Sunday, November 30, 2014
မြန်မာ့လေကြောင်း / အာကာသ ကျောင်းသား တို့ Radio Control လေယာဉ် တီထွင်နိုင်ပြီ
မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာ တက္ကသိုလ် စက်နှင့် ပျံသန်းယာဉ် ဌာနမှ ကျောင်းသား ရှစ်ယောက်နှင့် ဖွဲ့စည်းဆောင် ရွက်ခဲ့သော DAWN SWAZ အမည်ပေးထား သည့် Radio Control သုံးလေယာဉ် အား(၁၂.၁၀၂၀၁၃) နေ့ မနက် ၇း၃၀ နာရီ အချိန်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင် ခဲ့ပါတယ်။
လေယာဉ် တည်ဆောက်ရခြင်း ၏ ရည်ရွယ်ချက် များကို အဖွဲ့ဝင် တစ်ဦးဖြစ် သည့် ကိုစွမ်းထက်မှ ရိုးရာလေး ကို အခုလိုရှင်းပြပါတယ်။
 "ကျွန်တော်တို့ တက္ကသိုလ်မှ ငါးနှစ်တာ သင်ကြားပေးခဲ့တဲ့ သီအိုရီ များကို အခြေခံပြီး လက်တွေ့ အသုံး ချဆောင်ရွက်နိုင်ဖို့ရယ် ၊ ကိုယ်ပို င် ဒီဇိုင်းများ တွက်ချက် ပြီး လေကြောင်း ဆိုင်ရာ နည်းပညာများ တိုးမြှင့်ဖော်ဆောင် နိုင်ဖို့ရယ် နောက်ပြီးတော့ အခု တည်ဆောက်ထားတဲ့လေယာဉ်ကို အကျိုးပြု လုပ်ငန်း များမှာ အသုံးချနိုင်ဖို့ အတွက် ရည်ရွယ်ချက် နဲ့ ကြိုးစား တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။
ခေါင်းကိုက် ဝေဒနာပျောက်ရန် သဘာဝ နည်းလမ်း
 ခေါင်းကိုက်ဝေဒနာပျောက်ရန် သဘာဝနည်းလမ်း
ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခေါင်းဘယ်လောက်ပဲ ကိုက်ကိုက်၊ ဘယ်လောက်ပဲ မူးမူး သဘာဝအတိုင်း ပျောက်စေတဲ့ နည်းလမ်း ရှိပါတယ်။ 
ယင်းကတော့ သံပုရာသီးကို အသုံးပြုခြင်း ဖြစ်ပါတယ်။ သံပုရာသီးကို နှစ်ခြမ်း ခြမ်းပြီး အတွင်းသားကို နဖူးမှာ သာသာလေး ပွတ်ပေးရုံပဲ ဖြစ်ပါတယ်။ ယင်းသို့ ပွတ်သပ်ခြင်းဖြင့် တကယ်ပဲ ခေါင်းကိုက် သက်သာ ပျောက်ကင်းစေပါတယ်။ 
သံပုရာသီးက အအေးဓာတ်နဲ့ အနံ့က ဦးနှောက်ကို လန်းဆန်းစေပြီး ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြောင်း သိရပါတယ်။ 
--
Ref: medic-facts
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
#aungkham_yyl
#health_yyl
--=
 ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခေါင်းဘယ်လောက် ပဲ ကိုက်ကိုက်၊ ဘယ်လောက် ပဲ မူးမူး သဘာဝ အတိုင်း ပျောက်စေတဲ့ နည်းလမ်း ရှိပါတယ်။ 
ယင်း ကတော့ သံပုရာသီး ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ သံပုရာသီး ကို နှစ်ခြမ်း ခြမ်းပြီး အတွင်း သားကို နဖူး မှာ သာသာလေး ပွတ်ပေးရုံပဲ ဖြစ်ပါတယ်။ 
လူတွေ အကြောင်း သိမှတ် သင့်သော စကားလုံး တစ်ချို့
လူတွေအကြောင်း သိမှတ်သင့်သော စကားလုံး တစ်ချို့
(၁) လူတစ်ယောက်ဟာ အလွန်အကျွံ့ ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။
(၂) လူတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည် ဝမ်းနည်းလွယ် ပါတယ်။
(၃) လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။
(၄) လူတစ်ယောက်သည် အတော်အတန် မငိုဘူးဆိုလျှင် သူသည် အားနည်းနေလို့ ဖြစ်ပါတယ်။
(၅) လူတစ်ယောက်သည် အစားစားရာတွင် ပုံမှန်မဟုတ်သော အပြုအမှုများနှင့် စားလျှင် သူသည် စိတ်ဖိစီးမှု တစ်စုံတစ်ရာ ရှိနေလို့ ဖြစ်ပါတယ်။
(၆) လူတစ်ယောက်သည် ဘာမဟုတ်သော ကိစ္စများမှာပင် မျက်ရည် ကျတယ်ဆိုရင် သူသည် စိတ်ထိခိုက် လွယ်သောသူ ဖြစ်ပါတယ်။
(၇) လူတစ်ယောက်သည် အသေးအမွှား ကိစ္စများမှာပင် စိတ်တိုဒေါသ ဖြစ်တယ် ဆိုရင် သူသည် ချစ်ခြင်းမေတ္တာလိုအပ် နေသောသူ ဖြစ်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
#kln_yyl
#article_yyl
(၁) လူတစ်ယောက် ဟာ အလွန် အကျွံ့ ရီမောမယ် ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။
(၂) လူတစ်ယောက် ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ် ဆိုလျှင် သူသည် ဝမ်းနည်း လွယ် ပါတယ်။
(၃) လူတစ်ယောက် သည် စကားနည်းမယ် ဆိုလျှင် ဒါမှ မဟုတ် စကားပြောတာ မြန်မယ် ဆိုလျှင် သူသည် လျှို့ဝှက် တတ်သူ ဖြစ်ပါတယ်။
(၄) လူတစ်ယောက် သည် အတော် အတန် မငိုဘူး ဆိုလျှင် သူသည် အားနည်းနေ လို့ ဖြစ်ပါတယ်။
ပုခုံးဆစ် လွဲသူ
တစ်ခါ က ကမ္ဘာ့  နံပါတ်တစ် လို့ ပြောလို့ ရတဲ့ အရိုး အကြော ဆရာဝန်ကြီး တစ်ယောက်ရှိတယ်.။ ဆရာဝန်ကြီး က အလွန်တော် သလို သူ့ရဲ့သြဇာ ကလည်း တော်တော် ထက်တယ်.။ သူ့ကို လေးစား ချစ်ခင်ကြ တဲ့ သူ့တပည့်တွေ ကလည်း ကမ္ဘာနဲ့ အနှံ့ပဲလေ.။ 
ဆရာဝန်ကြီး ကလည်း တကယ် ကို တော်ရှာ ပါတယ်.။ တစ်ခုခုဖြစ်နေတာ တွေ့တာ နဲ့ စမ်းသပ်နေ စရာ မလိုဘူး.။ ဟို အကြော ကို ဟိုလို ဆွဲလိုက်.၊ လက်မျက်နေတယ် ဆိုရင် သူက ကိုင်ကြည့် သလိုလိုနဲ့ အကြောပြင် လိုက်တာ သိတောင် မှ မသိလိုက် ရဘူး.။ 
 ပါးစောင်တွေ အံ့လွဲနေရင် လည်း ဆက်ခဲနဲ ဆိုရင် နာတောင်မှ မနာလိုက် ရဘူး..။ ခြေထောက်ကျိုးနေသူ ဆိုရင် လည်း ဆရာဝန် ကို ကျောက်ပတ်တီး ကိုင်ရင် လူနာ က ဘာမှ တောင် မှ မသိအောင် အကို င် အတွယ် ကလည်း ညက်တယ်.။ 
လူ တစ်ခု ပူမှု ရယ် တဲ့ ဆယ်ကုဋေ
မိအို ဖအို မျက်မမြင် မိ ဘနှစ်ပါး ကို အလုပ် အကျွေးပြု နေတဲ့ ကျွန်တော့် ယာဉ်မောင်းက taxi မောင်းချင် တယ် ဆိုလို့.. ရှိစု မဲ့စုလေး ထဲက ဖဲ့ရွဲ့ ပြီး .. သူ့စိတ်ကြိုက် ကားလေး တစ်စီး ၀ယ်ပေးထား တာ.. လေးငါး လလောက် ရှိပါပြီ..။ 
အုံနာကြေး တစ်ရက် တစ်သောင်း ပေးမယ် ဆိုပေမင့်.. မင်း အဆင်ပြေ မှ ပေးပါ လို့ပဲ ပြောထား ပါတယ်..။ သူ့ခမျာ့ လည်း.. အဆင်က သိပ်ပြေချင်ဟန် မရှိပါ..။ တက္ကစီတွေ ကလည်း ပေါလိုက်တာ ဆရာရယ်.. ကိုယ်က ခရီးသည် နဲ့ဈေးညှိနေတုံး ရှိသေး.. နောက်မှာ က.. သုံးလေး ငါးစီး ပွဲ အပျက်ကို တန်းစီစောင့်နေ ကြ တာ တဲ့..။ 
စမောင်း.. ခါတုံးက ဆို.. ဘယ်လောက်တောင်းရမယ်မှန်း လည်း မသိတော့.. ပိုတောင်း မိတဲ့အခါ ခရီး သည် က မျက်လုံးပြူး မျက်ဆံပြူး နဲ့ '' ဘယ်လောက်ရယ်.. တစ်ခေါက်လောက် ပြန်ပြော စမ်းပါ '' လို့ အပြောခံ ထိသေးတယ် ဆရာရယ် တဲ့..။ 
စတော့ ရှယ်ယာ Intro
၇င်းနှီးမြုပ်နှံမှူ စတော့ ဈေးကွက် ဆိုလျှုင်လူအများ ထင်ထား တာက ငွေ အများကြီး ရှိမှ ဖြစ်မယ် တစ်ချို့  ကလဲ ငါ့ မှာ ရင်းနှီးဖို့ ငွေ အများကြီး မှ မရှိတာ ဘယ်လို ရင်းနှီးမြုပ်နှံပြီး စီးပွားရှာ မလဲ လို့ ဆိုတယ်။ 
ကမ္ဘာ့ အချမ်းသာ ဆုံး စာရင်းဝင် တစ်ယောက်ဖြစ် တဲ့  Warren E. Buffett က 1956 မှာ ငွေ 100 နဲ့  စတော့ ရှယ်ယာ စတင် ခဲ့ ပြီး ယခု လက်ရှိ သူ့ ရဲ့ ပိုင်ဆိုင်မှူ က ဘီလီယံ 40 ကျော် ထိအောင်မြင်ခဲ့ တယ်။ 
လူဦးရေ 53 သန်းကျော် ရှိတဲ့ မြန်မာ တစ်နိုင်ငံလုံး အတိုင်း အတာ နဲ့ အကြွေး က 11 ဘီလီယံ ရှိချိန် မှာ သူဋ္ဌေး တစ်ယောက် ရဲ့ တစ်ဦး တည်း ပိုင်ဆိုင်မှူ က 40 ဘီလီယံ ဆိုတာ အံသြ ချီးကျူးစရာ လို့ ကျွန်တော် မြင် ပါတယ်။ 
Saturday, November 29, 2014
သင် မသိတဲ့ သင့် ဘဝ ကို သတ်နေတဲ့ အရာများ
မြတ်စွာဘုရားရဲ့ ဓမ္မ နိကာယ် ကျမ်း လေ့လာဖူးသူတို့ သိပါ လိမ့်မယ်။ မိမိတို့ ဆွေမျိုး ယုတ် ဆွေမျိုး ညံ့ မှာ ထွန်းကား ပေါက်ဖွား ရခြင်း ရဲ့ အကြောင်းက  မာန ဖြစ်ကြောင်း ဟော ထား ပါတယ်။ ဟုတ်ပါတယ်။ သင် မသိတဲ့ သင့် ဘဝကို သတ်နေသူက မာန ဖြစ်ပါတယ်။
မာန ဆိုတာ လောဘ လည်း မဟုတ်၊ ဒေါသ လည်း မဟုတ်၊ မာန်ဝင်ခြင်း လို့ ခေါ်တဲ့ ငါ့ကို ဘာများ မှတ်နေလို့၊ ငါ့ကို ဘယ်လို မလေးမစား ဆက်ဆံ တာလည်း အစရှိတဲ့ မခန့်ခြင်း၊ မာန်ဖီခြင်း တို့က မာန ဖြစ်ပါတယ်။ 
စိတ်ချမ်းသာအောင် နေတတ်ဖို့
မင်္ဂလာဆောင်ပြီး ကတည်းက မတွေ့ တော့သော ညီဖြစ်သူ မင်းမင်း မမျှော်လင့်ပဲ အိမ်
သို့ ရောက်လာသည်။ သူ့ ပုံစံကလည်း လူပျို တုံး ကလို ဖြတ်ဖြတ် လတ်လတ် မဟုတ် သန့် သန့် ရှင်းရှင်း မဟုတ် အ၀တ်အစား က ဘိုသီ   ဘတ်သီ ဆံပင်က ပွယောင်းယောင်း။
* ညီလေး မင်းမင်း ဘယ်လိုဖြစ်လာတာလဲကွာ *
* ကျွန်တော် အကိုနဲ့ နေမလို့  *
* အေးပါနေပါ ရပါတယ် ။ ကဲထိုင် အကျိုးအကြောင်းပြောပါဦး ။ ဒါနဲ့ နွယ်နွယ်ရော *
** သူလည်း သူ့ အမေ အိမ်ကို ဆင်းသွားပြီ **
** ဘာလဲ စကားများကြတာလား **
ဘဝ အတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ
ဘဝအတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ
.............................................................................
