးက ဆီ ဦးသိန်း ( သို့မဟုတ်​ ) ဆီသိန်း လို့ လုပ်​ငန်းနဲ့တွဲကာ ချ စ်​စနိုး ​ခေါ်ကြပါတယ်​ ။
 
သူက ဒိတ်​ဒိတ်​ကြဲ လူချ မ်းသာ​ပေမယ့်​ မာန်​မာန မရှိဘူး ။ပျော်​​ပျော်​ပါးပါး ​နေတတ်​တယ်​ ။ အကူအညီ​တောင်းလာရင်​လည်း လူတန်းစားမ​ရွေး ကူညီတတ်​သူ ။
 
ဦးသိန်း က မြင်း​မွေး ဝါသနာပါတယ်​ ။ ​ခွေး​မွေး ဖို့လည်း ဝါသနာပါတယ်​ ။ နိုင်​ငံခြား ​ခွေးမျိုး​တွေလည်း တစ်ကူး တစ်က မှာပြီး ​မွေးတတ်​တယ်​ ။





Friday, November 16, 2018

လူတွေ မသိ​သေး​သော ပယင်း { Amber } ၏ အစွမ်းများ….


 

 
တန်ဖိုးကြီးလှတဲ့ ပယင်း ဖြစ်ပေါ်လာပုံ နှင့် လူ​တွေမသိ​သေး​သော ပယင်း၏ ကျန်းမာရေး အစွမ်းများ

ပယင်းက သစ်​ပင်​ကဖြစ်​တဲ့​ကျောက်​ဖြစ်​ရုပ်​ကြွင်း တစ်မျိုးပါ… သစ်​ပင်​ရဲ့ အဆီအနှစ်​ဖြစ်​တဲ့သစ်​​စေးက​နေဖြစ်​တည်​သည့် အတွက်​.. သဘာဝက​ပေးတဲ့ ထူးခြားဖြစ်​စဉ်​ထဲက တစ်ခု အပါဝင်​ ဖြစ်​ပါတယ်​ ။
တန်းဖိုးထားရာ ရတနာ ( ၉ )ပါး ထဲမှာလဲ တစ်​ပါး အပါဝင်​ဖြစ်ပါတယ် ။
ပယင်းမှာ အဖိုးတန်​ ရတနာများကဲ့သို့ ရှားပါးမှု ဖြစ်​တည်​မှု သန့်​ရှင်းမှု အစရှိသည်​များနှင့်​ပြည့်​စုံ​နေ​သောရတနာ တစ်ပါးလဲဖြစ်​ပါတယ်။
လွန်​ခဲ့​သော နှစ်​သန်း​ပေါင်း ၁၂၀ ခန့်​က အဖိုးတန်​ သက်​ရှိများ သိုမှီးရာ ပြတိုက်​တစ်ခုလဲဖြစ်​ပါတယ်​။
ကမ္ဘာကြီး၏ ဖြစ်​ပျက်​​ပြောင်းလဲမှုဖြစ်​စဉ်​ အများပြားကို သက်​​သေပြနိုင်​တဲ့ တစ်ခုတည်း​သော အဖိုးတန်​ရတနာတစ်မျိုးဘဲဖြစ်​ပါတယ်​ ။
ထူးခြားဖြစ်​စဉ်​များနှင့်​ ဂမ္ဘီရဆန်​​သော အဖြစ်​ပျက်​များစွာ ယ​နေ့တိုင်​ဖြစ်​​ပေါ်​နေ​တဲ့ ရတနာ မျိုးလဲဖြစ်​ပါ တယ်​ ။
ထူးခြားဖြစ်​စဉ်​များမှာ သက်​ရှိ တစ်ကောင်​​ကို… နှစ်​​ပေါင်းသန်း ၁၂၀ မပုပ်​သိုး​အောင်​ထိန်းသိမ်းနိုင်​တဲ့ 
ဂုဏ်​သတ္တိလဲရှိပါတယ်​ ။
ယင်းဖြစ်​စဉ်​ကို ကြည့်​ခြင်းအားဖြင့်​ ပယင်း ဝတ်​ဆင်​တဲ့သူ အ​ပေါင်းကို အရွယ်​တင်​ နုပျို​စေပါတယ်​ ။
သိပ္ပံနည်းဖြင့်​​ပြောရလျှင်​ Nano ဂုဏ်​သတ္တိကိုပိုင်​ဆိုင်​ပါတယ်​ ။
သက်​​သေအားဖြင့်​​ပြရလျှင်​ ပယင်းကိုကိုယ်​တိုင်​​သွေး​သော တူး​သောမိတ်​​ဆွေများထိခိုက်​ရှနာရတဲ့အခါမှာ အလိုလို ခဏ အတွင်း​ ပြန်​​ကောင်းမွန်​သွားသည်​ သာဓကများလဲရှိပါတယ်​ ။

 

Wednesday, September 19, 2018

သင်ခန်းစာ ယူနိုင်ကြပါစေ


 
 
ယောင်္ကျားကို နည်းနည်း သံသယရှိလာမိပြီ ။
နေ့တိုင်းအိမ်ကိုနောက်ကျမှပြန်ရောက်သည်....


မေးလိုက်တိုင်း ရုံးမှာအလုပ်များလို့အချိန်ပိုဆင်းနေတာချည်းပဲ....၊ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်... ညနေစာကိုလည်း အရင်လိုမြိန်ရေယှက်ရည်မစားတော့... ထမင်းကို ၃..၄..ဇွန်းစာလောက်ပဲ ထည့်စားလေ့ရှိသည်...။ သေချာပြီလေ...မောင်ခြေလှမ်းတွေပျက်နေပြီ..... အချိုးတွေလည်းပြောင်းကုန်ပြီ...။
-
မိမိကိုယ်ကိုလည်းမှန်ထဲပြန်ကြည့်မိလိုက်သည် အသက် ၄၀ ကျော်ကာစ..မျက်စိအစွန်းနှစ်ဖက်မှာ အရေးအကြောင်းလေးတွေလည်းရေးရေးလေးပေါ်နေပြီ...၊


သနပ်ခါးကွက်ကြားရိုက်ထားတဲ့ မျက်နှာကလည်း အဆီတစ်ဝင်းဝင်းနဲ့ အိမ်မှုကိစ္စတွေ အလုပ်ကိစ္စတွေနဲ့ရှုပ်နေမြဲမို့ မိမိကိုယ်ကိုလည်း သေချာမပြင်ဆင်မိတာကြာလေပြီ....၊
 
အဲဒီအတွက် ကျွန်မ ဘ၀ရဲ့အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ မောင့်ကို လက်လွတ် ဆုံးရှုံးလိုက်ရတော့မှာလား..... မောင်ဒီလောက်တော့မရက်စက်လောက်ပါဘူးလေ...လို့စိတ်ကိုဖြေကြည့်ပါသော်လည်း ရင်မှာတော့သောကမီးများတောက်လောင်ကာ နေမထိထိုင်မသာဖြစ်နေမိသည်...။
-
မဖြစ်ခြေဘူး..ဒီနေ့ညနေတော့ ရုံးဆင်းချိန်မှာ မောင့်နောက်ကိုခြေရာခံလိုက်ဦးမှဘာ.... လက်ပူးလက်ကျပ်မိပြီဆိုရင်ကော....ဘာလုပ်သင့်သလဲ... ဘာလုပ်ရမလဲ...အဲဒီအမှန်တရားကိုမြင်ရမှာလည်း ကြောက်နေမိသည်....ရင်ဆိုင်နိုင်ဖို့အင်အားမရှိပြီ ။
-
၆ နာရီထိုးပြီးသိပ်မကြာပါ မောင်ရုံးကနေထွက်လာသည်.....။ စူပါမားကတ်ထဲဝင်သွားကာ အသီးအရွက်များဝယ်သည်..... ပြန်ထွက်လာတော့ အိမ်ကိုပြန်ရမယ့်လမ်းနဲ့ဆန့်ကျင်ဖက်သို့ ဦးတည်သွားသည်....။
 
