Tuesday, October 28, 2014

ဒေါ်ကန့်လန့်

 

 

ရွာ တစ်ရွာမှာဘဲ ဆိုပါတော့– ။ မိန်းမ လုပ်တဲ့ သူဟာ ယောင်္ကျား ရဲ့ စကားကို အမြဲတန်း ကန့် လန့်တိုက်တတ် တယ် ။
 

ဆန့်ကျင်ဘက် လုပ်တယ် ။ ယောင်္ကျား က အဖြူ    ဆိုရင် သူက မဲတယ် –။ မိန်းမ အထာ သိ တဲ့ယောင်္ကျား က ဘာ လုပ်ချင် လုပ်ချင် အမြဲဆန့်ကျင်ဘက် ကိုပြောမှ သူဖြစ်ချင်တာဖြစ် ရတယ်–

ဥပမာ – “ မိန်းမရေ ဒီနှစ် ဘုန်းကြီး ဆွမ်း မကပ်တော့ဘူး ကွာ “
“ အို ဘယ်ဖြစ်မလဲ — ဆွမ်းကပ် ကို ကပ်မယ် “
“ ဒါဆိုလဲ ကွာ – တစ်ပါးလောက် -အဖြစ် ကပ်လိုက်ပေါ့ “
“ဖြစ်မလား အနည်းဆုံး ငါးပါး ဘဲ –“
 


“အင်းလေ မင်း သဘောပါဘဲ – လူ ကိုတော့ အိမ်နီးချင်း ခေါင်းရင်း – ခြေရင်းလောက် ဘဲ ဖိတ်ပေါ့ “
“မရပါဘူး မိတ်ဆွေတွေ အားလုံး ကို ဖိတ်မယ် “ ဒီလိုဘဲ သူဖြစ်ချင် တာ ရဘို့ မိန်းမကို ဆန့်ကျင် ဘက်ပြောပြောနေ ရတာ ကြာတော့ငြီးငွေ့လာတယ် –


တစ်နေ့တော့ အခွင့်ကြုံ လာတယ် – သူနဲ့ သူ့မိန်းမ ဟာ ခရီးတစ်ခု သွားရင်း ရေစီးသန် တဲ့ချောင်း တစ်ခုကို အဖြတ် မှာ မိန်းမဖြစ်သူ ချေချော်ပြီး ရေစီး သန်တဲ့ချောင်းထဲ ကို ကျသွားတယ် ။

 ရေစီးနဲ့ အတူအောက်ဘက် ကိုမျောပါ သွားပြီး ကယ်ပါ ယူပါ အော်ဟစ် လျှက်ပေါ့ 

ယောင်္ကျားဖြစ်တဲ့ သူဟာ ရေစီး အတိုင်း မလိုက်ဘဲ ချောင်းအထက် ဘက်ကိုပြေးကာ “ မပူနဲ့ မိန်းမရေ ငါလာပြီ — ငါလာပြီ လို့ “အော်သတဲံ့  ။

မိန်းမ ဟာကံကောင်း လို့ သစ်ကိုင်း တစ်ခု ကို ဆွဲမိပြီး သူ့ဘာသာ ကမ်းပေါ်ကို တတ်လာနိုင် တယ် — နောက်ယောင်္ကျားလုပ်သူ ကို ရန်တွေ့တော့တယ်–
 

“ ဘယ်လို လုပ်တာလဲ မိန်းမ တစ်ယောက်လုံး ရေစီး အတိုင်းမျော သွားတာကို ချောင်းအပေါ် ဘက်ကို ဘာဖြစ်လို့ သွားတာလဲ “

“ ငါလဲ ပထမတော့ အဲသလို လိုက် ဘို့ ပါဘဲကွာ — ဒါပေမယ့် မင်းက အမြဲတန်း ဆန့်ကျင် ဘက် သမား ဆိုတော့ သူများတွေလို ရေစီး အတိုင်း မမျောဘဲ ရေဆန် အတိုင်း မျောလာမယ် ထင်လို့ ဟေ့ “

အဲဒီနေ့က စပြီး ဒေါ်ကန့်လန့် တစ်ယောက် ဆန့်ကျင်ဘက် မလုပ်ရဲတော့ ဘူးတဲ့ ။။


Credit: စပ်မိစပ်ရာ
From...Myanmar Latest News


 

No comments:

Post a Comment