Saturday, October 18, 2014

နည်းပညာ များ တိုးတက် လာခြင်းကြောင့် လူ အများ ၏ အိုင်ကျု ရမှတ်များ လျော့ကျလာ

89986
နည်းပညာ ပို၍ တိုးတက် လာသည်နှင့် အမျှ လူတို့ ဥာဏ်ရည် လျော့ကျလာကြောင်း သိပ္ပံပညာ ရှင် များက သတိပေးခဲ့သည်။

သက်သေ အထောက် အထားများ အရ ဗြိတိန်၊ ဒိန်းမတ်နှင့် သြစ တြေး လျနိုင်ငံတို့မှ လူအများ ၏ အိုင်ကျူ  သည် လွန်ခဲ့သော ဆယ်စုနှစ် အတွင်း လျော့ကျ လာခဲ့ကြောင်း ဆိုကြသော်လည်း အချို့သုတေသီ များက ဆန့်ကျင်ဘက် ဖြစ်သော အမြင်ဖြင့် လူ သည် အသိဥာဏ်ပိုင်းတွင် အထွတ် အထိပ်သို့ ရောက်ရှိခဲ့ပြီဟု ယုံကြည် ယူဆ ထားသည်။


ဒိန်းမတ် လူ မျိုးယောက်ျားလေး များ စစ်တပ် ထဲတွင် တာဝန် ထမ်းဆောင်ရန် သင့် လျော်မှုရှိ၊ မရှိ IQ Test စမ်းသပ်မှု လုပ်ပြီး ဆုံးဖြတ်လေ့ ရှိရာ ၁၉၉၈ ခုနှစ် ကတည်းက ယောက်ျားလေး များ၏ အိုင်ကျူ  ရမှတ်များသည် ၁ ဒသမ ၅ မှတ် သို့ ကျဆင်း လာခဲ့ကြောင်း သိရသည်။


ဗြိတိန်နှင့် သြစတြေးလျ တို့တွင် အိုင်ကျူ  ရမှတ်များကို စံထား ၍ စမ်းသပ် စစ်ဆေးမှု များပြု လုပ်ခဲ့ ရာတွင်လည်း ဒိန်းမတ် မှ ရလဒ် မျိုးနှင့် အလားတူနေကြောင်း သိရသည်။ 

အဘယ် ကြောင့် လူများ အသိဥာဏ်ရည် များ လျော့ကျ လာရသနည်း ဟူသော အကြောင်း အရင်း ကို ရှာကြည့်သော အခါ လူတို့ ၏ အသိညဏ် သည် အထွတ်အထိပ် သို့ ရောက် ရှိ လာခဲ့ပြီ ဖြစ်၍ သာဟု အဖြေ ထွက်ခဲ့ သည်။

၁၉၃ဝ ပြည့်နှစ်နှင့် ၁၉၈ဝ ပြည့်နှစ်များ ကြားတွင် အမေရိကန် ပြည်ထောင်စု ၏ ပျမ်းမျှ အိုင် ကျူ အမှတ် မှာ ၃ မှတ် အထိ တက်လာခဲ့ သလို ဒုတိယ ကမ္ဘာစစ်ကြီး အလွန် ဂျပန်နှင့် ဒိန်း မတ် တို့ တွင်လည်း အိုင်ကျူ  တက်ခဲ့သည်။

ဤသို့ အသိဥာဏ် တိုးတက် လာမှုသည် လူသားများ ၏ လိုအပ်သော အာဟာရဓာတ် များ ပြည့် စုံကောင်းမွန် လာခြင်း၊ နေထိုင်မှု အခြေအနေ ကောင်းမွန်လာခြင်း၊ ပညာရေး ကောင်း မွန် လာခြင်းတို့ကြောင့် ဖြစ်ရသည် ဟု University of Otago rS James Flynn ကပြောသည်။ 

အဆိုပါ လူ များ တွင် အိုင်ကျူ  ရမှတ် များလျော့ကျ လာခြင်းဖြစ်စဉ် ကို ၎င်း ၏ အမည်ပေး ကာ Flynn Effect ဟု ခေါ် သည်။

ဤသို့ဖြစ်ရသည့် အကြောင်းအရင်း ကို ရှာကြည့် ရာတွင် ဥာဏ်ရည် ရှိသော အမျိုး သမီးများ သည် ဥာဏ်ရည် နည်းသော အမျိုး သမီးများထက် ကလေး လျှော့ယူကြသည်မှာ အိုင်ကျူ မှတ် များ လျော့ရခြင်း ၏ အကြောင်း တစ်ရပ်ဖြစ်နိုင်သည်ဟု သိရသည်။

 ”အဘယ် ကြောင့် ဆို လျှင် မိန်းကလေး တစ်ယောက် ရဲ့ အိုင်ကျူ  ရမှတ်များနဲ့ သားမွေးနိုင်တဲ့ အရည် အချင်း ဆက် စပ်မှု ရှိနေသည်” ဟု ဒေါက်တာ Nijenhuis u Huffington Post သတင်း စာတွင် ဖော်ပြ ခဲ့သည်။

