Friday, January 31, 2014

MX Player Pro v 1.7.22 For Android (အလန်းလေး မှကြိုက်တဲ့ သူတွေ အတွက် Video Player)






 Android ဖုန်း တွေမှာ original ပါတဲ့ Video Player က ဗီဒီယို format အများကြီး ဖွင့်လို့ မရပါဘူး ။ 

အခုပေးမယ့် MX Player Pro v1.7.22 ကတော့ Video format ပေါင်းစုံကို လည်း ကြည့်နိုင် သလို ဗီဒီယိုတွေ မှာ စာတန်းထိုး Subtitle ထည့်သွင်းထားတယ် ဆိုရင်လည်း ဒီ Video Player လေးက subtitle စနစ်ကို အထောက် အပံ့ပေးနိုင်ပါသေးတယ်။ 


Wondershare Video Editor ( ဗီဒီယို ရုပ်သံ တည်းဖြတ်တဲ့ဆော့ဝဲလ် )




 



Wondershare Video Editor လေးကတော့ ဗီဒီယို တည်းဖြတ်တဲ့ ဆော့ဝဲလေးပါ။ ဖိုင်ဆိုဒ် သေးသေးလေးနဲ့ အရမ်း ကိုပေါ့ပါးပြီး အသုံးဝင်လှပါတယ်။ 
Wondershare Video Editor လေးနဲ့ ဗီဒီယို တည်းဖြတ်ရတာ လည်းအရမ်းကို လွယ်ပါတယ်။ ဗီဒီယို
တည်းဖြတ်အပြင်Photo Sliteshow တွေကို လှပသပ်ရပ်စွာ ဖန်တီးနိုင်ပါသေးတယ်။ ဗီဒီယို တည်းဖြတ် ၀ါသနာပါတဲ့ သူငယ်ချင်းတွေအတွက် တကယ်ကို ဆောင်ထားသင့်ပါတယ်။ 

" နာမည်ကျော် မိုက်ခရိုဆော့ဖ် မြန်မာ့ပညာရေး ကဏ္ဍတွင်လေးနှစ် စီမံကိန်းဖြင့် ကူညီမည် "



ဝန်ကြီးဌာန တို့နှင့် အသေးစိတ်ညှိ နှိုင်းမှုများ ပြီးဆုံးပါက မိုက်ခရိုဆော့ဖ် အနေဖြင့် ပညာရေး ကဏ္ဍတွင် လေးနှစ် စီမံကိန်းနှင့် ကူညီဆောင်ရွက်သွားမည် ဟု မိုက်ခရိုဆော့ဖ်မြန်မာပြည်ရုံးခွဲ Knowledge Centricity မှ သိရသည်။

အဆိုပါ စီမံကိန်း အတွက် ပညာ ရေးဝန်ကြီးဌာန အပါအဝင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန တို့နှင့် စေ့စပ် ဆွေးနွေးမှု များ ပြုလုပ်နေပြီး သဘောတူ လက်မှတ်ရေးထိုးနိုင် ရန် အတွက်ဝန်ကြီး ဌာနများ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေ ရ ခြင်းဖြစ်သည်ဟု အထက်ပါရုံးခွဲ၏ ဒုတိ ယဥက္ကဋ္ဌ က ပြောသည်။


ချုံကြားမှ ဘုံဖျားသို့




ဘ၀ကို မည်မျှ  နိမ့်ပါးနုံချာသော အခြေအနေမျိုးမှ စတင်ခဲ့ရသည် ဖြစ်ပါစေ၊ ရည်မှန်းချက် ရှိမည်၊ ဥာဏ်အမြော် အမြင် ရှိမည်၊ မလျှော့သော ဇွဲလုံ့လ ရှိမည် ဆိုက သည် တစ်သက်တာ ဘ၀အပြီး သတ် ချိန်၌ အမြင့်မားဆုံး ထိပ်ဆုံးနေရာကို ရရှိနိုင်ပါသည်။

သည်လို ရရှိသွားခဲ့သူတွေ လည်း သမိုင်းတစ်လျှောက် အမြောက်အမြား ရှိသည်။ အထွတ်အထိပ် သို့ ရောက်ရှိကြ သူတွေ၏ အတ္ထုပ္ပတိများကို လှန်လှောကြည့်လျှင် “
ချူံကြားမှ ဘုံဖျားသို့ ” တက် လာနိုင်ခဲ့သူတွေ များပြား လှကြောင်း တွေ့ ရှိရလိမ့်မည်။




Hotel Califonia { 1998 } Live Eagles

မုန်လာဥ ၀ါ က ဘာတွေ ကောင်းသလဲ



ဆေးလိပ် သောက်သုံးသူတွေ ဖြစ်လာ တတ်မယ့် ကင်ဆာ ရောဂါကို မုန်လာဥ၀ါ တနေ့တလုံး မှန်မှန် စားပေးနိုင် ရုံနဲ့ ရောဂါ လျော့ပါး လာနိုင်ပါတယ်၊

မုန်လာဥ၀ါဟာ စိတ်ပင်ပန်းမှု၊ ပန်းနာ ရောဂါ ဖြစ်မှု၊ ဖျဉ်းရောဂါ စွဲမှုနဲ့ အသားအရေ ဓာတ်ဖောက် မှု တို့ကိုပါ ကာ ကွယ် ပေးပါတယ်၊ ရောဂါ မြင့်မားရင် လည်း ချုံ့ပေး တတ်ပါတယ် ။


မုန်လာဥ၀ါ ထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ် သဘာဝဟာ သွေးထဲက ကိုလက်စထရောတွေ ကိုတောင် ဖိချပေးပြီး အူမ ကင်ဆာနဲ့ ပတ်သက်တဲ့ ပြဿနာ အမျိုးမျိုးကို ဖြေရှင်း ပေးတတ် ပါတယ်။


Youtube က သီချင်းတွေ Phone ထဲက အလွယ် Download ယူနည်း - 2




ဒီဆော့ဝဲလေး က ဟိုနေ့ ကတင် တာ ထက် ပိုပြီးတော့ ကောင်းတယ် ဘာလို့ လည်းဆို

လိုင်း မကောင်းလည်း ဒေါင်းလုပ် ယူလို့ ရတယ် ဟိုနေ့ ကတင်တဲ့ ဟာက ယူလို့ မရဘူး

ဒီဟာက ဆော့ဝဲ ဖွင့်တာနဲ့ Youtube မှာ  ပေါ်ပျူလာဖြစ်နေတာတွေ  တန်းပြီးပေါ်တာ

ပြီးမှ  လိုချင်တာကို  သီချင်း စာရိုက်ရှာရတာ ။ 



Youtube က သီချင်းတွေ ကို ဖုန်းထဲ ကနေ ဒေါင်းလုပ် ယူပေးမယ့် ဆော့ဝဲ




အရင်က လည်း ဒီဆော့ဝဲကို သုံးနေရင် ဖျက်လိုက်ပါ ကြော်ငြာတွေဝင်သလို ဒေါင်းလုပ် ယူ ရတာ လည်း မမြန်ပါဘူး ။ 

အခု ဒီဟာက Pro Version မလို့  မြန်လည်းမြန် ကြော်ငြာလည်း မတက် အရမ်းသွက်ပါတယ် အဟောင်း သုံးနေသူတွေ Tubmate 2 ကို သုံးဖြစ်အောင် သုံးကြည့်လိုက်ပါ.....။

မြုံနေရဲ့သား နဲ့ ကိုယ်ဝန် ဘယ်လို ရလာ တာလဲ


မြုံနေရဲ့သားနဲ့ ကိုယ်ဝန်ဘယ်လိုရလာတာလဲ  ဟိုင်းဝေး လမ်းမကြီးမှာ ကားမောင်းလာရင်း မူးမေ့လဲခါနီး အမျိုးသမီးတစ်ယောက် အကူအညီတောင်းလို့ ဆေးရုံ လိုက်ပို့လိုက်တယ်။  ဆေးရုံမှာ ခဏကြာစောင့်တော့ ဆရာဝန်က လာပြောတယ်။ ဝမ်းသာစရာပဲ ဗျာ။ ခင်ဗျား အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီဗျ။  "ဟာ ဘယ်ကလာ။ အဲဒါကျွန်တော့မိန်းမ မဟုတ်ဘူးဗျ။" ယင်းအမျိုးသမီးအား ဆရာဝန်က မေးမြန်းသောအခါ " ဟင့်အင်း သူက ကျွန်မ ယောင်္ကျားပါ" အဲဒီမှာ ကျွန်တော် ဇောချွေးတွေ ပြန်နေပါတော့မယ်။ မဟုတ်ပါဘူးလို့ ငြင်းရက်သား ဒီကောင်မလေးက ဘာစိတ်ကူးပေါက်လို့ သူ့ယောက်ျားလို့ဆိုမှန်းမသိ။  ဒီတော့ တာဝန်မဲ့ချင်ရလားဆိုပြီး ဆရာဝန်များက ကျွန်တော့ကို DNA စစ်ဆေးမယ်လို့ဆိုပါတယ်။ သဘောတူလိုက်ပြီး DNA စစ်ဆေးလိုက်ရာ အဖြေထွက်လာပါတော့တယ်။ "ဟုတ်ပါတယ် ခင်ဗျားက သူ့ယောင်္ကျားမဟုတ်ပါဘူး။ မိတ်ဆွေက မွေးကတည်းက မြုံနေသူ ဖြစ်ပါတယ်။ ဘယ်တော့မှ ကလေးမရနိုင်ပါဘူး။ ဆောရီးဗျာ။ လူကြီးမင်း ပြန်နိုင်ပါပြီ။" အဲဒါနဲ့ ကျွန်တော်လည်း အိမ်ကိုအပြန် ဟိုင်းဝေးလမ်းမကြီးမှာ တစ်ယောက်တည်း ဇောချွေးတွေ ပြန်နေပါတယ်။ ဒါဆို ကျွန်တော့မိန်းမ မွေးတဲ့ သားနဲ့သမီးက ဘယ်လိုရလာတာလဲဆိုတာလေ.. Translated from "Stress of Level"  အောင်ခမ်း ( ရိုးရာလေး )
 
ဟိုင်းဝေး လမ်းမကြီး မှာ ကားမောင်းလာရင်း မူးမေ့ လဲခါနီး အမျိုးသမီး တစ်ယောက် အကူ အညီတောင်းလို့ ဆေးရုံ လိုက်ပို့လိုက်တယ်။
 
ဆေးရုံမှာ ခဏကြာစောင့်တော့ ဆရာဝန်က လာပြောတယ်။ ဝမ်းသာစရာပဲ ဗျာ။ ခင်ဗျား အမျိုးသမီးမှာ ကိုယ်ဝန် ရှိနေပြီဗျ။
 

"ဟာ ဘယ်ကလာ။ အဲဒါ ကျွန်တော့ မိန်းမ မဟုတ်ဘူးဗျ။"
 

လူ့ ဘဝ ၏ အောင်မြင် တိုးတက်ခြင်း သို့ သွားရာ လှေခါး (၃၀)

"လူ့ဘဝ၏ အောင်မြင်တိုးတက်ခြင်း သို့သွားရာ လှေခါး (၃၀)" *****************************************  ၁။ ကတိအပေးနည်းပါစေ။ ၂။ အမှန်ကို အမြဲပြောပါ။ ၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။ ၄။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။ ၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ ၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။ ၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။ ၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။ ၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။ ၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။ ၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။ ၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။ ၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။ ၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။ ၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။ ၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။ ၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။ ၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။ ၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။ ၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။ ၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည်ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။ ၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည် နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။ ၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။ ၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။ ၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။ ၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။ ၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။ ၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။ ၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။ ၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။  ထာဝရအလင်းတန်းများ