မပျင်းနဲ့
ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလားကဲလားနဲ့ တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။
မတွေဝေနဲ့
လောကီလူသားပေးပဲ။ တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။ အဲ့ထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေ သွားတတ်ပါတယ်။ ဒီတော့ တွေဝေရင် ဘဝခရီးနှောင်နှေးပါတယ်။
မစိုးရိမ်နဲ့
ဖြစ်တောင်မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့မလား။ ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကော ရှိရဲ့  လား။ လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား အစရှိသဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်းက Plan ချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အမြဲလိုလို ဝင်နေမှာပဲ။
အားမငယ်နဲ့
ငါ့ဘော်ဒါတွေများ၊ သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြပါတယ်။ အဲ့လို ဝင်စရာမလိုပါဘူးကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြတာပဲ။ (ဘာဖြစ်တာလဲတော့ မသိဘူး) ကိုယ်က ဘဝရဲ့ အဓိပ္ပါယ် ကို သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ်လို့ မခေါ်ဘူး။ ကိုယ်ကျင်လည်နေရတဲ့အခြေအနေထဲမှာ စိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။ ပြီးတော့မှ နောက်တစ်ဆင့်တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်နေမယ့်အစား သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျ တယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။
အချစ်ဆိပ် မတက်နဲ့
ထူးဆန်းတယ်ဟုတ်။ မထူးဆန်းပါဘူး။ ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေက ကြိုးစားနေရင်းနဲ့ အရမ်း Romantic ဆန်သွားရင် ရောင့်ရဲသွားတတ်ကြပါတယ်။ တော်ပြီလေ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေးတစ်လုံး နဲ့ နေရရင်ပြီးပါပြီဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက် တွေကို အတိုက်စားခံလိုက်ကြတယ်။  စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိ တာက ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။
စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက် အတ္တစိတ် နည်းဖို့အတွက် ပေးဆပ် တယ်ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊ ညအိပ်လည်းဆက်၊ မအိပ်လည်းဆက်၊ တစ်ပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ၊ ၈ နာရီက အပြင်မှာ ၈ နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင် ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို သတိရလို့ပါ ဘာညာနဲ့ မိမိရဲ့ တိုးတက်ချင်တဲ့ စိတ်ကလေးတွေ ရောင့်ရဲ သွားကြမှာ အမှန်ပါပဲ။ ဒီတော့ ချစ်တော့ ချစ်နိုင်ပါတယ်။ သို့ပေမယ့် Target တစ်ခုထားပြီး ကြိုးစားနေစဉ် ကာလမှာ အဆိပ်တော့ မတတ်ပါနဲ့။ ဖြေဆေးမရှိပါဘူး။ ကြိုးစားနေတဲ့ လူငယ်တွေအတွက် ကျရှံးစေမယ့် အကြောင်းပြချက် တစ်ခု ဖြစ်ပါတယ်။
အပျော်မမက်နဲ့
စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက်ဆိုပြီး ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။ ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကိုလည်း Limit လေးတော့ ထားလေ။ ကိုယ်လက်ရှိ လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေ ကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများနေရင်လည်း မကောင်းဘူး။ ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့ Project ပြီးသွားပါလားဟ ဆိုပြီး နောင်တတွေ ရနေလိမ့်မယ်။ အချို့ က ကိုယ့် အောင်မြင်မှုအတွက် တစ်ဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး ဆီစမ်း ပဲဆီနံလေး မွေးလိုက်တာလို့ ရေရွတ်နေရင်း ဘဝပျက်သွားပါမယ်။ အချို့ ကျတော့လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။ Limit လေးနဲ့တော့ ကဲကြပေါ့။ အိနြေ္ဒရရလေး ပျော်နိုင်ပါတယ်။
ဒါနဲ့ ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ ဘဝရဲ့  အရသာဆိုတာဟာလည်း ပန်းတိုင်ရောက်မှခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်။ အသီးမသီးသေးပေမယ့် အရွက်တွေ ခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ တစ်ခါတစ်လေကျ ကြိုးစားနေရင်းနဲ့ အချို့ က Quality of Life ကိုမေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင်မှုအတွက် ပန်းတိုင်ကို ထားရှိပေမယ့် ပျော်ရွှင်မှုအတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။
အားလုံး ကြိုးစားရကျိုးနှပ်တဲ့ ပန်းတိုင်တစ်ခုသို့ ရောက်ရှိနိုင်ကြပါစေ။
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com/
#aungkham_yyl
#article_yyl
#knowledge_yyl
.
မပျင်းနဲ့
ပျင်းရိနေရင် ကိုယ်လိုချင် တဲ့ ပန်းတို င်တစ်ခုကို တော်တော် နဲ့ မရောက်ဘူး။ ပြောတုန်း ကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလား ကဲလားနဲ့ တကယ်လည်း လုပ်မယ် ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇက်ကျော တက် တယ်၊ ခေါင်းကိုက် တယ်၊ ဖျားတယ် နဲ့ ဆို တော်တော် နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်း ဖို့လိုပါတယ်။
မတွေဝေနဲ့
လောကီလူသားပေပဲ။ တစ်ခါခါ ကြိုးစားနေရင်း နဲ့ စိတ်ဓာတ် ကျတဲ့ အခါ ကြုံတတ်မယ်။ ငါ ဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူး လာမှာလဲ။ အဲဒီ ထက် ဆိုးတာက တစ်ခုခုကို ရည် ရွယ်ပြီး လုပ်နေရင်း တန်းလန်း ရည်ရွယ်ချက်ပျောက်သွား တာမျိုးပေါ့။ 
အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ် လိုက်တာနဲ့ တွေဝေ သွားတတ် ပါတယ်။ ဒီတော့ တွေဝေရင် ဘဝ ခရီးနှောင်နှေးပါတယ်။
ဂေါက် (အဆစ် အမြစ်ရောင်ရောဂါ )နှင့် ပတ်သက် ၍ သိထား ရ မည့် အချက်များ
