Monday, May 30, 2016
မီး - ရေ - လေကြောင့် ကမ္ဘာပျက်ပုံ
ဓမ္မရေချမ်းစင်'s photo.
ကမ္ဘာပျက်တဲ့ အခါမှာ မီးကြောင့် ပျက် တာလည်း ရှိတယ်၊ ရေကြောင့် ပျက် တာလည်း ရှိတယ်၊
လေကြောင့် ပျက် တာလည်း ရှိတယ်။ မီးကြောင့် (၇) ကြိမ်တိုင်တိုင် ပျက်ပြီးတဲ့ အခါ (၈) ကြိမ်မြောက်တိုင်း (၈) ကြိမ်မြောက်တိုင်းမှာ ရေကြောင့် ကမ္ဘာကြီး ပျက်ရပြန်တယ်။
ဒီနည်း အတိုင်း မီးကြောင့် (၇)ကြိမ် ရေကြောင့် (၁) ကြိမ်, မီးကြောင့် (၇)ကြိမ်, ရေကြောင့် (၁) ကြိမ် - - ဆိုတဲ့ ဓမ္မတာ အတိုင်း ကမ္ဘာကြီး ပျက်လာ လိုက်တာ (၆၄) ကြိမ်ပြည့်တဲ့ အခါ လေကြောင့် တစ်ခါ ကမ္ဘာကြီး ပျက် ရပြန်တယ်။
ဒါကြောင့် ဒီ ကမ္ဘာကြီး ဟာ မီးကြောင့် ပျက်တဲ့ အခါလည်း ပျက်တယ်၊ ရေကြောင့် ပျက်တဲ့ အခါလည်း ပျက် တယ်၊ လေကြောင့် ပျက်တဲ့ အခါလည်း ပျက်တယ်။
မီးကြောင့် ပျက်တဲ့ အခါ ကာမ (၁၁) ဘုံ နှင့် ရူပါဝစရဗြဟ္မာ့ပြည် ထဲက ပထမဈာန်သုံးဘုံ အထိ အကုန်လုံး ပျက်တယ်။
 ရေကြောင့် ပျက်တဲ့ အခါ ကာမ (၁၁) ဘုံနှင့် ရူပါဝစရဗြဟ္မာ့ပြည် ထဲက ဒုတိယဈာန် သုံးဘုံ အထိ အကုန်လုံး ပျက်တယ်။
လေကြောင့် ပျက်တဲ့ အခါ ကာမ (၁၁) ဘုံနှင့် ရူပါဝစရဗြဟ္မာ့ပြည်ထဲက ဝေဟပ္ဖိုလ် ဘုံအောက်
တတိယဈာန် သုံးဘုံ အထိ အကုန်လုံး ပျက်တယ်။
အဲဒီလို ကမ္ဘာကြီး ပျက်နေတာလည်း အန္တရ ကပ်ပေါင်း (၆၄) ကြိမ်လောက်ပဲ အချိန်ကာလ
ကြာညောင်း ပါတယ်၊ 
သံဝဋ္ဋကပ် = ပျက်ဆဲကပ် လို့ ခေါ်ဆိုပါတယ်၊ ပရမာအဏုမြူ   ခန့် အမှုန် ကလေးတွေတောင် မကျန်ရအောင် အားလုံး ပျက်သွားတယ်။ ပျက်သွားပြီးတဲ့ အခါ ဘာမျှ မရှိဘဲ လဟာပြင် အတိုင်း တည်နေတာလည်း အန္တရ ကပ်ပေါင်း (၆၄) ကြိမ်လောက်ပဲ အချိန်ကာလ ကြာညောင်းပါ တယ် ။ သံဝဋ္ဋဌာယီကပ် လို့ ခေါ်ဆိုပါတယ်၊ အပျက် အတိုင်း တည်နေတဲ့ ကပ်ပဲ။
တစ်ခါ ကမ္ဘာပြုမိုး ရွာတဲ့ အချိန်အခါ က စပြီး နေ, လ, နက္ခတ် တာရာတွေ ထွက်လာတဲ့ အချိန်အထိ ကမ္ဘာကြီး တည်လာ တာလည်း အန္တရ ကပ်ပေါင်း (၆၄) ကြိမ်လောက်ပဲ အချိန်ကာလ ကြာညောင်းပါတယ်၊ ၀ိဝဋ္ဋကပ်လို့ ခေါ်တယ်၊ ကမ္ဘာတည်နေဆဲ ကပ်ပဲ။
 နေ, လ, နက္ခတ် တာရာတွေ ထွက်တဲ့ အချိန် အခါက စပြီး ကမ္ဘာကြီး ပျက်တဲ့ အချိန် အထိ ကမ္ဘာကြီး တည်နေ တာလည်း အန္တရ ကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ ကြာညောင်းပါတယ်၊ ၀ိဝဋ္ဋဌာယီကပ် လို့ ခေါ်ဆို ပါတယ်၊ တည်ပြီး အတိုင်း ဆက်လက် တည်ရှိနေတဲ့ ကပ်ပဲ။ 
အလှမွေးငါး မွေးရင် စိတ်ဖိစီးမှုလျော့စေတယ် စိတ်ပျော်ရွှင်စေတယ် မွေးကြမလား
ကမ္ဘာ့ အလှမွေးငါးများ၊ ငါးစာများ၊ ငါး အတွက်ဆေးဝါးများ၊ ငါးကန်သုံး ပစ္စည်းများ အပါအ၀င် အလှမွေးငါး စီးပွားရေး လုပ်ငန်း တစ်ခုလုံးဟာ တစ်နှစ် ကို အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် နဲ့ လည်ပတ်နေတဲ့ လုပ်ငန်းကြီး တစ်ခုဖြစ်ပါတယ်။ 
အလှမွေးငါး အတွက် လည်ပတ်နေတဲ့ ငွေးကြေး ပမာဏရဲ့ ၆၀ ရာခိုင်နှုန်း ကတော့ အာရှနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုဖြစ်ပါတယ်။ အရှေ့တောင် အာရှ ဒေသမှာ ဆိုရင်တော့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလပိုင် နဲ့ ထိုင်းနိုင်ငံ တို့ဟာ အလှမွေးငါး မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။
ငါးများကို အိမ် ရဲ့အလှအပ အဆင်တန်ဆာ အဖြစ် စတင်မွေးမြူခဲ့တဲ့ သူတွေကတော့ တရုတ်လူမျိုးတွေ ပဲဖြစ် ပါတယ်။ ၁၉၃၀ ခုနှစ် က စပြီးတော့ ဥရောပ နဲ့ အမေရိက မှာ စတင် စိတ်ဝင်စားလာခဲ့တာပါ။ စတင်မွေးမြူ တဲ့ ငါးတွေ ကတော့ တောင်အမေရိကတိုက်၊ အမေဇုံမြစ်ဝှမ်းမှာ ရှိတဲ့ ခရာဇင်း အမျိုးအနွယ် ငါးလေးတွေဖြစ် ပြီးတော့ အရှေ့တောင်အာရှမှာ ဆိုရင်တော့ ထိုင်း တိုက်ငါး၊ ပါရာ တိုက်ငါး များပဲဖြစ်ပါတယ်။
 ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းကိုရောက်ရှိနေတဲ့ အချိန်မှာတော့ အလှမွေး ငါးလုပ်ငန်းဟာ အမှောင်ကျခဲ့ရ ပါ တယ်။ စစ်ကြီး အပြီးမှာတော့ ငါး အလှမွေးမြူရေးလုပ်ငန်းဟာ တစ်ဟုန်ထိုး တိုးတက်ခဲ့ပါတယ်။
အလှမွေး ငါး မွေးမြူခြင်းကိုတော့ ရှေးခေတ် အီဂျစ်နိုင်ငံသား တို့က ရှေး အကျဆုံးမွေးမြူသူများ အဖြစ် ခေါ် စမတ်ပြု ကြ ပါတယ်။ သူတို့ ရဲ့အုတ်ဂူ သင်္ဂြိုင်းတွေမှာ တွေ့ရှိရတဲ့ ပန်းတော့ ပညာနဲ့ မွမ်းမံထားတဲ့ ငါးပုံ များကို ကြည့်ခြင်း အားဖြင့် ငါး ကို အမြတ်တစ်နိုး တန်ဖိုးထားဟန် ရှိကြပါတယ်။
 ရောမနိုင်ငံသားတို့ ဟာလည်း ရေချိုငါး ကို စားသုံးရန် အတွက် ဒါမှ မဟုတ်ရင် ရေငန်ငါး များကို အလှအပ ထားရန် အတွက် မွေးမြူခဲ့တဲ့ အထောက်အထား များကို အေဒီ ၁၉ ရာစုနှစ်ခန့်က တွေ့ရှိခဲ့ရပါတယ်။ တရုတ်နိုင်ငံ နဲ့ ဂျပန်နိုင်ငံ တို့မှာ တော့ အလှမွေးငါးမွေးမြူခြင်းကို အေဒီ ၉၇၀ လောက်က စတင်ခဲ့တယ်လို့ သိရပါတယ်။ 
၁၇ ရာစု မှာတော့ ဥရောပနိုင်ငံ များကို စတင်ရောက်ရှိ ခဲ့ပြီးတော့ အမေရိကန်ပြည်ထောင်စု ကတော့  ရွှေငါး များကို စတင်မွေးမြူခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော် ရဲ့ တရိစ္ဆာန် ဥယျာဉ်ကြီးထဲမှာတော့ ၁၈၅၃ ခုနှစ်မှာ စတင်ပြီး ပြည်သူလူထု အတွက် ငါးပြတိုက်ဆောက်ပြီး ငါးများကို မွေးမြူပြသခဲ့ပါတယ်။ 
အရှေ့တောင်အာရှနိုင်ငံတွေ ထဲက စင်္ကာပူနိုင်ငံ ကတော့ ကမ္ဘာ့ အလှမွေးငါး စီးပွားရေး လုပ်ငန်းမှာ ထိပ်ဆုံးနေရာ က ရပ်တည်နေတာပဲဖြစ်ပါတယ်။ ကမ္ဘာ့ အလှမွေး ငါးပြပွဲ ပြိုင်ပွဲ ငါး၊ ငါးစာ၊ ဆေး၊ ငါးကန်သုံး ပစ္စည်းများ ပြပွဲ ကိုတော့ စင်္ကာပူနိုင်ငံ မှာ ၁၉၈၉ ခုနှစ်မှာ စပြီးတော့ ၂ နှစ် တစ်ကြိမ် ကျင်းပလာခဲ့ပါတယ်။ 
Sunday, May 29, 2016
မြန်မာနိုင်ငံ မှာ ကိုယ်ပိုင်ဂြိုလ်တု လွှတ်တင်နိုင်ဖို့ ဆိုရင်
စာဖတ်သူ မြန်မာပြည်သူ ပြည်သားများ အားလုံးလဲ မှတ်မိကြဦးမှာပါ ။  မနှစ်က Global Trajectory Optimisition Competition ဆိုတဲ့ အာကာသ ပတ်လမ်း ကို ကုန်ကျမှု အသက်သာဆုံး နဲ့ အထိရောက်ဆုံး တွက်ချက်မှုပြိုင်ပွဲ မှာ  Moscow Avitition Institute မှာ Dotor of Science ကို (၂၀၁၂ မှ-ယနေ့ထိ) ခုနှစ်မှ စ၍ တက်ရောက် သင်ကြားနေတဲ့ မြန်မာ့ တပ်မတော်သား ဗိုလ်မူး မင်းသိန်း နဲ့ အဖွဲ့ဟာ  နိုင်ငံပေါင်း (၄၀) ကျော် ဝင်ရောက် ယှဉ်ရာမှာ  ကမ္ဘာ့အဆင့် (၆) ရရှိခဲ့ပါတယ်။ အဲ့ဒီ အကြောင်းကို ဤနေရာမှာ ဖတ်နိုင်ပါတယ်။
>> https://www.facebook.com/knge1/posts/10208187304581216?pnref=story
မကြာသေးခင်က မှ အကို တစ်ယောက်နဲ့  မြန်မာပြည်မှာ မီးတွေပြတ်နေတာတွေ  ဆက်သွယ်ရေး Internet တွေ အဆင် မပြေတာတွေ ပြောရင်း ပြောမိတာလေး တစ်ခုက ဒီလို ရေအား လျှပ်စစ် အပေါ် အားထား နေရသေးတယ် ဆိုရင်တော့  မီးတွေလည်း မကြာမကြာ ပြတ်နေဦးမှာပဲ။
Nuclear စွမ်းအင် ကနေ လျှပ်စစ် မရမချင်း မြန်မာနိုင်ငံကြီး ကို ည အချိန်ကောင်းကင် က ကြည့်ရင် မှောင်နေ ဦးမှာပဲ။ တစ်ချိန်ထဲ ကိုယ်ပိုင်ဂြိုယ်တု မပိုင်ပဲ ငှားသုံးနေရတော့ ဆက်သွယ်ရေးက အဆင်မပြေ တစ်နိုင်ငံလုံး အနေအထား နဲ့ပြောထားပါ ။
Cyber လုံခြုံမှု ကတော့ လုံးဝပဲ ။နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေး ကာကွယ်ရေးဘက်မှာ ဆိုရင်
ဂြိုလ်တုတွေဘယ်လောက် လိုတယ်ဆိုတာ  ယနေ့ခေတ် လူတိုင်း သတိပြုမိမှာပါ ။
အစစ အရာရာ သူတစ်ပါးကို မှီခိုလာရသည်ကား အချိန်ကြာညောင်းခဲ့ပြီ။  ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အချိန်တန်လေပြီ။  ကိုယ့်လူမျိုး အကြောင်းတွေ တစ်ဘက်နိုင်ငံ က မသိချင်မှ အဆုံး ၊ အများကြီး ပါ ဂြိုလ်တု မပိုင်တဲ့ အကျိုးဆက်တွေ။  ဆက်သွယ်ရေး မကောင်းတဲ့ နိုင်ငံ ကတော့ အများထက် နောက်ကျပြီး ကျန်ခဲ့ဦး မှာပဲ။
အခု အချိန်ထိ mobile broadband services provider  တွေ အခုအချိန်ထိ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။
မြန်မာပြည်ပြန်လာတော့ အင်တာနက် ကြော်ငြာလေးတွေ တွေ့တယ်။ (၁)မိနစ် ဘယ်လောက်နဲ့ပေါ့။ အပြိုင်ကြော်ငြာနေကြသည်။ ကျနော်တို့ဟာ တစ်မိနစ် စာလေးလေးပဲ တွက်တာ။
ထို တစ်နာရီ ကို တစ်မိနစ်စာ နဲ့မြောက်။ တစ်မိနစ်စာ သာ မြင်ကြသည် တစ်ရက် စာ ကြိုမတွက်ကြ။
အင်တာနက် ကို လပေးစနစ် နဲ့ စိတ်ကြိုက် သုံးတွေနဲ့ mobile broadband services provider မလုပ်ပဲ
ဒီလို မိနစ်နဲ့ရောင်းနေသ၍ ကာလပတ်လုံး အချိန်ရှိသ၍  သူတို့အတွက် အချိန်သည်ရွှေ ဆိုသည်မှာ
သူတို့ အတွက် နိယာမပင်။ 
သန်း(၂၀) လောက်က  တစ်မိနစ် (၁) ကျပ်တန် နဲ့ တစ်မိနစ် သုံးလိုက်တိုင်း သူတို့မှာ  တစ်မိနစ် ကို သန်း (၂၀)ဝင်နေပါပြီ။ တစ်ရက် တစ်ရက် နိုင်ငံခြား ကုမ္ပဏီကြီး (၂) ခု ရတဲ့ငွေတွေက  ကြောက် စရာပါလား။
ပြောချင်တာက ကိုယ်ပိုင်ဂြိုလ်တုတွေ ပိုင်သင့်နေပြီ  Nuclear ကနေ မီးအားတွေ ထုတ်သင့်နေပြီ ။ ကျနော် တို့ တစ်တွေ ကိုယ်ကျင့် သီလတွေကောင်းမွန်ပြီး ငါ ငါ့အတွက် ငါ့ မိသားစု ဆိုတာလေးကို
လျော့ပြီး တိုင်းပြည် အတွက် အတူတူ အလုပ် လုပ်ကြရမည် ။
သေခါနီး ဖြစ် တဲ့ စိတ်
Dr Shwe Tun's photo.