၁။ ဂတိ အပေး နဲပါစေ။
 
၂။ အမှန်ကို အမြဲပြောပါ။
 
၃။ မိတ်ကောင်းဆွေကောင်း ထားရှိပါ။
 
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
 
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
 

Thursday, January 30, 2014

အကြောတက် ခြင်းနှင့် ကန်စွန်းရွက်


 အကြောတက် ခြင်းနှင့် ကန်စွန်းရွက်  မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက  သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။  ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာများ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။  ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက်  လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျ ပန်းလိန်ရွက်ကို ရေးနွေးနှင့် ဖျောပါ။ ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည် ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက် ရောဂါ၊ သွေးဝမ်း ကိုက်ရောဂါ၊ အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ် သွေးပုပ် ကျန်သော ရောဂါ၊ မီးယပ် သွေးမမှန်သော ရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြား ရောဂါများ၊ အသံဝင် အသံပျက် ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသရာ၌ အသုံးဝင် စေပါသည်။  ကျန်းမာရေး  မကြာခဏ ကန်စွန်းရွက်ကို စားသုံး ပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင် ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊ ဝမ်းတွင်း ရောဂါကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါ တစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီး ကာကွယ် စေနိုင်ပါသည်။ ထိုကဲ့သို့ အသုံးဝင်သော ကန်စွန်းရွက်နှင့် တိုင်းရင်းဆေး ခေါင်းစဉ်ဖြင့် စာဖတ် ပရိသတ်များ ထံသို့ ရေးသား တင်ပြ လိုက်ရပါသည်။  Ref: Health Digest
 
မကြာခဏ ဇက်ကြော တက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီးကိုယ် လက် များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှ ကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။

ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက် စာ အတွက် ဟင်းစား စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခဏာများ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။


ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက်

လတ်ဆတ်သည့် ကန်စွန်း ရိုးနီ၊ ရွက်ကျ ပန်းလိန် ရွက်ကို ရေးနွေးနှင့် ဖျောပါ။ ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည် ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက် ရောဂါ၊ သွေးဝမ်း ကိုက်ရောဂါ၊ အမျိုးသမီးတို့ တွင် ဖြစ်ပေါ် တတ်သော မီးယပ် သွေးပုပ် ကျန်သော ရောဂါ၊ မီးယပ် သွေးမမှန်သော ရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြား ရောဂါများ၊ အသံဝင် အသံပျက် ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသရာ၌ အသုံးဝင် စေပါသည်။

ကျန်းမာရေး

မကြာခဏ ကန်စွန်းရွက်ကို စားသုံး ပေးခြင်းဖြင့် ကျန်းမာမှု ကို မြှင့်တင် ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊ ဝမ်းတွင်း ရောဂါ ကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါ တစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီး ကာကွယ် စေနိုင်ပါသည်။ ထိုကဲ့သို့ အသုံးဝင်သော ကန်စွန်းရွက်နှင့် တိုင်းရင်းဆေး ခေါင်းစဉ်ဖြင့် စာဖတ် ပရိသတ်များ ထံသို့ ရေးသား တင်ပြ လိုက်ရပါသည်။

Ref: Health Digest
From... Myawady News
 

သေဆုံးပြီဟု အတည်ပြုပြီး ၂ နာရီကြာပွေ့ဖက်ပြီးမှ မိခင်မေတ္တာကြောင့် အသက်ပြန်ရှင်လာရတဲ့ ကလေးငယ်

သေဆုံးပြီဟု အတည်ပြုပြီး ၂ နာရီကြာပွေ့ဖက်ပြီးမှ မိခင်မေတ္တာကြောင့်အသက်ပြန်ရှင်လာရတဲ့ ကလေးငယ်  သြစတေးလျမှ မိခင်တစ်ယောက်ဖြစ်တဲ့သူမနာမည်ကို Kate Ogg လို့ခေါ်ပါတယ် ။ ကိုယ်ဝန် ၂၇ ပတ်မှာ မွေးခန်းထဲဝင်ခဲ့ရပြီး ၃ နာရီကြာအောင်ကိုးစားခဲ့ရတဲ့ အမွှာပူးလေးမှာ ၂ ပေါင်သာသာပဲရှိတဲ့ ကလေးတစ်ဦးဖြစ်တဲ့ Jamie က အသက်မရှင်နိုင်တော့ပါဘူးတဲ့ ။ မိခင်ဟာ သူမ နားကို သူမ မယုံနိုင်အောင်ဖြစ်သွားရတယ် ။ ဆစ်ဒနီဆေး၇ုံမှာ Jamie ရဲ့အမွှာဖြစ်တဲ့ Emily ကတော့ ကောင်းမွန်တဲ့ကျန်းမာရေးအခြေအနေရှိပါတယ် ။ သူမအကို Jamie ကတော့မွေးစကတည်းက မိနစ်နှစ်ဆယ်လောက်အသက်ကယ်ခဲ့ရတယ် ။  ကုသမှုတွေကို မတုံ့ပြန်တော့တဲ့အခါ မိဘတွေကို စိတ်မကောင်းစရာသတင်းကိုပြောဖို့အခြေအနေဖြစ်လာပါပြီ ။ မိခင် Kate ဟာ သူ့ကလေးငယ်တစ်ယောက်ဆုံးတယ်ဆိုတဲ့သတင်းကိုလက်မခံနိုင်ပါဘူး ။ သူက မိခင်တစ်ယောက်အနေနဲ့ ခေါင်းကိုတွင်တွင်ခါတယ် ။ ပြီးတော့မျက်ရည်တွေ တွင်တွင်စီးကျတယ် ။ သားငယ်လေးကို အနှီးနဲ့လုံခြုံစွာထုပ်ပြီး သူပွေ့ချီလိုက်တယ် ပြီးတော့ ရင်အုပ်ထဲမှာ အုပ်ပြီး နွေးနွေးထွေးထွေးထားတယ် ။ ရှိုက်ကြီးတငင်ငိုပါတယ် ။  မိခင်ရောဖခင်ရောဟာ သားလေးကို တွင်တွင်ကြည်ပြီး သူ့နာမည်ကိုဘယ်လိုခေါ်ကြောင်းနဲ့သူ့မှာ ညီမတစ်ဦးရှိကြောင်းကို တတွတ်တွတ်ပြောဆိုနေတယ် ။ “ သားမရှိပဲ ညီမလေးဘယ်လို ဆက်လက်ရှင်သန်နေထိုင်မလဲ .. သားမရှိပဲအဖေနဲ့အမေရောဘယ်လိုဆက်လက်ရှင်သန်နေထိုင်မလဲ မိသားစုဆိုတာ ဟာ အားလုံးပြည့်စုံနေမှ အဓိပ္ပါယ်ရှိတာပါ ” ဖခင်ဖြစ်သူက သားဖြစ်သူကိုကြည့်ပြီးငိုယိုတယ် တိုးလျစွာ ပွတ်သပ်တယ် ။ ဒီလိုနဲ့ပွေ့ချီထားခဲ့တာ ၂ နာရီတိုင်ကြာမင့်ခဲ့တယ် ။ ကလေးငယ်အသက်ပြန်မရှူလာခင်အထိပေါ့ ။  ဒါပေမယ့် ဆရာတွေက ကလေးငယ်ကို မျှော်လင့်ချက်လုံးဝမရှိခဲ့ဘူး ။ ၂ နာရီပြည့်ပြီးတဲ့အခါ ရုတ်တရက်ကလေးငယ်ဟာ စတင်ပြီး အသက်ရှူလာပါပြီ တဖြည်းဖြည်းပိုရှူလာတယ် မိခင်က ကလေးကိုကြည့်ပြီးမိခင်နို့ကို တိုက်လိုက်တယ် ။ အံ့သြစရာတွေကတော့ဖြစ်ပျက်လာခဲ့ရပါပြီ ။ ကလေးငယ်က ကောင်းမွန်စွာ အသက်ရှူနေပါပြီ ။ ခဏကြာတဲ့အခါ Jamie လေးမျက်လုံးပွင့်လာတယ် သူ့မျက်လုံးတွေက မိခင်ကိုကြည့်နေတယ် ။  ဆရာဝန်တွေအားလုံးတုန်လှုပ်ခြောက်ခြားပြီး အားလုံးပျော်ရွှင်ခဲ့ရပါတယ် ။  ===========================  မိခင်မေတ္တာဟာ ဆရာဝန်တွေသေဆုံးပြီလို့အတည်ပြုထားတဲ့ ကလေးငယ်ကို အသက်ပြင်ရှင်စေနိုင်ခဲ့တယ်လို့ပဲထင်ပါတယ် ။ ပြင်းပြတဲ့ မေတ္တာစိတ်နဲ့ ဆေးလောကတစ်ခုလုံး အံ့သြတုန်လှုပ်သွားအောင်စွမ်းဆောင်နိုင်ခဲ့တယ် ။  မိခင်အားလုံးအား ဂုဏ်ပြုဦးညွှတ်လျှက် ...။  ( သက်တန့်ချို )   Credit To : Mandalay Media Group
  သြစတေးလျမှ မိခင် တစ်ယောက်ဖြစ်တဲ့ သူမနာမည်ကို Kate Ogg လို့ခေါ်ပါတယ် ။ ကိုယ်ဝန် ၂၇ ပတ်မှာ မွေးခန်း ထဲဝင်ခဲ့ရပြီး ၃ နာရီကြာအောင်ကြိုးစားခဲ့ရတဲ့ အမွှာပူးလေး မှာ ၂ ပေါင်သာသာပဲရှိတဲ့ ကလေး တစ်ဦးဖြစ်တဲ့ Jamie က အသက် မရှင်နိုင်တော့ပါဘူးတဲ့ ။ 

မိခင်ဟာ သူမ နားကို သူမ မယုံနိုင်အောင်ဖြစ်သွားရတယ် ။ ဆစ်ဒနီဆေး၇ုံမှာ Jamie ရဲ့အမွှာဖြစ်တဲ့ Emily ကတော့ ကောင်းမွန် တဲ့ကျန်းမာရေးအခြေအနေရှိပါတယ် ။ သူမအကို Jamie ကတော့မွေးစကတည်းက မိနစ်နှစ် ဆယ်လောက်အသက်ကယ်ခဲ့ရတယ် ။ ကုသမှုတွေကို မတုံ့ပြန်တော့တဲ့အခါ မိဘတွေကို စိတ်မကောင်း စရာသတင်း ကိုပြောဖို့အခြေအနေဖြစ်လာပါပြီ ။ 


မိခင် Kate ဟာ သူ့ကလေးငယ် တစ်ယောက်ဆုံးတယ်ဆိုတဲ့ သတင်းကိုလက်မခံနိုင်ပါဘူး ။ သူက မိခင်တစ်ယောက် အနေနဲ့ ခေါင်းကို တွင်တွင်ခါတယ် ။ ပြီးတော့မျက်ရည်တွေ တွင်တွင်စီးကျတယ် ။ သားငယ်လေးကို အနှီးနဲ့လုံခြုံစွာ ထုပ်ပြီး သူပွေ့ချီလိုက်တယ် ပြီးတော့ ရင်အုပ်ထဲမှာ အုပ်ပြီး နွေးနွေးထွေးထွေးထားတယ် ။ ရှိုက်ကြီးတငင်ငိုပါတယ် ။ 

မိခင်ရော ဖခင်ရောဟာ သားလေးကို တွင်တွင်ကြည်ပြီး သူ့နာမည်ကို ဘယ်လိုခေါ်ကြောင်းနဲ့ သူ့မှာ ညီမ တစ်ဦး ရှိကြောင်း ကို တတွတ်တွတ်ပြောဆိုနေတယ် ။

