Tuesday, August 30, 2016

မျိုးချစ် တေးဂီတ ပညာရှင်ကြီး သဟာယ ဆရာတင်



ခေတ်ဟောင်း တေးဂီတ ပညာရှင် ကြီးများထဲတွင် ၀ိုင်အမ်ဘီ ဆရာတင် နန်းတော်ရှေ့ ဆရာတင်၊ သဟာယ ဆရာတင် ဟူ၍ ထင်ရှားသူ သုံးဦး ရှိခဲ့ရာ  သဟာယ ဆရာတင် က အငယ်ဆုံး ဖြစ်ပါသည်။

ရန်ကုန် အရှေ့ပိုင်းရေ ကျော် ရှိ လူငယ်များဖြင့် ဖွဲ့စည်းထား သော  လူငယ်မြှင့်တင်ရေး သဟာယ အသင်းတွင် ပါဝင်သူဖြစ်သဖြင့် သဟာယ ဆရာတင် ဟု အမည်ထင်ရှား ခဲ့သည်။

နယ်ချဲ့အင်္ဂလိပ် တို့ လက်အောက် မှ လွတ်လပ်ရေး ရယူနိုင်ရန်အတွက် ကြိုးပမ်းကြ ရာတွင် သဟာယဆရာ တင် သည်လည်း ဂီတ ပညာဖြင့် တစ်တပ် တစ်အား ပါဝင်ခဲ့ပါသည်။

”ဗမာ့ လွတ်လပ်ရေး အတွက် တပ်မတော် ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊
တစ်ကယ်ပဲ အသက်နဲ့လဲလို့၊ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် ..
သူရဲကောင်း တဲ့ ဗိုလ်အောင်ဆန်း နဲ့အာဇာနည်တွေရယ် ၊

ငါတို့ ဗမာပြည် မိဘတိုင်း ကရယ်
ဗိုလ်အောင်ဆန်း လို သူရဲကောင်းတွေ မွေးရမယ် ..
ငါတို့ ဗမာပြည် မိဘ အပေါင်းကကွယ်
အာဇာနည် အစစ်တွေကို ရှိဖို့မွေးရမယ်"

'ရာဇ၀င် အတ္ထု ပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တဲ့၊
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်'။ စသည့် အပိုဒ် က ထို သီချင်းကို  အမြဲတစေ မှတ်မိနေခဲ့စေသည်။

'ဗမာ့ လွတ်လပ်ရေး' သီချင်း ၏ မူလ အမည်က 'ဗမာ့သူရဲကောင်း' ဖြစ်သည်။  ၁၉၄၂ ခုနှစ် အချိန်မှာပင် အဆိုတော် တက္ကသိုလ် မျိုးချစ် က ရန်ကုန်မြို့တော်ခန်းမ ၌ ပွဲဦးထွက် အနေဖြင့် ပရိသတ်ကို သီဆိုပြခဲ့သည်။

'ဗမာ့ လွတ်လပ်ရေး သီချင်း' ပေါ်ထွက်လာစေရန် စည်းရုံးဆော်သြခဲ့သူမှာ ကာယဗလ ဦးရှိန် ဖြစ်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှု  တိုက်ပွဲကာလ အတွင်း တပ်သားသစ် များစွာကို ထို သီချင်းဖြင့်  စည်းရုံးနိုင် ခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ် ၏ လွတ်လပ်ရေး ကြိုးပမ်းမှု ကို ပမာတင်၍ ရဲစိတ်သွင်း ခဲ့သော သီချင်းဖြစ်သည်။

ဇာတိသွေး ဇာတိမာန် တက်ကြွစေသော  ဗမာ့သားကောင်းသီချင်းကို ရေးဖွဲ့ခဲ့သူ မှာ ဂီတ ပညာရှင်ကြီး
သဟာယ ဆရာ တင်ပင်ဖြစ်ပါသည်။


သဟာယ ဆရာတင် ၏ အတ္ထုပ္ပတ္တိ

သဟာယ ဆရာတင် ကို ၁၁ ဇွန် ၁၉၁၀ပြည့်နှစ်တွင် ပြည်မြို့ ပွဲစား တန်းရပ်၌  ပွဲစားကြီး ဦးဖိုးလူနှင့်ဒေါ် ဒေါ်အုန်း တို့က ဖွားမြင်ခဲ့သည်။ ငယ်စဉ်ကပြည်မြို့ ဟိုက်စကူးကျောင်း တွင် ပညာ ဆည်းပူး ခဲ့ပြီး ခုနစ်တန်း အထိ အောင်မြင်ခဲ့သည်။

ဆရာတင် သည် ငယ်စဉ်ကပင် ဂီတပညာ ကို ၀ါသနာ ပါသူဖြစ်၏။  မိဘများက မနှစ်သက် သဖြင့်ကျောင်း  ပိတ်ရက် တွင် သူငယ်ချင်းများနှင့် အတူ ရန်ကုန် သို့ သွားရောက် လည်ပတ်ခဲ့ရာ သုံးနှစ် ခန့်ပင်ကြာမြင့်ခဲ့သဖြင့် မိဘများ စိတ် ပူကြရသည်။

ရန်ကုန် အင်္ဂလိပ်မက် သဒစ်ကျောင်းတွင် ကျောင်းဆက် လက်နေဖြစ် ခဲ့သော်လည်း ရေကျော် သဟာယ   အသင်း ၌သာ အချိန်ကုန် နေတတ်လေသည်။  တစ်ကြိမ်တွင် အားကစားပွဲ ၌ သဟာယ အသင်း  အ နိုင်ရ၍ ယူနီဗာစီတီမြသန်းကြည် အငြိမ့်ဖြင့် ကပြဖျော်ဖြေခဲ့ရာ မောင်တင် က သဟာယ အသင်း အကြောင်းကို အခြေခံလျက် သီချင်းတစ်ပုဒ်ရေး ဖွဲ့ခဲ့သည်။ ထို့နောက် မောင်တင် ကျောင်းဆက်မနေတော့ဘဲ သီချင်း ရေးဆရာတစ်ဦး ဖြစ်လာခဲ့သည်။



အာရှလူငယ် အစည်းအရုံး

ဂျပန်ခေတ်ကာလ အတွင်း ၂၇ ဇွန် ၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့ ဗဟန်းရပ် ဘောင်ဒရီလမ်း၊ စက်မှု လက်မှုကျောင်းနေရာ၌ အာရှလူငယ် အစည်းအရုံး ကို ဖွဲ့စည်းခဲ့သည်။ ဂျပန် စစ်တပ်မှ လူငယ် အချို့နှင့် မြန်မာ လူငယ် အချို့ ပူးပေါင်းကာ အရှေ့အာရှတိုက် သာတူညီမျကောင်းစားရေး ၀ါဒ ကို အကောင် အထည်ဖော်ရန် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး နာမည် အပြည့်အစုံမှာ အရှေ့အာရှ တိုက် လူငယ်များ အစည်းအရုံး ဖြစ်ပါသည်။

ဂျပန် စစ်တပ် ပညာရေးနှင့် ၀ါဒ ဖြန့်ချိရေးဌာန မှ t r e n g t h o fဲ  စာအုပ်ကိုပေးအပ်ခဲ့ရာ သခင်ဘသောင်း က မြန်မာ ဘာသာပြန်ဆိုပြီး အာရှလူငယ် သင်တန်း၌ ပို့ချပေးပါသည်။ ထိုစဉ် သီချင်းတစ်ပုဒ်ရေး၍ ၀ါဒဖြန့် ချိရလျင် ပိုမို ထိရောက်နိုင်မည်ဟု တွေးဆမိခဲ့ကြသည်။

အာရှလူငယ် အမှတ်(၁) အာရှလူငယ် အစည်းအရုံးမှ အမှုဆောင်များ  စုပေါင်း ဆုံးဖြတ်ကြ ပြီး နောက် ကန်တော်မိတ် ကွက်သစ် နေ သဟာယ ဆရာတင် အား အာရှ လူငယ် အစည်းအရုံး သို့ဖိတ်ခေါ်ကာ ဥက္ကဋ္ဌ ဦးဘဂျမ်းနှင့် အမှုဆောင်များ က ရှင်းလင်းပြောကြားကြပါသည်။  ယင်းနောက် သဟာယဆရာတင် ၏ ကြိုးပမ်း အားထုတ် စပ်ဆိုမှုဖြင့်  အာ ရှ လူငယ် အမှတ် (၁) သီချင်းပေါ်ထွက် လာခဲ့သည်။ 

” ရာဇ၀င်တွင် ထင်ရှား အောင်ကွယ်၊ လူငယ်တွေကြိုးစား မောင်မယ်”  စသည်ဖြင့် လူငယ် များ က သံပြိုင် သီဆိုကြပြီး ဂီတပညာရှင် များက  ဘင်ဂျို  မယ်ဒလင် များဖြင့် တီးခတ်ပေးခဲ့ကြသည်။

ဒေါက်တာ သန်းထွန်း ပြောသည့် မြန်မာတို့ အတွက် ပုဂံ ယဉ်ကျေးမှုရှေးဟောင်း နယ်မြေ





မြန်မာနိုင်ငံသားတိုင်း ပုဂံ အကြောင်း ကောင်းကောင်း သိထား သင့်ပေသည်။ မှန်နန်းရာဇဝင် ထဲက ပုဂံတော့ မဟုတ်။ ဘုရား သမိုင်း အထွေထွေ မှ ပုဂံ လည်း မဟုတ်။ သို့ဆိုလျှင် အဘယ်နည်း ။ မြန်မာ တို့၏ အထင်ကရ ကျက်သရေဆောင် နယ်မြေ ဖြစ်ခဲ့သော ပုဂံ ဒေသ ကို အစစ်ဆေးခံ၊ မှတ်ကျောက်တင်ခံ၊ အထောက် အ ထားနှင့် တစ်ကွဖြစ်သော ပုဂံ အား ရှေးဟောင်းသုတေသန ကလောင်ဖြင့် မှတ်တမ်းတင် ထားလျက်ရှိသော နောက်ထပ် ရှုထောင့် တစ်မျိုးနှင့် ပုဂံ အား တင်ပြလိုက်ရပေသည်။ 

(က) ပုဂံ ဆိုတာ ။
ပုဂံ ဟူသော အမည် နာမကား မြန်မာ အမည် မဟုတ်ပေ။ ပျူ   အမည် ဖြစ်ပေသည်။ အဓိပ္ပါယ်ကား ပျူ  တည်ထောင်သော ရွာ / ခံမြို့ ဖြစ်ပါသည်။ ဟံလင်း အစရှိသော အထက်ပိုင်း ပျူနှင့် ပြည် အစရှိတဲ့ အောက်  ပိုင်း ပျူတွေ ရဲ့ ဆက်သွယ်ရေး လမ်းကြောင်းမှာ အလယ်က စခန်းတစ်ထောက် အဖြစ် ပျူ  ဝတ် (Phyu vatsu) ပျူ  ဂါမ (Phyugama) က ပုဂံ ဖြစ်လာတယ် ဆိုတာ လည်းဖြစ်နိုင်ချေရှိပါသည်။ 

