Showing posts with label
ပ၇ဟိတ အလုပ်များနှင့် သက်ဆိုင်သမျှ.
Show all posts
Showing posts with label
ပ၇ဟိတ အလုပ်များနှင့် သက်ဆိုင်သမျှ.
Show all posts
ပုံတွေကိုကြည့်ရင်း မဟာသင်္ကြန် ကာလ မှာ ဘုရားရှင် ရဲ့
သားတော်များဖြစ်ကြတဲ့ ရဟန်း သံဃာများက ပိုက်ကွန်တွေ ကိုင်ပြီး ငါးတွေကို
တစ်ပျော် တစ်ပါးကြီး ဝိုင်းဝန်း ဖမ်းဆီးနေကြပါလား လို့ အထင်တော်တွေ လွဲကာ တစ်မျိုးတော့ မမြင်လိုက်ကြပါနဲ့။
ဇာတ်ရည် လည်အောင် ရှင်းပြပေးပါရစေ..
မိတ္ထီလာမြို့နယ် ဇောင်းချမ်းကုန်း ရွာ ဘုန်းတော်ကြီး ကျောင်းအတွင်း မှာ ရေကန်ကြီး တစ်ကန်
ရှိပါ တယ် ။ ရေကန် ထဲမှာလည်း ဇီဝိတ ဒါန လွှတ်ထားတဲ့ ငါးတွေ က အများကြီးပဲပေါ့။
သိကြတဲ့အတိုင်း မိတ္ထီလာ ဆိုတာက မြန်မာပြည် ရဲ့ အပူပိုင်းဒေသ တစ်ခု မဟုတ်လား။ ဒါ့အပြင် ဒီနှစ် ကျတော့ ခါတိုင်းနှစ်တွေထက် ကို ထူးထူးခြားခြား
ပူပြင်းလွန်းနေတာကြောင့် ရေကန်ကြီး ဟာ ပတ်ကြားတွေ အက်ကွဲပြီး တစ်စ တစ်စ နဲ့
ခန်းခြောက်လာနေပါပြီ။
မိုးကိုမျှော်ပေမယ့် မိုးက မကျ.. နေပူရှိန်က ပြင်းသထက် ပြင်းလာ... ဒီတော့ ကန်ထဲက ငါးတွေ ခမျာ မပဋာ မြေလူး သလို တစ်ဖျတ်ဖျတ် လူးလိမ့် ခုန်ပေါက်နေကြရင်း သေရတော့မယ့် အချိန်ကိုသာ စိုးရိမ်တကြီး ငံ့လင့်နေကြရှာလေရဲ့။
အပူဒဏ် မခံနိုင်တဲ့ တစ်ချို့ငါးတွေ ခမျာမှာလည်း ရေနည်းနေတဲ့ ကန်ထဲ ကနေ လွတ်လို လွတ်ငြား ဟိုဟိုဒီဒီ
ခုန်ပေါက်ရင်း ပတ်ကြားအက်တွေပေါ်မှာ သေပွဲ ဝင်ခဲ့ ရရှာတာပေါ့။
အဲဒီလို ကူရာ ကယ်ရာ မဲ့နေတဲ့ ငါးကလေးတွေကို တွေ့မြင်နေ မိတဲ့ ဇောင်းချမ်းကုန်းကျေးရွာ
ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ဓမ္မေသိက ဆရာတော်ဘုရားကြီး ခမျာ ဘယ်လိုမှ
စိတ်မချမ်းမြေ့တော့ပါဘူး။
နန္ဒ၀င်း (ဆေး-၁)
ကျွန်တော် တာဝန် ကျတဲ့ အင်္ဂပူ မြို့ကလေးမှာ ဆင်းရဲနွမ်းပါးပြည်သူ များ အတွက်
အဓိက ရည်စူးပြီး တန်ဖိုး သင့် ညစာ ဆိုတဲ့ အစီအစဉ် ကလေးကို ၁၃၇၇ ခုနှစ်
နှစ်ဆန်း တစ်ရက်နေ့နောက်ပိုင်း က စတင်ခဲ့ပါတယ်။
ထမင်းတွေ
သီးစုံ ပဲကုလားဟင်းတွေ ၀က်သားတွေ ကြက်သားတွေ ချက် ဆိုက်ကား တစ်စီးပေါ် တင်
စေ တနာ့ ၀န်ထမ်းများ က နွမ်းပါးတဲ့ ရပ်ကွက်တွေကို တွန်းသွားပြီး ထမင်းနှင့် သီး
စုံ ကုလားဟင်း ဆို နှစ်ရာ ကျပ်၊ ထမင်းနှင့် ၀က်သားဟင်း ဆို သုံးရာကျပ်၊
ထမင်းနှင့်ကြက်သားဟင်း ဆို ငါးရာကျပ် အသီးသီး ရောင်း ချပေးခဲ့ ပါတော့တယ်။
အဓိက
ကျွန်တော် ရည်ရွယ်တာ က တစ်နေ့တာ ပင်ပန်းနွမ်းနယ်နေကြ တဲ့ တစ်နေ့ လုပ် တစ်နေ့စား
ဆင်းရဲနွမ်းပါး သူ မိသားစုများ ဟာ သူတို့ရဲ့ ညနေစာ ကို အာဟာရ တန်ဖိုး
ပြည့်ပြည့်နှင့် စားသောက်နိုင်စေရေး ပဲ ဖြစ်ပါတယ်။
ယခင့် ယခင်
ကျွန်တော်တို့ သွားရောက် မရောင်းခင် ကဆို အာဟာရ စံညွှန်း အနည်းငယ်သာ ပါတဲ့
ငါးပိ ချက် (ခုနောက်ပိုင်း ငါးပိ ပါ ဈေးတက်ကုန် လို့ ငါးပိ နည်းနည်း ကို
အရည်ဖျော်) နှင့် မိသားစု တစ်စု လုံး ဖြစ် သလိုစားခဲ့ ရပါတယ်။
ခုတော့ ငါးပိချက်
ငါးပိဖျော်သာ မက အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နှင့်
သတ္တုဓာတ်တွေ အကုန် ပါတဲ့ သီးစုံ ပဲကုလားဟင်း ကိုတော့ ငွေနှစ်ရာကျပ်
(သူတို့ အဆို ဆို ထင်းဖိုး သာသာနှင့်) စားသောက်နိုင်ခဲ့ ပါပြီ။
ရောင်းချပေးနေ တဲ့နောက် ကို တစ်ရက်လောက် လိုက် ကြည့်သူတိုင်း
ပီတိဖြစ်ကြ ရပါတယ်။ နွမ်းနွမ်း ပါးပါး သူတို့ဟာ ဆိုက်ကားနား ကပ်လာတယ်။ ပြီးရင်
ဟဲ့ကြက်သားအိုးပြ ပါဦး၊ ၀က်သားအိုးပြ ပါဦး၊ ဒီနေ့ အသားကောင်း သားဟဲ့၊ ကဲကဲ
သီးစုံ ကုလားဟင်းပဲ ထည့် ဆိုတာမျိုးလေးတွေ။