 “ သားမရှိပဲ ညီမလေးဘယ်လို ဆက်လက် ရှင်သန်နေထိုင်မလဲ .. သားမရှိပဲ အဖေနဲ့အမေရောဘယ်လို ဆက်လက် ရှင်သန်နေထိုင်မလဲ မိသားစုဆိုတာ ဟာ အားလုံးပြည့်စုံနေမှ အဓိပ္ပါယ်ရှိတာပါ ” ဖခင်ဖြစ်သူက သားဖြစ်သူကို ကြည့်ပြီး ငိုယိုတယ် တိုးလျစွာ ပွတ်သပ်တယ် ။ ဒီလိုနဲ့ပွေ့ချီထားခဲ့တာ ၂ နာရီတိုင်ကြာမင့်ခဲ့တယ် ။ ကလေးငယ် အသက်ပြန်မရှူလာခင်အထိပေါ့ ။ 

ဒါပေမယ့် ဆရာဝန် တွေက ကလေးငယ်ကို မျှော်လင့်ချက် လုံးဝမရှိခဲ့ဘူး ။ ၂ နာရီပြည့်ပြီးတဲ့အခါ ရုတ်တရက် ကလေး ငယ်ဟာ စတင်ပြီး အသက်ရှူလာပါပြီ တဖြည်းဖြည်း ပိုရှူလာတယ် မိခင်က ကလေးကိုကြည့်ပြီးမိခင်နို့ကို တိုက်လိုက်တယ် ။ အံ့သြစရာတွေကတော့ဖြစ်ပျက်လာခဲ့ရပါပြီ ။ 

ကလေးငယ်က ကောင်းမွန်စွာ အသက်ရှူနေပါပြီ ။ ခဏကြာတဲ့အခါ Jamie လေးမျက်လုံးပွင့်လာတယ် သူ့ မျက်လုံးတွေ က မိခင်ကိုကြည့်နေတယ် ။ ဆရာဝန်တွေအားလုံးတုန်လှုပ်ခြောက်ခြားပြီး အားလုံးပျော်ရွှင်ခဲ့ရပါတယ် ။

 မိခင်မေတ္တာဟာ ဆရာဝန်တွေသေဆုံးပြီလို့ အတည်ပြုထားတဲ့ ကလေးငယ်ကို အသက်ပြန်ရှင်စေနိုင်ခဲ့ တယ်လို့ပဲ ထင်ပါတယ် ။ ပြင်းပြတဲ့ မေတ္တာစိတ်နဲ့ ဆေးလောက တစ်ခုလုံး အံ့သြတုန်လှုပ်သွားအောင်စွမ်းဆောင်နိုင်ခဲ့တယ် ။ မိခင်အားလုံးအား ဂုဏ်ပြုဦးညွှတ်လျှက် ...။ 

( သက်တန့်ချို ) 

Credit To : Mandalay Media Group

ရုရှားနိုင်ငံမှ ကမ္ဘာ့ အအေးဆုံးမြို


ရုရှားနိုင်ငံမှ ကမ္ဘာ့အအေးဆုံးမြို   ရုရှားနိုင်ငံ မော်စကိုမြို့ နဲ့ သိပ်မဝေးတဲ့ နေရာက မြို့ တစ်မြို့ ဖြစ်ပြီး Yukutsk လို့ အမည်ရပါတယ်။ ကမ္ဘာ့အအေးဆုံး ရေခဲတိုက် အာတိတ်စက်ဝိုင်းရဲ့ တောင်ဘက် မိုင် ၂၈၀ အကွာမှာသာ ရှိနေတဲ့ မြို့ တစ်မြို့  ဖြစ်ပါတယ်။   ပျမ်းမျှ အပူချိန် အနုတ် ၄၀ ဒီဂရီစင်တီဂရိတ် ရှိပြီး ကမ္ဘာ့အအေးဆုံး မြို့ အဖြစ် စံချိန်တင်စေပါတယ်။ စံချိန်တင် အနေနဲ့ အနုတ် ၆၄.၄ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းပြီး လာမယ့် ဖေဖော်ဝါရီလအတွင်းလည်း အဲ့ဒီထက် ကျဆင်းအုံးမယ်လို့ ခန့်မှန်းထားကြ ပါတယ်။ ယခု ရက်ပိုင်းအတွင်းက အနုတ် ၄၈ ဒီဂရီ ရှိပါတယ်။ - ၅၂ ဒီဂရီ ရှိတဲ့ နေ့တွေမှာ ကျောင်းကို ယာယီပိတ်ထားရ ပါတယ်။ မြို့က မသေးပါဘူး။ လူဦးရေ ၂သိန်း၇သောင်း နေထိုင်ပြီး ဆိုက်ဘေးရီးယားနိုင်ငံ လူဦးရေရဲ့  လေးပုံပုံ တစ်ပုံ ဖြစ်ပါတယ်။   မြို့ ရဲ့ နေရာတိုင်းမှာ ရေခဲများ ဖုံးလွမ်းနေပြီး နေ့ရော၊ ညပါ လမ်းမတွေပေါ် အဝေးမမြင်ရအောင် ဖုံးလွမ်းနေပါတယ်။ ယင်းအအေးဒဏ်ကို အမြဲခံစားနေတဲ့ မြို့ခံ လူများအတွက်ကတော့ မထူးဆန်း တော့ ပါဘူး။ လူငယ်များကတော့ ညဘက်မှာ နိုက်ကလပ်၊ ဘားများသို့ သွားပြီး ကခုန်ကြပါတယ်။ ကမ္ဘာ့ အအေးဆုံးမြို့ လို့ စံချိန်တင်ထားတဲ့ ရုရှားနိုင်ငံ Yukutsk မြို့ က အလှဓာတ်ပုံများကို အောက်ပါ Link မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။    http://www.dailymail.co.uk/news/article-2548176/Feeling-cold-Share-thought-residents-coldest-city-earth-currently-MINUS-50C.html  အောင်ခမ်း ( ရိုးရာလေး )  http://www.yoyarlay.com/international-news/europe/39859-the-world-most-coldest-city  . 

ရုရှားနိုင်ငံ မော်စကိုမြို့ နဲ့ သိပ်မဝေးတဲ့ နေရာက မြို့ တစ်မြို့ ဖြစ်ပြီး Yukutsk လို့ အမည်ရပါတယ်။ ကမ္ဘာ့ အအေး ဆုံး ရေခဲတိုက် အာတိတ်စက်ဝိုင်းရဲ့ တောင်ဘက် မိုင် ၂၈၀ အကွာမှာသာ ရှိနေတဲ့ မြို့ တစ်မြို့ ဖြစ်ပါတယ်။

ပျမ်းမျှ အပူချိန် အနုတ် ၄၀ ဒီဂရီစင်တီဂရိတ် ရှိပြီး ကမ္ဘာ့အအေးဆုံး မြို့ အဖြစ် စံချိန် တင်စေပါတယ်။ စံချိန်တင် အနေနဲ့ အနုတ် ၆၄.၄ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းပြီး လာမယ့် ဖေဖော်ဝါရီလအတွင်းလည်း အဲ့ဒီထက် ကျဆင်းဦးမယ်လို့ ခန့်မှန်းထားကြ ပါတယ်။
 
 
ယခု ရက်ပိုင်းအတွင်းက အနုတ် ၄၈ ဒီဂရီ ရှိပါတယ်။ - ၅၂ ဒီဂရီ ရှိတဲ့ နေ့တွေမှာ ကျောင်းကို ယာယီ ပိတ်ထားရ ပါတယ်။ မြို့က မသေးပါဘူး။ လူဦးရေ ၂သိန်း၇သောင်း နေထိုင်ပြီး ဆိုက်ဘေးရီးယားနိုင်ငံ လူဦးရေရဲ့  လေးပုံပုံ တစ်ပုံ ဖြစ်ပါတယ်။

မြို့ ရဲ့ နေရာတိုင်း မှာ ရေခဲများ ဖုံးလွမ်းနေပြီး နေ့ရော၊ ညပါ လမ်းမတွေပေါ် အဝေးမမြင်ရအောင် ဖုံးလွမ်းနေပါတယ်။ ယင်းအအေးဒဏ်ကို အမြဲခံစားနေတဲ့ မြို့ခံ လူများ အတွက်ကတော့ မထူးဆန်း တော့ ပါဘူး။ လူငယ်များကတော့ ညဘက်မှာ နိုက်ကလပ်၊ ဘားများသို့ သွားပြီး ကခုန်ကြပါတယ်။ ကမ္ဘာ့ အအေးဆုံးမြို့ လို့ စံချိန်တင်ထားတဲ့ ရုရှားနိုင်ငံ Yukutsk မြို့ က အလှ ဓာတ်ပုံများကို အောက်ပါ Link မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.dailymail.co.uk/news/article-2548176/Feeling-cold-Share-thought-residents-coldest-city-earth-currently-MINUS-50C.html

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/international-news/europe/39859-the-world-most-coldest-city


လိုအပ်ပါက မြန်မာပြည်ကို ကာကွယ်ရန် အသင့်ရှိဟု ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ဆို

လိုအပ်ပါက မြန်မာပြည်ကို ကာကွယ်ရန် အသင့်ရှိဟု ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ဆို  အခြေ အနေအရ လိုအပ်လာပါက ရခိုင်ပြည်နယ်အပါ အဝင် မြန်မာ ပြည်ကို ကာကွယ်ရန် အသင့်ရှိ သော်လည်း အမှားအယွင်း အဖြစ်မခံနိုင်ဟု ရခိုင်တပ်မ တော် စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဆို သည်။ ၂၀၁၁ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပဋိပက္ခဖြစ်စဉ်များ၏နောက် ကွယ်မှ ကြိုးကိုင်ကာသွေးထိုး လှုံ့ဆော်မှုများမှာ တိုင်းပြည် ၏အချုပ်အခြာကို မလေးစား ရာရောက်သည်ဟု ၎င်းင်းက KNU ဌာနချုပ်၌ ဇန်နဝါရီ ၂ဝမှ ၂၆ရက်အထိ ကျင်းပခဲ့ သော ဒုတိယအကြိမ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များညီလာခံ၌ ပြောကြားခဲ့ ခြင်းဖြစ်သည်။  ““တရားသည် မတရား သည်ဆိုတာထက် ဘင်္ဂါလီမှန် ပါတယ်လို့ တစ်ဘက်သတ်ပြော ဆိုတာတွေရှိတယ်။ ဒါက တိုင်း ပြည်ရဲ့ အချုပ်အခြာကိုမလေး စားတာပါ။ ပြီးတော့ ကိုယ့် ဘက်က အစစအရာရာအား နည်းတာလဲပါတယ်။ တပ်မ တော် တစ်ရပ် က တစ်ပွဲထိုးတော့ မဟုတ်ဘူး။ လိုအပ်လာရင် တိုင်းပြည်ကို ကာကွယ်ဖို့အသင့် ပဲ။ ဒါပေမဲ့ဒေါသအလျောက် လုပ်လို့တော့ မရဘူးပေါ့။ ဘာ လို့လဲဆိုတော့ အမှားအယွင်းအ တွက် ကျွန်တော်တို့မှာ နောက် ဆုတ်စရာ မြေမရှိ ဘူး ဗျ””ဟု ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ဆိုသည်။  အဆိုပါ ဖြစ်စဉ်များအ တွင်း၌ အစိုးရ၏ကိုင်တွယ်ဖြေရှင်းမှုအားနည်းခဲ့သည့် အ ပြင် ယခုလုပ်ဆောင်နေသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အရအပစ်ရပ်ရေး၌ အစိုးရ ၏ပြောဆိုလုပ်ဆောင်မှုများ မှာ အပြင်ပန်းဆန်ပြီး အနှစ် သာရမရှိသည့် အချက် များ ကို တွေ့ရကြောင်းလည်း ၎င်းင်းက ဝေဖန်ပြောဆိုခဲ့သည်။  ““ကျွန်တော်တို့က လူရှေ့ သူရှေ့မှာ လက်မှတ်ထိုးပြပြီး ညာနေဖို့ မဟုတ်ဘူး။ ကိုယ့် နိုင်ငံပြဿနာကို အမှန်တကယ် ဖြေရှင်းပြီးပြီလား။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ လူတွေပျော်ရွှင် နေကြပြီလား။ ငါတို့ အနာဂတ် အတွက် ခိုင်မာတဲ့ ငြိမ်းချမ်း ရေးလမ်း ကြောင်းတွေ ပွင့်ပြီ လားဆိုတဲ့အပေါ်မှာ အနှစ်သာ ရရှိရှိ ပြောဆိုလုပ်ကိုင်ဖို့လို တယ်။ အခုအစိုးရဘက်က ပြောဆိုနေတာတွေက အပြင် ပန်းဆန်နေတယ်””ဟု စစ်ဦးစီး ချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် က ပြောသည်။  အစိုးရအနေဖြင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ အ စည်းများနှင့်အပစ်အခတ်ရပ် စဲရေး လက်မှတ်ရေးထိုးရာ၌ တိုင်းရင်းသားအဖွဲ့အစည်း တချို့နှင့်သာ တွေ့ဆုံဆွေးနွေး မည်ဆိုသည့်အချက်နှင့် ကျန် ရှိနေသည့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် အင်အား ကြီးသည့် လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ဆန္ဒပါမှရမည် ဆိုသည့်အချက်နှင့် ပတ်သက် ၍ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။  သို့သော် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအားလုံးပါဝင်၍ အပစ်အ ခတ်ရပ်စဲရေးလက်မှတ်ထိုး နိုင်ရန်အတွက် လုပ်ဆောင် သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲအ တွင်းပါဝင်လာရန်မှာ ကျန်ရှိ နေသည့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့ အစည်း များ၏ သဘောသာဖြစ်ကြောင်း တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) ဒု တိယအဖွဲ့ခေါင်းဆောင် ဗိုလ် ချုပ်ဂွမ်မော်က ပြောသည်။ မြန်မာနိုင်ငံတွင် အစိုးရ တပ်မတော်မဟုတ်သည့် တိုင်း ရင်းသား လက်နက် ကိုင်အဖွဲ့ များအပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁ဝဝကျော် ရှိကြောင်း လက်နက်ကိုင်အဖွဲ့အ စည်းများထံမှ ထွက်ပေါ်သည့် စာရင်းများအရ သိရှိရသည်။  မျိုးသူ (မြစ်မခ) Yangon Media Group  ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ။ ဓာတ်ပုံ - မျိုးသူ (မြစ်မခ)
 အခြေ အနေအရ လိုအပ်လာပါက ရခိုင်ပြည်နယ်အပါ အဝင် မြန်မာ ပြည်ကို ကာကွယ်ရန် အသင့်ရှိ သော်လည်း အမှားအယွင်း အဖြစ်မခံနိုင်ဟု ရခိုင်တပ်မ တော် စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဆို သည်။ 