သွေးနှင့် တစ်သျှူး များ ထဲတွင် ယူရစ် အက်စစ် များလွန်းသောကြောင့် အဆစ် အမြစ်ရောင်ရမ်း သည့်ရောဂါ (Gout) ဖြစ်လာ သည်။ အဆစ်အ မြစ် များ တွင် ယူရစ် အက်စစ် များ အနည် ထိုင်ပြီး ဂေါက်ရောဂါဖြစ်လာ သည်။ ယင်း အက်စစ် များသည် ကျောက်က ပ် များထဲတွင်လည်း အနည် ထိုင်နိုင်ပြီး ကျောက်ကပ် တွင် ကျောက် တည်လာနိုင်သည်။
ဂေါက်ရောဂါဖြစ်စေ သည့် ယူရစ် အက်စစ်မြင့်မား မှု ဖြစ်စေသော အဓိက အကြောင်းရင်း သုံးမျိုး မှာ ဓာတု ပစ္စည်း ပါဝင်မှု များ သည့် အစားအစာများ စားခြင်း၊ မျိုးရိုး လိုက်ခြင်းတို့ကြောင့်ဖြစ်နိုင်ပြီး မည်သည့် အကြောင်း ရင်းကြောင့်ဟု မသိ ရဘဲ ခန္ဓာကိုယ် က ယူရစ် အက်စစ် ထုတ် လုပ်မှု မြင့် မားခြင်းနှင့် ကျောက် ကပ်များ က လုံလောက်သော ယူရ စ် အက်စစ် များကို မစွန့်ပစ်ခြင်း တို့ကြောင့် ဖြစ်တတ်သည်။
 နောက်တစ် ချက်မှာ ကျောက်ကပ်ရောဂါ၊ အဆာ ငတ်ခြင်းနှင့် အရက် အလွန်အကျွံ သောက် သုံးခြင်း တို့ကြောင့် ဖြစ်နိုင်ပြီး သွေးတိုးရောဂါ ကုသ သည့် ဆေး တစ်မျိုးကြောင့် လည်း ဖြစ်နိုင်သည်။
ကျွန်ပြု ခြင်း ကို တွန်းလှန် ရန် အချိန်
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သား အမျိုးသမီး တစ်ဦး ကို တွေ့ရစဉ် / ဓာတ်ပုံ−အေအက်ဖ်ပီ
ရန်ကုန် လူထု ကို လှုပ်နှိုး လိုက်သည့် ခေတ်သစ် လူသားချင်း ကျွန်ပြုမှု တစ်ရပ် မကြာသေးမီ က ဖြစ်ပွား ခဲ့သည်။ 
အသက်(၁၄)နှစ် အရွယ် မြန်မာ ကလေးငယ် မသန်းသန်းစိုး တစ်ယောက် ရန်ကုန်မြို့ ရှိ ဆရာဝန် ဇနီးမောင်နှံ အိမ်၌ အိမ်အကူ အဖြစ် ၂ နှစ် နီးပါး အလုပ်လုပ်ပြီး ချိန် တွင် ရရှိ လိုက်သည် က မွေးရာ ပါနှုတ် ခမ်းကွဲ သူ လို ပုံစံ ပျက်သွားသည့် နှုတ်ခမ်း၊ ရိုက်နှက် မှုကြောင့် ကျိုးသွားသည့် လက်၊ အမာရွတ် များ ထင် ထင် ရှားရှား မြင်နေရသည့် ဘဝ မျိုးပဲ ဖြစ်သည်။
မသန်းသန်းစိုး ၏ အဖြစ်ဆိုး က ရန်ကုန်မြို့ ရှိ အဆောက် အအုံများ၊ လူနေအိမ် များ ထဲတွင် ရုန်းကန် ရှင် သန်နေကြသော အိမ်အကူ ကလေးငယ် များ၏ လူမသိ သူမသိ ဘဝမြောက်မြားစွာ ထဲမှ လူသိ သွားသော ဖြစ် ရပ်တစ်ခုသာ ဖြစ်သည်။ 
 ကျွန်ပြုမှု ဆန့်ကျင် လှုံ့ဆော်သည့် လူ့ အခွင့်အရေး အဖွဲ့အစည်းကြီး တစ်ခုဖြစ်သော Walk Free Foundation ၏ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ထုတ်ပြန် လိုက်သည့် အစီရင်ခံစာ အရ မြန်မာနိုင်ငံ တွင် ခေတ် သစ် ကျွန်ပြုခံရ သူပေါင်း ၂၃၀,၀၀၀ ကျော်ရှိနေသည်။ ယင်း လူဦးရေ ပမာဏမှာ ကယားပြည် နယ် တစ်ပြည်နယ် လုံး စာ လူဦးရေ နီးပါး ရှိ၏။
Friday, November 28, 2014
တစ်ဦးချင်း ကား တင်သွင်းခွင့် စိစစ် တင်းကျပ်ရန် အရောင်းပြခန်း လုပ်ငန်းရှင်များ လိုလား
ကိုယ်ပိုင်နိုင်ငံခြားငွေ စာရင်း တစ် ခု ဖွင့်ပြီး ပုဂ္ဂိုလ်တစ်ဦး ချင်း ကားတင်သွင်း ရာတွင် လိမ် လည်မှုများ
 မ ရှိစေရေး လာမည့် ရက်ပိုင်း အတွင်း စည်းကမ်း တင်း ကျပ်ပေးရန်ဆွေးနွေး သွား မည်ဖြစ်ကြောင်း မော်တော် ယာဉ် အရောင်းပြခန်း လုပ်ငန်းရှင်အချို့က ပြောကြားသည်။
ကိုယ်ပိုင်နိုင်ငံခြားငွေစာရင်း ဖြင့် ကားတင်သွင်းမှု များ သည် နီးစပ်ရာ ပုဂ္ဂိုလ်များ ထံမှ မှတ်ပုံ တင်နှင့် အိမ်ထောင်စု စာရင်း များ ကို တစ်စုံ လျှင် ကျပ် ငါးသောင်း ဖြင့် ဝယ်ယူ တင်သွင်းနေကြခြင်း ဖြစ်သည်။
‘‘အဲဒီ စနစ်က ပိတ်သင့်နေ တာတော့ကြာပြီ ။ အများစု က ကားပွဲစားတန်း က လူတွေ လုပ်နေ တာ’’ ဟု မော်တော်ကား အရောင်း ပြခန်း လုပ်ငန်းရှင် တစ်ဦးက ပြော ကြားသည်။
Share ပေးခြင်းဖြင့် အသက် တစ်ချောင်း ကို ကယ်တင်ပါ
Myanmar News Update's photo.
စာရေးသူ သည် ၁၉.၁၁.၂၀၁၄ ရက်နေ့က တရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့သို့ အလည်အပတ်ရောက် ခဲ့ပါသည်။
ရွှေလီမြို့ရှိ အကင်ဆိုင်သို့ မိတ်ဆွေတစ်ဦး က ခေါ်၍ လိုက်စားဖြစ်ပြီး မထင်မှတ်ပဲ သတင်းထူး တခု ကို ရခဲ့  သဖြင့်မြန်မာနိုင်ငံသားများ အတွက် များစွာ စိတ်မကောင်းဖြစ်ခဲ့ရ ပါတယ်။
စာရေးသူ က အစ ကတော့မရေးဘူး ဆိုပြီး စိတ်ကူး ထားခဲ့ပေမယ့် မြန်မာပြည်သူ များရဲ့ အသက် ကိုထောက်ပြီး မရေးချင်ပေမယ့် ရေးခဲ့ရပါတယ် ။ ထိုနေ့က အကင်ဆိုင် တွင် လှလှပပ ထုတ်ပိုး ထားသော စားချင် စဖွယ် အသားချောင်း များ အသားလုံးများ ၊ ကြက်အူချောင်းများ ကို ပြသ ထားပြီး စတီးဗန်း များပေါ်တွင် ဖောက်၍ ခင်းကျင်း ထားတာ ကို တွေ့ရပါတယ်။
သင့် အတွက် အကျိုးရှိမယ့် ဝဘ်ဆိုဒ်ပေါင်း ၁၀၀
 အင်တာနက် သုံးတဲ့ အခါ Facebook ပေါ်မှာ အချိန် ကုန်နေတာ ထက် အခြား ဗဟုသုတ ရနိုးနိုး ဝဘ်ဆိုဒ်လေးတွေ ဆီ သွားနိုင်ရင် ပိုကောင်း ပါတယ်။ 
ဒါကြောင့်မို့ လက်ရှိ ၂၀၁၄ ခုနှစ် အတွက် TED မှ ထုတ်ပြန် ခဲ့တဲ့ အကောင်းဆုံး ဝဘ်ဆိုဒ် ၁၀၀ စာရင်းကို တစ်ဆင့် ပြန်လည် မျှဝေပေးလိုက် ရ ပါတယ် ။
Sunday, November 23, 2014
နိုင်ငံခြားရောက် ကျွန်တွေ တဲ့လား
နိုင်ငံခြားရောက် ကျွန်တွေတဲ့လား
ခပ်ငေါ့ငါ့ပဲ ဖြေလိုက်ပါ့မယ်
ကျွန်ဖြစ်ဖို့အတွက် လွယ်တယ်ထင်သလား?
နုပျိုခြင်းတွေ ငွေနဲ့လဲရဲမှ။
မိမရှိဖမရှိ ဆွေမရှိမျိုးမရှိနေရာမှာ နေရဲတဲ့ ဇရှိမှ။
နေမကောင်းလို့ မထနိုင်တောင် ဖေးမမယ့်သူမရှိလို့ 
ဆေးတခွက်သောက်ဖို့ကအစ 
ကိုယ်ထူ ကိုယ်ထနိုင်အောင် အားရှိမှ။
မြန်မာဆိုရင် မချဉ်စေဖို့ နေတတ်အောင်နေရတဲ့ 
နိုင်ငံ့တာဝန်သေးသေးလေး ထမ်းရဲတဲ့ သိတတ်မှု ရှိမှ။
ဘာသာစကား အခက်အခဲ ချွေးပြန်ရတဲ့ ကြားထဲ 
အထင်သေးမျက်လုံးတွေကြား အားခဲရဲမှ။
ငွေရရက်လေးတရက် ပျော်ဖို့အရေး တလလုံး 
ကျိတ်မှိတ်သည်းခံစိတ်ရှိမှ။
စားဖို့ပိုက်ဆံရှိတောင် စားချင်တာတွေ ဝယ်မရတဲ့ 
အာသာမပြေအရပ်မှာ ငတ်ရဲမှ။
အဝေးက အယောင်ဆောင် ရိုးရာပွဲတွေမှာ 
အဆာပြေရုံ ကျေနပ်ရဲမှ။
ဒီ ဇ တွေ မရှိရင် ကျွန်ဖြစ်ခွင့် မရှိဘူး။
သူများဆီက ခိုးစား၊ ခေါင်းပုံဖြတ်နေကြတာလဲ မဟုတ်ဘူး။ 
ကိုယ့်လုပ်အားနဲ့ ကိုယ် ကြိုးစားတဲ့ဘဝမှာ 
ကျွန် လို့ ခေါ်ရက်သလား???
ငါတို့ ရိုးသားမှုရှိရင် သခင်ပဲ။
လက်ညှိုးထိုးတတ်သူသာ.....။ ။
Credit to Cho Cherry ရဲ့ရင်တွင်းဖြစ် ပါက်ကွဲမှုအမှန်တရားများ
နိုင်ငံခြားရောက် ကျွန်တွေ တဲ့လား
ခပ်ငေါ့ငေါ့ပဲ ဖြေလိုက် ပါ့မယ်...
ကျွန်ဖြစ်ဖို့ အတွက် လွယ်တယ် ထင်သလား?
