Thursday, December 28, 2017
ကုလသမဂ္ဂ မှာ အမေရိကန် စိန်ခေါ်ခံနေရပြီလား
အစ္စရေး ရဲ့ မြို့တော်ကို ဂျေရုဆလင် ဟု အမေရိကန်က အသိအမှတ်ပြုကြောင်းနှင့် အမေရိကန် သံရုံး ကိုဂျေရုဆလင် သို့ပြောင်းရွှေ့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ကြေညာချက်သည် ကုလ သမဂ္ဂကြီးကိုရော၊ အစ္စလာမ် ကမ္ဘာကြီးကိုရော ပြင်းအားကြီး ငလျင်ကြီး လှုပ်ခတ်သွားစေသည့် အလားဖြစ်ခဲ့ ၏။ အစ္စလာမ်နိုင်ငံအချို့မှ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရာ . . . ထူးထူးခြားခြား အာဆီယံထဲမှ မလေးရှား ပင် စစ်ရေးအတွက် အဆင်သင့်ဖြစ်နေပါပြီဟု ထုတ်ဖော်လာခဲ့ရသည်အထိ ဂယက်ရိုက်သွားခဲ့၏။
(၂၁. ၁၂. ၁၇) တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သမ္မတထရမ့် ၏ ဂျေရုဆလင်ဆိုင်ရာ အဆိုနှင့် ပတ် သက်ပြီး မဲခွဲဆုံးဖြတ်ကြသည်။ ထရမ့် အနေဖြင့် သူ့ကြေညာချက်ကို ပြန်ရုပ်သိမ်းနိုင်ရန် အတွက်ဖြစ်သည်။ ထို မဲခွဲဆုံးဖြတ်မှုသည် ချုပ်နှောင်မှု မရှိသော၊ လိုက်နာရန် မလိုသော (Non-Binding Resolution)  ဖြစ်သော် လည်း ကုလတွင် အင်အားစမ်းသပ်ခြင်းတစ်မျိုးဟု ဆိုရပါလိမ့်မည် ။ အမေရိကန်ကို ဆန့်ကျင် သည့် ဘက်မှမဲ သည် (၁၂၈) မဲရှိခဲ့ပြီး၊ ထောက်ခံမဲမှာ (၉) မဲဖြစ်ကာ၊ ကြားနေ (၃၅) မဲ ဖြစ်ခဲ့ပါ၏။
အမေရိကန်သမ္မတ၏ ဆောင်ရွက်မှုအပေါ် ဆန့်ကျင်သည့်မဲမှာ (၁၂၈) မဲဖြစ်နေသဖြင့်ယနေ့ အမေရိ ကန်သည် အများစု၏စိန်ခေါ်မှုကိုခံနေရချိန်ရောက်နေပြီလားဟု မေးခွန်းထုတ်စရာဖြစ်လာသည်။ သို့သော် လည်းအများစုမှာ အစ္စလာမ်နိုင်ငံများပါဝင်နေသည်ကိုသတိပြုကြရပါလိမ့်မည်။
 ကြိုတင်ဖိအားနိုင်ငံရေး ကစားမှုများ 
ကုလ အရေးပေါ် အထွေထွေညီလာခံတွင် မဲမခွဲမီ၌ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေ က၊ အမေရိကန်ကို ဆန့်ကျင်ဘက်ပြုသောနိုင်ငံများကို ဒဏ်ခတ် အရေးယူမှုများပြုလုပ်သွား မည်ဟု ဖိအားပေးခဲ့သည်။ ထရမ့်၏ အင်တာဗျူးတစ်ခုတွင်လည်း နစ်ကီဟာလေ ပြောကြားခဲ့သလို ဟုတ်ပါသ လား . . . ဟူသောမေးခွန်းအတွက် ထရမ့်ကလည်း တက်တက်ကြွကြွပင် . . .
“ဟုတ်ပါတယ်...နစ်ကီဟာလေ ပြောတဲ့အတိုင်းပါပဲ၊ မဲခွဲရာမှာ အမေရိကန်ကို ဆန့်ကျင်တဲ့နိုင်ငံတွေ အားလုံးကို တုံ့ပြန် အရေးယူဆောင်ရွက်သွားမှာ အသေအချာပါ။” . . . ဟု အတည်ပြုခဲ့သည်။
တူရကီ သမ္မတ အာဒိုဂန် ကမူ . . .
“ တူရကီ တို့ရဲ့ ဒီမိုကရေစီ ဆိုတာ အမေရိကန်ကို ရောင်းချဖို့မဟုတ်ပါဘူး၊ တူရကီကို အမေရိကန်ဝယ် လို့ မရဘူး” . . . ဟု ကမ္ဘာကြီးကို ကြေညာခဲ့သည်။
ယခု ကုလသမဂ္ဂတွင် ဂျေရုဆလင်အပေါ် အစ္စရေး၏မြို့တော်ဟုအသိအမှတ်ပြုမှုကို နိုင်ငံပေါင်း (၁၂၈) နိုင်ငံကဆန့်ကျင်ခဲ့ကြပါ၏။ ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော်ဟု အသိအမှတ်ပြုခဲ့သူမှာ ထရမ့် တစ်ဦးတည်း တော့မဟုတ်ချေ။ အနီးစပ်ဆုံး သမ္မတ များကိုထောက်ပြရလျှင် ထရမ့်ရှေ့က အိုဘားမား သည် လည်းကောင်း၊ ဘီလ်ကလင်တန် သည် လည်းကောင်း အသိအမှတ်ပြုခဲ့ကြသူများ၊ ထုတ်ဖော်ပြောကြားခဲ့ကြ သူများဖြစ်ပါသော်လည်း အဘယ့်ကြောင့် ထရမ့်လက်ထက်ကျမှ ယခုကဲ့သို့ပွက်လောညံခဲ့ကြပါသလဲ ?
ထရမ့်၏ ဆောင်ရွက်မှုများ၊ မိန့်ခွန်းများသည်သူ့နောက်ခံ အရပင် လူထုကို ပို၍အာရုံစိုက်စေခဲ့၏။ ပံ့ပိုးလိုက်သည့်အရာမှာ. . . အမေရိကန်သံရုံးကို တယ်အဘီ မှ ဂျေရုဆလင် သို့ရွှေ့ပြောင်းမည်ဟူသော အချက် ဖြစ်လာပါ၏။
နား မ ချမ်း သာ တဲ့ သ တင်း များ
အ ခု တစ် လော လေး မှာ နိုင် ငံ တစ် ကာ နဲ့ ပတ် သက် ပြီး မြန် မာ နိုင် ငံ သ တင်း တွေ က နား ထောင် လို့ သိပ် မ ကောင်း ဘူး ။ ပြည် တွင်း လည်း မကောင်း ဘူး ။ ရ ခိုင် ဒေ သ ဆို မ ဟုတ် တာ တွေ ချဲ့ ကား ပြီး တစ် မင် သက် သက် အ ပြစ် တင် နေ ကြ တယ် ။ 
အဲ့ဒီ လို မ ဟုတ် တဲ့ သ တင်း တွေ က ဟုတ် တဲ့ သ တင်း တွေ နဲ့ ရော ပြီး ပြန့် နှံ နေ တော့ ငြင်း ရင် လည်း အ တင်း ငြင်း တယ် လို့ ဖြစ် ရ တယ် ။ မ ယုံ ကြ ဘူး ။ ရ ခိုင် ဒေ သ က သ တင်း တွေ က တော့ အ မှန် မ ဟုတ် တာ မြန် မာ နိုင် ငံ ထဲ မှာ ရှိ တဲ့ မြန် မာ နိုင် ငံ သား တိုင်း နီး ပါး သိ ကြ ပါ တယ် ။ 
ဒါ ပေ မဲ့ နိုင် ငံ တစ် ကာ မှာ ရ ခိုင် ဒေ သ လို ပဲ မ ကောင်း သ တင်း တွေ ထွက် ပြီး အ မှန် ဖြစ် နေ တဲ့ သ တင်း တွေ လည်း ရှိ တယ် ။ အဲ့ ဒါ တွေ က Ice လို့ ခေါ် တဲ့ မက် သာ ဖီ တ မင်း ဆေး ကို က မ္ဘာ ပေါ် မှာ မြန် မာ နိုင် ငံ ရယ် တ ရုတ် နိုင် ငံ ရယ် ပဲ ထုတ် လုပ် တယ် ဆို တာ ရယ် ၊ မြန် မာ နိုင် ငံ အ ရှေ့ မြောက် ပိုင်း က တိုင်း ရင်း သူ လေး တွေ ကို မ လေး ရှား နိုင် ငံ မှာ ပြည့် တန် ဆာ ခန်း တွေ ကို ပို့ ဆောင် နေ တဲ့ လူ ကုန် ကူး မှု တွေ ဖြစ် နေ တယ် ဆို တာ ရယ် ပါ ။ 
တွေး ကြည့် ရင် ရင် နာ ဖို့ ကောင်း တယ် ။ အဲ့ ဒီ ပြ ဿ နာ နှစ် ခု စ လုံး က လက် နက် ကိုင် သောင်း ကျန်း သူ တွေ အ များ ဆုံး ရှိ နေ တဲ့ ရှမ်း ပြည် နဲ့ က ချင် ပြည် နယ် ဖက် က ချည်း ပဲ ။ မ နေ့ တစ် နေ့ က ပဲ အ ကြမ်း ဖက် အ ဖွဲ့ က မူ ဆယ် ၁၀၅ မိုင် စီး ပွား ရေး ဇုံ နား ကို လက် နက် ကြီး နဲ့ ပစ် လို့ က လေး တစ် ယောက် သေ ပြီး တစ် ယောက် ပေါင် ပြတ် သွား တယ် ဆို တဲ့ သ တင်း တက် လာ တယ် ။ 