၂၀၁၁ခုနှစ် ဇွန်လ မှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပဋိပက္ခဖြစ် စဉ်များ၏နောက် ကွယ်မှ ကြိုးကိုင်ကာသွေးထိုး လှုံ့ဆော်မှုများမှာ တိုင်းပြည် ၏အချုပ်အခြာကို မလေးစား ရာရောက်သည်ဟု ၎င်းင်းက KNU ဌာနချုပ်၌ ဇန်နဝါရီ ၂ဝမှ ၂၆ရက်အထိ ကျင်းပခဲ့ သော ဒုတိယအကြိမ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များညီလာခံ၌ ပြောကြားခဲ့ ခြင်းဖြစ်သည်။


 ““တရားသည် မတရား သည် ဆိုတာထက် ဘင်္ဂါလီမှန် ပါတယ်လို့ တစ်ဘက်သတ်ပြော ဆိုတာတွေရှိတယ်။ ဒါက တိုင်း ပြည်ရဲ့ အချုပ်အခြာကိုမလေး စားတာပါ။ ပြီးတော့ ကိုယ့် ဘက်က အစစအရာရာအား နည်းတာလဲပါတယ်။ တပ်မ တော် တစ်ရပ် က တစ်ပွဲထိုးတော့ မဟုတ်ဘူး။ လိုအပ်လာရင် တိုင်းပြည်ကို ကာကွယ်ဖို့အသင့် ပဲ။ ဒါပေမဲ့ဒေါသအလျောက် လုပ်လို့တော့ မရဘူးပေါ့။ ဘာ လို့လဲဆိုတော့ အမှားအယွင်းအ တွက် ကျွန်တော်တို့ မှာ နောက် ဆုတ်စရာ မြေမရှိ ဘူး ဗျ””ဟု ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဆိုသည်။ 

အဆိုပါ ဖြစ်စဉ်များ အ တွင်း၌ အစိုးရ၏ကိုင်တွယ်ဖြေရှင်းမှု အားနည်းခဲ့သည့် အ ပြင် ယခုလုပ်ဆောင်နေသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အရအပစ်ရပ်ရေး၌ အစိုးရ ၏ပြောဆိုလုပ်ဆောင်မှုများ မှာ အပြင်ပန်းဆန်ပြီး အနှစ် သာရမရှိသည့် အချက် များ ကို တွေ့ရကြောင်းလည်း ၎င်းင်းက ဝေဖန်ပြောဆိုခဲ့သည်။ 

““ကျွန်တော်တို့က လူရှေ့ သူရှေ့မှာ လက်မှတ် ထိုးပြပြီး ညာနေဖို့ မဟုတ်ဘူး။ ကိုယ့် နိုင်ငံပြဿနာကို အမှန် တကယ် ဖြေရှင်းပြီးပြီလား။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ လူတွေပျော်ရွှင် နေကြပြီလား။ ငါတို့ အနာဂတ် အတွက် ခိုင်မာတဲ့ ငြိမ်းချမ်း ရေးလမ်း ကြောင်းတွေ ပွင့်ပြီ လားဆိုတဲ့အပေါ်မှာ အနှစ်သာ ရရှိရှိ ပြောဆိုလုပ်ကိုင်ဖို့လို တယ်။ အခု အစိုးရဘက်က ပြောဆိုနေတာတွေက အပြင် ပန်းဆန်နေတယ်””ဟု စစ်ဦးစီး ချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် က ပြောသည်။

 အစိုးရအနေဖြင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ အ စည်းများနှင့်အပစ်အခတ်ရပ် စဲရေး လက်မှတ်ရေးထိုးရာ၌ တိုင်းရင်းသားအဖွဲ့အစည်း တချို့နှင့်သာ တွေ့ဆုံဆွေးနွေး မည်ဆိုသည့်အချက်နှင့် ကျန် ရှိနေသည့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် အင်အား ကြီးသည့် လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ဆန္ဒပါမှရမည် ဆိုသည့်အချက်နှင့် ပတ်သက် ၍ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။ 

သို့သော် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအားလုံး ပါဝင်၍ အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ထိုး နိုင်ရန် အတွက် လုပ်ဆောင် သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲအ တွင်း ပါဝင်လာရန်မှာ ကျန်ရှိ နေသည့် တိုင်းရင်းသားလက် နက် ကိုင် အဖွဲ့ အစည်း များ၏ သဘောသာဖြစ်ကြောင်း တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) ဒု တိယအဖွဲ့ခေါင်းဆောင် ဗိုလ် ချုပ်ဂွမ်မော်က ပြောသည်။

 မြန်မာနိုင်ငံတွင် အစိုးရ တပ်မတော် မဟုတ်သည့် တိုင်း ရင်းသား လက်နက် ကိုင်အဖွဲ့ များ အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁ဝဝကျော် ရှိကြောင်း လက်နက်ကိုင် အဖွဲ့အ စည်းများထံမှ ထွက်ပေါ်သည့် စာရင်းများအရ သိရှိ ရသည်။ 


 ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ။ 
 ဓာတ်ပုံ - မျိုးသူ (မြစ်မခ)

 မျိုးသူ (မြစ်မခ) Yangon Media Group 

မြန်မာ ဒုက္ခသည်တွေ ကို အမေရိကန်ခေါ်ယူမှု ရပ်ဆိုင်း

 

ထိုင်း-မြန်မာနယ်စပ်က မြန်မာ ဒုက္ခသည်တွေကို ကုလသမဂ္ဂရဲ့ ပြန်လည်နေရာ ချထားရေး အစီအစဉ်အတိုင်း အမေရိကန်ပြည်ထောင်စု က ခေါ်ယူနေတာ ကို ရပ်ဆိုင်းလိုက်ပြီလို့  ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်ခွင့် ရဖို့လျှောက်လွှာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ က နောက်ဆုံး ထားလက်ခံပြီးတဲ့နောက် ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။




အမေရိကန်ပြည်ထောင်စုဟာ ၂၀၀၅ ခုနှစ်ကနေ စပြီး မြန်မာ ဒုက္ခသည် ၇ သောင်း ၃ ထောင် လက်ခံခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသူများဆိုင်ရာဌာန လက်ထောက်အတွင်းရေးမှူး Anne Richard က ပြောပါတယ်။

နောက်ထပ် ဒုက္ခသည် ၂ သောင်းလောက်ကိုတော့ သြစတြေးလျ၊ ကနေဒါ၊ ဖင်လန်နဲ့ ဂျပန်နိုင်ငံတွေကို ၉ နှစ်အတွင်း ပို့ပေးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းပေါင်း ၉ ခုမှာ လူဦးရေ ၁ သိန်း ၂ သောင်းလောက် ကျန်ရှိနေသေးတယ် လို့ သိရပါတယ်။

From...RFA Burmese


ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 
 
 
ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ အခွံချွတ် မထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ် မုန့်နဲ့ ကွတ်ကီးမုန့် တွေမှာ ဗီတာမင် B1၊ B2၊ B3၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့် ၊ ကြေးနီ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ 

အခွံချွတ်ထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာတော့ ဒီအာဟာရဓာတ်တွေရဲ့ တစ်ဝက်ကျော်က ဆုံးရှုံးသွား တာ ကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးအတွက် (၁၀၀ ရာခိုင်နှုန်း အခွံချွတ်မထားတဲ့) ဂျုံစေ့နဲ့လုပ်ထား တဲ့ အစားအစာမျိုးကို စားပေးသင့်ပါတယ်။


ဂျုံစေ့ကဲ့သို့ ကောက်နှံ တစ်ခုလုံး စာ စားသော အမျိုးသမီးများ ကိုယ်အလေးချိန်တက်နှု န်း နည်းပါး

အမေရိကန် အာဟာရဆေးပညာ ဂျာနယ်ရဲ့ လေ့လာမှုအရ အခွံချွတ်ထားတဲ့ ကောက်နှံ စာထက် ကောက်နှံ တစ်ခု လုံးနဲ့ လုပ်ထားတဲ့အစာကို စားတဲ့သူတွေက ကျန်းမာရေးကောင်းတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ် လို့ တွေ့ ရပါတယ်။ အကြောင်းကတော့ အမျှင်ဓာတ်ပါဝင်မှု ပိုများလို့ပါ။

Metabolic Syndrome ရောဂါစု ဖြစ်နိုင်ခြေ လျော့နည်း

အရင်တုန်းက ကိုယ်ခန္ဓာသွယ်လျ ချင်ရင် အဆီမစားနဲ့လို့ ဆိုခဲ့ကြပါတယ်။ တကယ်တော့ အဆီက အမျိုးမျိုးရှိ ပါ တယ် ။ ပြည့်ဝဆီနဲ့ ထရန့်စ်ဖက်စ်တွေ က နှလုံးသွေးကြော ရောဂါတွေကို ဖြစ်စေနိုင်ပြီး အိုမီဂါ ၃ ဖက်တီးအက်စစ် အဆီ ကတော့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ 


