Sunday, August 30, 2015

အဖေ ဆိုသည်မှာ


Naung Naung's photo.

ဟိုး. .
ကျွန်တော် ငယ်ငယ် ကလေး ဘဝ
စကားပြောတတ်စ အရွယ်တုန်းကပေါ့


#‎အဖေ နဲ့‬ အမေ ကမေးတယ်
ဖေဖေ နဲ့မေမေ ဘယ်သူ့  ကို ပိုချစ်သလဲတဲ့
ကျွန်တော် ဖြေတယ်
''မေမေ့ ကို ပိုချစ်တယ်''
အမေ ကပြုံးပြီး အဖေ့ ကိုကြည့်တယ်
အဖေ ကတော့ကျွန်တော့် ကို ပြုံးပြုံးကြီးကြည့်နေလေရဲ့. . .
 

အဲဒီ လူထူးဆန်းကြီး အကြောင်း
ကျွန်တော့်ခေါင်းသေးသေးလေး နဲ့
စဉ်းစားလို့ မရခဲ့ဘူး. . . .


ဒီလိုနဲ့ . .
ကျွန်တော် အဝေးရောက်ခဲ့တယ်
အပြုံးတုတွေကြား
ကျွန်တော် ယဉ်ပါး လာတော့. . .
အဖေ့ အပြုံး ကို ပြန်မြင်လာတယ်. .
 

အဖေ ရယ်. . .
အမေ့ ကို ပိုချစ်တယ်ပြောတော့
အဖေ တကယ်ပျော်လို့ပြုံးခဲ့ တာလား. . .
ကျွန်တော့် ရင်ထဲ ဆို့နင့်နေတယ်
 

ဟုတ်တယ်. . .
အဖေ ဆိုတာ. . .
ခံစားချက်ကို မျိုသိပ်
ကျွန်တော်တို့ အိပ်မက်တွေ အရောင်လက်ဖို့
တိတ်တိတ် ကလေး ပေးဆပ်ခဲ့တဲ့ သူ. . .



Saturday, August 29, 2015

ကင်းမြီးကောက် ဘုရင်မ


         


ထိုင်းနိုင်ငံမှာ ရှိတဲ့ အမျိုးသမီး တစ်ဦးဟာ အဆိပ်ပြင်း တဲ့ ကင်းမြီးကောက်တွေ ကို ကိုင်တွယ်ပြခဲ့ တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့လှည့် ခရီးသွားတွေ  လာရောက် လည်ပတ် တဲ့ ပတ္တရားမြို့ရှိ Tiger Zoo မှာ ချောမော လှပတဲ့ အမျိုးသမီးတစ်ဦး ဟာ လာရောက် တဲ့ ဧည့်သည်တွေ ကို ကင်းမြီးကောက်တွေ ကို သေ ချာ ရှင်းပြမှု ပြုလုပ်ခဲ့ သလို ရင်းနှီးစွာ ကိုင်တွယ် ပြခဲ့တာကြောင့် အံ့အားသင့် စရာဖြစ်ခဲ့ရတာပါ။ 

သူ့ကို ကင်းမြီးကောက် ဘုရင်မ အဖြစ် လူသိများ ကြပါတယ်။ သူဟာ နာမည် နဲ့ လိုက်အောင် ကင်မြီးကောက်တွေ ကို ပုံစံ အမျိုးမျိုး နဲ့ ကိုင်တွယ်ပြခဲ့ပါတယ်။ 

ကင်းမြီးကောက် အကောင်ကြီးတွေ ကို အ၀တ်အစား မှာ ချိတ်တွယ်ပြခဲ့ ပါတယ်။ ကမ္ဘာလှည့် ခရီးသွား တွေ ဟာ ကင်းမြီးကောက် ဘုရင်မ နဲ့ တွဲဖက်ပြီး အမှတ်တရ ဓာတ်ပုံ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ ဒါကို ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ရက် မှာ တင်ရှိ ထားတာ ဖြစ်ပါတယ်။


ဗိုက်ချပ်ရန် ဆရာခိုလိမ်းဆေး သောက်နေခြင်း အန္တရာယ်ရှိ

ဓာတ်ပုံ - နစ်ကီ


တိုင်းရင်းဆေးဝါး တစ်မျိုး ဖြစ်သည့် ဆရာခို အနာလိမ်းဆေး ကို ဗိုက်ချပ်ရန်နှင့် အစာအိမ်ရောဂါ အမျိုးမျိုး အတွက် သောက်ဆေး အဖြစ် အသုံးပြုနေသည် မှာ အ ဆိပ်ဖြစ်စေနိုင်ပြီး သောက်ဆေး အဖြစ် အသုံး မပြု သင့်ကြောင်း တိုင်းရင်းဆေး သမားတော်များနှင့် အထွေထွေရောဂါကု ဆရာဝန် အ ချို့က သတိပေးပြော ကြား သည်။

အနာလိမ်းဆေး အဖြစ်ထုတ် လုပ်ထားသော ဆရာခိုဆေးတွင် နှမ်းဆီ၊ လေးညှင်း၊ ဒုတ္ထာ၊ပရုတ်၊ မုန်ညင်းဆီ၊ ဇာတိပ္ဖိုလ်၊ ထော ပတ်၊  ပျားဖယောင်း  စသည့် ပစ္စည်း ရှစ်မျိုး ပါဝင်ပြီး ယင်း အနက် ပရုတ်နှင့် ပျားဖယောင်း တို့မှာ လိမ်းဆေး တွင် ဘေးထွက် ဆိုးကျိုး မရှိသော်လည်း သောက်ဆေး အ ဖြစ် အသုံးပြုလေ့ မရှိကြောင်း ရန်ကုန် တိုင်းရင်းဆေးရုံကြီး မှ သမားတော်တစ်ဦး ကပြောသည်။

‘‘တိုင်းရင်းသောက်ဆေး မှာ ပရုတ် ကို နည်းနည်း သုံးလေ့ ရှိပေ မယ့် ဖယောင်း ကိုတော့ သုံးလေ့ မရှိဘူး။ အဲဒီနှစ်ခုက လိမ်းဆေး မှာ အဓိက သုံးတာ’’ဟု အထက်ပါ သမားတော် က ရှင်းပြသည်။ လူမှုကွန်ရက် များ တွင် ဆရာခိုသောက်ပါ က ၀မ်းဗိုက် သိသိသာသာ ချပ်သည်ဟု ဆိုကာ အ ချင်းချင်းဝေမျှနေကြရာ မှ ယုံ ကြည်ပြီး လိုက်ပါသောက်သုံးသူ များလည်း ရှိလာသည်။ 

အဆီကျကာ လှပ လိုသည့် အမျိုးသမီးများ အချင်းချင်းသောက်သုံးရန် တိုက် တွန်းကြပြီး အချို့ကလည်း အန္တ ရာယ်ရှိနိုင် သဖြင့် သတိထားရန် သတိပေးကြသည်။

Friday, August 28, 2015

စိန်





ကမ္ဘာပေါ်တွင် ကျောက်မျက် ရတနာ အမျိုးပေါင်း ၁၂၀ ကျော် ရှိသည့်အနက် စိန် သည် အဖိုး အထိုက်တန် ဆုံးသော ရတနာ တစ်မျိုးဖြစ်၏။ 

စိန် သည် လူတို့၏ လက်ဝတ်ရတနာ တန်ဆာများ အတွက်သာမက စက်မှုလုပ်ငန်း များတွင်လည်း အရေးပါ သည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ မာခြင်း အဆင့် အမြင့်ဆုံးဖြစ်သည်။ အဆင့် ၁၀ ၌ ရှိသဖြင့် မာခြင်းအဆင့် အမြင့် ဆုံးဖြစ်ပြီး စိန် ကို ကျောက်မျက်ရတနာ များ၏ ဘုရင် ဟု ခေါ်စမှတ်ပြုကြသည်။

ထူးခြားသည့် တောက်ပ လင်းလက်မှု
============================

လက်ကိုင် အိတ်ဆောင် မှန်ဘီလူး (10x lens)နှင့် စိန် ကိုကြည့်လျှင် စိန် ၏ ပင်ကိုယ် အလင်းရောင်ဖြင့် တဖိတ် ဖိတ်တောက်ပနေသည် ဟု ထင်မှတ်ရသည်။ သို့ရာတွင် စင်စစ် ထို အလင်းရောင်သည် စိန် ၏ ပင်ကိုယ် အလင်းရောင် မဟုတ်ပေ။ 

အလင်းရောင်သည် ရေ၊ ဖန်ထည် ပစ္စည်း စသည်တို့တွင် ဖြတ်သန်း သွားသောအခါ မူလ လမ်းကြောင်းမှ အနည်းငယ် ယိမ်းယိုင် သွားတတ်သည်။ အလင်းရောင် သည် စိန် ကိုဖြတ်သွားသော အခါတွင်မူ ပိုမိုယိမ်း ယိုင်သွားလေ့ ရှိသည်။ 

ထို့ကြောင့် အကွက်ဖော် ထားသော စိန် ၏ မျက်နှာပြင်ပေါ်သို့ သက်ရောက်လာသည့် အခါ အလင်းရောင် သည် အပြင်ဘက် သို့ တစ်မဟုတ်ချင်း ထွက် မသွားဘဲ အတွင်းသို့ ရိုက်ဟပ် သွားသည်။

တစ်ဖန် ထို အလင်းရောင်သည် စိန် ၏ အတွင်း၌ပင် အဆင့်ဆင့် အနည်းငယ်စီ ယိမ်းယိုင် သွားပြီး နောက် ဆုံး မှသာ အပြင် သို့ ထွက်သွားသည်။ စိန် ကို အလင်းရောင်အောက်တွင် ထုတ်ထားသော အခါ စိန် အတွင်း ၌ အလင်းရောင် ခိုအောင်းလေ့ ရှိရာ ထိုသို့ ခိုအောင်းနေသည့် အလင်းရောင် က ပင်လျှင် စိန် ကို အရောင် တဖိတ်ဖိတ် တောက်ပစေသည်။ 

တန်ဖိုး အလွန် ရှိသော သဘာဝ ဆေးနည်းတိုများ



ဝက်ခြံပျောက်နည်း ....
ကြက်ဟင်းခါး အစေ့ ကို ဆားနှင့်ရောပြီး ညက်အောင်ကြိတ်ပါ။ ရလာသော အနှစ် ကို အရက် အနည်းငယ်နှင့် သင့်ရုံဖျော်ပြီးနောက် ရလာသော အရည်နှင့် ၀က်ခြံ များကို လိမ်းပေးပါက ၀က်ခြံ များ ပျောက်ပါသည်။

အရိုး စူးလျှင်ပျောက်နည်း ....
ငါးရိုး စူးလျှင် လည်ချောင်း ထဲမှ ထုတ် မရပါက လျှင်မြန်စွာကြက်ဥ အစိမ်း ကို ခွဲပြီး တစ်ခါတည်း မျိုချလိုက် ပါက ငါးရိုး သည် တစ်ခါတည်းလျှောကျ သွားပါလိမ့်မည်။

ခြေထောက် ကို သံစူးလျှင် သက်သာနည်း ....
သံစူးသောနေရာ တွင် ဆားနှင့် ဂျင်း ကိုကြိတ်ပြီး အုံပေးပါ။ သံ အဆိပ်ရှိ သမျှ ၄င်းဂျင်း ထဲသို့ကျ လာပါ လိမ့် မည်။ တစ်နေ့လျှင် နှစ်ခါ အုံပေးရပါသည်။

ဆံပင် မကျွတ်စေသောနည်း....
အမျိုးသမီး များ ဆံပင် ကျွတ်သည် ဆိုပါကပျားရည်နှင့် ဂုံညင်းခဲ တို့ကိုသွေးပြီး ဆံပင် ကို လိမ်းပေး ပါက ဆံပင် များ ကျွတ်ထွက်ခြင်း မဖြစ်နိုင်တော့ပါ။

အိပ်ပျော်နည်း ....
ဒန်းကျွဲစေ့ခြောက် ကို မီးနှင့်လှော် အမှုန့်ပြုပြိးကော်ဖီနှင့်ရောသောက်ပါ။

ခေါင်းကိုက် သက်သာနည်း ....
ကိုယ်လက် ပင်ပန်းပြီးခေါင်းကိုက် လျှင် သံပုရာသီး တစ်ခြမ်း ကို အနှပ်ရည် ကျကျ ထဲသို့ ထည့်ပြီးသောက် ပါ က ခေါင်းကိုက် သက်သာပျောက်ကင်းပါသည်။


Thursday, August 27, 2015

ခင်ပွန်းကြီး (၁၀) ပါး အား ၀န်ချ ကန်တော့ရန်

 Myanmar Kaung Lay's photo.