မ နှစ် က အ လား တူ အ ချိန် မှာ လည်း KIA ဦး ဆောင် တဲ့ အ ကြမ်း ဖက် အ ဖွဲ့ မူ ဆယ် ၁၀၅ မိုင် ကို စစ် ရေး နဲ့ အ ကြမ်း ဖက် ခဲ့ ပါ သေး တယ် ။ လက် နက် ကိုင် သူ ပုန် သောင်း ကြမ်း သူ တွေ ဟာ သူ တို့ ပြော ချင် ရာ ပြော လုပ် ချင် ရာ လုပ် လို့ ရ ဖို့ အ တွက် ကိုယ့် တိုင်း ရင်း သား တွေ ကို ချ နင်း နေ ကြ တယ် ။ ကိုယ့် တိုင်း ရင်း သူ တွေ သူ များ မွတ် စ လင် နိုင် ငံ မှာ ပြည့် တန် ဆာ သွား လုပ် နေ ရ တာ ကို ပျော် ပျော် ကြီး ကြည့် နေ ကြ တယ် ။ သူ တို့ ပါး စပ် က တွင် တွင် အော် နေ တဲ့ တန်း တူ ညီ မျှ ရေး ဆို တဲ့ အ သံ အောက် မှာ သူ့ တိုင်း ရင်း သူ တွေ ပြည့် တန် ဆာ ( ကြက် ) ဖြစ် နေ ရ ပြီ ၊ ရုပ် ပျက် ဆင်း ပျက် သေ နေ ကြ ရ ပြီ ။ 
အဲ့ ဒီ ဒေ သ တွေ မှာ လက် နက် ကိုင် တွေ သာ မ ရှိ ခဲ့ ဘူး ဆို ရင် ဘယ် တိုင်း ရင်း သူ မှ ပြည့် တန် ဆာ အ ဆင့် လောက် တော့ ရောက် မှာ မ ဟုတ် တာ သေ ချာ တယ် ။ ဖြစ်ဦးတော့ သူ များ နိုင် ငံ သွား လုပ် စ ရာ မ လို ဘူး ။ သူ တို့ လက် နက် ကိုင် ရ ဖို့ ၊ သူ တို့ ဆ ရာ ကြီး လုပ် ရ ဖို့ ၊ သူ တို့ ပိုက် ဆံ ကို လက် ကြော မ တင်း ပဲ ရှာ ရ ဖို့ ဗ မာ တွေ လူ မျိုး ကြီး ဝါ ဒ ကျင့် သုံး တယ် ၊ ဗ မာ တွေ နှိမ် တယ် လို့ ဝါ ဒ ဖြန့် တယ် ။ သူ့ တိုင်း ရင်း သူ တွေ နိုင် ငံ ခြား မှာ ပြည့် တန် ဆာ သွား လုပ် နေ တာ ကို 
လက် ပိုက် ပြီး ထိုင် ကြည့် တယ် ။
ဘိန်း မှောင် ခို ကူး ပြီး ထိုင် ကြည့် နေ တယ် ။
စိတ် ကြွ ဆေး ထုတ် ပြီး ထိုင် ကြည့် နေ တယ် ။
သေ နတ် ကိုင် ပြီး ထိုင် ကြည့် နေ တယ် ။
ဆက် ကြေး တောင်း ပြီး ထိုင် ကြည့် နေ တယ် ။  
မ ခံ နိုင် ဖြစ် နေ ရ တာ က လက် နက် ကိုင် ပြီး ဆ ရာ ကြီး လုပ် နေ တဲ့ သူ ပုန် သောင်း ကြမ်း သူ တွေ မ ဟုတ် ဘူး ဗ မာ တွေ က နာ နေ ကြ တာ ။ တိုင်း ရင်း သူ တွေ မ လေး ရှား ၊ ထိုင်း တို့ မှာ ပြည့် တန် ဆာ သွား လုပ် နေ ရ တာ ကို ဗ မာ တွေ မ ခံ ချိ မ ခံ သာ နဲ့ နာ နေ ကြ တာ ။ ပြော ကြ ပါ လိမ့် မယ် အ ရင် မဆလ လက် ထက် တို့ စစ် အ စိုး ရ လက် ထက် တို့ ကို လက် ညိုး ထိုး ပြီ ။ အဲ့ ဒီ ခေတ် တွေ ကို လွမ်း လို့ ဝ ရင် ပင် လုံ အ ထိ လက် ညိုး ထိုး ပြီး ပြ ကြ လိမ့် မယ် ။ 
တစ် ချို့ များ ဆို ပင် လုံ ဆို တာ သူ နဲ့ ဘာ မှ မ ဆိုင် တာ တောင် ပါး စပ် က ပင် လုံ ကို မ ချ တော့ ဘူး ။ အ ရမ်း ထင် ပေါ် ချင် ၊ အ ရမ်း ခေါင်း ဆောင် လုပ် ချင် ၊ အ ရမ်း ဆ ရာ ကြီး လုပ် ချင် တဲ့ သူ တွေ ကြောင့် မြန် မာ နိုင် ငံ ကော မြန် မာ တိုင်း ရင်း သူ လေး တွေ ကော အ တိ ဒု က္ခ ရောက် ကြ ရ တယ် ။ 
Thursday, December 7, 2017
အ၀တ် အစား အသစ်ကို မ၀တ်ခင် လျှော်သင့်သည့် အကြောင်းရင်း (၇) ခု
တစ်ကယ်လို့ အ၀တ်အစား အသစ်တွေကို ၀ယ်လာပြီး အ၀တ်လျှော်စက်ထဲမှာ လျှော်ဖွပ်မယ် ဆိုရင်လည်း ဒီအချက်လေးတွေကို စစ်ဆေးသင့်ပါတယ်။
၁။ အရောင် စမ်းသပ်ပါ ။
အ၀တ်လျှော်စက်ထဲကို အ၀တ်အစား အသစ်မထည့်ခင် အထည်ရဲ့ နေရာ အနည်းငယ်ကို ရေနည်း နည်း ဆွတ်ပြီး အ၀တ်ပိုင်းစ အဖြူရောင်တစ်ခုနှင့် အုပ်ပြီး ထိုနေရာကို မီးပူတိုက်ကြည့်ပါ။ ဒါက သင့်အ၀တ် အထည် သစ်မှာ အသုံးပြုတဲ့ ဆိုးဆေး ကျွတ်မကျွတ်ကို သိနိုင်ပါလိမ့်မယ်။ တစ်ကယ်လို့ အ၀တ်ပိုင်းစ အဖြူမှာ အရောင် စွန်းနေတယ်ဆိုရင် တစ်ခြား အ၀တ်အထည်များနှင့် ရောမလျှော်ပါနဲ့။
၂။ အရောင် ခွဲခြားပါ ။
အ၀တ်လျှော်စက်ကို အသုံးပြုပြီးလျှော်တဲ့ အခါတိုင်း ခွဲခြားလျှော်ဖို့ အကြံပြုပါတယ်။ ပထမ တစ်ခုက အဖြူရောင်အ၀တ်တွေကို သီးသန့်လျှော်ပြီးမှ တစ်ခြား အရောင်နဲ့အ၀တ်အစားများကို လျှော်ပေးပါ။
၃။ အထည် အမျိုးအစား ။
အထည်တွေကို ခွဲထားခြားပြီး လျှော်ခြင်းက သင့်အ၀တ်အစားတွေကို ထိန်းသိမ်းနိုင်မယ့် နည်း လမ်း ဖြစ်ပါတယ်။
၎။ ပျော့ပျောင်းတဲ့ အထည်နှင့် ဆပ်ပြာ ပမာဏကို ဂရုစိုက်ပါ ။
ဒါကို ထုတ်လုပ်သူတွေက အကြံပြု ထားတဲ့ ညွန်ကြားချက်များ အတိုင်း လိုက်နာဖို့ အမြဲတမ်း အကြံပြု ထားပါတယ်။
၅။ သတ်မှတ် ထားသော ကုန်ပစ္စည်း Partition ကို အသုံးပြုပါ ။
အ၀တ်အစားများပေါ်မှာ ဆပ်ပြာတွေ တိုက်ရိုက်ပုံပြီး အ၀တ် မလျှော်သင့်ပါဘူး။ အ၀တ်လျှော်စက် အားလုံး နီးပါးက သူတို့ကို ထိန်းသိမ်းဖို့ အတွက် လုံလောက်တဲ့ Partition နှင့် အတူ ပါလာပါတယ်။
ဆပ်ပြာမှုန့် နဲ့ ရေကို အရင်ရောစပ်ပြီးမှ အ၀တ်လျှော်စက်ထဲ လောင်းထည့်ပြီး ထည့်လျှော်ပါ ။ အ၀တ် မထည့်ခင် ဆပ်ပြာရည် ထည့်တာက ပိုကောင်းပါတယ်။
၆။ အရိပ်ထဲမှာ အခြောက်ခံပါ ။
အရိပ်ထဲမှာ အ၀တ်အစားတွေကို အခြောက်ခံခြင်းက အရောင်နှင့် အရည်အသွေးကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ကူညီပေးပါတယ်။ နေရောင်အောက်တွင် သင့် အ၀တ်အစားများကို ထားခြင်းက မြန်မြန်ဟောင်းနွမ်း လွယ်တာကြောင့် ဖြစ်ပါတယ်။
၇။ အိပ်ရာခင်းတွေကိုလည်း မမေ့ပါနဲ့ ။
အိပ်ရာခင်း အသစ်တွေကို အသုံးမပြုခင် လျှော်ဖို့လည်း အကြံပြုထားပါတယ်။ ဒါက ရေချိုး သဘက်နှင့် မီးဖိုချောင် ဆက်စပ် ပစ္စည်းများနှင့်လည်း သက်ဆိုင်ပါတယ်။ သန့်ရှင်းဖို့အတွက် သူတို့ကို ပထမဦးဆုံး အကြိမ် အသုံးမပြုခင်မှာ အထူး ဂရုစိုက်ဖို့လိုပါတယ်။
 အထက်ပါ ရိုးရှင်းတဲ့ အကြံပြုချက်များက သင့်မှာ ရှိတဲ့ ဓါတ်မတည့်ခြင်း တုံ့ပြန်မှု ကိုရဲ့ အန္တရာယ်ကို လျှော့ချပေး နိုင် ပါတယ်။
#Lifestyle_Myanmar
လယ်သမား နဲ့ မြေခွေး
တစ်ခါက မြေခွေး တစ်ကောင်ဟာ လယ်သမား တစ်ယောက်ရဲ့ ကြက်ခြံထဲက ကြက်တွေကို အမြဲ လိုလို  ၀င်ဆွဲလေ့ ရှိတယ်။ အဲဒီလို လုပ်နေတဲ့ အတွက် လယ်သမားဟာ မြေခွေးကို အင်မတန်မှ မုန်းတီး စက် ဆုတ်ခဲ့ပါသတဲ့။
 မြေခွေးကို အမိ ဖမ်းမိရင်တော့ ကောင်းကောင်း လက်စားချေဖို့အတွက် တေးမှတ်ထားတယ်။ တစ်နေ့တော့ လယ်သမားဟာ မြေခွေးကို ထောင်ချောက်ဆင်ပြီး အမိ ဖမ်းလိုက်နိုင်တယ်။