နုပျိုခြင်းတွေ ငွေနဲ့ လဲရဲ မှ။
မိမရှိ ဖမရှိ ဆွေမရှိ မျိုးမရှိနေရာ မှာ နေရဲ တဲ့ ဇရှိမှ။
နေမကောင်း လို့ မထနိုင်တောင် ဖေးမမယ့်သူ မရှိလို့
ဆေးတစ်ခွက်သောက်ဖို့ ကအစ
ကိုယ်ထူ ကိုယ်ထနိုင်အောင် အားရှိမှ။
မြန်မာ ဟာ ကမ္ဘာမှာ အလှူ အတန်း အရက်ရောဆုံး နံပါတ် တစ် နိုင်ငံဖြစ်
အမေရိကန် နဲ့ ယှဉ်ပြီးတော့ မြန်မာ ဟာ ကမ္ဘာမှာ အလှူ အတန်း အရက်ရောဆုံး နိုင်ငံ များ စာရင်း ထဲမှာ နံပါတ် ၁ ချိတ်ထားပါတယ်။ ယင်း အတွက် တွက်ချက်မှုက နည်းလမ်း သုံးခု ရှိပါတယ်။
 ငွေပေးလှူခြင်း၊ အချိန်ပေး ကူခြင်း နဲ့ လူရင်း မဟုတ်သော သူစိမ်း တို့ အား ကူညီခြင်း ဆိုတဲ့ အချက် သုံးချက် နဲ့ တွက်ချက် ရာ မြန်မာ ဟာ ငွေကြေး အားဖြင့် လှူဒါန်းမှု မှာ များ တာကြောင့် သုံးခု ပျှမ်းမျှ ရှာလိုက် တဲ့ အခါ နံပါတ် ၁ ကို ရရှိခြင်း ဖြစ်ပါတယ်။ 
အမေရိကန်လည်း နံပါတ် ၁ ဖြစ်ပါတယ်။ World Giving Index 2014 ထုတ်ပြန်ချက် ကို ဗြိတိန်နိုင်ငံ အခြေစိုက် CAF (Charities Aid Foundation) အမည်ရ အဖွဲ့အစည်း မှ သုတေသန ပြုလုပ်လို့ ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပါတယ်။
သွေးတိုးရောဂါ ချက်ချင်း သက်သာစေမည့် နည်းများ
 သွေးတိုးရောဂါ ချက်ချင်းသက်သာစေမည့်နည်းများ
---------------------------------------------------------------
သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုပ်နိုင်ကြပါတယ်။
(၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သောက်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါသည်။
(၂) သံပုရာသီးကို ခွဲလိုက်ပါ။ အထဲမှာ အစေ့များကို ၅ စေ့ခန့် ၀ါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။
(၃) သံပုရာသီး ချက်ချင်းမရနိုင်ပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါသည်။
(၄) ဗန်ဒါရွက်အနု ၃၊၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက် ၃ ခွက်ခန့်  သောက်ပေးပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။
၎င်းဆေးနည်းများသည် မြန်မာ့ရိုးရာဆေးမြီးတိုနည်းများဖြစ်ပါသည်။
(သတိပြုရန်) ဗန်ဒါရွက်ပြုတ်ရည်ကို အလွန်အကျွံသောက်ပါက ၀မ်းချုပ်တတ်ပါသည်။
သွေးတိုးရောဂါဝေဒနာရှင်များအတွက် ဇီဝိတဒါနအဖြစ် မည်သူမဆို Share ပေးနိုင်ကြပါသည်။
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ
ကျန်းမာရေးသတင်းများ
မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
သွေးတိုးရောဂါ ရှိသူများ သွေးတိုးပြီး ခေါင်းမူး လာပါက အောက်ပါ သဘာဝ နည်းများဖြင့် သွေးတိုးရောဂါ သက်သာ သွားအောင် ပြုလုပ်နိုင်ကြပါတယ်။ 
(၁) ဒန့်သလွန်ရွက် ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည် ညစ်ယူပြီး လက်ဖက်ရည် ဇွန်း ၂ ဇွန်းခန့် ကို သောက်လိုက်ပါ။ သွေးတိုး ချက်ချင်း သက်သာ သွားစေပါသည်။ 
(၂) သံပုရာသီး ကို ခွဲလိုက်ပါ။ အထဲ မှာ အစေ့ များကို ၅ စေ့ခန့် ၀ါးစား လိုက်ပါ။ သွေးတိုး ချက်ချင်း သက် သာ ပါလိမ့်မည်။ 
တံတား
တစ်ခါတုန်းက လယ်မြေချင်း ကပ်လျက် နေထိုင် လုပ်ကိုင်ကြ တဲ့ ညီအစ်ကိုနှစ်ဦး ဟာ စကားများ ရန်ဖြစ်ကြ တယ်။ ဒါဟာ သူတို့နှစ်ဦးကြား ပထမဆုံး နဲ့ အပြင်းထန် ဆုံး သဘောကွဲလွဲမှု ပါ။ 
ဒီ့ မတိုင်မီ ကတော့ သူတို့နှစ်ဦး ဟာ စက်ကိရိယာ၊ လုပ်အား၊ ကုန်ပစ္စည်းတွေ ဝေမျှ သုံးစွဲရင်း နေထိုင် ခဲ့ကြတာ နှစ်ပေါင်းလေးဆယ်ကြာမြင့် ခဲ့တယ်။ ဒီနောက်မှာတော့ အချိန် အတော်ကြာ ချစ်ချစ် ခင်ခင် နေ ထိုင် ဆက်ဆံမှု ဟာ ပြိုကွဲ ပျက်စီး သွားတယ်။
အထင်လွဲမှား မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စကလေး ဟာ နေ့ချင်း ညချင်း ပြဿနာကြီး အဖြစ် ကြီးထွား လာခဲ့ တယ်။ နောက်ဆုံး မှာတော့ ညီအစ်ကိုနှစ်ဦး ဟာ တစ်ဦးကို တစ်ဦး နာကြည်း မုန်းတီးစေမဲ့ စကားတွေပြော ဆိုရင်း ရက်သတ္တပတ် အတော်ကြာ မခေါ်မပြောကြတော့ပါဘူး။ 
ကြက်ပုံပြင်
တစ်ခါက... ရွာစဉ်လှည့်ပြီး ကြက်သား လိုက်ရောင်းတဲ့ မအိမ်သစ် ဆိုတဲ့ ကြက်သည်ကောင်မလေး တစ်ယောက် ရှိတယ်။ 
တစ်ရက်... ကြက် လည်ရောင်းနေတုန်း အိမ် တစ်အိမ်က လူ တစ်ယောက်ထွက်လာပြီး ခေါ်ဝယ်တယ်။ သူ့ကြက်သား ဗန်းလေး ချခါ ရှိသေး အဲဒီ လူက မေးတယ်... ... " ညည်း ဒီကြက်တွေ ဘယ် က ဝယ်တုန်း" "ဒီလိုပဲ ရွာပေါင်းစုံက ဝယ်တာပါ" 
အဲဒီ လူက ကြက်တစ်ကောင် ကို ကိုင်ကြည့်ပြီး... ... "ဒါ ဘယ်ရွာက ကြက်လဲ" "မမှတ်မိ ဘူးရှင့်" "ဒါဆို ငါပြောပြမယ်..." ... ဆိုပြီး ကြက်ဖင် ထဲ လက်ညိုး နဲ့ ထိုးကြည့် သတဲ့။ ပြီးတော့ ပြောတယ်.... ... "ဒါ ညောင်ပင်သာ ရွာက" 
ရန်ကုန် ညမွှေးပန်း ရဲ့ အသံ
 မြန်မာပြည်မှာ - ခံစားမယ် 
အဆင်ပြေရင် ယိုးဒယားသွားမယ် 
 နာမည်လား... စိမ်းလို့ခေါ်ပေါ့
 မောင်နှမ...အင်း များတယ်
 နှစ်ယောက်က ကျောင်းမှာ 
 ဘဝလား ခါးပေမဲ့ ''အ'' နေတုန်းပဲ
 ပျော်ရမှာပေါ့ ငိုနေလို့ ထူးမလား... 
ဘာရယ်... ကောင်းရောင်းကောင်းဝယ် 
အဲ့သည့်စကား လွယ်မလားရှင် 
အရင်းနှီးမရှိတဲ့ကြား
 ဈေးကောက်များလာခဲ့ရင်... 
ဆန်ဈေး ဆီဈေးက 
အစ်ကိုကြီးကလေး မုန့်ဖိုးလောက်ရှိတယ်။ 
Friday, November 21, 2014
ပုဒ်မ ၄၃၆ ကိစ္စ သူရဦးရွှေမန်း ပြောကြားချက် သမ္မတ သဘောမတူ
President-Thein-Sein-3
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး သည် သမ္မတ အပေါ်တွင် မူတည် ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ၏ ပြော ကြားချက် ကို သမ္မတ က သဘော မတူကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက် လွှတ်တော် အမတ် များအား စည်းရုံးရန် မှာ ပြည် ထောင်စု လွှတ်တော် နာယက တွင်သာ တာဝန်ရှိကြောင်း သမ္မတ ဦးသိန်းစိန် က တုံ့ပြန်လိုက်သည်။
နိုဝင်ဘာ ၁၈ ရက်က သူရ ဦးရွှေမန်း ၏ သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားချက် အပေါ် သမ္မတ က ၎င်း၏ ပြောရေး ဆိုခွင့် ရှိသူမှ တစ်ဆင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
သူရ ဦးရွှေမန်း က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအောင်မြင်ရန် မှာ တပ်မတော်သား ကိုယ်စားလှယ် များကို ဦးဆောင် သည့် တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အစိုးရ အဖွဲ့ကို ခေါင်းဆောင် သည့် သမ္မတ တို့ဖြစ်ပြီး သမ္မတ မှာ တပ်မတော် အပေါ်တွင် ထိုက် သင့်သည့် သြဇာ ရှိသည့်အတွက် ပုဒ်မ ၄၃၆ အောင်မြင်ရေး မှာ ၎င်းတို့နှစ်ဦး အပေါ်တွင် မူတည် ကြောင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
Tuesday, November 18, 2014
ကမ္ဘာပေါ် မှာ ပါဝါ အကြီးဆုံး ပတ်စ်ပို့ များ
ကမ္ဘာပေါ်မှာ ပါဝါအကြီးဆုံး ပတ်စ်ပို့ များ 
The world most powerful passport လို့ဆိုတဲ့ ကမ္ဘာပေါ်မှာ သြဇာ အာဏာ အကြီးဆုံး၊ ပါဝါအကြီးဆုံး ပိတ်စ်ပို့ သုံးခုကို ပြောပါ ဆိုရင် ပုံမှာ မြင်တွေ့နေရတဲ့ ပတ်စ်ပို့ သုံးခုပဲ ဖြစ်ပါတယ်။ ဗြိတိသျှ၊ ဆွီဒင် နဲ့ ဖင်လန် နိုင်ငံသားတို့ ကိုင်တဲ့ ပတ်စ်ပို့ပဲ ဖြစ်ပါတယ်။ ယင်းနိုင်ငံသားများဟာ နိုင်ငံပေါင်း ၁၇၃ နိုင်ငံကို VISA မလိုပဲ Passport ပါရုံနဲ့ သွားလာနိုင်လို့ ဖြစ်ပါတယ်။ 
အမေရိကန်က ၁၇၂ နိုင်ငံပဲ သွားနိုင်တာကြောင့် ထိပ်ဆုံး ၃ခု စာရင်းမှာ မပါဝင်လိုက် ပါဘူး။ VISA ဆိုတာ Passport ပြီးရင် နိုင်ငံအသီးသီးရဲ့ ဒေသတွင်းက သံရုံးက ထုတ်ပေးတဲ့ ထောက်ခံချက် (endorsement) စာရွက်တစ်ခုဆိုလည်း မမှား ပါဘူး။ ကမ္ဘာ့ ပါဝါ အကြီးဆုံး ပတ်စ်ပို့လို့ ထုတ်ပြန်တဲ့နေရာမှာ ထားခဲ့လို့ မရတဲ့ နောက်ထပ် ပတ်စ်ပို့ တစ်ခု ကတော့ ဟောင်ကောင် ပတ်စ်ပို့ ဖြစ်ပါတယ်။ 
သူ့ကိုလည်း ကမ္ဘာပေါ်မှာ ပါဝါအကြီးဆုံး ဖြစ်ကြောင်းလည်း အချို့က လက်ခံထားပါတယ်။ အကြောင်းကတော့ ဟောင်ကောင်ပတ်စ်ပို့ ကိုင်ဆောင်သူဟာ နိုင်ငံအားဖြင့် ၁၅၂ နိုင်ငံသာ visa-free သွားနိုင်ပေမယ့် သူသွားနိုင်တဲ့ နိုင်ငံ ဧရိယာဟာ ပိုကျယ်ပြီး သူလည်ပတ်တဲ့ နိုင်ငံများရဲ့ လူဦးရေကို ပေါင်းလိုက်ရင် ကမ္ဘာမှာ အများဆုံးမို့ ဖြစ်ပါတယ်။ စုစုပေါင်း လူဦးရေ ၃.၈ ဘီလျံရှိတဲ့ နိုင်ငံပေါင်း ၁၅၂ နိုင်ငံကို ဗီဇာမလို လည်ရမှာ ဖြစ်ပါတယ်။ အဓိကကတာ့ တရုတ်ပြည်မ ပါ ပါဝင်သွားခြင်းကြောင့် ဖြစ်ပါတယ်။ 
၁၉၉၇ ခုနှစ်က ဗြိတိန်သျှ ကိုလိုနီလက်အောက်ကနေ တရုတ်ပြည်မကို လွဲပြောင်းပေးခဲ့ပေမယ့် ဟောင်ကောင်က ကိုယ်ပိုင် ပတ်စ်ပို့ကို ကိုင်ဆောင်ထားဆဲ မို့ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့ အာဏာအကြီးဆုံး ပတ်စ်ပို့ လေးခုကို ပြပါ ဆိုရင် ဗြိတိန်သျှ၊၊ ဆွီဒင်၊ ဖင်လန်နဲ့ ဟောင်ကောင် တို့ ဖြစ်ပါတယ်။ 
နောက်ထပ် နိုင်ငံများကို http://nextshark.com/which-country-has-the-most-powerful-passport-u-s-sweden-youll-never-guess-the-answer/ ထဲမှာ ရှာဖွေ လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
#aungkham_yyl
#knowledge_yyl
The world most powerful passport လို့ ဆိုတဲ့ ကမ္ဘာပေါ်မှာ သြဇာ အာဏာ အကြီးဆုံး၊ ပါဝါ အကြီးဆုံး ပိတ်စ်ပို့ သုံးခု ကို ပြောပါ ဆိုရင် ပုံမှာ မြင်တွေ့နေရ တဲ့ ပတ်စ်ပို့ သုံးခုပဲ ဖြစ်ပါတယ်။
 ဗြိတိသျှ၊ ဆွီဒင် နဲ့ ဖင်လန် နိုင်ငံသားတို့ ကိုင်တဲ့ ပတ်စ်ပို့ ပဲ ဖြစ်ပါတယ်။ ယင်းနိုင်ငံသားများ ဟာ နိုင်ငံပေါင်း ၁၇၃ နိုင်ငံ ကို VISA မလိုပဲ Passport ပါရုံ နဲ့ သွားလာနိုင် လို့ ဖြစ်ပါတယ်။
အမေရိကန် က ၁၇၂ နိုင်ငံ ပဲ သွားနိုင်တာကြောင့် ထိပ်ဆုံး ၃ ခု စာရင်းမှာ မပါဝင် လိုက် ပါဘူး။ VISA ဆိုတာ Passport ပြီးရင် နိုင်ငံ အသီးသီးရဲ့ ဒေသတွင်း က သံရုံးက ထုတ်ပေးတဲ့ ထောက်ခံချက် (endorsement) စာရွက်တစ်ခု ဆိုလည်း မမှား ပါဘူး။ 
မိမိ ကိုယ် ကို ပြန်ကိုက်သတ်တဲ့ မြွှေ
YoYarLay's photo.
