Wednesday, December 16, 2020

ကြယ်ကြွေခြင်း

 



ယခုမြင်လိုက်ရသော ကြွေကျသွားသည့်ကြယ်သည် ယခင်နှစ်သန်းချီခန့် ကတည်းက ကြွေကျသွားခဲ့ပြီးဖြစ်သည် ။ ထိုသို့ကြွေကျသွားသည်ကို မြင်နိုင်ရန် ပုံရိပ်သည် ကမ္ဘာမြေရှိကြည့်သူ လူသားဆီသို့ အလင်း အလျင်နီးပါးဖြင့် လာခဲ့ရ၏ ။


အလင်း အလျင်သည်

1 second တွင် 186000 miles ရှိသည် ။

အသံထက် အဆများစွာမြန်သည် ။

အလင်း၏ တမိနစ်တွင်ရောက်သော ခရီးကို ရလိုပါက 186000 မိုင်ကို ၆၀ နှင့်မြှောက်ပါ ။


ထို့အတူပင် ..

တနာရီတွင်ရောက်သောအရွေ့ကို ရလိုက ၆၀ ဖြင့်မြှောက်ပြီးသား ရလာဒ်ကိုပင် ​နောက်ထပ် ၆၀ ဖြင့်မြှောက်ပါ ။ ရလာသော ရလာဒ် မိုင်ပေါင်းကို ၂၄ နာရီဖြင့်မြှောက် ၊ တစ်ရက်စာ အလင်း၏ ခရီးမိုင်ကို ရမည် ။

တစ်လ အတွက် လိုပါက ရခဲ့ပြီးသမျှ ရလာဒ်ကို ၃၀ ဖြင့်မြှောက် ၊

ထိုမှတစ်ဖန် ရလာဒ်ကို ၁၂ ဖြင့်မြှောက်က အလင်း၏ တစ်နှစ် ခရီးမိုင်ကို ရမည် ။

အလင်းနှစ် သန်းပေါင်း....ဆိုသည့် အကွာအဝေးကို ခန့်မှန်းကြည့်ကြပါကုန် ။


ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာက မိမိဝင်ရိုးပေါ်တွင် စောင်း၍ လည်နေသေးသည် ။ နေကိုလဲ ပတ်နေလိုက်သေးသည် ။ လ ကတစ်ဖန် သူ့ဝင်ရိုးပေါ် သူလည်၍ ကမ္ဘာကို ပတ်နေသည် ။

နေ အပါအဝင် သူ့ကိုပတ်နေသည့် အစိုင်အခဲ ဂြိုလ်အားလုံး တစ်စု တစ်စည်းထဲ လေဟာပြင်ထဲတွင် အရှိန်ဖြင့်မျောနေပြန်သေး၏ ။


လင်းယုန် နဲ့ နဂါး ကြားက အိန္ဒိယ သမုဒ္ဒရာ

 


ဒီဇင်ဘာ ၈ ရက်နေ့က နေ ၁၀ ရက်နေ့အထိ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း အမေရိကန် - တရုတ် အင်အားပြိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ခဲ့ရတယ်။ လူ ရှစ်ဆယ်ကျော်ပါဝင်ဆွေးနွေး တဲ့အထဲမှာ မြန်မာနိုင်ငံက တပ်မတော်အရာရှိနှစ်ဦး၊ ပညာရေးဝန် ထမ်းတစ်ဦး တက်ရောက်တာလည်း တွေ့တယ်။

 ဆွေးနွေးပွဲက အမေရိကန်နိုင်ငံရဲ့ အင်ဒို - ပစိဖိတ်မဟာဗျူဟာ နဲ့ တရုတ်နိုင်ငံရဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း အင်အားတိုးချဲ့လာမှု တွေက ဒေသတွင်းနိုင်ငံတွေအပေါ် အကျိုးသက်ရောက်မှုအခြေအနေကို ဆွေးနွေးကြတာဖြစ်ပါတယ်။ 