အဲဒီ အခါမှာတော့ သူဟာ ကြိုးတစ်ချောင်းကို ဆီအိုးထဲမှာ ရွှဲနစ်နေအောင်စိမ်လိုက်တယ်၊ ပြီးတဲ့အခါ မြေခွေးအမြီးမှာ ပူးချည်ပြီး မီးရှို့လိုက်တော့တယ်။ မီးလောင်နေတဲ့မြေခွေးဟာ လယ်သမားရဲ့ ရိတ်သိမ်းလု ဆဲဆဲ ဂျုံခင်းထဲကို ဖြတ်ပြေးခဲတယ်။
အဲဒီအခါမှာတော့ လယ်သမား တစ်ရာသီလုံး ကြိုးစား စိုက်ပျိုးလာခဲ့ရတဲ့ ဂျုံခင်း တစ်ခုလုံး မီးလောင် သွားခဲ့ရတယ်။
Saturday, November 11, 2017
Bitcoin နှင့် ပုံတူ coin များ အကြောင်း
Crypto Currency ဖြစ်ကြတဲ့ Bitcoin / Litecoin / Dogecoin အစရှိတဲ့ Currency တွေ အကြောင်း အ ကျဉ်းချုံး ရှင်းလင်းချက် ဖြစ်ပါတယ်။ ဆောင်းပါး ရဲ့ ရည်ရွယ်ရင်းဟာ ဒီ Crypto Currency တွေမှာ မြန်မာနိုင် ငံသားတွေ ရင်းနှီးမြှုပ်နှံဖို့ မသင့်တော်တဲ့ အပြင် ဥပဒေနဲ့ ငြိစွန်းကြောင်း အသိပေးလိုရင်းဖြစ်ပါတယ်။
ဒါကြောင့် ဒီဆောင်းပါးကို Crypto Currency ကို ရင်းနှီးမြှုပ်နှံမှုကို ဆန့်ကျင်တဲ့ Page များ၊ Group များမှာသော်၎င်း၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီသော်၎င်း ဆောင်းပါး အပြည့်အစုံကို ဖော်ပြပြီး အခမဲ့ လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ 
ဒါပေမယ့် တစ်စိတ် တစ်ပိုင်းကိုပဲ မိမိ လိုသလို ပုံဖျက်ကာ ဖြတ်တောက် ကူးယူခြင်းကိုသော်၎င်း၊ Crypto Currency ရောင်းဝယ်ခြင်း၊ လဲလှယ်ခြင်း၊ တစ်နည်းနည်းဖြင့် အသုံးချခြင်း၊ လက်လွှဲခြင်း တို့ကို မြှင့်တင်ရန်၊ ကြော်ငြာရန် အတွက် အသုံးပြုခြင်းကိုသော်၎င်း လုံးဝ (လုံးဝ) ခွင့်မပြုတဲ့ အပြင် တားမြစ်ချက်ကို ဖောက် 
ဖျက်ပါက တည်ဆဲ မူပိုင်ခွင့် ဥပဒေများနဲ့ အညီ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။
==================================
Crypto Currency နောက်ခံ သမိုင်း၊ အလုပ်လုပ်ပုံ ၊ အနာဂတ် အလားအလာ : ပြည်တွင်းရင်းနှီးမြှုပ်နှံသူတို့ လက်ရှောင်နေသင့်သည့် အကြောင်းအရင်း ။
ဆောင်းပါး မစခင် အရေးပိုကြီးတာလေး နည်းနည်းပြောဦးမယ် ။ Bitcoin သည် မကောင်းဘူး။ ရင်းနှီးမြှုပ်နှံသင့်တဲ့ ကိစ္စတစ်ခု မဟုတ်ဘူး ။ ဒါပေမယ့် Bitcoin သည် ခိုင်မာမှု အများကြီး ရှိသေးတယ်။ ပြောချင်တာ က Bitcoin ဟာ ကမ္ဘာပေါ်မှာ သီးခြားဖြစ်တဲ့ ပွင့်လင်းမြင်သာမှု ရှိတဲ့ လုပ်ငန်းစုကြီးတွေ အများကြီး ပါဝင်ဆောင်ရွက်နေကြတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု တစ်ခုဖြစ်တယ်။ ကွန်မြူနစ် စနစ်လိုပေါ့။ လက်တွေ့အလုပ်ဖြစ်သလားဆိုရင် မဖြစ်ဘူး။ 
လူတန်းစားမဲ့ ကမ္ဘာတို့၊ ပစ္စည်းမဲ့ အာဏာရှင်စနစ် တို့ဟာ  ဟောလို့ပြောလို့ ကောင်းသလောက် လက်တွေ့ အလုပ်မဖြစ်ဘူး ။ Bitcoin လည်း ဒီသဘောပဲ။ ဒါပေမယ့် ကွန်မြူနစ် စနစ်ကို နှစ်ပေါင်းများစွာ၊ လူတွေ အများကြီး ယုံကြည် လက်ခံခဲ့ကြတယ်။ Bitcoin ကိုလည်း အနာဂတ်လို့ ထင်နေသူတွေ အများကြီးရှိတယ်။ သူကတော်သေးတယ်။ သူ့ထက် ဆိုးတာက ပွင့်လင်းမြင်သာမှု မရှိ၊ ဘာနည်းပညာမှာ မယ်မယ်ရရ မရှိတဲ့ SCoin တို့၊ CoinSpace တို့၊ JCoin တို့၊ JCard တို့က ပိုဆိုးတယ်။ 
အမှန်တော့ ဒီ coin တွေက Crypto Currency မဟုတ်ဘူး။ ကိုယ့်ဆီက ငွေသားကို သူတို့ဆီက coin  လို့ ပြောတဲ့ point တွေနဲ့ လဲပြီးတော့ Debit card ပုံစံမျိုး သုံးရတာပဲ။ Bitcoin နာမည် ထွက်လာတာကို အကြောင်းပြုပြီး ရောင်တော်ပြန်နဲ့ ရောလွှတ်တာပဲ။ ဒီဆောင်းပါးဟာ Crypto Currency တွေ အကြောင်းပါ။ ဒီဇကောလောက်မှ ဇောက်မနက်တဲ့ လူလိမ် ဖိုးတွမ်တီးတွေအကြောင်း မဟုတ်ပါဘူး။
Crypto Currency မှာ ကျွန်တော်တို့က နှစ်ပိုင်း ခွဲပြောရမယ်။ Crypto နဲ့ Currency ပေါ့။ ဝှက်စာ စနစ်နဲ့  ငွေကြေး ဆိုပြီး နှစ်ပိုင်းပါ။ ငွေကြေး က အရင် စပြောမယ်။ အမှန်တော့ သမိုင်းဆိုင်ရာ အချက် အလက်တွေနဲ့ တိုက်ဆိုင်ပြီး ပြောနိုင်ပေမယ်လို့ ကျွန်တော် အချိန်မရလို့ နှစ်တွေ လတွေ ထည့်မပြောတော့ဘူး။ နောက် အေးအေးဆေးဆေး ရှိရင် ဒါတွေ အသေးစိတ်ပြောပါမယ်။
ငွေကြေး ဆိုတာက ပထမဦးဆုံး အနေနဲ့တော့ ကုန်စည်ဖလှယ်မှု ကနေလာတယ်။ ကုန်ပစ္စည်း A ကို ကုန်ပစ္စည်း B နဲ့ ဖလှယ်ဖို့ ကြိုးစားရာ ကနေ ငွေကြေး ဆိုတာပေါ်လာတယ်။ အရင်က ပစ္စည်းချင်း ဒဲ့ လဲကြ တယ် ။ ကိုယ်က ငါး ဆိုရင် သူကနွားသား နဲ့ လဲမယ်ပေါ့။ ဒီမှာ ပြဿနာက လဲမယ့် ပစ္စည်းတွေက ကြာကြာ မခံဘူး။ နောက်တစ်ခါ ကိုယ့်မှာ ရှိတဲ့ပစ္စည်းကို လိုချင်တဲ့သူကို လိုက်ရှာရတာ ခက်တဲ့ အပြင် ကိုယ်လိုချင်တဲ့ ပစ္စည်းက ဘယ်သူ့ဆီမှာ ရှိသလဲ ဆိုတာကို လိုက်ရှာရတာကလည်း ခက်တယ်။ 
အဲဒီနှစ်ခု ဆုံဖို့က လူ့ပြည် အပ်တစ်စင်း၊ ဗြဟ္မာ့ပြည် အပ်တစ်စင်း ထိဖို့ လိုဖြစ်နေတယ်။ အဲဒီတော့ ဘာလုပ်လဲဆိုတော့ အားလုံး အတွက် လိုအပ်တဲ့ ပစ္စည်းမျိုးကို ကြားခံ အနေနဲ့ သုံးကြတယ်။ အထူး သဖြင့် ပဲ၊ ပြောင်း၊ ဆန်၊ ဆား တို့လိုပေါ့။ ဒါ အခုအချိန်အထိ လုပ်ကြတုန်းပဲ။ အညာဘက်တွေမှာ ဆိုရင် လုပ်အားခကို ပဲနဲ့ ပေးတာ၊ စပါး နဲ့ ပစ္စည်းဝယ်တာ လုပ်နေကြတုန်းပဲ ။ 
ချင်းပြည်လို တောင်ပေါ်ဒေသတွေမှာ သူတို့ဆီက ပစ္စည်းကို ကျွန်တော်တို့ မြေပြန့်က လူတွေက သွားဝယ် ရင် ဆား နဲ့ ဝယ်ရတယ်။ အဲဒီမှာလည်း ပြဿနာက အရင်ကလောက်တော့ သူ့ ပစ္စည်း၊ ကိုယ့် ပစ္စည်း တည့်ဖို့ မလိုတော့ပေမယ့်၊ ပစ္စည်းအရွယ် အစားက ကြီးနေတာ၊ ခွဲစိတ်ရ ခက်တာ၊ နောက်ကြာကြာ မခံတာ အဲဒီ လိုပြဿနာတွေ ရှိနေတုန်းပဲ။ အဲဒီမှာတင် ပစ္စည်းချင်း ဖလှယ်တာထက် ပိုကောင်းတဲ့ တန်ဖိုးသတ်မှတ်ချက်ရှိတဲ့ အစားထိုးငွေကြေးကို ဖန်တီးလာတယ်။