မောင့်နောက်ကို ဆက်သာလိုက်နေရတယ်.....စိတ်ထဲမှာတော့ မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေရင်း အတွေးထဲမှာ မောင်နဲ့ ကျွန်မမဟုတ်သောသူမနဲ့ အတူတစ်ကွ ညစာချက်ပြုတ်ပြီးပျော်ရွှင်စွာ စားသောက်နေတဲ့ပုံရိပ်က ရုပ်ရှင်ပြနေသကဲ့သို့ အာရုံကိုဖမ်းစားထားလေသည်...။
 
အော်...မောင်ဒါကြောင့် ညစာကို အများကြီမစားနိုင်တာကို....သူ့ကောင်မနဲ့ တစ်ခါစားပြီးနေမှတော့ ဘယ်လိုလုပ်နောက်ထပ်စားနိုင်တော့မလည်း.....တွေးရင်နဲ့ရင်ထဲနစ်ကနဲ့ဖြစ်ကာ မျက်ရည်များလည်း ခိုးလို့ခုလုနဲ့ မျက်ဝန်းထဲသို့ရောက်လာပါသည်....။
-

Tuesday, August 28, 2018

သံလွင်ဆီ အကြောင်း နဲ့ အသုံးဝင်ပုံများ

 

 
သံလွင်ဆီ ဆိုတာ သံလွင်သီးကနေ ရရှိတဲ့ အဆီဖြစ်ပြီး သံလွင်သီးကို Olea europaea ; မျိုးရိုး Oleaceae လို့ မှတ် သားနိုင်ပါတယ် ။ သံလွင်ဆီ ကို ယေဘူယျ အားဖြင့် ချက်ပြုတ်ခြင်း အလှအပရေးရာ ၊ ဆေးဝါး ထုတ်လုပ်ခြင်း ၊ ဆပ်ပြာ နဲ့ လောင်စာဆီတွေ အဖြစ်လည်းအ သုံးပြုနိုင်ပါတယ် ။ ကမ္ဘာတစ်ဝှမ်းလုံးမှာ သံလွင်ဆီကို အသုံးပြုကြပြီး အထူး သဖြင့် မြေထဲပင်လယ် အနီးတ၀ိုက် ဒေသတွေမှာ အသုံးများကြ ပါတယ် ။
 
သံလွင်ဆီ၌ ပါဝင်သော အရာများ
 
သံလွင်ဆီမှာ အဓိက အားဖြင့် ရောနှောနေတဲ့ triglyceride အစု အဝေးတွေဖြစ်တဲ့ oleic acid , palmitic acid နဲ့ တစ်ခြား fatty acids တွေနဲ့ ဖွဲ့စည်းထားပါ့တယ် ။ ဒါ့အပြင် squalene 0.7 % နဲ့sterols အနည်းငယ် လည်းပါဝင် ပါတယ် ။
 
သံလွင်ဆီ က ပါဝင် ဖွဲ့စည်းမှုဟာ နေရာဒေသ ၊ စိုက်ပျိုး ရိတ်သိမ်းချိန် ၊ အဆီ ထုတ်ယူမှု နည်း နဲ့ ရာသီ ဥတုတွေအပေါ် မူတည်ပါတယ် ။ သံလွင်ဆီမှာ သဘာဝ ထုတ်ကုန်တွေဖြစ်တဲ့ ဓါတ်တိုး ဆန့်ကျင် ပစ္စည်း တွေပါဝင်ပြီး အချောမသတ်ရသေးတဲ့ အဆီ extra-virgin unprocessed olive oil ဟာ သူ့ရဲ့ ခါးသက် တဲ့ အရသာရယ် စူးရှတဲ့ အရသာရယ်ဟာ tyrosl , hydroxytyrosol , oleocanthal နဲ့ oleuropein စတဲ့ ဓါတ်တွေ ပါဝင်တဲ့အတွက်ဖြစ်ပါတယ် ။
 
အဟာရနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ
 
လေ့လာ စမ်းသပ်မှုတွေအရ အစားအသောက်ထဲမှာ monunsaturated fats တွေ များများ စားစား
ပါဝင်နေခြင်းဟာ နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးသွေးကြော အဆီဖုံးရောဂါတွေ ကို လျော့ ကျစေ တယ် လို့ သိရပါ တယ် ။
 
ဒါဟာ အရေးကြီးပါတယ် ။ ဘာလို့လဲဆိုတော့ သံလွင်ဆီမှာ monounsaturated fats တွေအများ အပြားပါ ၀င်နေပြီး အထူးသဖြင့် oleic acid ပဲဖြစ်ပါတယ် ။ US မှာဆိုရင် သံလွင်ဆီ ထုတ်ကုန်တွေမှာ ထုတ် လုပ်သူတွေက အောက်ပါတိုင်း ကျန်းမာရေး အကြောင်းတွေရေးထားလေ့ရှိတယ် ။ 
 

 
 
 


Tuesday, August 21, 2018

လူမိုက်ကြီး (၁၀) ယောက်




တစ်ခါတုန်းက သူဌေးကြီး တစ်ယောက်သည် တပည့်ဖြစ်သူအား လူမိုက်ကြီး (၁၀) ယောက် အား
ရှာဖွေ၍ စာရင်းကောက်ခဲ့ရန် တာဝန်ပေးလိုက်သည် ။

တပည့်ဖြစ်သူကလည်း သူဌေးကြီး၏ တာဝန်ပေးချက်အရ စာရင်းကောက်ရန် ခရီးထွက်ခဲ့သည် ။ သူဌေးကြီး တပည့်သည် ခရီးထွက်လာရာ မြစ်တစ်ခုသို့ ရောက်လာ၏ ။

လူတစ်ယောက်သည် မြစ်ထဲမှရေများကို ခပ်ထုတ်နေသည်ကိုတွေ့ရ၏.
ဘာကြောင့် ခပ်ထုတ်နေသည်ကို သိချင်လာ၍အကြောင်းစုံကိုမေးမြန်းကြည့်သည် ။

ရွာထဲက ကျွန်တော်ကြိုက်နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေကုန်အောင်ခပ်ထုတ်နိုင်ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့..အဲဒါ သူအချစ်ကိုရအောင်ကြိုးပမ်းနေရတာဗျ ။

အင်းတော်တော် မိုက်မဲတဲ့လူပေပဲ. ....