ဒေါက်တာ Nijenhuis သည် ၁၈၈၄ ခုနှစ်နှင့် ၂ဝဝ၄ ခုနှစ် အကြား ဥာဏ်ရည်၊ဥာဏ်သွေး လေ့ လာ မှု ၁၄ ခုပြုလုပ် ခဲ့ပြီး ရလဒ် ကိုနိဂုံးချုပ် ကောက်ချက် ဆွဲခဲ့သည်။လေ့လာမှု တစ်ခုချင်းသည် လူများ၏ တုံ့ပြန်ချိန် ကို တိုင်းတာ ကြည့်သည်။ 

ဥပမာ မီးခလုတ် ကို မည်မျှမြန်မြန်နှိပ် သည် ဆိုသော အချိန်ကို တိုင်းတာ လေ့လာခြင်းဖြစ် သည်။ ယင်း တုံ့ပြန်ချိန် သည် စိတ်ပိုင်း အလုပ်ချိန် အမြန်နှုန်းဖြစ်၍ ဥာဏ်ရည်၊ ဥာဏ်သွေး ကို ရောင်ပြန် ဟပ်သည်ဟု သိရသည်။ 

၁၉ ရာစု ခေတ်နောက်ပိုင်း တွင် မြန်ဆန်စွာ တုံ့ပြန် ချိန်သည် ပျမ်းမျှ ၁၉၄ မီလီ စက္ကန့်ရှိ ခဲ့ ကြောင်းနှင့် ၂ဝဝ၄ ခုနှစ်တွင် တုံ့ပြန်ချိန် သည် ၂၇၅ မီလီ စက္ကန့်အထိ ပိုကြာ လာ ကြောင်း တွေ့ ရသည်။

အဓိပ္ပာယ် မှာ လူများ အသိဥာဏ်ရည်လျော့ကျလာခြင်း ကို ပြခြင်းဖြစ်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံ များတွင် လူသား များ အိုင်ကျူ  ရမှတ်များ လျော့ကျလာခြင်း ဖြစ်စဉ်ဖြစ်သော Flynn Effect နိဂုံးချုပ်ရန်စနေပြီဟု ပညာရှင်များက ယုံကြည်ထားကြသည်။ 

ပညာရေး ကောင်းမွန် မှုက လူသားများ အိုင်ကျူရမှတ် များလျော့ကျ လာခြင်းကို ပြောင်းပြန် လှန်နိုင် သည်ဟု ဒေါက်တာ Flynn က ယူဆသည်။

ပညာတတ်များ သည် ကလေး အနည်း ငယ် သာယူကြပြီး အသိဥာဏ် နိမ့်သူများက များများ ယူကြ သည်။ University of Ulster မှ စိတ်ပညာရှင် Richard Lynn က ၁၉၅ဝ ပြည့်နှစ်က ကမ္ဘာ့ ပျမ်းမျှ အိုင်ကျူ  ထက် ၂ဝဝဝ ပြည့်နှစ်တွင် အိုင်ကျူ  တစ်မှတ်လျော့ ကျသွားသည် ဟု ပြော သည်။

ပညာဥာဏ် လျင် မြန် သူများက မြန်ဆန် စွာတုံ့ပြန်ကြ ၍ ယခု ရာစုခေတ် တစ်လျှာက်လုံး လူများ ၏ တုံ့ပြန်ချိန် နှေးကွေး ခဲ့ကြောင်း ဆယ်စုနှစ် တစ်စု လျှင် အိုင်ကျူ  တစ်မှတ်နှုန်း လျော့ ကျ လာသည် ဟု ဒေါက်တာ Woodley ၏လေ့လာချက် အရ သိရသည်။ 

ယင်းအပြင် ဒေါက်တာ Woodley က အိုင်ကျူ  ကျလာသည် ဆိုလျှင်Flynn ပြီးဆုံး သွားပြီး လူ များ ပို၍ တုံး လာလေ၊ ကျန်းမာရေး စောင့်ရှောက် မှု ပိုကောင်း လာလေ နည်းပညာက လူများ ကလေး လျှော့ ယူကာ ပြဿ      နာများ သူ့ဘာသာ ပြေလည်သွား မည်ဟု ဆိုသည်။

၂ဝဝ၈ ခုနှစ် ဥာဏ်ကောင်းသော ဆယ်ကျာ်သက် များကို စမ်းသပ်ကြည့် ရာတွင် ၎င်းတို့ထက် ၂၈ နှစ်စောသော ဆယ်ကျော် သက် များထက် အိုင်ကျူ  ၆ မှတ်လျော့ နည်းနေကြောင်း သိရ သည်။

ယခုခေတ် လူငယ်များ သည် ယခင် ကလို စာဖတ်ခြင်းများ လျော့နည်း လာကာ ကွန်ပျူ တာ ဂိမ်း များကို သာ ပိုမို အားစိုက်ပြီး ကစား နေကြသည် ကို တွေ့နေကြရကြောင်း၊ ယင်း သည် လည်း အိုင်ကျူ  ရမှတ်များ လျော့ကျ လာခြင်း ၏ အကြောင်း တစ်ရပ် ဖြစ်သည်ကို သိရှိနိုင်ပါရန် တင်ပြ လိုက်ရ ပါသည်။ ။


သိပ္ပဟန်
Myawady
From...Search Myanmar

 

No comments:

Post a Comment