မြွှေတွေဟာ ကိုယ့် ဟာကိုယ် ကိုက်ရင် သေ မသေဆိုတဲ့ အရာ အတွက် အငြင်းပွားနေသူများ အတွက် အဖြေ ကတော့ ပေါ် ပါပြီ။
 မြွှေတွေဟာ မိမိကိုယ် ကို ပြန်ကိုက် ရင်လည်း သေပါတယ်။ လျှာ ကို ပြန်ကိုက် တာမျိုးတော့ မဟုတ်ပါဘူး။ မိမိရဲ့ က ခန္ဓာကိုယ် ကို လှည့်ပြီးတော့ ပြန်ကိုက် ရင် သေပါတယ်။
ပုံမှာမြင်တွေ့နေရတဲ့မြွှေက သြစတေးလျနိုင်ငံ က သစ်ပင် များမှာ နေထိုင် ကျက်စား တတ်တဲ့ အညိုရောင်မြွှေ ဖြစ်ပါတယ်။ သူဟာ ရည်ရွယ်ချက် ရှိရှိ မိမိကိုယ် ကို ကိုက်လို့ သေခြင်း ဖြစ်ကြောင်း လေ့လာ သူတို့ က တွေ့ရှိခဲ့ပါတယ်။
ထိုင်း ဘုရင်ဟောင်း အုတ်ဂူဟောင်း ပြန်လည် တူးဖော်နိုင်ရန် အသင့်ပြင်
သမိုင်းဝင် ဥယျာဉ် အဖြစ်တည်ဆောက် မည့် ထိုင်း ဘုရင်ကျောင်းဆောင်နေရာဟောင်း ကိုတွေ့ရစဉ် (ဓာတ်ပုံ-The Nation)
အမရပူရမြို့ ရှိ ထိုင်း ဘုရင်ဟောင်း အုတ်ဂူနေရာ အား တူးဖော်ရေး လုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် အဆင် သင့်ဖြစ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ရေသဖန်းပွင့် ချစ်ကြည်ရေး အသင်း အမည်ဖြင့် ထိုင်းဘုရင် ဟောင်းအုတ်ဂူနေရာ တစ်ဝိုက် ရှိ မြေ တစ်ဧကပေါ်တွင် တူးဖော်မှု လုပ်ငန်း များပြုလုပ်နေရာ တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် ပြည် ထောင်စု ယဉ်ကျေးမှု ၀န်ကြီးဌာန တို့က လုပ်ငန်းများ ရပ်နား ရန် မတ် လ ၁၀ ရက် က အကြောင်းကြား ခဲ့ ၍ ရပ်နား ခဲ့ရသည်။
ကျန်းမာရေး အတွက် ရုံးပတီသီး စားပါ
ကျန်းမာရေး အတွက် ရုံးပတီသီး စားပါ
ဟင်းချက်ရာတွင် ထည့်ပြီး ချက်လေ့ရှိသော ရုံးပတီသီးဟာ ကျန်းမာရေး အတွက် အကျိုးကျေးဇူးတွေ ရရှိတယ်လို့ သိရပါတယ်။
ရုံးပတီသီး စားလို့ ရရှိနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့ ----
- အရိုးကိုသန်မာစေပါတယ်။
- နှလုံးကိုကာကွယ်ပေးပါတယ်။
- အဆစ်အမျက် ရောင်ရမ်းခြင်းကို သက်သာလျော့ပါး စေပါတယ်။
- သွေးပေါင်ချိန်ကို ထိန်းပေးပါတယ်။
- သွေးစီးဆင်းမှုကို ပိုကောင်းစေပါတယ်။
- အရိုးပါးရောဂါ ကာကွယ်ပါတယ်။
- အရိုးကျီးပေါင်း တက်ခြင်းအတွက်လည်း ကောင်းမွန်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
#kln_yyl
#health_yyl
ဟင်းချက် ရာတွင် ထည့်ပြီး ချက်လေ့ ရှိသော ရုံးပတီသီး ဟာ ကျန်းမာရေး အတွက် အကျိုးကျေးဇူးတွေ ရရှိတယ် လို့ သိရ ပါတယ်။
ရုံးပတီသီး စားလို့ ရရှိနိုင် တဲ့ အကျိုးကျေးဇူး တွေ ကတော့ ----
- အရိုးကို သန်မာစေပါတယ်။
- နှလုံးကို ကာကွယ်ပေးပါတယ်။
အစွန်းရောက် တဲ့ လူမျိုးစွဲ ဘာသာစွဲ ကို အကြောင်းပြုပြီး နိုင်ငံတော် ကို မဖြိုခွဲကြ ဘို့ မဟာနာယကချုပ် ဆရာတော် သတိပေး
အစွန်းရောက်တဲ့ လူမျိုးစွဲ ဘာသာစွဲကို အကြောင်းပြုပြီး 
နိုင်ငံတော်ကို မဖြိုခွဲကြဘို့  မဟာနာယကချုပ် ဆရာတော် သတိပေး
==================================
တချိန်က အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးပမ်းစဉ်က 
မဟတ္တမဂန္ဒီကြီးက တိုင်းပြည်ကို ဘယ်လိုပြောခဲ့သလဲဆိုတော့ . .
.အိန္ဒိယနိုင်ငံသည် ဘာသာအယူဝါဒ အများဆုံး လက်ခံကျင့်သုံးနေတဲ့ 
နိုင်ငံဖြစ်သလို လူမျိုးပေါင်းများစွာ နေထိုင်တဲ့ နိုင်ငံလည်းဖြစ်တယ်၊
ဒီတော့ မိမိတို့ရဲ့ အစွန်းရောက်တဲ့ နိမ့်ကျတဲ့ လူမျိုးစွဲ ဘာသာစွဲကို အကြောင်းပြုပြီး 
အိန္ဒိယနိုင်ငံတော်ကြီးကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် မဖြိုခွဲကြပါနဲ့ လို့ ပြောဆိုခဲ့တယ်။
လွတ်လပ်ရေး ရပြီးစ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်သူ နေရူးကလည်း အစွန်းရောက်တဲ့ 
ဝါဒလမ်းစဉ်တွေကို ထပ်မံ၍ မိန့်ခွန်းပြောကြားခဲ့တယ်။
အစွန်းရောက်တဲ့ လူမျိုးစွဲ ဘာသာစွဲကို အကြောင်းပြုပြီး 
နိုင်ငံတော်ကို မဖြိုခွဲကြဘို့  အရေးကြီး သတိပေးလိုပါတယ် ။
ဂုဏပူဇာမော်ကွန်း
================
ကျေးဇူးတော်ရှင် 
မစိုးရိမ်တိုက်သစ်ကြီးများ၏ အဓိပတိ 
မဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
မစိုးရိမ်တိုက်သစ် ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
တချိန်က အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရဖို့ ကြိုးပမ်းစဉ်က မဟတ္တမ ဂန္ဒီကြီးက တိုင်းပြည်ကို ဘယ်လိုပြောခဲ့သလဲ ဆိုတော့ . .