ထိုသူနံမည် ကိုမေးမြန်း၍ လူမိုက်နံပါတ်(၁) အဖြစ် စာရင်းမှတ်လိုက်လေ၏ ။

ထိုမြစ်ကြောင်းအတိုင်း ဆက်လက် ထွက်ခွာလာရာ လူတစ်ယောက်သည် မြစ်ထဲသို့ လှေကို အခေါက်ခေါက်အခါခါ လှော်နေသည်ကို တွေ့ရပြန်သည်။ 
သူဌေးကြီး၏ တပည့်က အကြောင်းအရင်း ကိုမေးမြန်းလေ၏။

ကျုပ်သူငယ်ချင်းပေါ့ မနေ့က ကျုပ်နွားကိုငှားပြီး တစ်နေကုန် ခိုင်းလိုက်တာ နွားက ဖတ်ဖတ်ကိုမောလို့၊ 
ကျုပ်ကလဲဘယ်ရမလဲ သူလှေကို ငှားပြီး  တစ်နေလုံး အားရပါးရလှော်ပြီး လက်စားချေနေတာလေ ။

Thursday, June 7, 2018

ဘာမြူဒါ တြိဂံ နယ်မြေက ပဟေဠိကို ဖြေရှင်းနိုင်ခဲ့ပြီဟု သိပ္ပံ ပညာရှင်များဆို

 

ဘာမြူ ဒါတြိဂံနယ်မြေဟာ ပဟေဠိများစွာနဲ့ကျော် ကြားပါတယ်။ Florida,Puerto Rico နဲ့ Bermuda ကြား အတ္တလန်တိတ်သမုဒ္ဒရာအတွင်းရှိ တြိဂံနယ်မြေထဲမှာ များစွာသော လေယာဉ်တွေ သင်္ဘောတွေ အ ကြောင်းမဲ့ပျောက်ကွယ်နေပါတယ်။ အချို့တွေကတော့ဒါဟာ သိပ္ပံနည်းနဲ့ဖြေမရှင်းနိုင်တဲ့ လုပ် ဆောင် ချက်တွေကြောင့်လို့ မှတ်ယူခဲ့ပါတယ်။

ဥပမာ အနေနဲ့ ၁၉၄၅ ခုနှစ်က အမေရိကန် ဗုံးကျဲ လေယာဉ်ငါးစင်း နဲ့ ရိုးရိုးလေယာဉ် တစ်စင်း ဒီဒေ သ ကိုဖြတ်ပျံခဲ့ရာ သဲလွန်စ မကျန်ဘဲပျောက်ကွယ်ခဲ့ပါတယ်။ မကြာမီကပင် ကုန်တင်သင်္ဘော El Faro က ၂၀၁၅ မှာ ပျောက်ကွယ်ခဲ့ရပါတယ်။ ဒီနယ်မြေဟာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။

များစွာသော လေယာဉ်တွေ သင်္ဘောတွေဟာ ပဟေဠိဆန်စွာ ဒီဒေသမှာ ပျောက်ကွယ်ခဲ့လို့ပါပဲ။ သိပ္ပံပညာရှင်တွေ ကတော့ သူတို့ ဒီနယ်မြေရဲ့ ပဟေဠိကိုဖြေရှင်းနိုင်ပြီလို့ အခိုင်အမာပြောကြား လိုက်ပါပြီ။

 



Colorado တက္ကသိုလ် က သိပ္ပံပညာရှင်တွေက air bombs တွေဖြစ်စေနိုင်တဲ့ တိမ် ဖွဲ့စည်းမှုတွေ ကို သတိပြုမိခဲ့ပါတယ်။ သိပ္ပံ တီဗီလိုင်း တစ်လိုင်းမှာတော့ သူတို့တွေက ဒီဒေသရဲ့ ဂြိုဟ်တု ပုံတွေကနေ တစ်ဆင့် ဆဌဂံ ပုံတိမ်တွေကိုတွေ့ခဲ့ပြီး ဒါတွေက air bombs တွေကိုဖြစ်စေပါတယ်။ သီအိုရီ အသစ်အရ
ဒီ air bombs တွေဟာ လေထဲမှာ ကွဲပြီး ၄၅ ပေ အထက်ရှိရေလှိုင်းတွေ ကို ထုတ်ပေးပါတယ်။

ဒီလေပြင်းတိုက်ခြင်းက သေစေနိုင်လောက်ပြီး တစ်နာရီ မိုင်၁၇၀ အထိ တိုက်ခတ်နိုင်ပါတယ်။ ဒါတွေက လှိုင်းတွေကို ဖန်တီးတာပါ။ ဒါ့ကြောင့် ဘယ်သင်္ဘော ဘယ်လေယာဉ်မှာ ဒီမုန်တိုင်း က နေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ အမှန်တော့ တိမ်တွေမှာ မျဉ်းဖြောင့် အစွန်းတွေမရှိကြပေမယ့် ဘာမြူ ဒါမှာတော့ရှိခဲ့ ပြီး ချွင်းချက်ဖြစ်နေခဲ့ပါတယ်။


တစ်နေ့တာလုံး အားအင်ပြည့်ဝ လန်းဆန်းနေစေမည့် နည်းလမ်းကောင်းများ

 



လုပ်ငန်းခွင်မှာ တစ်နေ့တာ အလုပ် လုပ်ရင်း နေ့လည်ရောက်လာပြီ ဆိုတာနဲ့ အားအင် ကုန်ခမ်းပြီး အိပ်ငိုက်လာတတ်ကြပါတယ်။

ထိုအခါမှာ အိပ်မငိုက်စေဖို့ ကော်ဖီ၊ Energy drink စတာတွေ သောက်သုံးတတ်ကြပါတယ်။ BBC ကျန်းမာရေး ဌာနက ပြောကြားချက်အရ ထိုသို့သော အချိုရည် များနဲ့ ကော်ဖီသောက်ခြင်းဟာ စွမ်း အင် ပိုမိုလျောစေ့တယ်လို့ သိရပါတယ်။ ထို အစားထိုး စွမ်းအင်ပြန်လည် ရရှိစေမယ့် နည်းလမ်းလေးတွေကို လိုက်နာကြည့်သင့်ပါတယ်။


(1) သီချင်းနားထောင်ပါ

သီချင်းနားထောင်ခြင်းဟာ စွမ်းအင်ပြည့်စေပြီး စိတ်ကြည်လင်စေပါတယ်။ သီချင်း မြူးမြူးလေးတွေရဲ့ စည်းချက်က သင့်စိတ်ကို တက်ကြွ လန်းဆန်းစေပါတယ်။ သင်အကြိုက်ဆုံး သီချင်းကို ဖွင့်နားထောင်ပါ။
ထို့ပြင် သီချင်း စာသားများ လိုက်လံ ညည်းခြင်းကလဲ စိတ်ကိုပျော်ရွှင်စေပါတယ်။ အလုပ်ပိုမို လုပ်နိုင်စေမှာဖြစ်ပါတယ် ။


(2) အဆာပြေ တစ်ခုခုစားပါ ။

အဆာပြေ ဆိုရာမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စွမ်းအင် ရရှိမယ့် အစာမျိုးဖြစ်ရပါမယ်။

-ကစီဓာတ်များ စားသုံးပါ (အမျှင်ဓာတ် ပါဝင်သလို သင့်သွေးတွင်း သကြားဓာတ်ဆုံးရှူံးခြင်းမှ ကာကွယ်ပေးပါတယ်)
-ကွေကာ ၊ ဒိန်ချဉ် ၊ အသီးများ၊ မုန်လာဥနီ စသည်တို့ စားနိုင်ပါတယ် ။
-ချာကလက်အနက်စားပါ။ အန်ဒိုဖင်ဟော်မုန်း ကို မြှင့်ပေးလို့ mood ကောင်းစေပါတယ ။်
-အဆီများနဲ့ အချိုများ စားခြင်းရှောင်ပါ။ စွမ်းအင် ပိုမိုကျစေပါတယ် ။