 ၁။ သဗ္ဗညုတ ဘုရားရှင်များ တို့၏ အပေါ်၌ လည်းကောင်း။
 

၂။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌ လည်းကောင်း။
 

၃။ အဂ္ဂသာဝက အရှင်မြတ်များ အပေါ်၌ လည်းကောင်း။
 

၎။ ရဟန္တာ အရှင်မြတ်များတို့ အပေါ်၌ လည်းကောင်း။
 

၅။ ပစ္စုပ္ပန် ၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များ အပေါ်၌ လည်းကောင်း။
 

၆။ ပစ္စုပ္ပန် ၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များ အပေါ်၌ လည်းကောင်း။
 

၇။ တရား အသိထူး ရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသမားများ အပေါ်၌ လည်းကောင်း။
 

၈။ သီလ၀န္တ သူတော်စင် အပေါင်းတို့ အပေါ်၌ လည်းကောင်း။
 

၉။ လောကီပညာ များကို သင်ပေးကြကုန်သော ဆရာသမား များ အပေါ်၌လည်းကောင်း။


သစ်တွက်နည်း

သုတရသမျှဝေမယ်'s photo.

မြန်မာ လက်သမား တို့၏ သစ်တွက်နည်းဝေမျှပါသည်။
သစ် တစ်တန်= ၄၀၀ လက္မ သတ်မှတ် ပါသည်။
.
ဥပမာ ၂"X၁"( အရှည်၁၈ ပေ)=၂" ဟု သတ်မှတ်သည်။
၄၀၀ ÷၂= ၂၀၀ ထို့ကြောင့် ၂"၁"(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
.
 

၃" x ၁" = ၃"  (အားလုံးပေရှည် ၁၈ပေ မှတ်ယူရ ပါမည်)
၎" x ၁" = ၄"  (၁၀၀ချောင်း)
၅" x ၁" = ၅"  (၄၀၀စား၅ (၈၀ချောင်း)
၆" x ၁" = ၆"  (၆၆.၆ ချောင်း)
၃" x ၀.၅" = ၁.၅"  (၂၆.၆၆ ချောင်း)
၎" x ၀.၅" = ၂"  (၂၀၀ ချောင်း)
၎" x ၄" = ၁၆  လက္မ(၂၅ ချောင်း)
၅" x ၅" = ၂၅   လက္မ(၁၆ ချောင်း)
.

ဇနီးမောင်နှံ များ အိမ်ဝယ်တဲ့ အခါ စဉ်းစားသင့်စရာ အချက်လေးများ….




ဇနီးမောင်နှံ များ အတွက် မိသားစု တစ်ခုကို တည်ထောင်ကြတဲ့ အခါ နောင်တစ်ချိန် သားလေးတွေ၊ သမီးလေးတွေ မွေးဖွားလာ တဲ့ အခါ သိုက်သိုက် ဝန်းဝန်းနေထိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လေး နဲ့အိမ်လေး တစ်လုံး ကို ပိုင်ဆိုင်ချင်ကြမှာပါ။ 

အဲဒီလို အချိန်မှာ ဘယ်နေရာလေး မှာ အိမ် ဝယ်ရင်ကောာင်းမလဲ ဆိုတာလည်း တွေးလာမိကြမှာ အမှန်ပါ။ ဇနီးမောင်နှံ တို့အတွက် အိမ်တစ်လုံးကို ၀ယ်ဖို့ ပထမဆုံး အကြိမ်ဖြစ်နေ ခဲ့ရင် လက်ရှိ မိမိတို့ရဲ့လိုအပ်ချက်၊ အနာဂတ်မျော်မှန်း ချက်တွေ နဲ့ ပတ်သက်ပြီး အသေ အချာ နားလည် သဘောပေါက်ဖို့လိုပါတယ်။

အဓိက အနေနဲ့ မောင်နှံ တို့ဟာ အိမ် အတွင်း အခန်းများများ ပါရမယ် ဆိုတဲ့ စိတ်အစွဲ ထက် ဘယ်လို အခန်း အမျိုးအစားဖြစ်သင့်တယ် ဆိုတာ ကို နားလည် သဘောပေါက်နေဖို့အရေးကြီးပါတယ်။ 

ဥပမာ- ကလေးတွေမွေးလာမယ့် အစီအစဉ် ရှိနေခဲ့ရင် ကလေး အတွက် အိပ်ခန်း၊ မိသားစု နားနေခန်း၊ မိတ်ဆွေတွေ လာရင်တွေ့ဆုံ ဧည့်ခံမယ့် ဧည့်ခန်း၊ မိသားစု အိပ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင် အစရှိတဲ့ အခန်း အမျိုးအစားတွေ ဘဲဖြစ်ပါတယ်။ ဒီ အတွက် ငွေကြေး အတိုင်းအတာ ပမာဏ တစ်ခုဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက် ဘဲဖြစ်ပါတယ်။

အိမ်တစ်လုံး ဝယ်ယူ ဖို့စဉ်းစားလိုက်တဲ့ အချိန်မှာ အိမ်လေး ရဲ့ ကောင်းမွန်ပြည့်စုံမှု နဲ့ ရပ်တန့်မနေဘဲ မိသားစု နဲ့ နွေးထွေးစွာ ဖြတ်သန်း ဖို့ဒီလို အချက်လေးတွေ ကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။


Wednesday, August 26, 2015

ချစ်စမ်းမောင်

 Mr Zaw's photo.



အင်တာဗျူး
Iron Cross (IC) ၏ လိဒ် ဂစ်တာသမား ချစ်စမ်းမောင်သည် ကွယ်လွန်သူ တေးရေး ဂစ်တာသမား စောဘွဲ့မှူး ၏ တပည့် တဦးဖြစ်ပြီး IC ၏ လိဒ်ဂစ်တာ သမား အဖြစ် နှစ်ပေါင်း ၂၀ ကျော် တီးခတ်ခဲ့သူ ဖြစ်သည်။ 


အသက် ၄ နှစ်ကျော် အရွယ် ကတည်း က ဂစ်တာ စတီးခဲ့ပြီး ယခု အသက် ၃၀ ကျော်ထိ လိဒ် ဂစ်တာကိုသာ တစိုက် မတ်မတ် တီးခတ်သူ ဖြစ်သည်။ တကိုယ်တော် လက်စွမ်းပြ ဆိုလိုစီးရီး အဖြစ် ခြောက်ကြိုးကဝေ အမည် ရှိ စီးရီးကို ထုတ်ဝေ ခဲ့ရာ ဂီတလောက တွင် ပြောစမှတ်တွင်သည့် စီးရီး တခွေဖြစ်ခဲ့သည်။ 

ချစ်စမ်းမောင် သည် အိုင်စီရှိုးတိုင်းတွင် ဂစ်တာ ဆိုလို တီးခတ်၍ ပရိသတ်အား ဖမ်းစားနိုင်သူဖြစ် သည်။ ရော့ခ် ဝါသနာအိုး ဂစ်တာ ရူးသွပ်သူ လူငယ် များက ဆရာချစ် ဟု ခေါ်တွင်သော ချစ်စမ်းမောင် ကို ဘန်ကောက်မြို့တွင် တွေ့ဆုံခိုက် ဧရာဝတီ မဂ္ဂဇင်း က တွေ့ဆုံမေးမြန်းခဲ့ ပါသည်။

 မေး။ ။ ဒီနှစ်ထဲမှာ ထူးထူးခြားခြား ဂစ်တာ နဲ့ ပတ်သက်လို့ ဘာတွေ လုပ်ဖို့ ရှိပါသလဲ။

 ဖြေ။ ။ ခုလောလောဆယ် မှာ စာအုပ် ထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ တပ်ပ် (Tab) ကော၊ ပက်ကား နုတ်စ် ကော၊ တရုတ်နုတ်စ် ကော ပါတဲ့ စာအုပ်ပေါ့။

 နောက်တော့ ဗီဒီယို ဂစ်တာ lesson သဘောမျိုးလေးကော လုပ်ဖို့ အစီအစဉ် ဆွဲနေတယ်။ အဲဒါကို ဒီနှစ်ထဲ မှာတော့ ပြီးအောင် လုပ်ဖို့ စဉ်းစားထားတယ်။ ပထမဆုံး အနေနဲ့ က ကျနော်တို့ တီးခဲ့ပြီး ကိုလေးဖြူ တို့၊ ကိုအငဲတို့ ၊ မျိုးကြီး တို့ ဆိုခဲ့တဲ့ ကိုယ်ပိုင် သံစဉ်သီချင်းတွေ လုပ်မယ်။ 

ကျနော်တို့ ကိုယ်တိုင် Creation လုပ်ထားတဲ့ သီချင်းတွေ ကို ဂစ်တာ သင်္ခန်းစာ အနေနဲ့ ပြန်တီးပြမှာပေါ့။ စာအုပ်မှာလဲ အဲဒါ ထည့်မယ်။ တပုဒ်လုံးတော့ မဟုတ်ဘူးပေါ့။ အဓိကက ဆိုလို Parts လေးတွေ လုပ်ပြမယ်။ 


Tuesday, August 25, 2015

ဒီ လက္ခဏာ (၁၄) ရပ် ပြနေပြီ ဆိုရင် သင့် ကျောက်ကပ် ပျက်စီးနေပြီ

 ကျန်းမာရေးသတင်းများ's photo.


 အကြောင်း အမျိုးမျိုးကြောင့် ကျောက်ကပ် ပျက်စီးနိုင် ပါတယ်။ သို့ သော် တချို့ ဝေဒနာသည်တော်တော် များများ မှာ ရောဂါ အခြေ အနေ ဆိုးရွားနေတာတောင် ကျောက်ကပ် ပျက်စီးနေကြောင်း ကို သိသာ ထင်ရှား တဲ့ လက္ခဏာတွေ မတွေ့ ရတဲ့ အတွက်ကြောင့် ထို ရောဂါ ကို တိတ်တဆိတ် လူသတ်သမား လို့ ဆိုနိုင် ပါတယ်။ 

ခန္ဓာကိုယ်ကြီးကောင်းစွာ အသက် ဆက်နိုင်ဖို့ အတွက် ကျောက်ကပ် ရဲ့  အခန်း ကဏ္ဍဟာ လွန်စွာ အရေးပါ လှ ပါတယ်။ ဒါကြောင့် လည်း တခြား ကလီစာများနှင့် မတူ လူ တစ်ယောက် မှာ ကျောက်ကပ် နှစ်ခု (တစ်စုံ) ကို မွေးလာ ကတည်း က အတူ ပါလာရခြင်းဖြစ်ပါတယ်။

 ရောဂါဖြစ်ခါစ မှာ ကုသခြင်းထက်၊ ရောဂါ ကျွမ်းလာ မှ ကုသနိုင် ခြင်းဟာ ရခဲ လှတဲ့ လူ့ ဘ၀အတွက် အင်မတန် မှနှမြောစရာကောင်းပါတယ်။ သို့ ပါ၍ အောက်ဖော်ပြပါ လက္ခဏာ (၁၄) ရပ် ကို လေ့လာ ရင်း ကျောက်ကပ် မပျက်စီး ရလေအောင် မိမိ ဘက်မှ လက်ဦးမှု အရယူနိုင်ကြပါစေကြောင်း အကြံပြုလိုက် ရပါတယ်။

(၁) ဆီး အခြေ အနေပြောင်းလဲခြင်း
“ဆီး အခြေ အနေပြောင်းလဲခြင်း အစ ကျောက်ကပ်ရောဂါ က” လို့ မှတ်ပါလေ။ ပုံမှန် နဲ့ မတူတော့ ဘဲ ဆီး ပမာဏ များလာခြင်း၊ နည်းသွားခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ ယခင်ထက် ဆီး အရောင်ရင့်လာခြင်း၊ အား စိုက် ကာ ဆီးကို ညှစ်ထုတ် ၍သွားရခြင်းတို့ ဖြစ် ပါတယ်။ 

အထူးသဖြင့် ညပိုင်း မှာ ဆီးသွားကြိမ်ရေ များခြင်း ဟာ ကျောက်ကပ် ပျက်စီးခြင်း ၏ စဦးပိုင်း အခြေ အနေဖြစ် တာကြောင့် လစ်လျူ  မရှုသင့်ပါဘူး။ ထို အခြေအနေ မှာ အချိန်မှီ ကုသမှု မခံယူဖြစ်ပါ က ကျောက် ကပ်၏ ၈၀ ရာခိုင်နှုန်း အထိ ပျက်စီးသွားနိုင် တယ်လို့  အိန္ဒိယနိုင်ငံရှိ Pune Region မှ ကျောက်ကပ်ရောဂါ ဆိုင် ရာ အကြီးတန်း အကြံပေးဖြစ်သူ ဒေါက်တာ Avinash Ignatius က သတိပေးထားပါတယ်။

Sunday, August 23, 2015

ဘယ်သော အချိန်မှာ မှ ဇနီး ရဲ့ နေရာလွတ်လေး ကို ကျွန်တော် ဖြည့်ဆည်းပေးနိုင်မှာလဲဗျာ

Tam Kee's photo.