.အိန္ဒိယနိုင်ငံ သည် ဘာသာ အယူဝါဒ အများဆုံး လက်ခံကျင့် သုံးနေ တဲ့ နိုင်ငံဖြစ် သလို လူမျိုးပေါင်း များစွာ နေထိုင် တဲ့ နိုင်ငံလည်းဖြစ်တယ်၊ 
ဒီတော့ မိမိ တို့ရဲ့ အစွန်းရောက် တဲ့ နိမ့်ကျ တဲ့ လူမျိုးစွဲ ဘာသာ စွဲကို အကြောင်းပြုပြီး အိန္ဒိယနိုင်ငံတော်ကြီး ကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် မဖြိုခွဲကြ ပါနဲ့ လို့ ပြောဆိုခဲ့တယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေး မှာ အိုဘားမား ဘာကြောင့် သြဇာ အရှိန်အဝါ မရှိသလဲ
10806320_874982285854026_820538886703070400_n
အမေရိကန် သမ္မတ ဘာရက်အိုဘားမား ဟာ မြန်မာနိုင်ငံ ကို ဗုဒ္ဓဟူးနေ့ကရောက် ရှိခဲ့ပါတယ် ။ မြန်မာနိုင်ငံ မှာ မျက်မှောက်ကာလ မှာတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမျှော်လင့်ချက် ဟာ လွန် ခဲ့တဲ့နှစ်နှစ်က အိုဘားမားမြန်မာနိုင်ငံ ကို လာရောက် လည်ပတ်ခဲ့စဉ်က ထက် များစွာ အရောင်မှိန်ဖျော့သွား ခဲ့ပါတယ်။ 
စစ်အာဏာရှင် စနစ်က ဒီမိုကရေစီ လမ်းစဉ် ကိုလျှောက်လှမ်းနေတဲ့မြန်မာနိုင်ငံ မှာ လူ့အခွင့်အရေး ချိုးဖောက်မှုပြဿ     နာတွေ ရှိနေဆဲဖြစ် သလို ပြုပြင်ပြောင်း လဲရေးဖြစ်စဉ်က နှေးကွေးနေတာ ကို လည်း မြင်တွေ့ ခဲ့ ရပါတယ်။
၂ဝ၁ဝပြည့်နှစ် ဒေါ်အောင်ဆန်းစုကြည်နေ အိမ် အကျယ်ချု ပ်က လွတ်မြောက်မှုကြောင့် မြန်မာနိုင်ငံ ရဲ့ပြုပြင်ပြောင်းလဲရေးမျှော်လင့်ချက် များနဲ့ ရွေးကောက် ပွဲက မွေးထုတ်ပေး လိုက်တဲ့ မြန်မာနိုင်ငံ လွှတ်တော် ဟာ လူ့ အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာတွေအောက် မှာ မှေးမှိန် ခဲ့ရပါတယ်။
Monday, November 17, 2014
စီးပွား ကြိုးစား သူများ ရှောင်ရှားရန် ၃ ချက်
အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားလုပ်မယ်ဆို စဉ်းစားရမယ့် ၁၀ ချက်
စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။
၁။ ပိုမို ပျော်ရွှင်စေမှာလား
ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့ က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။
၂။ အချိန်တန်ပြီလား
ကိုယ်ပိုင်စီးပွားရေး ဆိုပြီးတော့သာ အလုပ်ထွက်မိတယ်။ လက်ရှိ ကိုယ့်ဆီမှာ ကိုယ်ဝန်သည် ဇနီးရှိနေမယ်။ မနာမကျန်းမိဘ ရှိနေမယ်ဆိုရင်လည်း အဆင်မပြေပြန်ဘူးလေ။ အလုပ်ထွက်ရင်ဝင်ငွေက မရှိတော့ဘူး။ ဝင်ငွေ မရှိတော့ပဲနဲ့ အဲဒီတာဝန်တွေကို ထမ်းရွက်နေရင် ကိုယ်ပိုင်စီးပွားတောင် မလုပ်နိုင်ပဲ မွဲပြာကျသွား နိုင်ပါတယ်။ ဒီတော့ သင့်တင့်မျှတတဲ့ အချိန်ကာလတစ်ခုကို ရောက်ပြီလားဆိုတာကို သေချာ ချင့်ချိန် စဉ်းစားဖို့ လိုအပ် ပါတယ်။
၃။ ငွေလုံလောက်ပြီလား
ဒါကလည်း စဉ်းစားစရာပေါ့။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခုထောင်ဖို့ အတွက် လိုအပ်တဲ့ အရင်းအနှီး ပဲလိုတာ မဟုတ်တော့ဘူးလေ။ အဲဒီကာလအတွင်း ကိုယ့် စားဝတ်နေရေးအတွက် လုံလောက်တဲ့ ငွေကြေး အင်အား ရှိပြီလားဆိုတာကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ ငွေလုံလောက်ပြီလားလို့ ကိုယ့်ကိုယ်ကို အရင်ပြန်မေးဖို့ လိုအပ်ပါသေးတယ်။
၎။ ကူညီထောက်ပံ့မယ့်သူ ရှိပြီလား
ကူညီထောက်ပံ့သူဆိုလို့ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါဘူး။ လုပ်အားအရ တစ်ယောက်တည်း မနိုင်ရင် ဝိုင်းကူပေမယ့် ပါတနာမျိုး၊ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်နိုင်တဲ့ မိဘမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းမျိုး တို့ ဖြစ်ပါတယ်။ စီးပွားရေး တစ်ခုစတင်တိုင်း အခက်အခဲဆိုတာ ရှိမှာပဲ။ အဲဒါကို တစ်ယောက်တည်း ခေါင်းအစားခံ ဖြေရှင်းနေတာထပ် တစ်ဦးတစ်ယောက်ရဲ့  အကြံအဥာဏ်လေး ရလိုက်တာကလည်း အားသာချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အတွက် ကူညီထောက်ပံ့၊ အကြံပေးမယ့်သူလည်း လိုအပ် ပါတယ်။
၅။ ဘဝနေထိုင်မှု ပုံစံပြောင်းနိုင်ပြီလား 
ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ သူက မနက် စောစော ထပြီး ရုံးအမှီမသွားရတော့ဘူး။ သို့ပေမယ့် အဲ့ဒါထပ် ပိုပင်ပန်းကောင်း ပင်ပန်းလိမ့်မယ်။ အရင်လို နက်ခ်တိုင် ကျကျ နန မဝတ်ရတော့ပဲ ချွေးတစ်လုံးလုံးနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ အလုပ်များလို့ ထမင်းကို ဇိမ်ကျကျစားကောင်းမှ စားရလိမ့်မယ်။ အသုံး စရိတ် နည်းသွားလို့ ဆင်းရဲသားလိုလည်း နေကောင်းနေရလိမ့်မယ်။ ဒီဒဏ်တွေခံနိုင်မယ် ဘဝနေထိုင်မှု ပုံစံကိုအခြေအနေလိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရင်တော့ လုပ်ငန်းစဖို့ ထောက်ခံချက်တစ်ခု ရသွားပါပြီ။
၆။ စည်းကမ်းနဲ့ နေနိုင်ပါ့မလား
ငါ ဝန်ထမ်းမဟုတ်တော့ဘူး။ မနက်လည်း ထချင်မှထမယ်။ အလုပ်လည်း လုပ်ချင်မှ လုပ်မယ်။ အဲ့ဒီလိုပုံစံနဲ့ ဆိုရင် လုပ်ငန်းရှင်မဟုတ်ပဲ အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါမယ်။ ကိုယ်ပိုင်လုပ်ငန်း တစ်ခု စဖို့ ရည်ရွယ် သူက မိမိကိုယ်ကို စည်းကမ်းချမှတ်လို့ ကျင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်။ အကောင်းစား ပစ္စည်းသုံးမှ လုပ်ငန်းရှင်လို့ မဆိုလိုပါဘူး။ မိမိလုပ်ငန်း လည်ပတ်မှုအတွက် လိုအပ်သလို ကိုယ့်ကိုယ်ကို ထိန်းချုပ် ဆောင်ရွက်နိုင် ဖို့ကသာ အရေးကြီးပါတယ်။
၇။ အစမ်း ခြေလှမ်းရှိပြီလား
ကော်ဖီဆိုင်ဖွင့်ဖို့ ရည်ရွယ်တဲ့ စာရင်းကိုင်တစ်ယောက်ဟာ ကော်ဖီဆိုင် တစ်ခုမှ ၆ လလောက် အချိန်ပိုင်း စားပွဲထိုး အရင်လုပ်ရမယ် လို့ ဥပမာ ပေးထားပါတယ်။ သို့ပေမယ့် ကိုယ်စမယ့် စီးပွားရေးလုပ်ငန်းက Model အသစ် သို့မဟုတ် လက်ရှိအလုပ်နဲ့ အလားသဏ္ဍာန် တူ ဆိုရင်တော့ Beta Test လုပ်နေစရာ မလိုပါဘူး။ အကယ်၍ အဲ့လို မဟုတ်ပဲ ပုံစံမတူတဲ့ ခြေလှမ်းဖြစ်နေရင် ပုံစံတူတဲ့ ကုမ္မဏီတစ်ခုမှာ အောက်ခြေ ကစလို့ ၆ လလောက် အချိန်ပိုင်း လုပ်ကိုင် သင့်ပါသေးတယ်။
၈။ အရည်အချင်းပြည့်ဝပြီလား
ကိုယ်ပိုင်လုပ်ငန်း တစ်ခုစဖို့အတွက် တစ်ခုတည်း တတ်နေလို့ မရတော့ဘူး။ အလွယ်ဆုံး ပြောရရင် ထုတ်ကုန် ထုတ်လုပ်ရေး၊ ဈေးကွက် ရှာဖွေရေး ၊ ဖြန့်ချိရေး အချက် သုံးခု စလုံး ပိုင်မှ အလုပ်ဆိုတာ စလို့ ကောင်းတာပါ။ ဒီမှာ ပါလာမယ့် ကိစ္စတွေက အများကြီးပဲ လူမှုဆက်ဆံရေး၊ စီးပွားရေး ဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး ပြောမယ်ဆို အတော်ကိုများတဲ့ လိုအပ်ချက်တွေပါ။ ဒါတွေ တစ်ခုတည်းလိုက်ဖြည့်နေရင် အချိန်ကုန်သွား မယ် လို့လည်း ဆိုပါတယ်။ အချိန်ပေးစရာမလိုပဲ အဲဒါတွေအားလုံး လုပ်ရင်းနဲ့ လေ့လာသွားလို့ရမယ်၊ လေ့လာနေစဉ်လည်း လုပ်ငန်းအပေါ် ထိခိုက်မှု ရှိမသွားဘူးလို့ သေချာယုံကြည်ရင်တော့ လုပ်ငန်း စနိုင်ပါ တယ်။
၉။ အိုင်ဒီယာ ကောင်းရဲ့ လား
ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းပါ။ ရှိနေတဲ့ အိုင်ဒီယာက  သစ်ဆန်းရဲ့ လား ၊ ဖြစ်ကော ဖြစ်နိုင်ရဲ့ လား၊ ငါတွေးတဲ့ အိုင်ဒီယာ ကောင်းရဲ့ လား အစရှိသဖြင့် ပြန်မေးရမှာ ဖြစ်ပါတယ်။ အတွေးစိတ်ကူးကောင်းကောင်း မရှိ ဘူးဆိုရင်တော့ ကိုယ်ပိုင်စီးပွားလုပ်ငန်းတစ်ခု အောင်မြင်ဖို့ မသေချာ ပါဘူး။
၁၀။ စီးပွားရေး ယာထားချက် ရှိရဲ့ လား
ဒါအရေးကြီးဆုံးပါ။ အထပ်ပါ ၉ ချက်စလုံးက ပြည့်စုံနေပြီ။ အလုပ်ကလည်း ထွက်လိုက်ပြီ။ သို့ပေမယ့် Business Plan ရှိမထားရင်တော့ လုံးပါးပါး သွားနိုင်ပါတယ်။ ဘာနဲ့တူသလဲဆို ခရီးသွားဖို့ ပစ္စည်းပစ္စယ စုံလင်သွားပေ မယ့် ဘယ်အရပ်ကို သွားရမှန်းမသိတဲ့ အနေအထားနဲ့ တူပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုစတော့မယ်ဆိုရင် အရေးအကြီးဆုံး အနေနဲ့ Business Plan တစ်ခု ရှိထားဖို့ လိုအပ် ပါတယ်။
.
Ref: entrepreneur.com
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/book/article/40117-entreprener-job-to-consider
#aungkham_yyl
#article_yyl
#knowledge_yyl
.