အချိန် (၂ )မိနှစ် သာပေးပြီး ဖတ်ပေးပါ။
******************************
သေခါနီး ဖြစ် တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။  လားရာ သုဂတိ ကို ချက်ချင်း အကျိုးပေး နိုင်ပါတယ် ။ ဒီ အကြောင်း တရား ကိုမြတ်စွာ  ဘုရားရှင်က ယခု လိုဟောကြား ခဲ့ပါတယ် ။
 နွား ကျောင်းသား ဟာ နေ၀င် လို့ နွားတွေ ကို ခြံထဲသွင်း တဲ့ အခါမှာ နွားပျို နွားပေါက်စ လေးတွေ က ရှေ့ ဆုံး ကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။ ဒါပေမယ့် မသန် မစွမ်းတော့ တဲ့ .. နွားအိုကြီး တွေကတော့ ဘယ်လောက် ပဲ  ရိုက်နှက် ခြောက်လှန့်သည်ဖြစ်စေ ...ဖြည်းဖြည်း ချင်းပဲ နောက်ဆုံး ကနေ ၀င်ကြတယ်။
 နောက်ဆုံး နွားခြံ ကို ပိတ်လိုက် တဲ့ အချိန် မှာတော့ နွားအိုကြီး တွေကခြံပေါက်ဝ မှာပဲ အိပ်ကြရတယ် ။
ဒါပေမယ့် နောက် တစ်နေ့ နွားတွေကို ခြံထဲက ပြန်ထုတ် တဲ့ အခါမှာ တော့ ခြံဝမှာ အိပ်နေ တဲ့ နွား အို ကြီး တွေ ကပဲ အရင်ထွက် ခွင့်ရပါတယ် ။ နွားပျို  နွားငယ် တွေက တော့ နောက်ဆုံး မှပဲထွက် ကြရပါတယ် ။
အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာ မဲ့ နေတဲ့ အချိန်မှာ ဖြစ် တဲ့ စိတ်ဟာ အရင်ဆုံး အကျိုးပေး ပါတယ်...  လို့ မြတ်စွာ ဘုရား ဟောကြား တော်မူခဲ့ပါတယ် ။
ဝိပဿ        နာအသိ မရှိတဲ့ လူ့ပတ်ဝန်းကျင်မှာ  သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။
ကြည့်လေရာ မြင်လေရာက ကိုယ် တစ်ဘ၀လုံး စွဲခဲ့တဲ့ အရာတွေ ချည်းပါပဲ ။
အိမ်တွေ အသုံး အဆောင် တွေ အ၀တ် အစား တွေ သား သမီး လင်မယားတွေ အိမ်မွေး တိရစ္ဆာန်တွေ ။
ကိုယ့် ပတ်ဝန်းကျင်မှာ ရှိတာတွေ အကုန်လုံးက  ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေ ချည်းပဲ ။
ဒါကြောင့် ...
တစ်ချို့ နားလည် သဘောပေါက် တဲ့ လူတွေ ဟာ သူတော်ကောင်း နေရာ မေတ္တာဓါတ်လွှမ်းခြုံ... တဲ့ နေရာ ဆိတ်ငြိမ် တဲ့ နေရာ တွေမှာ  ကြိုတင် စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။
Tuesday, May 24, 2016
( ELCB ) နှင့် ( RCCB )
Maung MaungMyint's photo.
Earth Leakage Circuit Breaker (ELCB)
Residual Current Circuit Breaker (RCCB)
တစ်ခါက ဆရာဝန် အမျိုးသမီး တစ်ဦးဟာ အိမ်မှာ ရေပူ Instant Water Heater ဖွင့်ချိုးရင်း  မတော်တဆ ဓါတ် လိုက် သေဆုံးခဲ့ ဖူးတယ်။ တစ်ခါက ၅၁ လမ်း မှာ အမျိုးသမီး တစ်ဦး မနက်စောစော ရေ တင် ရင်း ရေ မလာ တဲ့အတွက် မြေညီ လှေကားရင်းက ရေမော်တာ ကို ဆင်းပြီး စစ်ပါတယ်။ ပြန်လာချိန်တိုင်အောင် မတက် လာ လို့ အိမ်သားတွေ ဆင်းကြည့်ရာမှာ ဓါတ်လိုက်ပြီး သေဆုံးနေတာ တွေ့ရပါတယ်။
ရက်ပိုင်းအတွင်းကပဲ စဥ့်ကူးမှာ မောင်နှမလေးယောက်  ပေါက်နေ တဲ့ ဓါတ်ကြိုး က တစ်ဆင့် မတော်တဆ ဓါတ်လိုက် လို့ သေဆုံးကုန်ကြတယ်။ Electrocution လို့ ခေါ်တဲ့ ဓါတ်လိုက်တဲ့ အခါ မီးကြိုး Live wire ထဲက လျှပ်စစ်ဓါတ် ဟာ ကိုယ်က တစ်ဆင့် မြေကြီးထဲ ဖြတ်သန်း စီးဆင်းဝင်ရောက်ပါတယ်။ ဒီ အခါ နှလုံး ကို ဖြတ်ပြီး စီး ပါတယ်။
လူ့ နှလုံးဟာ တစ်မိနစ် ၇၂ ကြိမ် မှန်မှန် ခုန်နေဖို့ SA Node နဲ့ AV Node လို့ခေါ်တဲ့ လျှပ်စစ် ထုတ်ပေး ရာ နေရာလေး ၂ ခု နှလုံးမှာ ရှိပါတယ်။ နှလုံး တစ်ချက်ခုန် ဖို့ လိုတဲ့ လျှပ်စစ်ဓါတ်အား ဟာ မီလီဗို့ mV လောက်လေး လိုရာမှာ 220V ဝင်ရောက်ဖြတ်သန်း သွားတဲ့ အတွက် နှလုံးခုန်ရပ် ဒါမှမဟုတ် Fibrillation လို့ခေါ်တဲ့ တစ်မိနစ် အကြိမ် ၄၀၀ ကျော် နှလုံးခုန်နှုန်းကြောင့် သေဆုံးတာပါ။
ရှေ့ဦးသူနာပြု Cardiopulmonary Resuscitation (CPR) ကို သေသေ ချာချာ တတ်ကျွမ်းသူ တစ်ယောက် အနား မှာ ရှိရင်တော့ ဖြစ်ဖြစ်ချင်း ၇ မိနစ်လောက်မှာ အသက်ပြန်ရှင်အောင် ကယ်တင်နိုင်ပါတယ်။
ဒီလို မတော်တစ်ဆ အဖြစ်မျိုးဟာ အချိန်မရွေး ကိုယ့်မိသားစု ကိုယ့် လုပ်ငန်းခွင်မှာ ကြုံရနိုင်ပါတယ်။
တစ်ကယ်တော့ ဒီလို မတော်တစ်ဆ ဓါတ်လိုက်တာ မဖြစ်အောင်  ခေတ်မီတဲ့ လျှပ်စစ် အကာ အကွယ် ပစ္စည်းတွေ ရှိနေတာကို  သိရမယ်။
ဒါကို တပ်ဆင် အသုံးပြုမယ် ဆိုရင်တော့ ဒီလို မတော်တစ်ဆ လျှပ်စစ်ဓါတ်လိုက် လို့ သေဆုံးရတာကို ကာကွယ်နိုင် ပါတယ်။ အိမ်တွင်း မီးသွယ်တန်းရာမှာ မီတာ ကနေ အိမ် အတွင်းကို Live Wire နဲ့ Neutral Wire ၂ချောင်း ဝင်ပါတယ်။
အိမ်အဝင် Main Breaker ကို များသော အားဖြင်း သာမန် Load Breaker တပ်လေ့ ရှိပါတယ်။ ဒီ Main Breaker ကို Earth Leakage Circuit Breaker (ELCB) ဒါမှ မဟုတ် အခု နောက်ပေါ်တဲ့ Residual Current Circuit Breaker (RCCB) နဲ့ ပြောင်းလဲ တပ်ဆင်ဖို့ လိုပါတယ်။
အများသုံးနေတဲ့ Load Breaker တွေဟာ Load များ လာရင် ဖြုတ်ချပေးနိုင်ပေမယ့် ဓါတ်လိုက်ရင် ဖြတ်ချပေး မယ့် အလုပ် Function မပါပါဘူး။ အခု ELCB နဲ့ RCCB တွေမှာ ဓါတ်လိုက်ရင် လူကို မထိခိုက်အောင် ဖြုတ် ချပေးမယ့် Function ပါပါတယ်။
Sunday, May 22, 2016
မိဘနှင့် သားသမီး ဆက်ဆံရေး
လူငယ် ဘဝတွင် မိဘနှင့် စိတ် အလိုမကျ ပဋိပက္ခလေးတွေဖြစ်တတ်ကြသည်။ မိဘ ကလည်း သားသမီးကို နားလည်မှု မပေး။ ကိုယ်ဖြစ်ချင်သည်ကိုသာ ကြည့်ပြီး အလျှော့ မပေးနိုင်။ သားသမီး ဘက်ကလည်း မှန် သည် ထင်ပြီး ဇွတ်တိုးချင်သောကြောင့် ယုံကြည်မှုနှင့် တန်ဖိုးထားမှုချင်း ပွတ်တိုက် မိကြတော့သည်။
 ဘော့ ဒီလန် ဆို သည့် ပုဂ္ဂိုလ် တစ်ဦးက ပြောသွားသည့် စကား တစ်ခွန်း သတိရမိသည် “ ကိုယ်နား မလည် တာနဲ့ သူတို့ ကို သွားပြီး မဝေဖန်လိုက် နဲ့။ သူတို့ ကိုယ့်စကားကို တစ်သက်လုံး နားထောင်တော့မှာ မဟုတ် ဘူး” ဆိုသည့် စကားတစ်ခွန်းမှာ စဉ်းစား စရာဖြစ်သည်။ 
သူတို့ကို ဦးစွာ နားလည်အောင် ကြိုးစားပြီးမှ ပြဿ      နာ  ကို ကိုင်တွယ်သင့်ကြောင်း ပြော ကြားခဲ့ခြင်းဖြစ် ပါသည်။
မိသားစု ဘဝတွင် အကောင်းမြင် စိတ်ထားများဖြင့် ဆက်ဆံနိုင်မည် ဆိုလျှင် သာယာသော မိသားစု ဘဝ တစ်ခုကို တည်ဆောက်နိုင်ကြပေလိမ့်မည်။ နားလည်မှု ရှိလျှင် အောင်မြင်သည်။ သို့သော် မိသားစု တိုင်း တွင် သားသမီးနှင့် မိဘ တို့သည် နားလည်မှု တည်ဆောက်နိုင်ကြသည်တော့ မဟုတ်ပေ။
မိဘနှင့် သားသမီး ဆက်ဆံရေးတွင် အရေးကြီးသည့် အချက်မှာ................................