ကျွန်တော့ ဇနီး မှဲ့ကင်ဆာ ဖြစ်ပြီး ကျွန်တော်တို့ ဆီကနေ ထွက်ခွာ သွားတာ ၂ နှစ်ရှိပါပြီ။
ကျွန်တော်ပြန် စဉ်းစားမိတယ်… အိမ်မှုကိစ္စ လုံးဝ မလုပ်တတ်တဲ့ ကျွန်တော် နဲ့ သားလေး ကို ထားခဲ့ ရတာ သူ ဘယ်လောက်ထိ ၀မ်းနည်းလိမ့် မလဲ။

ကျွန်တော် ကိုယ်တိုင်လဲ မိဘ ၂ယောက် စလုံး ရဲ့ ဇာတ်ကောင်နေရာ ကနေကောင်းကောင်း မလုပ်နိုင်တဲ့ အတွက် ကိုယ့်ကိုယ် ကို အားမလို အားမရ ဖြစ်ခဲ့ရတယ်။


တနေ့မှာ ကျွန်တော် အလုပ်ကိစ္စ နဲ့ မနက်စောစော ခရီးထွက်ဖို့ ရှိတော့ ကလေး အတွက် ဘာမှ မပြင် ဆင်ပေး ခဲ့ ရဘဲ ကမန်းကတန်း ထွက်လာခဲ့တယ်။ မနေ့က ထမင်းအေး နဲ့ ကြက်ဥကျော် နဲ့ ထားခဲ့ပေးပြီး အိပ်ယာ မနှိုးသေးတဲ့ သားလေး ကို ပြောပြီး ထွက်လာခဲ့တယ်။

ကလေး ကိုကောင်းကောင်း ကမ်းကမ်း ထားနိုင်ဖို့ အတွက် ကျွန်တော် လဲ အလုပ် ကို ကြိုးစားပြီး လုပ်နေရ တယ်။ အိမ်ပြန် မိုးချုပ်တဲ့ တည မှာ ကျွန်တော် က သားလေး ကို တိုတိုတုတ်တုတ် ဘဲ နှုတ်ဆက်လိုက် တယ်…
 

အလုပ် ပင်ပန်းလွန်း တဲ့ အတွက် အင်္ကျီချွတ်ပြီး ကုတင်ပေါ် ပစ်လှဲလိုက်တယ်။ အဲဒီ အချိန်မှာ ဘဲ ဗွန်း ကနဲ အနီရောင် ဟင်းရည်တွေ နဲ့ ခေါက်ဆွဲ တွေ အိပ်ယာခင်း နဲ့ စောင်တွေ ကို တခဏ တွင်း မှာဘဲ စွန်းထင်စေ ကုန်တယ်…လက်စသတ်တော့ ခေါက်ဆွဲပန်းကန် က စောင်ထဲရောက်နေတာကိုး…

ဒီကောင် ကတော့ တကယ်ဘဲ… ပြောတာနှေးတယ်… လုပ်တာမြန်တယ်… ချက်ချင်း ဘဲ ကျွန်တော် အ၀တ် ချိတ် တစ်ခု ယူပြီး ပြေးထွက် သွားတယ်။ အရုပ်တွေ နဲ့ ကစားနေတဲ့ သားလေး ရဲ့ ဖင်ကို ရိုက်တော့တာဘဲ။ 

ကျွန်တော် တော်တော်လေး ကို စိတ်တိုနေလို့ အဆက်မပြတ် ရိုက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ အချိန် မှာဘဲ သူငို ပြီးပြော လိုက်တဲ့ စကားကြောင့် ကျွန်တော် ရပ်သွားတယ်…

“ထမင်းအိုးထဲ က ထမင်း မနက် ကတည်း က စားလို့ ကုန်သွားပြီ… ညစာ ကို ကျောင်းမှာ ဘဲ စားခဲ့တယ်… ညရောက်တော့ ဖေဖေ က ပြန်မလာသေးဘူး… အံဆွဲ ထဲမှာ ခေါက်ဆွဲထုတ် ရှာတွေ့တယ်… 

ဟာသ တစ်ခုပါ..ဒါပေမဲ့ ပညာတော့ ပါတယ်

 Lwin Pyin's photo.

 လွှတ်တော် အမတ်တစ်ယောက် သေသွားပြီး နတ်ပြည် တံခါးဝ ကို ရောက်သွား၏။ သိကြားမင်း နဲ့တွေ့သည့် အခါ သိကြားမင်း က ပြောတယ်

" အိမ်း မောင်မင်း က လူပြည်မှာ တုန်းက လွတ်တော် အမတ် ဖြစ်ခဲ့လေတော့ ... မင်းတို့ အတွက် အထူးပြ ဋ္ဌာန်း ထားတဲ့ စည်းကမ်း တစ်ခု ရှိနေတယ် ... အဲဒါ ကတော့ မောင်မင်း ငရဲပြည် မှာ တစ်ရက် သွားနေရမယ် ... ပြီးရင်တော့ ငရဲပြည် မှာ ဆက်နေချင်လား ... နတ်ပြည် ကို လာချင်လား ဆိုတာ ဆုံးဖြတ်လို့ ရမယ်ကွယ့် "

" ဗျာ ... ကျနော် ငရဲပြည် မှာ တစ်ရက် သွားနေရမယ် ဟုတ်လား ... ဟို ... ကျနော် လူ့ပြည်တုန်း က ဘုရား တည်ကျောင်းဆောက် ခဲ့ ခဲ့ .... "

" အိမ်း စည်းကမ်း က စည်းကမ်း ကပဲကွယ့် ... သွားစေ"

သိကြားမင်းကြီး လက် တစ်ချက် သပ်လိုက်တာ မှာပဲ လွှတ်တော် အမတ်က သူ့ရှေ့ ကနေ ပျောက် ကွယ် သွားလေတော့တယ်။
 

သူပြန်နိုးလာချိန် မှာတော့ မျက်စိ မဖွင့်ရသေးခင် မှာပဲ သူ ငရဲပြည်ရောက်နေပြီ ဆိုတာ သိနှင့်နေပြီ။ အဲဒါကြောင့် မျက်စိ ဖွင့်မကြည့်ရဲသေးဘဲ၊ အပြင် က အော်ဟစ် ညည်းတွား သံတွေများ ကြားရ မလား ဘာလား ဆိုပြီး နားစွင့်ကြည့်တော့ ဘာသံမှ မကြားရဘူး ... အားလုံး က တိတ်တိတ် ဆိတ်ဆိတ် နဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ရှိနေတဲ့ပုံ။ 

အဲဒီ အချိန် မှာဘဲ
" ဟေ့လူ ... ထတော့လေဗျာ ... ခင်ဗျားက  ဒီမှာ ၂၄ နာရီပဲ နေရမှာ ... အချိန်က သိပ် ရှိတာ မဟုတ်ဘူး "
သူ မျက်စိဖွင့်ကြည့်လိုက် ချိန်မှာတော့ ... သူရောက်နေတဲ့ နေရာ က အတော်လေးကို သားသား နားနား ရှိ လှတဲ့ ဟိုတယ် အခန်း တစ်ခု ဖြစ်နေတာကို တွေ့လိုက်ရတယ်။ 

ခုနက သူ့ကို လှမ်းပြောလိုက်တာ ဘယ်သူ လဲ လှမ်းကြည့် လိုက်တော့၊ အနောက်တိုင်း ၀တ်စုံ သပ်သပ် ရပ်ရပ် ၀တ်ထားတဲ့ ရုပ်ရည် သန့်သန့်ပြန့်ပြန့် နဲ့ လူတစ်ယောက် ကို လက်ထဲ မှာ ၀ီစကီ ခွက်လေး ကိုင် ရက် သားနဲ့ တွေ့လိုက်ရတယ်။

" ခင်ဗျား က ဘယ်သူလဲ "
" ကျနော် က ယမမင်းလေဗျာ "

ကချင်ပြည်နယ် မှာ သတိ ရှိကြဖို့။



Tun Lwin's photo.
၂၃-၈-၂၀၁၅
နံနက်(၁၀း၁၀)နာရီ



 မြန်မာနိုင်ငံ မှာ ရေ ဖုံးလွှမ်းခံရမှု (ရေကြီးမှု) (၆)မျိုး ရှိတယ်။
 

(၁) ကျယ်ပြန့်ရေကြီးမှု (Wide Area Floods)
(၂) လျပ်တစ်ပြက် ရေကြီးမှု (Flash Floods)
(၃) ဆူနာမီ  ရေကြီးမှု (Tsunami Floods)
(၄) မုန်တိုင်း ဒီရေ ရေကြီးမှု (Storm Surge Floods)
(၅) လူလုပ် ရေကြီးမှု (Man-made Floods)
(၆) နယ်စပ်ကျော်ဖြတ် ရေကြီးမှု (Transboundary Floods)
ဆိုပြီးခွဲနိုင်တယ်။


အခု ဒီနှစ် ၂၀၁၅ မှာ (၁) (၂) နဲ့ (၅) ကတော့ ဖြစ်ပြီးနေပြီ။ အခု (၆) ကဖြစ်လာ ဖို့နီးနေပြီ။
 

ကမ္ဘာကြီး ပူနွေးမှုကြောင့် ဟိမ၀န္တာ က ရေခဲတွေက အများကြီး အရည်ပျော်ကျ ကုန်တော့ ပျော်ကျ တဲ့ရေခဲရေတွေဟာ အနိမ့်ပိုင်းတွေမှာ စုဆောင်း မိကြပြီး သဘာဝ မဟုတ် တဲ့ရေကန်တွေ(Artificial Lakes)တွေ ဟိမ၀န္တာတောင်တွေပေါ်မှာ အများကြီးပေါ်လာတယ်။ 

 Tun Lwin's photo.

ဒီ ရေကန်တွေ ဟာ မြေသား ခိုင်မာမှု မရှိတဲ့ အောက်ခံမြေပြင်ပေါ်မှာ သဘာဝ မဟုတ်ပဲ တည်ရှိလာနေကြ တာဖြစ်တဲ့ အတွက် အခုနှစ်လို ဟိမ၀န္တာတောင်တွေပေါ် မှာ မိုးသည်းထန် လာရင် ကန်အောက်ခံမြေတွေ ဟာ ပြိုကျ တတ်ပါတယ်။ 

ဒီအခါ ကန်တွေထဲက စုဆောင်း ထားတဲ့ များပြား လှတဲ့ရေတွေဟာ တောင်းဆင်ခြေလျှော တလျှောက် အရှိန် အဟုန်နဲ့စီးဆင်း လာတတ်ကြပါတယ်။ ရေစီးနှုန်းပြင်းထန် လွန်း လို့ တောင်ပေါ်ဆူနာမီ(Mountain Tsunami) လို့တောင်ခေါ်ကြပါတယ်။
 

Saturday, August 22, 2015

သင် မသိသေးတာတွေ ကို တအံ့တသြ သိစေရမယ်




မြူ's photo.


 ဖတ်ကြည့်လိုက်ပါ .........

၁) သင့် လည်ချောင်း ထဲက ယားနေတယ် ဆိုရင် နားရွက်ကို ကုတ်လိုက်ပါ... နားရွက်မှာ ရှိတဲ့ အာရုံကြောတွေ ကို လှုံ့ဆော်မိတဲ့ အခါ အဲ့ဒီ အာရုံကြောတွေဟာ လည်ချောင်းထဲ ကကြွက်သားတွေကို အလို အလျောက် ရုတ်တရက်တုံ့ပြန်စေပြီး ယားယံမှု ကို ပျောက်ကင်းပါလိမ့်မယ်....
 

၂) လူတွေ ဆူညံနေတဲ့နေရာ မှာ ဒါမှ မဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက် ရဲ့ အသံကို မကြားနိုင်ဖြစ်နေ ပါသလား.... ရုတ်ချည်းပြောလိုက်တဲ့ အသံကိုကြားဖို့ ဆိုရင်တော့ ညာဘက် နားကို အသုံးပြုပါ... ဂီတ သံစဉ်တွေကို နားထောင်ဖို့ ဆိုရင်တော့ ဘယ်ဘက် နားကို အသုံးပြုပါ....
 

၃) သန့်စင်ခန်း ဒါမှမဟုတ် တခြား သင့်တော်တဲ့ တစ်နေရာရာ နဲ့ အလှမ်းဝေး နေတဲ့ အချိန်မှာ သင့် အနေနဲ့ အလွန် အမင်း အခင်းကြီးငယ် သွားချင်နေတယ် ဆိုရင် သင့် ရဲ့ ချစ်သံယောဇဉ်လေးတွေ အကြောင်း စိတ်ကူး ယဉ်လိုက်ပါ... ဒါက သင့်ဦးနှောက် ကို အာရုံလွှဲပြောင်းပေးနိုင်ပါတယ်....
 