အလားတူ အခွံချွတ်ထားတဲ့ ဂျုံနဲ့ လုပ်တဲ့ အစားအသောက်တွေ ကို များများစားရင် ကိုယ်အလေးချိန် မြင့် တက်စေနိုင် ရုံ သာမက အင်ဆူလင် ခုခံအားများကာ Metabolic Syndrome ရောဂါစု (ဥပမာ- နှလုံးသွေးကြောရောဂါနဲ့ ဆီးချိုရောဂါ) တို့ကို ဖြစ်စေနိုင်ပါတယ်။ 

Metabolic Syndrome ဆိုတာ ခါးမှာအဆီများတာ၊ သွေးတိုးတာ၊ သွေးတွင်း အဆီဓာတ် များတာ စတဲ့လက္ခဏာစု ကို ဆိုလိုပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေကို စားပေးရင်တော့ အင်ဆူလင်ခုခံအား များ တာ နဲ့ Metabolic Syndrome ဖြစ်တာကို သိသိသာသာ လျော့ကျစေပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေ

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် အသုံးပြု မှုနဲ့ အင်ဆူလင်ထွက်ရှိမှု အတွက်ပါဝင်တဲ့ အင်ဇိုင်းတွေနဲ့ တွဲဖက် လုပ်ဆောင်ပါတယ်။ ဒါကြောင့် အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာကို ပုံမှန်စားတာဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ လတ် တလော လေ့လာမှုတစ်ခုက ဆိုပါတယ်။

သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်

ဂျုံနဲ့ လုပ်ထားတဲ့ အညိုရောင်ပေါင်မုန့် ကို စားရင် မပျော်ဝင်တဲ့ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်တာကြောင့် သည်းခြေကျောက် တည်မှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ အမေရိကန် အစာအိမ် အူလမ်းကြောင်း ဂျာနယ် မှာ လေ့လာ ဖော်ပြထားပါတယ်။ အမျိုးသမီး ၆၉၀၀၀ ကို ၁၆ နှစ်ကြာ လေ့လာမှုအရ အမျှင်ဓာတ် အများဆုံးစားတဲ့ အမျိုးသမီးတွေဟာ အမျှင်ဓာတ် အနည်းဆုံး စားသူတွေထက် သည်းခြေကျောက်တည်နိုင်ခြေ ၁၃ ရာခိုင်နှုန်း လျော့ ကျမှုရှိကြောင်း သိရပါတယ်။ 


 မပျော်ဝင်တဲ့ အမျှင်ဓာတ်ဟာ အူထဲကို အစာ မြန်မြန်ရွေ့လျားမှု ဖြစ်စေရုံသာမက သည်းခြေအက်စစ် စွန့်ထုတ်မှု ကို လျော့ကျစေတာ၊ အင်ဆူလင် Sensitivity တိုးစေတာနဲ့ သွေးတွင်းမကောင်းတဲ့ အဆီ လျော့ကျစေတာ စတဲ့ အာနိသင်တို့ကို ရရှိစေပါတယ်။

ဝမ်းမှန်မှန် သွားစေနိုင်

ဂျုံနဲ့ လုပ်ထားတဲ့ အစာလို အမျှင်ဓာတ်များတဲ့ အစာတွေဟာ အူရောင်ရမ်းတဲ့ရောဂါ (ဗိုက်နာတာ၊ ပျို့ချင်အန်ချင် တာ ၊ လေပွတာ၊ ဝမ်းချုပ်တာ) ခံစားနေရသူတို့ကို ၈၉ ရာခိုင်နှုန်း သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အခွံချွတ် မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစာတွေဟာ ဝမ်းချုပ်မှုကင်းဝေးပြီး ဝမ်းမှန်မှန် သွားစေနိုင်ပါတယ်။

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာမှာ အပင်ထွက် လစ်ဂနင်ဆိုတဲ့ ဖိုင်တိုနျူးထရီးရန့်တစ်မျိုး ပါဝင်ပြီး အူထဲမှာ အကျိုးပြု လစ်ဂနင် အဖြစ် ပြောင်းလဲကာ ရင်သားနဲ့တခြားဟော်မုန်းနဲ့ ဆက်စပ်နေတဲ့ ကင်ဆာတွေမဖြစ်အောင် နဲ့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သွေးဆုံးပြီး အမျိုးသမီး များတွင် နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေနိုင်

အခွံချွတ် မထားတဲ့ ကောက်နှံစာ တစ်ခွက်ကို တစ်ပတ်မှာ ခြောက်ကြိမ် စားတာက သွေးဆုံးပြီး အမျိုးသမီးတွေ မှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာ သိသိသာသာ လျော့ကျမှုရှိတာကို တွေ့ရပါတယ်။


 နှလုံးသွေးကြော ဆိုင်ရာ ရောဂါရှိသူ သွေးဆုံးပြီး အမျိုးသမီး ၂၂၉ ဦးကို သုံးနှစ်ကြာ လေ့လာခဲ့ရာ ဂျုံနဲ့လုပ်တဲ့ အစာ ကို အနည်းဆုံး တစ်ပတ်ခြောက်ကြိမ် စားတာကြောင့် သွေးကြောကျဉ်းစေပြီး သွေးစီးဆင်းမှုကို ထိခိုက်စေ တဲ့ သွေးခဲ ဖတ်ဖြစ်ပေါ် မှု နှေးစေတာ၊ သွေးကြော ကျဉ်းမှု နှေးတာတို့ ဖြစ်တာ ကို တွေ့ရပါတယ်။

From... Good Health 


၁၀၀၀ စီစီအောက် ကားများ နယ်စပ်မှ တင်သွင်းခွင့်ပြုမည်



ကလေး၊ ဇန်နဝါရီ ၂၉

နယ်စပ်ဂိတ်များမှ တစ်ဆင့် ၁၀၀၀ စီစီအောက် ကားများအား တင်သွင်းခွင့်ပြု မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ တွင် ဇန်နဝါရီလ၂၉ရက်နေ့ကကျင်းပသော ဒေသခံကုန်သည်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပသော ဒေသခံ ကုန်သည် များနှင့် တွေ့ဆုံပွဲတွင် နယ်စပ်ဒေသ ကုန်သည်များ အသင်းက တင်ပြသော ၁၀၀၀ စီစီအောက် ကားများကို နယ်စပ်ဂိတ်များမှ တရားဝင် တင်သွင်းခွင့်ပြုရန် ကိစ္စနှင့် ပတ်သက်၍ ၎င်းက အထက်ပါ အတိုင်း ပြော ကြားခြင်း ဖြစ်ပြီးထိုသို့ ဆောင်ရွက်ပေးရာတွင်ကုန်းလမ်းမှတင်သွင်းရန်အဆင်မပြေလျှင်ပင်လယ် ရေကြောင်း မှလည်း တင်သွင်းနိုင်ရန် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။


“ကားတွေကို လွတ်လပ်စွာ တင်သွင်းခွင့်ပေးဖို့ တောင်းဆိုတာ တမူးမှ မဟုတ်ဘူး။ ချင်းပြည်နယ် က ဒေသ ခံတွေကလည်း တောင်းဆိုကြတယ်။ ဒီတော့ တောင်းဆိုတဲ့ အတိုင်း အိန္ဒိယနိုင်ငံ ထုတ် ၁၀၀၀ စီစီအောက် ကားတွေကို တင်သွင်းခွင့် ရဖို့ ကုန်သည် အတွင်းတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းမှ တစ်ဆင့် အိန္ဒိယနိုင်ငံထုတ် ဆိုင်ကယ်နှင့် သုံးဘီး ဆိုင်ကယ်များ လစဉ် ဝင်ရောက်လျက်ရှိပြီး အရည်အသွေး ချင်းယှဉ်လျှင် တရုတ်နိုင်ငံ ထုတ် ဆိုင် ကယ် များထက် ပိုမိုကောင်းမွန်သောကြောင့် နှစ်သက်မှု ပိုများကြောင်း တမူးမြို့ရှိ ကုန်သည် များနှင့် ဒေ သခံများက ပြောကြားသည်။

ယခုကဲ့သို့ ယာဉ်များ တရားဝင် တင်သွင်းခွင့်ပြုလျှင် လိုင်စင်မဲ့ယာဉ်များ ဝင်ရောက်မှုကို တားဆီးနိုင် သကဲ့ သို့ နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေလည်း တိုးတက်လာနိုင်ကြောင်း သက်တမ်းရင့် နယ်စပ်ကုန်သည် တစ်ဦး က ပြောဆိုသည်။

“ဒီလိုကားတွေ တင်သွင်းဖို့ အိန္ဒိယက ကုမ္ပဏီတွေ ကလည်း ကမ်းလှမ်းမှုတွေ ရှိခဲ့တယ်။ ဒေသခံတွေလည်း အရည် အသွေး မီကားတွေ သုံးစွဲနိုင် သလို နိုင်ငံဘဏ္ဍာလည်း တိုးဖို့အတွက် အိန္ဒိယနိုင်ငံထုတ် ၁၀၀၀ စီစီအောက် ကားတွေကို တင်သွင်းခွင့် ပြုစေချင်ပါတယ်” ဟု နယ်စပ်ကုန်သည်များ အသင်းမှ ဦးခင်မောင်တင် က ပြောဆိုသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ နှစ်စဉ် တိုးတက်မှုရှိပြီး ယခင်နှစ်တွင် ၁၀ ဘီလီယံ ရှိကြောင်း ၊ ယခုနှစ်အတွက် ၂၅ ဘီလီယံ လျာထားပြီး ယခုတွေ့ဆုံပွဲ ပြုလုပ်သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ၂၀ ဘီလီယံ ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် လျာထက်ချက် ထက် ကျော်လွန်နိုင်ဖွယ် ရှိကြောင်း၊ 
 
၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် တမူးနယ်စပ် ကုန်သွယ်စခန်းမှ ဒေါ်လာ ၂၁ ဒသမ ၃၅ သန်း၊ ရိဒ်နယ်စပ် ကုန်သွယ်စခန်းမှ ၁၅ ဒသမ ၀၇ သန်း ကုန်သွယ်မှု ပြုနိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တမူးဒေသခံ များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
အဆိုပါ အင်ဂျင်ပါဝါ ၁၀၀၀ စီစီနှင့်အထက် မော်တော်ယာဉ်များ ကို နယ်စပ်မှ တရားဝင် တင်သွင်းခွင့်ပြုပါက ယင်းကားများ ဈေးနှုန်း ကျဆင်း သွားနိုင်ပြီး လူတန်းစေ့ မော်တော်ယာဉ် စီးနင်း လာနိုင်မည် ဖြစ်ကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း ဦးထွန်းထွန်းက ပြောကြားသည်။
“ကျွန်တော်တို့ ကတော့ နယ်စပ်က မလုပ်ဘူး။ ဇယားရှုပ်လို့။ အခုလို တရားဝင် ဆိုရင်တော့ ကောင်းတာပေါ့ ။ သွင်းရတာလဲ လွယ်သွားမှာပေါ့” ဟု ၎င်းကဆိုသည်။

သင်္ဘောဖြင့် တင်သွင်းသည့် မော်တော်ယာဉ် များကို ပြန်လည် ရောင်းချမည် ဆိုပါက ဈေးနှုန်းပိုင်း တင်းခံ ၍ ရောင်းရနိုင်သော်လည်း ယင်းသို့ နယ်စပ်မှ တင်သွင်းခွင့်ပြုလျှင် မော်တော်ယာဉ် ဈေးနှုန်း ပိုမိုကျဆင်း လာနိုင်သဖြင့် ဈေးကွက် အေးသွားနိုင်ကြောင်း ဦးထွန်းထွန်းက သုံးသပ်ပြောကြားသည်။

အင်ဂျင် ပါဝါ ၁၀၀၀ စီစီနှင့်အထက် မော်တော်ယာဉ်များဖြစ်သော ဘယ်လ်တာ၊ ပက်ဆိုတို့မှာ ကျပ်သိန်း ၁၀၀ ဝန်းကျင်ပေါက်ဈေး ရှိကြောင်း မော်တော်ယာဉ်ဈေးကွက် အတွင်းမှ သိရသည်။