-         တစ်ဦးနှင့် တစ်ဦး အပြန် အလှန်လေးစားစိတ်၊ နားလည်မှု၊ ယုံကြည်မှုနှင့် အလေးထားစိတ်များရှိခြင်း
-         မိသားစုနှင့် လက်ပွန်းတတီး အချိန်ပေးခြင်း၊ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုတည်ဆောက်ခြင်း၊ အပျော် အပျက် မိတ်ဆွေ သူငယ်ချင်းကဲ့သို့ နောက်ပြောင်ဆော့ကစားခြင်း၊ လုပ်ဆောင်ချက်များ အောင်မြင်မှုများ ကို အသိအမှတ်ပြု ချီးမြှောက်အားပေးမှုများရှိခြင်း
-         မိဘ အရိပ်တွင် လုံခြုံမှုရှိနေသည် ဟု ထင်မြင်နေခြင်းဖြင့် သံယောဇဉ်ကြိုးကို ခိုင်မာစေခြင်း တို့ဖြစ် သည်။
မိဘနှင့် သားသမီး မည်သည့် အခါ ပဋိပက္ခဖြစ်ကြသနည်း......................................
-         ကိုယ့် အတွေးနှင့် သူ့ အတွေး ထပ်တူ မကျသည်ကို နားလည်မှု မပေးနိုင်ခြင်း
-         တစ်ဦးနှင့် နားလည်မှု မပေး၊ အမှား ကို တစ်ယူသန် ကောက်ချက်ဆွဲကြသည်။ တစ်ဦးနှင့် တစ်ဦး ဖွင့်ပြော လိုက်လျှင် ပြီးသွားနိုင်သည့် ကိစ္စ၊ တောင်းပန်လိုက်လျှင် ပြီးသွားနိုင်ပါလျက် မာနကို အခြေခံပြီး မတောင်းပန်ခြင်း
-         ပေးထားသည့် လွတ်လပ်မှုထက် ပိုပြီး ရယူလိုခြင်း
-         မိမိအား ကလေးလေး တစ်ယောက်လို ထင်ပြီး ကိုယ်ရေး ကိုယ်တာက အစ လွတ်လပ်ခွင့် မပေး ချုပ်ခြယ် လွန်းခြင်း
-         မိဘများ တစ်ဦးနှင့်တစ်ဦး အဆင်မပြေခြင်း၊ အိမ်ထောင်ကွဲခြင်း၊ နောက်ထပ် သားသမီး တစ်ဦး ရလာ ခြင်း၊ အိမ်ပြောင်းရွှေ့ခြင်း
-         ဖိအား များသည် ဟု ခံစားနေရခြင်း၊ သူငယ်ချင်း၊ အလုပ်၊ စာမေးပွဲ၊ အိမ် အလုပ်၊ မိမိ ဆံပင်ပုံစံ၊ အဝတ် အစားက အစ ဘဝင်မကျ သလိုဖြစ်နေခြင်း ၊
စိတ် ဈေးတန်း၊ စာ ဈေးတန်း
သူများတွေက ဝမ်းဗိုက် အတွက် ဈေးသွားကြတယ်။ ကျွန်တော် လည်း မနေ့က ဈေးသွားခဲ့တယ်။ ကျွန်တော် သွားတဲ့ ဈေးက ဝမ်းဗိုက် အတွက် မဟုတ်ပါဘူး။ ကျွန်တော် သွားခဲ့တာက စိတ် အတွက်ဈေးကိုပါ။
စိတ် အတွက်လည်း အစာဖြည့်ရပါတယ်။ ဝမ်း အတွက် သက်သက် အစာဖြည့်တော့ ဦးနှောက် က သေး သွား ပြီး စဉ်းစား အားနည်းလာတတ် သတဲ့။ ဝမ်း ကိုလည်းဖြည့် စိတ် ကိုလည်း အစာကျွေး၊ ဝမ်း ကို လျှော့ပြီး စိတ် ကိုဖြည့်ရင် ဉာဏ်ရွှင်တယ်။ 
စိတ် အစာ ကိုလျှော့ပြီး ဝမ်း ကိုပြည့်အောင်ဖြည့်နေရင် လောဘ ဒေါသ မောဟ တွေ ဝင်လာပြီး ကျန်းမာရေး အားနည်း တတ်တယ်တဲ့။ တရုတ် စကားပုံတစ်ခုပါ။
ကျွန်တော့် အတွက် စိတ် ဈေးတန်း က ပန်းဆိုးတန်း နဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ တစ်လျှောက်ပဲ။ ကျွန်တော် ဒီ စိတ်ဈေးတန်း ကို လျှောက်လာခဲ့တာ ၈ တန်းကျောင်းသား ဘဝလောက် ကတည်း ကပါ။ ပြန် တွက်စစ်ရင် နှစ်ပေါင်း ၄၀ ကျော်လောက် ရှိသွားပြီ။
ကျွန်တော့်စိတ် ဈေးမှာ တစ်အုပ် ၅၀၀ ၊ တစ်အုပ် ၁၀၀၀ နဲ့ ၁၀၀၀ ဖိုး ၃ အုပ် ဆိုတဲ့ စာကတ်လေးတွေ ထောင် ထား တယ်။  တစ်အုပ် ၂၀၀ တန်လေးတွေလည်း ရှိပါတယ်။ ၅၀၀ ပုံ စာအုပ်ဈေး မှာ ထိုင်ခုံ အပုလေးတွေ ချပေးထား တယ်။ 
စာအုပ်ဈေး က အရောင်းဈေးသည်တွေ က ကိုယ့်ဖောက်သည်တွေ ကို အမြဲလေးစားတယ်။ စာအုပ်ကို ထိုင်ဖတ်၊ ကြိုက်ရင်ဝယ်၊ မကြိုက်ရင် ထသွား ငြူစူတာ လည်း မရှိပါဘူး။ နောက်က စင်ပေါ်မှာ ထောင်ထား တာတွေက စပယ်ရှယ်ဈေးတွေ။ ရောင်းသူ ဝယ်သူ သဘောတူရင် တန်ဖိုးအတိုင်း ယူသွားလို့ရတယ်။
စိတ်ဈေးတန်း မှာ ရခဲ့တဲ့ စာအုပ်တွေ ထဲမှာ ငယ်ငယ်တုန်း က မူလတန်း မှာ သင်ခဲ့ရတဲ့ English by Stages (I, II, III, IV) ၄ အုပ် စလုံး ရလာလို့ ပျော်လိုက်တာ။ ကျွန်တော်တို့ ငယ်စဉ် က သင်ခဲ့ရတဲ့ အင်္ဂလိပ် စာအုပ် လေးတွေ ကို ပြန်ပြီး လေ့လာကြည့်လိုက်တော့မှ ပြည်သူ့နီတိ၊ လူ့ကျင့်ဝတ်၊ စည်းကမ်း ဆိုတာတွေ ကို တစ်လုံး မှ မပြောဘဲ သွန်သင် ဆုံးမ သွားတဲ့ စာတွေဆိုတာ သိလိုက်ရတယ်။ 
ထိပ်ပြောင်များ အတွက် အားတက်ဖွယ် ဆံပင် ပြန်ပေါက်စေမည့် နည်းလမ်းတွေ့ရှိ
ထိပ်ပြောင် သဖြင့် စိတ်ပျက်နေသူများ အားတက်စေမည့် တီထွင်မှု အသစ် တစ်ခုကို ဂျပန်နိုင်ငံမှ ပညာရှင် များ ပူးပေါင်း ကြံဆခဲ့ရာ ဓာတ်ခွဲခန်း အတွင်း ဆံပင်ပြန်ပေါက်နိုင်မည့် နည်းလမ်း များအား ရှာဖွေဖော် ထုတ်နိုင် ခဲ့ပြီဖြစ် ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။
အရေပြားပေါ်တွင် ဆံပင်ပြန်ပေါက်စေနိုင်သည့် နည်းလမ်းကိုတွေ့ရှိထားပြီ ဆိုသော်လည်း လူ ၏ မွေးညှင်း ပေါက် များ မှ သဘာဝ အတိုင်း ထွက်လာသည့် ပုံစံ မဟုတ်သေးသောကြောင့် ဆက်လက်လေ့ လာဖော်ထုတ်ရန် လို သေးကြောင်း ယင်း သတင်းက ဆိုသည်။
ယင်း သုတေသန လုပ်ငန်း များကို ဂျပန်နိုင်ငံ Riken Centre ဇီဝဗေဒဌာနမှ ဒေါတ်တာ တာကာရှီ စုဂျီ ဦးဆောင် သည့် အဖွဲ့ က တီထွင်နေခြင်းဖြစ်ပြီး မီးလောင်ဒဏ်ရာ ရထားသူများ အတွက် ပုံမှန်အသား အရေ အတိုင်း ရရှိလာ စေရန် တီထွင်ရာမှ အရေပြားပေါ်တွင် အမွှေးများ ကို ပေါက်လာစေ ရန် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ် သည်။
ပညာရှင်များသည် အရေပြားပေါ်တွင် Ebs ဟုခေါ်သည့် 3D ဆဲလ် များကို မွေးပေးထားပြီး ယင်းဆဲလ် များ သည် တဖြည်းဖြည်း ပွားများ လာကာ ဆဲလ်များက တစ်ဆင့် အမွှေးများ ထွက်လာစေရန် လုပ်ဆောင်နိုင် ခဲ့ကြခြင်းဖြစ် သည်။
iPSCs ဟုခေါ်သည့် ဆဲလ် များသည် ပင်မ ဆဲလ်များ အဖြစ် မွေးမြူထားရာမှ တဖြည်းဖြည်း ပွားများ ထွက် လာ စေရန် ပညာရှင် များသည် ကြွက်များတွင် လက်တွေ့အောင်မြင်စွာ စမ်းသပ်ပြသနိုင်ခဲ့သည်။
Wednesday, May 18, 2016
ကျွန်မလေ
Tee Tee's photo.
ကျွန်မလေ
ကားမှတ်တိုင်နှစ်မှတ်တိုင်လောက် ကို မရပ် မနားပြေးခဲ့ဖူးတယ် .................
သားဗိုက်ဆာပြီး ငိုနေမှာစိုးလို့...............
ကျွန်မလေ
ထမင်းဖြူ ကြက်သွန်နီ တစ်လုံး နဲ့ ဗိုက်ဖြည့်ခဲ့ဖူးတယ်...........
သားစားဖို့ ကြက်ဥတစ်လုံးဘဲ ရှိတော့လို့............
ကျွန်မလေ
ညလုံးပေါက် သားကို ချီပြီး လမ်းလျှောက်ဖူးတယ်.....................
ချလိုက်ရင် သားနိုးသွားမှာ စိုးလို့ ....................
ကျွန်မလေ
မိုးတွေ အရမ်းရွာ ပေါင်လောက် ရှိတဲ့ရေတွေကိုဖြတ် မိုးခိုစရာ မရှာဘဲ လမ်းလျှောက်ပြီး အိမ်ပြန်လာဖူးတယ်..................
မိုးခြိမ်းသံတွေကြားမှာ သားကြောက်နေမှာစိုးလို့ ...................