၎) ဆရာဝန်က သင့် ကိုဆေးထိုးတော့မယ် ဆိုရင် ဆေးထိုးအပ် ဝင်တာ နဲ့ ချောင်းဟန့် လိုက်ပါ...ချောင်းဆိုးချောင်းဟန့် တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအား ကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာပေးပို့တဲ့ အခါမှာ ကန့်သတ် ထားစေနိုင်ပါတယ်...
 

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့ အခါမျိုး... အသက်ရှူ    လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်း အပေါ်ဘက်နံရံမှာ ဖိကပ် ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ချောင်းနဲ့ ဖိထားလိုက်ပါ... ဒီ အနေ အထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုး ကိုလှုပ်ခါစေနိုင်ပြီး ပိတ်ဆို့နေ တာတွေ လျော့ ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....
 

ဆီးရောဂါ အတွက် သခွါးသီးရည်




သက်ရှည်ကျန်းမာ's photo. 


သခွားသီး အရည် သံပရာရည် တစ်ဇွန်းနှင့် ရေအေးရောစပ်ကာ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့ လိမ်းပေးပါက ဆီးနှင့် အသားပူခြင်း ရောဂါများ ပျောက်ကင်းနိုင်သည်။

အသားအရေ ပူသူများ၊ ဆီးရောဂါနှင့် အမျိုးသမီး များ ဓမ္မတာ သွေးပုပ်ကျန် သည့် အမျိုးသမီး ရောဂါများ ကို ခံစားနေရ ပါက မိမိ အိမ်တွင်း၌ ပင် ကုသပျောက် ကင်းစေနိုင်သည့် သဘာဝ သစ်သီးများနှင့် ဆေးကု သ နည်း တစ်ရပ် ကို ရေးသား ဖော်ပြလိုက်ရပါသည်။


သခွားသီး တစ်လုံး ကို အစေ့ ထုတ်၍ အရည် ရသလောက် ညှစ်ယူ ထားပြီး သံပရာရည် တစ်ဇွန်းနှင့် ရေအေးအေး တွင် ရောစပ်ကာ သမအောင်မွှေပြီးလျှင် မျက်နှာနှင့်ခြေ၊ လက်၊ ခန္ဓာကိုယ်မကျန် လိမ်းကျံပေးခြင်းအားဖြင့် အသား အရေ ချောမွတ် စိုပြည်လာပြီး ပူနေသည့် အသား ကို အေးမြလာစေ မည် ဖြစ်သည်။ 

 နေ့စဉ် ည အိမ်ရာ ဝင်တိုင်း အမြဲပြုလုပ် ပေးပါ က မျက်စိ ကြည်လင်ခြင်း အပြင် ဆီးရောဂါနှင့် ဓမ္မတာ သွေးပုပ် ကျန် အမျိုးသမီး များ အတွက် ရောဂါ များကို ပျောက်ကင်းစေနိုင်သည်ဟု ဆေးသုတေသန မှတ်တမ်းများ အရ သိရသည်။
 
''အခုနောက်ပိုင်း ရောဂါ တစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ်၊ ဝေဒနာ တစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ် ဆေးခန်း ကိုသွားပြီး မပြ ချင်ကြဘူး။ အိမ်ထဲ မှာပဲ ဆေးမြီး တိုတွေ နဲ့ ကျိတ်ကုကြတယ်။ ဒါ ကကောင်းတော့ မကောင်းဘူး၊ အနာ နဲ့ဆေး မတည့်ရင် ရောဂါတွေ ပိုဆိုး လာမယ်။ 


Friday, August 21, 2015

မည်သည့် ဘဏ် ကိုမှ ပိတ်သိမ်း ဖို့ အစီအစဉ် လုံးဝ မရှိ ဘဏ် အားလုံး ဗဟိုဘဏ် ရဲ့စိစစ် မှုအောက်မှာ ရှိနေ


Yangon Media Group's photo.

နေပြည်တော် သြဂုတ် ၁၈

ပြည်တွင်း ရှိ ပုဂ္ဂလိက ဘဏ် အချို့နှင့်ပတ်သက် ၍ ထွက်ပေါ် လာသည့် သတင်းများ သည် ကောလာဟလ များ သာဖြစ်ပြီး ဘဏ်များ အားလုံး သည် ဗဟိုဘဏ် ၏ သတ်မှတ် စည်းကမ်းဘောင်နှင့် အချိုးများ အတွင်း ရှိနေကြောင်းနှင့် ဘဏ်များ တွင် ငွေကြေး အကျပ် အတည်း ဖြစ်ပေါ် ပါ ကလည်း လိုအပ်သော အကူအညီ များ ကို ဥပဒေနှင့် အညီ အပြည့်အဝ ပံ့ပိုး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ယနေ့ နံနက် ၉ နာရီခွဲ တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တွင် ထုတ်ပြန်ကြေညာသည်။

''တချို့ ဘဏ်တွေ ကို ပိတ်သိမ်း ဖို့ လုပ်နေတယ် ဆိုပြီး ကောလာ ဟလတွေ ဖြစ်လာ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဗဟိုဘဏ် ကနေ မည်သည့်ဘဏ် ကို မျှ ပိတ်သိမ်းဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။ ဘဏ်တွေ အားလုံး ကလည်း ကျွန်တော် တို့ ဗဟိုဘဏ် ရဲ့ စိစစ်မှုအောက် မှာ အကုန်လုံးရှိနေ ပါတယ်။ 

ဘဏ်တွေ ရဲ့ စာရင်းဇယားတွေ ကို ဗဟိုဘဏ် ကို နေ့တိုင်း ပို့ရပါတယ်။ ဗဟိုဘဏ် က သတ်မှတ် ထားတဲ့ စည်းကမ်းဘောင်တွေ နဲ့ အချိုးတွေ အများကြီး ရှိပါတယ်။ ဒီလို သတ်မှတ် ထားတဲ့ စည်းကမ်းဘောင် အတွင်း မှာ ဘဏ်တွေ အားလုံး ရှိနေပါတယ်'' ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင် က ဖိတ်ကြား ထား သော မီဒီယာများ ကို ပြောသည်။

 

 Yangon Media Group's photo.


Thursday, August 20, 2015

ဆုတ်ခေတ်



လွင်အောင် မျိုး's photo.

ခု လူတွေ ရှေးက နဲ့ စာရင် တော်တော်ရိုင်းလာတယ်၊ တော်တော်ဆိုးလာတယ်၊ သို့ သော် နောက်လာမယ့် လူတွေ နဲ့ စာရင် ဒါတွေ တော်တော် တော်တယ်နော်။ နောက်ပေါင်းရမယ့် လူတွေ ကလည်း ခုလို လူမျိုး
ခုလို ပတ်ဝန်းကျင် မျိုး မဟုတ်တော့ဘူး ဗျ။
 

ဆုတ်ခေတ်
နက်ဖြန်ခါ ဒီ့ ထက် ဆုတ်မယ်၊ နောက်နေ့  ဒီ့ ထက် ဆုတ်မယ်။  တက်လိမ့်မယ် မထင်နဲ.။ ဆုတ်ခေတ်၊
ဆုတ် တာ က ရိုးရိုး ဆုတ်တာမဟုတ်ဘူး၊ တလိမ့်လိမ့် ဆုတ်နေတာ။ များများ မဟုတ်ဘူး၊ နောက် ထပ် နှစ်ဆယ်လောက် ဆက်နေကြည့်.၊ အဲဒီ အခါ အခု လက်ရှိလူတွေ ကို ကျေးဇူးတင်လိမ့်မယ်။
 

တစ်ဘ၀ နဲ့ ပြီးမှာ မဟုတ်ဘူးနော်၊ ပြီးတော. ကျင့်နည်း ကလည်း သာသနာ နဲ့ ကြုံမှ ၊ တို့ က သာသနာ ရှိနေ တုန်း တခြားရောက်နေရင် ဒီနည်း သည် တို့ နဲ့ မဆိုင်၊ သာသနာ တို့ နဲ့ မဆိုင်ဖြစ်သွား မယ်နော်။
 

အရူပ ဘုံ၊ ရူပ ဘုံ  ဆိုတဲ့နေရာ မျိုး တစ်ဖက်သတ် အကျင့် နဲ့ ရောက်သွား ရင်လည်း တို့ သာသနာ နဲ့ လွဲ မှာနော်၊ သာသနာ က နှစ်ထောင့်ငါးရာကျော်ပြီလေ၊ နောက်တစ်ခါ လူလာဖြစ်ရင် ဒီသာသနာ ရှိမှာလား။
နောက် တစ်ခါ လူလာဖြစ်၇င်  သာသနာကြုံဖို့ တော်တော် ခက်မယ်။
 

ကြုံတယ်ပဲ ထား ၊ ကြိုက်ဦး မှဗျ။ စာ အဆိုက မြေဆီ က အနှစ်တစ်ရာ မှာတစ်လက်မ တစ်လက်မ  လျော့ .တာကိုး၊ မြေဆီ မှီ၍ အစာဖြစ်ရတာ၊ ဘာလို့ လျော့ တုန်း၊ ဥတုက လည်း အအေးပိုင်း ကနေ အပူ ဘက် ကူးနေတာ၊

 နောက်တစ်ခါ လူလာဖြစ်ရင် ကိုယ် ပဋိသန္ဓေနေရမယ့် အမေ အဖေ ကလည်း ရုပ်ဓါတ်သေးသေး၊ စိတ် ဓါတ်သေးသေးနေ မှာ။ အဲဒီထဲ ကို လူလာဖြစ်ရတော့ တို့ ရုပ်ဓါတ် စိတ်ဓါတ် လည်း ခုလောက် ကို ရှိ မှာ မဟုတ်တော့ဘူး။



ကုပ် ကျီးပေါင်း တက်ခြင်း ( Cervical Spondylosis )

သက်ရှည်ကျန်းမာ's photo.
မွေးကင်းစ ကလေး တစ်ယောက် မှာ အရိုးပေါင်း ၂၇ဝ လောက် ရှိပါတယ်။ အသက် အရွယ် တဖြည်းဖြည်း ရလာတော့ အရိုးတွေ တစ်ခု နဲ့ တစ်ခု ပေါင်းစပ် လာပြီး နောက်ဆုံး မှာ ၂ဝ၆ ရိုး လောက် ပဲ ကျန်တော့ တယ်။

ဒီထဲမှာ မှ လူ့ ခန္ဓာကိုယ် တစ်ခုလုံး ကို ထောက်ပံ့ ထားတဲ့ အဓိ က အရိုး ကတော့ ကျောရိုး ဆစ် မကြီး ( Spinal Column ) ဖြစ်ပါတယ်။ ကျောရိုးဆစ် ဆိုတာ အရိုးဆစ် ပေါင်း ၃၃ ခု နဲ့ တွယ်ဆက် ထားပြီး ကုပ် ကနေ မြီးညောင်းရိုး ထိ ၂၈ လက်မ လောက် ရှည်တယ်။ 

ခန္ဓာကိုယ် လှုပ်ရှား မှုအတွက် အရေးကြီးတဲ့ အရိုးဖြစ် သလို ဒုက္ခ အပေးနိုင်ဆုံး အရိုးလဲ ဖြစ်တယ်။ ခန္ဓာဗေဒ ကို လေ့လာ ကြည့်ရင် အရိုးတွေ ဟာ အုတ်ခဲတွေ စီထား သလို တစ်ခု နဲ့ တစ်ခု ထပ်နေတယ်။

ကြားထဲမှာ အင်္ဂတေလို မျိုး ကြားခံ Intervertebral Disc ဆိုတာ က ခံပေးထား ရတယ်။ ကူရှင် သဘော ဖိအား ကို အလိုက်သင့် ထိန်းပေး ဖို့ ဖြစ်ပါတယ်။ အရိုးတွေ ကို တည်ငြိမ် နေအောင်၊ မြဲမြံနေအောင် တွယ် ဆက် ပေးရတာက အရွတ်တွေ ဖြစ်ပါတယ်။ 

အဆစ် ကတော့ လှုပ်ရှား နိုင်အောင် ပြုလုပ်ပေး သလို လှုပ်ရှား မှု ကိုလဲ ကန့်သတ် ပေးတယ်။ ကြွက် သား တွေ ကတော့ အရိုး အဆစ် တွေ ရဲ့ လှုပ်ရှားမှု ကို ဖြစ်စေပါတယ်။ ကျောရိုးဆစ် တွေ ရဲ့ အလယ်မှာ Spinal Cord ခေါ်တဲ့ အာရုံ ကြော မကြီး တစ်ချောင်း က ဖြတ်သွားတယ်။ 

အဲဒီ ကျောရိုးမ ရဲ့ တစ်ဖက် တစ်ချက်စီ က ထွက် လာတဲ့ အာရုံကြော သေးသေးလေး တွေက ခံစားမှု နဲ့ လှုပ် ရှား မှုကို ဖြစ်စေတယ်။

Sunday, August 16, 2015

ဒါဖတ်ပြီး မငို ပါနဲ့။ ပိုပြီး သိတတ်ပါ

New Myanmar News's photo.

