Tuesday, October 14, 2014

လေ့လာ သင်ယူ မှု အားကောင်း သူတို့ ရဲ့ လက္ခဏာ များ


touch 


















လေ့လာ သင်ယူ မှု အားကောင်းသူ များ ဟာ အောက်ပါ ဓလေ့ စရိုက် များ ရှိတတ် ပါတယ် ။
၁) မသိတာ ကို မသိဘူး လို့ ပွင့်ပွင့် လင်းလင်း ဝန်ခံ ပြောဆို ရဲသူ။

၂) လေ့လာ သင်ယူတာ ကို စာသင်ခန်းထဲမှ၊ သူ့အချိန်နဲ့ သူမှ မဟုတ်ပဲ လုပ်ရင်း ကိုင်ရင်းနဲ့ လဲ လေ့လာနေတတ်သူ။

၃) မေးခွန်း တိုင်းမှာ အဖြေ ရှိလိမ့်မယ် လို့ ထင်ရင် မှားပါလိမ့်မယ်။ အချို့မေးခွန်းများ မှာ အဖြေ မရှိနိုင် မှန်း သိတာကြောင့် အချိန် မဖြုန်းဖို့ နားလည် တတ်သူ။



၎) မိမိ ရဲ့ စိတ်ကူး စိတ်သန်းဖြင့် ပြန်လည် တွေးမြင် တတ်သူ။

၅) မသိ နားမလည် သူနှင့် ကလေးငယ် များ ကိုပင် အရှင်းဆုံး နားလည် သွားအောင် ပြန်လည် ရှင်းပြ နိုင်သူ။

၆) လေ့လာ ထားသမျှ ကို ဝါကျ တစ်ကြောင်း၊ စာတစ်ကြောင်း တည်းဖြင့် လည်း ပြန် လည် ပြောပြ နိုင်သူ။


အောင်ခမ်း
From...yoyarlay



No comments:

Post a Comment