Sunday, October 5, 2014

ဆံပင်တွေ ကို မြိုချတဲ့ အကျင့်ကြောင့် ခွဲစိတ် ကုယူရ

hair7 










ကာဂျစ်စတန် နိုင်ငံ က အသက် ၁၈ နှစ် အရွယ် အမျိုးသမီးငယ်လေး တစ်ဦး ဖြစ်ပါတယ်။ စိတ်ပိုင်း ဆိုင်ရာ အရ လည်း ဘာရောဂါ မှ မရှိကြောင်း ဆရာဝန်များက စစ်ဆေး ထွက်ဆို ထားပါတယ်။

 ဒါပေမယ့် သူ့မှာ ရှိတဲ့ အကျင့် ကလေး တစ်ခု ကတော့ ဆံပင်များ ကို စားခြင်း ဖြစ်ပါတယ်။ သူများတွေ လက်သည်း ကိုက်တတ် သလိုပဲ သူ့ဆီမှာ ရှိတဲ့ အကျင့်က ဆံပင်မွေး သေးသေး လေးတွေ ကို ကောက်စားတတ်ပါတယ်။


သူ့ရဲ့ ဆံပင်တွေပဲ စား တာတင် မဟုတ်ပဲ အိမ်က ကော်ဇောပေါ်က ဆံပင်မွေးလေးတွေ ပါ တွေ့ရင် ကောက်စားသတဲ့။ သူမ လူမှန်း သိတတ်စ အရွယ်ကနေ ယူလာတဲ့ ယင်းအကျင့်ဟာ အသက် ၁၈ နှစ်အပြည့်မှာ ဒုက္ခ ပေးပါ တော့တယ်။

 ရေ အလွန်ငတ် ခြင်း၊ ခန္ဓာကိုယ် ရေဓာတ် ခမ်းခြောက် ခြင်းတို့ ခဏခဏ ဖြစ်ပြီး နောက်   တော့ ဆေးရုံ ပို့လိုက်ရ ပါတယ်။ ခွဲစိတ် ကြည့်တဲ့ အခါ ရလာတဲ့ ရလဒ် က ပုံမှာ မြင်တွေ့ ရသလိုပါပဲ။ 

အူလမ်းကြောင်း တစ်လျှောက် အစာအိမ် အထိ ခံနေတာက ဆံပင်မွေးလုံး ဖြစ်ပြီး အော်ဂလီ ဆန်စရာ ကောင်းလောက်တာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

နောက်ဆုံး ခွဲထုတ်ပြီးမှ ပဲ သူမဟာ ကျန်းမာရေး ပြန်ကောင်း ပါတော့တယ်။ သူမ စားသမျှ အဆီဓာတ် အရည်များဟာ ဆံပင်တစ်ဝိုက်မှ ကပ်ညှိနေတာကြောင့် အမြဲ ရေငတ်ပြီး ရေ ဓာတ်လည်း ဆုံးရှုံးပါတယ်။ 

အချိန်မှီသာ မခွဲစိတ်ရင် သေဘေးမှာ ရှိတဲ့ အမျိုးသမီးဟာ ဆံပင်တွေကို စားတတ်တဲ့ အကျင့် မဖြစ်အောင် လူတိုင်းကို သတိပေးစေခဲ့ ပါတယ်။ သင့် ကလေးငယ် တွေမှာ ယင်း အကျင့် ရှိနေရင် ခပ်မြန်မြန် ပြင်ပေးဖို့ လိုအပ် ပါတယ်။


အောင်ခမ်း
From... Yoyarlay

 

No comments:

Post a Comment