စစချင်း မှာတော့ ရှားပါးတဲ့ ခရုခွံလေးတွေ ကျောက်ခဲ ပုံစံ ဆန်းဆန်းလေးတွေကို အစားထိုး သုံးတယ် ။ ဘယ် လို ခရုခွံ ဆိုရင် ဘယ်လောက် တန်တယ်၊ ဘယ်လိုကျောက်တုံးပုံ ဆို ဘယ်လောက် တန်တယ်ပေါ့။ ဒါကလည်း ပြဿနာ ရှိတယ်။ ခရုခွံ ဆိုတာ ဘယ်နား ကောက်ကောက်ရတယ်၊ ကျောက်တုံး ဆိုတာ ဘယ်လို လုပ်လုပ်ရတယ်။ တန်ဖိုး သတ်မှတ်ချက်က မသေချာဘူး။ နောက်တစ်ခုက လိုသလောက် ရဖို့ ခက် တယ် ။ 
အဲဒီတော့ ဘာလုပ်လဲ ဆိုရင် အဖိုးတန် သတ္တုတွေကို ရှာပြီးတော့ မိုလောင်းပြီး သုံးကြတယ်။ သတ္ထုဖြစ်တဲ့အတွက် သယ်ရတာ လွယ်တယ်၊ နည်းနည်းပဲ သယ်ရတယ်။ ပျက်စီးသွားရင်လည်း မီးနဲ့ အပူပေးပြီး ပြန်ပေါင်း လိုက်လို့ ရတယ်။ ပုံစံမျိုးစုံ လုပ်နိုင်တယ်။ ခွဲစိတ်ရ လွယ်တယ်။ အဲဒီတော့ သတ္ထု ကို နှစ်ပေါင်းများစွာ ငွေကြေး အဖြစ် သုံးခဲ့ကြတယ်။
လိုရာသုံး ဗဟုသုတများ
လိုရာသုံး ဗဟုသုတ ခွန်နှစ် ခု
(1)----ရေ၀င်ဆန့် တွက်နည်း
(2)----သစ် တွက်နည်း
(3)----မြေ တွက်နည်း
(4)----ဘိလပ်မြေ တွက်နည်း
(5)----မြန်မာ ရတု ရေတွက်ပုံ
(6)----အကြိမ်ရေ ရေတွက်ပုံ
(7)----အသုံးဝင်သော နှစ်လုံးတွဲ အင်္ဂလိပ် စကားတိုများ
(1) ရေ၀င်ဆန့် တွက်နည်း
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
အုတ်ရေကန် ဝင်ဆန့်မှု
တွက်ချက်နည်းက ပိုလွယ်ပါတယ် ။ 
အလျား×အနံ×အမြင့်=ကုဗပေ ရတယ် ။
အဲဒီ ကုဗပေ နဲ့ ၁ ကုဗပေ မှာ ရေ ၆•၂၅ ဂါလံ နဲ့ မြှောက် ရတာ ဝင်ဆန့်တဲ့ ရေဂါလံပေါ့ ။
=========================
(2) သစ် တွက်နည်း
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
မြန်မာ လက်သမား တို့၏ သစ်တွက်နည်း ဝေမျှပါသည်။
သစ် တစ်တန်=၄၀၀ လက္မ သတ်မှတ်ပါသည်။
ဥပမာ ....   ၂"X၁"( အရှည် ၁၈ ပေ)=၂" ဟု သတ်မှတ်သည်။
၄၀၀ ÷၂= ၂၀၀ ထို့ကြောင့်
၂"၁" (အရှည် ၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
၂"၁" (အရှည် ၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
၃"၁"= ၃"(အားလုံးပေရှည် ၁၈ ပေ မှတ်ယူရပါမည်)
၎"၁"=၄" (၁၀၀ချောင်း)
၅"၁"=၅" (၄၀၀ စား ၅ (၈၀ ချောင်း)
၆"၁"=၆" (၆၆.၆ ချောင်း)
၃"၀.၅"=၁.၅" (၂၆.၆၆ ချောင်း)
၎"၀.၅"=၂" (၂၀၀ ချောင်း)
၎"x၄"=၁၆ လက္မ(၂၅ ချောင်း)
၅"x၅"=၂၅လက္မ (၁၆ ချောင်း)
ဥပမာ ။ တန်ဘိုး တစ်တန်=၄၀၀၀၀၀ကျပ်
၄၀၀၀၀၀%၄၀၀= ၁၀၀၀ ကျပ် (၁" တန်ဘိုး ဖြစ်သည် ။)
၂"x ၁၀၀၀=၂၀၀၀၀ ကျပ် (၂"၁" ၁၈ပေ တစ်ချောင်း၏ တန်ဘိုးဖြစ်သည်။)
အမြန်ဆုံးသော သစ်တွက်နည်း
ဥပမာ ...
သစ်တစ်တန် ၆၅၀၀၀၀ ဈေးဖြင့်
၎''x၂ '' (လေးနှစ်) ၁၈ ပေ တစ်ချောင်း
တန်ဖိုးကို တွက်ကြည့်မယ် ။
ဈေးနှုံး ကို တည် ဒသမ သုည သုည နှစ်ငါး
ဖြင့်မြှောက် (၆၅၀၀၀၀ × •၀၀၂၅ )
ရလဒ် ကို သစ် ချောင်း ၏ ဒု × ဗျက် (၄''×၂'') ရလဒ်ဖြင့် ပြန် မြှောက်လိုက်ပါ ။
ဒါဆို ၄" × ၂" (လေးနှစ်) ၁၈ ပေ တစ်ချောင်း၏ တန်ဖိုး ရပါပြီ....
၆၅၀၀၀၀× •၀၀၂၅ = ၁၆၂၅
၎× ၂ = × ၈
-------------
၁ ၃၀၀၀
လေးနှစ် တစ်ချောင်း တန်ဖိုး ၁၃၀၀၀ ဖြစ်ပါသည်...
မည်သည့် ဒု ဗျက်
မည်သည့် ဈေးနှုံးမဆို တွက်ကြည့် နိုင်ပါ သည်။
White Gold & Platinum
 ရွှေဖြူ ဆိုသည်မှာ…
ရွှေဖြူ ဆိုသည်မှာ ရွှေ သတ္တုစပ် တစ်မျိုးဖြစ်ပါသည်။ ရွှေ အ၀ါကို အဖြူရောင် ရှိသော အခြား သတ္တုများဖြစ်တဲ့ နီကယ် (nickel)၊ ဇင့် (zinc)၊ ပလက်ဒီယမ် (palladium)၊ နှင့် ပလက်တီနမ် (platinum) သတ္တုတွေကို အချိုးကျ ရောစပ်ပြီး၊ ရိုဒီယမ် (rhodium) သတ္တုဖြင့် အပေါ်ယံမှာ အရောင်တင်လိုက်သောအခါ ရွှေဖြူဖြစ်လာသည်။
 ရွှေဖြူ ကို 24K, 22K, 18K, 14K စသည်ဖြင့် ရွှေ၏ အရည်အသွေးကို ကရက် (karat) ဟူသော အတိုင်းအတာဖြင့် ဖော်ပြကြသည်။ 
24K ဆိုသည်မှာ ရွှေဝါ ၉၉% နှုန်း ပါဝင်ပြီး၊ 22K ဆိုသည်မှာ ရွှေဝါ ၉၁% ပါဝင်ကြောင်းကို ဖော်ညွှန်းသည် ။ လက်ဝတ်ရတနာများ အဖြစ် ၀တ်ဆင်ရန်ပြုလုပ်ထားသော ရွှေဖြူ များသည် 18K (ရွှေဝါ ပါဝင်မှု ၇၅% နှုန်း) နှင့် 14K (ရွှေဝါ ပါဝင်မှု ၆၀% ခန့်) ရှိသော ရွှေဖြူထည်များဖြစ်ကြသည်။ 
ထို့ကြောင့် ရွှေဖြူထည် များ၏ အတွင်း တစ်နေရာတွင် 18K၊ 14K ဟု ရေးသားထားလေ့ရှိသည်။ အချို့ ရွှေဖြူထည် များတွင် 750 ဟုရေးသားလေ့ ရှိကြပြီး၊ ထို 750 သည်လည်း ရွှေဝါ ပါဝင်မှု ၇၅% ရှိကြောင်း ဖော်ညွှန်းခြင်းဖြစ်သည်။ ဤကဲ့သို့ ဖော်ညွန်းခြင်းကို ရွှေ ၏ Hallmark ဟုခေါ်သည်။
အမှိုက်တွေကို ရှင်းထုတ်လိုက်ပါ
ဘဝ တစ်လျှောက်လုံးမှာ ကြုံတွေ့ရသမျှတွေကို သင့် ဦးနှောက်နဲ့ မှတ်တမ်းတွေ အကန့်လိုက် သိမ်းဆည်းထားကြပါတယ်။ အဲ့ဒီလို သိမ်းဆည်းထားတဲ့ အရာတွေထဲမှာ မလိုအပ်တဲ့ အမှိုက်တွေ များစွာပါဝင်ပါတယ်။
အမှိုက် ဆိုတာဘာလဲ .. ?
အမှိုက် ဆိုတာ သင့် ဘဝတစ်လျှောက်မှာ သင်ကြုံတွေ့ခဲ့ရတဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်တွေ နားကျဉ်း စရာဖြစ် ရပ်တွေ ရှုံးနိမ့်ခဲ့ရတာတွေ အားငယ် နေရတာတွေ ချိုးနှိမ် ခံရတာတွေ စသဖြင့် သင့်ဘဝကို အဆိုးတွေ သယ် ဆောင် ပေးခဲ့တဲ့ မှတ်ဉာဏ်တွေပဲ ဖြစ်ပါတယ်။
အဲ့ဒီ အမှိုက်တွေက သင့်ကို နလန် မထူအောင် သင့်စိတ်တွေကို ရောဂါပေးနေတဲ့ မှတ်ဉာဏ် တွေပဲဖြစ်ပါတယ် ။ ဒါတွေကို သင်ပြန်တွေးပြီး သင့်စိတ်ကို သင်ကိုယ်တိုင် ပြန်သတ်မိနေတယ် ဆိုတာကို သင်သတိ ထားမိပါရဲ့လား။
ဒီလို ဆိုးဝါးတဲ့ အတိတ်တွေကို သင် သိမ်းဆည်းထားနေသရွေ့ သင့် ဦးနှောက်ကို အမှိုက် ပုံကြီး အကြီး ကြီး ဖြစ်အောင် ရောဂါတွေဖြန့်ဝေနေပါလိမ့်မယ်။
အဲ့ဒီတော့ သင် အဲ့ဒီ အမှိုက်လို မှတ်သား ဉာဏ်တွေကို ဆက်သိမ်းထားသင့်ပါရဲ့လား.........?