တည်ထောင်သော လူမျိုး ကို အစွဲပြုပြီး ပျူ  ဂါမ ဟုခေါ်ခြင်းဖြစ်ပေမည်။ အားလုံး ၏ အလယ်  ဗဟို လည်းဖြစ် ၍ တစ်ကြောင်း၊ နယ် အသီးသီးသို့ ဆက်သွယ်ရေး လွယ်ကူ စေသော ရေကြောင်း တည်ရှိရာ ဧရာဝတီ မြစ်ကြီး အပေါ် တည်ရှိနေ၍ သော် တစ်ကြောင်း၊ ခံမြို့လည်းဖြစ်၍သော်တစ်ကြောင်း ဖြင့် ပုဂံ ကို မင်းနေပြည်တော် မင်းကြီး တည်ရှိရာ ဗဟို အုပ်ချုပ်ရေး မဏ္ဍလ (အဝန်း အဝိုင်း) အဖြစ်သတ်မှတ် ခဲ့သည်။ 

ဤသို့ သတ်မှတ်ရာ မြန်မာ တို့၏ အုပ်ချုပ်ရေး ဗဟိုဌာန အနေသို့ အချိန် ကာလ အားဖြင့် ခရစ်နှစ် ကိုးရာစုနှောင်းခန့် မှ စတင်သတ် မှတ်ခြင်း ဖြစ်နိုင်ပေ သည်။ ထိုအချိန်မှ စ၍ အိန္ဒိယတောင်ပိုင်းသား တို့မှ ပျူနိုင်ငံကို ဗြဟ္မဝတ္ထု ဟုခေါ်ဆိုရာမှ ပုဂံ ပြည် ရှိ မြန်မာ တို့သည် ဗြဟ္မ လူမျိုး ဟု ခံယူခဲ့ ပုံရပါသည်။ 

(ခ) တည်ထောင်ပုံ။  
ပုဂံ သည်လည်း အခြားသောမြို့ပြ နိုင်ငံများကဲ့သို့ပင် မူလ ရွာ၊ ရွာ မှမြို့ ၊ မြို့မှ မင်းနေပြည်တော် ဖြစ်လာ မည်ဟု တွေးဆ မိပါသည်။ ပုဂံမြို့ ဟူ၍ စတင် တည်ရှိနေသည်မှာလည်း ခရစ်နှစ် အစောပိုင်း ကာလလောက်ဟု ခန့်မှန်းရပေသည်။

ပျူ  လူမျိုးများ ခရစ်မပေါ်မီ အနှစ် နှစ်ရာခန့် ကာလက မြန်မာနိုင်ငံ ဟု ခေါ်တွင်မည်ဖြစ်သော ဒေသ ကို ဝင်ရောက်နေထိုင်လျက် ရှိရာမှ ပျူဒေသ သုံးဆယ့်နှစ်ဒေသ တွင် ပုဂံ လည်း အပါအဝင်ဖြစ်ပေသည်။ တမ္ဗဒီပ ဟု အစောပိုင်း တွင် အမည်ရခဲ့ သော ပုဂံ ကို အကြီးကျယ်ဆုံးသော မင်းနေပြည် အဖြစ်သို့ ရောက်ရှိစေ သောသူမှာ အနိရုဒ္ဓါ မင်းပင်ဖြစ်သည်။ 

မည်သူ တည်ထောင်သည် ဘယ် မင်းဆက်က စသည်ကို အပြော ခက် ( အထောက် အထား မတွေ့ဖြစ် ) နေ၍ အနိရုဒ္ဓမင်း မှသာ စပြောလျှင် သင့်ပေမည် ။ ပုဂံ သည် (၂၀ံ ၁၀ ' မြောက်လတ္တီတွဒ်၊ ၉၄ံ ၅၅ ' အရှေ့လောင် ဂျီတွဒ် ) အတွင်း တည်ရှိသည်။ မင်းပိုင်နက် စုစုပေါင်းသည် အစဦး ပထမ တမ္ဗဒီပ ၌ မြစ်သာ တစ်ဆယ့် တစ် ခရိုင်နှင့် မင်းဘူး ခြောက်ခရိုင် အပါအဝင်ဖြစ်သည်။

 တောင်ပိုင်း တွင် တောင်တွင်းထိ၊ ဧရာဝတီမြစ်ကြောင်း အတိုင်း မိကျောင်းရဲ အောက်၊ ပြည်တော်သာကျွန်းအထိ အပါအဝင် ဖြစ်၍၊ မြောက်ပိုင်းတွင် ဧရာဝတီ-မြစ်ငယ် ဆုံရာ တောင်ပြုန်း အထိသာ ကျယ်ဝန်းသည်။ဆယ်ရေသောက် လယ်ဧက ကို ခရိုင်(န်) ၊ ထို မှ တိုက် သို့ကြီးကျယ် လာရာမှ တိုက်ခရိုန်ထက် တိုးတက် လာပြီး နိုင်ငံ ထူထောင်ရန် အခွင့် သာလာခဲ့သည်။ 

လူအား၊ စီးပွားရေး အင်အား တောင့်တင်းပြည့်စုံ လာ၍ အနုရုဒ္ဓါ မင်း လက်ထက်တွင် ပုဂံ သည် မြန်မာ လက်နက်နိုင်ငံ ၏ အချက် အခြာ မဏ္ဍိုင်ဖြစ်လာ ပေသည်။ ထိုမင်းကို ဆက်ခံသော ဝဇြာဘရဏ(စောလူး) လက်ထက် တွင် ပုဂံ ၏သြဇာ အာဏာမှာ ဘိတ်( မြိတ်) အထိ သို့ရောက်နေသည် ကို ၎င်းဘွဲ့ အမည်နှင့် မြေပုံ ဘုရား မြိတ်တွင် တွေ့ရှိရခြင်းမှ သိနိုင်ပေသည်။ 

ဒုတိယ စည်သူ လက်ထက်တွင် နိုင်ငံသည် မြောက်ဘက်တွင် တကောင်းနှင့် ငဆောင်ချန် ၊ တောင်ဘက် တွင် တလိုင်သရိယ် ( တနသာင်္ရီ )၊ ထဝယ် (ထားဝယ်) နှင့် သလင်ကြေ (Junk Ceylon, Cape Salang)၊ အနောက်ဘက် တွင် မစ္ဆကီရိတောင် ၊ အရှေ့ဘက်တွင် သံလွင်မြစ် အ ထိကျယ် ပြန့် လျက် ရှိသည်။ 


Friday, August 26, 2016

မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင် တစ်ခု ထပ်မံ လှုပ်နိုင်ကြောင်း ထိုင်းပညာရှင်တစ်ဦး သတိပေး



အင်အားပြင်း ငလျင်ကြောင့် ပျက်စီးပြိုကျသွားသည့် ပုဂံမြို့ရှိ စေတီ၊ ပုထိုးများနှင့် လာရောက် ဖူးမြော်နေသူအချို့ ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)) 

 သြဂုတ် ၂၄ ရက် ငလျင် အပြီးတွင် မြန်မာနိုင်ငံ၌ နောက် ထပ် အနည်းဆုံး ရစ်ခ်ျတာစကေး ၇ ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေရှိကြောင်း ထိုင်း နိုင်ငံမှ ဝါရင့်ဘူမိဗေဒပညာရှင် ဆူဝစ်ခိုဆူဝမ်က သတိပေးပြော ကြားလိုက်သည်။

အဆိုပါ ငလျင်သည် အနည်း ဆုံးပြင်းအား ရစ်ခ်ျတာစကေး ၇ အထိ ရှိနိုင်ကြောင်း ဆူဝစ်ခိုဆူ ဝမ်က ဆို  သည်။ ဩဂုတ် ၂၄ ရက် ငလျင်ကမူ ပြင်းအား ရစ်ခ်ျတာ စ ကေး ၆ ဒသမ ၈ ရှိခဲ့သည်။ ငလျင်ကြီး တစ်ခုအပြီးတွင် နောက်ဆက်တွဲ ငလျင်ငယ်များလည်း ဆက်လှုပ်နိုင်ရာ ထိုင်းနိုင်ငံ  ၏ သတ္တုသယံဇာတ ဌာနက နောက်ဆက် တွဲ ငလျင်ငယ်များ ထိုင်းဘက်တွင်  သက်ရောက် ခံစားရနိုင်ကြောင်း ကြေညာထားသည်။
အဆိုပါ နောက်ဆက်တွဲ ငလျင်ငယ်များနှင့် ဆက်စပ်မှု မရှိဘဲ သီးခြားအင်အားကြီး ငလျင်ကြီး တစ်ခု လှုပ်နိုင်ကြောင်း ဆူဝစ် က မှတ်ချက်ပေးခဲ့သည်။ ဆူဝစ် သည် ယင်း ဌာန၏ ပြတ်ရွေ့များ လှုပ်ရှားနိုးကြားမှုဆိုင်ရာ စောင့်ကြည့်မှု ဌာနခွဲ၏ အကြီးအကဲလည်း ဖြစ် သည်။
အကယ်၍ ထိုကဲ့သို့ အင်အားပြင်းထန်သော ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပါက မြန်မာနိုင်ငံ ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်း ဘက်တွင်ပါ သက်ရောက် ခံစားရနိုင်ကြောင်း ၎င်းက ဆိုသည်။ အထူးသဖြင့် ဘန်ကောက်မြို့တော်ရှိ အထပ်မြင့် တိုက်တာများ၊ မြောက် ပိုင်းဒေသများဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင်၊ မဲဟောင်ဆွန်နှင့် တက်ခ် ဒေသများတွင် သိသာသည့် သက် ရောက်မှုရှိနိုင်ကြောင်း ဆူဝစ်က သတိပေးသည်။
ထိုင်း ဘူမိဗေဒ ပညာရှင်များသည် ဩဂုတ် ၂၄ ရက် ငလျင်ကိုဖြစ်ပေါ်စေသည့် အာရကန် ပြတ်ရွေ့ကြောနှင့် ပတ်သက်၍ အလေး အနက် စောင့်ကြည့်နေသည်။ ငလျင် နောက်ဆက်တွဲအဖြစ် ရစ်ခ်ျတာစကေး ၅ ဒသမ ၁ မှ ၆ အတွင်းရှိ နောက်ဆက်တွဲ ငလျင်ငယ် မျိုးလှုပ်လာနိုင်ကြောင်း ဆူဝစ်က ပြောကြားထားသည်။
ထိုငလျင်မတိုင်မီ အားနည်း သည့် ရှေ့ပြေး ငလျင်ငယ် သုံးခု လှုပ်ခတ်ခဲ့ပြီး ငလျင်ကြီး အပြီး နောက်ဆက်တွဲ ငလျင်ငယ်များ မဖြစ်ပေါ်သေးသည်မှာ ထူးဆန်းနေကြောင်းလည်း ဩဂုတ် ၂၅ ရက်တွင် ဆူဝစ် က မှတ်ချက်ပေးခဲ့ သည်။ သတ္တု သယံဇာတဌာန ညွှန်ကြားရေးမှူး မောင်ထရီးလျူအန် အင်တတ်ဆု က ထိုင်းမြောက်ပိုင်း တွင် မြေအောက်လွှာ လှုပ်ရှားမှု များကို အာဏာပိုင်များ က နိုးနိုးကြားကြားစောင့်ကြည့်နေကြောင်း အတည်ပြုခဲ့သည်။
နောက်ဆက်တွဲ  ငလျင်ငယ်များ မလှုပ်ခတ်ခြင်းနှင့် ပတ်သက်၍  ဘူမိဗေဒပညာရှင်  ဒေါက် တာကျော်ထွန်းကလည်း ‘‘အဲဒီလောက်ပြင်းတဲ့ ငလျင်လှုပ်ရင် နောက်ဆက်တွဲ လာကို လာရမယ်။ အခုက မလာဘူး ဆိုတာကို အံ့သြနေတာ။ ကျွန်တော်တို့ ပညာရှင်ချင်းပြောဆိုနေကြတာလည်း အဲဒီအကြောင်းပဲ။ 
အခု နောက်ဆက်တွဲ မလာသေးဘူး ဆိုတော့ အကြီးကြီး လာဖို့ ရှေ့ပြေး လာတာလားပေါ့။ ပညာရှင်တွေက ဒီလိုပဲ စဉ်းစားကြမှာပဲလေ။ သူတို့လည်း ဒါကို စိုးရိမ်ကြတာ။ အကယ်၍ နောက်ထပ် လှုပ်မယ်ဆို ဘယ်မှာ လှုပ်မလဲပေါ့။ အားလုံး သံသယရှိနေတာက ဘင်္ဂလားပင်လယ်အော်ထဲမှာ အိန္ဒိယ မြေထုချပ် နဲ့ မြန်မာမြေထုချပ် ဆုံတဲ့ နေရာ။ အဲဒီနေရာသာ လှုပ်ခဲ့ရင် ဆူနာမီ ကြောက်ရတယ်။ ရခိုင် ကမ်းရိုးတန်း အတွက် သတိထားရမယ်’’ဟု ဆိုသည်။