 အင်ဒို - ပစိဖိတ် ဆိုသည်မှာ

အင်ဒို - ပစိဖိတ်ဒေသဆိုတာက အာဖရိက တိုက် အရှေ့ဘက်ကမ်းခြေကနေ အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေ အထိ ၊ တစ်နည်းအားဖြင့် အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ နှစ်ခု ပေါင်းစပ်ထားတဲ့ ဒေသကြီးဖြစ်ပါတယ်။ 

ဒီဒေသမှာ ကမ္ဘာအင်အား အကြီးဆုံးတပ်မတော် ဆယ်ခု အနက် ခုနှစ်ခုရှိတယ်။  အနုမြူလက် နက်ပိုင်ဆိုင်တဲ့ နိုင်ငံ ခြောက်နိုင်ငံရှိတယ်။  ကမ္ဘာ့ လူဦးရေ အများဆုံးနိုင်ငံကြီးနှစ်နိုင်ငံရှိတယ်။ စီးပွား ရေးအရပြောရရင် ကမ္ဘာ့ ဂျီဒီပီ ၆၀% က အင်ဒို-ပစိဖိတ်ဒေသကဖြစ်တယ်။ 

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ ဂျပန် ရှိတယ်။ ထွန်းသစ်စ စီးပွားရေး အင် အားကြီးနို်င်ငံဖြစ်တဲ့ အိန္ဒိယရှိတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေ ကြား ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၂.၃ ထရီလျံရှိတယ်။ ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံက တောင်တရုတ်ပင် လယ် နဲ့  ၆၀% က အာရှဒေသကို ဖြတ်သန်းသွားရတယ်။ ကမ္ဘာပေါ်မှာ သဘောင်္ဝင်ထွက်အများဆုံး ဆိပ်ကမ်း ဆယ်ခုအနက် ကိုးခုရှိတယ်။ ဒီကိန်းဂဏန်းတွေက အင်ဒို - ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာအရအရေးပါမှုကို ဖော်ပြနေတာ ဖြစ်ပါတယ်။ 


အင်ဒို-ပစိဖိတ်ဆိုတဲ့ စကားကို စသုံးခဲ့တာက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးပါ။ ၂၀၀၇ ခုနှစ် အိန္ဒိယ ပါလီမန်မှာ မိန့်ခွန်းပြောတဲ့အခါ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်စပ်ပြီးလုံခြုံရေးနယ် ၀န်း အဖြစ်ပြောခဲ့တယ်။ သူ့အယူ အဆအရ ဂျပန်၊ အိန္ဒိယ နဲ့ သြစတေးလျသုံးနိုင်ငံဟာ တရုတ် စစ်အင်အားကြီးထွားလာ မှုကို  တန်ပြန်နိုင်ဖို့ ပူးပေါင်း ဆောင်ရွက်ရ မှာဖြစ်ပါ တယ်။ဒါပေမယ့် အာဘေး ၀န်ကြီးချုပ် အဖြစ်ကနေ အနားယူလိုက်တော့ ဒီအယူအဆကို ဆက်အကောင်အထည်မဖော်နိုင်တော့ဘူး။ 

၂၀၁၂ ခုနှစ်မှာ အာဘေး ၀န်ကြီးချုပ်ပြန်ဖြစ်တော့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ သြစတေးလျ ပူး ပေါင်းပြီး “ အာရှဒီမိုကရေစီလုံခြုံရေးစိန်ပွင့်” (“Asia’s democratic security diamond”) အဖြစ် နဲ့ အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိုဆောင်ရွက်ရမယ်ဆိုတဲ့ အယူ အဆကို ထပ်ပြီး ဖော်ထုတ်လာတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာ တရုတ်နိုင်ငံကို အင်အားထိန်းညှိဖို့ အတွက် အာရှအင်အားကြီးဒီမိုကရေစီနိုင်ငံတွေနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း လိုက်တာပဲဖြစ်ပါတယ်။ 