The Voice Weekly



ပြည်ပသို့ အိမ်အကူ သွားရောက် လုပ်ကိုင်မည့်သူများတွင် ဘွဲ့ရများသာမက စာတမ်းပြုစုသူနှင့် အင်ဂျင်နီယာများလည်းပါ






ပြည်ပသို့ အိမ်တွင်းမှုအကူအဖြစ် သွားရောက် လုပ်ကိုင်မည့်သူများတွင် ဘွဲ့ရ၊ စာတမ်းပြုစုနေသူများနှင့် အင်ဂျင်နီယာများပင် ပါဝင်နေသည်ဟု ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့မှ တာဝန်ရှိသူများ က ပြောသည်။

အိမ်အကူလုပ်ဖို့ လာတဲ့သူတွေထဲမှာ လေးတန်းကနေ ဘွဲ့ရ၊ အင်ဂျင်နီယာတွေအထိ ပါတယ်။ အင်ဂျင်နီ ယာတွေ ဆိုပေမယ့် ဒီမှာက မိသားစုက ဆင်းရဲတယ်။ လစာ ၈၀,၀၀၀၊ ၁၀၀,၀၀၀ နဲ့ ကုမ္ပဏီတွေမှာ မလုပ်နိုင် ဘူး။ သူတို့မိသားစုတွေကို သူ မထောက်ပံ့နိုင်ဘူး။ ဒါကြောင့် ဟိုမှာ တစ်လ လေးသိန်းလောက် ရတော့ သုံး၊ လေးနှစ် သွားပြီး အနစ်နာခံ ရှာမယ်။ ပြီးတော့မှ ပြန်လာမယ်ဆိုတဲ့ သူမျိုးတွေပေါ့”ဟု ထက် မာန် အုပ်ချုပ်မှုဒါရိုက်တာ ဦးသောင်းထူးက မဇ္ဈိမကို ပြောသည်။


လက်ရှိတွင် မြန်မာ အိမ်အကူများကို စင်ကာပူနှင့် ဟောင်ကောင်တို့မှ ခေါ်ယူလိုမှု မြင့်တက်နေပြီး ဇန်န၀ါ ရီ ၂ ရက်နှင့် ၃ ရက်များကလည်း ဟောင်ကောင်မှ အိမ်အကူ လုပ်သားခေါ်ယူလိုသည့် အဖွဲ့များ  မြန်မာ ပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှုအဖွဲ့ချုပ်နှင့် အေဂျင်စီများ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

GOLD MINE  ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သင်တန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဖုန်းမြင့်က “အနိမ့်ဆုံး ပညာအရည်အချင်းအဆင့်ကို ရှစ်တန်းက စတယ်။ တချို့ဆို စာတမ်းတင်ဖို့ လုပ်ထားတဲ့ကလေးတွေပါ ပါတယ်။ အမှန်တကယ်တော့ သူတို့ကို မသွားစေချင်ပါဘူး။ ဒါပေမဲ့ သူတို့ကိုပြန်မေးကြည့်တဲ့အခါမှာ သူ တို့ ဒီမှာ နှစ်နှစ်ဆိုတဲ့အချိန်က မကြာဘူးဆိုတဲ့အတွက် အဲဒီအတွင်း သူတို့ ငွေရှာချင်တယ်။ ပြီးတော့မှ ပြန်လာပြီး သူတို့ပညာရေးအတွက် ဆက်လုပ်မယ်လို့ ပြောကြပါတယ်”ဟု ဆိုသည်။

ဟောင်ကောင်သို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အိမ်အကူများသည် တစ်လလျှင် အမေရိကန်ဒေါ် လာ ၅၀၀ ရရှိကြောင်းနှင့် စင်ကာပူတွင်မူ မြန်မာအိမ်အကူလုပ်သား လစာငွေ စင်ကာပူဒေါ်လာ ၃၅၀ မှ ၄၅၀ ကြား( ကျပ် ၂၈၀,၀၀၀ မှ ၃၀၀,၀၀၀) ရလေ့ရှိပြီး ဖိလစ်ပိုင်လုပ်သားများအနေဖြင့် အနိမ့်ဆုံး လစာ စင်ကာပူဒေါ်လာ ၅၀၀ ရရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများက ထုတ်ဖော်ပြောကြား ထားသည်။

ဟောင်ကောင်မှ မြန်မာအိမ်အကူလုပ်သားတစ်ဦးအတွက် ဟောင်ကောင်နှင့်မြန်မာအေဂျင်စီများက တစ် ဖက်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ စီ ခွဲဝေ ရယူရန်ရှိသော်လည်း ယခင်က အေဂျင်စီအသင်းချုပ် ၏ တောင်း ဆိုညှိနှိုင်းမှုအရ ပြည်တွင်းအခြေစိုက် မြန်မာပြည်ပ အလုပ်အကိုင်အေဂျင်စီအား အမေရိကန်ဒေါ် လာ ၁,၁၆၀ ပေးမည်ဖြစ်သည်။

ဟောင်ကောင်နိုင်ငံ အနေဖြင့် အိမ်အကူလိုအပ်ချက် သုံးသိန်းခန့်ရှိလာမည်ဖြစ်သည်ဟု ဇန်န၀ါရီလ ပထ မ ပတ်အတွင်းက နှစ်ဖက် ညှိနှိုင်းမှုများအရ ဟောင်ကောင် အေဂျင်စီတစ်ခုက ထုတ်ဖော် ပြောဆိုထား သည်။

ထို့ပြင် စင်ကာပူနိုင်ငံမှ လည်း မြန်မာအိမ် အကူ လုပ်သားများ ပိုမိုခေါ်ယူရန်လိုပြီး စင်ကာပူတွင် ရောက် ရှိ နေသော မြန်မာ အိမ်အကူလုပ်သားများမှာ ၂၅,၀၀၀ မှ ၃၀,၀၀၀ ခန့်ရှိနိုင်ကြောင်း စင်ကာပူရှိ အိမ်အကူ လုပ်သားအင်အား၏ ၁၆ ရာခိုင်နှုန်းခန့်ရှိကြောင်း ရွှေ့ပြောင်းလုပ်သားရေးရာ လှုပ်ရှားသည့် လူမှုအဖွဲ့အ စည်းများအချို့နှင့် Home Hunanitarian Organization for Migration Economics မှ ဒေါက်တာသိန်း သန်းဝင်းက ပြောသည်။

Photoshop သင်တန်း မတက်ဖူးသူများ အတွက် လေ့ကျင့်နည်း

Photoshop သင်တန်းမတက်ဖူးသူများအတွက် လေ့ကျင့်နည်းစာအုပ်များ  သင်တန်းမတက်ဖြစ်လို့ စာအုပ်ဖတ်လေ့လာလိုသူ အောက်ကလင့်မှာဆွဲပါ  http://www.zwmnna.com/2013/03/photoshop.html
 
Photoshop သင်တန်း မတက်ဖူးသူများ အတွက် လေ့ကျင့်နည်း စာအုပ်များ
သင်တန်း မတက်ဖြစ်လို့ စာအုပ်ဖတ်လေ့လာ လိုသူ အောက်ကလင့်မှာ ဆွဲပါ ။

http://www.zwmnna.com/2013/03/photoshop.html
 
 From...မောင်(စွယ်စုံကျမ်း)
 

Wednesday, January 29, 2014

Photoshop စတင်လေ့လာသူများ အတွက်

Photoshop စတင်လေ့လာသူများအတွက် လေ့လာသင်ယူဖို့ နည်းပညာစာအုပ် 10မျိုး  သင်တန်းမတက်ဖြစ်လို့ စာအုပ်ဖတ်လေ့လာလိုသူ အောက်ကလင့်မှာဆွဲပါ  http://www.zwmnna.com/2013/11/photoshop.html
Photoshop စတင်လေ့လာသူများ အတွက် လေ့လာ သင်ယူဖို့ နည်းပညာ စာအုပ် 10မျိုး
သင်တန်း မတက်ဖြစ်လို့ စာအုပ်ဖတ်လေ့လာလိုသူ အောက်ကလင့်မှာဆွဲပါ ။

http://www.zwmnna.com/2013/11/photoshop.html
 
 From...မောင်(စွယ်စုံကျမ်း)
 

Photoshop လေ့လာလိုသူ များအတွက် CS_3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်း

Photoshop လေ့လာလိုသူများအတွက် CS_3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်း  Cs-3 ဆော့ဝဲ သုံးနေသူများအတွက်  အသုံးပြုပုံ အသေးစိတ်နဲ့   နမူနာလေ့ကျင့်ဖို့   လေ့ကျင့်ခန်းတွေလည်းပါပါတယ် ။ ဆော့ဝဲရှိပေမယ့်  ဘေးမှာပါတဲ့ Tools တွေကို  သဘောမပေါက်ရင် အဆင်မပြေပါဘူး အဲ့ကြောင့်  ဘယ် Tools က ဘာလုပ်ဖို့ လဲ  ဆိုတာသိဖို့ ပါ။  နမူနာလေ့ကျင့်ခန်း  လိုက်လုပ်လို့ ရတာတွေက  လိုင်စင်ပုံလုပ်ဖို့   ကာလာချိန်ဆပြောင်းလည်းနည်း ၊ ပန်းချီဆွဲနည်း၊ နောက်ခံဒီဇိုင်း ပြောင်းလဲနည်း  နောက်ခံကို အုတ်ကွက်နံရံ ဒီဇိုင်းထည့်နည်းအပါအ၀င် လေ့လာလို့ ကောင်းတာ  အများကြီး ရှိနေပါသေတယ် ။ Cs-3 ရှိသူများ လေ့လာ လေ့ကျင့်နိုင်ပါပြီ...........  သင်တန်းမတက်ဖြစ်လို့ စာအုပ်ဖတ်လေ့လာလိုသူ အောက်ကလင့်မှာဆွဲပါ  http://www.zwmnna.com/2013/03/photoshop-cs3.html


Cs-3 ဆော့ဝဲ သုံးနေသူများအတွက် အသုံးပြုပုံ အသေးစိတ်နဲ့  နမူနာလေ့ကျင့်ဖို့ 

လေ့ကျင့်ခန်းတွေလည်းပါ ပါတယ် ။ ဆော့ဝဲရှိပေမယ့် ဘေးမှာပါတဲ့ Tools တွေကို

သဘောမပေါက်ရင် အဆင်မပြေပါဘူး ။
 
အဲ့ဒါ ကြောင့် ဘယ် Tools က ဘာလုပ်ဖို့ လဲဆိုတာသိဖို့ ပါ။ 
 
နမူနာလေ့ကျင့်ခန်း လိုက်လုပ်လို့ ရတာတွေက လိုင်စင်ပုံ လုပ်ဖို့ 

ကာလာချိန် ဆပြောင်းလည်းနည်း ၊ ပန်းချီဆွဲနည်း၊ နောက်ခံ ဒီဇိုင်း ပြောင်းလဲနည်း

နောက်ခံ ကို အုတ်ကွက် နံရံ ဒီဇိုင်းထည့်နည်း အပါအ၀င် လေ့လာလို့ ကောင်းတာ

အများကြီး ရှိနေပါသေတယ် ။
 
 Cs-3 ရှိသူများ လေ့လာ လေ့ကျင့်နိုင်ပါပြီ...........

