Saturday, October 31, 2015

သုဂတိဘုံ သို့ ဘဝ ကူးနည်း . ... .သေနည်း

OneOne Kaw's photo.


မည်သူ မဆို တစ်နေ့ မုချ သေရမည် ။ နေတတ်ဖို့ လိုသလို သေတတ်ဖို့ လည်း အရေးကြီးပေသည် ။
သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီး စိတ်ထား မတတ် လို့ ဘဝကူး မကောင်းသူတွေ များလှ၏ ။ သေပုံ သေနည်း မတတ် လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ ငရဲ ကျသူတွေ အများ အပြား ရှိ၏ ။


မည်သူ မဆို သတ္တဝါ တို့ မည်သည် ရေနစ် တဲ့ သူဟာ အားကိုး တကြီး တွေ့ ရာဆွဲယူ တတ်သလို သေခါ နီး တဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။ မခွဲနိုင် မခွာ ရက် တပ်မက် စွဲလမ်းနေတတ်ကြ သည် ။ သံယောဇဉ် တွေ ကို ကြိုတင် ဖြတ်ထားဖို့ လိုသည် ။ 

ခင်ပွန်း၊ ဇနီး ၊ သမီး ၊ သား ၊ ဆွေမျိုး ညာတကာ ဆိုသည် မှာ ဒီ ဘဝ တွင် ခဏ လာပြီး ဆုံဆည်း ကြ ခြင်း ဖြစ် သည် ။ ကံ စီမံရာ အတိုင်း သူ့ လမ်းသူ သွားကြမှာ ဖြစ်သည် ။ တိုက်တာ ၊ အိမ်ရာ ၊ စည်းစိမ် ဆောင် အရောင်တွေ ၊ ရာထူး တွေ လည်း သေလျှင် ဘာမျှ ပါသွားမှာ မဟုတ်ဘူး ။ တွယ်တာဖို့ မလိုဘူး ။ စိတ်ကို ရှင်းရှင်းထား အားလုံး သံယောဇဉ် ဖြတ်ထား ရမည် ။

သေခါ နီးမှာ ကပ်ပြီး ပြုတဲ့ ကောင်း မှု ကံ သည် သေပြီး နောက် တစ်ဘဝ အတွက် အကျိုးပေး သဖြင့် ဘဝ ကူး အတွက် အလွန် အရေးကြီး သည် ။ သေခါ နီး ကာလ ဆိုတာ ကိုယ် အား နှုတ် အား တွေ လျော့ ပါး နေတဲ့ အတွက် ကာယကံ မှု ၊ ဝစီကံ မှု ထက် မနောကံ ကိုသာ အများဆုံး လုပ်နိုင်ခွင့် ရှိတော့ သည်ကို သတိ ပြုရ မည် ။ 



Sunday, October 25, 2015

အဘိဓမ္မာ ဆိုတာ ဘာလဲ


နှလုံးသားထဲက ဗုဒ္ဓအဆုံးအမများ's photo.
အဘိဓမ္မာ ဆိုတာ ဘာလဲ ဆိုရင် The nature of our life ပဲ။  ဘ၀ ရဲ့ သဘာဝ ကို အသေးစိတ် ပြောထားတာ ကို အဘိဓမ္မာ ခေါ်ပါတယ်။

အင်ဂျင်နီယာ သင်တဲ့ ကျောင်းသားတွေ ကွာ။ မော်တော်ကား တစ်စင်း ကို ဘယ်လို တည်ဆောက်ထား သလဲ ။ မော်တော်ကား တစင်းထဲ မှာ ပစ္စည်း အရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက် ပါဝင်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လိုပေါင်းစပ်တယ်။ 

ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို စနစ် တကျ မော်တော်ကား တစင်း တည်ဆောက်ထား သလို၊ ရေဒီယို တလုံး တည်ဆောက် ထားသ လို ဟော ဒီ  Body structure (ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။

ဒီတော့ ဒီ တခုကို ဘာတွေ နဲ့၊ ဘာတွေ နဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လို များ အချိုး ညီညီ တည်ဆောက် ထား သလဲ ဆိုတာ အဲဒီ အတတ်ပညာ ဟာ ဘာလဲ ဆိုရင် အဘိဓမ္မာ။ သုံးလုံးတည်းပဲ။ ဘာတွေလဲ ဆိုရင် .............

စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ်။

ဘာတွေလဲ
စိတ်, စေတသိက်, ရုပ်ပါဘုရား။


စိတ်-၈၉-ပါးရှိတယ်။
 စေတသိပ် ၅၂-ပါးရှိတယ်။ 
ရုပ် ၂၈-ပါးရှိတယ်။ 

လူဆိုလို့ ရှိရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ ဘယ်လို ၊ ဘယ်လို တည်ဆောက်၊
 ခွေး၊ ၀က်၊ ကြက်၊ ငှက် တိရစ္ဆာန် ဆိုရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ တည်ဆောက်၊ 
နတ်ဗြဟ္မာ ဆိုရင် ဘယ်လို၊ 
ရဟန္တာ ဆိုရင် ဘယ်လို၊ 

အဲဒီလို ပုဂ္ဂိုလ် အမျိုးအစားတွေ ကို လိုက်ပြီးတော့၊ ဘ၀ အမျိုးမျိုးတွေ ကို လိုက်ပြီးတော့ စိတ် အမျိုး အစားတွေ ကို၊ စေတသိက် အမျိုးအစားတွေ ကို၊ ရုပ် အမျိုးအစားတွေ ကို သူ့ဟာနဲ့ သူ စနစ်တကျ၊ အချိုးကျ၊ ပေါင်းစပ် တည်ဆောက်ပုံ ကို ဖော်ပြတာဟာ အဘိဓမ္မာ။

The nature of mentality and materiality ရုပ် နာမ် တို့၏ သဘာဝ၊ အဲဒါဟာ ဘာခေါ်လဲ၊ အဘိဓမ္မာ။ 
အဘိဓမ္မာ ခုနစ်ကျမ်း ဆိုတဲ့ စာအုပ် ကို လှမ်း မကြည့်နဲ့၊ လှမ်း မကြည့်နဲ့၊ မင်းတို့တွေ အဘိဓမ္မာ ခုနစ်ကျမ်း ကို လှမ်းကြည့်ရင် အကုန်လုံး လန့်သွားမှာ၊ စာအုပ်က နည်းတာမှ မဟုတ်ဘဲ။ ဖတ်လဲ ဘာမှ နားမလည်ဘူး။ 

Saturday, October 17, 2015

မငိုကြသူများ

 နှလုံးသားထဲက ဗုဒ္ဓအဆုံးအမများ's photo.


 ■ ဘုရားရှင်ဟာ သားသေတဲ့ သူကြွယ် ရဲ့ အိမ် ကို ကြွပါတယ်။ ဘုရားရှင် ကို ရှိခိုးပြီး ထိုင်နေတဲ့ အဲဒီ သူကြွယ် ကို ``အို သူကြွယ်၊ ဘာလို့ ၀မ်းနည်းနေသလဲ`` လို့ မေးပါတယ်။ 

`` မြတ်စွာဘုရား၊ တပည့်တော် သား သေတဲ့ အချိန်ကစပြီး ၀မ်းနည်းနေပါတယ်``လို့ လျှောက်တော့ အို သူကြွယ်၊ ကွဲတတ်တဲ့ သဘော ရှိတဲ့ အရာဆိုတာ ကွဲ တာပဲ။ 

ပျက်တတ် တဲ့ သဘော ရှိတဲ့ အရာဆိုတာ ပျက် တာပဲ။ အဲဒီ ကွဲပျက် တာဟာလည်း တစ်အိမ်တည်း မှာသာ မဟုတ်၊ တစ်ရွာတည်း မှာသာ မဟုတ်၊ တကယ်တော့ အတိုင်း အတာ မရှိတဲ့ စကြ၀ဠာတွေ မှာ ဘ၀သုံးပါး မှာ မသေသူ ဆိုတာ မရှိ၊ မပျက် ဘဲ မြဲတည်နိုင်တဲ့ သင်္ခါရ တရား တစ်ခုလေးတောင် မရှိ၊ သတ္တ၀ါမှန် သမျှ သေကြရတယ်။ 

သင်္ခါရ မှန်သမျှ ပျက်ကြရတယ်။ ရှေး ပညာရှိတွေ ဟာလည်း သားသေတဲ့ အခါ ``သေတတ်တာ သေတယ်၊ ပျက်တတ် တာ ပျက်တယ်``လို့ တွေးကာ ၀မ်းမနည်းခဲ့ကြဘူး လို့ မိန့်တော်မူပါတယ်။
ပြီးတော့ အတိတ် ဇာတ်ကြောင်းကို ဆောင်တော်မူပါတယ်။