 
 

Tuesday, June 5, 2018

ဒူးရင်းသီး စားခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးများ

 



သင်ဟာ ဒူးရင်းသီး အရမ်းကြိုက်တဲ့သူလား ဒါမှမဟုတ် အနံ့တောင် မခံနိုင်တဲ့သူလား။ အကယ်လို့ ဒူးရင်းသီး အရမ်းကြိုက်တဲ့သူ ဆိုရင်တော့ ဒူးရင်းသီးက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးကို သိထားသင့် ပါတယ်။

ဒူးရင်းသီး စားရင် ခေါင်းမူးတယ်၊ သွေးတိုးတယ်ဆိုတာတွေ ရှိပေမယ့် တစ်ခြားကျန်းမာရေး ကောင်း တာတွေလည်း ရှိပါသေးတယ်။ ဒူးရင်းသီးမှာ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ကော့ပါး တို့ ပါဝင်တာကြောင့် အရိုးအဆစ်တွေ သန်မာစေဖို့ အထောက်အကူပြုပါတယ်။

ဒါ့အပြင် အသက်အရွယ်ကြီးလာတဲ့ အခါမှာ အရိုးပါး ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်တားဆီးပေး တာ
မျိုးလည်း လုပ်ဆောင်ပေးပါတယ်။ ဒူးရင်းသီးမှာ သတ္တုဓါတ်တွေ များများပါဝင်တာ အပြင် ဖောလစ် အက်ဆစ် ပမာဏလည်း မြင့်မားစွာ ပါဝင်တာမို့ သွေးနီဥ ဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။

ဒူးရင်းသီးမှာ ကော့ပါး နဲ့ သံဓါတ်တွေလည်း ပါဝင်တာမို့ သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေ ပျောက် ကင်းစေပါတယ်။ ဒူးရင်းသီးမှာ အများစု ပါဝင်တဲ့ ဗီတာမင်တွေနဲ့ ဓါတ်တိုး ဆန့်ကျင်မှုတွေဟာ ကင်ဆာရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဓါတ်တိုး ဆန့်ကျင်မှုတွေ များများပါဝင်တာက ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ကိုယ်ခံအားစနစ် မကောင်းခြင်းကို လျှော့ကျစေပါတယ်။

 နောက်ပြီး ဒူးရင်းသီးမှာ ဗီတာမင် စီ၊ ဘီ၊ အီး တွေပါဝင်တာကြောင့် ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။ ဒူးရင်းသီးမှာ ဗီတာမင်တွေ ပါဝင်တာဟာ ခန္ဓာကိုယ်ထဲက free radicals တွေကို လျှော့ချပေးနိုင်တာမို့ အသက်အရွယ်မတိုင်ခင် ကြီးရင့်ခြင်းတွေ ဖြစ်တာ ကနေ ကာကွယ်ပေးပါတယ်။
 
               

ကံဆိုးသလား ၊ ကောင်းသလား ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး



ဒီနေ့ ( ၂. ၀၆ .၂၀၁၈) ဆယ်တန်းအောင်စာရင်း ထွက်ပါသတဲ့။ ပျော်သူ၊ မော်သူတွေထက် နှစ်ဆရှိတဲ့ လူငယ်တွေကတော့ တိတ်တဆိတ်ကြေကွဲနေကြပါလိမ့်မယ်။ ဖြစ်လေ့ဖြစ်ထ  ကိစ္စမို့ ဆယ်တန်း အောင်စာရင်းနဲ့ ပတ်သက်ပြီး အထူးပြောစရာမရှိပေမဲ့ တိုက်ဆိုင်လို့ပေါ်လာတဲ့ အမှတ်တရ ဖြစ်ရပ်တစ်ခု ကတော့ ပြတ်ပြတ်ထင်ထင် သတိရမိပါတယ်။

ကျွန်တော် ၂၀၀၂ ခုနှစ်က ဆယ်တန်းအောင်ပါတယ်။ အမှတ်စာရင်းထွက်လာတော့လည်း အားရစရာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွန်ပျော်ပါတယ်။ အလွန် ဂုဏ်ယူပါတယ်။ ဆင်းဆင်းရဲရဲနဲ့ အောင်ရလို့ ပိုပျော်လေသလား ပြန်တွေးမိပါတယ်။ ဆင်းရဲသားဖြစ်ရတာ ကောင်းတဲ့အချက်လည်းရှိပါတယ်။

တိုက်ဆိုင်လို့ သိုးဆောင်း ပုံပြင်လေးတစ်ပုဒ် သတိရမိပါတယ်။ ဘုရင်နဲ့ သမားတော်တစ်ဦး အကြောင်းပါ။ တောကစားထွက်ရတာ ဝါသနာပါတဲ့ ဘုရင်ဟာ သွားလေရာရာမှာ သမားတော်ကိုခေါ်သွားပါသတဲ့။ တစ်ရက်တော့ ဘုရင့်ရဲ့ လက်ချောင်းလေး တစ်ချောင်းမှာ ဒဏ်ရာရပြီး ပိုးဝင်ပါရောဗျာ။ သမားတော်လည်း ကြိုးစားကုပါတယ်။

“သမားတော်ရယ် ကိုယ်တော် ကံဆိုးလို့ထင်တယ်၊ ဒဏ်ရာက မသက်သာပါလား”
“မင်းကြီး ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး”

တောထဲမှာဖြစ်တော့ ဆေးဝါးကလည်း သိပ်မပြည့်စုံဘူး ထင်ပါတယ်။ ဘုရင်က အငြိမ်မနေတဲ့ ဘုရင်မျိုး ဖြစ်ပါလိမ့်မယ်။ တိုတိုပြောရရင် ဘုရင့် လက်ချောင်းလေးဟာ ပြန်မကောင်းတော့ဘဲ ဖြတ်လိုက်ရပါတယ်။ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသွားလို့ စိတ်တိုနေတဲ့ ဘုရင်က သမားတော်ကို ကျိန်းမောင်းပါတော့တယ်။ သမားတော်ကတော့ စကားတစ်ခွန်းကိုပဲ ထပ်ပြောပါတယ်။ .
“မင်းကြီး … ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး” တဲ့။ 

ဒီလောက်တောင် ဖြစ်တဲ့ သမားတော်ကွာ ဆိုပြီး ဘုရင်ဟာ နန်းတော်ပြန်ရောက်တော့ ထောင်သွင်း အကျဉ်းချလိုက်ပါတယ်။ သမားတော်ဟာ အရင်လိုပဲ စကားတစ်ခွန်းပြောပါတယ်။ “မင်းကြီး … ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး”

သမားတော်မပါလည်း ဘုရင် ကတော့ တောကစား ထွက်မြဲ ထွက်ပါတယ်။ တစ်ရက်တော့ အမဲလိုက်ရာ က နယ်ကျွံပြီး လူရိုင်းတွေက ဘုရင်ကိုဖမ်းမိသွားပါတယ်။ ဘာသာရေး အရ အထွတ်အမြတ်ပူဇော်ပွဲ တစ်ခုနဲ့ တိုက်ဆိုင်နေလို့ လူရိုင်းတွေဟာ ဘုရင်ကို ယဇ်ပူဇော်ဖို့ လုပ်ကြပါတယ်။