သင်တန်း မတက်ဖြစ်လို့ စာအုပ်ဖတ်လေ့လာလိုသူ အောက်ကလင့်မှာဆွဲပါ

http://www.zwmnna.com/2013/03/photoshop-cs3.html
 From....မောင်(စွယ်စုံကျမ်း)
 

Chrome OS ကို ဟက်နိုင်သော ဟက်ကာကို ကန်ဒေါ်လာ ၂.၇ သန်းချီးမြင့်မည်




Google က ကိုယ်တိုင်ထုတ်လုပ် ဖန်တီးထားတဲ့ ဟက်ကာတွေကို အမေရိကန်ဒေါ်လာ ၂.၇ သန်း ကျော် ဆုငွေ ချီးမြင့်မှာ ဖြစ်ကြောင်း သိရ ပါတယ်။

ကနေဒါနိုင်ငံမှာ လာမယ့် မတ်လအတွင်း Security Conference လုပ်မှာ ဖြစ်ပြီး အဲ့ဒီအချိန်ကျရင်ပေး မှာ ဖြစ်ပါတယ်။ ပေးမယ့် ဆုတွေကို ခွဲထားပါတယ်။ 
Intel သို့မဟုတ် ARM chip နဲ့ ပစ္စည်းများကို အသုံးပြု ဖန်တီးထားတဲ့ Laptop နဲ့ Chrome OS ကို ဟက်နိုင်ရင် အမေရိကန်ဒေါ်လာ ၁၁၀၀၀၀ နဲ့ ၁၅၀၀၀၀ အသီးသီး ချီးမြင့်မှာ ဖြစ်ပါတယ်။ 
 
 
အဖွဲ့လိုက်ပဲဖြစ်ဖြစ်၊ တစ်ဦးချင်းကိုပဲ ဖြစ်ဖြစ် ချီးမြင့်ပေးမှာ ဖြစ်ပါတယ်။ အကယ်၍ Chrome OS ကို Built in အဖြစ်ထည့်သွင်းတဲ့ HP နဲ့ Acer Chromebook ကနေ ဟက်နိုင် ရင်တော့ အများဆုံး ဆုငွေကို ချီးမြင့် မှာ ဖြစ်ပါတယ်။

ဒီတော့ ဆုငွေတွေ အားလုံးပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာ ၂.၇၁၈၂၈ ရှိပြီး သင်္ချာနည်းကျကျ ထုတ်ယူထားတဲ့ ငွေကြေးပမာဏ ဖြစ်ပါတယ်။ ဒါဟာ Google က ကမ္ဘာမှာ ရှိတဲ့ ဟက်ကာတွေကို Chrome OS ဟက်ဖို့ စိန်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ 
ဒီတော့ Chrome OS သာ တကယ် လုံခြုံရေးကောင်းရင် ဂုဏ်သတင်း မွေးလာအုံး မှာပါ။ မတ်လ ၁၄ ရက်နေ့ ကနေဒါ၊ ဗန်ကူးဗားမှာ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။

Credit :Smart pro journal

အမျိုးသား ကာကွယ်ရေး ဆန္ဒပြုပွဲမှ ဖိတ်ခေါ်ပါသည်

အမျိုးသားကာကွယ်ရေး ဆန္ဒပြုပွဲမှ ဖိတ်ခေါ်ပါသည်                  ----------------------------------------------------  ကဲ..မိတ်ဆွေတို့ရေ ကျနော်တို့ရဲ့ ရင်ထဲက စိတ်သဘောထားလေးတွေကို အကောင်ထည်ဖေါ် လိုက်ကြရအောင်ဗျာ .......... ။  ကျနော်တို့ လုပ်ဆောင်ချက်သည် ကျနော်တို့ တိုင်းပြည်အတွက် ဖြစ်သည် .... ။  ကျနောတို့ ကြွေးကြော်သံသည် ကျနော်တို့ လူမျိုးဘာသာ အတွက် ဖြစ်သည် .... ။  ကျနော်တို့ရဲ့ တစ်နေ့တာ အချိန်ပေးမှုသည် ကျနော်တို့ နိုင်ငံနဲ့ အမျိုးဘာသာ နှစ်ပေါင်းများစွာ တည်တံ့ရေး အတွက် အထောက်အကူဖြစ်သည် ... ။  လက်တွဲ ခိုင်မြဲ ဆုံဆည်းကြပါစို့ မိတ်ဆွေတို့ရေ  ကျနော်တို့တွေ့ဆုံမှုသည် မြန်မာနိုင်ငံတော်၏ အင်အားကို ပြသခြင်း ဖြစ်ကြောင်း အသိပေး နှိုးဆော်လိုက်ရပါသည် ။                        ထက်နေခ
 
 
 
 
 
 
 
 
 
 
 
ကဲ..မိတ်ဆွေတို့ရေ ကျနော်တို့ရဲ့ ရင်ထဲက စိတ်သဘောထားလေးတွေကို အကောင်ထည်ဖေါ် လိုက်ကြရအောင်ဗျာ .......... ။ 
 
 ကျနော်တို့ လုပ်ဆောင်ချက်သည် ကျနော်တို့ တိုင်းပြည်အတွက် ဖြစ်သည် .... ။ ကျနော်တို့ ကြွေးကြော်သံသည် ကျနော်တို့ လူမျိုးဘာသာ အတွက် ဖြစ်သည် .... ။
 ကျနော်တို့ရဲ့ တစ်နေ့တာ အချိန်ပေးမှုသည် ကျနော်တို့ နိုင်ငံနဲ့ အမျိုးဘာသာ နှစ်ပေါင်းများစွာ တည်တံ့ရေး အတွက် အထောက်အကူဖြစ်သည် ... ။  
လက်တွဲ ခိုင်မြဲ ဆုံဆည်းကြပါ စို့ မိတ်ဆွေတို့ရေ 
ကျနော်တို့တွေ့ဆုံမှုသည် မြန်မာနိုင်ငံတော် ၏ အင်အားကို ပြသခြင်း ဖြစ်ကြောင်း အသိပေး နှိုးဆော်လိုက်ရပါသည် ။ 
 
 ထက်နေခ
From...အမျိုးသားလုံခြုံမှု ကာကွယ်ရေး
 
 

သမ္မတ ကို ပေါ်တင် လှော်ဘီ လုပ်သည်


သမ္မတ ကို ပေါ်တင် လှော်ဘီ လုပ်သည်.......။  သမ္မတကြီး ဦးသိန်းစိန်ဟာ ဧရာဝတီတိုင်းသား ရိုးသား ကြိုးစားတဲ့ ခေါ်င်းဆောင်ကောင်း တစ်ယောက်ပါ..။ စစ်အစိုးရကနေ အနှစ် ၅၀ မှ တစ်ခါ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ...။ရိုးသားသူ ၊ မျိုးချစ်စိတ်ရှိသူ ၊ မာန မရှိသူ ၊ မိမိ အတွက် အတ္တမာန ကင်းရှင်းသူ၊ တစ်ယောက်ပါ..။  ဦးသိန်းစိန်ဟာ တကယ်တော့ အရင် စစ်အစိုးရရဲ့  နောက်ခံ ကြောင့် လူတော် လူကောင်းတစ်ယောက်ဖြစ်ပေသော်ငြားလဲပဲ အတိတ်ရဲ့  မျက်နှာဖုံး အစွတ်ခံထားရသူ တစ်ယောက် ဖြစ်ပါတယ်..။တကယ်တော့ စစ်သားဟာလဲ ပြည်သူ ပါပဲ..။   အတိတ်ကို အတိတ်မှာ ထား ပြီး အနာဂတ်မှာ ကောင်းတာကို ကောင်းတာမြင် ၊ ကောင်းတာ လုပ်တာကို အသိမှတ်ပြုပြီး လက်တွဲကာ လျှောက်လှမ်းကြမယ် ဆိုရင် ဦးသိန်းစိန်သည်လဲ ပြည်သူ့ ဆန္ဒကို ရှေ့ ရှု့ သူ တစ်ဦး ပီပီ ၂၀၁၅ မှာ လျှောက်လှမ်း ကျော်ဖြတ်နိုင်မယ့် သူ တစ်ယောက်ပဲ ဖြစ်ပါတယ်..။  ပြည်သူတွေထဲကို ကြည့်မယ်ဆိုရင် အရင် စစ်အစိုးရလက်ထက်က ၂၅ သိန်းကျော်တန်တဲ့ လက်ကိုင်ဖုန်းတွေ ဟာ ခုဆိုရင်  ဆိုက်ကားသမား ၊ ပဲပြုတ်သည်က အစ ဖုန်းတွေ ကိုင်နိုင်နေပါပြီ...၊ ကျွန်တော်တို့ တွေ သိန်း ၁၅၀ လောက်နဲ့  မှန်လုံကားစီးနိုင်နေကြပါပြီ ။ အရင်က မမက်ဖူးတဲ့ အိမ်မက်တွေ အစစ်အမှန်ဖြစ်လာပါပြီ.။ မြစ်ဆုံစီမံကိန်းကိုလဲ ပြည်သူ ဆန္ဒနဲ့  ရပ်ခိုင်းခဲ့တယ်..။  အရင် စစ်အစိုးရလက်ထက်က ရန်သူ လိုသတ်မှတ်ပြီး  ဖမ်းဆီး ထိမ်းသိမ်းခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတ တစ်ယောက် အမိန့် နဲ့  အကုန်လွှတ်ပေးခဲ့တယ်..။ အရင် စစ်အစိုးရလက်ထက်က အခြေအနေ နဲ့  ဆန့် ကျင့်စွာ ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အပြုသဘောနဲ့  နိုင်ငံရေး စင်မြင့်ပေါ်ကို ကမ်းလှမ်းခဲ့တဲ့ သူ တစ်ဦးပါ..။ ၈၈ က ကျောင်းသားခေါင်းဆောင်တွေ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ခွင့်တွေ ပေးခဲ့သူ တစ်ဦးပါ..။ ပြည်သူတွေ လမ်းတွေပေါ် ဆန္ဒတွေ ဖော်ထုတ်တာကို မြင်စေခဲ့သူ ပါ..။  အနောက်နိုင်ငံတွေက ပိတ်စို့ ခဲ့တဲ့ စီးပွားရေးတွေကို အထိုက်အလျှောက် ပြန်လည်ဖွင့်ပေးခဲ့တဲ့ သူတစ်ဦးပါ..။  ဦးသိန်းစိန် ကောင်းတာ ဘယ်လောက်လုပ်လုပ် အရင် စစ်အစိုးရရဲ့ ချီးထုတ်မှန်သမျှ သူ့ ခမျှ အနံက ထွက်နေလေတော့ အပြစ်ပဲ တင်သမျှခံနေရတာလဲ တကယ်တော့ ရောထွေးမနေပဲ ဘယ်သူ ဟာ ပြသနာရဲ့  အဓိက ဖန်တီးသူဖြစ်တယ်ဆိုတာ ရှင်းအောင် မြင်တတ်ရင် နားလည်လာမှာပါ...။  ဥပမာ အရင်စစ်အစိုးရ ဦးသန်းရွှေလက်ထက်က တရုတ်ကို မြစ်ဆုံ ကိုရောင်းစားတယ်..။ အခု ဦးသိန်းစိန် အစိုးရတက်လာတယ်..စစ်တပ်ကနေ လာတယ် ဆိုပြီး ဦးသိန်းစိန်ပါ အပြစ်မြင် ၊ အပြစ်တင်ခံရတယ်..။  အစွယ်လိုသူ မိဖုရား ၊ ခိုင်းစေသူ မင်းဧကရာဇ် ၊ မြှားပစ်သူ မုဆိုး ...အစရှိသဖြင့် ကျွန်တော်တို့ တွေ ကျေးဇူးပြုပြီး ခွဲအောင်မြင်ကြမယ်ဆိုရင် ဘယ်သူဟာ အဓိက တရားခံလဲ ဆိုတာ မြင်နိုင်ပါတယ်..။  အခု သမ္မတကြီး ဦးသိန်းစိန် ရိုးသားတယ် ၊ အပြောထက် အလုပ်နဲ့  တစ်ခုပြီး တစ်ခု သက်သေပြတယ်..။ ပြည်သူ့ ဆန္ဒကို နားထောင်တယ် ။စစ်အသွင်အပြင်ကနေ ဒီမိုကရက်တစ် တစ်ယောက် အဖြစ် စံပြ အဖြစ်နေပြနေသူ တစ်ဦး ဖြစ်တယ်..။သေချာတာကတော့ ဘယ်သူတက်တက် တိုင်းပြည်အနေနဲ့   ရေနံ နဲ့  မီးဇာထိလိုက်သလို ဟုန်းခနဲ့ ချက်ချင်း မီးထတောက်သလို မပြောင်းလဲ နိုင်တာကိုလဲ အားလုံးက လက်ခံနိုင်ရပါမယ်..။  အရင် စစ်အစိုးရလက်ထက် က အရှုပ်ထုတ်ကို အခုအချိန်မှာ သိကြားမင်းတက်တက် အပြစ်တင်ခံရမှာ မလွဲပါဘူး...။ ယိုပေါက်တွေ ဗလပွ နဲ့  ဆင်ကိုယ်ကို ဆိတ်သရေ ဖုန်းနေသလိုပါပဲ..။  အဲတော့ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေ တစ်ခုမှာ တိုင်းပြည်ပြန်လည် တည်ဆောက်နေတဲ့ အခြေအနေတစ်ခုမှာ စစ်အစိုးရမကောင်းကြောင်းကို အတိတ်မှာ ထားပြီး လက်ရှိ အစိုးရရဲ့ ကောင်းကွက်တွေကို လက်ခံ အားပေးကာ ရိုးသားမှု့ ကိုအခြေခံ ၊ အလုပ်နဲ့  သက်သေပြပြီး ၊ အမြင်မှာပျော့သော်လည်း ၊စိတ်ဓါတ် မာကြောတဲ့ စစ်ရေးအမြင်ရှိပြီး ၊ဒီမိုကရက်တစ် လမ်းကြောင်းကို စံပြအဖြစ် လျှောက်လှမ်းနေတဲ့ သူအတွက် ဆန္ဒမဲ ပေးမယ် ဆိုရင် တိုင်းပြည် မြောင်းထဲ မရောက်နိုင်တဲ့ လူတစ်ယောက်လို့  မြင်မိပါတယ်...။  ဒီမိုကရေစီ ကို တစ်ဆင့်ချင်း မတူတဲ့ အမြင်တွေ ကို အသာထားပြီး တူညီတဲ့ အမြင်တွေ နဲ့  ရှေ့ ကို တစ်ဆင့်ချင်း အရောက်လှမ်းနိုင်မယ့် သူအဖြစ် ယုံကြည်ကြပါလျှင် ဦးသိန်းစိန်ကို မဲပေးကြ ပါလို့ တိုက်တွန်းပါရစေ..။  ရိုးသား ၊ ကြိုးစား ၊ ဧရာဝတီသားလို့  တင်စားလိုက်ပါရစေ...။  အားလုံးကို လေးစားလျှက် ဘစည်(စင်ကာပူ) 28.1.2014


