Saturday, January 19, 2019

မြန်မာတစ်နိုင်ငံလုံး ပထမ ရသွားတဲ့ ကလေး က ပေးတဲ့ သင်ခန်းစာ


'' ခုနက စင်ပေါ်စကားတက်ပြောတဲ့ မောင်လေး မဟုတ်လား '
'' ဟုတ်ကဲ့ပါ အစ်မ ''
'' တစ်နိုင်ငံလုံးမှာ First ရထားတဲ့သူ ဆိုတော့ မောင်လေး စကားက သူတို့  အတွက် သိပ်အရေးပါတယ်...
မောင်လေးပေးတဲ့ အကြံရဲ့ ဆိုးခြင်းကောင်းခြင်းကို သူတို့  ခံစားရလိမ့်မယ်...''
'ဟုတ်ကဲ့ ကျွန်တော်လက်ခံပါတယ်''

''မောင်လေးက ပြောတယ် ... ဆယ်တန်းစာကို သင်တာ ဆယ်တန်းစာကို တတ်မြောက်အောင်လို့  ပြောတယ် ။ လက်ရှိမှာက ဆယ်တန်းစာမေးပွဲဟာ တက္ကသိုလ်ဝင်ခွင့် အတွက် ဂိတ် တံခါးလိုဖြစ်နေတယ်...
အများစုဟာ ဆယ်တန်းစာကို အမှန်တစ်ကယ် တတ်မြောက်ဖို့  ထက် အမှတ်ကောင်းကောင်းယူပြီး လိုင်းကောင်းကောင်းကို ရွေးချယ်ခွင့်ရဖို့ ကြိုးစားနေကြတယ် ။

အရှိတရား ဟာ အမှတ်ကောင်းမှ လိုင်းကောင်းရမှာ ...
ဒါကြောင့် လိုင်းကောင်းရဖို့  အမှတ်ကောင်းအောင် ကြိုးစားကြမှာပဲ...
မောင်လေးလည်း ဒီပညာရေး စနစ်နဲ့  first ဖြစ်လာခဲ့တာကိုး...
ပညာရေးစနစ်ပြောင်းခဲ့ရင် မောင်လေးလည်း first ဖြစ်ချင်မှ ဖြစ်မှာ''

''ကျနော် first ရခဲ့တယ်... ကျနော်ဖြေတဲ့နှစ်မှာ ကျနော် စာအတတ်ဆုံးပါလို့  အဓိပ္ပာယ် မရသလို ကျနော် အအောင်မြင်ဆုံးပါ လို့ လည်း အဓိပ္ပာယ်မရဘူး. ။

ဖြေပြီးခဲ့တဲ့အထိတော့ First ရအောင်လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ကြိုးစားခဲ့တာပဲ...
နောက်တော့မှ ကျနော်တွေးဖြစ်လာတာက... First ရတော့ ဘာဖြစ်သလဲ ဆိုတာပဲ ။

လူသိများလာတယ်... ဒါဟာ popular ပါ... Success မဟုတ်ဘူး ။
ခက်ဆစ်တွေ ၏ သည် ၍ မလွဲ ကျက်ခဲ့မိတယ်... ပြောရမယ် ဆိုရင် ကျနော် သိပ်ပင်ပန်းခဲ့တယ်...
ကျနော် ဆရာဝန်မဖြစ်ချင်ဘူး ၊ အင်ဂျင်နီယာမဖြစ်ချင်ဘူး... ကျနော်ဖြစ်ချင်တာ စာရေးဆရာ...

ကျနော့်ဝါသနာကို ကျနော် သိနှင့်နေပြီးသား... ဒါပေမယ့် တက္ကသိုလ်ဝင်တန်းရဲ့ pressure အောက်မှာ ပြင်ပ စာပေကို အာရုံစိုက်ခွင့် မရဘူး... ။

ကျနော့် သူငယ်ချင်းတစ်ယောက်က ရိုးရိုးပဲအောင်တယ်...
သူက guitar တစ်အား တီးချင်တဲ့ကောင်... အချိန်ပြည့် ဂစ်တာလေးနဲ့ ...
သူက ဒီ တက္ကသိုလ်ဝင်တန်းကို သူ့ ဝါသနာနောက် သူစီးမြောရင်း သက်တောင့်သက်သာလေး အောင်လာတာ....။