ကျွန်မလေ
လူ အချို့ကို ခေါင်းငုံ့ရို့ကျိုး ခဲ့ဖူးတယ်..................
တစ်ချိန်မှာ သားခေါင်းမော့ ရင်ကော့နိုင်အောင်လို့.................
ကွမ်းယာ ကြိုက်လို့ ကျောက်ကပ် ပျက်ခဲ့ရပြီ
Image result for ကွမ်းယာ
ပင်းတယ သားဖြစ်သူ ကိုဇော်ဝင်းစီ က ကွမ်းဝါး ရတာ အတော်ကြိုက်တယ်။ ကိုဇော်ဝင်းစီ က ပင်းတယ သားဖြစ်ပေမယ့် NCDDP (လူထု ဗဟိုပြု  စီမံကိန်း) မှာ အလုပ်လုပ်တော့ မကွေးတိုင်းဒေသကြီး ၊ စေတုတ္တရာ မြို့ မှာ တာဝန်ကျတယ်။ 
ကိုဇော်ဝင်းစီ ရဲ့ မိန်းမဖြစ်သူက ကျောင်းတက်နေဆဲ သမီးနှစ်ယောက်နဲ့ အတူ ပင်းတယ မှာ နေထိုင်တယ်။ ဒီတော့ စေတုတ္တရာ မှာ လုပ်ဖော် ကိုင်ဖက်တွေနဲ့ အတူနေထိုင်တဲ့ ကိုဇော်ဝင်းစီ က အားအား ရှိ ကွမ်းကိုပဲ မပြတ်ဝါးနေတော့တယ်။
”အဲလောက်ကြီးစားရင် ကျန်းမာရေး ထိခိုက်မှာပေါ့ . . ကွမ်းယာကို အများကြီး မစားရဘူး”
တခြားသူတွေ . . သက်ကြီးရွယ်အိုတွေလည်း ပါ၊ မိတ်ဆွေ အပေါင်းအသင်းတွေလည်း ပါ . . ခင်မင်သူ တချို့ က ကိုဇော်ဝင်းစီ ကို ၀ိုင်းသတိပေးကြတယ်။
“ကျွန်တော် ဒီလို စားနေတာ ကြာပေါ့ . . ဘာမှ မဖြစ်ပါဘူးဗျာ . .”
ကိုဇော်ဝင်းစီ က ခပ်ပြုံးပြုံး ပြန်ဖြေရင်း ပါးစပ် ကလည်း ကွမ်း အ၀ါး မပျက်ခဲ့။ ကိုဇော်ဝင်းစီ က ပျမ်းမျှအားဖြင့် ကွမ်းယာ ကို တစ်နေ့ ၈၀၀ ဖိုးလောက် စားခဲ့တယ်။ ကွမ်းယာတွေ ကို မိရိုး ဖလာ စားတာ မဟုတ် ဘဲ ဆေးတွေ ဘာတွေ ထည့်စားတယ်။
နှပ်ဆေးရည်တွေ နဲ့ စိမ် ထားတဲ့ ကွမ်းယာ ကိုမှ ကိုဇော်ဝင်းစီ က စွဲစွဲ လမ်းလမ်း စားခဲ့တာ။ နောက်ပိုင်း ကျတော့ ကိုဇော်ဝင်းစီ အစာ ကို မစားဘဲ ဗိုက်ပြည့်ပြည့်နေတယ်၊ စစချင်းတုန်း က “ကျွန်တော်က အစာ မစား ရလည်း ဖြစ်တယ်ဗျ”ဆိုပြီး ကျေနပ်နေတဲ့ ကိုဇော်ဝင်းစီ ဟာ နောက်ပိုင်း ဖျားလာတော့ တယ်၊
 နေ မကောင်းဘူး ဆိုပြီး ဆေးတွေ ၀ယ်သောက်တယ်၊ ပြီးတော့ ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ ပိန်ပြီးတော့ ၀ိတ်တွေ ကျလာတယ်၊ ၀ိတ်ကျ လာပြီး အစားအသောက်ပါ ပျက်လာတယ်။ ထမင်း မစားချင်ဘူး . . အဲဒီ လိုဖြစ်တာ ရက်ကနေ လပိုင်းလောက် ကြာလာတဲ့ အခါ မကွေးကို သွားပြီး သမားတော်ဆီ သွားပြဖြစ်ခဲ့ ပါတယ်။ 
သွားပြတော့ ဆရာဝန် က အာထရာဆောင်း ရိုက်ခိုင်းတာနဲ့ ရိုက်လိုက် တဲ့အခါ ကျောက်ကပ် နှစ်ဖက် စလုံး မှာ ရေတွေ ပဲ ဖုံးလွှမ်းနေတယ်၊ ပြီးတော့ ကျောက်ကပ် က သာမန်ထက်ကြီးနေတယ် လို့ ဆရာဝန်ကြီး က ပြောခဲ့တယ်။ ဆရာဝန်ကြီး ရဲ့ အဖြေကြားရတော့ ကိုဇော်ဝင်းစီ ခေါင်းထဲ ချာချာလည်သွားခဲ့တယ်။ မျက်စိထဲမှာ ဘွဲ့ မရသေးတဲ့ သမီးနှစ်ယောက်မျက်နှာ နဲ့ အိမ်ရှင်မဖြစ်တဲ့ ဇနီးသည် မျက်နှာကို ချက်ချင်း ပြေးမြင် လိုက်တယ်။
Tuesday, May 17, 2016
ကျောက်စိမ်း အကြောင်း သိကောင်းစရာ
... ကျောက်စိမ်း ဟာ  ကမ္ဘာပေါ် မှာ ၃ နေရာ ပဲ တွေ့ ရပါတယ် ။ ... အမေရိကန် နိုင်ငံ က  တက္ကဆက်စ် ပြည်နယ် ၊  တရုတ် က ကွမ်ကျိုးပြည်နယ် ရယ်   နဲ့ ကျွန်တော် တို့  မြန်မာ နိုင်ငံ က ကချင်ပြည်နယ် တို့ မှာ ပါပဲ ။ (ကွမ်ကျိုး ဟာ မှားနေရင် ပြင်ပေးကြပါ) ဒီ ၃ နေရာ မှာ ပဲ တူးဖော် တွေ့ ရှိနိုင်ပါတယ် ။
... ယနေ့ ထိ ၊ ဒီ ၃ နေရာ က လွဲ လို့   တစ်ခြား ဘယ်နေရာ မှာ မှ မတွေ့ ရသေးပါဘူး ။... ဒီ ၃နေရာ ထဲ မှာ မှ ၊ ကမ္ဘာ့ အကောင်းဆုံး ကျောက်စိမ်း ကို  မြန်မာ နိုင်ငံ မှာပဲ တူးဖော် ရရှိနိုင်ပါတယ် ။
... ဆိုလိုချင်တာ က  ကျန် ၂ နေရာ က ထွက်တဲ့ ကျောက်စိမ်း ဟာ မဖြစ်စလောက် အနည်း အကျဉ်းသာ ဖြစ် ပြီး ၊ အရည် အသွေး ကျ တော့ လည်း မြန်မာနိုင်ငံ ကို မမှီပါဘူး ။ ... ဒါကြောင့်မို့ လည်း  မြန်မာ့ ကျောက်စိမ်း ဟာ ကမ္ဘာ မှာ နာမည် ကျော်ကြား နေရတာပါ ။
... ကျောက်စိမ်း ကို  ဘယ်နေရာ တွေ မှာ သုံးသလဲ ဆိုရင်…. ပုတီး၊ လက်ကောက် ၊ဆွဲပြား ၊ ဘုရားဆင်းတု ၊ ပန်းပု ထုခြင်း ၊ ကျောက်စိမ်း ပန်းချီ စသည်ဖြင့် သုံးခဲ့ကြပါတယ် ။
... ယနေ့  တိုးတက်လာတဲ့ ခေတ်ကြီး မှာတော့  ပိုက်ဆံ တတ်နိုင်သူများ ဟာ  ကျောက်စိမ်း ကို ပါကေးပြား အရွယ်  ထုတ်လုပ် ပြီးနေအိမ်တွေ မှာ  ပါကေးတွေ ခင်းလာပါတယ် ။... ( ချမ်းသာကြွယ်ဝ မှုပေါ့) အိမ်တွေ မှာ မီးဆိုင်းတွေ ကို  ကျောက်စိမ်း တွေ နဲ့ ထုတ်လုပ် လာတယ် ။
... ကားတွေ ထဲ က ဖင်ထိုင်ခုံ အောက်မှာ ကျောက်စိမ်းလုံးလေး တွေ ကို အခင်း သဖွယ် ယက်ပြီး ခင်းကြ တယ် ။
အုတ်ခဲပုံကြီး ကို ရှိခိုး ဦးချနေခြင်း မဟုတ်
တစ်ခုချင်းစီ ၏ အဓိပ္ပါယ် အကျဉ်းများ မှာ -
(၁) တံခွန်တိုင် = မာန ( ရတနာတော်မြတ် ၃ ပါး အား ဖူးမျှော် မာန်လျော့ ကန်တော့ရန်) ။
(၂) ပန်းတင်ခုံ = ပတ္ထနာ - နိဗ္ဗာန်ရောက်ကြောင်း ဆုတောင်းရန် ။
(၃) ရှစ်မြှောင့် = မွေးခြင်း (၄) မျိုး+ သေခြင်း (၄) မျိုးကို နှလုံးသွင်း ဆင်ခြင်ကြရန် ။
(၄) ကြီဝင်း-၅ ခု = ဂတိ-၅ ပါးမှ လွတ်အောင် ကြိုးစားကြရန် ။
(၅) ခါးစည်း = သီလ/ သမာဓိ/ ပညာ ဟူသော အဓိသိက္ခာ-၃ ပါးဖြင့် ခါးကို စည်းနိုင်ကြရန် ။
(၆) ခေါင်းလောင်း = မိမိ တို.၏ ကုသိုလ်ကောင်းမှု များကို ကုသိုလ် ငတ်မွတ်နေသော သတ္တ၀ါများ သို့ မျှဝေပေးရန်
(၇) ဖောင်းရစ်-၇ ရစ် = ၀ိသုဒ္ဓိ ၇ ပါး (စင်ကြယ်ခြင်း ၇ မျိုး)  ပြည့်စုံအောင် ကြိုးစားကြရန် ။
(၈) သပိတ်မှောက် = တဏှာ/ မာန/ ဒိဌိ (အယူမှား) ဟူသော သံသရာ နယ်ချဲ့တတ်သည့် ပပဉ္စ တရား (၃) ပါး တို.ကို သပိတ်မှောက် ဆန့်ကျင်တော် လှန်ကြရန် ။
(၉) ဘီလူး ပန်းဆွဲ-၁၆ ခု = ဥာဏ်စဉ်-၁၆ ပါး ရအောင်ကြိုးစားကြရန် ။
(၁၀) ကြာမှောက် /ကြာလှန်= ကြာပန်း သည် ဗုဒ္ဓမြတ်စွာ ဘုရား ၏သင်္ကေတ ။
နောက်တစ်ခါ လူ လာဖြစ်ရင် ဒီ အခွင့်အရေး ဘာမှမရှိ
ယခု လူတွေ ရှေးက နဲ့ စာရင် တော်တော် ရိုင်းလာတယ်၊ တော်တော် ဆိုးလာတယ်၊ သို.သော် နောက် လာမယ့် လူတွေ နဲ.စာရင် ဒါတွေ တော်တော် တော်တယ်နော်။ နောက်ပေါင်းရမယ့် လူတွေကလည်း ခုလို လူမျိုး ခုလို ပတ်ဝန်းကျင် မျိုး မဟုတ်တော့ဘူးဗျ။
ဆုတ်ခေတ် နက်ဖြန်ခါ ဒီ့ထက် ဆုတ်မယ်၊ နောက်နေ. ဒီ့ထက် ဆုတ်မယ်။ တက်လိမ့်မယ် မထင်နဲ.။ ဆုတ်ခေတ်၊ ဆုတ်တာက ရိုးရိုး ဆုတ်တာမဟုတ်ဘူး၊ တလိမ်.လိမ်.ဆုတ်နေတာ။ များများ မဟုတ်ဘူး ၊နောက်ထပ် နှစ် နှစ်ဆယ်လောက် ဆက်နေကြည်.၊ အဲဒီအခါ အခု လက်ရှိလူတွေ ကို ကျေးဇူးတင်လိမ်.မယ်။
အရူပ ဘုံ၊ ရူပ ဘုံ ဆိုတဲ့နေရာမျိုး. တစ်ဖက်သတ် အကျင့် နဲ.ရောက်သွားရင်လည်း တို.သာသနာ နဲ.လွဲ မှာနော်၊ သာသနာ က နှစ်ထောင့် ငါးရာကျော်ပြီလေ၊ နောက်တစ်ခါ လူလာဖြစ်ရင် ဒီ သာသနာ ရှိမှာလား ။  နောက်တစ်ခါ လူလာဖြစ်ရင် သာသနာကြုံဖို.တော်တော် ခက်မယ်။ကြုံတယ်ပဲထား ၊ ကြိုက်ဦးမှ ဗျ။
စာအဆို က မြေဆီက အနှစ်တစ်ရာမှာ တစ်လက်မ တစ်လက်မ လျော.တာကိုး၊ မြေဆီ မှီ၍ အစာဖြစ် ရ တာ၊ ဘာလို့ .လျော့ တုန်း၊ ဥတုက လည်း အအေးပိုင်း ကနေ အပူဘက် ကူးနေတာ၊
Saturday, May 14, 2016
ဖခင်တွေ အနေ နဲ့ ကိုယ့်အိမ်သူ သက်ထားတွေ ကို မပြောသင့်တဲ့ စကားများ
မိခင်တွေ အထူး သဖြင့် ကလေး မီးဖွားထားတာ' ကလေး ရထားတာ' တစ်နှစ် မပြည့်သေးတဲ့ မိခင် မျိုးတွေ ဟာ စိတ်ခံစားချက်တွေ ထိလွယ် ရှလွယ် ဖြစ်တတ်ကြပါတယ်။ အရင်တုန်း က နှစ်ယောက်တည်း ရှိချိန် ပြောနေ ကျ စကားမျိုးတွေ ကိုတောင် သူတို့ စိတ်ထဲ နာကျင် ခံစားနေတတ်ကြတာပါ။
