Showing posts with label မှော်ပညာ နှင့် ပြုစားခြင်း အတတ်ပညာများ. Show all posts
Showing posts with label မှော်ပညာ နှင့် ပြုစားခြင်း အတတ်ပညာများ. Show all posts

Saturday, January 14, 2017

ပြုစားခြင်း အတတ် အပါအ၀င် ပထမဆုံး မှော်ပညာ သင်တန်းကျောင်း ရန်ကုန်တွင် ဖွင့်လှစ်



အာဖရိကအောက်လမ်း ဗူးဒူး (Voodoo) ပညာရပ်နှင့် အရှေ့တိုင်း ရုပ်သွင်း နာမ်ထား ပညာရပ်များကို လူတိုင်း ၏ ကောင်းကျိုး အတွက် အသုံးပြုနိုင်ရန်နှင့် အန္တရာယ် ကာကွယ်နိုင်ရန် အတွက် သင် တန်း ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း Wizardry School of Myanmar မှော်ကျောင်းတော်  (မြန် မာပြည်) မှ ဆရာလင်းညှို့တာရာ က News Watch သို့ ပြောသည်။

အရုပ် အပ်စိုက်ခြင်း ဗူးဒူး ပညာရပ်သည် အများအားဖြင့် အောက်လမ်း ပညာဟု အယူ စွဲနေခြင်းကြောင့် ဂမ္ဘီရ မှော်ပညာ အမှန်တစ်ကယ် ရှိကြောင်းနှင့် အရုပ် အပ်စိုက်ခြင်းနှင့် ဗူးဒူး ဆိုင်ရာ အခြား ပညာ များသည် ကောင်းသည့် ဘက်တွင် အသုံးပြုနိုင်ကြောင်းနှင့် အဆိုပါ ပညာများကို လက်ဆင့် က မ်း သဘောဖြင့် သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


” လူ အများစုက ဗူးဒူး လို့ခေါ်တဲ့ ပညာရပ်ကိုအောက်လမ်း ပညာ လို့ အယူ စွဲနေတယ်။ ဒါက ပညာ ရပ် တစ်ခုပါ။ ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်နိုင်ပါတယ်။ သင်တန်း မှာတော့ မကောင်းတဲ့နည်းလမ်းကို သင်ပြတယ်။ သူ့ရဲ့ ဆိုးကျိုးတွေပါ ရှင်းပြတယ်။ လက်ရှိမှာ သင်ပေးနေတာ ကတော့ အာဖရိက မျိုးနွယ်စု ရဲ့ ဗူးဒူး ပညာရပ် နဲ့ အခြား ပညာရပ်တွေကို သင်ကြားပေးနေတယ်” ဟု ဆရာလင်းညှို့တာရာ က ပြောသည်။


ဗူးဒူး ပညာရပ် သည် မမြင်ရသည့် ၀ိညာဉ် များဖြင့် စီမံ လုပ်ကိုင် ရခြင်းဖြစ်သောကြောင့် စီမံမှု လုပ်ချိန် တွင် သက် သတ်လွတ်သာ စားသုံးရန် သင့်ပြီး အဆိုပါ ပညာဖြင့် သူတပါး ထိခိုက်နာကျင်မှု ကို နုတ် ယူနိုင်စွမ်း ရှိသော စီရင်ထုံး ပညာရပ် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြော ကြားခဲ့သည်။


”သင်တန်း ကို မှတ်ပုံတင်တော့ မတင်ရသေးဘူး။ အသေးစားဖြစ်နေလို့။ နောက်ပိုင်းမှာတော့ ဆောင်ရွက် သွားမှာပါ။ လုပ်တာကြာပါပြီ။ လာရောက် ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း နဲ့ အခြားပြဿ       နာတွေ မကြုံတွေ့သေးဘူး။ အုပ်ချုပ်ရေးမှူးး လည်း သိတယ်” ဟု ၎င်း က သင်တန်းဖွင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။