"ရှင့် အဖွားကြီးကို ဘယ်နေ့ပို့မှာလဲ ? " … နံနက် စောစော စီးစီး ဇနီးသည် ဖြစ်သူ ရဲ့ စိတ်မရှည်သံ ကို စိတ် မချမ်းမြေ့စွာ ကြားလိုက်ရသည်…။

"ပို့မှာပေါ့ကွာ.. မင်းကလဲ.. ငါ့အမေလောက် မျက်စောင်း ထိုးနေတာပဲ "
"အို…ထိုးရမှာပဲ… ရှင့်အမေ က နေရာတကာ ပါနေတာကိုး… ကျွန်မ သည်းမခံနိုင်တော့ဘူး.. ရှင့်အမေ ကို ဒီတစ်ပတ်ထဲ ပို့ရင်ပို့.. မပို့ရင်တော့ ကျွန်မ သားလေးခေါ်ပြီး အမေ့အိမ် သွားနေတော့ မယ်…"

"ကဲ.. ဒီတစ်ပတ်ထဲ ပို့ရင် ပြီးတာပဲ မှတ်လား.."
ပြောပြီး ကျွန်တော် ပြန်လှည့်ထွက် လာခဲ့သည်..။ ကျွန်တော့် မိန်းမ ချို  က အမေ့ ကို ဘိုးဘွားရိပ်သာ ပို့ ရန် ပြောနေခြင်းဖြစ်သည်..။ 

ချမ်းသာသော မာနကြီးသော ဂုဏ်ဒြပ် အရှိန် အ၀ါကြီးမားသော အသိုင်းအ၀ိုင်း မှ ပေါက်ဖွား လာသည့် သူမနှင့် ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ခန့် က လက်ထပ်ခဲ့ခြင်းဖြစ်သည်…။

ကျွန်တော်တို့ မိသားစု က ဆင်းရဲ ပါသည်..။ ငယ်စဉ်ကတည်း က အဖေ ဆုံးပါးသွား သဖြင့် မိခင်ဖြစ်သူ က ဈေးရောင်းပြီး ကျောင်းထားပေးခဲ့ ကာ အမေတစ်ခု သားတစ်ခု ဘ၀ဖြင့် ရုန်းကန် ခဲ့ရသည်..။ သူမ နဲ့ ချစ်သူဖြစ်ရတာ ကျွန်တော့် အတွက်တော့ လုံးဝ မမျှော်လင့် ခဲ့တဲ့ ဆုလာဒ် တစ်ခုဖြစ်ခဲ့သည်..။ 

သူမ မိသားစု အသိုင်းအ၀ိုင်းတွေ သဘော မတူ တားဆီး ထားသည့်ကြားမှ ကျွန်တော့်နောက် ကို အရဲစွန့်ပြီး လိုက်ခဲ့သည်..။

ယခုဆိုရင် ကျွန်တော်တို့ တွင် ချစ်စရာကောင်းသော ၃ နှစ် အရွယ် သားလေး တစ်ယောက်ကို ပိုင် ဆိုင်နေ ပြီဖြစ်သည်..။ ခက်တာ က ချို သည် အမေ့ အပေါ် ဆက်ဆံရေးပြောင်းလဲ လာခြင်းဖြစ်သည်..။ လက်ထပ်ပြီးခါစ ကဲ့သို့ ဆက်ဆံမှုမျိုး မတွေ့ရတော့..။ 

လေးဘက်နာ အတွက် သဘာဝဆေးကောင်း တစ်လက်




လေးဘက်နာ၊ အဆစ်အမြစ်နာနှင့် အကြောရောဂါ ဝေဒနာ များ အတွက် သဘာဝဆေးနည်းကောင်းလေး ကို ကျန်းမာရေး သတင်းများ မှ မျှဝေပေးလိုက်တယ်။

ဆေးနည်း-

(၁) ရှောက်သီး တစ်ခြမ်း ကို ထမင်းစားဇွန်း တစ်ဇွန်းခန့် ရအောင် အရည်ညစ်ယူပါ။

(၂) ချင်း (ဂျင်းတက်) ကို ထုထောင်း ၍ လက်ဖက်စားဇွန်း တစ်ဇွန်း ခန့်ရအောင် အရည်ညစ်ယူပါ။

(၃) သဘာဝ ပျားရည် စစ်စစ် ထမင်းစားဇွန်း တစ်ဇွန်း ခန့် ထည့်ပါ။

(၄) ၄င်း ၃ မျိုး ကို ဖန်ခွက် တစ်ခွက် ထဲတွင် အတူရောမွှေ ၍ ရေနွေးကြမ်းနှင့်သော်၎င်း၊ ရေအေးနှင့်သော် ၄င်း မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ်သောက်ပါ။



 

မလေးရှားနိုင်ငံ ၌ ဗုဒ္ဓသာသနာ ကွယ်ပျောက်ရခြင်း အကြောင်း



မလေးရှားနိုင်ငံ ၏ အကျယ် အ၀န်းမှာ စတုရန်းမိုင် (၁၂၇၃၁၆) ဖြစ်ပြီး။နိုင်ငံ ၏မြို့တော် မှာ “ကွာလာလမ်ပူ”ဖြစ် သည်။ ၁၉၉၂ ခုနှစ် ဇူလိုင်လ တွင် ကောက်ခံ ထားသည့် မှတ်တမ်းများ အရ
လူဦးရေ  ၂၂.၂ သန်း ရှိသည်။


မလေးရှားနိုင်ငံ၏ နောက်ခံ သမိုင်း မှာ တရုတ်နွယ်ဖွား များမှ ဆင်းသက် လာကြခြင်း ဖြစ်သည်။ B.C,1500,2000 .ခန့် တွင် မွန်ဂိုနွယ်ဖွား တရုတ်များ သည် မလေးကျွန်းဆွယ် ရှိ ကျွန်းစု များ သို့ ရောက်ရှိ အခြေချ ခဲ့သည်မှ မလေးနိုင်ငံ စတင် ခဲ့ခြင်းဖြစ်သည်။

ထို မွန်ဂို တရုတ် များသည် မလေးကျွန်းဆွယ် ကို မလက္ကာမြို့ပြ တည်ထောင် ၍ အုပ် ချုပ်ခဲ့ကြသည်။ ထိုသို့ မလက္ကာမြိုပြ တည်ထောင် ၍ အုပ်ချုပ်ခဲ့ကြသည့် ဘုရင်တို့ အားလည်း မလ က္ကာ ဘုရင်များ ဟု ခေါ်ဆိုခဲ့ကြ ၏။ 

ထိုအချိန် ကာလ ၌ မလေးကျွန်းဆွယ် သည် “မလ္လာယုနိုင်ငံတော်”ဟု အမည်တွ င်ခဲ့၏။
မလ္လာယုနိုင်ငံခေါ် မလေးရှားနိုင်ငံ သို့ ဗုဒ္ဓသာသနာတော် သည် B.C, 309, ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော် မူပြီးနှစ်ပေါင်း (၂၅၀) အကြာ တတိယ သင်္ဂါယနာ တင်ပြီးချိန် မှ စတင်၍ ရောက်ရှိ ခဲ့ပြီး ထို မလေးကျွန်းဆွယ် ကို လည်း သုဝဏ္ဏဘူမိဒေသ တွင်ပါဝင်ကြောင်း ကို ပညာရှင်တို့ က ယူဆခဲ့ကြလေသည်။


တိကျ ခိုင်လုံသော သမိုင်း အထောက်အထားများ အရ မလေးရှားနိုင်ငံ တွင် သာသနာနှစ် (၉၀၀) နှင် (၁၀၀၀) အတွင်း ခရစ်နှစ် ၄-ရာစုနှင့် ၅-ရာစု တွင်း အိန္ဒိယ ၌ အသုံးပြုသော သက္ကတ ဘာသာဖြင့်ရေးထိုး သည့်သော ဗုဒ္ဓဘာသာ ကျမ်းစာကျောက်ချပ် များစွာ တို့ကို မလေးရှားနိုင်ငံ အနှံ့တွင်တွေ့ရှိရ ပါသည်။
 
ထို့အပြင် အဘိဓမ္မာ ကျမ်းမှ ဂါထာတော် သုံးပုဒ် အား ရေးထိုး ထားသည့် ရွှံ့အုတ်ချပ် ကိုလည်း တွေ့ရှိရပြီး၊ အုတ်ကျောင်းတိုက် ၃-တိုက်နှင့် စေတီတော် (၅) ဆူ ကို ဘုရင်နှင့် သံဃာတော် များကြီးမှုး ၍ ပြည်သူ ၊ပြည်သား ၊ဒကာ၊ ဒကာမ အများ စုပေါင်းကာလှုဒါန်းတည်ဆောက်ထား ခဲ့ကြကြောင်း ရေးထိုး ထားသည့် ကမ္ဗည်းမော်ကွန်း ကိုလည်းတွေ့ရှိခဲ့ကြပါသည်။ 

အမည် တပ်မရသော အသားစုံ သံသရာ



    လူသေကောင် များ မပုပ်အောင် စီမံရာတွင် အသုံးပြုသည့် ကင်ဆာအေးဂျင့် ဖော်မလင် ကို မုန့်ဖတ်၊ ပဲပြား၊ ချက်နို့ဆီ များ၌ တွေ့ရှိရဟု ဆို









    လူသေ များတွင် မပုပ် မသိုးအောင် စီမံသည့် ဖော်မလင် (formalene) ကို စားသောက် ကုန်များဖြစ်သည့် မုန့်ဟင်းခါး ဖတ်၊ မုန့်တီ၊ နန်းကြီး၊ ပဲပြား၊ ချက်နို့ဆီ စသည်များတွင် အသုံးပြုမှု များပြား လာသည် ဟု မြန်မာ နိုင်ငံ စားသုံး သူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က News Watch ဂျာနယ်သို့ ပြော ကြားခဲ့သည်။ 

    ၎င်းးမှ “မုန့်ဟင်းခါး ဖတ်၊ မုန့်တီ၊ နန်းကြီးဖတ်၊ ပဲပြား တို့၊ ချက်နို့ဆီတွေ မှာ ကြာရှည် ခံအောင် ဖော်မလင် သုံး လာတာ တော်တော်တွေ့လာရတယ်။ နယ်မြို့တွေ မှာရော၊ ရန်ကုန်မြို့ရော ဒီ ကိစ္စက ပြည်သူကို အသိပေး သင့်တယ်။ ဖော်မလင် က ရိုးတွင်းချဉ်ဆီ အထိ ကို ဒုက္ခပေးတယ်”ဟု ပြောကြားခဲ့သည်။

    ယင်းကဲ့သို့ ကြာရှည်ခံစေမည့် ဖော်မလင် များ အသုံးပြုလာမှုကြောင့် ဓာတ်သိ မုန့်ဟင်းခါးဖို များမှ မုန့်ဖတ် များ လက်ညှစ် မုန့်ဖတ် များသာ ရွေးချယ် စားသုံးသင့်သည် ဟု အကြံပြုပြောကြား ခဲ့သည်။

    “မုန့်ဟင်းခါး ဆိုရင် အရင် က မနက် ၀ယ်ပြီး ညနေကျ ရင် ချဉ်တယ်။ အခု ကျတော့ နှစ်ရက်၊ သုံးရက် အထိ ကို မချဉ်ဘူး။ ဖော်မလင် က လူသေကောင်တွေ မပုပ် မသိုးအောင် သုံးတဲ့ ဆေးပဲ။ အခု ဆရာတို့ ဆိုရင် ပဲပြား၊ ချက်နို့ဆီ၊ မုန့်ဟင်းခါး၊ မုန့်တီ၊ နန်းကြီးဖတ်တွေ မစားတော့ဘူး။ တော်တော် များများကို သုံးနေ တာတွေ့ လို့ပါ”ဟု ပြောကြားခဲ့သည်။


    Friday, August 14, 2015

    ဦးခေါင်းနှင့် ပတ်သက်သော ဝေဒနာသည်များ အတွက်




     ကျွန်တော် လွန်ခဲ့သော ၂နှစ်ကျော် က ဦးခေါင်းတွင် ဆံပင် ကို ရှပ် ထိရုံ နဲ့ ခေါင်း ညာဘက်အပေါ် ဦးရေပြား
    သည် ကျိန်းနေပါသည်။  သေချာစွာ ပွတ်ကြည့်ရင်လည်း ကျိန်းနေပါသည်။
     

    ဆရာဝန် များနှင့်ပြသော်လည်း မပျောက်ပါ။ နောက်ဆုံး ဦးနှောက်နှင့် အာရုံကြော အထူးကု ဆီရောက် ခဲ့ပြီး တစ်နှစ် နီးပါး ဆေးသောက် ခဲ့ရပါသည်။
     

     နောက်ပိုင်း နား အတွင်းပိုင်း နှင့် မျစ်စိ ပါအောင့်လာ ပါသည်။ တစ်လ ကို ဆေးဘိုး သိန်းချီ ကုန်သော်လည်း မထူးခြားပါ။