Thursday, August 25, 2016

အင်အားပြင်း ငလျင်ကြောင့် အနည်းဆုံး လူသုံးဦး သေဆုံး၊ ပုဂံ ရှေးဟောင်းစေတီ ပုထိုး ၁၈၀ ကျော် ထိခိုက်ပျက်စီး



ငလျင် လှုပ်ပြီးနောက် စူဠာမဏိစေတီတော် ကို ဖူးတွေ့ရစဉ် (ဓာတ်ပုံ − နိုင်ထွန်းဝင်း) 

 ယမန်နေ့ညနေပိုင်း က အင်အားပြင်း ငလျင် လှုပ်ခတ်မှု ကြောင့် ည ၁၂ နာရီ အထိ ရရှိသော သတင်းများအရ လူသုံးဦး သေဆုံးပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသရှိ စေတီ ပုထိုး ၁၈၆ ဆူ အပါအ၀င် နိုင်ငံတစ်ဝန်းရှိ စေတီပုထိုး ပေါင်း ၂၃၀ ကျော် ထိခိုက် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၄ရက် ညနေ ၅နာ ရီ ၅မိနစ် က မကွေးတိုင်းဒေသ ကြီး ချောက်မြို့ ၏ အနောက်ဘက် ၁၂  မိုင် ခန့်အကွာ ကို ဗဟိုပြု၍ အင် အားရစ်ခ်ျတာ စကေး ၆ ဒသမ ၈  အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်   လှုပ် ခတ်ခဲ့ကြောင်း မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်သည်။


                               ငလျင်လှုပ်နေစဉ် တွေ့ရသည့် စူဠာမဏိစေတီတော် (ဓာတ်ပုံ − MOI/EPA)

မြေငလျင် လှုပ်ခတ်သည်ကိုမြန်မာနိုင်ငံ ဒေသ အနှံ့အပြားတွင် ခံစားခဲ့ရပြီး ပြည်တွင်း၌ လူသုံးများသော    ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်  စာမျက်နှာများတွင် ဒေသအသီးသီး ၌ ငလျင် လှုပ်ခတ်သည့် သတင်းနှင့် ဓာတ်ပုံများ မိနစ်ပိုင်း အတွင်း ပျံ့နှံခဲ့သည်။
ယမန်နေ့ညပိုင်း အထိ ရရှိသောစာရင်းများ အရ  ရေနံချောင်းမြို့တွင် လူနှစ်ဦး  ၊ ပခုက္ကူမြို့တွင် လူ  တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနညွှန်          ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင် က ပြောသည်။
 ပုဂံဒေသ ရှိ ရှေးဟောင်းစေတီပုထိုး ၁၇၁ ဆူ ပြိုကျပျက်စီးခဲ့ကြောင်း လူ/ကယ်/ပြန် ၀န်ကြီးဌာန က ည ၈ နာရီခွဲ ၌ ရရှိသော စာရင်းကို ထုတ်ပြန်သည်။ သို့သော် ပြန်ကြားရေး ၀န်ကြီးဌာနက ည ၁၁ နာရီ ထုတ်ပြန်ချက်တွင် ပုဂံရှိ ရှေးဟောင်းစေတီပုထိုး ၁၈၆ ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် စလေ ဒေသရှိ စေတီပုထိုး ကိုးဆူ၊ မြောက်ဦးဒေသမှ ရတနာမာန်အောင်ဘုရား၊ ကိုးသောင်းပုထိုးတော် အရံစေတီနှင့် ရတနာပုံစေတီတော် တို့လည်း ထိခိုက်ပျက်စီးခဲ့သည်။ အလားတူ စစ်ကိုင်းဒေသရှိ စေတီပုထိုးနှင့် သာသနိက အဆောက်အအုံ ခုနစ်ခုလည်း ထိခိုက်ပျက်စီးခဲ့သည်။
ထို့အပြင် 7Day က ထပ်မံ ရရှိသော သတင်းများအရ တောင်သာမြို့နယ်တွင် စေတီ ၁၀ ဆူ၊ မကွေးတိုင်းရှိ ရေနံချောင်း၊ ပွင့်ဖြူ၊ မင်းလှ၊ ဆိပ်ဖြူမြို့နယ်တို့ရှိစေတီ ၁၃ ဆူ၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ရှိ စေတီတော်တစ်ဆူ ထိခိုက်ပျက်စီးခဲ့သည်။ ထို့ကြောင့်ကနဦး သတင်းများ အရပင် ပုဂံမြို့ရှိ ရှေးဟောင်းစေတီ ၁၈၆ ဆူ အပါအ၀င် နိုင်ငံတစ်ဝန်းရှိ စေတီ၊ ပုထိုးနှင့် သာသနိက အဆောက်  အအုံပေါင်း၂၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။
ယခုလှုပ်ခတ်ခဲ့သော ငလျင် သည် မကွေးတိုင်းဒေသကြီးချောက် မြို့အနီး ဗဟိုပြုခြင်းဖြစ်သော ကြောင့် ယင်းဒေသ ရှိ တုရင် တောင် ပြတ်ရွေ့ကြော လှုပ်ရှား ခြင်းဖြစ်နိုင်ကြောင်း ဘူမိဗေဒပ ညာရှင်များက ကနဦးသုံးသပ်ထားသည်။ ရခိုင်ပြည်နယ်နှင့် ထိ စပ်နေသော ပြတ်ရွေ့ကြော အချို့ လည်းဖြစ်နိုင်ကြောင်း သုံးသပ်နေ ပြီး သွားရောက်လေ့လာရန် စီစဉ် နေကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီမှ သတင်းရရှိသည်။

ကျပ် သိန်းတစ်သောင်း ပေးမယ့် ကျပ် ၅၀၀ တန်ထီ ၂၀၁၇ ဧပြီ ၁ ရက်မှာ ဖွင့်မယ်





အမြင့်ဆုံး ဆုငွေ ကျပ် သိန်းတစ်သောင်း ပေးမယ့် ကျပ် ၅၀၀ တန် ထီကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက် မှာ    စတင်  ဖွင့်လှစ်  သွားမယ်လို့ ပြည်တွင်း အခွန်များ ဦးစီးဌာန က အတည်ပြုလိုက်ပါတယ်။

အထူးဆုကြီး အနေ နဲ့ ဖွင့်လှစ်မယ့် ကျပ်သိန်း ၁၀၀၀၀ ဆု အပြင် ဒုတိယ ဆု ကျပ်သိန်း ၅၀၀၀ နဲ့ တတိယ ကျပ်သိန်း ၁၀၀၀ ဆုတွေ အပါအ၀င် အခြား ဆုမဲတွေကိုလည်း တိုးမြှင့် ဖွင့်လှစ်သွားမယ် လို့ ဘဏ္ဍာရေး     ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်မှာ ပြောကြားထားပါတယ်။

ကျပ် ၅၀၀ တန် ထီတွေ စတင်ရောင်းချတဲ့ အချိန်မှာ လက်ရှိရောင်းချနေတဲ့ ကျပ် ၂၀၀ တန် ထီ စနစ်ကိုလည်း ဖျက်သိမ်းမှာ မဟုတ်ဘဲ နောက်ပိုင်းမှာ ကျပ် ၂၀၀ တန် ထီကို စိတ်ဝင်စားတာ နည်းပါး လာရင် ဖျက်သိမ်းသွားမယ်လို့ သိရပါတယ်။