သူက ကျနော့်ကို မေးခွန်းမေးတယ်
နွေဦးကာလ မြူ ထသောခါ ကို ဘယ်လိုနားလည်လဲတဲ့...။

တျာချင်းဖြစ်ကြောင်း ဝန်ကြီး ပဒေသရာဇာရေးကြောင်း ထန်းတက်သမား မိသားစုရဲ့ ဘဝကို သရုပ်ဖော်ခြင်း ဖြစ်ကြောင်း စာထဲက ပါတဲ့အတိုင်း သူ့ ကို ပြောပြမိတယ်...။

သူက ခေါင်းခါပြပြီး ငါမေးတာ အဲ့ဒီလို မဟုတ်ဘူးတဲ့....။
ခေတ်ကိုနှိုင်းယှဉ်မယ် ဆိုရင် သူတို့ ခေတ်မှာလည်း entertainment သဘောလေးတွေ ရှိသတဲ့ဗျာ ။
ဒါနန်းတွင်းက ပြည်သူကို ပြန်ဖျော်ဖြေပေးတာ မျိုးဖြစ်နိုင်တယ်တဲ့...။

အင်မတန် ပူအိုက်တဲ့ အညာဒေသနွေရာသီဟာ စိတ်ပျက်ဖွယ် အတိပဲ... ဒီလို အချိန်အခါမျိုးမှာ ကျေးလက်နေ ထန်းတက် သမားမိသားစုရဲ့ မပြည့်စုံမှုလေးကို ကရုဏ ရသမှာ ဟာသလေးနှောရင်း ဘုရင့်နားတော်ပေါက်အောင် ရည်ရွယ်တာမျိုး မဖြစ်နိုင်ဘူးလားတဲ့ ။

ဟုတ်တယ် ဒါ ကဗျာ ဒါ အနုပညာ
ဒါဟာ စာသက်သက် မဟုတ်ဘူး
ကျက်မှတ်ဖို့ မဟုတ်ဘူး ဒါဟာ ခံစားဖို့ 
The whole burma first ရမယ့်သူက မသိခဲ့ဘူး... ဆယ်တန်းကို ရိုးရိုးအောင်မယ့်သူက သိနေတယ်....။


Monday, January 7, 2019

လူငယ်တွေ အလုပ်ဖြစ်စေချင်



လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်လောက်က ဘမောင်ရဲ့အလုပ်တစ်ခုက မန်နေဂျာနဲ့ အခြား အလုပ် တစ်ခုက မန်နေဂျာမလေးတို့ အိမ်ထောင် ကျကြတယ်၊ မန်နေဂျာမလေး က ကြိုးစားတယ်၊ မန်နေဂျာလေးက အတော်လေးတယ်၊ လုပ်သက်ရှိလာတော့ တစ်နေ့သူတို့ ကို ကိုယ်ပိုင် လုပ်ငန်းတစ်ခု မတည်ပေးခဲ့တယ်။

မန်နေဂျာမလေးက လုပ်ငန်းကို ဦးစီးတယ် သူ့ခင်ပွန်းက ကျောင်းတွေ၊ သင်တန်းတွေ တစ်ခုပြီး တစ်ခု တက်နေတာ (၁၅ နှစ်လောက်ရှိနေပြီ  မပြီးနိုင်သေးဘူး၊ အခုဆို သူတို့တောင် (၅၀) ဝန်းကျင်တွေ ရှိကြရော့မယ်၊ သင်တန်း ဆက်တက်နေတုန်းပဲ။

လူငယ်တွေ သင်တန်းတွေနဲ့ အချိန်ကုန်နေကြတာများတယ် ။  ဘယ် အသက်မွေးဝမ်းကြောင်းနဲ့ သွားမလဲ ဆုံးဖြတ်ဖို့လိုတယ် ။ တစ်ခါ တစ်ခါမှာ ကိုယ်ဝါသနာပါရာကို လုပ်တာထက် နိုင်ငံရဲ့အခြေအနေပေးတဲ့ အခွင့်အလန်းကို မြင်အောင်ကြည့်ပြီး အသုံးချနှိုင်တဲ့ သင်တန်းကိုပဲ တက်ဖို့လိုတယ်၊

စာတတ်ဖို့လား၊ အပြောကောင်းဖို့လား လက်တွေ့ဘဝကို တည်ဆောက်နိုင်ဖို့လား ဆိုတာကို အချိန် ယူပြီး ကိုယ့်က်ုယ်ကို အရင်မေးဖို့လိုမယ် ။