ဒါပေမယ့် ဖခင်တွေ အနေနဲ့ လည်း ငါဟာ အပြင်မှာ ပိုက်ဆံ ရှာရတာပဲ' အလုပ်တွေ လုပ်နေရတာပဲ' သူ ကတော့ အိမ်မှာ ကလေး နဲ့ ဘာများ ပူပင်ရလို့လည်း ဆိုတဲ့ မှားယွင်းတဲ့ အတွေးမျိုးတွေ နဲ့ သူတို့ ကိုပြော ဆို ဆက်ဆံတာမျိုး မဖြစ်သင့်ပါဘူး' အိမ်သူ သက်ထားတွေ ဟာ သူတို့အမျိုးသားတွေလို အပြင်ထွက် အလုပ် မလုပ်ရ ရင်တောင် အိမ်တွင်းမှု ကို ဘယ်လိုနိုင်နင်းအောင် လုပ်ဆောင်ရမယ် ဆိုတာမျိုးတွေ' ကလေးတွေ အတွက် ဆိုတဲ့ စိတ်။ 
ဒါ့အပြင် ကိုယ့်အမျိုးသား လိုအင်ကို ဘယ်လိုဖြည့်စွမ်းရမယ် ဆိုတာတွေ နဲ့ ပင်ပန်းနေရသူ ဆိုတာ ကိုယ်ချင်း စာတတ် ဖို့ လိုပါတယ်။ သူတို့နေရာ မှာ "ငါသာ ဆိုရင်" ဆိုပြီး ကိုယ်ချင်းစာ စိတ်လေး ထားပေးမှ ရပါလိမ့် မယ်'   
ဒီတော့,,ခိုင်မြဲတဲ့ အိမ်ထောင်ရေး' သာယာပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေး တစ်ခု ပိုင်ဆိုစေနိုင်ဖို့ ကိုယ့် အိမ်သူ သက်ထား ကို ဒီလို စကားမျိုးတွေ မပြောမိပါစေနဲ့။
(၁) ငါ တစ်ယောက်တည်း သီးသန့် အချိန်လေး လိုချင်တယ်။
တစ်နေ့လုံး အလုပ်လုပ်ပြီး ပြန်လာလို့ ကိုယ့် အမျိုးသမီးက ကိုယ့်နား လိုက်ပြီး စကားပြောတာ မျိုး' ထမင်း စားပြီး ချိန်မှာ ကိုယ့်ဘေးနား ကပ်ပြီး ရှိနေတာမျိုး ဆိုရင်' ကလေးမွေးထားတာ လေး ငါးလလောက်သာ ရှိသေး တဲ့ အမျိုးသမီး ကို အခုလို ဘယ်တော့မှ မပြောမိစေနဲ့။
ညောင်ကန် ဆရာတော် ဦးဗုဓ်
အမတ်ကြီး ဦးပေါ် ဦး ကျောင်းသို့ရောက်စဉ် က ဖြစ်သည်။  ဆရာတော် က ရေကန် အနီး တံမြက် လှည်းနေ
ခိုက်ဖြစ် ၍ ထိုနေရာ၌ ပင် ဦးဗုဓ် ကို ဝပ်ချ အလေး ပြု၏။ ထိုနောက်-
ဦးပေါ်ဦး။ ။ရေကန်ကြီး ကဖြင့် အလွန် ကောင်းပါ ပေသည် ဘုရား။
ဦးဗုဓ် ။ ။အေး.....ကောင်းတယ်။
ဦးပေါ်ဦး။ ။ရေ ကလည်း အလွန် ကြည်တယ်။
ဦးဗုဓ် ။ ။အေး.....ကြည်တယ်။
ဦးပေါ်ဦး။ ။ ဤရေကန်ကြီး မည်မျှ နက်ပါ သနည်း ။ ဘုရား။
ဦးဗုဓ် ။ ။ ငါ......မသိဘူး။
ဦးပေါ်ဦး ။ ။ဆရာတော် သီတင်းသုံးတော်မူသော ကျောင်းတိုက် အတွင်း ဖြစ်၍ နီးသည့် အတွက် သိလိမ့်မည် ထင်မှတ် ၍  လျှောက်မိပါသည် ဘုရား။
ဦးဗုဓ် ။ ။ နီးတိုင်း သိရမည် ဆိုလျှင် သင်၏နှုတ် ခမ်းမွှေး ဘယ်နှစ်ပင် ရှိသနည်း။
ဦးပေါ်ဦး။ ။သတိမထားမိ ၍ ဘယ်နှစ်ပင် ရှိကြောင်း မသိပါ ဘုရား။
ဦးဗုဓ် ။ ။သင့်နှုတ်ခမ်းမွှေး ဘယ်နှစ်ပင် ရှိသည် ဟု သင် မသိဘဲ ဤရေကန် ၏ အတိမ် အနက် ကိုကော ငါ သိနိုင်မည်လား။
ဤသို့ မိန့်တော် မူလိုက်ရာ စကားတတ်လှ သော ပညာရှိ အမတ်ကြီးသည် ရှေ့သို့ စကား ဆက်၍ မရသဖြင့် ရှိခိုး ဦးချကာ ပြန်ခဲ့ရလေသည်။ ဟာသဖြင့် ဘိုးတော် မင်းတရားကြီး ကို အနိုင်ယူ လေ့ရှိသော ဦးပေါ်ဦး သည် ဦးဗုဓ် နှင့်တွေ့ကာမှ နောက်ကောက် ကျလေတော့သည်။
ဗုဒ္ဓ လက်ထက် အရှင် လတ်လတ် မြေမျို ခံခဲ့ရသူ (၅) ဦး
မိလိန္ဒပဥှာ ပါဠိတော် (၁၀ဂ) တွင် ဂေါတမ ဘုရားရှင် သာသနာတော်  အတွင်း၌ အရှင် လတ်လတ် မြေမျို ခံခဲ့ ရသူ ငါးဦး ရှိကြောင်း ဖော်ပြထား၏။  ထို ငါးဦးမှာ -
(၁) စိဉ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒက ဘီလူး
(၅) နန္ဒလုလင်
  တို့ပင် ဖြစ်သည်။
၁။ စိဉ္စမာဏ
----------------
စိဉ္စမာဏ သည် ဘုရား လက်ထက် တိတ္တိ ဆရာကြီးများ၏ စေခိုင်း မှုကြောင့် မြတ်စွာဘုရားရှင် အား အမျိုးမျိုး စွပ်စွဲ ခဲ့သူ ဖြစ်သည်။ စိဉ္စမာဏ သည် မြတ်ဗုဒ္ဓ အား လူ အများ အထင် လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်း လူများ မြင်ရချိန် တွင် ဘုရားကျောင်းတော် အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်း ကို လာချိန် တွင် ဘုရားကျောင်းတော် မှ ပြန်ထွက် လာဟန် ပြုမူနေထိုင် ခဲ့ပြီး အတော် အတန် ကြာသည့် အခါ ရဟန်းဂေါ တမနှင့် ကိုယ်ဝန် ရသည့် ပုံစံဖြင့် မိမိ ဝမ်းဗိုက်တွင် ပြင်ချပ် ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား တရားနာ ပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။
 မြတ်ဗုဒ္ဓ က မေတ္တာ တရားဖြင့်သာ နေတော် မူချိန် နတ်သားလေးယောက်တို့ က ကြွက်ယောင် ဖန်းဆင်းပြီး စိဉ္စမာဏ ၏ ကိုယ်ဝန် အတုကို ကိုက်ဖြတ်ကာ အမှန် ကို ဖော်ထုတ်ပေးခဲ့သည်။ ထိုအခါ မှသာ တရားနာ ပရိတ်သတ်များ လည်း အမြင် ရှင်းကာ ထို အမျိုးသမီးအား ရိုက်ပုတ်ပြီး ကျောင်းအပြင် သို့ နှင်ထုတ် လိုက် ကြလေ သည်။ 
စိဉ္စမာဏ သည် ဘုရားရှင် မျက်ကွယ်သို့ ရောက်သည့် ခဏ မှာပင် မြေမျို  ခံခဲ့ရလေတော့သည်။ အဝီစိ ငရဲမှ မီးလျှံ များသည် စိဉ္စမာဏ အား ရစ်ပတ်၍ အဝီစိ ငရဲ သို့ ခေါ်ဆောင်သွားခဲ့လေသည်။
ခြေထောက် ကို အနှိပ်ခံခြင်း က ဘာတွေကောင်းကျိုးပြုနိုင်သလဲ
 ခြေထောက်နှိပ်ခြင်း (၀ါ) ခြေထောက် သွေးလည်ပတ်မှု မှန်စေရန် သဘာဝနည်း အားဖြင့် နှိပ်ပေးခြင်း နည်းပညာ ကို တရုပ်၊ အိန္ဒိယ၊ အီဂျစ်၊ ဟေဗြဲ  လူမျိုးစု (ခေါ်) ရှေး ပါလက်စတိုင်း လူမျိုးများ သည် ရှေးနှစ်ထောင်ပေါင်း များစွာ ကတည်းက ကုသမှု ခံယူလာခဲ့ကြသည်။
ပထမဦးဆုံး အကြိမ် အနှိပ်ခံ ပါက အချိန် ၅-မိနစ်ထက် မပိုသင့်ပါ။ နေ့ စဉ် ခြေထောက် အနှိပ်ခံသူများ အဖို့  ကြာချိန် ၁၅-မိနစ် ဆို လုံလောက်ပါပြီ။ နှိပ်နယ်ခြင်း အတွက် အကောင်းဆုံး အနေအထားမှာ အနှိပ်ခံရမည့် သူ သည် လဲလျောင်းနေရမည် ဖြစ်သည်။
ဦးစွာ ခြေဖ၀ါး အနွေးဓာတ် ရရိစေရန် ခြေဖ၀ါး တစ်ဖက်ချင်းစီ ကို နှိပ်ပေးသူ၏ လက်ဖြင့် တစ်မိနစ်လောက် ဆုပ် ကိုင် နယ်ပေးရမည်။ အချို့  အနှိပ်ပညာရှင်များ က လက်မဖြင့် စက်ဝိုင်း သဏ္ဍာန် နှိပ်ကြသလို၊ အချို့  က လည်း ခဲတံ ကဲ့သို့  သစ်သား တုတ်ချောင်း (သို့ မ ဟုတ်) သစ်သားဘုလုံး ကလေးဖြင့် နှိပ်လေ့ရှိသည်။
မည်သည့် နည်းဖြင့်နှိပ်ပါစေ .ဖြေးဖြေးနှင့် ညင်ညင် သာသာနှိပ်ပေး ရမည်ဖြစ်ပြီး၊ အလွန်အမင်း အားစိုက် မထုတ်သင့်ပေ။
ဝဲ-ယာခြေဖ၀ါး နှစ်ဘက်စလုံး ရှိ အာရုံခံကြောများ သည် လည်ပင်း၊ လေပြွန်၊ နား၊ မျက်လုံး၊ အသံအိုး၊ အဆုပ်၊ ပခုံး၊ သိုင်း ရွိက် အကြိတ်၊ ရင်နှင့် ၀မ်းဗိုက်ကြားရှိ ကြွက်သားဆိုင်၊ ကျောက်ကပ် အပေါ်ပိုင်း ရှိ အာဒရီနယ အရည်များ ထုတ်ပေးသည့် အ ကျိတ် တစ်စုံ၊ ကျောက်ကပ်၊ အူမ၊ အူမကြီး၊ ဆီးအိမ်၊ အူသိမ်၊ တင်ပါးရိုး အာရုံကြော များ၊ ဒူးခေါင်း၊ ပေါင်၊ တင်ပါး တို့ နှင့် စက်ဆပ်နေကြသည်။
ထူးခြားမှု အနေဖြင့် ၀ဲဘက်ခြေဖ၀ါးပေါ်ရှိ အာရုံခံကြောများသည် နှလုံး၊ သရက်ရွက်၊ ပန်ကရိယ၊ အစာအိမ် တို့ နှင့် ဆက်စပ်နေသလို၊ .ယာဘက်ခြေဖ၀ါးပေါ် ရှိ အာရုံခံကြောများ သည် သည်းခြေအိတ်၊ အသည်း တို့ နှင့် ဆက်စပ်နေသည်။ 
Friday, May 13, 2016
လမ်းပျော်လေးတွေ တက်လှမ်းနိုင်မယ့် ဘ၀ခြေလှမ်း တစ်ခု
မီးအ၀ါရောင် ခပ်များများ အသုံးပြုထားသည့် အခန်းလေး ထဲတွင် စားပွဲခုံ ရှစ်ခုံခန့် က အကျအနနေရာ ယူ ထားသည်။ စားသောက်ဆိုင် တစ်ဆိုင် အနေဖြင့် ကျယ်ကျယ်ဝန်းဝန်း မရှိလှသော်လည်း သက်သောင့် သက် သာနှင့် လွတ်လပ်သော ခံစားမှု ကို ထို အခန်းငယ်လေးက ဖန်တီးပေးထား၏။ 
ပန်းရောင်နှင့် အ၀ါရောင် သုတ်ထားသော ဆိုင် အတွင်းပိုင်း နံရံ များတွင် နေရာလပ် မကျန်အောင် ပန်းချီ ကားများ ချိတ်ဆွဲ အလှဆင် ထားခြင်းက အမြင်ကို ထူးစေသလို ဒီ့ထက် ထူးခြားသည်က စားသောက် ဆိုင်လေး ၏ ကျယ်ပြန့်သော ရည်ရွယ်ချက် ပင်ဖြစ်သည်။
ဆိပ်ကမ်းသာ လမ်းအောက် ဘလောက်တွ င်တည်ရှိသည့်  LinkAge  အမည် ရှိ ဆိုင်လေးမှာ အစား အသောက်နှင့် ပန်းချီပြခန်း တွဲစပ် ဖွင့်လှစ် ထားခြင်း ဖြစ်သည်။ စားသောက်ဆိုင် ဟုခေါ်သော်လည်း "Training Restaurant" စား သောက်ဆိုင် သင်တန်းကျောင်း ဟု တံဆိပ်တပ် ချိတ်ဆွဲထား၏။ ဒါက LinkAge ၏ ကွဲပြားသော ရည်ရွယ်ချက်နှင့် တစ်မူ ထူးခြားမှု။