သီတဂူဆရာတော် ပုဂံ ကို ကြွရောက်ပြီး ငလျင်ဒဏ်ခံ ဘုရားတွေကို လှည့်လည်ကြည့်ရှု




သီတဂူ ဆရာတော်ကြီး ဒေါက်တာ ရှင်ဥာဏိဿ      ရ က ငလျင်ကြောင့် ပုဂံရှေးဟောင်းစေတီ ပုထိုးတွေ ပြိုကျ ပျက်စီးခဲ့လို့ စိတ်မကောင်းဖြစ်ခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာ စစ်ကိုင်းမြို့ ကနေ  ပုဂံ ကို ကြွရောက်ခဲ့ပြီး ဘုရားပုထိုးတွေ ကို လှည့်လည်ကြည့်ရှုခဲ့တယ် လို့ သိရပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြိုကျ ပျက်စီးခဲ့တဲ့ လောကနန္ဒာစေတီတော်ရဲ့ စိန်ဖူးတော် မြေခခဲ့တာကို ပြန်လည်ပြင်ဆင်ဖို့ အတွက် သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿ       ရ  က ကျပ်ငွေ သိန်းတစ်ရာ လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။

သီတဂူဆရာတော်ကြီး က ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့တဲ့ ဘုရားတွေ ရဲ့ အခြေအနေ  ကို လှည့်လည် ကြည့်ရှုခဲ့ကာ ပြုပြင်ဖို့ လိုအပ်တဲ့ ဘုရားတွေ ကို မွမ်းမံ သွားမယ်လို့ မိန့်ကြားခဲ့ပြီး   လောကနန္ဒာစေတီ   ကို ပြုပြင်ဖို့ အတွက် သိန်းတစ်ရာ  ကို အရင်ဆုံး လှူဒါန်း  ခဲ့တာဖြစ်ပါတယ်။

Tuesday, August 23, 2016

နာမည် ခေါ်သံကြားရင် သီချင်းသံ တိုးပေးမည့် နားကြပ် အမေဇုန် မူပိုင်ခွင့်တင်





            ဆူညံသော ၀န်းကျင် မျိုးတွင် နားကြပ် တပ်လိုက်ခြင်းဖြင့် နားအေး ပါးအေး နေခွင့်ရသည်။ အထူးသဖြင့် ဆူညံသံ ချေဖျက်ပေးသော နည်းပညာမြင့် နားကြပ်မျိုးဆို ပိုကောင်းသည်။

          သို့သော် မကောင်းတာ တစ်ချက်တော့ ရှိသည်။ ထို နားကြပ်များသည် ပတ်ဝန်းကျင် အသံ ကို တားဆီးပေး သဖြင့် မိမိ ၀န်းကျင်မှာ အန္တရာယ် တစ်ခုခု ကျရောက်လျှင် မသိဘဲ ဖြစ်နေတာမျိုး၊ ကိုယ့်ကို လှမ်းခေါ်တာ မကြားမိခြင်းမျိုး ဖြစ်တတ်သည်။

          ဒရုန်း များဖြင့် ကုန်စည် ပို့ဆောင်ဖို့ စီစဉ်ေ နသလို၊ အာကာသ ခရီးသွားလုပ်ငန်း အတွက်လည်း ဒုံးပျံ များ စမ်းသပ်လျက် ရှိသော အွန်လိုင်း လက်လီ အရောင်းလုပ်ငန်း အမေဇုန် သည် လူသုံးကုန် နားကြပ်ကိုလည်း ပိုကောင်းအောင် အဆင့်မြှင့်တင်ပေးဖို့ ကြိုးစားနေပြန်သည်။  

နားကြပ် ဖြင့်အသံများကို  တားဆီးပေးမည် ဖြစ်သော်လည်း မိမိကြားလိုသော အသံ ကိုမူ ကြားရအောင် ဖန်တီးပေးမည့် နည်းပညာကို အမေဇုန် က မူပိုင်ခွင့် ရရှိပြီ ဖြစ်သည်။

          ထို နည်းပညာကြောင့် ဆူညံသော ၀န်းကျင် တွင် ဘေးသံများ မကြားရအောင် နားကြပ်က ကာ    ကွယ်ပေးမည် ဖြစ်သလို၊ မိမိ နာမည် အပါအ၀င် မိမိ က ကြိုတင် သတ်မှတ်ပေးထားသော ကြားလိုသည့် အသံများ ၀င်လာလျှင်မူ နားကြပ် က ထို အသံကို တားဆီး ဖယ်ထုတ်ခြင်း မပြုဘဲ ကြားရအောင် ဖန်တီးပေးမည် ဖြစ်သည်။


       

ဖိလစ်ပိုင် တွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်



ဖိလစ်ပိုင်နိုင်ငံ တွင် မကြာသေးမီ လများ အတွင်း အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်            ခဲ့သောကြောင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း ကျဆင်းရေး လှုပ်ရှားသူများက အာဏာပိုင်များအား ကူးစက်   မှုနှုန်း ကျဆင်း  သွားရေး လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့ရကြောင်း သိရသည်။

          ဇွန်လ တစ်လတည်း မှာပင် အိပ်ခ်ျအိုင်ဗွီ ကူးစက်သူ (၈၄၁) ဦး အထိရှိခဲ့သည်။ ယင်းသည်             ဖိလစ်ပိုင်တွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုနှင့် ပတ်သက်၍ ပထမဆုံး စာရင်းကောက်ယူခဲ့သည့် ၁၉၈၄ ခုနှစ်      မှစပြီး၊ လ  အလိုက် ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း ဖိလစ်ပိုင်     ကျန်းမာရေး ၀န်ကြီးဌာန၏ စာရင်းအင်းများတွင် ဖော်ပြထားသည်။

          ကူးစက်မှု (၉၉) ရာခိုင်နှုန်း သို့မဟုတ် ဖြစ်ရပ် (၇၇၇)  ခုသည် လိင်  ဆက်ဆံရာမှ ကူးစက်             ခဲ့ခြင်းဖြစ်ပြီး၊ အများစုမှာ အမျိုးသား အချင်းချင်း လိင်     ဆက်ဆံရာမှ ကူးစက်ခြင်း ဖြစ်သည်။ ကူးစက်မှုသစ် (၆၀)  မှာ မူးယစ်ဆေး   သုံးစွဲရာမှ ဖြစ်ပြီး၊ ဖြစ်ရပ်လေးခုမှ မိခင်မှ ရင်သွေးသို့ ကူးစက်ခြင်း ဖြစ်သည်။

          ဖိလစ်ပိုင်တွင် အေ့ဒ်စ် ရောဂါ ဝေဒနာရှင်  များကို ခွဲခြား  ဆက်ဆံမှုများ ရှိနေဆဲ ဖြစ်သောကြောင့် အိပ်ခ်ျအိုင်ဗွီ ကူးစက် ခံထားရပါက လူမသိအောင်နေထိုင်မှုများ ရှိနေသဖြင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ    ဦးရေသည် ယခု  ထုတ်ပြန်သည့် ဦးရေထက် ပိုမိုများပြားနိုင်ကြောင်း အေ့ဒ်စ် ရောဂါရှင်များ အရေးလှုပ်ရှားလုပ်ဆောင်နေသည့် ပရဟိတ   အဖွဲ့ Project Red Ribbon မှ ဂျရဲဆန်တို့စ်  က ပြောဆိုခဲ့သည်။

          ယင်းကြောင့် အစိုးရသည် အိပ်ခ်ျအိုင်ဗွီ ကူးစက်ပုံ နည်းလမ်း များနှင့် ပတ်သက်ပြီး အများပြည်သူကို ပညာပေးမှုကို အရှိန်တိုးမြှင့် လုပ်ဆောင်သင့်ကြောင်း ဆန်တို့စ်က ပြောဆိုခဲ့သည်။


Saturday, August 20, 2016

ကာယကံ ဝစီကံ မနောကံ ကံသုံးပါး မှာ ဘယ် ကံ က အပြစ်ပိုကြီးသလဲ

Image may contain: one or more people


(တတ်နိုင်ရင် ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ အချက်အလက်လေးတွေဖြစ်တဲ့ အတွက် အများ ဖတ်ရအောင် ဓမ္မဒါန ကုသိုလ် အနေနဲ့ Share လုပ် ပြီး ကုသိုလ်ယူကြပါ )

*ကာယကံ ဆိုတာ ကိုယ်ဖြင့် ပြုလုပ်တဲ့ အကုသိုလ်ကံ ကို ဆိုလိုတယ်၊ အဲဒီကိုယ်ဖြင့် ပြုလုပ်တဲ့ အကုသိုလ်ကံဟာ -
(၁) ပါဏာတိပါတ = သူ့အသက်ကို သတ်တဲ့ကံ၊
(၂) အဒိန္နာဒါန =သူတစ်ပါးပစ္စည်းကို ခိုးယူတဲ့ကံ၊
(၃) ကာမေသုမိစ္ဆာစာရ = ကာမ မှု၌ မှားယွင်းစွာ ပြုကျင့်မိတဲ့ ကံရယ်လို့ သုံးပါးရှိတယ်။

*နှုတ်ဖြင့်ပြောမှား ဆိုမှားတဲ့ ကံ ကို ဝစီကံ လို့ခေါ်တယ်၊ အဲဒီနှုတ်ဖြင့် အပြောမှားတဲ့ ကံဟာ -
(၁) မုသာဝါဒ = လိမ်ပြောတဲ့ ကံ၊
(၂) ပိသုဏဝါစာ = သူတစ်ပါး အချစ်ပျက်အောင် ကုန်းတိုက်တဲ့ အကုသိုလ်ကံ၊
(၃) ဖရုသဝါစာ = ကြမ်းတမ်းစွာ ပြောဆိုဆဲရေးသော အကုသိုလ်ကံ၊
(၄) သမ္မပ္ပလာပ = ပြိန်ဖျင်းသော စကားကို ဆိုသော အကုသိုလ်ကံရယ် လို့လေးပါး ရှိတယ်။

*စိတ် မှာဖြစ်ပွားတဲ့ အကုသိုလ်ကံ ကို မနောကံ လို့ခေါ်တယ်၊ မနောကံ က -
(၁) အဘိဇ္ဈာ =သူ့ ပစ္စည်းဟာ ငါ့ ပစ္စည်းဖြစ်ပါတော့လို့ မတရား ရချင်တဲ့ အကုသိုလ်ကံ၊
(၂) ဗျာပါဒ =သူတစ်ပါး ပျက်စီးအောင်၊ သေအောင် ကြံစည်တဲ့ အကုသိုလ်ကံ၊
(၃) မိစ္ဆာဒိဋ္ဌိ =အယူအဆ မှားယွင်းတဲ့ အကုသိုလ်ကံရယ် လို့ သုံးပါးရှိတယ်။

ဒီ ၁၀-ပါးသော အကုသိုလ် ကံတရားကို အပါယ်ရောက်ကြောင်း လမ်းမကြီးနှင့် တူလို့ (အကုသလ ကမ္မပထတရား) လို့ ခေါ်တယ်၊ အကုသလ ကမ္မပထ ဆိုတာ အကုသိုလ်ကံတည်း ဟူသော အပါယ်သွား လမ်းမကြီးကို ဆိုလိုတယ်။