 သမ္မတကြီး ဦးသိန်းစိန်ဟာ ဧရာဝတီတိုင်းသား ရိုးသား ကြိုးစားတဲ့ ခေါ်င်းဆောင်ကောင်း တစ်ယောက်ပါ..။ စစ်အစိုးရကနေ အနှစ် ၅၀ မှ တစ်ခါ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါ...။

ရိုးသားသူ ၊ မျိုးချစ်စိတ်ရှိသူ ၊ မာန မရှိသူ ၊ မိမိ အတွက် အတ္တမာန ကင်းရှင်းသူ၊ တစ်ယောက်ပါ..။ ဦးသိန်းစိန် ဟာ တကယ်တော့ အရင် စစ်အစိုးရရဲ့  နောက်ခံ ကြောင့် လူတော် လူကောင်း တစ်ယောက် ဖြစ် ပေ သော်ငြား လဲပဲ အတိတ်ရဲ့  မျက်နှာဖုံး အစွတ်ခံထားရသူ တစ်ယောက် ဖြစ်ပါတယ်..။တကယ်တော့ စစ်သား ဟာလဲ ပြည်သူ ပါပဲ..။ 


အတိတ်ကို အတိတ်မှာ ထား ပြီး အနာဂတ်မှာ ကောင်းတာကို ကောင်းတာမြင် ၊ ကောင်းတာ လုပ်တာကို အသိမှတ်ပြုပြီး လက်တွဲကာ လျှောက်လှမ်းကြမယ် ဆိုရင် ဦးသိန်းစိန်သည်လဲ ပြည်သူ့ ဆန္ဒကို ရှေ့ ရှု့ သူ တစ်ဦး ပီပီ ၂၀၁၅ မှာ လျှောက်လှမ်း ကျော်ဖြတ်နိုင်မယ့် သူ တစ်ယောက်ပဲ ဖြစ်ပါတယ်..။ ပြည်သူတွေထဲကို ကြည့်မယ်ဆိုရင် အရင် စစ်အစိုးရလက်ထက်က ၂၅ သိန်းကျော်တန်တဲ့ လက်ကိုင်ဖုန်းတွေ ဟာ ခုဆိုရင် ဆိုက်ကားသမား ၊ ပဲပြုတ်သည်က အစ ဖုန်းတွေ ကိုင်နိုင်နေပါပြီ...၊ 

ကျွန်တော်တို့ တွေ သိန်း ၁၅၀ လောက်နဲ့  မှန်လုံကား စီးနိုင်နေကြပါပြီ ။ အရင်က မမက်ဖူးတဲ့ အိမ်မက်တွေ အစစ်အမှန်ဖြစ်လာပါပြီ.။ မြစ်ဆုံစီမံကိန်းကိုလဲ ပြည်သူ ဆန္ဒနဲ့  ရပ်ခိုင်းခဲ့တယ်..။ အရင် စစ်အစိုးရလက် ထက် က ရန်သူ လိုသတ်မှတ်ပြီး ဖမ်းဆီး ထိမ်းသိမ်းခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတ တစ်ယောက်  အမိန့်  နဲ့  အကုန်လွှတ်ပေးခဲ့တယ်..။ 

အရင် စစ်အစိုးရ လက်ထက်က အခြေအနေ နဲ့  ဆန့် ကျင့်စွာ ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အပြုသဘော နဲ့  နိုင်ငံရေး စင်မြင့်ပေါ်ကို ကမ်းလှမ်းခဲ့တဲ့ သူ တစ်ဦးပါ..။ ၈၈ က ကျောင်းသားခေါင်းဆောင်တွေ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ခွင့်တွေ ပေးခဲ့သူ တစ်ဦးပါ..။

 ပြည်သူတွေ လမ်းတွေပေါ် ဆန္ဒတွေ ဖော်ထုတ်တာကို မြင်စေခဲ့သူ ပါ..။ အနောက်နိုင်ငံတွေက ပိတ်ဆို့ ခဲ့တဲ့ စီးပွားရေးတွေကို အထိုက်အလျှောက် ပြန်လည်ဖွင့်ပေးခဲ့တဲ့ သူတစ်ဦးပါ..။ ဦးသိန်းစိန် ကောင်းတာ ဘယ်လောက်လုပ်လုပ် အရင် စစ်အစိုးရရဲ့  ချီးထုတ် မှန်သမျှ သူ့ ခမျှာ အနံ့က ထွက်နေလေတော့ အပြစ်ပဲ တင်သမျှခံနေ ရတာလဲ တကယ်တော့ ရောထွေးမနေပဲ ဘယ်သူ ဟာ ပြသနာရဲ့  အဓိက ဖန်တီးသူဖြစ်တယ် ဆိုတာ ရှင်းအောင် မြင်တတ်ရင် နားလည်လာမှာပါ...။ 

 ဥပမာ အရင်စစ်အစိုးရ ဦးသန်းရွှေလက်ထက်က တရုတ်ကို မြစ်ဆုံ ကိုရောင်းစားတယ်..။ အခု ဦးသိန်းစိန် အစိုးရ တက်လာတယ်..စစ်တပ်ကနေ လာတယ် ဆိုပြီး ဦးသိန်းစိန်ပါ အပြစ်မြင် ၊ အပြစ်တင်ခံရတယ်..။ အစွယ်လိုသူ မိဖုရား ၊ ခိုင်းစေသူ မင်းဧကရာဇ် ၊ မြှားပစ်သူ မုဆိုး ...အစရှိသဖြင့် ကျွန်တော် တို့ တွေ  ကျေးဇူးပြုပြီး ခွဲခြားပြီး မြင်ကြမယ်ဆိုရင် ဘယ်သူဟာ အဓိက တရားခံလဲ ဆိုတာ မြင်နိုင်ပါတယ်..။ 

အခု သမ္မတကြီး ဦးသိန်းစိန် ရိုးသားတယ် ၊ အပြောထက် အလုပ်နဲ့  တစ်ခုပြီး တစ်ခု သက်သေပြတယ်.. ။ ပြည်သူ့ ဆန္ဒကို နားထောင်တယ် ။ စစ်အသွင် အပြင်ကနေ ဒီမိုကရက်တစ် တစ်ယောက် အဖြစ် စံပြ အဖြစ်နေပြနေသူ တစ်ဦး ဖြစ်တယ်..။  သေချာတာကတော့ ဘယ်သူတက်တက် တိုင်းပြည် အနေ နဲ့  ရေနံ နဲ့  မီးဇာ ထိလိုက်သလို ဟုန်းခနဲ့  ချက်ချင်း မီးထတောက်သလို မပြောင်းလဲ နိုင်တာကိုလဲ အားလုံးက လက်ခံနိုင်ရပါမယ်..။

 အရင် စစ်အစိုးရလက်ထက် က အရှုပ်ထုတ် ကို အခုအချိန်မှာ သိကြားမင်း တက်တက် အပြစ်တင်ခံရမှာ မလွဲပါဘူး...။ ယိုပေါက်တွေ ဗလပွ နဲ့  ဆင်ကိုယ်ကို ဆိတ်သရေ ဖုန်းနေသလိုပါပဲ..။ အဲတော့ ယိုယွင်း ပျက်စီးနေတဲ့ အခြေအနေ တစ်ခုမှာ တိုင်းပြည်ပြန်လည် တည်ဆောက်နေတဲ့ အခြေအနေတစ်ခုမှာ စစ်အစိုးရ မကောင်းကြောင်းကို အတိတ်မှာ ထားပြီး လက်ရှိ အစိုးရရဲ့ ကောင်းကွက်တွေကို လက်ခံ အားပေးကာ ရိုးသားမှု့ ကိုအခြေခံ ၊ အလုပ်နဲ့  သက်သေပြပြီး ၊ အမြင်မှာပျော့သော်လည်း ၊စိတ်ဓါတ် မာကြောတဲ့ စစ်ရေးအမြင်ရှိပြီး ၊ဒီမိုကရက်တစ် လမ်းကြောင်းကို စံပြအဖြစ် လျှောက်လှမ်းနေတဲ့ သူအတွက် ဆန္ဒမဲ ပေးမယ် ဆိုရင် တိုင်းပြည် မြောင်းထဲ မရောက်နိုင်တဲ့ လူတစ်ယောက်လို့  မြင်မိပါတယ်...။

 ဒီမိုကရေစီ ကို တစ်ဆင့်ချင်း မတူတဲ့ အမြင်တွေ ကို အသာထားပြီး တူညီတဲ့ အမြင်တွေ နဲ့  ရှေ့ ကို တစ်ဆင့်ချင်း   အရောက်လှမ်းနိုင်မယ့် သူအဖြစ် ယုံကြည်ကြပါလျှင် ဦးသိန်းစိန်ကို မဲပေးကြ ပါလို့ တိုက်တွန်း ပါရစေ..။ ရိုးသား ၊ ကြိုးစား ၊ ဧရာဝတီသားလို့  တင်စားလိုက်ပါရစေ...။

 အားလုံးကို လေးစားလျှက်...............
 From...ဘစည်(စင်ကာပူ) 28.1.2014