■ ဗာရာဏသီပြည် မှာ ဗြဟ္မဒတ် မင်း မင်းပြုတဲ့ အခါ ဘုရားလောင်း ဟာ ဗာရာဏသီမြို့တံခါး အနီးရှိ ရွာလေး တစ်ရွာ က ပုဏ္ဏားအိမ် မှာ ဖြစ်ကာ ဥစ္စာနှစ် ကို ဖြစ်စေပြီး လယ်ယာ အလုပ်နဲ့ အသက်မွေး ၀မ်းကျောင်းပြုလုပ်ပါတယ်။ 


လက်ဖက်ခြောက် ခပ်ထားသည့် ရေနွေးကြမ်း သည် ဆေးတစ်ခွက် ဖြစ်သည်

ဗဟု သုတ's photo.



 မြန်မာ့ရိုးရာ ဓလေ့ထုံးစံ အရ နေ့စဉ် သောက်သုံးနေသော လက်ဖက်ခြောက် ခပ်ထား သည့် ရေနွေးကြမ်း သည် ဆေး တစ်ခွက် ဖြစ်သည် ဟု ဆိုလျှင် မှားမည် မထင်ပေ။ 

ယနေ့ သုတေသန ပြုလုပ်မှု အရ လေဖြတ်မှု အန္တရာယ် ကို ကာကွယ်ရန် အတွက် နေ့စဉ် ရေနွေးကြမ်း အနည်း ဆုံး လေးခွက် သောက်သုံး သင့်ကြောင်း တွေ့ရှိခဲ့သည်။

 နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသူ သည် ရေနွေးကြမ်း လုံးဝ မသောက်သော သူ များ ထက် လေဖြတ်မှု အန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်း သည်ကို လေ့လာ တွေ့ရှိရသည်။ 

သို့သော် ရေနွေးကြမ်း လေးခွက်ထက် လျော့နည်းစွာ သောက်သော သူများတွင် ထိထိရောက်ရောက် အကျိုး မရှိကြောင်း တွေ့ရသည်။ နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သော သူများသည် ဦးနှောက် အတွင်း သွေးခဲနိုင်မှု ၂၁ ရာခိုင် နှုန်း လျော့နည်းကာ လေဖြတ်မှု အန္တရာယ် လျော့ပါးမှုနှင့် ဆက်စပ် နေသည် ကို သုတေသန ပြုလုပ် ရှာဖွေ တွေ့ ရှိ ခဲ့ကြသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့ရှိ ကာရို လင်စကာ တက္ကသိုလ် မှ သိပ္ပံ ပညာရှင်များ က အမျိုးသား၊ အမျိုးသမီး ၇၅ဝဝဝ ခန့် ကို လေ့လာခဲ့ရာမှ အဆိုပါ တွေ့ရှိ ချက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။


Wednesday, October 7, 2015

ဒဏ္ဍာ၇ီ { Ko Kyaw Gyi } Cover

*** ချစ်သူ့ နှုတ်ခမ်း လွမ်း၍ နမ်းသော် 
         နမ်း၇ာမထင် လွမ်း၇ာထင်လို့ 
           ၇င်မှာညိပြီ " ဒဏ္ဍာ၇ီ "

{ မောင်စိန်ဝင်း ပုတီးကုန်း }




Tuesday, October 6, 2015

မွေးနေ့..မွေးရက်များ နဲ့ သူရဲ့ ဂုဏ်သတ္တိ များ.

 ငွေတာရီ's photo.


 တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...
Do You Believe in Numerology?



နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..ခေါင်းမာတယ်. ရိုးသား တယ်.. တဖက်သားကို မနာလို ၀န်တိုတတ်တယ်..ကြင်နာတတ်တယ်..ဒေါသလွယ်တယ်..

 ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူ တယောက်ဖြစ်ချင်တယ်.. လူတွေ အားလုံး ရဲ့ အထက်မှာပဲ နေချင်တယ်.. တစ်ခါ တစ်ရံ မှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတပါးရဲ့ အုပ်ချုပ်မှုကို မခံချင် ဘူး. မိမိကိုယ် ကို ယုံကြည်တတ် တဲ့ လူစားမျိုးဖြစ်တယ်..

ငယ်ငယ်ရွှယ်ရွှယ် နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့ အရွယ်ရောက်မှ ပဲ လက်ထပ် ဖြစ်ကြတာ များပါတယ်..