    သက်သာ ပျောက်ကင်း သွားသောဆေးနည်း မှာ.....
    ငွေနည်းနည်းနှင့် အချိန်ပေးရသောဆေးဖြစ်နေ ပါသည်။ ဆေးနည်း မှာ ခြေနှစ်ချောင်း ဆန့်သော အင်တုံ
    လိုအပ် ပါသည်။  


    မျက်နှာ အဆီပြန်ခြင်း နှင့် ဝက်ခြံထွက်ခြင်း

    Image and video hosting by TinyPic


    မျက်နှာ အဆီပြန်ခြင်း နှင့် ဝက်ခြံ ထွက်ခြင်း တို့မှာ လူ့ခန္ဓာကိုယ် ဟော်မုန်း ပြောင်းလဲ မှုကြောင့် ဖြစ်ကြ ရသည်။ အဆီပြန်၊ အဆီ အိတ် များ သည် အရွယ်ရောက် အပျို၊ လူပျို ဖြစ်ချိန် တွင် အဆီပို ထွက် လာသဖြင့် အဆီပြန်ခြင်း ဖြစ်သည်။

    ယောက်ျား ဟော်မုန်းဓာတ် ပိုထွက် လာခြင်း၊ အဆီနှင့် အဆီဓာတ် များသည့် အစားအစာ၊ အသင့် အမြန်စား အစား အစာများ (ဆင်းဒဝစ်၊ ပီဇာ၊ ဟမ်ဘာဂါများ) အစားများခြင်း၊ အိပ်ရေးပျက်ခြင်း၊ စာမေးပွဲ ဖြေခါနီး၊ လက်ထပ် ခါနီး အချိန် များတွင် စိတ်လှုပ်ရှားခြင်း၊ အခြား ရောဂါ တစ်ခုခု ဖြစ်ခြင်း၊ အဝလွန်ခြင်း ကြောင့် အဆီပို ထွက်နိုင်သည့် အပြင် အမျိုးသမီးများ ဓမ္မတာ လာခါနီး အချိန်တွင် ပို၍ အဆီပြန် တတ်သည်။

    ဟော်မုန်း အပြောင်း အလဲ ကြောင့် အဆီ အကျိတ် များ မျက်နှာ အရေပြား အတွင်း တွင် ဖြစ်ပြီး အပြင်ကို မထွက် ဘဲ စုနေလျှင် အရေပြား မှ ပျက်စီး သွားသော ကလာပ်စည်း များက အဆီပြွန် ကို ပိတ်မိ ကာ ယင်းနေရာ မှ အဖု ထွက်ပြီး ဝက်ခြံ ထွက်လာသည်။ 

    ဝက်ခြံ သည် လူမြင်သည့် နေရာ တွင် အဖြစ် များသည်။ ဝက်ခြံနှင့် မျက်နှာ အဆီပြန်ခြင်း မဖြစ်ပေါ် စေရန် အချို၊ အဆိမ့် စသည့် အစား အစာ များကို လျှော့စားရမည်။ 

    ဝက်ခြံ ကို လက်ဖြင့် မညှစ်ရပါ။ ဆာလ်ဖာ စသည့် ပိုးသတ်ဆေး ပါသော အလှဆီ ကို လိမ်းပြီး အပေါ်မှာ သနပ်ခါး လိမ်းထား သင့် ပါသည်။ ပိုးသတ်ဆေး အပျော့ပါသော ကာဘော်လစ် ဆပ်ပြာ သုံးရမည်။ ရေချိုးပြီး မျက်နှာ ကို အဝတ် သန့်သန့် ဖြင့် သုတ်ရမည်။ မျက်နှာသစ်တိုင်း ရေနွေး နှင့် ဆပ်ပြာ သုံးရမည်။ 

    သူရဦးရွှေမန်း အား ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌရာထူး မှ ဖယ်ရှားပြီး ပါတီခေါင်းဆောင်ပိုင်း များ ပြောင်း လဲ၊ သူရ ဦးရွှေမန်း အနေဖြင့် ပြည်ခိုင်ဖြိုး ပါတီဝင် ပါတီလွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ် ရှိနေဟုဆို




    သြဂုတ် ၁၂ ရက်က ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ ၏ ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ်လောင်းများ ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနား သို့ တက်ရောက် လာသော ဦးဌေးဦး၊ ဦးလှဌေးဝင်း၊ ဦးမောင်မောင်သိမ်း၊ သူရဦးရွှေမန်း၊ ဦးမောင်ဦး၊ ဦးသိန်းဇော်နှင့် ဦးစိုးသာ တို့အား တွေ့ရစဉ်

    သူရဦးရွှေမန်း အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားပြီး ပါတီခေါင်းဆောင် ပိုင်း များအား ပြောင်းလဲမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် သြဂုတ် ၁၃ ရက်က ဗဟိုအလုပ် အမှုဆောင် ကော်မတီ အစည်းအဝေး နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့အား အသစ်ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် သိမ်း အပါအ၀င် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အချို့အား ပါတီ ထိပ်ပိုင်း ရာထူးများ မှ ဖယ်ရှားခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ဝင် များကိုလည်း ပြန်လည် ဖွဲ့စည်းခဲ့သည်။

    ထိုသို့ ဗဟို အလုပ်အမှုဆောင် ကော်မတီ ဖွဲ့စည်းမှု ကို ပြည်ခိုင်ဖြိုး ပါတီမှ ကြေညာချက် ထုတ်ပြန်ရာ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်သော ဦးသိန်းစိန် သည် နိုင်ငံတော် သမ္မတ တာ ၀န် ထမ်းဆောင်ရသည့် အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် (၉၉/ခ) အရ ပါတီ တာဝန် များကို ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်း အား ဥက္ကဋ္ဌ တာဝန် ပူးတွဲ ထမ်းဆောင် ရန် တာဝန်ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

    ဒုတိယ ဥက္ကဋ္ဌ / ဥက္ကဋ္ဌ  ပူးတွဲတာဝန် ဦးရွှေမန်း သည် နိုင်ငံတော် အတွက် ကြီးလေးသော တာဝန်များဖြစ် သည့် ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အချိန်ပြည့် ထမ်းဆောင်နေရ သူဖြစ်၍ ယခု အချိန်တွင် ပါတီ လုပ်ငန်းများ ကို ပိုမို၍ ဖိဖိ စီးစီး ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်သည့် အတွက် ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ဒုတိယ ဥက္ကဋ္ဌ/ ဥက္ကဋ္ဌ ပူးတွဲ တာဝန်အား သူရ ဦးရွှေမန်း အစား ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး ထံသို့ သြဂုတ် ၁၂ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြ ထားသည်။


    Thursday, August 13, 2015

    ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်းကျော် သေစေ တဲ့ ကြက်ဟင်းခါးသီး


    ကျန်းမာရေးအတွက်ဆေးတစ်ခွက်'s photo.
     


    ကြက်ဟင်းခါးသီး ပင်လေး ဟာ အာရှတိုက်မှာ ဆိုရင် သာမန် အပင်လေး တစ်ပင်လောက် ပါပဲ။ ဂျပန်နိုင်ငံ ဝစ်ကီနာဝါ က နှစ်ပေါင်းကြာရှည် အသက်ရှင် တဲ့ လူဦးရေတွေကြား အတော်လေး လူသိများပါတယ်။
     

     ရေပါဝင်မှု ပမာဏ (၅%) ရာခိုင်နှုန်းသာ ရှိတဲ့ ကြက်ဟင်းခါးသီးရည် က အစာကြေမှု အတွက် အနှောက် အယှက်ပေးတဲ့ ကင်ဆာဆဲလ်တွေ ရဲ့ လမ်းကြောင်းလေးခု ကို ဖျက်ဆီးပေးပါတယ်။

     ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ် လမ်းကြောင်းနှစ်ခု ရဲ့ ဆောင်ရွက်ချက် ကို ၉၀% ရာခိုင်နှုန်းလျော့ ချပေးပြီး တခြား လမ်းကြောင်းနှစ်ခု ကိုလည်း မယုံကြည်နိုင်လောက်အောင် ၉၈%ရာခိုင်နှုန်းအထိ ဖျက်ဆီးပေးပါတယ်။
     


    Tuesday, August 11, 2015

    ဒါတွေ မလုပ်ပါနဲ့

    GK Aung Aung's photo.

    ၁။ ရေခဲသေတ္တာ ၏ အတွင်း၊ အပြင် ကို ရေဖြင့် မည်သည့် အခါမှ ပက်ဖြန်းဆေးကြောခြင်း မပြုရ။
    အတွင်း ၌ လျှပ်စစ် ပစ္စည်းများ၊ ၀ိုင်ယာကြိုးများ တပ်ဆင်ထား သဖြင့် ရှော့ဖြစ်တတ်သည်။
     

    ၂။ မီးလောင်စေတတ်သော မှုတ်ဆေးဘူး၊ ဓါတ်ငွေ့ဘူးများ ကို ရေခဲသေတ္တာ အနီးတွင် မသုံး ပါနှင့်။ ရေ ခဲသေတ္တာ မှ အပူကြောင့် မီးလောင် တတ်သည်။
     

    ၃။ ရေခဲသေတ္တာ တံခါး ကို အကြာကြီး ဖွင့် မထားပါနှင့်။
     

    ၄။ ပူနေသေးသော အစား အသောက် များကို ရေခဲသေတ္တာ အတွင်း မထည့် ပါနှင့်။ အအေးခံပြီး မှ ထည့်ပါ။
     

    ၅။ ကာဘွန်နိတ် အအေးဗူး (ဥပမာ - ကိုကာကိုလာ၊ 100 Plus) စသည် တို့ကို အပေါ်ထပ် အအေးခန်း ထဲ မထည့် ပါနှင့်။
     

    ၆။ ဓါတုဗေဒဆေးရည် များ၊ ဓါတုဗေဒ ပစ္စည်းများ ကို ရေခဲသေတ္တာ အတွင်း ထည့်သွင်း မသိုလှောင်ပါနှင့်။
     

    ၇။ ရေခဲသေတ္တာ အတွင်း ပစ္စည်းများ ကို ကြပ်သိပ်နေအောင် ထည့်မထား ပါနှင့်။ လေလှည့် ပတ် မှုကောင်းအောင် နေရာ လပ် ပေးထားပါ။
     

    ၈။ ရေခဲသေတ္တာ အပေါ်ထပ် ရေခဲခန်း အတွင်း ပုလင်း ၊ ဖန်ခွက် စသည် တို့ဖြင့် ထည့်ထားသော အရည် ပုလင်း များ မထည့်ပါနှင့်။ ကွဲတတ်သည်။
     

    ၉။ အေးခဲနေသော အသားငါး များနှင့် ယခု မှ ၀ယ်လာသော အသားငါး များကို အပေါ်ရေခဲခန်း အတွင်း အတူ ပူးကပ် မထားပါနှင့်။ ခွာထားပါ။
     

    ၁၀။ မီးလောင်စေတတ်သော ပစ္စည်းများ၊ မီးခြစ်၊ ဖယောင်းတိုင်၊ အီသာ၊ ဘင်ဇင်း၊ အယ်လ်ကိုဟော၊ ဓါတ်ငွေ့ မီးခြစ် တွင် ထည့်သော အရည် စသည်တို့ ကို ရေခဲသေတ္တာ အတွင်း မထည့်ပါနှင့်။ ပေါက်ကွဲ တတ်သည်။
     

    ၁၁။ သောက်ဆေး၊ ထိုးဆေးများ ကို ရေခဲသေတ္တာ အတွင်း မထည့် ပါနှင့်။ ရေခဲသေတ္တာ အတွင်း ထည့်ထား ပါ ဟု ညွှန်ကြားထား သည့် ဆေးများ ကိုသာ ထည့်ပါ။
     

    ၁၂။ လျှပ်စစ် ပစ္စည်းများ ကို ရေခဲသေတ္တာ အတွင်း ထည့်သွင်း မသိုလှောင်ပါနှင့်။
     

    ၁၃။ ရေခဲခန်း အတွင်း မှ ခဲနေသော အသား ငါး များ ကို ထုတ်ကာ အရည်ပျော်စေပြီးနောက် ထပ်မံ ၍ ရေခဲ ခန်း အတွင်း မထည့် ပါတော့နှင့်။ အားလုံး ကုန်အောင်စားပါ။ 

    ထို့ကြောင့် ရေခဲခန်း အတွင်း ထည့်မည့် အသား ငါး များကို တစ်ခါ ချက်လောက် ရုံ ခုတ်ထစ်၊ ရေဖြင့် သေသေ ချာ ချာဆေးပြီး မှ သိုလှောင်ပါ။ ထုတ်သည့် အခါ တွင်လည်း ထို တစ်ခါ ချက်လောက် ရုံသာ ထုတ်ပါ။ အခြား မချက်သေးသော အသား ငါး များကို အရည် မပျော်ပါစေနှင့်။ ဆက်လက် ခဲထားပါ။
     

    ၁၄။ အပူချိန် နိမ့်တွင် အလွယ် တကူ ပျက်စီးစေတတ်သော အသီး များ၊ ဥပမာ - ငှက်ပျောသီး၊ နာနတ်သီး၊ ဖရဲသီး၊ သခွားသီး၊ စသည် တို့ကို ရေခဲသေတ္တာ အတွင်း ထည့်သွင်း မသိုလှောင်ပါနှင့်။
     

    အဆုတ် သန့်စင်စေသော ကန်စွန်းရွက်ပြုတ် ဟင်းချို

     ကျန်းမာရေးအတွက်ဆေးတစ်ခွက်'s photo.