ဒီ လမ်းမကြိး ၁၀-ခု အနက် တစ်ခုခုပေါ် နင်းသွားမိလျှင် လမ်းမကြီး က ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါး ကိုညွှန်ပြနေသတဲ့၊ ဒါကြောင့် ဒီ ၁၀-ပါးသော အကုသိုလ်ကံ အနက် တစ်ကံကံ ကို လွန်ကျူးးမိလျှင် အပါယ်လမ်းက သေချာနေတယ်။

 ဒါကြောင့် အကုသလကမ္မပထ ၁၀-ပါး အပြစ်ငယ်တာရယ်လို့တော့ မရှိဘူး၊     သို့သော် ဒီ ၁၀-ပါး အနက် ဘယ်ကံ တရားဟာ အပြစ်အကြီးဆုံးလဲ လို့ တွက်ခဲ့လျှင် နောက်ဆုံး မိစ္ဆာဒိဋ္ဌိကံဟာ အပြစ်အကြီးဆုံး  ဖြစ်တယ်၊ ဒီအကြောင်းကို တွက်ပြပါဦးမယ်။

အကုသိုလ် ကံအတွင်းမှာ ဂရုကံ ဟာ အလေးဆုံးကံဖြစ်တယ်၊ ဂရုကံ ဆိုတာ (ပဉ္စာနန္တရိယကံ) ကို ခေါ်တာပဲ၊ ပဉ္စာနန္တရိယ ဆိုတာ ကွယ်လွန်သည် ၏ အခြားမဲ့မှာ ဧကန် အဝီစိ ငရဲကြီး ကျရောက်မည့်ကံ လို့ ဆိုလို  တယ်။

အဲဒီ အနန္တရိယကံ ဟာ ပဉ္စ ဆိုတဲ့ အတိုင်း ငါးပါး ရှိတယ်။
(၁) မာတုဃာတက = အမိ ကို သတ်သောကံ၊
(၂) ပိတုဃာတက = အဖ ကို သတ်သောကံ၊
(၃) အရဟန္တဃတက = ရဟန္တာ ကို သတ်သောကံ၊
(၄) လောဟိတုပ္ပါဒက = ဘုရားရှင် ကို သွေးစိမ်း တည်အောင် ပြုသောကံ၊
(၅) သံဃဘေဒက = သံဃာ ကွဲအောင် ပြုသောကံ၊

ဒီ ဂရုကံကြီး ငါးပါးလုံး ဟာ ကာယကံတွေ ချည်းပဲ၊ ဒါကြောင့် ကာယကံ အပြစ်ကြီးတယ်လို့ ဖြေစရာပေါ့၊ သို့သော်လည်း ကာယကံ သာ အပြစ်ကြီးတာ မဟုတ်ဘူး။

ဝစီကံ အတွင်းက မုသာဝါဒ ဆိုတာလည်း အလွန် အပြစ်ကြီးတယ်၊ အပြစ်ကြီးလွန်းလို့ ဘုရားအလောင်းများဟာ အခြား အကုသိုလ်များကိုသာ ကျူးလွန်ခဲ့တယ်၊ မုသာဝါဒကံ ကိုတော့ မကျူးလွန်ဘူး တဲ့ကွယ်၊ ဒါကြောင့် မဃဒေဝလင်္ကာသစ်မှာ “အကုသိုလ် မှာ မုသာဝါဒ၊ ကုသိုလ်မှားကား သစ္စာဝါစာလေးဆုံး သာတည့်” လို့ စပ်ဆိုထားတယ်။

ဒီ ကံတွေထက် အပြစ်အကြီးဆုံး ကတော့ မိစ္ဆာဒိဋ္ဌိကံ ပဲကွယ့်၊ မိစ္ဆာဒိဋ္ဌိ ဆိုတာ အယူအဆ မှားတာပေါ့၊ ကမ္မပထမြောက်တဲ့ မိစ္ဆာဒိဋ္ဌိကံ က ၁၀-ပါး ရှိတယ်၊ (ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ) လို့ ခေါ်တယ်။

အဲဒီ မိစ္ဆာဒိဋ္ဌိ ၁၀-ပါး က -
(၁) နတ္ထိ ဒိန္နံ =အလှူငယ်ပေးလှူ လို့ အကျိုးမရှိ၊
(၂) နတ္ထိ ယိဋ္ဌံ = အလှူကြီးပေးလှူလို့ အကျိုး မရှိ၊
(၃) နတ္ထိ ဟုတံ = ပူဇော်၍ အကျိုးမရှိ၊
(၄) နတ္ထိ ဖလံ ဝိပါကော = ကုသိုလ်ကံ၊ အကုသိုလ်ကံ မရှိ၊
(၅) နတ္ထိ အယံ လောကော = ဘဝတစ်ပါး မှ လာသူ မရှိ၊
(၆) နတ္ထိ ပရော လောကော = တမလွန်လောက မရှိ၊
(၇) နတ္ထိ မာတာ =မိခင် ၏ ကျေးဇူးမရှိ၊
(၈) နတ္ထိ ပိတာ =ဖခင် ၏ ကျေးဇူးမရှိ၊
(၉) နတ္ထိ သြပပါတိကာ = ဥပပတ်သတ္တဝါ မရှိ၊
(၁၀) နတ္ထိ သမဏဗြဟ္မဏ = ကိလေသာ ငြိမ်းအေးသော သမဏ ဗြဟ္မဏ ဟူ၍ မရှိ။
ဒီ အယူ၁၀-ပါး ကို ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ လို့ခေါ်တယ်။

ဒီ မိစ္ဆာဒိဋ္ဌိကြီး ဆယ်ပါးကို ကံ ၏ အကျိုး မရှိလို့ ပယ်တဲ့ အတွက်ကြောင့် နတ္ထိကဒိဋ္ဌိ လို့ ခေါ်တယ် ၊ကောင်းမှုပြုသော်လည်း ပြုသည် မမည်၊ မကောင်းမှု ပြုသော်လည်း ပြုသည် မမည် လို့ ကံကိုပယ်တဲ့အတွက်ကြောင့်အကြိယဒိဋ္ဌိ လို့လည်း ခေါ်ကြတယ်။


Monday, August 15, 2016

ရာသီခွင် (၁၂) ခု နဲ့ သူတို့ရဲ့ အချစ်ရေး



ရာသီခွင် တစ်ခုချင်းစီ မှာ အချစ်ရေး နဲ့ ပတ်သက်ပြီး မတူဘဲ ကွဲပြားနေတဲ့ အချက်လေးတွေ၊ စရိုက်        လေးတွေ နဲ့၊ အခြေ အနေ သဘောတရားတွေ ရှိပါတယ်။

မိဿ          (Aries)
အချစ်ရေး နဲ့ပတ်သက်ပြီး အရမ်း ခံစားချက်ပြင်းထန်တယ်။ စိတ် အတက်အကျ အပြောင်းအလဲလည်း မြန်တယ်။

ပြိဿ           (Taurus)
ရိုးရှင်းတဲ့ အမြင်ပဲ ရှိတယ်။ တစ်ယောက်ယောက် နဲ့ စိတ်ချင်း ဆက်နွယ်မှု ရှိတယ်လို့ခံစားရရင် ချစ်မိသွားဖို့လွယ်ကူတယ်။

မေထုန် (Gemini)
အပေါင်းအသင်း များတယ်။ ချစ်သူ ရှိရင်တောင် ချစ်သူကိုပေးစရာအချိန် မရှိသလောက်ဖြစ်နေမယ်။

ကရကဋ် (Cancer)
စိတ်ကူးယဉ် ဆန်တဲ့ အချစ်မျိုးပဲ လိုချင်တယ်။ ရိုမီယို နဲ့ ဂျူးလိယက် လို ရိုမန်တစ်ဆန်ဆန် ချစ်ချင်တယ်။
play


ဒီ လက္ခဏာတွေ ကို ဖတ်ပြီး မိမိ အိမ်ထောင်ရေး အကြောင်း ကြိုတင်ဟောကိန်း ထုတ်နိုင်



လက္ခဏာ ဖတ်ပြီး အဓိပ္ပါယ်ကောက် ဟောကိန်းထုတ်ခြင်း ကို ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်  ကျင့်သုံး ကြပြီး အိန္ဒိယ နက္ခတ်တ ဗေဒင် ပညာရပ်မှ စတင်ခဲ့တာ ဖြစ်ပါတယ်။      သူ့ရဲ့ ရည်ရွယ်ချက် မှာ လူ           တစ်ယောက် ရဲ့ ထူးခြားတဲ့ အရည်အချင်း ကို စစ်ဆေးဖို့ သို့မဟုတ် လက္ခဏာ ကို လေ့လာပြီး နိမိတ်ဖတ်ဖို့ ဖြစ်ပါတယ်။ 
ဒီ အိမ်ထောင်ရေး လမ်းကြောင်း ကိုယ့် ဘာသာ အဓိပ္ပါယ်ကောက် နိုင်ပါတယ်။ လိုအပ်တာက လက်နှစ်ခုကို ပူးထားပြီး အဲဒီမှာ ပေါ်တဲ့ အရစ် အကြောင်းတွေ အာရုံစူးစိုက် ကြည့်ရုံလေးသာ ဖြစ်ပါတယ်။
ဒီ လမ်းကြောင်းများ ရဲ့ အနက် အဓိပ္ပါယ်တွေမှာ
လမ်းကြောင်းတွေ အနိမ့်အမြင့် တူနေရင် သို့မဟုတ် ဆုံနေ လို့ရှိရင် သင်ဟာ နူးညံ့ကြင်နာသူ၊ ဆတ်ဆတ်ထိမခံသူ နဲ့ တည်ငြိမ်သူ ဖြစ်ပါတယ်။ အရမ်းပျော်ရွှင်မြူးတူးတတ်သူနဲ့ အဖော် မပြုလိုဘူး။ သင့် ခင်ပွန်း/ ဇနီးက သင့်မိသားစု နဲ့ သူငယ်ချင်းများ ကြည်ညိုလေးစားသောသူ ဖြစ်ပါလိမ့်မယ်။
ညာဘက်ရှိ လမ်းကြောင်းက ဘယ်ဘက် ထက် ပိုမြင့်နေရင် သင်ဟာ အမြော်အမြင်ရှိသူဖြစ်ပြီး လူကြီးတွေရဲ့ စိတ်ဝင်စားမှု ခံရသူဖြစ်ပါတယ်။ တစ်ခြားသူတွေ သင့် အကြောင်း ထင်မြင်ယူဆတဲ့ အရာကို သင်စိတ် မဝင်စားပါ။ ကိုယ်ဘာသာ ကြိုးစား ရုန်းကန်ရမယ်။ သင့်ထက် အသက်ကြီးသူနဲ့ အကြောင်းပါဖို့ အလား အလာ ၇၀% ရှိတယ်။