သင့် ဦးနှောက်ထဲက ဘဝ အတွက် အရေးမပါတဲ့ အမှိုက်တွေကို တစ်ဖြည်းဖြည်းချင်း ရှင်းထုတ်လိုက်ပါ  သန့်ရှင်းသွားတဲ့ အခန်းတွေမှာ သင့်ဘဝတွက် အရေးပါတဲ့အရာတွေကို အစားထိုး သိမ်းဆည်းပါ။
အချိန်မှီ မရှင်းထုတ်ခဲ့ရင် အဲ့ဒီ အမှိုက်ဆိုးတွေက သင့် ဦးနှောက် တစ်ခုလုံးကို ဝါးမြို သွားပါလိမ့်မယ် ။ ဘဝအတွက် အရေးပါတဲ့ အရာတွေကို သိမ်းဆည်းဖို့အတွက် နေရာလွတ်တွေ လိုအပ်နေပါလိမ့်မယ်။
စိတ်ဓာတ် ကြံ့ခိုင်တဲ့သူတွေဟာ ဒီအရာတွေကို မလုပ်ပါဘူး
ကျွန်တော်တို့တွေ ခန္ဓာကိုယ် ကို သန်မာ ကြံ့ခိုင်အောင် ပြုလုပ်ဖို့ အရေးကြီးသလို စိတ်ဓာတ်ကြံ့ခိုင်ဖို့ အတွက် ပြုလုပ်ဖို့ကလဲ အရေးကြီးပါတယ်။ စီးပွားရေး လုပ်တဲ့နေရာမှာလဲ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိတာဟာ အောင်မြင်ဖို့ အတွက် တွန်းအားတစ်ခုပါ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ ဒီအရာတွေကို မလုပ်ပါဘူး။
ကိုယ့်ကိုယ် ကို အပြစ်တင်ရင်း အချိန်တွေ မကုန်ဆုံးတတ်ပါဘူး။
စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူတွေဟာ ကိုယ် အကောင်းဆုံး လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေ မဖြစ်မြောက်ရင်တောင် ကိုယ့်ကိုယ် ကို အပြစ်တင်ရင်း အချိန်တွေ ကုန်ဆုံးတာမျိုး မလုပ်ကြပါဘူး ။ အခြေအနေတွေ ဆိုးရွား သွား ရင်တောင် သူတို့ လုပ်ခဲ့တဲ့ အရာတွေ ရရှိလာတဲ့ ရလဒ်တွေ အတွက် ကိုယ့်ကိုယ် ကို အပြစ်မတင်ဘဲ တာဝန် ယူဖို့ပဲ စဉ်းစားပါတယ်။
သူများတွေက ပေးတဲ့ negative energy တွေကို မယူတတ်ပါဘူး ။
စိတ်ဓာတ် ကြံ့ခိုင်တဲ့သူတွေဟာ တစ်ခြားသူတွေက ကိုယ့်ကို မကောင်းပြောတာတွေ စိတ်ဓာတ်ကျအောင် ပြောတာတွေ စတဲ့ စကားသံတွေကို လက်ခံလေ့ မရှိပါဘူး။ သူတို့တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် လုပ်ဆောင် ချက်တွေ စိတ် ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။
ပြောင်းလဲမှုကို မကြောက်ရွံ့ဘူး။
သူတို့က ပြောင်းလဲမှုတွေကို လက်ခံကြတယ်။ ဘဝ ရဲ့ စိန်ခေါ်မှုတွေကို ကြိုဆိုတယ် ။ မရေရာ မှုတွေကို  တွေးပူလေ့ မရှိပါဘူး။ ဒီလို မရေရာမှုတွေကပဲ သူတို့ကို ခွန်အားတွေ ပေးနိုင်ပြီး အခြေအနေတိုင်းကို အကောင်းဆုံးတွေ ပြုလုပ်စေပါတယ်။
သူတို့ မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ စွမ်းအားတွေကို မသုံးပါဘူး။
သူတို့တွေဟာ ကားလမ်းကျပ်တာ တစ်ခြား သူတွေရဲ့ ကိုယ့် အပေါ် မကောင်းတဲ့ လုပ်ရပ်တွေ စတဲ့ သူတို့ မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ ငြီးတွားလေ့ မရှိပါဘူး။ ဒီလို အခြေအနေတွေမှာ သူတို့ ထိန်းချုပ်နိုင်တဲ့ အရာတွေဖြစ်တဲ့ သူတို့ရဲ့ ကိုယ်ပိုင် စိတ်နေ သဘောထားနဲ့ တုံ့ပြန်မှုတွေကိုပဲ အကောင်းဆုံး အာရုံစိုက်ပါတယ်။
Thursday, November 2, 2017
စီဒီရွမ် တစ်ချပ်ထဲက ဖျားနေတဲ့ ကဗျာ
ခုတော့လည်း…
မိုးဦးကျပေါက်လာတတ်တဲ့ သစ်တုံးမှို
မြက်ကြားမှိုတွေလို
အလျှိုလျှို …
မြွေတွေလို အရေခွံ လဲသူလဲ
ဝှက်ထားတဲ့ လက်သည်း တုံးတုံးတွေကို ထုတ်ပြသူပြ
ရသမျှ ဇာတ်ဝင်ခန်းမှာ
ပန်းကန်ပဲဆေးရ ဆေးရ
ဈေးကောက်ပဲ ကောက်ရကောက်ရ
အလုပ်အကျွေးပြုပါရစေ ဆိုသူဆို။
“ အစွယ်လိုသူ မိဘုရား
အသွား စေခိုင်းသူ မင်းဧက္ကရာဇ်
လေးပစ်သူ ဘုရား ကျွန်တော်.. ” များ
အော်…ဦးပုည ကို သတိရမိသား ခဏ
ကမ်းနားသစ်ပင်များသာ တောထ
ပြိုကျသွားတဲ့ ကမ်းပါးတွေကလည်း
မြစ်ကြောင်းကို ဆို့ပိတ်လို့
တစ်ချို့ …။
တိမ်တောင် မို့မို့တွေလို ရောင်ပြောင်းတောက်
လွင့်မြောက် မိုးပျံပူဖောင်းတွေက
တေးသွား အလိုက်လွန့်မြူး
Wednesday, October 18, 2017
Proxy Server ဆိုတာ ဘာလဲ
Proxy Server ဆိုတာ ဘာလဲ
 Proxy Server ဆိုတာ သင့် ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော် များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော် တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ 
ဒါကြောင့် အင်တာနက် သုံးစွဲရတဲ့ သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။  ဒါ့အပြင် မြန်မာပြည်မှာ ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ 
Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့ အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။ 
Anonymous Proxy Server ဆိုတာ ဘာလဲ 
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့ အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။ 
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော် တို့ဟာ အချက်အလက် ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့  IP ကို အဲဒီ Site ဟာ မသိနိုင်ပါဘူး။  
Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server
 တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။ 
Tuesday, October 10, 2017
Messenger မှ ထိန်းချုပ်နိုင်မည့် IOT နည်းပညာသုံး စိုက်ပျိုးရေး စနစ်
                    Messenger မှ ထိန်းချုပ်နိုင်မည့် IOT နည်းပညာသုံး စိုက်ပျိုးရေး စနစ်ကိုရှင်းလင်းပြသနေစဉ် ၊
Messenger မှ ထိန်းချုပ်နိုင်မည့် IOT နည်းပညာသုံး စိုက်ပျိုးရေး စနစ် ကို မန္တလေး ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားလေးဦး ပူးပေါင်း တီထွင် ။
ပျိုးပင်ငယ် များကို မည်သည့် ဒေသတွင် မဆို စိုက်ပျိုးနိုင် စေရန် ဖန်လုံအိမ်ငယ် (GreenHouse) တစ်ခု တည်ဆောက် ကာ ရေလောင်းခြင်းနှင့် အပူချိန်ထိန်းချုပ်ခြင်း တို့ကို Facebook Messenger ပေါ်မှ တစ်ဆင့် ထိန်းချုပ်နိုင်မည့် IOT နည်းပညာသုံး စိုက်ပျိုးရေး စနစ်ကို မန္တလေးကွန်ပျူတာ တက္ကသိုလ် မှ တတိယနှစ် ကျောင်းသားလေးဦးက ပူးပေါင်း တီထွင်ခဲ့သည်။
‘‘ ဒီပရောဂျက်က အပင်စိုက်တဲ့ လုပ်ငန်းတွေမှာ အသုံးပြုဖို့ အတွက် ရည်ရွယ် တယ်။ တောင်ပေါ်ဒေသက အပင်ကို မြေပြန့်မှာ စိုက်လို့ ရအောင်၊ မြေပြန့်က အပင်ကို လည်း တောင်ပေါ်မှာ စိုက်လို့ ရ အောင် အပူချိန် ထိန်းတာ တွေ ပြု လုပ်ပြီး ပတ်ဝန်းကျင် အတုဖန်တီး ပေးတာပေါ့။
