နေပြည်တော်၊ မတ် - ၆
၁။ ဥရောပသမဂ္ဂ(အီးယူ) အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သော ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ကောင်စီ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးမှ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်(Conclusion) အနေဖြင့် ဘင်္ဂါလီ ဒုက္ခသည်များအား ဆက်လက် အကူ အညီပေးရေး၊ မီဒီယာများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ Fact- Finding Mission အား လွတ်လပ်ခွင့်ပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်း သူနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ အခွင့်အာဏာဖြင့် ဆုံးဖြတ်ဆောင်ရွက်မှုကို လက်ခံနိုင်ရေး ၊ မြန်မာနိုင်ငံနှင့် ကာကွယ်ရေး ပူးပေါင်းဆောင် ရွက်မှုကို အနိမ့်ဆုံးသို့ လျှော့ချသွားရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် တာဝန်ရှိသော မြန်မာ့ တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများအား ဦးတည်၍ ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် အဆိုပြုလွှာ အမြန်ဆုံး တင်သွင်းရေး ဆုံးဖြတ် ခဲ့ကြောင်းတွေ့ရှိရသည်။
၂။ ထိုကဲ့သို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးကောင်စီအစည်းအဝေး၌ ၎င်းဆုံးဖြတ်ချက်မျိုး ထွက်လာစေရန် အ တွက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ရက်စွဲဖြင့် ဗြိတိန်အောက် လွှတ်တော်အမတ် Rushanara Ali ဦးဆောင်၍ အောက်လွှတ်တော်အမတ် ၁၀၂ ဦး တို့က မြန်မာ့တပ်မတော်ခေါင်းဆောင်များအား ရခိုင်ပြည်နယ်၊ ဘင်္ဂါလီ ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ ထပ်မံဖိအားပေး၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC)သို့လွှဲပြောင်းပေးရန် တိုက်တွန်းကြောင်း စာတစ်စောင်အား ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ထံသို့ပေးပို့ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်မည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးကောင်စီ အစည်း အဝေး၌ ထည့်သွင်းဆွေးနွေးရန် တောင်းဆိုခဲ့သည်။
၃။ ယင်းစာထဲ၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် မြန်မာ စစ်ဘက်က ရိုဟင်ဂျာ အရပ်သားများအား ထိုးစစ် ဆင်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၆၈၈,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း၊ ထိုကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာသော ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော် ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်းမှ အပတ်စဉ် ရိုဟင်ဂျာထောင်ပေါင်း များစွာ ထွက်ပြေးနေကြဆဲဖြစ်ကြောင်း၊ ရိုဟင်ဂျာတို့၏ ပိုင်ဆိုင်မှုများ ဖျက်ဆီးခံရခြင်း၊ အကြမ်းဖက် ခြိမ်းခြောက် ခံရခြင်း၊ ၎င်းတို့နေအိမ်များတွင် နေထိုင်၍ မရအောင်ဖိနှိပ်ခြင်း စသည့် သတင်းများ ထွက်ပေါ်နေကြောင်း စွပ်စွဲဖော်ပြထားသည်။
ထို့အပြင် ၂၀၁၇ ခုနှစ်က တစ်လ အတွင်း ကလေးသူငယ် ၇၃၀ အပါအဝင် ရိုဟင်ဂျာ ၇၀၀၀ နီးပါး သတ်ဖြတ်ခံရကြောင်း Medecins Sans Frontieres အဖွဲ့က ဖော်ပြသည့် အပြင် ၎င်းတို့ခန့်မှန်းသည် ထက်ပင် အရေအတွက် ပိုမိုများပြားနိုင်ကြောင်း၊ စစ်ဘက်နှင့် လုံခြုံရေးတပ်ဖွဲ့များ၊ စစ်ဘက်က ထောက် ကူပေးသော လူအုပ်များနှင့် ပြည်သူ့စစ်များက ရိုဟင်ဂျာ အမျိုးသမီး ထောင်ပေါင်း များစွာအား အဓမ္မပြု ကျင့်ခဲ့ကြောင်းလည်း စွပ်စွဲဖော်ပြထားသည်။
ထို့အပြင် ၂၀၁၇ ခုနှစ်က တစ်လ အတွင်း ကလေးသူငယ် ၇၃၀ အပါအဝင် ရိုဟင်ဂျာ ၇၀၀၀ နီးပါး သတ်ဖြတ်ခံရကြောင်း Medecins Sans Frontieres အဖွဲ့က ဖော်ပြသည့် အပြင် ၎င်းတို့ခန့်မှန်းသည် ထက်ပင် အရေအတွက် ပိုမိုများပြားနိုင်ကြောင်း၊ စစ်ဘက်နှင့် လုံခြုံရေးတပ်ဖွဲ့များ၊ စစ်ဘက်က ထောက် ကူပေးသော လူအုပ်များနှင့် ပြည်သူ့စစ်များက ရိုဟင်ဂျာ အမျိုးသမီး ထောင်ပေါင်း များစွာအား အဓမ္မပြု ကျင့်ခဲ့ကြောင်းလည်း စွပ်စွဲဖော်ပြထားသည်။