Grant Cardone လို့အမည်ရတဲ့ စီးပွားရေးဆိုင်ရာ ဆောင်းပါးနဲ့ စာရေးဆရာ ပြောတဲ့ ရန်သူ ၃ မျိုးပါ။ စီးပွား စွန့်ဦး တီထွင် ကြိုးစားနေသူ (Entrepreneur) များအတွက် ရှောင်ရှားရမယ့် ရန်သူ ၃ မျိုး ဖြစ်ပါတယ်။ 
အဲဒါတွေ ကတော့ -
စိုးရိမ်ပူပန်စိတ်
စိုးရိမ်ပူပန်စိတ်ဟာလည်း အကြီးမားဆုံး ရန်သူ တစ်ခု ဖြစ်ပါတယ်။ အလုပ်ဖိစီးမှု၊ ပြဿ       နာ မဖြေရှင်းနိုင် မှုက စိုးရိမ်စိတ် ဖြစ်ဖို့ အတွက် ထောက် ပံ့တဲ့ အကြောင်းပြချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အရာကိစ္စတိုင်း မှာ စိုးရိမ်၊ အပူပင် ကင်းစွာ ဖြေရှင်းနိုင်ခြင်း က ရန်သူ တစ်ပါး ကို တိုက်ထုတ်နိုင်ခြင်း ဖြစ်ပါတယ်။
ပါဆယ်ထုပ် ထဲက ကလေး ကိုယ်ခန္ဓာ အစိတ် အပိုင်း များ တွေ့
အမေရိကန် ပြည်ထောင်စုကို ပို့မယ့် DHL ပါဆယ် ၃ ထုပ်ထဲက လသားအရွယ် ကလေးတယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စနေနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရဲတွေ တွေ့ရှိခဲ့ပါတယ်။
ပါဆယ်ပေးပို့သူ ဟာ နိုင်ငံခြားသား တဦးဖြစ်ပြီး ထိုင်းရဲတွေ က စုံစမ်းမှုတွေ လုပ်နေတယ် လို့ ဘန်ကောက် ပို့စ် သတင်း တပုဒ် က ဆိုပါတယ်။
ဘန်ကောက်မြို့ ရာမ ၃ လမ်း မှာ ရှိတဲ့ DHL ဝန်ဆောင်မှု ရုံး ကနေ ပြီးခဲ့တဲ့ စနေ ညနေပိုင်းက လူ့ ခန္ဓာ ကိုယ် အစိတ် အပိုင်း တချို့ ပါတဲ့ ပါဆယ် ၃ ထုတ် ကို တွေ့ရ တာကြောင့် ရဲကို အကြောင်းကြားခဲ့ တာ ပါတဲ့။
ပထမ ပါဆယ် ထုတ် ထဲမှာတော့ လသား အရွယ် ကလေးငယ် တဦး ရဲ့ ဦးခေါင်း အစိတ်အပိုင်း၊ မျက်နှာ အစိတ် အပိုင်း တချို့ ပါပြီး ဒုတိယ ပါဆယ် ထုတ်ထဲမှာတော့ ကလေး ရဲ့ ညဘက်ခြေထောက် ကို ၃ ပိုင်းပြတ် အစိတ် အပိုင်းအနေအထား တွေ့ရတယ် လို့ ဘန်ကောက်ပို့စ် သတင်းက ဆိုပါတယ်။
နာမည် ပြဿ နာ
မြန်မာလူမျိုးတွေမှာ နာမည်ရွေးရင် နေ့သင့် နံသင့်နဲ့ နာမည် လှလှရွေးတတ်ကြ တဲ့ ဓလေ့ရှိတယ်။ တချို့က နာမည် ဆန်းဆန်းလေးတွေ၊ တချို့က ကဗျာ ဆန်ဆန်၊ တချို့က တိုးတက်အောင်မြင်ထွန်းပေါက်စေ တဲ့ နာမည်မျိုးတွေပေါ့။
 မြန်မာလူမျိုး မှာ သာမက တခြား လူမျိုးတွေ မှာလည်း ဒီလို ဓလေ့တွေရှိမယ် ထင်ပါတယ်။ ဒါပေမယ့် တစ်ခါ တစ်ခါ ကိုယ့်လူမျိုး၊ ကိုယ့်အခေါ် မှာ နားထောင်ကောင်းတဲ့ နာမည်တွေက တခြား လူမျိုးတွေ ရဲ့စကား၊ အခေါ်အပြောတွေကြောင့် အဓိပ္ပာယ် တစ်မျိုးပြောင်းသွား တာတွေ ရှိတတ်တယ်။
အထူး သဖြင့် နိုင်ငံရပ်ခြားရောက်သွားတဲ့ အခါ ဒီလို အဖြစ်မျိုးကို ပိုကြုံတွေ့ရ တတ်တယ်။ ဒါကြောင့် နိုင်ငံခြားရောက် တဲ့ မြန်မာ တချို့က ကိုယ့် နာမည်ကို နိုင်ငံခြားသားတွေ အခေါ်ရ လွယ်အောင်၊ မှတ်မိ လွယ်အောင်ဆိုပြီး ကိုယ့် ဘာသာ ကိုယ် အင်္ဂလိပ်နာမည်တွေ ပေးတတ်ကြတယ်။
Sunday, November 16, 2014
သမ္မတ ဦးသိန်းစိန် ဂျီ -၂၀ ထိပ်သီး အစည်းအဝေး တွင် ပထမဆုံး အကြိမ် တက်ရောက်ဆွေးနွေး
ရန်ကုန်- နိုင်ငံတော်သမ္မတဦး သိန်းစိန်သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့၌ နိုဝင်ဘာ ၁၅ရက်မှ စတင်ပြုလုပ်သည့် ဂျီ-၂၀ထိပ် သီး အစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ဆွေးနွေးခဲ့ သည်။
နိုင်ငံတော် သမ္မတ က အာဆီ ယံဒေသ သည် လူဦးရေ ၆၀၉သန်း ရှိသော ဈေးကွက်ကြီးဖြစ်နေပြီး စုစုပေါင်း ကုန်ထုတ် တန်ဖိုး (ဂျီဒီပီ) မှာ အမေရိကန်ဒေါ်လာ ၂ဒသမ၅ ထရီလီယံ ရှိကာ တိုးတက်မှုနှုန်း နှစ်စဉ် ပျမ်းမျှ  ၅ရာခိုင်နှုန်း ရှိပြီး လာမည့်နှစ် များတွင် ဒေသဆိုင် ရာ ပူးပေါင်းဆောင်ရွက် မှုများ ပိုမို မြှင့်တင်နိုင် မည်ဖြစ်ကြောင်း ဂျီ- ၂၀ ထိပ်သီး အစည်း အဝေး အပိုင်း (၁)‘‘ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှင့် အလုပ် အကိုင် ဖန်တီးမှု အား မြှင့် တင်ပေးခြင်း’’ဆွေးနွေး ပွဲ ၌ ပြောကြားခဲ့သည်။
အိုဘားမား ခရီးစဉ် အတွင်း နွေးထွေးစွာ ကြိုဆို ခဲ့သဖြင့် အစိုးရနှင့် ပြည်သူ ကို ကျေးဇူးတင်ကြောင်း အမေရိကန် သံရုံး ထုတ်ပြန်
မြန်မာနိုင်ငံမှ မထွက်ခွာမီ လေယာဉ်ပေါ်မှ လက်ပြနှုတ်ဆက်နေသော အိုဘားမားကို နိုဝင်ဘာ ၁၄ ရက်ညနေက တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
 နိုဝင်ဘာ ၁၂ ရက် မှ ၁၄ ရက် အထိ မြန်မာနိုင်ငံ ရှိ နေပြည် တော်နှင့် ရန်ကုန်မြို့ များ သို့ ရောက်ရှိ လာခဲ့သည့် အမေရိကန် သမ္မတ အိုဘားမား ကို မြန်မာ အစိုး ရနှင့် ပြည်သူလူထု မှ နွေးထွေး ပျူငှာစွာ ကြိုဆို ဧည့်ခံခဲ့သည့် အတွက် ကျေးဇူး တင်ရှိကြောင်း အမေရိကန် ရန်ကုန် သံရုံး မှ နိုဝင်ဘာ ၁၄ ရက် တွင် သံရုံး၏ တရားဝင်ဖေ့စ်ဘွတ်ခ် မှတစ်ဆင့် ထုတ်ပြန် ကြေညာသည်။
အဆိုပါ ထုတ်ပြန်ချက် ထဲ တွင် နေပြည်တော်နှင့် ရန်ကုန် တို့ ရှိ အာဏာပိုင် များ၊ မြို့တော်သူ၊ မြို့တော်သားများ အနေဖြင့် ၎င်း တို့ သမ္မတ အား နွေးထွေးစွာ၊ ဂုဏ် ပြုကြိုဆိုမှု များနှင့် အောင်မြင် သော ခရီးစဉ်ဖြစ် ရန် အစွမ်းကုန် ကူညီပေး ခဲ့ကြကြောင်း၊ 
ရန်ကုန် သို့ လည်ပတ် စဉ် လိုအပ်သည့် အထူး အစီအစဉ် များနှင့် လမ်းများ စွာ အသုံးပြုခွင့်ပေး ခဲ့သည့် အပေါ် ကျေးဇူး တင်ရှိကြောင်း၊ အဆင် မပြေမှုများ တွေ့ကြုံခဲ့မှု အပေါ် တောင်းပန်ကြောင်း၊ တစ်နေကုန် လမ်း တစ်လျှောက် လှိုက် လှိုက် လှဲလှဲ ကြိုဆို ခဲ့မှုများနှင့် နားလည်ပေး မှုများ ကို ကျေးဇူး တင်ရှိကြောင်း ဖော်ပြထားသည်။
ငုပ်မိ သဲတိုင် တက်နိုင် ဖျားရောက်
လူငယ်များ ၏ မေးခွန်း များကို အိုဘားမားဖြေကြားပေးနေ စဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
‘‘အမေရိကန် သမ္မတ ရောက်ရှိ လာပါပြီ’’ဟူသည့် ကြေညာသံ အဆုံးတွင် ကိုယ်ရံတော်ခြောက်ဦး အစီ အရီ ခြံရံလျက် သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမသို့ ဝင်ရောက်လာသည်။
စကားပြော စင်မြင့် ဝဲယာ ကို သမ္မတ အိုဘားမား က လက်ဝှေ့ ယမ်း ၍ ‘မြန်မာနိုင်ငံ မင်္ဂလာပါ’ဟု နှုတ်ဆက်လိုက်ချိန် တွင် ‘မျက် လှည့်ပြသည်’၊ ‘အပြောင်းအလဲ ဟုတ်ရဲ့လား’ ‘ပြောင်းလဲ မှုဟာ အတုအယောင်’ စသော အဓိပ္ပာယ် ရသည့် စာသားများ ပါသည့် စာ ရွက်များ ကို လူငယ် အချို့ က သမ္မတမြင်သာအောင် ထောင်ပြ ကြသည်။
စာရွက်ပေါ်မှ စာသား များ ကို တစ်လုံးချင်း ဖတ်ရင်း ‘‘ကျွန် တော် တို့ ဒီမှာ ဆိုင်းဘုတ်တွေ တွေ့ရပါတယ်။ အပြောင်း အလဲ တဲ့။ နောက်ပိုင်းတော့ မေးခွန်းတွေ မေးနိုင်ပါတယ်။ ဒါကြောင့် မို့လို့ ဒီနေရာ ကို လာရောက်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့  ဒီနေရာမှာ ဆန္ဒပြ စရာတော့ မလိုပါဘူး’’ဟု အိုဘားမား က ပြောသည်။
Samsung ဖုန်းများ အစစ် ဟု မလေးရှား မှာ ညာရောင်းနေကြ။
 မျက်မြင်အရ  အားလုံးကို တစ်ထေ ရာတည်း တူအောင် လုပ်ထားတာပါ။ ကျနော် ဝယ်လိုက်တဲ့ ဖုန်း ကတော့ စမ်းသပ် မှု တွေ စစ်ဆေးမှု တွေ ကို မခံနိုင် ရှာလို့  သုံးစား မရလောက် နီးပါးဖြစ်သွား ပါပြီ ။  ပညာ ကို ငွေ နဲ့ လဲရတာ ပါဘဲ။ ဒီနေ့ ခေတ် အင်တာနက်ကြီး ဟာ ကျနော့ တွက်တော့ IT ကို မဟာဝိဇ္ဇာဘွဲ ယူ ဘို့ အပြည်ပြည်ဆိုင်ရာ တက္ကသို လ် ကျောင်းတော်ကြီး ပါ။
