Tuesday, October 21, 2014

မီးခိုး ခေါင်းတိုင်တွင်း ဝင်ကာ ရည်စားနှင့် သွားတွေ့ သည့် အမျိုးသမီး

 unnamed

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင် အွန်လိုင်း တွင် တွေ့ဆုံ ရာမှ ချိန်းမိသည့် အမျိုးသား ထံသို့ နေအိမ် မီးခိုးခေါင်တိုင် အတွင်း မှ ဝင်ရောက်ကာ သွားသူ အမျိုးသမီး ခေါင်း တိုင် အတွင်း ပိတ်မိနေကာ ကယ်ဆယ် လိုက်ရကာ အိမ်ကျော်ကျုးနင်း ဝင်ရောက်မှုဖြင့် ဖမ်းဆီးလိုက်ရကြောင်း အာဏာပိုင်များက ပြောသည်။

အသက် ၃၀ ရွယ် ဂျီနိုဗီနာ သည် ၎င်းနှင့် အွန်လိုင်း တွင်တွေ့ဆုံ ကာ အပြင်၌့ လည်း နှစ်ခါ သုံးခါ တွေ့ဆုံ ဖူးသူ အမျိုးသား ထံသို့  မီးခိုးခေါင်တိုင် မှ တစ်ဆင့် ကျုးနင်း ဝင်ရောက် ခဲ့ခြင်းဖြစ် သည်ဟု ဟူစတန်ပို့ စ်သတင်းအရသိရသည်။


 
မီးခိုးခေါင်တိုင် တွင်း ဆို့ ညှပ်နေ ၍ ငိုကြွေးနေသူ ဂျီနိုဗီနာ ၏ အသံ ကိုကြား၍ အိမ်နီးချင်း များ က ၉၁၁ အရေးပေါ် သို့ အကြောင်းကြား ရာမှ မီးသတ် များရောက်ရှိ လာပြီး ခေါင်းတိုင် တွင်း တစ်ဆို့နေရာ မှ ကယ်ထုတ် ခဲ့ခြင်း ဖြစ်သည်။ 

 ခေါင်းတိုင် အတွင်း တစ်နေသူ ဂျီနိုဗီနာ ကို ချောဆီများ၊ ဆပ်ပြာများ သုံးကာ နှစ်နာရီ ကြာမျှ ဆွဲထုတ် ခဲ့ရခြင်းဖြစ်သည်။ ၎င်းအား ဆေးရုံသို့ လည်းပို့ ဆောင်ပေး ခဲ့ပြီး ယခုအခါ တွင် နေအိမ် ကျုးကျော်ဝင်ရောက် မှုဖြင့် တရားစွဲထားသည်။

ရပ်ကွက်နေထိုင်သူ တစ်ဦးက ဂျီနိုဗီနာနှင့် အမျိုးသားဖြစ်သူ တို့ သည် အွန်လိုင်းပေါ် တွင် တွေ့ ဆုံ ခဲ့ကြပြီး အပြင်တွင် လူချင်းခြောက်ကြိမ် ခန့် တွေ့ ဆုံ ဖူးကြောင်းပြောသည်။
 
ဂျီနိုဗာနာ ကို ဒဏ်ကြေးငွေ ဒေါ်လာ ၂၅၀၀ ဒဏ်ရိုက် ထားရာ ၎င်း မိသားစု များက ယင်းငွေ ကို ပေးဆောင် မည်ဖြစ်ပြီး ဂျီနိုဗီနာ က လူကောင်း တစ်ဦးဖြစ်ကြောင်း ပြောခဲ့သည်။
 

 mizzima
From...Search Myanmar

No comments:

Post a Comment