အဲဒါကိုမှ IOT စနစ် နဲ့ ထိန်းချုပ်လို့ ရအောင် လုပ်ထား တာဖြစ်ပါတယ် ’’ ဟု ပူးပေါင်းတီ ထွင်သူ တစ်ဦးဖြစ်သည့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်မှ တတိယ နှစ်ကျောင်းသား ကိုသာထက်စံ က ပြောသည်။
လက်ရှိတွင် ဖန်လုံအိမ်ငယ် (GreenHouse) တစ်ခုအား အွန်လိုင်းပေါ်မှ ထိန်းချုပ်နိုင်ရန် ဆားကစ်ဘုတ် 
တစ်ခုနှင့် အာရုံခံ စနစ် (Sensor) များ တွဲ ဖက် တည် ဆောက်ကာ ငရုတ်ပင်များ စမ်းသပ် စိုက်ပျိုးထားပြီး Facebook Messenger မှ တစ်ဆင့် ပတ်ဝန်း ကျင် ၏ ရာသီဥတု အခြေအနေပေါ် မူ တည်၍ အပူ၊ အအေး ထိန်းချုပ်ခြင်း၊ အပင် ရေလောင်းခြင်း၊ ပိုးသတ်ဆေး ဖျန်းခြင်း စသည့် လုပ်ဆောင်ချက်များကို ထိန်းချုပ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
Smart Planting House System ဟု အမည် ပေးထားသည့် အဆိုပါ IOT နည်းပညာသုံး စိုက် ပျိုးရေး စနစ်ကို ငါးရက်ကြာ အချိန်ယူ တီထွင်ခဲ့သည်ဟု ဆိုသည်။
‘‘ Green House ရဲ့ စနစ်တွေ အားလုံးကို လူသုံး အများဆုံး Social Media တစ်ခုဖြစ်တဲ့ Facebook Messenger ကနေ ထိန်းချုပ်လို့ ရအောင် Pattern လေးတွေ လုပ်ထားတယ်။ အဲဒီ ကနေ အကုန် ထိန်းရုံပဲ။ အပူပေးတာ၊ အအေးဓာတ် ပေးတာ၊ ရေ လောင်းတာ၊ ပိုးသတ်ဆေးဖျန်း တာမျိုးတွေအပြင် အပင်မှာ ရေဓာတ် ဘယ်လောက်လိုအပ်နေ တယ်၊ စိုထိုင်းဆ ဘယ် လောက် ရှိတယ် က အစ ကြည့်လို့ရအောင် လုပ်ထားပါတယ်’’ ဟု ကိုသာ ထက်စံ က ဆိုသည်။
‘‘ ဥပမာ ငရုတ်ပင် ဆိုရင် ရေ လောင်းဖို့ လိုနေပြီလား ဆိုတာက အစ ကြည့်လို့ရမယ်။ ရေလောင်း မယ် ဆိုရင်လည်း Messenger က Watering ဆိုတဲ့ Pattern ကို နှိပ် လိုက်တာနဲ့ အလို အလျောက် ရေ လောင်းပေးသွားမယ်။
Monday, October 9, 2017
ရဲယိုသီး စားကြဖို့ လိုပြီ
ကမ္ဘာကျော်တဲ့ ရဲယို ( သိအပ်ပါသည် )
ဆေးသိပ္ပံ ပညာရှင်တို့၏ အသည်းနှလုံးကို ကိုင်လှုပ်သည်က ရဲယိုဖြစ်သည်။ ကင်ဆာဖြစ်သည် က သေမိန့် စောင့်ရသူနှင့်လည်း တူလှသည်။ သို့သော် ရဲယို အစွမ်းဖြင့်ကင်ဆာ ကို ပျောက်ကင်းစေမည် လား၊ ကာ ကွယ်နိုင်စေမည်လား စဉ်းစားဖွယ်ဖြစ် တော့၏။
ကင်ဆာရောဂါ အတွက်
အကောင်းဆုံး စမ်းသပ်မှုများကို တိရစ္ဆာန်များဖြင့် စမ်းသပ်ခြင်း ၊ ခန္ဓာကိုယ် ပြင်ပတွင် စမ်းသပ်ခြင်း စသည်
ဖြင့် များစွာပြုလုပ်ခဲ့ကြသည်။ ကင်ဆာဆဲလ် များကို ရဲယို၏ အာနိသင်က တိုက်ဖျက်နိုင်သည်ဟု ဆေး သိပံ္ပပညာရှင် တို့၏ ကြေညာချက်သည် ကမ္ဘာ အရပ်ရပ်သို့  ပျံ့နှံ့ခဲ့သည် မဟုတ်ပါလား။
ကင်ဆာ ရောဂါရှင်တို့ အတွက် မျှော်လင့်ချက်ရောင်ခြည်လည်း ဖြစ်ခဲ့သည်။ ရဲယိုသီးတွင် ပါဝင်သော (xeronine) သည် ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပြီး ခန္ဓာ ကိုယ်ထဲက တစ်သျှူးတွေကို ကင်ဆာ ဆဲလ် အဖြစ် မပြောင်းလဲနိုင်အောင် ထိထိရောက် ရောက် ကာကွယ်ပေးပါသည်။
ဒါကြောင့် ရဲယိုသီး မှန်မှန် စားသူတွေဟာ အရေပြား ကင်ဆာဖြစ်ဖို့ အလားအလာ နည်းလှပါသည် ။ ရဲယို တွင် ပါဝင်တဲ့ ဆေးဖက်ဝင် ဓာတုပစ္စည်း (xeronine) ကို ၁၉၇၂ ခုနှစ် က ဟာဝိုင်ရီ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဟိုင်နက်ကီ က စတင်တွေ့တာဖြစ်ပါတယ်။ Xeronine သည် လူတိုင်း အတွက် အနည်းငယ်သာလိုသော ဟိုမုန်း တစ်မျိုးဖြစ်ပါသည်။
ကြွက် များဖြင့် စမ်းသပ်
ဆေးသိပ္ပံ ပညာရှင်များသည် ကင်ဆာရောဂါ ရှိသောကြွက် များအား ရဲယို ကျွေးသော ကြွက်များ နှင့် မကျွေးထားသောကြွက် များအား စမ်းသပ်ရာ ရဲယို ကျွေးထားသော ကင်ဆာရောဂါရှိ သောကြွက် များသည် မကျွေးထား သောကြွက်များ ထက် အသက် ပိုရှည်စွာ နေရကြောင်းတွေ့ရှိရ လေသည်။
*** ကင်ဆာသမား အတွက် အရေးကြီး သောဖြည့်စွက် အစာ *****
အမေရိကန် နဲ့ ဂျပန်နိုင်ငံတွေရဲ့ဆေးရုံ များတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာ ကုသခံယူသူတိုင်း ရဲယို ကို အဓိက ကျသောဖြည့်စွက်အစာ အဖြစ် စား စေသည်ဟုဆိုပါသည်။
**** ကင်ဆာ ဝေဒနာရှင်အတွက် အထောက်အကူ **
ဝေဒနာရှင်ဟာ ရဲယို ကို အမြဲ တွဲဖက်စားသုံးမယ် ဆိုရင် ကင်ဆာပြန့်ပွားမှုနည်းပြီး၊ နာကျင်မှု ဝေဒနာသက်သာ စေကာ၊ အဟာရဓာတ် ပြည့်ဖြိုးလာပြီး ကိုယ်ခံအား ကောင်းလာစေတဲ့ အကျိုးကို အသေအချာရ မှာဖြစ်ပါသည်။
**** ရဲယို စားသုံးခြင်း ****
ရဲယိုသီး ကိုလည်း စားနိုင်၏ ။ ရဲယို ပါဝင်သော ဆေးဝါးဖျော်ရည်ကိုလည်း သောက်နိုင်၏။ အစား မစားမီ နာရီဝက် ကြိုတင် စားသင့်၏။ အကြောင်းမှာ ရဲယိုတွင် ပါဝင်သော Xeronine ဓာတ်များအား အစာခြေရည်များက ပျက်ဆီးစေနိုင်သောကြောင့်ဖြစ်လေသည်။
**** ထပ်မံ တွေ့ရှိချက် ****
ဟာဝိုင်ရီတက္ကသိုလ်ဆေးသိပ္ပံရှင်များသည် ပိုဆီဆက်ခရိုက်ဒြပ်ပေါင်းတစ်မျိုးကို ထပ်မံ တွေ့ရှိခဲ့ကြသည်။ယင်းဒြပ်ပေါင်းမှာ လူတို့၏ သွေးဖြူဥများအား ကင်ဆာရောဂါကို သာမက အထွေထွေရောဂါဖျက်အစွမ်းသတ္တိများကိုပါ ပေးစွမ်းနိုင်သည်ဟုဖော်ထုတ် ကြေညာခဲ့ သည်ဆိုသည်။
Tuesday, October 3, 2017
နောင်​တစ်ချိန်​မှာ မင်းဘ၀​လေး သာယာလှပဖို့
" အ​ဖေ "
"သား ဆယ်​တန်း ကျတယ် ​"
နွားစာ​ ကျွေး​နေ​သော အ​ဖေ ရုတ်​တစ်ရတ် တုံ့သွားသည်​ ။
မီးဖို​ချောင်​ထဲ ထမင်းချက်​​နေ​သော အ​မေ က
ကြားလိမ့်​မည် ​မထင်​။ 
အ​ဖေ စကားတစ်လုံးမှ မ​ပြောပဲ ကျွန်​တော့့်ကို စူးစိုက်​ ကြည့်​​နေသည်​။
" ဟိုးမှာ​တွေ့လား ငါ့သား !!! "
ဓား ၂​ ချောင်းဆီ ကျ​တော့့် ကိုညွှန်​ပြသည်​ ။
(စကား လမ်းလွှဲလိုက်​သည်​ဟု ကျွန်​တော် ​ထင်​သည်)
" လှည်း​ပေါ်တင်​ကွာ အ​ဖေနဲ့​ လယ်​​တော ခဏလိုက်​ခဲ့ အ​င်္ကျီ ထူထူ ယူခဲ့ "
နွားညိုသိုးကြီး ၂​ကောင်​ကို ဆွဲသွားပြီး အ​ဖေ နွားလှည်း တပ်​​နေပြီ ။ ကျွန်​တော်​ အ​ဖေ့​နောက်​မှ
ဝင်​ထိုင်​လိုက်​သည်​။ (အ​တွေးထဲ ​ကျောင်းများ ထုတ်​လိုက်​မည်လား ဟု ထင်​ခဲ့)
လယ်​​တော​ရောက်​​တော့ အ​ဖေ ကျွန်​တော့့်ကို ထွန်​တုံး ဆင်​​ပေးပြီး ထွန်​ခိုင်းသည်​ ။ ကျွန်​တော်
အူ​ကြောင်​​ကြောင်​ဖြစ်​သွားတယ်​။ အ​ဖေ ငါ့ကို တစ်ကယ်​များ​ ကျောင်းထုတ်​လိုက်​ပြီလား.... ?