     ဤ ဟင်းချိုသ ည် ဆေးလိပ်သောက်သူ များ၊ အာပုပ်နံ့ နံသူများ၊ ခန္ဓာကိုယ် အပူများနေသူ များ၊ ချောင်း ဆိုးနေ သူ များ အတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။

    လိုအပ်သော ပစ္စည်းများ
    ကန်စွန်းရွက် (၁) Kg အရိုး ကိုပါ အသုံးပြုပါ။
    ပျားရည် (၄၀၀) ဂရမ်
    ရေ (၄) လီတာမျှ
    ရေကောင်းကောင်းဆန့်သည့်အိုးကြီး (၁)အိုး


     ပြုလုပ်နည်း
    အထက်ပါ ပစ္စည်းများ အားလုံးရော ၍ မီးမျှင်းမျှင်းနှင့် (၄) နာရီ ကြာ တည်ပါ။
    အဖတ် များကို စစ်၍ ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာ ထဲတွင် (၂-၃)ရက်ထားပါ။ 

    မိသားစု (၁) ဦးချင်း တစ်နေ့ (၁) ခွက်သောက် ရပါမည်။
     


    နဂါးနှင့် စပ် သိမှတ်ဖွယ်

    ဦးမြင့် ခိုင် စိတ်ပညာ's photo.ဦးမြင့် ခိုင် စိတ်ပညာ's photo.


    နဂါးတို့ သည် ရေ၌ ၎င်း ကုန်း၌ ၎င်း တည်ရှိကြ ကုန်၏။  ရေ ၌နေသောန ဂါး တို့ မှာ ဇမ္ဗူ ဒိတ်ကျွန်း ၏ မြောက်ဘက် ကမ်းနား ဖြစ်သော သမုဒ္ဒရာ လှို င်းအပြင် ၌ ၎င်း သီဟိုဠ် အစရှိသော ကျွန်းငယ် တို့ ၏
    ကမ်းနားဖြစ်သော သမုဒ္ဒရာ လှို င်းအပြင် ၌ ၎င်း တည်ရှိကြကုန်၏ ။


    ကုန်းနေ နဂါး တို့ မှာ တောင်စဉ် ခုနစ်ထပ် တို့ ၏ အကြားး သီဒါမြစ်၌ ၎င်း မြင်းမိုရ်တောင် ၏ ပထမ အာလိန်ပြင် ၌ ၎င်း ရာဇဂြိုဟ်မြို့ ကို ရံသောတောင်ငါးလုံး တို့  တွင်ဝေဘာရတောင် ၏အောက် ၌ ယူဇနာ
    ငါးရာ ရှိသောနဂါးပြည်၌ ၎င်း ဟိမဝန္တာတော ဒဒ္ဒရပဗ္ဗ တောင်ခြေရင်း တွင် ၎င်း တည်ရှိကြကုန်၏ ။


    ထိုတွင်ရေ ၌နေသော နဂါး တို့ မှာ ကိုယ်ဝန် ရှိသော အခါ၌ နဂါးငယ် တို့ ကို ဂဠုန် နှင့် လှို င်းတံပိုး ရန် မှ ကာကွယ် ရန် အတွက် ဂင်္ဂါ အစိရဝတီ စသောမြစ်ကြီး တို့ တွင် တခုခုသောမြစ်ဖြင့် လာ၍ ဟိမဝန္တာတော
    အုပ်သို့ ဝင်ပြီး မှ မွေးဖွားကြကုန်၏ ။



    Monday, August 10, 2015

    အာနာပါန သတိပဌာန် ရှုမှတ်နည်း အကျဉ်း



    ဆရာတော် ဦးနရိန်'s photo.

    အာနာပါနဿ       တိ  သည် ကာယာနုပဿ        နာသတိပဌာန် တစ်မျိုးဖြစ်ပါသည်။ အာနာပါန သည် ထွက်လေ ၀င်လေ ဆိုသည့် ၀ါယောဓါတ် ခေါင်းဆောင် သည် ဓါတ် တရားတွေ စုပေါင်းထားသော ကာယ ကို အစိတ် စိတ် အမွှာမွှာ ကွဲ သွားအောင် အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန် ကို ခေါ်ပါသည်။

    ခန္ဓာကိုယ် ကို ဖြောင့်ဖြောင့် ထား၍ သတိ ကို နှာခေါင်းရှည်သော ပုဂ္ဂိုလ် ဆိုလျှင် နှာသီးဝ၊ နှာခေါင်း တိုလျှင် အထက်နုတ်ခမ်း မှာ ထားပါ။ ထွက်လေ ၀င်လေ ကို သတိ နဲ့ ၀င်၊ ထွက်စေ ရမည်။

    က) မှတ်နည်း မှာ.....
    ၁) ထွက်လေ ၀င်လေ တစ်စုံ ကို ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု မှတ်တဲ့ နည်း။
     

    ၂) အနုပတ္တာ နည်း- နေရာ တစ်ခုခု မှာပဲ သတိကို ထားပါ။ ထွက်လေ ၀င်လေ ကို စ၊လယ်၊ဆုံး သိအောင် လုပ်တဲ့ နည်း။
     

    ၃) ဌာပနာ နည်း- ထိတဲ့နေရာ မှာ ထိထိနေတာ သိအောင် လုပ်တဲ့နည်း။

    ခ) ကြာတာ၊ မြန်တာ သိအောင် လုပ်ပါ။ 

    တိုတို လား၊ ရှည်ရှည် လား သိအောင် လုပ်ရမည်။

    ဂ) ပြင်းထန်သလား၊ နူးညံ့သလား သိအောင်လုပ်ရမည်။ 

    ထွက်လေ ၀င်လေ သည် စိတ္တဇ ၀ါယောဖြစ်လို့ စိတ်ပေါ် မူတည်သည်။ စိတ်တွေ ကြမ်း လျှင် ထွက်လေ ၀င်လေ က ကြမ်း သည်။ နီဝရဏ တရား ၅ ပါး မကင်းလျှင် ပျံ့လွင့်တဲ့ စိတ်က ပူလောင်တဲ့ သဘောရှိပါ သည်။ ၄င်းကြောင့် ဖြစ်တဲ့ စိတ်က ကြမ်း ပါသည်။ 

    နီဝရဏ ဆိုသည်မှာ-.....
    ၁) တစ်စုံ တစ်ခု ကို လိုချင်တဲ့ စိတ်
    ၂) အလို မကျတဲ့ စိတ်
    ၃) ငိုက်မျဉ်း တာ
    ၄) ပျံ့လွင့် တာ၊ ပူပန်တဲ့ စိတ်
    ၅) မဆုံးဖြတ်နိုင်တဲ့ စိတ်




    Sunday, August 9, 2015

    ကြက်ဟင်းခါးသီး အရည်

     Today Myanmar's photo.

     ကမ္ဘာပေါ်ရှိ နေရာဒေသ အတော်များများ တွင် ကြက်ဟင်းခါးသီး ကို အချက်အပြုတ် ဆိုင်ရာများ အတွက် နှင့် အပယိက ဖျားနာမှုများ အတွက် သဘာဝဆေး အဖြစ် အသုံးပြုခဲ့ကြပါတယ်။ 

    အထူးသဖြင့် ကြည်ဟင်းခါးသီး အရည် ဟာ သွေးအတွင်း ရှိ သကြားပမာဏ ကို လျှော့ချပေးနိုင်ခြင်းကြောင့် ဆီးချို  အမျိုးအစား ၂ (Type 2 Diabetes) အတွက် အသုံးပြု သည်။ 

    ဗိုက်တာမင်နှင့် သတ္ထုဓါတ်များဖြစ်ကြသည့် ပိုတက်ဆီယမ်၊ ဖေါလိတ် (ဗိုက်တာမင် K9)၊ ဗိုက်တာမင်စီ နှင့် ဗိုက်တာမင်ကေ တို့ ပါဝင်သည်။

    အစွန်းအထင်း၊ အမည်းကွက်များ မပါ ရှိတဲ့ ကြက်ဟင်းခါးသီး ၄လုံး သို့မဟုတ် ၅လုံးခန့် ကို ရွေးချယ်ပါ။ လတ်ဆတ် ၍ အစိမ်းရောင်သမ်းနေသော ကြက်ဟင်းခါးသီး ကိုသာရွေးပါ။ အဝါရောင်၊ လိမ္မော်ရောင် သမ်းသော ကြက်ဟင်းခါးသီး များ မပါပါစေနှင့်။

    ကြက်ဟင်းခါးသီး ကို အလျှားလိုက် ခွဲ၍ အစေ့ များကို ဖယ်ထုတ်ပါ။ ၄င်း အစေ့များ သည် စားသုံးနိုင်သော်လဲ အချို့သော လူများတွင် ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်း များဖြစ်စေနိုင်သည်။

    တစ်လက်မ အရွယ်ခန့် အတုံးများ တုံးပါ။ အခွံသင် စရာ မလိုပါ။ တကယ်လို့ အရည် ကို ဟင်းချက် ရာမှာ အသုံးပြုချင် ရင်တော့ ဖြတ်ပြီး သား အတုံးလေးများ ကို ဆားရေအေး မှာ နာရီဝက် ခန့် စိမ်ခြင်းဖြင့် အခါး အရသာကို လျှော့ချနိုင်ပါတယ်။ 

    အခု အတုံးလေးများ ကို မွှေစက် သို့မဟုတ် အရည်ညှစ်စက် ထဲ ထဲ့၍ နှစ်သက်ရာ အနေ အထားရအောင် အရည်ပြုလုပ်ပါ။


    Friday, August 7, 2015

    အာရှတိုက် အနှံ့ ရေကြီးရေလျှံ မှုကြောင့် လူပေါင်း သန်းကျော် အိုးအိမ်စွန့် ခွာ ခဲ့ရပြီး သေဆုံးသူ အရေ အတွက် များပြား မြင့်တက်လာ

    ဆိုင်ကလုန်း ကိုမန် ၀င်ရောက်ပြီးနောက် မုတ်သုန်ုမိုး အကြီး အကျယ် ရွာသွန်းမှုကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ နဲ့ အရှေ့ တောင် အာရှနိုင်ငံတွေ မှာ ရေကြီး ၊မြေပြို မှုတွေ ဆက်လက်ဖြစ်ပေါ်လျက် ရှိပါတယ်။ 

    လူ ရာပေါင်းများစွာ အသက် ဆုံးရှုံးခဲ့ ရပြီး လူ သန်းပေါင်းများ စွာ အိုးအိမ်တွေ စွန့် ခွာခဲ့ရတယ် လို့ CNN သတင်း တစ်ပုဒ် မှာ ဖော်ပြထားပါတယ်။ အိန္ဒိယ တစ်နိုင်ငံတည်း မှာတင် ရေဘေး သင့်ပြည်သူ ၁၀ သန်း ခန့် ရှိတယ်လို့ သိရပါတယ်။ 

    အိန္ဒိယ မှာ မိုးသည်းထန်စွာ ရွာသွန်းမှု ၊ ယင်း နဲ့ ဆက်စပ် တဲ့ မတော်တဆ မှုတွေ က အနည်းဆုံး လူ ၁၇၈ ယောက် သေဆုံးပြီးဖြစ်တယ် လို့ အစိုးရ တာဝန်ရှိသူတွေ က ထုတ်ပြန် ထားပါတယ်။ 

    လွန်ခဲ့တဲ့ အင်္ဂါနေ့ က Madhya Pradesh ပြည်နယ် မှာ တံတားပေါ် ရေလျှံ မှုကြောင့် ရထားနှစ်စီး တစ်ပြိုင် တည်း လမ်းချော်မှောက် ခဲ့ပြီး ရထားနှစ်စီးပေါ် ပါလာသူ အယောက် ၁၆၀၀ လောက်ထဲ က  အနည်းဆုံး ၂၇ ယောက် သေဆုံး ခဲ့ရပါတယ်။

    အိန္ဒိယနိုင်ငံ
    အနောက် ဘင်္ဂလားပြည်နယ် က ကယ်ဆယ်ရေး စခန်းတွေ ဆီသို့ လူ တစ်သန်းကျော် ပြောင်းရွှေ့ ခိုလှုံခဲ့ရပြီး လူ ၂၀၀ ကျော် သေဆုံးပြီးဖြစ်ပါတယ်။ လမ်းတွေ၊ ဆည်တွေ နဲ့ မြစ်တွေ မှာ ရေလျှံနေပြီး ၊ မြို့ နယ် ကျေး ရွာတွေ ထဲ ရေတွေ ၀င်ရောက် ခဲ့ကာ ဒေသခံ များစွာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

    မြန်မာ
    မြန်မာနိုင်ငံပြည်နယ် နဲ့ တိုင်း ၁၄ ခုမှာ ၁၁ ခု ရေကြီးရေလျှံ ၊မြေပြို မှုတွေဖြစ်ပေါ်နေပြီး အင်္ဂါနေ့ က မြန်မာနိုင်ငံ အစိုးရ ဟာ နိုင်ငံတကာ အကူအညီတောင်းခံ ခဲ့ရပါတယ်။ 

    ချဉ်ဖတ်

     Maung Myat Noe's photo.

