Showing posts with label မြန်မာ ပညာ၇ှင်များ. Show all posts
Showing posts with label မြန်မာ ပညာ၇ှင်များ. Show all posts

Tuesday, August 30, 2016

ဒေါက်တာ သန်းထွန်း ပြောသည့် မြန်မာတို့ အတွက် ပုဂံ ယဉ်ကျေးမှုရှေးဟောင်း နယ်မြေ





မြန်မာနိုင်ငံသားတိုင်း ပုဂံ အကြောင်း ကောင်းကောင်း သိထား သင့်ပေသည်။ မှန်နန်းရာဇဝင် ထဲက ပုဂံတော့ မဟုတ်။ ဘုရား သမိုင်း အထွေထွေ မှ ပုဂံ လည်း မဟုတ်။ သို့ဆိုလျှင် အဘယ်နည်း ။ မြန်မာ တို့၏ အထင်ကရ ကျက်သရေဆောင် နယ်မြေ ဖြစ်ခဲ့သော ပုဂံ ဒေသ ကို အစစ်ဆေးခံ၊ မှတ်ကျောက်တင်ခံ၊ အထောက် အ ထားနှင့် တစ်ကွဖြစ်သော ပုဂံ အား ရှေးဟောင်းသုတေသန ကလောင်ဖြင့် မှတ်တမ်းတင် ထားလျက်ရှိသော နောက်ထပ် ရှုထောင့် တစ်မျိုးနှင့် ပုဂံ အား တင်ပြလိုက်ရပေသည်။ 

(က) ပုဂံ ဆိုတာ ။
ပုဂံ ဟူသော အမည် နာမကား မြန်မာ အမည် မဟုတ်ပေ။ ပျူ   အမည် ဖြစ်ပေသည်။ အဓိပ္ပါယ်ကား ပျူ  တည်ထောင်သော ရွာ / ခံမြို့ ဖြစ်ပါသည်။ ဟံလင်း အစရှိသော အထက်ပိုင်း ပျူနှင့် ပြည် အစရှိတဲ့ အောက်  ပိုင်း ပျူတွေ ရဲ့ ဆက်သွယ်ရေး လမ်းကြောင်းမှာ အလယ်က စခန်းတစ်ထောက် အဖြစ် ပျူ  ဝတ် (Phyu vatsu) ပျူ  ဂါမ (Phyugama) က ပုဂံ ဖြစ်လာတယ် ဆိုတာ လည်းဖြစ်နိုင်ချေရှိပါသည်။ 

တည်ထောင်သော လူမျိုး ကို အစွဲပြုပြီး ပျူ  ဂါမ ဟုခေါ်ခြင်းဖြစ်ပေမည်။ အားလုံး ၏ အလယ်  ဗဟို လည်းဖြစ် ၍ တစ်ကြောင်း၊ နယ် အသီးသီးသို့ ဆက်သွယ်ရေး လွယ်ကူ စေသော ရေကြောင်း တည်ရှိရာ ဧရာဝတီ မြစ်ကြီး အပေါ် တည်ရှိနေ၍ သော် တစ်ကြောင်း၊ ခံမြို့လည်းဖြစ်၍သော်တစ်ကြောင်း ဖြင့် ပုဂံ ကို မင်းနေပြည်တော် မင်းကြီး တည်ရှိရာ ဗဟို အုပ်ချုပ်ရေး မဏ္ဍလ (အဝန်း အဝိုင်း) အဖြစ်သတ်မှတ် ခဲ့သည်။ 

ဤသို့ သတ်မှတ်ရာ မြန်မာ တို့၏ အုပ်ချုပ်ရေး ဗဟိုဌာန အနေသို့ အချိန် ကာလ အားဖြင့် ခရစ်နှစ် ကိုးရာစုနှောင်းခန့် မှ စတင်သတ် မှတ်ခြင်း ဖြစ်နိုင်ပေ သည်။ ထိုအချိန်မှ စ၍ အိန္ဒိယတောင်ပိုင်းသား တို့မှ ပျူနိုင်ငံကို ဗြဟ္မဝတ္ထု ဟုခေါ်ဆိုရာမှ ပုဂံ ပြည် ရှိ မြန်မာ တို့သည် ဗြဟ္မ လူမျိုး ဟု ခံယူခဲ့ ပုံရပါသည်။ 

(ခ) တည်ထောင်ပုံ။  
ပုဂံ သည်လည်း အခြားသောမြို့ပြ နိုင်ငံများကဲ့သို့ပင် မူလ ရွာ၊ ရွာ မှမြို့ ၊ မြို့မှ မင်းနေပြည်တော် ဖြစ်လာ မည်ဟု တွေးဆ မိပါသည်။ ပုဂံမြို့ ဟူ၍ စတင် တည်ရှိနေသည်မှာလည်း ခရစ်နှစ် အစောပိုင်း ကာလလောက်ဟု ခန့်မှန်းရပေသည်။

ပျူ  လူမျိုးများ ခရစ်မပေါ်မီ အနှစ် နှစ်ရာခန့် ကာလက မြန်မာနိုင်ငံ ဟု ခေါ်တွင်မည်ဖြစ်သော ဒေသ ကို ဝင်ရောက်နေထိုင်လျက် ရှိရာမှ ပျူဒေသ သုံးဆယ့်နှစ်ဒေသ တွင် ပုဂံ လည်း အပါအဝင်ဖြစ်ပေသည်။ တမ္ဗဒီပ ဟု အစောပိုင်း တွင် အမည်ရခဲ့ သော ပုဂံ ကို အကြီးကျယ်ဆုံးသော မင်းနေပြည် အဖြစ်သို့ ရောက်ရှိစေ သောသူမှာ အနိရုဒ္ဓါ မင်းပင်ဖြစ်သည်။ 