Sunday, August 14, 2016

လပြည့် ည သချိုင်း မှာ


       
     ''အသားနဲ့ ယူမလား၊ သက်သတ်လွတ် ယူမလား၊ ဆေးလိပ် ကြိုက်တတ်လား၊ လက်ဖက်ရည် ယူဦးမလား'' စသော စကား ပြောဆိုနေကြသူများသည် ထမင်းဆိုင် တစ်ဆိုင်၊   စားသောက်ဆိုင် တစ်ဆိုင်   တွင် မေးမြန်းနေကြခြင်း မဟုတ်ပါ။

          မန္တလေးမြို့အစွန်မှာ ရှိတဲ့ သုသာန် ထဲမှာ အသက် (၄၀) ကျော် အရွယ်ရှိတဲ့ အမျိုးသမီးသုံးဦး ပြောဆိုနေတဲ့ အသံတွေပဲ ဖြစ်ပါသည်။

          ဒါဟာ နှစ်စဉ် မပြတ် ကျင်းပပြုလုပ်လာတဲ့ မန္တလေးမြို့တော်ဘက် တောင်အင်း-မြောက်အင်း သုသာန် ထဲမှာ သီတင်းကျွတ် လပြည့်နေ့ ညနေ (၆း၀၀) အချိန် ကတည်းက   စပြီး ကျင်းပပြုလုပ်နေတဲ့      အကျွတ် အလွတ် ဒါနပြု အမျှဝေပွဲတော် ဖြစ်ပါတယ်။ အာဟာရ ဒါန အလှူရှင်တွေက လာရောက်ကြည့်ရှုသူ၊ သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေ ကို မေးမြန်းနေတာပဲ ဖြစ်ပါတယ်။

အကျွတ်အလွတ် ဒါနပြု  အမျှဝေ ပွဲတော် ဆိုပြီး ၁၉၆၉ ခုနှစ်က စတင်လို့ ချောက်မြို့ကနေ စတင်ပြုလုပ်ခဲ့ပြီး၊ ၁၉၈၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ၊ ၁၉၇၇ ခုနှစ်တွင် မန္တလေးမြို့တို့၌ ပထမဆုံး အကြိမ် အ ဖြစ်ကျင်းပ ပြုလုပ်လာခြင်း ဖြစ်သည်။

           အကျွတ် အလွတ် ပွဲတော်ကို သတင်းကျွတ် လပြည့်နေ့ည တွင်သာ ပြုလုပ်ပြီး၊ ဗုဒ္ဓဘာသာ လူမျိုးတို့၏ သက်ကြီး ရွယ်အိုများ ကို ပူဇော်ကန်တော့သည့် လ၊ ရဟန်းတော်များ ၀ါကျွတ်သည့် လ ဖြစ်သည့်   အတွက် သီတင်းကျွတ် လပြည့်နေ့ ကိုသာ ရွေးချယ်ခြင်း ဖြစ်ပြီး၊ ဒါနပြု အမျှဝေ ပွဲတော် ကျင်းပသည့် အချိန်ကိုလည်း ထိုအလေ့ကို ယုံကြည်သူများရဲ့ အဆိုအရ ပြိတ္တာများ အတွက် အဆင်ပြေသည့် ညနေ နေ၀င်ရီသရော အချိန်တွင်သာ စတင်ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

          မန္တလေးမြို့ တောင်အင်း၊ မြောက်အင်း သုသာန်တွင် လည်း အောက်တိုဘာလ (၂၈) ရက်နေ့က (၃၈) ကြိမ်မြောက် အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် အကျွတ် အလွတ် ဒါနပြု အမျှဝေပွဲတော်ကို လူအများတစ်ဖွဲဖွဲ လာရောက်ကြသည်။ ယခင်က အကျွတ် အလွတ် ပွဲတော်ကို တောင်အင်း၊ မြောက်အင်း မရှိစဉ် အချိန်က မန္တလေးမြို့နှင့် အလှမ်းမဝေးလှသော တောင်မြင့် သုသာန်တွင်သာ ကျင်းပပြုလုပ်ခဲ့သောကြောင့် လူအများမှာ သုသာန်နယ်မြေတွင် ပြွတ်သိပ်၊ ပိတ်ဆို့လျက်ရှိသည်။

            ယခုလက်ရှိ ကျင်းပသော တောင်အင်း-မြောက်အင်း သုသာန်မှာ မန္တလေးမြို့နှင့် အလှမ်းဝေးလှပြီး သွားလာရာ လမ်းမှာလည်း လူနေအိမ်   မရှိသလောက် ရှားပါးသည့်  အတွက် ယခင်လောက် လူစည်    ကားခြင်း မရှိတော့။ လမ်းဘေး  မီးတိုင်များလည်း မရှိသကဲ့သို့ သုသာန်သို့ သွားလာရာ လမ်းကလည်း   တိတ်ဆိတ်လွန်းလှသည်။

             သို့သော်လည်း အဆိုပါ နေရာသို့ ညဥ့်နက်လေ ၊ လူအများ တစ်ဖွဲဖွဲ လာရောက်သူများ လာလေ  ဖြစ်သည်။ သုသာန်နယ်မြေသို့ ၀င်ရောက်သည်နှင့် တစ်ပြိုင်နက် မီးများမှာလည်း လင်းထိန်လျက် ရှိနေပြီး၊ ဒါနပြုလုပ်နေသူများကလည်း ၀င်ရောက်လာသူ အပေါင်းကို မေးမြန်းလျက်ရှိသည်။

          ''အမတို့က နှစ်စဉ် မပြတ် ဒါနပြုလုပ်နေတာပါ။ သက်ဆိုင်ရာ ဘိုးဘွား မိဘတွေကို အစာကျွေး၊    ဒါနပြုချင်သူတွေ အနေ နဲ့ အမတို့က ကုသိုလ်ယူ စီစဉ်ပေးတယ်။ အသားကြိုက်တယ် ဆို အသားဟင်း   လည်း ထည့်ပေးတယ်။ သက်သတ်လွတ် ဆိုရင် ငှက်ပျောသီး နဲ့ ထမင်း ထည့်ပေးတယ်။ ပြီးတော့ တစ်ခြားသူတို့ ကြိုက်တတ်တဲ့ ဆေးလိပ်တို့ ၊ လက်ဖက်ရည်တို့ကိုပါ ဒါနပြုနေတာပါ'' ဟု လာရောက် ဒါနပြုနေသော စေတနာ မေတ္တာရှင်အဖွဲ့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

          အဆိုပါ သုသာန် အတွင်းသို့ ၀င်ရောက်သည်နှင့် လူအများမှာ ဟို တစ်စု၊ ဒီ တစ်စု ပျံ့နှံ့လျက် ရှိ  သည်။ ရေအိုး ငါးလုံးခန့် ရေခွက်နှင့် အတူ မြေပေါ်တွင် ချထားပြီး အိုးရှေ့မှာလည်း သဲများကို   ညီညာစွာ ခင်းကျင်းထားသည်။ ပြိတ္တာများ နားနေရန် ဟူ၍ ဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်။ စေတီ ပုထိုးရှေ့ တည့်တည့် တွင်လည်း ကြိုးများ တန်းထားကာ သဲများ ကိုလည်း ညီညာဖြန့်ဖြူးထားပြီ စေတီရှေ့တည့်တည့် သစ်ပင်၌ ပြိတ္တာ များ ဘုရားဖူးရန် ဟူ၍ ချိတ်ဆွဲထားသည်။

 ရေအိုးရှေ့တွင်လည်း ပြိတ္တာများ ရေသောက်ရန် ဟူ၍ စာရေးထားသည်။ သစ်ပင်အောက် များတွင်လည်း အင်ရွက်ပေါ်တွင် ထည့်ထားသော ထမင်း များ၊ လက်ဖက်ရည်ခွက် များကို ကိုင်ဆောင်လျက် ဟိုတစ်ခု ဒီ တစ်ခု အလင်းရောင်များ အောက်တွင် ပျံ့နှံ့လျက်နေသည်။

          အဆိုပါ အချိန်၌ ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက လော်စပီကာဖြင့် ပွဲလာသူများထံသို့ စကား ပြောကြားလိုက်သည်။

Wednesday, August 10, 2016

ဆား ဗဟုသုတများ




 ခေါင်းလျှော်တဲ့ အခါ ရေထဲ မှာ ဆား နည်းနည်း ထည့်မယ် ဆိုရင် ဆံပင် ကျွတ်တာကို ကြိုတင်   ကာကွယ်နိုင်ပါတယ်။

    နည်းနည်း စိုနေတဲ့ မီးခြစ် ကို ဆားပေါ် မှာ တင်ထားရင်  တစ်မိနစ် နှစ်မိနစ်လောက် ကြာတဲ့ အချိန်  မှာ ပြန်လည် ခြောက်သွေ့လာနိုင်ပါတယ်။

ပန်းအိုးထဲ က ရေထဲကရေ ကို ဆားနည်းနည်း ထားပြီး ပန်းထိုးမယ် ဆိုရင် ကြာကြာ ခံနိုင်မယ်။

ဆားရေ နဲ့ ဓါးသွေးရင် ဓါး ပိုထက်မယ်။


 ခြင်ထောင် ကို လျှော်တဲ့ အခါ ရေထဲ မှာ ဆား ထည့်ပြီးဆေးရင် ဂျပိုးတွေကို နှိပ်နင်း နိုင်မယ်။

ပရဟိတ လုပ်ရင်း ငရဲကျသူ ( ဖြစ်ရပ်မှန် )



ပရဟိတ အလှူကို အကြောင်းပြ အဲ့ဒီ အထဲက ငွေကတော့ ရေတောင်ဝယ် မသောက်ကြပါနဲ့ ။
 ငရဲပြည် တန်းနေတာပဲ ။ ဘုရား တကာ ကျောင်း တကာ တစ်ယောက်ဟာ ကျောင်း အတွက်အလှူခံ လှည့်လည်ရင်း အလှူခံခွက် ထဲက အဲ့ဒီ အထဲကငွေ နဲ့ သူဟာ ကွမ်း ၀ယ်စားမိတယ် ။


ကျောင်းပြန်ရောက်တော့လည်း အဲ့ဒီ  ငွေကိုပြန်   မထည့်မိဘူး .။ ဝေရာဝစ္စ ကိစ္စပြီးစီး လို့ ဦးက ဟာ သူ့ အိမ်ရောက်တော့ မူးတယ် ဆိုပြီး အသက်သေဆုံးသွားရှာတယ်  အလှူခံ  ရရှိတဲ့  ကွမ်းစား သောငွေကိုပြန်ထည့်ဖို့ အချိန် မရလိုက်ဘူး။ အဲ့ဒီလိုနဲ့ သူ အိမ်ဘေးနားက ဦးခ တစ်ယောက် မကျန်း မမာဖြစ်နေတာ  ကနေ သတိမေ့ပြီးမျှောသွားတယ်..