    ဒီစာလေး က အရမ်းကောင်းလို့ ပြန် Share ပါရစေ။ စာဖတ်ပျင်းတဲ့ သူတစ်ယောက် ဆိုရင်လည်း အချိန် ခဏလောက်ပေးပြီး ဖတ်စေချင်တယ်။ စိတ်ထဲ တစ်ခုခုတော့ ကျန်ခဲ့စေမှာပါ။


    ချဉ်ဖက်
    ~~~~~

    "ပြေးထားကွ"
    "ပြေးကွ"
    "မြန်မြန်ပြေးလေကွာ"
    "ပြေးပါဟ"

    ကျောင်းသားလေးတွေပြေးနေကြ တဲ့ အပြေးပြိုင်ပွဲလေး တစ်ခု။ ဆရာ၊ ဆရာမတွေ၊ အတန်းဖော် ညီအစ်ကို မောင်နှမတွေ ရဲ့ အားပေးမှုတွေ နဲ့ ကလေးတွေ ပြေးနေကြတယ်။ ပန်းဝင် ခါနီးပြီ။

    ထိပ်ဆုံးမှာပြေးနေတာ နှစ်ယောက်ထဲ တစ်ယောက် က အတန်းထဲ မှာ နာမည်ကြီး စာ အတော်ဆုံး၊ ဆရာမတွေ အချစ်ဆုံး မောင်ထိန်ဝင်း။ သူ့ဘေးမှာ ကပ်ပြေးနေတာ ကတော့ ကျောင်း ချဉ်ဖတ်၊ ထပ်ရှင်းအောင်ပြောရရင် စာမတော်ဘူး၊ ဆရာမတွေ အမြင်ကပ်ကြတယ်။ 

    ခိုင်းရင် လုပ်ချင်မှ လုပ်တတ် လို့လေ။ ဒါပေမယ့် သူငယ်ချင်းတွေ ကတော့ အရမ်းချစ်ကြတယ်။ သူ့နာမည် က မောင်ကြည်လင် ။ နာမည်နဲ့ လူနဲ့ က သိပ်မကိုက် အသား က ခပ်ညိုညို၊ မျက်နှာလေးထောင့် နဲ့ ထူးခြား တာက အမြဲပြုံးနေတတ်သူ။ သို့သော် ပြဿ        နာကောင်လေး။ နာမည်ပင် ပျောက်နေပြီ။ ချဉ်ဖတ်တဲ့ ။

    ပရိသတ်ထဲ မှာ အသံ အထွက်ဆုံး က -
    "ထိန်ဝင်းကွ ..... ပြေးကွ ..... မင်းနိုင်ရမယ်ကွ"
    ကျောင်းသားလေး တစ်သိုက် ကတော့ -
    "ချဉ်ဖတ် ပြေးထားကွ ..... ဒီကောင့်ကို အနိုင်ယူပြလိုက် စမ်းကွ"


    ထိုစဉ် မှာပင် မောင်ထိန်ဝင်းခြေခေါက်ပြီး တလိမ့်ခေါက်ကွေး ပစ်ကျ သွားကာ ဂျွမ်းတွေ ပင်လေးငါး ပတ်လောက် ထိုးသွားတယ် ထင်ရတယ်။ ပြိုင်ဘက် မရှိ တစ်ဦးတည်း ပန်းဝင်ဖို့ ချဉ်ဖတ် အခွင့်အရေး ရလိုက်ပါတယ်။ ကြိမ်းသေကို ရနေပြီ။


    Thursday, August 6, 2015

ေ၇ှာင်၇မည့် အကုသိုလ် ၃ မျိုး





    ၁ ။ လောဘ = တပ်မက်ခြင်း၊ ကာမဂုဏ် အာရုံ ကို ငြိကပ် တပ်မက်ခြင်း သဘော။

     လောဘ သည် ကာမဂုဏ် အာရုံ ကို တမ်းတမ်းစွဲ၊ ငမ်းငမ်းတက် ၊တပ်မက် တွယ်တာ လိုချင်သည့် သဘောဖြစ် သည်။ သတ္တ၀ါ တို့အား မည်သည့် အခါမျှ မရောင့်ရဲ မတင်းတိမ်စေဘဲ အာရုံသစ် များကို အမြဲ ရှာဖွေနေစေသည်။
     

    လောဘနှင့်သေသူ ၏ လားရာ ဂတိမှာ ပြိတ္တာပြည်  ဖြစ်သည်။

    ၂ ဒေါသ = ပြစ်မှားခြင်း ၊ခက်ထန် ကြမ်းတမ်းခြင်း သဘော။
     

    ဒေါသနှင့် တူသော အပြစ် သည် မရှိ ဟူ၍ ဘုရားဟောထား သည်နှင့် အညီ ဒေါသ သည် အဖျက်ဆီး တတ် ဆုံးသော တရားဖြစ်၏။ မြွေပွေးမြွေဟောက်နှင့် တူ၏။ 

    တက်ကြွသော ဒေါသ ကသာ ဖျက်ဆီး တတ်သည် မဟုတ်။ ဆုတ်နစ်သော ဒေါသကြောင့်ဖြစ်သည့် စိတ်ပျက်ခြင်း၊ ကြောက်လန့်ခြင်း၊ ၀မ်းနည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ စိတ်နှလုံး မသာယာခြင်း၊ လွန်ကဲစွာ ပူဆွေးခြင်း တို့ကလည်း ကိုယ်စိတ်နှစ်ပါး ကို ပျက်စီးစေသည်။
     

    ဒေါသနှင့်သေသူ ၏ လားရာ ဂတိ မှာ ငရဲပြည်ဖြစ်သည်။


    Wednesday, August 5, 2015

    ဂုံမင်းနှင့် ငါး မစားကြရင်ဖြင့် ကပ်ဆေးတဲ့ ထဲ ပါသွားကြ လိမ့်မယ်

    Lwinoo Ko's photo.


    ဂုံမင်း နှင့် ငါး မစားကြရင်ဖြင့် ကပ်ဆေးတဲ့ ထဲ ပါသွားကြ လိမ့်မယ်
    (ရှေး အတိတ် တဘောင်)


    ယနေ့ လူသားတို့သည်
    (၁) သူ့ အသက်ကို သတ်ခြင်း၌ ပျော်ပိုက်ခြင်း မတရားမှု ကံများ ကျူးလွန်နေ၏။


    (၂) မပေးသည် ကို ခိုးယူခြင်း လုယူခြင်း ဝိသမလောဘဖြင့် မမှန် မကန်ရောင်းဝယ် ဖောက် ကားခြင်း မတရားမှု ကံများ ကျူး လွန်နေ၏။

    (၃) ယောက်ျား မိန်းမ အလို ရမ္မက်များ  ကြီးစိုးလာသည်နှင့် အမျှ ကာမဂုဏ် ၌ မှားယွင်းစွာ ကျင့်ခြင်း,
    အိမ်ထောင်ရေးဖောက်ပြန်ခြင်း  မတရားမှု ကံများ ကျူးလွန်နေ၏။


    (၄) မဟုတ် မမှန်သော ပြောဆိုခြင်း များဖြင့် မတရားမှု ကံများ ကျူးလွန်နေ၏။

    (၅) ယစ်မူးစေသော သေရည်သေရက် ကို ယောက်ျား မိန်းမ မဟူ လွန်ကြူး မက်မောစွာ  သောက်သုံးခြင်းဖြင့် ကုသိုလ် တရား တို့ မေ့လျော့ကာ အမှားအယွင်း များစွာပြုခြင်း မတရားမှု ကံများကျူးလွန်နေ၏။


    လူတို့ 'ငါးပါး သီလ'စောင့်ထိန်းခြင်း ကင်းကာ လောဘ ဒေါသ မောဟ များ အားကြီး လာသည်နှင့်အမျှ
    ကပ်ဘေးများ ကြုံကြရသည်။



    "ကပ် (၃) ပါး "
    ၁။ ရာသီဥတုဖေါက်ပြန်ခြင်း နှင့် သဘာဝဘေး ဒါဏ် များ ကြောင့် အစာရေစာ၊ ရှားပါး ငတ်မွတ်ခေါင်းပါး၍ လူ၊ သတ္တ၀ါ များ အစုလိုက် အပြုံ လိုက်သေကြေ ပျက်စီးရခြင်း။

    ၂။ အနာရောဂါ မျိုးစုံဖြစ်ပွား ၍ လူ၊  သတ္တ၀ါ များ အစုလိုက် အပြုံလိုက် သေကြေပျက်စီးရခြင်း။

    ၃။ စစ်မက်ဘေးဒါဏ်ကြောင့် လူ၊ သတ္တ၀ါများ အစုလိုက် အပြုံလိုက် သေကြေ ပျက်စီးရခြင်း။


    လူတို့ တရားမဲ့သော အခါ  ထို ကပ်ဆိုးဘေးဆိုး များ မလွှဲမရှောင်သာ ကြုံလာ ရတတ်ပါသည်။

    သံပုရာသီး အစွမ်း အံ့မခန်း




     

     သံပုရာသီး ကို ဆေး အတွက် အမျိုးမျိုး အသုံးပြုနိုင်ပါတယ်။
     


    *ခံတွင်း ကျန်းမာရေး အတွက်*
    သံပုရာသီး ဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီး အခွံ ကို ဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွား ကို ဖြူစေရုံ တင် မကဘူး။ တောက်ပစေပါတယ်။ ခံတွင်း အနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက် နေရင် လည်း သံပုရာရ ည် နဲ့ ပလုတ်ကျင်းပေးပါ။

     

    *နှုတ်ခမ်းကွဲခြင်း အတွက်*
    မျက်နှာလိမ်း ခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည် တို့ကို ရောစပ်ပြီး လိမ်းပေး ပါ။ တစ်ပတ်လောက် လိမ်းရုံ နဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

     

    *ဆံပင်ကျွတ်ခြင်း အတွက်*
    အုန်းရည်လေးဇွန်း (စားပွဲတင်ဇွန်း) နဲ့ သံပရာရည် တို့ ရောစပ်ပြီး တစ်ပတ် တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ် တာ ပျောက်ကင်း စေပါတယ်။

     

    *ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*
    ကြက်ဥ အကာရည်နှင့် သံပရာရည် (သံပုရာသီး တစ်လုံးစာ) တို့ရောပြီး ဆံနွယ် အမြစ် ကနေ လိမ်းပေးပါ။ တစ်နာရီ ခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။ တစ်လလောက် လုပ်ပေးရုံ နဲ့တင် ဦးရေပြားသန့် ရှင်း ပြီး ဗောက်၊ ဒက် တို့ ကင်းစင် သွားပါ လိမ့်မယ်။

     

    *အသား အရေခြောက်သွေ့ခြင်း အတွက်*
    ငှက်ပျောသီးမှည့် တစ်လုံး ကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ် စက်နဲ့ ချေထား တဲ့ ငှက်ပျောသီး တို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာ နဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါ တယ်။ 


    အသားအရေ ကို ချောမွေ့ သန့်ရှင်း စေပါတယ်။ နောက် တစ်နည်း ကတော့ ပျားရည် တစ်ဇွန်း (လက်ဖက် ရည်ဇွန်း) ကို ဟင်းသီး ဟင်းရွက် ဆီ နဲ့ရောပေးပါ။ ပြီးရင် သံပုရာရည် တစ်စက် လောက် နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင် ဆစ်တွေ၊ ခြေဖနောင့်တွေ နဲ့ ကြမ်းထော်နေတဲ့နေရာတွေ ကို လိမ်းပေးပါ။
     

    လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီး ဟာ အရေပြား အလှ အပအတွက် အကောင်း ဆုံးပေး စွမ်းစေနိုင် တဲ့ သစ်သီး ပဲ ဖြစ်ပါတယ်။ အထူး သ ဖြင့် ဝက်ခြံ နဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့ သတ္တိ ရှိပါတယ်။ မှဲ့ခြောက်တွေကို လည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည် နဲ့သာ လိမ်းပေးရ မှာ ဖြစ် ပါတယ်။