ကျွန်​တော့်ကို တစ်ခါမှ အလုပ်​ မခိုင်းဘူးခဲ့တဲ့ အ​ဖေ က ဒီလို လုပ်​​တော့ အံ့သြသွားမိတာ​ပေါ့......
ကျ​တော်​ နွားကို ရိုက်​လိုက်​သည်​။ လယ်​ထဲကို သုံးပတ်​​လောက်​ ပတ်​မိတဲ့ အချိန်​ ​ခြေဖဝါး​တွေက
သွေးခြည် ​ဥ လာတယ်​။
ယိုင်​ကျသွားသည်​။
"ငါ့သား ......
အ​ဖေတို့ မင်းလို ပညာ မသင်​ခဲ့ရဘူး ။ ပညာ ဆိုလို့ ၄ တန်းပဲ​ အောင်​ခဲ့တာ ။
မင်းကို​ ကျောင်းထားတယ်​ ဆိုတာ အ​ဖေတို့လို ပန်းပင်းမှာစိုးလို့...... 
Saturday, September 30, 2017
ခရုသင်း / သမင်ဖြူ ရောဂါ
ခရုသင်း သည် အရေပြားပေါ်တွင် အရောင်ကင်းမဲ့သော အကွက် (သို့မဟုတ် ) အဖြူကွက်များ ဖြစ်သော အနည်းငယ် အဖြစ်များသည့် နာတာရှည် အရေပြားရောဂါ တစ်မျိုး ဖြစ်ပါသည်။ အရေပြား ၏ အရောင်ကို ဖြစ်စေသည့် မယ်လနိုဆိုက်ဆဲလ် (melanocytes) များ သေသွားသောအခါ သို့မဟုတ် အလုပ် မလုပ်သောအခါ ဤရောဂါ ဖြစ်ပွားပါသည်။
ရောဂါလက္ခဏာများ
**************
အတွေ့ရ အများဆုံးမှာ ခြေလက် တို့တွင် အရောင်မရှိသော အကွက်၊ အဖြူကွက်များ ဖြစ်ပေါ်ခြင်း ဖြစ်ပါ
သည်။ နေရောင်နှင့် ထိတွေ့သော ကိုယ်ခန္ဓာ အရေပြားတွင် အဖြစ် များပါသည်။ သေးငယ်သော အဖြူ
ကွက်များ အဖြစ် စတင်ပြီး အဖြူကွက်များ ကြီးလာခြင်းနှင့် ပုံသဏ္ဍာန်ပြောင်းလာ ခြင်းများ မကြာခဏ တွေ့ ရတတ်ပါသည်။ 
မျက်နှာ၊ လက်များ နှင့် လက်ကောက်ဝတ်များ တွင်ဖြစ်သော ခရုသင်းများသည် အထူးထင်ရှားတတ်ပါသည်။ ကိုယ်ခန္ဓာ ၏ ဒွါရပေါက်များ - ပါးစပ်၊ မျက်လုံးများ၊ နှာခေါင်းပေါက်များ၊ လိင်အင်္ဂါ တစ်ဝိုက်နှင့် ချက် တစ်ဝိုက်ဖြစ်သော အဖြူကွက်များ သည်လည်း အထူး သတိထားမိစရာ ဖြစ်တတ်ပါသည်။ 
အချို့ အဖြူကွက်များ၏ အနားသတ်တွင် အသားရောင် ပိုရင့်နေတတ်ပါသည်။ mucous membranes များ (ပါးစပ်နှင့် နှာခေါင်း အတွင်း) တွင်လည်း ဖြစ်နိုင်ပါသည် ။ ခရုသင်း အကွက်များ ပေါ်တွင် ပေါက်သော အမွေး များသည်လည်း တစ်ခါ တစ်ရံ ဖြူနေတတ်ပါသည်။ 
အချိန် မတိုင်မီ ဆံပင်များ၊ မျက်တောင်များ မျက်ခုံးမွေးများနှင့် မုတ်ဆိတ်မွေးများ ဖြူခြင်းလည်း ဖြစ်နိုင်ပါ
သည်။ ခရုသင်းရောဂါသည် ဆေးပညာရှုတောင့်မှကြည့်လျှင် အန္တရာယ်မရှိပါ။ သို့သော် ယေဘုယျ ပြောရ
လျှင် အချို့ ခရုသင်းကွက်များသည် အနာကြီး အကွက်များနှင့် ဆင်တူတတ်ပြီး အနာကြီးရောဂါဟု အထင် ခံရတတ်ပါသည်။ ထို့ကြောင့် ခရုသင်း လူနာများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားရမှုမှာ သိသိသာသာ ထိ
ခိုက် ခံစားရမှုဖြစ်ပါသည်။ 
ထို စိတ်ထိခိုက်မှုသည် ခရုသင်းရောဂါကို ပိုဆိုးစေနိုင်ပါသည်။ ပြင်းထန်သော ကိုယ်၊ စိတ် ပင်ပန်းမှုများ သည် ခရုသင်းရောဂါ ကို ပိုဆိုးစေနိုင်ပါသည်။ ခရုသင်း ရောဂါကြောင့် ခွဲခြား ဆက်ဆံ ခံရသော သူများတွင် စိတ်ကျခြင်းနှင့် အလားတူ စိတ်ရောဂါများ ဖြစ်နိုင်ပါသည်။
သင့်မှာ ဒီလို ပြဿနာတွေ ရှိနေရင် ကြက်သွန်ဖြူ ကို မစားပါနဲ့
ကြက်သွန်ဖြူ အစိမ်းဟာ ရောဂါ အမျိုးမျိုး ကုသဖို့ အတွက် ရိုးရာ ဆေး အဖြစ် အသုံးပြုခဲ့ကြတာပါ ။ သွေးတိုးတာ၊ နှလုံးရောဂါ၊ ကိုလက်စထရော နဲ့ သွေးကြောကျဉ်းတာ ၊ နှလုံးရောဂါတွေကြောင့် သွေး စီးဆင်းမှု လျှော့နည်းတာတွေ အတွက် အသုံးပြုခဲ့ကြတာပါ။
ကြက်သွန်ဖြူဟာ အကျိုးကျေးဇူး အများဆုံး အစားအစာ တစ်မျိုးဖြစ်ပေမဲ့လည်း ကျန်းမာရေးနဲ့ ညီညွှတ်ဆုံး အစားအစာ ဖြစ်တယ် လို့တော့ မဆိုနိုင်ပါဘူး။
ကြက်သွန်ဖြူ ကို စားရင် ဘယ်သူ မဆို ဘယ်လို အခြေအနေမျိုးမှာ မဆို စားသုံးလို့ ရသလား ဆိုတော့ 
အခုဖော်ပြမဲ့ အခြေအနေမျိုး ဆိုရင်တော့ မစား သင့်ပါဘူး။
ကြက်သွန်ဖြူ ကို လုံးဝ စားလို့ မရဘူးလား ဆိုတာတော့ မဟုတ်ပါဘူး။ ဆေးဖြစ် ၀ါးဖြစ် မီးဖုတ်ပြီး စားတာတို့ အစိမ်းလိုက် ၀ါးစားတာ တို့ကို ရှောင်ကျဉ်ပါ။ ဟင်းချက်တဲ့ နေရာမှာတော့ ထည့်ချက်လို့ရပါတယ်။
သွေး ဖိအားနည်းခြင်း ၊
ကြက်သွန်ဖြူ ကို အစိမ်းလိုက် စားတာဟာ သွေးတိုး ကျစေလို့ သွေးဖိအား နည်းတတ်သူတွေ အတွက်
ကြက်သွန်ဖြူ ကို အစိမ်းလိုက် မစားသင့်ပါဘူး။
ဆေးဝါး အမျိုးမျိုး မှီဝဲနေရရင် ၊
သင်ဟာ ဝေဒနာ တစ်ခုခုကြောင့် ဆေးဝါး တစ်မျိုးမျိုး မှီဝဲနေရသူဖြစ်ရင် ကြက်သွန်ဖြူ ကို မစားခင် ဆရာ ၀န် နဲ့ တိုင်ပင်သင့်ပါတယ် ။ ကြက်သွန်ဖြူ ဟာ ဆေးဝါး တစ်မျိုးမျိုးရဲ့ အာနိသင်ကို မြင့်တင်နိုင်စွမ်း ရှိတာပါတယ်။ ဒါဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။
ဘယ်တော့မှ မနစ်မြုပ်နိုင်တဲ့ မြန်မာ့ လေယာဉ်တင်သင်္ဘော
ဘယ်တော့မှ မနစ်မြုပ်နိုင်တဲ့ မြန်မာ့ လေယာဉ်တင်သင်္ဘော(သို့မဟုတ်) မြန်မာ့ ရှေ့တန်း ခံစစ်ကြောင်း၊
မြန်မာနိုင်ငံ အနောက်တောင်ဖက် ရန်ကုန်မှ ထောင့်ဖြတ် တိုင်းပါက 420 ကီလိုမီတာ ရှိပြီး ရှေ့ တန်းအကျဆုံးကျွန်းစုဖြစ်ပါတယ် ။
သူ့ ရဲ့ တောင်ဖက်မှာက အက်ဒမန်းကျွန်းစု ရှိပြီး ကီလိုမီတာ 60 ပဲဝေးတာပါ ။ အိန္ဒိယပိုင် ဖြစ်ပြီး စစ် အခြေစိုက် စခန်း ချထားပါပြီ ။
တောင်မြောက် အရှည် ၁၂ ကီလိုမီတာ ရှိပြီး ရှေ့  နောက် ကတော့ ၁’ ၇ ရှိပါတယ် ။ မဟာဗျူဟာ အကျဆုံး ဖြစ်ပြီး သဘာဝတရားကြီးက ပေးတဲ့ လက်ဆောင် အဖြစ် ကျောက်ဆောင် ထူထပ် လို့  မည်သည့် စစ်သင်္ဘော မှ အနား မကပ်ရဲပါဘူး ။ ကမ်းတက် တိုက်မယ်ဆိုရင် အခေါင်းပါ အပိုယူလာမှ ရပါလိမ့်မယ် ။
ဒါကြောင့်  မြန်မာ့ တပ်မတော် လေယာဉ်တင် သင်္ဘောကြီးအဖြစ် နိုင်ငံတစ်ကာမှ ပြောထားပြီး စစ်ရေး အ
ချက်အချာ နေရာဖြစ်လို့  အမေရိကန် တရုတ် အိန္ဒိယ က လိုချင်နေပြီး ပိုက်ဆံမကုန်တဲ့  လေယဉ်တင်
သင်္ဘော အဖြစ် စစ်စခန်းဆောက်ချင်နေပါတယ် ။
တပ်မတော်က ကမ်းနီး ကမ်းဝေး ရေဒါ များနဲ့  စောင့်ကြည့်နေပြီး မဖော်ပြနိုင်သေးတဲ့  လက်နက်တွေ တပ်ဆင် ထားပြီး လေယာဉ်တင်သင်္ဘော အဖြစ် အသုံးချနေပါပြီ ။
Saturday, September 23, 2017
နိုင်ငံသား ဖြစ်ချင်တယ် ဆိုရင် နိုင်ငံတော်အလံ ကိုတော့ အလေးပြုရလိမ့်မယ်
White Card ဆိုသည်မှာ....