မည်သူ တည်ထောင်သည် ဘယ် မင်းဆက်က စသည်ကို အပြော ခက် ( အထောက် အထား မတွေ့ဖြစ် ) နေ၍ အနိရုဒ္ဓမင်း မှသာ စပြောလျှင် သင့်ပေမည် ။ ပုဂံ သည် (၂၀ံ ၁၀ ' မြောက်လတ္တီတွဒ်၊ ၉၄ံ ၅၅ ' အရှေ့လောင် ဂျီတွဒ် ) အတွင်း တည်ရှိသည်။ မင်းပိုင်နက် စုစုပေါင်းသည် အစဦး ပထမ တမ္ဗဒီပ ၌ မြစ်သာ တစ်ဆယ့် တစ် ခရိုင်နှင့် မင်းဘူး ခြောက်ခရိုင် အပါအဝင်ဖြစ်သည်။

 တောင်ပိုင်း တွင် တောင်တွင်းထိ၊ ဧရာဝတီမြစ်ကြောင်း အတိုင်း မိကျောင်းရဲ အောက်၊ ပြည်တော်သာကျွန်းအထိ အပါအဝင် ဖြစ်၍၊ မြောက်ပိုင်းတွင် ဧရာဝတီ-မြစ်ငယ် ဆုံရာ တောင်ပြုန်း အထိသာ ကျယ်ဝန်းသည်။ဆယ်ရေသောက် လယ်ဧက ကို ခရိုင်(န်) ၊ ထို မှ တိုက် သို့ကြီးကျယ် လာရာမှ တိုက်ခရိုန်ထက် တိုးတက် လာပြီး နိုင်ငံ ထူထောင်ရန် အခွင့် သာလာခဲ့သည်။ 

လူအား၊ စီးပွားရေး အင်အား တောင့်တင်းပြည့်စုံ လာ၍ အနုရုဒ္ဓါ မင်း လက်ထက်တွင် ပုဂံ သည် မြန်မာ လက်နက်နိုင်ငံ ၏ အချက် အခြာ မဏ္ဍိုင်ဖြစ်လာ ပေသည်။ ထိုမင်းကို ဆက်ခံသော ဝဇြာဘရဏ(စောလူး) လက်ထက် တွင် ပုဂံ ၏သြဇာ အာဏာမှာ ဘိတ်( မြိတ်) အထိ သို့ရောက်နေသည် ကို ၎င်းဘွဲ့ အမည်နှင့် မြေပုံ ဘုရား မြိတ်တွင် တွေ့ရှိရခြင်းမှ သိနိုင်ပေသည်။ 

ဒုတိယ စည်သူ လက်ထက်တွင် နိုင်ငံသည် မြောက်ဘက်တွင် တကောင်းနှင့် ငဆောင်ချန် ၊ တောင်ဘက် တွင် တလိုင်သရိယ် ( တနသာင်္ရီ )၊ ထဝယ် (ထားဝယ်) နှင့် သလင်ကြေ (Junk Ceylon, Cape Salang)၊ အနောက်ဘက် တွင် မစ္ဆကီရိတောင် ၊ အရှေ့ဘက်တွင် သံလွင်မြစ် အ ထိကျယ် ပြန့် လျက် ရှိသည်။ 


Friday, July 17, 2015

နာဆာ မှ မြန်မာ ပညာရှင်

 အာကာသ နှင့် စကြာဝဠာ's photo.


 အမေရိကန် အာကာသအေဂျင်စီ (နာဆာ) မှာ တာဝန် ထမ်းဆောင်နေ တဲ့ မြန်မာ လူမျိုး ရှိပါသလား လို့ စာဖတ် ပရိတ်သတ် တစ်ယောက်က မေးဖူးပါတယ်။ 

ကျနော်လည်း ဒီမေးခွန်း အတွက် အဖြေကို လိုက်ရှာရင်း အမှတ်မထင် တွေ့လိုက်တဲ့ Comment ၂ ခု ကနေ နာဆာမှ မြန်မာလူမျိုး သုတေသန ပညာရှင် တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ ပါတယ်..။

ဆရာကြီး ဒေါက်တာ ပဒေသာတင် လို့ခေါ်ပါတယ်။ သူဟာ ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် မှ ရူပဗေဒ အဓိက ဘာသာဖြင့် MSc ဘွဲ့၊ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် Western Illinois University မှ ရူပဗေဒ အဓိက ဘာသာဖြင့် MS ဘွဲ့၊ မစ်ဆိုးရီးပြည်နယ် University of Missouri, Rolla မှ ရူပဗေဒအဓိကဘာသာဖြင့် PhD ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်.။

နာဆာရဲ့ နိုင်ငံတကာ အာကာသ စခန်း မြေပြင် ထိန်းချုပ်ရေး ဌာနမှ The Melting of Aqueous Foams (Foam Optics and Mechanics) နဲ့ Structure and Dynamics of Freely Suspended Liquid Crystals တို့မှာ Project Scientist အနေ နဲ့ လုပ်ကိုင်နေပါတယ်။