 ကျောင်းသွား ရတဲ့ ဒုက္ခ ကင်း ပါတယ် မနက် မိုးလင်း လာရင် ကွန်ပျူ တာ ဖွင့်ကျောင်းတက် ရုံ ပါဘဲ။ ကျောင်းလခ လဲငြိမ်း ပါတယ် သို့ ပေမဲ့ Wifi Free မရတဲ့ အိမ်တွေမှာ နေမိ ရင်တော့ တစ်လ ကို အင်တာနက် လိုင်းဘို့း  မလေးငွေ RM 200 လောက် ရှိပါတယ် ။ အိမ်လခ က RM 300 ဝန်းကျင်လောက် ရှိပါတယ်။ တစ်လကို မလေးငွေ ၅၀၀ လောက်တော့ လိုပါတယ် ဒါဟာ ကျောင်းစရိတ် ဆိုပါတော့။ 
UN ဘယ်သူ့ အတွက် လုပ်ပေးနေ တာလဲ ...... အပိုင်း ( ၁ )
မြန်မာနိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် (၂၅)ကြိမ် မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကို တက်ရောက် ရန် ကမ္ဘာ့နိုင်ငံများစွာ မှ ခေါင်းဆောင် များသည် နိုဝင်ဘာ ၉ ရက်မှ ၁၃ရက် အထိ မြန်မာနိုင်ငံတွင် ရှိနေကြပေမည်။ 
အဆို ပါ အစည်းအဝေး သည် အရှေ့တောင် အာရှနိုင်ငံ များ၏ နိုင်ငံ ရေး၊ စီးပွားရေး၊ လုံခြုံရေး ကိစ္စများ အပြင် ကမ္ဘာ့ အရေး အခင်း များပါ ထည့်သွင်းဆွေးနွေးကြမည့် ဧရာမ အစည်းအဝေး တစ်ခုဟု ဆိုပါက မမှားနိုင်ပါ။
အဆိုပါ အစည်းအဝေးပွဲ ကို လက်ခံ ကျင်းပပေးခြင်းသည် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ကမ္ဘာ့ အလယ် မှာ မြှင့်တင်ပေးနိုင် သကဲ့သို့ ဒေသ တွင်းနိုင်ငံများ ကြားတွင် လည်း မြန်မာ က ခေါင်းဆောင်နေရာ မှ ဦးဆောင် ခွင့်ရမည့် မဟာ အခွင့် အရေး တစ်ခုဖြစ်ပါသည်။ 
အချုပ်အခြာ အာဏာ ကို ထိပါး တာလား
မြန်မာနိုင်ငံ သည် ရေမြေ သဘာဝအရ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနိုင်ငံ တို့နှင့် နီးနီး ကပ်ကပ် ထိစပ်နေ သည်။ ထို့ကြောင့် ယင်းနိုင်ငံ များနှင့် ရှေး ပဝေသဏီ ကာ လ မှာပင် ကူးလူးသွားလာ ဆက်ဆံမှုများ ရှိခဲ့ရာ အိန္ဒိယ ဘက် အခြမ်း မှ ကူးလာသူများ ကို ကုလားလူမျိုး ဟူ၍လည်း ကောင်း၊ ဥရောပတိုက် မှ ပြောင်းရွှေ့လာကြသည့် အင်္ဂလိပ် လူမျိုးများ အား ကုလားဖြူ  ဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ ကြသည့် သမိုင်းအထောက် အထားများရှိသည်။ အထူး သ ဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် သည် မိုင်ပေါင်းများ စွာ ထိစပ်နေ သဖြင့် ဟိုဘက် အခြမ်းမှ ဒီဘက် အခြမ်း သို့ လယ်ယာ ဝင်ရောက်လုပ်ကိုင်မှုများ ရှိခဲ့သည်။
ထိုသို့ ဘင်္ဂ လားဒေရှ့် မှ ဝင်ရောက်လာသူများ ကို ဘင်္ဂါလီ များဟု ခေါ် ဆိုခဲ့ခြင်းဖြစ်ကြောင်း ကို လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန မှ ဒုဝန်ကြီး ဦးကျော်ကျော်ဝင်း က ပြည်သူ့ လွှတ်တော်တွင် တရားဝင် လာရောက်ဖြေကြား ရှင်း လင်း ထားပြီးဖြစ်သည်။
ရိုဟင်ဂျာ ဟု သုံးနှုန်း လျှင် အိုဘားမား ကို ဆန္ဒပြမည်
 အမေရိကန် သမ္မတ အိုဘားမား ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ဘင်္ဂါလီ လူမျိုးများ ကို ရိုဟင်ဂျာ ဟု သုံးနှုန်းပြောဆို ပါက ဆန္ဒပြမည် ဟု ရခိုင် တိုင်းရင်းသား လူမှု အဖွဲ့ အစည်း အချို့ ၏ ဦးဆောင်သူ များက ပြောသည်။
“သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် က ရိုဟင်ဂျာ ဆိုတာ မရှိပါဘူး လို့ တရားဝင်ပြော ထားပါ လျက် အိုဘာမား က လက်မခံ ဘဲ ထပ်ပြီး ရိုဟင်ဂျာ လို့ သုံးနှုန်းပြောလာ မယ် ဆိုရင် ကျွန်တော်တို့ ကန့်ကွက် ဆန္ဒပြ သွားမယ်” ဟု ကျောင်းသား သမဂ္ဂ များ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦး က မဇ္ဈိမကို ပြောသည်။
အမေရိကန် သမ္မတ ဘားရက်အို ဘားမားသည် ၂၀၁၂ ခုနှစ်အတွင်း ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်၌ ရိုဟင်ဂျာ ဟု သုံးနှုန်းပြောကြား မှု အချို့ ရှိခဲ့၍ ရခိုင် အမျိုးသားကွန်ရက် က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ အိုဘားမားထံ အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခြင်း တို့ ဆောင်ရွက်ဖူးသည်။
တိုက်ဆိုင် လွန်းသည့် ဒေါ်စု ဘင်္ဂလီ နှင့် အိုဘားမား ရဲ့ခရီးစဉ်
အမေရိကန် သမ္မတ ဘားရက် အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ မှာ မရှိဟု အစိုးရမှ တရားဝင် ထုတ်ဖော် ပြောကြား ထားသည့် ရိုဟင်ဂျာ လူမျိုးစု များကို တွေ့ဆုံ၍ ၄င်း တို့၏ စိုးရိမ် ထိတ်လန့်မှု များနှင့် အကြမ်းဖက်မှု များ ကို ကာကွယ်ပေးရန်နှင့် မြန်မာ အစိုးရအား ဖိအားပေးရန် အတွက် အမေရိကန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ဘာသာရေး လွတ်လပ်မှု ကော်မရှင် USCIRF က တိုက်တွန်းခဲ့ ပါတယ်တဲ့....
အမေရိကန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်မှု ကော်မရှင် USCIRF ဆိုတာ United States Commission on International Religious Freedom ပါ။
Wednesday, November 12, 2014
စက္ကန့် ၃၀ အတွင်း မှာ ခေါင်းကိုက်မှု ကို ပျောက်အောင် ကုမယ်
စက္ကန့် ၃၀ အတွင်းမှာ ခေါင်းကိုက်မှုကို ပျောက်အောင်ကုမယ်
တကယ်လွယ်ပြီး အလွန်ကောင်းမွန်တဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ ဆေးပညာရှင် တစ်ဦးက ပြောပြခဲ့တာ ဖြစ်ပါတယ်။
အဲဒါကတော့ လက်မနဲ့ လက်ညိုးနှစ်ခုကြားကို ခပ်တင်းတင်းလေး ဖျစ်လိုက်ပါ။ ပြီးရင် ဆွဲပေးပါ။ ချေပေးပါ။ အဲလိုနည်းနဲ့ စက္ကန့် ၃၀ လုပ်ပေးလိုက်ပါ။ ခပ်တင်းတင်းလေး လုပ်ဖို့တော့ လိုအပ်ပါတယ်။
ခေါင်းကိုက်နေရင် ဒါမှမဟုတ် အကြောတွေ တက်နေရင် သက်သာလာ ပါလိမ့်မယ်။ လက်မနှင့် လက်ညိုးနှစ် ခုကြားက ဦးခေါင်းကြောကို တိုက်ရိုက်ရောက်ရှိ စေသော နေရာဖြစ်လို့ ဖြစ်ပါတယ်။ ပုံတွင် ကြည့်ကာ လုပ်နိုင်ပါတယ်။ သူငယ်ချင်းတွေ သိအောင် ရှယ်လုပ်ပေးနိုင် ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
#kln_yyl
#health_yyl
တကယ်လွယ်ပြီး အလွန်ကောင်းမွန်တဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ ဆေးပညာရှင် တစ်ဦးက ပြောပြခဲ့ တာ ဖြစ်ပါတယ်။
အဲဒါ ကတော့ လက်မ နဲ့ လက်ညိုးနှစ်ခုကြား ကို ခပ်တင်းတင်းလေး ဖျစ်လိုက်ပါ။ ပြီးရင် ဆွဲပေးပါ။ ချေပေးပါ။ အဲလိုနည်း နဲ့ စက္ကန့် ၃၀ လုပ်ပေး လိုက်ပါ။  ခပ်တင်းတင်းလေး လုပ်ဖို့တော့ လိုအပ်ပါတယ်။
Tuesday, November 11, 2014
ရန်ကုန်မြို့လယ် က ဟိုတယ် တစ်လုံး ကို ရဲဝင်စီး
အကြမ်းဖက် သမားတွေ မြန်မာနိုင်ငံ သို့ ရောက်နေပြီ လို့ သတိပေးပြီး ရက်ပိုင်း အကြာမှာ ရန်ကုန် မြို့လယ် ဗိုလ်ချုပ် လမ်းပေါ်မှာ ရှိတဲ့ ဟိုတယ် တစ်ခုကို ခရိုင်နဲ့ မြို့နယ် ရဲတပ်ဖွဲ့ ပူပေါင်းပြီး ဒီနေ့ နံနက်ပိုင်းမှာ ဝင်ရောက် စီးနှင်း ခဲ့ပါ တယ်။
အဲဒီ ဟိုတယ်မှာ ဘယ်သူတွေ ရောက်နေ လို့လဲ။ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ၄၇ လမ်းထိပ်အနီး ဗိုလ်ချုပ်လမ်းပေါ်ရှိ ဟိုတယ် တစ်ခုမှာ အကြမ်းဖက် သမားတွေ နဲ့ ရုပ်ချင်းဆင် သူတွေ လာရောက် တည်းခိုနေတယ် ဆိုတဲ့ သတင်း ရရှိမှုကြောင့် အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့ ပူးပေါင်းပြီး အဲဒီ ဟိုတယ်ကို ဝင်ရောက် စစ်ဆေး ခဲ့တယ်လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးကနေ စုံစမ်းသိရှိရပါတယ်။