အမေရိကန်သမ္မတ ထရမ့် က အဲဒီအယူအဆကိုလက်ခံခဲ့ပြီး ၂၀၁၇ ခုနှစ် အမေရိကန်အမျိုးသား လုံခြုံရေးမဟာဗျူဟာ စာတမ်းမှာ အင်ဒို - ပစိဖိတ်ဒေသ ဆိုတဲ့စကားကို သုံးခဲ့တယ်။ ၂၀၁၉  ခုနှစ် မှတော့ နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အင်ဒို - ပစိဖိတ်ဒေသ မဟာဗျူ ဟာ နဲ့ပတ်သက်တဲ့စာတမ်းတွေ ထုတ်ပြန်ခဲ့တယ်။ အဲဒီ မဟာဗျူဟာရဲ့ အဓိက ရည်ရွယ်ချက် ကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေးအင်အားကြီးမားလာမှုနဲ့ သြဇာချဲ့ထွင်လာမှုကို ဒေသ တွင်းနိုင်ငံများနဲ့ ပူးပေါင်းပြီး တန်ပြန်ဆောင်ရွက်နိုင်ဖို့ပဲဖြစ်ပါတယ်။ 


Tuesday, December 15, 2020

ဘဏ် ဘဏ် ဘဏ့် ဘဏ်

 



ချေး ငွေ တွေ အ တွက် အ တိုး တွေ အ တင်း မ တောင်း တာ ၊ ပြတ် မ ဆပ် ခိုင်း သေး တာ က လွဲ ရင် အ များ ကြီး မ ပြောင်း သေး ပါ ဘူး ။ 


Covid 19 ကာ လ ကို နောက် ထပ် နှစ် နဲ့ ချီ ဖြတ် သန်း ရ ပြီး ထိ ရောက် တဲ့ ဖြေ လျော့ မှု မ လုပ် ပေး ရင် အိမ် ခြံ မြေ အ မြောက် အ များ ဘဏ် တွေ ကို ထိုး အပ် ကြ ရ လိမ့် မယ် ။ 


နိုင် ငံ တစ် ခု ရဲ့ စီး ပွား ရေး ကို နိုင် ငံ တွင်း ရှိ ဘဏ် တွေ နဲ့ အ တင် အ ချ လုပ် လို့ ရ တယ် ။ အ မေ ရိ ကန် မှာ ဂ လင်း စ ပန်း လုပ် ပြ ခဲ့ တယ် ။ 


ဘဏ် တွေ ဖြေ လျော့ မှု လုပ် မ ပေး နိုင် သေး ရင် အ စိုး ရ က ဖြေ လျော့ မှု လုပ် ပေး ရ မယ် ။ အ စိုး ရေ ဖြေ လျော့ ပေး ရ မှာ က မြင့် မား တဲ့ အ ခွန် တွေ လျော့ ပြီး ရှုတ် ထွေး တဲ့ လုပ် ထုံး လုပ် နည်း တွေ ပြင် ပေး ရ မှာ ။ 


ကု လ သ မ ဂ္ဂ က Covid 19 ကြောင့် မြန် မာ နိုင် ငံ ရဲ့ SME လုပ် ငန်း ၉၃ % လောက် ပြို လဲ သွား နိုင် တယ် လို့ ခန့် မှန်း ခဲ့ တယ် လို့ ဖတ် လိုက် ရ တယ် ။ ADB လို့ ခေါ် တဲ့ အာ ရှ ဖွံ့ ဖြိုး ရေး ဘဏ် က တော့ မြန် မာ GDP ၄.၅ % အ ထိ ကျ မယ် လို့ ပြော တယ် ။ 