သတ်ကာနီးမှ နတ်ဆရာဟာ ဘုရင်မှာ ကိုယ်လက်အင်္ဂါ မစုံတာတွေ့ပြီး ပြန်လွှတ်လိုက်ပါတယ်။ ဘုရင် လည်း ကံဆိုးလို့ လက်ချောင်း ပြတ်တယ်။ ပြတ်တဲ့ လက်ချောင်းကြောင့်ပဲ ကံကောင်းပြီး အသက် ချမ်းသာရာ ရပါလားလို့ တွေးမိသွားပါတယ်။

နန်းတော်ပြန်ရောက်တဲ့အခါ သမားတော်ကြီးကို ထောင်က လွှတ်စေပါတယ်။ သမားတော်ကို ပြန်ပြီးတောင်းပန် တာပေါ့။ ဖြစ်တတ်တဲ့သဘောကို နားမလည်ဘဲ မောင်မင်းကို ထောင်ချမိတာ ခွင့်လွှတ်ပါပေါ့။ အဲဒီတော့ အမတ်ကြီးက...

“ မင်းကြီး … ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ မင်းကြီးသာ ထောင်မချရင် ကျွန်တော်မျိုးလည်း မင်းကြီးနဲ့ တောကစားထွက်တာကို လိုက်ရမယ်။ လူရိုင်းတွေဖမ်းတာ ခံရမယ်။ ပြီးတော့ မင်းကြီးဟာ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းလို့ ယဇ်အပူဇော် ခံရတဲ့ဘေးက လွတ်မြောက်ရင် ကိုယ်လက်အင်္ဂါ ပြည့်စုံတဲ့ ကျွန်တော်မျိုးဟာ မင်းကြီးအစား ခံရပါလိမ့်မယ်။ ဒါကြောင့် ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး” တဲ့ဗျာ။

ဆင်းရဲသားဖြစ်ရတာ ကောင်းတဲ့အချက်လည်း ရှိပါတယ်။ ဆိုခဲ့တဲ့ ပုံပြင်လေးထဲကလို တွေးရင်ပေါ့ဗျာ။
ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ရှိပါတယ်။ အသက်ငါးနှစ်လောက်ကွာပေမဲ့ မင်းကွာ၊ ငါကွာ ပြောတတ် ပါတယ်။ ဘယ်လောက် ညီညွတ်ချစ်ခင်သလဲ ဆိုတော့ မျက်နှာချင်းဆိုင်မိရင် ဆယ်ငါးမိနစ် ကျော်တာနဲ့ အလိုလိုရန်ဖြစ်ပါတယ်။

သူ့အသက် ၄၁ နှစ်၊ ကျွန်တော့် အသက် ၃၆ နှစ်။ မငယ်ကြတော့ပါဘူး။ ဒါပေမဲ့ တွေ့ရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်က အတိုင်း ရန်ဖြစ်မြဲ ဖြစ်ကြတာပါပဲ။ ညီညွတ်တဲ့ကာလ အလွန်ရှားပါတယ်။ တစ်ခါပဲ ညီညီညွတ်ညွတ် တိုင်ပင်ခဲ့ဖူးပါတယ်။

အစ်ကိုကြီး ဆယ်တန်း။ ကျွန်တော်က ခြောက်တန်း။ မိဘတွေဟာ စီးပွါးပျက်ကြပါရော။ နေ့ဖို့ညစာတောင် မရှိတဲ့အဖြစ်ကို ရောက်ကြရပါတယ်။ မနက်စာစာပြီးလို့ ညစာဘယ်နေမှန်းမသိခဲ့ပါဘူး။ အိမ်မှာ အကြွေးတောင်း သမားတွေနဲ့ နေ့ည မပြတ် စည်ကားပါတယ်။

Sunday, April 29, 2018

ကဆုန်လပြည့် ဗုဒ္ဓနေ့



ကဆုန် လပြည့် (၅) နေ့
(၁) ဗျာဒိတ်ယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့်။ (သောကြာနေ့)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်။
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့် ။ (အင်္ဂါနေ့)

ကဆုန်လပြည့် ဗုဒ္ဓနေ့.

ဆု . ဖွား . ပွင့် .စံ ဤလေးတန် မှတ်ရန် ကဆုန်လပြည့်နေ့

ကဆုန် လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ဖြစ်ပါတယ် ။
ဘာကြောင့်လဲ ဆိုတော့ .......

(၁) " ဆု "
------
ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြှောက် ဂေါတမဘုရား စစ်စစ်
ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ  ဘုရားဆုပန်ပြီး ဗျာဒိတ် ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ ဖြစ်ပါတယ် ။

(၂) " ဖွား "
------
ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့ဟာလည်း မဟာသက္ကရာဇ်( ၆၈)ခု ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ 

(၃) " ပွင့် "
-------
ဂေါတမ ဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရား ဖြစ်တဲ့နေ့လည်း မဟာသက္ကရာဇ် (၁၀၃) ခု ၊
ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ် ။

(၄) " စံ "
------
ဂေါတမဘုရား ပရိနိဗ္ဗာန်စံတဲ့နေ့လည်း မဟာသက္ကရာဇ် (၁၄၈)ခု ၊ ကဆုန်လပြည့်နေ့သာ ဖြစ်ပါတယ် ။

Wednesday, April 4, 2018

မှိုစားခြင်းက ရင်သားကင်ဆာ မဖြစ်နိုင်



မှို ကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် သတင်းကောင်းလေး တစ်ခု ဖြစ်ပါတယ်။

အထူးသဖြင့်ကတော့ အမျိုးသမီးတွေ အတွက် ဖြစ်ပါတယ်။

မှို များများ စားသုံးသူတွေဟာ ရင်သား ကင်ဆာကို မဖြစ်အောင် ကာကွယ်ပေးနိုင် တယ်လို့ သုတေသီတွေ ဆိုပါတယ်။

မှိုဟာ ကင်ဆာ ဟိုမုန်းများကို တိုက်ဖျက်ပေး နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ရင်သား ကင်ဆာ ဖြစ်စေနိုင် သည့် အဖုအကြိတ်များ ထွက်လာနိုင်ခြေကို လျှော့ချ ပေးလိုက်ကြောင်း သိရပါတယ်။

ခရမ်းသီးမှ ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ




ခရမ်းသီးဟာ ဆိုရင် ဟင်းချက်ရာတွင် အသုံးပြုတဲ့ အသီးအနှံ များထဲမှ တစ်မျိုးဖြစ်ပါတယ်။

ခရမ်းသီးဟာ လူတွေအတွက် ကျန်းမာရေး ကောင်းကျိုး များစွာ ပေးကြောင်း သိရပါတယ်။
ခရမ်းသီးမှ ရရှိတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကတော့....

