Monday, October 6, 2014

ကံကောင်းခြင်းတွေ ကို ထွက်ပြေး သွားစေမယ့် ၆ ချက်


ဘယ်သူ မဆို ဘဝမှာ အောင်မြင်ချင် တာချည်းပါပဲ။ ဘဝမှာ အောင်မြင်ဖို့အတွက် ဘယ်လို လုပ်ရမှာလဲ။  အောင်မြင်ဖို့အတွက် လုပ်ရမယ့် အရာတွေ အများကြီး ရှိသလို မလုပ်သင့်သော အရာတွေ လည်း အများကြီး ရှိပါတယ်။

ဘဝမှာ အောင်မြင်စပြု လာရင် မလုပ်သင့်သော အချက်တွေကို တင်ပြလိုက်ပါတယ်။


၀၁. သူတပါး ရဲ့အောင်မြင်ခြင်း ကို အားကျခြင်း
*********************************
သူငယ်ချင်း ပဲဖြစ်ဖြစ် အသိမိတ်ဆွေ ပဲဖြစ်ဖြစ် သူတို့ကအောင်မြင်ပြီးတော့ နေတဲ့အိမ်၊ သုံးတဲ့ ပစ္စည်း၊ စီး တဲ့ကား စသည်ဖြင့် သူလိုနေထိုင် ချင်တယ်လို့ အားကျမိမှာပါ။




သူ ချည်းပဲ နေရာ ရနေတယ်လို့ မနာလို ပဲဖြစ်မိမှာပါ။ ကိုယ့် မှာတော့ ဘာမှ မရှိသလို ကိုယ့် အလုပ် နဲ့တောင် အနိုင်နိုင်ဖြစ်နေတဲ့ ဘဝကို စိတ်ပျက်မိတဲ့ အခါမျိုးလေးတွေ ကြုံတွေ့ရမှာပါ။


အား မကျပဲနဲ့။ ကိုယ်လုပ်စရာရှိတာ ကို အာရုံ စိုက်ပြီး သေသေချာချာ ဂရုတစိုက်လုပ်ပါ။ ကိုယ့် ရဲ့ကြိုးစားမူ အပေါ်မူတည်ပြီး ကိုယ်လည်းအောင်မြင်မှာပါ။


၀၂. သူတပါး ရဲ့ ချီးကျုး အားပေးမူ ကို လိုလားခြင်း
***********************************
လူ ဟာ သူတပါး ရဲ့ အားပေးမူ ချီးကျူးမူ ကို လိုအပ် သူချည်းပါပဲ။ ဒါကိုပဲ တောင့်တနေရင်တော့ ဘယ်သူမှ ကိုယ့်ကို အားပေးမဲ့သူ မရှိတော့ဘူးလို့ တွေးခဲ့ဘူးတဲ့ အချိန်လည်းရှိမှာပါ။


လူစိမ်း က ကိုယ့်ရဲ့ ဘဝအကြောင်းကို ကောင်းကောင်း မသိပါ။ သိတယ် ဆိုတာကလည်း ကိုယ့် ဘဝရဲ့ အပိုင်း တစ်ပိုင်းဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကို ကိုယ်သာ အားပေးပါ။
ယုံကြည် မူတွေနဲ့ပြည့်ဝနေ တဲ့ လူတစ်ယောက် ကို ဘယ်သူမဆို အားပေးချီးမြှောက်ပါ လိမ့်မယ်။


၀၃. ဘဝ ကို စိတ်ပျက်နေခြင်း
***********************
လက်ရှိ ဘဝကို အားမရဖြစ်နေပါ သလား။ တစ်ခု အကြံပေးပါရစေ။ ကိုယ့်ရဲ့ အမြင်ကို နည်း နည်းပြောင်းကြည့်လိုက်ပါ။


ဥပမာ ... စကားများသော အထက် အရာရှိ၊ သူ က ကိုယ့်ကို တိုးတတ်စေချင် လို့ပြောနေတာ လို့ အမြင်လေးကိုပြောင်းကြည့်ပါလား။ ကိုယ့်ရဲ့နေ့စဉ် ဘဝလေးက ဘာရယ်လို့မဟုတ်ပဲ ပြည့်စုံ လာပါလိမ့်မယ်။


၀၄. အမြဲတမ်း စိတ်ဆိုးနေခြင်း
***********************
အတိတ် မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်တွေးပြီး ဒေါသတွေ ထွက် မနေပါနဲ့။ အတိတ်မှာဖြစ် ခဲ့သော ကိစ္စတွေ ဟာ ကိုယ့်ဘဝ ဇာတ်လမ်း ရဲ့ အပိုင်းတစ်ပိုင်း သာ ဖြစ်မှာပါ။


လာမည့် အပတ် မှာလည်း ဇာတ်လမ်းသစ်က လာဦးမှာ မဟုတ်လား။ အဲဒါကြောင့် ကိုယ့်ရဲ့ ဘဝ စာအုပ် ကို မပိတ်ပဲ နောက်တစ်မျက်နှာ လှန်လိုက် ရအောင်နော်။


၀၅. မကောင်းသော သူများနဲ့ အဆက် မဖြတ်နိုင်ခြင်း
***************************************
ဘဝ က သာယာရန် အတွက် ပျော်ရွှင်ဖို့လိုအပ် ပါတယ်။ အဲဒီ အတွက် သူငယ်ချင်း အပေါင်း အသင်း ဆိုတာလည်း အရေးကြီးပါတယ်။  တွေ့လိုက်ရင် သူတပါး မကောင်းကြောင်းတွေ ကိုပဲ ပြောနေသောသူ ဆိုတာ ဘယ်လိုလူဖြစ်မလဲ ဆိုတာ ပြောစရာတောင် မလိုဘူး လို့ထင် ပါတယ်။


၀၆. မလိမ် မညာ ပါနဲ့
****************
အမြဲတမ်း လိမ်ညာနေရင်တော့ ကိုယ့်ရဲ့ ကိုယ်ကျင့် တရားဆိုတာ ဘယ်လိုဖြစ်လာမှာလဲ။ သူများတွေ လည်း လိမ်ပြောနေတာပဲ လို့မတွေးပါနဲ့။


ကိုယ်ကျင့် တရားကောင်းမှ သာလျှင် သူတပါး ကလည်း ကိုယ့်ကို ယုံကြည်မှာပါ။


အပေါ်က ၆ ချက် ကို ပြန်ပြီး သုံးသပ်ကြည့်ရင် ကိုယ့် မှာ ယုံကြည်မူ ရှိဖို့နဲ့ သူ တပါးရဲ့ အကြည့်တွေ ကို တွေးပြီးကြောက် မနေပဲ လုပ်စရာရှိတာ ကို လုပ်ဖို့ပါပဲ။



Credit : Chelmo
From...Search Myanmar

 

No comments:

Post a Comment