LinkAge တွင် အလုပ်ခန့် ထားသူများ က လမ်းမပေါ် အချိန် ကုန်နေတတ်သည့် လမ်းပျော် ကလေးများ (Street Children) ပင်။ ၎င်း တို့ကို ဖိတ်ခေါ်ပြီး စား သောက်ဆိုင် တွင် အလုပ်ခန့်၏။ သင်တန်းပေး၏။ ထို့ ကြောင့် လည်း စားသောက်ဆိုင် သင်တန်းကျောင်းဟု ခေါင်းစဉ်တပ်ထားခြင်းပင် ဖြစ်သည်။ 
ဆိုင်ထဲ ၀င်လိုက်သည်နှင့် သန့်ပြန့်သော     အပြင်အဆင် အောက်တွင် တွေ့ရမည့် ဧည့်ကြို၊ စားပွဲထိုးနှင့် ချက်ပြုတ်နေသည့် စားဖိုမှူး က အစ အားလုံး လိုလိုမှာ လမ်းမများ ထက်ရှိ   စားသောက်လုပ်ငန်း တွင် ရေ ရှည်ပျော်မွေ့ မည့် လမ်းပျော် ကလေးများ ကို စု စည်းထားခြင်းဖြစ်သည်။
ပုံမှန် အားဖြင့် LinkAge တွင် ကလေးသုံး၊ လေးယောက်ခန့် ရှိ နေတတ်သည်။ တစ်ခါ တစ်ရံ လည်း ခုနစ်ယောက်၊ ရှစ်ယောက် ဖြင့် စားသောက်ဆိုင် စားပွဲများ ထက်ပင် စားပွဲထိုး က ပိုများနေ တတ်ပြန်၏။ 
Thursday, May 12, 2016
Open Data Format
 ပြောပြရဦးမယ် …
အခုနောက်ပိုင်းမှာ ခေတ်စား လာတဲ့ အခေါ်အဝေါ်လေးတွေ ထဲမှာ Open Data ဆိုတာလေးလည်း ပါလာ တာ ကိုတွေ့ရတယ် …
Open Data ဆိုတာ ကတော့ အကျဉ်းချုပ်ပြောရရင် ဘယ်သူ မဆို လွတ်လပ်စွာ ကြည့်ရှုခွင့် ရှိတဲ့၊ အသုံးပြုခွင့် ရှိတဲ့၊ အခြား သူတွေကိုပါ ပြန်လည် မျှဝေခွင့် ရှိတဲ့ အချက် အလက် (ဒေတာ)တွေကို ဆိုလိုတာပါ …
ပုံနှိပ်ခ/ မိတ္တူဆွဲခ/ စာရွက် print ထုတ်ခတွေလောက် ထက်မပို တဲ့ ငွေကြေးလောက် နဲ့ ရယူနိုင်ရမယ် (အင်တာနက်ပေါ်မှာဆို download လုပ်ဖို့ပဲ လိုအပ်တယ်) … ရယူလိုက်တဲ့ အချက်အလက်တွေ ကို ခွင့်ပြုချက် ထပ်တောင်းစရာ မလိုဘဲ အသုံးပြုခွင့် နဲ့ ပြန်လည် ဖြန့်ဖြူးခွင့် ရှိရမယ် … နောက် ဘယ်အကြောင်း အရာအတွက် မဆို လွတ်လပ်စွာ အသုံးပြုခွင့် ရှိရမယ် (ဥပမာ – ပညာရေး အတွက် အသုံးပြုရန် သီးသန့် ဆိုတာမျိုးတွေ မလုပ်ရဘူး) …
လက်ရှိ မှာ အပြောများနေတာ ကတော့ အစိုးရကနေပြီးတော့ သူ့မှာ ရှိနေတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်တွေ၊ နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်တွေ နဲ့ မပတ်သတ်နေတဲ့ အခြား ပြည်သူကို ချပြပေးနိုင်တဲ့ အချက်အလက်တွေ ကို Open Data အနေ နဲ့ ထုတ်ပေးဖို့ ဘာညာ စသဖြင့် ပြောလာကြတဲ့ အရာပေါ့ …
အစိုးရ အနေနဲ့လည်း အမေရိကန် သမ္မတ လာတုန်းက OGP (Open Government Partnership) ထဲမှာ ပါဝင်နိုင် ဖို့ ကြိုးစားမယ် လို့ ကတိ ခံထားပြီး OGP ရဲ့ အမှတ်ပေးစည်းမျဉ်း ၄ ချက် ထဲက တစ်ချက်ဖြစ်တဲ့ သတင်း အချက်အလက် ရယူ ပိုင်ခွင့် (Access to Information) ဥပဒေကြမ်းတွေ ပြင်ဆင်နိုင်ဖို့ လုပ်ဆောင် ခဲ့ဖူးတယ် …
 နောက်တော့ သတ်မှတ်ရက်ထက်ကျော်လွန် ပြီး အကြောင်း အမျိုးမျိုးကြောင့် OGP ကတော့ ဆက်လက်ပြီး မလုပ်ဖြစ်တော့ပေမယ့် ဥပဒေကြမ်းပြင်ဆင်မှုတွေ ရှိခဲ့တဲ့ အတွက် နောက်ပိုင်းမှာ ပြည်သူ ကို အချို့သော အချက် အလက်တွေ ချပေးလာမယ် လို့ မျှော်လင့်ရတယ် … လက်ရှိမှာ တောင်းရင် ပေးတဲ့ အချက်အလက် အချို့လည်း ရှိနေပြီ …
ဒါပေမယ့် ပြဿ         နာက ဘာဖြစ်လဲ  ဆိုတော့ အဲ့ဒီပေးတဲ့ အချက်အလက်တွေ က ပြည်လည် အသုံးပြုလို့ မရနိုင်တဲ့၊ အချက်အလက်တွေ ကို အလွယ်တကူ မရှာဖွေနိုင်တဲ့ ပုံစံ (format) နဲ့ ထုတ်ပေးတာမျိုး ဖြစ်လေ့ ရှိတာပါ … 
သင် သိထားသင့်တဲ့ အလွယ်တစ်ကူ ဖြေရှင်းနည်းလေးတွေ
ပုရွက်ဆိတ် ရန်က ကင်းဝေးအောင် သခွားသီး အခွံတွေကို ပုရွက်ဆိတ် တွင်းနားမှာ ထားပေးရင် ပုရွက်ဆိတ်တွေ ထွက်ပြေး ပါလိမ့်မယ်။
 ရေခဲတုံးတွေ မြန်မြန် ခဲပြီးတော့ ကြည်လင် လှပနေစေချင်ရင် ရေကို အရင် ဆူပွက်အောင် ကျိုပြီး မှ ရေခဲသေတ္တာ ထဲ ထည့်ပြီး အအေးခံလိုက်ရင် ကြည်လင်တဲ့ ရေခဲတုံးလေးတွေ ရလာပါလိမ့်မယ်။
မှန်တွေ ကို လုံးဝကြည်လင် သွားချင်ရင် အရက်ပြန် နဲ့ ပွတ်တိုက်ပါ။
အကျီတွေ မှာ ပီကေ တွေ ကပ်နေရင် ရေခဲသေတ္တာ ထဲမှာ တစ်နာရီလောက် အကျီကို အအေးခံ လိုက်ပါ ။ ပီကေတွေအေးခဲ သွားရင် ပီကေ ကို အလွယ်တစ်ကူ ခွာလို့ရပါပြီ။
အကျီ အဖြူတွေ ပိုမိုဖြူစင်ချင်တယ် ဆိုရင် ရေနွေး ပူထဲကို သံပုရာသီး အကွင်းလေးတွေ လှီးဖြတ်ပြီး ထည့် ထား ပါ။  အဲဒီရေထဲ ကို အကျီ ကို ၁၅ မိနစ်ခန့်စိမ်ပြီးမှ လျှော်လိုက်ပါ။
သင် မသိသေးတဲ့ အိမ်မက် အကြောင်းတွေ
- အိပ်မက်တွေ ဟာ သာမန် လူတစ်ယောက် တစ်ည အိပ်ရင် ၃-၄-၅ ခုလောက်မက်တတ် ပါတယ်။
- တစ်ခါတစ်လေ အိပ်မက်တွေ ဟာ အခန်းဆက် မက်လေ့ရှိပြီး နောက်တစ်ခါ အိပ်ရင် အရင်က မက်ဖူးတဲ့ အပိုင်း ရဲ့နောက်တစ်ပိုင်း ကိ
ု ဆက်ပြီး မက်တတ်ပါတယ်။
- တစ်ကယ်တော့ အိပ်မက် က မမက်တာ မဟုတ်ပါဘူး ကိုယ်က အိပ်မောကျနေတဲ့ အတွက် မမှတ်မိ လိုက် တာဖြစ်ပါတယ်။
- အိပ်မက် ဆိုတာ ကိုယ်မြင်တွေ့ဖူးတဲ့ အရာတွေ ကို ပြန်လည် မှတ်မိတဲ့ အမျိုးအစားပါ။ တစ်ကယ်လို့ သင်ဟာ ဒိုင်နိုဆောတွေ ကို မတွေ့ခဲ့ဘူး ရင် အိပ်မက်ထဲမှာ ဒိုင်နိုဆောတွေ မမက်နိုင်ပါဘူး။
- အိပ်မက် ဟာ လူတွေတင် မကဘဲ တိရစ္ဆာန်တွေ နဲ့ အခြား သတ္တ၀ါတွေ မက်ကြပါတယ်။
ကျောင်း စာကြည့်တိုက်
 ကျောင်း စာကြည့်တိုက် များသည် ပညာ သင်ကြားရေးတွင် ဆရာ၊ ဆရာမများ အဖို့ ၎င်းတို့က သင်ကြား ပို့ချပေးရမည့် သင်ခန်းစာများ ကို ပြင်ဆင် ရာ၌ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာ ၍ မှီးငြမ်းပြုနိုင်ရန် အကျိုးပြုပေ သည်။ 
ထို့ပြင် ကျောင်းသား ကျောင်းသူများ အဖို့ သင်ယူနေကြရသော ကျောင်းသင် ဘာ သာရပ် ဆိုင်ရာ အချက် အလက် များ ပိုမိုကြွယ်ဝ လာစေရန်နှင့် ပြင်ပ ဗဟုသုတများ ကို ဝါသနာ အ လျောက် လေ့လာ ရှာမှီးနိုင်ရန် အားထားရာ ဖြစ်ပေသည်။
ကျောင်း စာကြည့်တိုက် များသည် ကျောင်းသား ကျောင်းသူများ အတွက် ဗဟုသုတ ရှာမှီးရာနေရာ များ ဖြစ်ပေ သည်။ ဗဟုသုတ ဘဏ်တိုက် တွင် အကျိုးပြု အသုံးဝင်သော စာအုပ် စာတမ်းများ ပြည့်စုံသည် ထက် ပိုမိုပြည့်စုံအောင် စုဆောင်းဖြည့်တင်းရေး သည် စာကြည့်တိုက် များ ရှင်သန် တိုးတက်ရေးအတွက် အရေးကြီးသော လုပ်ငန်းရပ် ဖြစ်ပေသည်။ 
စာအုပ် စာတမ်းကောင်း များ စုဆောင်းဖြည့်တင်း ရာတွင် ကျောင်းစာကြည့်တိုက်ကြေး ကောက်ခံ ရရှိငွေမှ လည်းကောင်း၊ မိဘ ဆရာ အသင်း၏ အကူအညီ အဖြစ် ရရှိသောငွေမှ လည်ကောင်း ရယူ သုံးစွဲ၍ စာအုပ် စာတမ်း အသစ်များ ကို အခါ အားလျော်စွာ ဝယ်ယူဖြည့် တင်းနိုင်ပေသည်။ 
သံဗူး ကို အသုံးပြုထားတဲ့ အဖျော် ယမကာတွေ သောက်တော့မယ် ဆိုရင်
eptospira ဆိုတဲ့ virus ကြောင့်ဖြစ်တဲ့ ရောဂါ ပါ။ ကြွက်သေးတွေ ထဲမှာ ခိုအောင်းနေတတ် ပါတယ်။ နိုင်ငံ တစ်နိုင်ငံ မှာ (ဘယ်နိုင်ငံလဲ မမှတ်မိတော့ပါ) မိသားစု တစ်စုက တနင်္ဂနွေ အားလပ်ရက် မှာ ပျော်ပွဲစား ထွက်တယ်။ 
စားစရာ နဲ့  အဖျော် ယမကာ သံဗူး (tin cans) တွေ ယူသွားတယ်။ တနင်္လာနေ့ မှာ မိသား စုဝင်နှစ်ယောက် ဆေးရုံ (အထူး ကြပ်မတ်ဆောင်) တက်ရတယ်။ 
ဗုဒ္ဓဟူးနေ့ မှာ တစ်ယောက် ဆုံးသွားတယ်။ Autopsy result က leptospirosis ပါ။ ဘာကြာင့်ဖြစ်တာလဲ ဆိုတော့ ခြောက်သွေ့ နေတဲ့ကြွက်သေး နဲ့ အတူ leptospira ကပ်ညှိနေတဲ့ သံဗူးတွေ ကိုသောက် မိ တာကြောင့် ပါ။
Saturday, May 7, 2016
ကပ်ပြီးရင် မကိုင်နဲ့ ဆိုတာ
အရှင် သုမင်္ဂလ's photo.