ဦးခ ဟာ မလွတ် မကျွတ်တဲ့ ဘုံ တစ်ခုကို ခဏ ရောက်ရှိသွားတယ်။ သူ့ အိမ်ဘေးက ဘုရား တရား အင်မတန် ရိုသေတဲ့ ဘုရားဒကာ  ဦးက ကို  ပင်ပမ်း  ဆင်းရဲနေတာ ဦးခ တွေ့တော့ စိတ်မချမ်းသာပဲ ထိပ်လန့်စရာဖြစ်တာပေါ့။ ဦးခ ကို  ဦးက ဟာ  အိမ်ပြန်ရောက်ရင် ပြောပြပေးပါ။ သူ ကွမ်းစာဖို့အတွက် အလှူခံလှည့်ရင်း ငွေလေး အနည်းငယ်  ယူမိခဲ့တဲ့  အတွက် သူ  ငရဲကျနေတာပါ။ 


သူ  အိမ်တိုင်ထဲမှာ ငွေ နဲ့ရွှေပြား   ထည့်ထားပါတယ်။ လူပြည်ပြန်ရောက်ချိန်မှာ သူ့အိမ်ကိုသေချာပြောပြပေးပါ မှာတယ်။ ဦးခ မေ့မျှောနေရာမှ သတိရချိန်မှာ ဦးက  ရဲ့  မိသားစု ကိုခေါ်စေပြီး ဦးက  မှာကြားတာကိုပြောပြတယ်။ ဒါပေမယ့် ဦးက မိသားစုဟာ လူကုံထံတွေ ပစ္စည်း ဥစ္စာပေါကြွယ်သူမို့ သူ အဖေ ရဲ့ သီလ သိခ္ခါကိုလဲ ယုံကြည်တဲ့ အတွက်ဦးခပြောတာကိုမယုံဘူး။ 

ဦးခ  ကို သူတို့အဖေဂုဏ်သိခ္ခါ ချတယ် ဆိုပြီးစိတ်ဆိုးကျ ရုံးရောက် ဂါတ်ရောက်ဖြစ်ကြတယ်။ အဲ့ဒီတင် ဦးခ ဟာ ကျွန်တော်ပြောတာ အမှန်ပါ  ဦးက မှာတဲ့နေရာကိုသာ သေချာပြန်ရှကြည့်ပါ ခင်ဗျာ ကျွန်တော်ပြပေးပါ့မယ် ။မတွေ့ခဲ့လျှင် ခင်ဗျားတို့သဘောပါ တိုင်လိုက တိုင်ပါ အရေးယူလိုကယူပါပြောလိုက်တယ်။

 ဦးက  တို့အိမ်ထဲက အိမ်တိုင်ကို  သေချာ ဦးက  ပြသပြောဆိုတဲ့နေရာ မှာပဲ ဦးက ညွန်တဲ့ အတိုင်း ဦးခဟာ ဦးက  သားသမီးတွေကို သူဘေးမှနေပြီး ရှာဖွေစေတဲ့ အခါ ငွေ ၃၀၀ ကျပ် နဲ ရွှေဒင်္ဂါး ပြားတွေ ကိုတွေ့ ကြ တယ်။



ရိုးရိုး မွေးခြင်း နှင့် ခွဲ မွေးခြင်းတို့၏ အားသာချက် အားနည်းချက်များ



ကလေးတွေ အတွက် လူ့ လောက ကို ၀င်လာဖို့  နည်းလမ်း၂ သွယ် ရှိပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး အနေ နဲ့  ကျန်းမာရေးကောင်းမွန်နေရင် ရိုးရိုးမွေးလို့ ရသလို ကျန်းမာရေး အားနဲချက် ရှိနေ ရင်တော့ ခွဲမွေး ရလေ့ရှိပါတယ်။ အဓိက ကတော့ မိခင်ရော ကလေးပါ ကျန်းကျန်း မာမာနဲ့  အသက်ရှင် သန်နေဖို့ ပါပဲ။ 

ဒါပေမယ့် အခုနောက်ပိုင်း မှာတော့ ရိုးရိုးမွေးနိုင်တဲ့ အနေအထားမှာ ရှိနေပေမယ့်လည်း အလှ မပျက်ချင်လို့  ခွဲမွေးကြတဲ့ အမျိုးသမီးဦးရေဟာ များသည်ထက် များလာပြီး ခွဲမွေးတာကို က ဖက်ရှင်လိုဖြစ်နေတဲ့ အတွက် ပညာရှင်များ က ရိုးရိုးမွေးခြင်း နဲ့  ခွဲမွေးခြင်း တို့ ရဲ့  အားသာချက်၊ အားနဲချက်တွေ ကို နှိုင်းယှဉ်ဖော်ပြထား ပါတယ်။

အမွှာပူးမွေးမယ်၊ ဆီးချို၊ သွေးတိုးတွေ လို ကျန်းမာရေး အားနဲချက် ရှိမယ်၊ HIV ဝေဒနာသည်ဖြစ်နေမယ်၊ ဒါမှမဟုတ် အချင်း နဲ့ ပတ်သက်တဲ့ပြဿ       နာတွေ ရှိနေမယ် ဆိုရင် ခွဲမွေးရလေ့ ရှိပြီး ကာယကံရှင် ကိုလည်း သူခွဲမွေးမှ ရမယ် ဆိုတာကို ကြိုတင် အသိပေးထားလေ့ ရှိပါတယ်။ 


ကလေးအရွယ် ကြီးလွန်းပြီး မိခင် တင်ပဆုံ ကျဉ်းလွန်းရင်လည်းကောင်း၊ ကလေးက မွေးလမ်းကြောင်း ကို ခေါင်း မတည်ထားသလို အဲဒီ လိုခေါင်းတည် လာအောင် အပြင်ကနေ လှည့်ပေးတာ ကလည်း မအောင်မြင် ရင်လည်းကောင်း ခွဲမွေးရပါ တယ်။ 

တစ်ခါ တစ်လေ မွေးခန်းထဲကိုရောက်ပြီးမှ ကလေးအောက်စီ ဂျင် မရတော့တဲ့ ပြဿနာမျိုးဖြစ်ပြီး အရေးပေါ်ခွဲေ မွး လိုက်ရတာလည်း ရှိပါတယ်။ အခုနောက်ပိုင်း မှာတော့ လိုအပ်လို့  ခွဲမွေးရတဲ့ အပြင် မွေး လူနာ ရဲ့ တောင်း ဆိုချက်နဲ့  ခွဲမွေးပေးရတာတွေ ပိုများလာ တာပဲ ဖြစ်ပါတယ်။

ကျန်းမာရေး ရှုထောင့်ကနေကြည့်မယ် ဆိုရင် ခွဲမွေးတာဟာ ရိုးရိုးမွေးတာထက် ပိုပြီး ဘေးအန္တရယ် ကင်း တယ် လို့ ထင်ရပေမယ့် ခွဲမွေးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက် အန္တရယ်တွေ ရှိနေတာ အမှန်  ပဲဖြစ်ပါတယ်။

ခွဲမွေးတယ် ဆိုတာ လူနာ ရဲ့ ဝမ်းဗိုက် ကို ဖွင့်ရပါတယ်။ သားအိမ် ကို ဆက်ပြီး ဖွင့်ရပါတယ်။ ကလေးကို ဆွဲထုတ်ရပါ တယ်။ ပြီးရင် သားအိမ် နဲ့ ဝမ်းဗိုက် ကို ပြန်ပိတ် ရပါတယ်။ ဒါဟာ အကြီးစား ခွဲစိပ်မှု တစ်ခုဖြစ် ပါတယ်။ တစ်ခြား အကြီး စား ခွဲစိပ်မှုတွေလိုပဲ လူနာကို အသက်အန္တရယ်ဖြစ်စေနိုင်ပြီး ဒီနေရာမှာ အသက် ၂ချောင်း ကိစ္စကို ပြောနေတာဖြစ်ပါ တယ်။

ရိုးရိုးမွေးရတာ ပိုပြီး မိခင် ဆန်တယ်လို့  ခံစားရပါတယ်။ ကိုယ် နဲ့ အတူ ၉လ လုံးလုံး အတူရှိနေတဲ့ ကလေးကို ကိုယ့် ရဲ့  အားနဲ့ ပဲ လူ့ လောကထဲ ကိုရောက်အောင် တွန်းပို့ ပေးရတာ တစ်ကယ်ပဲ ပီတိဖြစ်စရာပါ။ မိခင် နဲ့ ကလေးရဲ့  သံယောဇဉ် ကိုလည်း အများကြီး ပိုစေနိုင်လိမ့်မယ်  လို့  ယုံကြည်ပါတယ်   ဟု ရိုးရိုးမွေး ဖွားခြင်းကိုသာ ဦးစားပေး ရွေး ချယ်ခဲ့သူ ကလေး ၆ ဦး မိခင် တစ်ဦးက ပြောပြပါတယ်။



ကိုယ့်ကလေး ကိုယ် ဘယ်လိုမွေးမယ် ဆိုတာ မိခင်လောင်း ရဲ့ ကိုယ်ပိုင် အခွင့်အရေးပဲ ဖြစ်သင့်ပါတယ်။ အသက် ၂ချောင်း နဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်ကို ကျွန်မ တို့ ကိုယ်တိုင်ပဲ ချမှတ်ချင်ပါတယ်။ ခွဲမွေးတဲ့ အခါ မိခင် တစ်ခုခုဖြစ်သွား တယ် ထားအုံးတော့၊ ကလေး ကတော့ အသက်ရှင်မှာ အမှန်ပါပဲ။ ကျွန်မ တို့ ခွဲမွေး ဖို့ ရွေးချယ်တယ် ဆိုတာ ကလေးကို အမှန်တစ်ကယ် ချစ်လို့ ပါ။ အလှအပ နဲ့  မဆိုင်ပါဘူးလို့ လည်း မိမိ ကျန်းမာရေး  အခြေအနေကို  စိတ်မချလို့  သားဦး ကို   ခွဲမွေးထားတဲ့ မိခင်  အသစ်စက်စက်  တစ်ဦးက  လည်း ပြောပြပါတယ်။ 