(၁) ကိုလက်စရောဓာတ်ကို လျော့ကျပေးပါတယ်။
(၂) နှလုံးရောဂါ ရှိသူများ စားသင့်ပါတယ်။
(၃) ဝမ်းဗိုက်အတွင်းမှာ ဖြစ်တဲ့ အနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

Sunday, March 25, 2018

ခေါင်းဆောင်ဆိုတာ



ပုံမှာပါတဲ့ ဝံပုလွေအုပ်ကို ကြည့်စမ်းပါ ။
အရှေ့ဆုံးမှာ သုံးကောင် 
အဲဒီသုံးကောင်က အုပ်စုထဲမှာ အသက်ရွယ် အိုမင်းပြီးတော့ နာမကျန်းဖြစ်နေကြတဲ့ အကောင်တွေဖြစ် တယ် ။ သူတို့ကို ရှေ့ဆုံးမှာထားရတဲ့အကြောင်းက အုပ်စု အနောက်မှာ မကျန်ခဲ့ဖို့အတွက်ဖြစ်တယ် ။

 
သုံးကောင်အနောက်က ငါးကောင် ကတော့ အုပ်စုထဲမှာ အသန်မာဆုံးနဲ့ တိုက်ရည် ခိုက်ရည် အကောင်းဆုံး အကောင်တွေပါ ။ သူတို့ရဲ့ တာဝန်က တစ်ကယ်လို့ အရှေ့ကနေပြီးတော့ တစ်စုံတစ်ခုက အုပ်စုကို တိုက်ခိုက်လာမယ်ဆိုရင် အကာအကွယ်ပေးဖို့ ဖြစ်တယ် ။

ငါးကောင်ရဲ့အနောက်က ဝံပုလွေအတန်းကတော့ အုပ်စုထဲမှာ ပါတဲ့ အစောင့်ရှောက်ခံ အကောင်တွေ   ဖြစ်တယ် ။

အတန်းရဲ့နောက်က ငါးကောင်ကတော့ ရှေ့က ငါးကောင်လိုပဲ အသန်မာဆုံးနဲ့ တိုက်ခိုက်ရည် အကောင်းဆုံး ငါးကောင်ဖြစ်တယ် ။ သူတို့ကတော့ အနောက်က တစ်စုံတစ်ခု ပြဿနာဖြစ်လာရင် ကာကွယ်ပေးဖို့တာဝန်ရှိတယ် ။


Tuesday, March 20, 2018

စိတ်ဝင်စားဖွယ် စစ်တမ်းများ

 
၁။ "မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေမှာ အလွန်ဆိုးရွားနေသည်ဟု ၈၃ ရာခိုင်နှုန်းကျော် ဆန္ဒပြုပြီး အစိုးရက စီးပွားရေးတိုးတက်မှုထက် အခွန်ကောက်ခံရန် သာ အာရုံစိုက်နေကြောင်း 
Myanmar Insider စစ်တမ်းတွင် ဖော်ပြ"

မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေမှာ ပြီးခဲ့သည့် သုံးလ ကထက် အလွန်ဆိုးရွားနေသည်ဟု ၈၃ ရာခိုင်နှုန်းကျော်က ဆန္ဒပြုထားပြီး လက်ရှိ အစိုးရက စီးပွားရေး တိုးတက်မှုထက် အခွန်ကောက်ခံရန်သာ အာရုံစိုက်နေကြောင်း Myanmar Insider Business ဂျာနယ်က ထုတ်ပြန်သည့် သုံးလ တစ်ကြိမ် စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း စစ်တမ်း (၂၀၁၈ ခုနှစ် ဇန်န၀ါရီ-မတ်) တွင် ဖော်ပြထားသည်။
 
၂၀၁၇ ခုနှစ် အောက်တိုဘာ-ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့ သည့် စစ်တမ်း၌ နောက်လာမည့် သုံးလအတွင်း စီးပွားရေးအခြေအနေအပေါ် စစ်တမ်းကောက်ယူရာ 
- ပိုမိုဆိုးရွားလာမည်ထင်မြင်မှု လေးရာခိုင်နှုန်း၊ 
- အနည်းငယ် ဆိုးရွားမည်ထင်မြင်မှု ၄၆ ရာခိုင်နှုန်း၊ 
- အနည်းငယ် ကောင်းလာမည်ဟု ထင်မြင်မှု ၃၈ ရာခိုင်နှုန်း
နှင့် 
- ပို၍ကောင်းလာမည်ဟု ထင်မြင်မှု လေးရာခိုင်နှုန်းက ဆန္ဒပြုခဲ့သည်ဟု စစ်တမ်းတွင်ဖော်ပြခဲ့ပြီး လက်ရှိ တွင် အမှန်တစ်ကယ် လုပ်ငန်း လုပ်ဆောင်သူများ၏ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ-မတ်စစ်တမ်းတွင် ဖြေဆိုမှုအရ မြန်မာ့စီးပွားရေး အခြေအနေမှာ ပြီးခဲ့သည့် သုံးလ ကထက် ပိုမိုဆိုးရွား ခဲ့ကြောင်း ဖြေဆိုခဲ့ကြသည်။
 
မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင် ၅၀ အထက်ကို အခြေ ခံကာ စစ်တမ်းကောက်ယူထားသည့် အဆိုပါ ညွှန်းကိန်းတွင် ယခုသုံးလ အတွင်း သုံးလ တစ်ကြိမ် စီးပွားရေး ညွှန်းကိန်း၌ အနုတ် ၁၄ ပြခဲ့ပြီး လက်ရှိ ဇန်န၀ါရီ-မတ် စစ်တမ်းတွင် အနုတ် ၂၅ ပြခဲ့ကာ စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း သိသိသာသာ ကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။
နောက်လာမည့် သုံးလ အတွက် ကြိုတင်ဖြေဆိုရာတွင် ..
- လက်ရှိကာလထက် ပို၍ ဆိုးရွားမည်ဟု ဖြေဆိုမှု ၆ ဒသမ ၆၇ ရာခိုင်နှုန်း၊ 
- အနည်းငယ် ဆိုးရွားမည်ဖြေဆိုမှု ရာခိုင်နှုန်း ၄၀ နှင့် 
- အနည်းငယ်ကောင်းလာမည်ဟု ဖြေဆိုမှု ၅၃ ဒသမ ၃၃  ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ယခင်သုံးလကထက် မျှော်မှန်းချက် မြင့်တက်ခဲ့သည်။
 

မြန်မာနိုင်ငံ ဘယ်အချိန်လောက်တွင် တည်ငြိမ်မည်နည်း



မြန်မာနိုင်ငံကြီး တည်ငြိမ်ဖို့ အခြေခံ အကြောင်းရင်းကြီး၂ရပ်ရှိသည်။ ပထမ အကြောင်းအရင်းမှာ ပြည်တွင်း ရှိ ရင်ဆိုင်နေရသော အခက်အခဲများကြောင့် ဖြစ်ပြီး ဒုတိယ အကြောင်းရင်းမှာ မြန်မာပြည်ပြင်ပရှိ နိုင်ငံတကာနှင့် ရင်ဆိုင်နေရသော အခက်အခဲများကြောင့် ဖြစ်သည်။
 
ပြည်တွင်းရေးတည်ငြိမ်ရန် ဖြေရှင်းရမည့်ကိစ္စများမှာ ...