 ဗုဒ္ဓဘာသာ မြန်မာ များရဲ့ အိမ်တွေ မှာ ဆွမ်းစား ပင့်လို့ ကြွရောက်တဲ့ အခါ ဆွမ်းကပ်ပြီးတာနဲ့ မကြာမကြာ ကြားရတဲ့ စကားတစ်ခွန်း က “ဟဲ့…ဟဲ့… ကပ်ပြီးရင် မကိုင်နဲ့တော့၊ ကိုင်လို့ မရတော့ဘူး..”ဆိုတဲ့ စကား ပဲ ဖြစ်ပါတယ်။ 
ဘာကြောင့် ဘာဖြစ်လို့ ဆိုတဲ့ တိကျတဲ့ အကြောင်းပြချက် မရှိဘဲ ကြားဖူးနားဝ နဲ့ တစ်လွဲ နားလည် အသုံးပြုနေ ကြသလို ဖြစ်နေပါတယ်။ ဆွမ်းကပ်ပြီး မှ ကိုင်ရင် အကပ် ပျက်ပြီး သံဃာတော်များ မဘုဉ်းပေးရ မှာ စိုးလို့လား၊ ကပ်ပြီးမှ ကိုင်ရင် ၀ိနည်းတော် အရ အာပတ်သင့်မှာ စိုးလို့လား ဘာရယ်ကြောင့်မသိ။ 
အဖြေ က တိတိကျကျ မရှိဘဲ ဖြစ်နေပါတယ်။ တစ်လောကပဲ ကျောင်းမှာ ဆွမ်းလာ ကပ်တုန်း ဆွမ်းကပ် ပြီးတော့ ဒကာလေး တစ်ယောက်က အဝေးက ဟင်းခွက်လေးတွေ နီးအောင်ရွေ့ပေးနေတာကို အနီးမှာ ရှိနေတဲ့ ဒကာမ က “ဟဲ့..ဟဲ့… ကပ်ပြီးရင် မကိုင်တော့နဲ့“လို့ ပြောသံကြားလိုက်ရ လို့ အကျိုး အကြောင်း ရှင်းပြလိုက်ရပါသေးတယ်။
တစ်ကယ်တော့ ကပ်ပြီးရင် ကိုင်လည်း ပဲ အကပ် ပျက်မှု မပျက်မှု က အကပ် ခံတဲ့ သံဃာတော် နဲ့ပဲ သက် ဆိုင် ပါတယ်။ ဘုဉ်းကြီးတွေ ဆွမ်းဘုဉ်းပေးနေချိန် မှာ ဟိုဟာ ထည့် ဒါ ထည့် ဟိုကြားဝင် ဒီကြားဝင် လုပ်တဲ့ အခါ ဆွမ်းဘုဉ်းပေးတဲ့ ရဟန်းတော်တွေ ကျဉ်းကြပ်မှာ စိုးလို့ မကိုင်ခိုင်းဘဲ ဘေးကနေ လိုအပ်တာ လုပ်ပေး ဖို့ ပြောတာ ဆိုရင်တော့ ဘာမှ အထူး ပြောစရာ မရှိပါဘူး။ 
အဲလိုမှ မဟုတ်ဘဲ ဆွမ်းကပ်ပြီး ကိုင်ရင် အကပ်ပျက်ပြီး မဘုဉ်းပေးကောင်းမှာ စိုးလို့ဆိုရင်တော့ လွဲနေ ပါ တယ်။
မြန်မာ စကားပုံ များ
 Lwin Pyin's photo.
က
၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”
၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါ မကျန်”
၁၂. ကျား ဆရာကြောင်...ကြောင် ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက် ဆိုး”
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား”
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”
၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”
၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”
၂၃. “ကျားကြီး..ခြေရာကြီး”
၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”
၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”
၂၆. “ကြောင်သူတော်..ကြွက်သူခိုး”
၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား”
၂၈. “ကြွက်သေတစ်ခု....အရင်းပြု”
၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ”
၃၀. “ကုလားမနိုင်....ရခိုင်မဲ”
၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”
Thursday, May 5, 2016
ကြုံရ ဆုံရ မဘသ ဘဝ
Lin Htike Alarm's photo.
မဘသ ဆိုတဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကြီး ကို...... သီတဂူ ဆရာတော်၊ ရွာမ ဆရာတော်၊ တိပိဋက ဆရာတော်များ ဓမ္မကထိက ဆရာတော်များ ပရိယတ္တိ ဆရာတော်များ  ပဋိပတ္တိ ဆရာတော်များ ... စတဲ့  သီလဂုဏ် ၊ သမာဓိဂုဏ်၊ ပညာဂုဏ်  ကြီးမားကြတဲ့ ဆရာတော်ကြီးများ က
ဦးဆောင်နေတာ ဖြစ်ပါတယ် ခင်ဗျာ။
နိုင်ငံတစ်ကာ က ကြေးစား မီဒီယာတွေရဲ့ သွားပုတ်လေလွင့် နဲ့ ဝါဒဖြန့်မှုအောက်မှာ ... မဘသ ကို စော်ကား မှ သာ ဒီမိုကရေစီ ဘက်တော်သားလို့ ... အထင်မှား၊ အမြင်မှား၊ ပညာဥာဏ်နည်းပါး တဲ့
အဆန်ချောင် လုပ်စားနိုင်ငံရေးသမား နဲ့ အောက်တန်းစား ဗုဒ္ဓဘာသာ ဝင်တွေဟာ...... မြတ်ဘုရား အပေါ် စော်ကားသည်ထက် အပြစ်ပိုပြီး ကြီးလေးလွန်းတဲ့....  သံဃာ အပေါ် စော်ကားမှုများ ကို
မရှက် မကြောက် အရူး ဦးနှောက်ဖြင့် သူရဲကောင်းတို့ ပမာ ကျုးလွန်ခဲ့ကြပြီ။
အဲဒီ လူ့ ငနွား တို့ရဲ့ ကိုယ်တိုင်ပြုတဲ့ အကုသိုလ် ကံမျိုးစေ့ တို့ဟာ.... ရင့်မှည့်ကာ အကျိုးပေးတော့မှာ မို့
မကြာမီ လာမည် ....
ကြုံရ ဆုံရ မဘသ ဘဝ
===============
သာသနာ နှင့် အာဏာ
(၁)
မန္တလေးမြို့ရဲ့ တစ်နေရာ...
ဆွမ်းခံကိုယ်တော်လေး တစ်ပါး...
ဣနြေ္ဒသိက္ခာ အပြည့်... ယုံကြည်ချက် အပြည့်....
နေ့စဉ် ဒီလိုပဲ...  ကြည်ညိုဖွယ် ပသာဒနီယ ဂုဏ်ဖြင့် ဆွမ်းခံကြွနေကျ။
ဒီနေ့ ကတော့ ထူးထူးခြားခြား.. မုန့်ဟင်းခါး ဆွမ်းဘုဉ်းပေးဖို့ လက်အုပ်ချီလျှောက်ထားသူ၊ နေရာ ခင်း ကျင်းပေးသူ၊ မုန့်ဟင်းခါးပြင်ဆင်ပေးသူ၊ မုန့်ဟင်းခါး ဆက်ကပ်သူ၊ ရေနွေးကြမ်း ငှဲ့ပေးသူ၊ လိုက်ပွဲ လိုက်ပေး သူ... စုံလို့..စုံလို့။
သံဃာတော်တွေ ကလည်း အများသား။ အထူး သဖြင့် စာသင်သား သံဃာတွေက အားပါး တစ်ရ ဘုဉ်းပေး ကြ၊ ချီးမြှောက်ကြ။
ဦးပဉ္ဇင်း ဦးတေဇော လည်း ဗိုက်ဆာဆာဖြင့် နှစ်ပွဲ တိတိ ဘုဉ်းပေးလိုက်ပြီး သင်္ကန်း ကလေးပြင်၊ သပိတ် ကလေး ပွေ့ပိုက် လိုက်ကာမှ အလှူရှင် ဒကာမကြီး ရောက်လာ၊ လျှောက်ထားလို့  ရပ်တော်မူလျက်ပင် နားထောင်နေလိုက်မိတယ်။
Wednesday, May 4, 2016
အသက် (၅၀) မရောက်ခင်မှာ လုပ်သင့်တဲ့ အလုပ် (၂၆) ခု
U Aung Naing's photo.