မြန် မာ နိုင် ငံ မှာ Covid ကြောင့် ကု စား မှု က နိုင် ငံ GDP ရဲ့ ၄ % ရှိ တယ် လို့ ဆို တယ် ။ အ များ စု က ဆေး ကု သ စား ရိတ် ၊ ရော ဂါ ကာ ကွယ် ရေး နဲ့ အိမ် ထောင် စု တွေ ကို တိုက် ရိုက် ထောက် ပံ့ တာ ။ စု စု ပေါင်း သန်း ပေါင်း ၁၈၂၃၉၄၈. ၃၇၄ သန်း ( သန်း ပေါင်း ၁၈ သိန်း ကျော် ) ရှိ တယ် ။ မ ဝေ ဖန် ချင် ပေ မယ့် Covid 19 ကို မြန် မာ တာ ဝန် ရှိ တွေ ပေါ့ ပေါ့ တွေး ခဲ့ ကြ တယ် ။ 


စီး ပွား ရေး လုပ် ငန်း ရှင် တွေ ကို ငွေ ထုတ် ချေး တာ ၃၉၉၀၀၀ သန်း ပဲ ရှိ တယ် ။ ၅ ဆ လောက် ကွာ တယ် ။ အဲ့ ဒါ နိုင် ငံ ခြား စီး ပွား ဆက် သွယ် ရေး ဝန် ကြီး ဌာ န က အ မြဲ တမ်း အ တွင်း ဝန် ဦး အောင် နိုင် ဦး ပြော ထား တာ ။ 

ဘဏ် တွေ က သူ ရ မယ့် အ တိုး ကို နေ့ ချင်း တွက် ယူ ယုံ မ က ဘူး တိုး ရင်း ပေါင်း အ ပေါ် တောင် အ တိုး ထပ် ယူ တာ မျိုး လုပ် ထုံး လုပ် နည်း တွေ ပြင် ပေး သင့် တယ် ။ 


ဘဏ် တိုး တွေ ချ လိုက် ရင် အပ် ငွေ တွေ ပြန် ထုတ် သွား မယ် ဆို တဲ့ မ ဆီ လျော် တဲ့ ဆင် ခြေ တွေ က ဘဏ် သူ ဌေး ကြီး တွေ ရယ် ၊ ဘဏ် ထဲ ကို ပိုက် ဆံ ထည့် ထား နိုင် တဲ့ ဝန် ထမ်း တွေ ရယ် အ တွက် ရပ် တည် နေ ကြ သ လို ဖြစ် နေ တယ် ။

 

တစ် က မ္ဘာ လုံး Covid ကြောင့် စီး ပွား ရေး လှုံ့ ဆော် ပြီး ကိုယ့် နိုင် ငံ ထဲ လုပ် ငန်း တွေ ပြန် လည် ပတ် အောင် ဆောင် ရွက် နေ တဲ့ အ ချိန် မှာ မြန် မာ တစ် နိုင် ငံ ထည်း ပိုက် ဆံ တွေ ဘဏ် ထဲ ထည့် ပြီး အ တိုး ထိုင် စား နေ စေ တာ မ မှန် ပါ ဘူး ။ 


ဗ ဟို ဘဏ် က ဒေါ် လာ အ ရောင်း အ ဝယ် လုပ် နေ ရ မှာ မ ဟုတ် ပဲ အ တိုး အ တင် အ ချ နဲ့ ဘဏ် ထဲ က ပိုက် ဆံ တွေ အ ပြင် ထွက် ပြီး လုပ် ငန်း တွေ မှာ ရင်း နှီး မြုတ် နှံ ဖြစ် အောင် လုပ် ပေး ရ မှာ ။ ပြည် သူ က သူ့ ပိုက် ဆံ ကို ဘဏ် ထဲ မှာ ထား လို့ အ ကျိုး မ ရှိ ရင် အ ပြင် ထုတ် ပြီး အ ကျိုး ရှိ တာ လုပ် ကြ လိမ့် မယ် ။