၁။ တည်ငြိမ်သောနိုင်ငံရေး စနစ်ဖြစ်ထွန်းရေး (ဒီမိုကရေစီစနစ်၊ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ပြည်သူများ စီးပွားရှာနိုင်ရေး)၊
၂။ နိုင်ငံသားတို့၏ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေး (အလုပ်အကိုင်ဖန်တီးမှု၊ စီးပွားရေးတိုးတက်မှု၊ လျှပ်စစ်ပုံမှန်ရရှိရေး၊ ထိုက်သင့်သော လုပ်အားခ)၊
၃။ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး (နိုင်ငံတော်အစိုးရ ယန္တရားအတွင်းသာမက၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့အပြင် မီဒီယာနယ်ပယ်များထိ လာဘ်စားမှု ကင်းရှင်းရေး)၊
၎။ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး (ကျန်းမာရေးနှင့် ညီသော အစားအသောက်များကိုသာ ရောင်းချ စေရန် ထိန်းချုပ်ခြင်းမှစ၍ နိုင်ငံသားတိုင်း ကျန်းမာရေးအတွက် စောင့်ရှောက်မှုခံယူနိုင်ရန် နီးစပ်ရာ အစိုးရဆေးရုံများ ပေါ်ထွန်းရေးထိ)၊
၅။ ပညာရေးမြင့်မားရေး (စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းပြီး ကိုယ်ပိုင် စဉ်းစားတွေးတော အသုံးချ နိုင်စေမည့် ပညာရေးအား သင်ကြားပေးနိုင်ရေး) တို့ အဓိကဖြစ်ပါသည်။

 
ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေးအတွက် ဖြေရှင်းရန် အချက်များမှာ ...

၁။ အာဆီယံ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယ တို့သည် မြန်မာနိုင်ငံ အတွက် စီးပွားရေးသာမက နိုင်ငံရေး မဟာမိတ်များဖြစ်ရန် ဆောင်ရွက်ရေး၊
၂။ နှောင်ကြိုးပါသော နိုင်ငံကြီးများ၏ အကူညီနှင့် ဘက်လိုက်သော ကုလ အဖွဲ့၏ အချို့သောအကူအညီ များကို ရှောင်ရှားရန်၊
၃။ မူဆလင်နိုင်ငံများ၏ ဖိအားများကို အလျှော့မပေးဘဲ မြန်မာပြည်ရင်ဆိုင်နေရသော ခိုးဝင်မှုပြဿနာ၊ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို နိုင်ငံတစ်ကာသိအောင် နည်းမျိုးစုံဖြင့် မီဒီယာတိုက်ပွဲ ဆင်နွှဲ နိုင်ရန်)၊
၎။ မြန်မာပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက်၊ ဖိအားမပေးသော စစ်မှန်သော မိတ်ဖက်နိုင်ငံများနှင့် စစ်ရေး မဟာမိတ်အဖြစ် တည်ဆောက်နိုင်ရေးတို့ အဓိကဖြစ်ပါသည်။



Monday, March 19, 2018

တိုင်းပြည် တိုးတက်ဖို့ ဦးနှောက် နဲ့ လျှပ်စစ်ရှိဖို့ပဲလိုတယ်


 
ဦးနှောက်ရှိဖို့ကိုတော့ အများကြီး မဆွေးနွေးလိုသဖြင့် လျှပ်စစ် လိုအပ်ချက်အကြောင်း ဆွေးနွေးမည်ဖြစ် သည်။ လက်ရှိ နိုင်ငံတကာမှာ လျှပ်စစ်စွမ်းအင်ကို နည်းလမ်း အမျိုးမျိုးနဲ့ ထုတ်ယူနေကြတယ်။ နေစွမ်းအင်၊ လေစွမ်းအင်တွေဆိုတာ ချမ်းသာတဲ့နိုင်ငံတွေမှာတောင် အပြည့်အ၀ မထုတ်နိုင်ဘူး။ ကုန်ကျစရိတ်ကြီးတော့ ထွက်လာတဲ့လျှပ်စစ်ကို ပြန်ရောင်းရတာ မကိုက်လို့။
 
ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေနဲ့ အလယ်လတ်နိုင်ငံတွေအနေနဲ့ ရေအားလျှပ်စစ်ကို နည်းမျိုးစုံ ထုတ်ယူကြပြီး နောက်ဆုံး ထုတ်စရာ ရေအားလျှပ်စစ်မရှိမှ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့ဘက်လှည့်ကြတယ်။ အလွန်အမင်း လျှပ်စစ် လိုအပ်တဲ့ လူနေသိပ်သည်းတဲ့ မြို့ကြီးတွေ၊ စက်မှုဇုန်တွေအတွက်မူ နျူကလီးယား စွမ်းအင်သုံးပြီး လျှပ်စစ်ထုတ်ကြတယ်။
 
မြန်မာနိုင်ငံမှာ ရေအားကနေ ထုတ်မယ်ဆိုရင် အများကြီး ရနိုင်ပါလျှက်နဲ့ မထုတ်နိုင်ဘဲ ဖြစ်နေတာ အဖြေ ရှာရမယ်။ အရင်းအနှီး မရှိတော့ အစိုးရက ဘတ်ဂျတ် မထုတ်ပေးနိုင်၊ ဖက်စပ် လုပ်ဖို့ တရုတ်နဲ့ ပေါင်းထုတ် တော့လည်း တရုတ်ရဲ့ စီမံကိန်းတွေကို ဖျက်လို့ ဖျက်စီး အနောက်ဥရောပ နဲ့ အမေရိကန် က ပေးစာ ကမ်းစာ ဒေါ်လာ ၅ သောင်းလောက်ရရုံနဲ့... ဒေသခံတွေက ကန့်ကွက်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ကြောင်း၊ စိုက်ပျိုးရေး ထိခိုက်ကြောင်း စသဖြင့် အသံစုံအော်ဖို့ သွေးထိုးကြတယ်။
 
တစ်ကယ်တော့ ဒေသခံ လူထုက ဘာမှ သဘာဝ ပတ်ဝန်းကျင်စိတ်မ၀င်စားဘူး။ သူတို့အတွက် ထိုက်သင့် တဲ့မြေယာလျော်ကြေး၊ အလုပ်အကိုင်ဖန်တီးပေးရင်ကို ကျေနပ်နေပြီ။ ဒေါ်လာ မစို့မပို့ ယူပြီး ကျွန်ခံချင်တဲ့ မြို့က သစ္စာဖောက်တွေကြောင့် ဘာစီမံကိန်းဖော်ဆောင်ဆောင် မအောင်မြင်ဘူး....
 