အသက်(၅၀) ရောက်ပြီ ဆိုရင် လူ့သက်တမ်း အရ အရွယ်အိုချိန် ကို စတင်ချင်းနှင်း ၀င်ရောက်ခဲပြီး ဖြစ် ပါတယ်။ ဒီတော့ ကျန်ရှိတဲ့ သက်တမ်း မှာ စိတ် ချမ်းချမ်း သာသာ နေနိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေ ရှိပါတယ်။
စာရှုသူ ပရိသတ်ထဲမှာ အသက် ၅၀ အရွယ် ကို ရောက်တော့မယ့်  သူများ ရှိနေခဲ့ရင်၊  ဒါမှ မဟုတ် သူတို့ နဲ့ ဆွေမျိုးတော်စပ်ရင် အောက်ပါ အချက် (26 ) ချက်ကို အကြံပြုပေးကြပါလို့။
1. စိတ်ကြိုက် Band တစ်ခု ရဲ့ Live Show ကို ကြည့်ဖြစ်အောင် ကြည့်ပါ။
2. အတိတ် က မမေ့နိုင်သူ ကို မေ့လိုက်ပါတော့။
3. ကောင်းကျိုး မပေးနိုင်တဲ့ သူငယ်ချင်းတွေ နဲ့ အဆက်အသွယ်ဖြတ်တောက်ပါ။
4. အားလပ်ရက်မှာ အချစ်ဆုံး သူငယ်ချင်းတွေ နဲ့ ဆုံတွေ့ပါ။
5. တစ်ကိုယ်ရေ အပန်းဖြေခရီး ထွက်ပါ။
6. မိဘတွေ ရဲ့ စေတနာ အမှားတွေကို အပြည့်အ၀ နားလည်ဖို့ ကြိုးစားပါ။
7. စိတ်ပင်ပန်းမှုတွေ ကို စာအုပ် မှာ ရက်စွဲ နဲ့ မှတ်သားပါ။
8. တစ်ကယ် လိုအပ်တဲ့ နေရာတွေ ကို လှူဒါန်းမှုတွေ တတ်နိုင်သလောက် လုပ်ပါ။
9. လူကြိုက်များတဲ့ စာအုပ်တွေကို ဖတ်ပါ။
10. ပရဟိတ တစ်ခုခုမှာ စေတနာ့ဝန်ထမ်း အဖြစ် ကုသိုလ်ယူပါ။
ယောက္ခမ အကြိုက် စကား (၆) ခွန်း
ငွေတာရီ's photo.
လောက မှာ ယောက္ခထီး နဲ့ ချွေးမ မပြေလည် တာထက် ယောက္ခမ နဲ့ ချွေးမ မပြေလည်တာ က ပိုများ တတ် ပါတယ်။  အဓိက လူတွေမှာ လိုအပ်တာက အပြောချိုသာမှု ပါပဲ။ အပြော ချိုရင် အရာအားလုံး မှာ အဆင်မပြေဘူး ဆိုတာ ထက် ပြေလည်ကြတာက ပိုများပါတယ်။ 
ဒီတော့ ကိုယ် နဲ့ ယောက္ခမ က အတူတူ နေလို့ပဲဖြစ်ဖြစ် မနေလို့ပဲဖြစ်ဖြစ် မပြေလည်ကြရင် ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရော စိတ်ညစ်ရပါတယ်။ ဘာပဲပြောပြော ပြေလည်တာ ကတော့ အတိုင်းထက် အလွန်ပေါ့လေ။ ဒီတော့ ဘယ်လို စကားတွေကို အဓိကထားပြောရမလဲ ……..
(၁) ဘယ်တော့ကြည့်ကြည့် နုပျို လန်းဆန်းနေတာပဲ။
ဒီ စကားတစ်ခွန်း က တကယ်တော့ ဘယ်သူ့ ကိုပြောပြော အပြောခံရတဲ့ သူတွေက ကျေနပ် သဘောကျကြ ပါ တယ်။ ယောကျာ်းပြောပြော မိန်းမပြောပြော အားလုံးကကြိုက်ကြပေမဲ့၊ ကိုယ့်ယောက္ခမဖြစ်သူ ကိုပြောတော့မယ် ဆိုရင်တော့ အရမ်းကြီး အကဲ မပိုဖို့လိုပါတယ် ။ သူက ဒီလိုက သက်သက် လာမြှောက် တယ် မထင်ရအောင် ပြောတတ်ဖို့လိုပါတယ်။ 
ဥပမာ ။ ။ အမေရယ် အမေ့ကို ဘယ်တော့ကြည့်ကြည့် လန်းဆန်းနေတာပဲ။ ခုနေ သမီး နဲ့သွားရင် သမီး ကတောင် အိုတဲ့ရုပ် ထွက်နေတာ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက် ပါတယ် ဆိုတာမျိုးလေးပေါ့ ။
(၂) အမေ့လက်ရာ က အရမ်း စားလို့ကောင်းတာပဲ ။
ဒီ စကား ကတော့ စားဖိုမှူး  တစ်ယောက်နဲ့တွေ့မိလို့ သူ့ကို ဒီ စကားလေးပြောပြီး ချီးကျူးပေးရင် သူလည်း သဘောကျပြီး နောက်ကို ကိုယ်လာရင်တောင် ကောင်းကောင်း မွန်မွန် ပိုထည့်ပေးဖို့ ၀န်လေးမှာ မဟုတ် ပါဘူး။
 နောက်ပြီး သူများ အိမ်မှာ ဧည့်သည် သွားလုပ်ရင်လဲ အမ လက်ရာလေးက ကောင်းလိုက်တာ ၊ ထမင်းဆိုင် ထက်တောင် သာတယ် ဆိုတာမျိုးလေး ချီးကျူးလိုက်ရင် ဘယ်သူ မဆို ပီတိဖြစ်မှာပါပဲ။
သင်ဒါတွေ သိသလား
နည်းစနစ်ကျကျအတွေးအခေါ်'s photo. 
အရက် ဖြတ်ဖို့ စပျစ်ရည် သောက်စို့ 
အရက် စွဲနေသူများ အတွက် အရက် သောက်ချင်စိတ် ကို အများဆုံး ပြေပျောက် စေနိုင်တာလည်း စပျစ်ရည် ပါပဲ။ အရက်ဖြတ်သူများ  အတွက် တန်ဖိုး အရှိဆုံး အစားထိုး အစာ အဖြစ် စပျစ်ရည် ကို အသုံးပြုနိုင်ပါ တယ်။
အရေပြားပေါ်က အနာတွေ 
မုန်လာစေ့ ကို ညက်အောင် ကြိတ်ခြေပြီး ကြေညက် ပျစ်ချွဲ သွားတဲ့ အခါ ရေ နဲ့ မပျစ် မကျဲ ဖျော် ၍ မျက်နှာပေါ် က အပြစ်အနာ အဆာတွေ ပျေက်ကင်းစေဖို့ လိမ်းပေးနိုင်ပါတယ်။  ၀က်ခြံ၊ မှဲ့ခြောက် ကို
ပျောက်ကင်းစေပါတယ်။ 
Dr. Aman ရေးတဲ့ Medicinal Secrets of  Your Food ထဲမှာတော့ ပွေးပေါက်ခြင်း ကိုလည်း နိုင်နင်းတယ်လို့
ဖော်ပြထားပါတယ်။
 သွေးအား နည်းခြင်း
ပဲပုတ်စေ့ မှာ သံဓာတ် များစွာ ပါဝင်တဲ့ အတွက် သွေးအားနည်းရောဂါ ဝေဒနာရှင် ကို များစွာ အထောက် အကူ ပြုနိုင်ပါတယ်။
 သွေးအားနည်း သူတွေဟာ အစာချေဖျက်ရန်လည်း ခက်ခဲ လှတာကြောင့် သွေးအား နည်း ရောဂါရှင် ကို ပဲနို့ တိုက်ကျွေးခြင်းဖြင့် အစာကြေ လွယ်ပြီး သံဓာတ် လည်း ဖြည့်ပေးနိုင်ပါတယ်။
Monday, May 2, 2016
သံပုရာသီး အစွမ်း အံ့မခန်း (မိန်းကလေးများ ဖတ်သင့်သည်)
Yoyolay's photo.
ကျွန်တော် သူငယ်ချင်း ကို မျှဝေပေးခြင်တာက သံပုရာသီး ရဲ့ အသုံးဝင်ပုံ အကျိုးရှိပုံ တွေကို မျှဝေပေးချင် ပါတယ် ခင်ဗျာ ။
*ခံတွင်း ကျန်းမာရေး*
သံပုရာသီး ဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီး အခွံ ကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွား ကို ဖြူစေရုံတင် မကဘူး။ တောက်ပစေပါတယ်။ ခံတွင်း အနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွား ကိုက်နေရင်လည်း သံပုရာရည် နဲ့ ပလုတ်ကျင်းပေးပါ။
*နှုတ်ခမ်း ကွဲခြင်း*
မျက်နှာလိမ်း ခရင်မ် တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည် တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်း ရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။
*ဆံပင် ကျွတ်ခြင်း*
အုန်းရည်လေးဇွန်း (စားပွဲတင် ဇွန်း)နဲ့ သံပရာရည် တို့ ရောစပ်ပြီး တစ်ပတ် တစ်ခါလောက် လိမ်းပေးရင် ဆံပင် ကျွတ်တာ ပျောက်ကင်း စေပါတယ်။
*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*
ကြက်ဥ အကာရည်နှင့် သံပရာရည် (သံပုရာသီး တစ်လုံးစာ) တို့ရောပြီး ဆံနွယ် အမြစ် ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေ နဲ့ ပြန်ပြီးဆေးကြောပေးပါ။ တစ်လလောက် လုပ်ပေးရုံ နဲ့တင် ဦးရေပြား သန့် ရှင်းပြီး ဗောက်၊ ဒက် တို့ ကင်းစင်သွားပါလိမ့်မယ်။
*အသားအရေခြောက်သွေ့ခြင်း အတွက်*
ငှက်ပျောသီးမှည့် တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက် နဲ့ ချေထားတဲ့ ငှက်ပျောသီး တို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာ နဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေ ကို ချောမွေ့ သန့်ရှင်း စေပါတယ်။
ဖုန်း နဲ့ အင်တာနက် သုံးတဲ့အခါ ဘေလ်တွေ အရမ်းကုန်နေတာကို ဘယ်လိုလျှော့ချမလဲ
 Myabuyin Mobile & Electronic's photo.
ငွေဖြည့်ကတ် ငါးထောင် တစ်ကတ်ဖြည့်ထားလည်း အင်တာနက် သုံးရင် ဘယ်နှစ်ရက် မှ မသုံးလိုက်ရလို့ စိတ်ညစ်နေပါသလား။ စိတ်မပူပါနဲ့။ မိုဘိုင်းဒေတာ သုံးစွဲမှုကို အနည်းဆုံး အဆင့် အထိ လျှော့ချနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ 
ဒီ နည်းလမ်းလေးတွေ ဟာ အရမ်းလည်း လွယ်ကူတဲ့ နည်းလမ်းတွေ ဖြစ်တာကြောင့် စာဖတ်သူ ကိုယ်တိုင် အလွယ်တစ်ကူ လိုက်လုပ်နိုင်ပါတယ်။
(၁) Auto-update Apps တွေကို ပိတ်ပစ်ပါ။
အင်တာနက် သုံးရင် ဘေလ် အရမ်းကုန်နေရတဲ့ အချက်ထဲမှာ Google Play ကနေ App တွေ update လုပ်နေ တာကြောင့် ဖြစ်နိုင်ပါတယ်။ သင့် ဖုန်းထဲမှာ Play Store ရှိရင်၊ ဘယ်ဘက် အပေါ်ထောင့် အလျားလိုက် မျဉ်းလေးကြောင်းပြထားတဲ့နေရာ ကနေ Settings ထဲ ၀င်ပါ။ ထို့နောက် အပေါ်ဆုံး က ‘Auto-update apps’ ဆိုတာကို နှိပ်ပြီး၊ ‘Do not auto-update apps’ ဆိုတာကို ရွေးပေးလိုက်ပါ။
(၂) Chrome browser ရဲ့ ဒေတာ သုံးစွဲမှုကို လျော့ချပစ်ပါ။
ဝက်ဆိုဒ်တွေကြည့်တဲ့အခါ Chrome ကနေ ကြည့်တယ် ဆိုရင်၊ ဒီအချက် နဲ့ ဒေတာ သုံးစွဲမှု ကို ၃၅ ရာခိုင်နှုန်းလောက် လျော့ချနိုင်ပါတယ်။
ပထမဦးဆုံး ဖုန်းရဲ့ Chrome အက်ပလီကေးရှင်းကို ဖွင့်လိုက်ပါ။ ညာဘက် အပေါ်ထောင့်နေရာ ကို နှိပ်လိုက် ရင်၊ မီနူးတစ်ခု ကျလာပါလိမ့်မယ်။ ထိုနေရာ ကနေ ‘Settings’ ထဲဝင်ပါ။ အောက်ကို ဆွဲချလိုက်ရင် ‘Data Saver’ ဆိုတာ ရှိပါတယ်။ Data Saver ကို On လုပ်ပေးလိုက်တာနဲ့ ၀က်ဘ်ဆိုဒ်ကြည့်ရင် ဘေလ် ကုန် တာ တော်တော်လျော့သွားမှာပါ။ အားနည်းချက် ကတော့ Chrome မှာ ကွန်နက်ရှင် နည်းနည်းလေး ပါ လိမ့်မယ်။