နှစ်ဦးနှစ်ဖက် မိသားစု အသိုင်းအ၀ိုင်း ဘယ်လောက်ပဲကြီးကြီး၊ တစ်နေ့ တာ ကုန်ဆုံးသွားပြီး ည အမှောင် ဖုံးလွှမ်းသွား တဲ့အခါ ကျွန်မ ရဲ့ ခင်ပွန်းသည်ပဲ ကျွန်မ  အနားမှာ ရှိပေးနိုင်တာပါ။ သူ့ အတွက် ကျွန်မ တာဝန်ကျေချင် ပါတယ်။ ဒါကြောင့် ကျွန်မ ရဲ့  ခန္ဓာကိုယ် အလှကို ထိန်းသိမ်းတဲ့ အနေနဲ့  ကိုယ်ပဲ အနာခံပြီး ခွဲမွေးဖို့ ရွေးချယ်တာဖြစ်ပါတယ်  လို့  တစ်မင် တစ်ကာ ခွဲမွေးဖို့ ရွေးချယ်ခဲ့တဲ့ အိမ်ထောင်ရှင် အမျိုးသမီး  တစ်ဦး ကလည်း ပြောပြပါတယ်။


သွေးဆာနေတဲ့ ဖုတ်




"ဘာ ကြီးကြီးဒေါ်ငွေခင် ဆုံးပြီ ဟုတ်လား"
"အေး ညည်းကြီးဒေါ်ဆုံးသာ သာမာန် မဟုတ်ဘူး ညည်း အမြန် အညာ ဆင်းလာခဲ့"....
ဒေါ်ငွေခင် ကတော့ ကျွန်မ တို့ အဘိုးဘက် က တစ်ဦးတည်း ကျန်တော့တဲ့ အမျိုးပါပဲ...အမျိုးတော်တာ က အဖိုးရဲ့တူ ဦးစိုးမောင် နဲ့ပါ ဒါပေမယ့် ဦးစိုးမောင်ထက် ကြီးကြီး ငွေခင်နဲ့ ပိုရင်းနှီးကြတယ်...


ကျွန်မတို့ အညာ က ပြန်လာတုန်းကတောင် ကြီးကြီး က ဘာရောဂါ မှ မရှိပါဘူး ဒါပေမယ့် အသက်ကြီးလာလို့ ပိန်တာ နဲ့ အညာဘက် ဆိုတော့ အရမ်း ပူတာကြောင့် အားပြတ်နေသလို နည်းနည်းလေး လှုပ်တာနဲ့ အား မရှိတော့တာမျိုးပဲ ဖြစ်တာပါ တစ်ကယ် ဆို ဦးစိုးမောင် ကသာ လွန်ခဲ့တဲ့ ၁ လလောက် က အတော် နေမကောင်ဖြစ်ပြီး သေမလို ဖြစ်ခဲ့တာ....အဲ့လို လူက မသေ ဘဲ ဘာရောဂါမှ မရှိတဲ့ ကြီးကြီးက ဆုံးပြီ တဲ့ နောက်ပြီးသွေးရိုးသားရိုး မဟုတ်ဘူးတဲ့ တစ်ခု ခုတော့ ထူးဆန်းနေပြီ ပဲ........လက်မှတ်ဖြတ်ပြီး အညာ ကို ပြန်ရောက်ခဲ့ပြန်ပြီ ။


"လာမြမြ တူမကြီး.."
"ဦးလေးစိုးမောင် ကြီးကြီး က ဘယ်လိုဖြစ်တာလဲဟင်"
" သေ သွား တာလေ".
ဦးလေးအဖြေကြီးက တစ်မျိုးကြီးပဲ..ဦးလေး က ကြီးကြီးသေလို့ ၀မ်းနည်းပုံလည်း မရဘူး ။     တစ်ကယ်ဆို ကြီးကြီး က ဦးလေးအပေါ်အရမ်းကောင်းတာကို..."မြမြ ဒီည ဒီမှာပဲ တည်းမလို့လား."
"ဟုတ်...."
"လာ အဲ့မှာ မတည်း နဲ့ ငါတို့ ဘက်ခြမ်းမှာ လာအိပ်" ဦးလေးက သူ့ အိမ်မှာ မိဘတွေ မရှိတော့တဲ့ သူ့မြေးမ လေးကိုခေါ်ထားတယ် .....အာ့နဲ့ ကျွန်မလဲ ကြီးကြီး အမအိမ် ဘက်ရောက်လာတယ်..ကျွန်မတောင် မထိုင်ရသေးဘူး..."မြမြ ညည်းဦးလေး ဖုတ်ဝင်နေသလားမသိဘူး...."



"ရှင် "
"ကဲပါ တော်ကလည်း ထိုင်ပါစေဦး"
"မဟုတ်ပါဘူး အဒေါ် ကျွန်မကိုပြောပြပါ အုန်း"
"ဒီလို မြမြ ရေ ညည်းတို့ ဦးလေး သေမလိုဖြစ်သေးတယ်လေ ညည်းတို့ ဒီအလည်မလာခင် ၁ လလောက်ကလေတော်တော်လေးဆိုးတာပါအေ ။ ကျုပ်တို့ဖြင့်သေပြီ ထင်နေတာ.သူကသတိလစ် လစ် သွားတာကိုး..ငါတို့က ငွေခင် ကို ပြောသေးတယ်   ညည်းယောက်ျား ကျန်းမာရေး ပြန်ကောင်းလာတာ မရိုးသားဘူးပေါ့" 

"အမလေး ညည်းတို့ ကြီးဒေါ်က ယောကျာ်း ချစ်လေ သိတယ် အတိုင်း ကျုပ်တို့ ကိုအော်ဟစ် ငေါက် လွှတ်လိုက်တာ ကျုပ်တို့ ဘာမှ မပြောရဲဘူး ညည်းတို့ လာတုန်းကလဲ ခဏတစ်ဖြုတ်ပဲ ဆိုတော့  မပြောဖြစ်တာပေါ့နောက် ၅ ရက်  တ ခါလောက် ငွေခင် မြို့ပေါ်တက် ဈေးဝယ် ပြီးပြန်လာရင် စိုးမောင်က နင်းပေးတယ်လေ.......အေး အဲ့လို နင်းပေးပြီး တာနဲ့ ငွေခင် တစ်ယောက် အားမရှိသလို ဖြူ ဖတ်ဖြူ ရော် နဲ့ နေမကောင်း ဖြစ်တတ်တယ်...ဒါကလဲ ကျုပ်တို့က စောင့်ကြည့်နေတဲ့ သူတွေဆိုတော့ သတိ ထား မိတာပေါ့......." တစ်ယောက် တစ်လှည့် စီပြောနေတဲ့ ကြီးကြီး ရဲ့ အဒေါ် စကားတွေကို ယုံတစ် မယုံ တစ်ဝက် ဝေခွဲနေရတယ်..



"ဒေါ်လေးတို့က ဘယ်လို သိတာလဲ"
"ညည်းကလည်း သူတို့အိမ် ကိုကြည့် ခြံစည်းရိုး မရှိ အကာ အကွယ်မရှိဘူး အိမ်က သခ်ျိုင်းနားမှာလေ စိုးမောင် အသည်းအသန် ဖြစ်တုန်း ကလဲ သေတော့ မလိုနဲ့ အခု ငွေခင် သေတော့ သူက ဝ ဖြိုးနေတာပဲ နောက်ပြီး သူ့ မျက်နှာကိုကြည့်မိလား နှားခေါင်းက လန်ပြီး နားရွက်တွေ လဲ လန်နေပြီလေ ဒါ သေတာ ကြာလို့ ဖြစ် လာတဲ့ လက္ခဏာ ပဲ ပြီး မိန်းမ ဆုံးတာတောင် ဘယ်လိုမှ မနေတာ မထူးဆန်းဘူးလား "....... သူတို့ ဓလေ့ နဲ့ သူတို့အတွေး က ဟုတ်နေတာပဲ ကျွန်မလဲ လူတွေသေ ရင် ဒီလို လက္ခဏာ ရှိလားသေသေ ချာချာ မပြောတတ်ပါဘူး.....



နှစ် သန်း ၁၀၀ ရှိ ဒိုင်နိုဆော ခေတ်က ငှက်ရုပ်ကြွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ



မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းမှာ နှစ်သန်း ၁၀၀ သက်တမ်းရှိ ဒိုင်နိုဆောခေတ်က ငှက် ရဲ့ တောင်ပံ ၂ခု ပါတဲ့ ပယင်းကျောက် ကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
တွေ့ရှိတဲ့ အကြောင်းကို ဇွန် ၂၈ ရက် ထုတ် Nature Communications ဂျာနယ်မှာ ရေးသားထားတာလို့ နိုင်ငံတစ်ကာ သတင်းတွေမှာ ရေးပါတယ်။
စင်တီမီတာ အနည်းငယ်သာ ရှည်တဲ့ ငှက်တောင်ပံ ဟာ ငှက် ၂ ကောင် ဆီက ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆနေပါတယ်။ ဒီ နမူနာတောင်ပံ ဟာ ၁.၆ နဲ့ ၈.၅၁ ဂရမ်လေးပြီး အရိုး တည်ဆောက်ပုံ၊ အမွေးလမ်းကြောင်းနဲ့ ပျော့ပြောင်းတဲ့ တစ်ရူးတွေလည်း ပါဝင်နေပါတယ်။
တောင်ပံ ရဲ့အရွယ်အစား နဲ့ ဖွံ့ဖြိုးမှုတွေအရ ငယ်ရွယ်တဲ့ အချိန် က ပယင်းကျောက် ထဲမှာ ပိတ်မိနေတာလို့ အိပ်ခ်ျရေး နဲ့ ရိုက်ယူ ထားတာကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။
ငယ်ရွယ် တဲ့ ငှက် အမွေးတွေကို ပယင်း ထဲမှာတွေရတာဟာ ဘယ်ငှက်ကလဲ ဆိုတာကို ပြောဖို့ခက်တယ်လို့ ပူးတွဲ ဆောင်းပါးရေးသားတဲ့ ရိုင်ယန် မက်ကေလာက ပြောပါတယ်။
Cretaceous ကာလပြီးဆုံးချိန်မှာ မျိုးတုံး သွားတဲ့ ဒိုင်နိုဆော ငှက် အနွယ်ဝင်ဖြစ်လိမ့်မယ် လို့လည်း ခန့်မှန်းပါတယ်။
အမွေးတွေ ကို ပယင်းကျောက်ထဲမှာ မကြာခဏ ဆိုသလို တွေ့ရလေ့ ရှိပေမယ့် ငှက်တောင်ပံတွေကိုတော့ ပထမဆုံးအကြိမ် အဖြစ် ပယင်းကျောက်ထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။