မြစ်ဆုံစီမံကိန်းကို သေချာဆန်းစစ် ... ကောင်းကျိုးကဘာ... ဆိုကျိုးကဘာ... နှစ်စဉ်ဧရာဝတီမြစ်က ဘေး ကို ပြဲကားလာပြီး မနက်တော့ဘူး။ ကမ်းပါးယံတွေ နှစ်စဉ်ပြိုလို့ မြန်မာပြည် အလယ်ပိုင်းက ပြည်သူတွေ အိမ်ခြေယာမဲ့ ဘ၀ပျက်ရတာတွေ ကို မကြည့်ဘူး။ လက်ရှိ အစိုးရမှာ မြစ်ကြောင်းထိန်းနိုင်တဲ့ ပညာ၊ ငွေ၊ မြေထိန်းနံရံတွေ ဧရာဝတီမြစ်တစ်လျှောက် ဆောက်ဖို့က လည်း မြစ်ဆုံဆောက်တာထက် ပိုအကုန်ကျ များမယ်။
 
 


Sunday, March 11, 2018

စွန့်စားမှုဆိုတဲ့ RISK



 
Risk ဆိုတဲ့ စွန့်စားမှုကို ဘယ်လိုမြင်လဲလို့မေးရင်....
" များများစွန့်စားရင် အကျိုးများများရပြီး
နည်းနည်းပဲစွန့်စားရင် အကျိုးနည်းနည်းပဲရတာပေါ့ "
..... ဖြေသူများတတ်ကြတယ် ။
 
ဘမောင် အယူအဆနဲ့ဆို အတော်ကွာသွားပါတယ် ။
" များများသိရင် နည်းနည်းပဲစွန့်စားရပြီး
နည်းနည်းပဲသိရင်တော့ စွန့်စားမှုကြီးတယ် "
စွန့်စားမှုဟာ သိခြင်း (ပညာ၊အတွေ့အကြုံ) နဲ့
ပြောင်းပြန်အချိုးကျတဲ့အရာပါ။
 
ဥပမာ....
စီးပွားရေးအကြောင်း တကယ်သိသူက စွန့်စားမှုနည်းပြီး
စီးပွားအကြောင်းတကယ်မသိသူက စွန့်စားမှုကြီးလှတယ်၊
နိုင်ငံရေးမှာလည်း ထို့အတူဖြစ်ပြီး စီမံခန့်ခွဲရေးမှာလဲ အလားတူပဲ၊
လူတွေဘာကြောင့်အောင်မြင်ကြသလဲ ?
မအောင်မြင်ကြသလဲ ? 
...... ဆိုတဲ့ ဖြတ်သန်းမှုနောက်ခံကိုကြည့်ရင် တွေ့ရပါလိမ့်မယ် ။
 
ဦးသန်းရွှေ အနေနဲ့ နိုင်ငံတစ်ကာဖိအားတွေကို
ရင်ဆိုင်ပြီး ၊ အရေးယူပိတ်ဆို့မှုတွေကြားက
မြန်မာနိုင်ငံကို ဘာကြောင့်အနှစ် (၂၀) လောက်
ထိမ်းသိမ်းပြီး ဦးဆောင်သွားနှိုင်သလဲဆိုတာ
" ကောင်းစွာသိခြင်း" ကြောင့်ဆိုတာတွေ့ရလိမ့်မယ် ။
 
ပါဝါသဘောသိခြင်း ၊
နိုင်ငံရေးသဘောသိခြင်း ၊
နိုင်ငံတစ်ကာကိုသိခြင်း ၊
အတိုက်အခံကိုကောင်းစွာသိခြင်း ၊
စီမံခန့်ခွဲမှုသဘောသိခြင်း ၊
အချိန်နဲ့ Timing ကိုသိခြင်း ၊
..... စတာတွေအပြင်
အနာဂါတ်ကိုပါ ကြိုတင်မြင်နိုင်တဲ့ အရည်အချင်းတွေကြောင့်ပဲ ။
 

Thursday, March 8, 2018

ရခိုင် အရေးကိစ္စနှင့် ပတ်သက်၍ ဗြိတိန် လွှတ်တော်အမတ်များ၏ လှုပ်ရှားဆောင်ရွက်မှုနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာကောင်စီအစည်းအဝေး၌ ဆုံးဖြတ်ခဲ့သော မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်



နေပြည်တော်၊ မတ် - ၆
၁။ ဥရောပသမဂ္ဂ(အီးယူ) အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သော ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ကောင်စီ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးမှ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်(Conclusion) အနေဖြင့် ဘင်္ဂါလီ ဒုက္ခသည်များအား ဆက်လက် အကူ အညီပေးရေး၊ မီဒီယာများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ Fact- Finding Mission အား လွတ်လပ်ခွင့်ပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်း သူနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ အခွင့်အာဏာဖြင့် ဆုံးဖြတ်ဆောင်ရွက်မှုကို လက်ခံနိုင်ရေး ၊ မြန်မာနိုင်ငံနှင့် ကာကွယ်ရေး ပူးပေါင်းဆောင် ရွက်မှုကို အနိမ့်ဆုံးသို့ လျှော့ချသွားရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် တာဝန်ရှိသော မြန်မာ့ တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများအား ဦးတည်၍ ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် အဆိုပြုလွှာ အမြန်ဆုံး တင်သွင်းရေး ဆုံးဖြတ် ခဲ့ကြောင်းတွေ့ရှိရသည်။
 
၂။ ထိုကဲ့သို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးကောင်စီအစည်းအဝေး၌ ၎င်းဆုံးဖြတ်ချက်မျိုး ထွက်လာစေရန် အ တွက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ရက်စွဲဖြင့် ဗြိတိန်အောက် လွှတ်တော်အမတ် Rushanara Ali ဦးဆောင်၍ အောက်လွှတ်တော်အမတ် ၁၀၂ ဦး တို့က မြန်မာ့တပ်မတော်ခေါင်းဆောင်များအား ရခိုင်ပြည်နယ်၊ ဘင်္ဂါလီ ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ ထပ်မံဖိအားပေး၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC)သို့လွှဲပြောင်းပေးရန် တိုက်တွန်းကြောင်း စာတစ်စောင်အား ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ထံသို့ပေးပို့ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်မည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးကောင်စီ အစည်း အဝေး၌ ထည့်သွင်းဆွေးနွေးရန် တောင်းဆိုခဲ့သည်။
 
၃။ ယင်းစာထဲ၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် မြန်မာ စစ်ဘက်က ရိုဟင်ဂျာ အရပ်သားများအား ထိုးစစ် ဆင်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၆၈၈,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း၊ ထိုကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာသော ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော် ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်းမှ အပတ်စဉ် ရိုဟင်ဂျာထောင်ပေါင်း များစွာ ထွက်ပြေးနေကြဆဲဖြစ်ကြောင်း၊ ရိုဟင်ဂျာတို့၏ ပိုင်ဆိုင်မှုများ ဖျက်ဆီးခံရခြင်း၊ အကြမ်းဖက် ခြိမ်းခြောက် ခံရခြင်း၊ ၎င်းတို့နေအိမ်များတွင် နေထိုင်၍ မရအောင်ဖိနှိပ်ခြင်း စသည့် သတင်းများ ထွက်ပေါ်နေကြောင်း စွပ်စွဲဖော်ပြထားသည်။

ထို့အပြင် ၂၀၁၇ ခုနှစ်က တစ်လ အတွင်း ကလေးသူငယ် ၇၃၀ အပါအဝင် ရိုဟင်ဂျာ ၇၀၀၀ နီးပါး သတ်ဖြတ်ခံရကြောင်း Medecins Sans Frontieres အဖွဲ့က ဖော်ပြသည့် အပြင် ၎င်းတို့ခန့်မှန်းသည် ထက်ပင် အရေအတွက် ပိုမိုများပြားနိုင်ကြောင်း၊ စစ်ဘက်နှင့် လုံခြုံရေးတပ်ဖွဲ့များ၊ စစ်ဘက်က ထောက် ကူပေးသော လူအုပ်များနှင့် ပြည်သူ့စစ်များက ရိုဟင်ဂျာ အမျိုးသမီး ထောင်ပေါင်း များစွာအား အဓမ္မပြု ကျင့်ခဲ့ကြောင်းလည်း စွပ်စွဲဖော်ပြထားသည်။