မည်သူ မည်ဝါဖြစ်ကြောင်း လက်မှတ် ထိုးထားခြင်းသာဖြစ်ကြောင်း သမိုင်းပညာရှင် ဒေါက်အေးချမ်း
က ပြောသည်။
White Card ဆိုတာက မည်သူ မည်ဝါဖြစ်ကြောင်း လက်မှတ်ပေါ့။ ဒီလူ တစ်ယောက်ဟာ မည်သူဖြစ်တယ်၊ ဘယ် မှာနေတယ် ဆိုတာပါပဲ။ နိုင်ငံသား မဟုတ် ဘူး၊ ဘာမှ ထောက်ခံချက် မပေးနိုင်ဘူး ဟု သမိုင်း ပညာရှင် ဒေါက်တာအေးချမ်း က ပြောသည်။
ယခင် အစိုးရ လက်ထက်တွင် ရခိုင် ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီ များကို White Card ထုတ်ပေးခဲ့သောကြောင့် ဝေဖန်မှု ဖြစ်ပေါ်ခဲ့သည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဌ ကိုဖီအာနန် က ၁၉၈၂ ခုနှစ် ဥပဒေကို ဖြေလျှော့ပေးရန် အတွက် အကြံပေးစာတမ်းတွင် ထည့်သွင်းဖော်ပြ ထားသည်။
နိုင်ငံတစ်ကာ စံချိန် စံညွှန်းတွေနဲ့ မကိုက်ညီဘူး ဆိုတာ ဘယ်နေရာ မကိုက်ညီတာလဲ၊ အတိ အကျ ထောက်ပြပါ။ မကိုက်ညီဘူး လို့ပြောရုံနဲ့တင် မရဘူး။ နိုင်ငံတိုင်းမှာ လူဝင်မှု အက်ဥပဒေ ဆိုတာ ရှိတယ်။ ဂျပန် မှာလည်းရှိတယ်။ အမေရိက မှာလည်းရှိတယ်။
Green Card ရထား တဲ့ သူတစ်ယောက်ဟာ ငါးနှစ် နေပြီးရင် နိုင်ငံသားဖြစ်ခွင့်ရှိတယ် ဟု ဒေါက်တာ
 အေးချမ်းက ပြောသည်။
အမေရိကန်နိုင်ငံသား ဖြစ်လိုလျှင် ဘာသာစကား၊ ဖွဲ့စည်းအုပ်ချုပ်ပုံ နှင့် အမေရိကန် သမိုင်း ကိုဖြေဆို၍ 
ကျမ်းကျိန် ရကြောင်း၊ ဂျပန်နိုင်ငံသား အဖြစ် ခံယူရန် လျှောက်ထားလျှင် ဂျပန်နိုင်ငံ၏ အလယ် တန်း အဆင့် ဂျပန်စာ ကိုဖြေရပြီး ဖွဲ့စည်းပုံ နိုင်ငံရေး စနစ်၊ ယဉ်ကျေးမှုများကို ဖြေဆိုပြီး အောင်မြင်မှ သာလျှင် နိုင်ငံသား
ဖြစ် ခွင့်ရှိသည်ဟု သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက ရှင်းပြသည်။
“ဒီနိုင်ငံမှာ နိုင်ငံသားဖြစ်ချင်တယ် ဆိုရင် အဘိုး အဘွား ဘယ်နှစ်ဆက်နေ ရင် ရတယ်။ ရခိုင် စကားလည်း တတ်စရာ မလိုဘူး။ နိုင်ငံတော်သီချင်းလည်း ဆိုစရာ မလိုဘူး။
ဒီ ၁၉၈၂ ခုနှစ် ဥပဒေက ဒီလောက်ပျော့ပျောင်းတဲ့ ဥပဒေပါ။ ဒါကို နိုင်ငံ တစ်ကာ စံချိန် စံညွှန်း နဲ့ မကိုက်ညီဘူး ဆိုတာ က ဘာကိုပြောတာလဲ ဆိုတာ ကျွန်တော် နားမလည်ဘူးဖြစ်နေတယ်” ဟု ၎င်းး က ပြောသည်။
အစွန်း​ရောက်​ အကြမ်းဖက်မှုများနဲ့ ပတ်သက်ပြီး ဖေ့ဘုတ် မှ moderator များကို အမိန့်ထုတ်လိုက်ပြီ
ARSA အစွန်း​ရောက်​ အကြမ်းဖက် အဖွဲ့ကို facebook အသုံးပြုခွင့် ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်ကြောင်း
သိရသည် ။
ARSA (Arakan Rohingya Salvation Army) ဟု သူတို့ကိုယ် သူတို့ အမည်တပ် ခေါ်ဝေါ်ကြသည့် အဖွဲ့ ကို အန္တရာယ် ရှိသော အကြမ်းဖက် အဖွဲ့တစ်ခု အဖြစ် facebook မှ တရားဝင် သတ်မှတ်လိုက်ပြီး ထိုအဖွဲ့ သည် လူမှုကွန်ရက်ကို အသုံးပြုကာ အမုန်းစကားများ ဖြန့်ချိရန်၊ အပြစ်မဲ့သူများကို သတ်ဖြတ်ရန်နှင့် ပြစ်မှုများ ကျူးလွန်ရန် စီစဉ်ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သောကြောင့် ယင်းအဖွဲ့ကို facebook လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်တားမြစ်လိုက်ကြောင်း facbook မှ ပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြုသည်။
facebook ၏ အဖွဲ့အစည်း စံသတ်မှတ်ချက် စည်းမျဉ်း (Community Standard) အရ အဆိုပါ အဖွဲ့အ
စည်းကို ထောက်ခံခြင်း၊ အားပေး အားမြှောက်ပြုလုပ်ခြင်းပြုသည့် စာသား၊ ဓာတ်ပုံ၊ ရုပ်သေ ရုပ်ရှင် ဖိုင်
များကိုပါ တားမြစ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်းသိရသည်။
ကင်မ် ဂျုံ-အွမ်း ရဲ့ တိုက်ရိုက် သဘောထား ကြုံတောင့်ကြုံခဲ ထွက်လာ
ရူးသွပ်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ပြောစကားတွေ ကြားရတဲ့ အခါ သူ့ အနေ နဲ့ မြောက် ကိုရီးယား အတွက် လက်နက်တွေ တီထွင် ထုတ်လုပ်တာ မှန်ကန်ကြောင်း ပိုပြီး သေချာ လာတယ်လို့ 
ကင်မ် ဂျုံ-အွမ်း က ပြောပါတယ်။
ထရမ့် က မြောက်ကိုရီးယား ကို အလုံးစုံ ဖျက်စီးပစ်မယ် ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောဆိုခဲ့မှု အတွက် ကောင်းကောင်း ပြန်ပြီး ပေးဆပ်ရမယ်လို့ ကင်မ် ဂျုံ-အွမ်း ရဲ့ ရှားတောင့် ရှားပါး ထုတ်ပြန် တဲ့ ပုဂ္ဂလိက သဘောထား ပြောဆိုချက်ထဲ ပါဝင် နေပါတယ်။
ထရမ့် က သူ့နဲ့ သူ့တိုင်းပြည် တည်ရှိမှုကို ကမ္ဘာ့ ရှေ့မှောက်မှာ ခြိမ်းခြောက်ခဲ့တယ် ။ သမိုင်းမှာ ကြောက်စရာ အကောင်းဆုံး စစ်ကြေညာမှု ဖြစ်တဲ့ သု့နိုင်ငံကို ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့တယ်၊ သူတို့ ဘက်က
လည်း အသေအချာ စဉ်းစားပြီး အပြင်းထန်ဆုံး တန်ပြန်မယ်လို့ ကင်မ် ဂျုံ-အွမ်း က ဆိုပါတယ်။
မစ္စတာ ထရမ့် ကလည်း သူ အရူး လို့ ခေါ်ခံရတဲ့ အခါ ကင်မ် ဂျုံ-အွမ်း ကို အရူး လို့ တန်ပြန် သမုတ်ကာ၊ ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ အတိုင်းအတာ နဲ့ စမ်းသပ် ရလိမ့်မယ် ဆိုပြီး တုံ့ပြန် ပါတယ်။
မြန်မာနိုင်ငံအား ကာကွယ်ရေး လက်နက် ပစ္စည်းများ ထောက်ပံ့မှုပြုရန် အိန္ဒိယ အစိုးရ စဉ်းစားနေကြောင်းသိရ
နယူးဒေလီ၊ စက်တင်ဘာ ၂၂
မြန်မာနိုင်ငံအား ကာကွယ်ရေး လက်နက်ပစ္စည်းများ ထောက်ပံ့မှုပြုရန် အိန္ဒိယ အစိုးရ စဉ်းစားနေကြောင်းသိရသည်။
လက်ရှိတွင် အစွန်းရောက် အကြမ်းဖက်ဖြစ်ရပ်များနှင့် ရင်ဆိုင်နေရသော မိမိ တို့၏ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ် သည့် မြန်မာနိုင်ငံအား ကာကွယ်ရေး ဆိုင်ရာ လက်နက် ကိရိယာပစ္စည်းများ အထောက်အပံ့ပေးရန် အိန္ဒိယ အစိုးရ က စဉ်းစားနေပြီဖြစ်ကြောင်း ရိုက်တာ သတင်းဌာနမှ သတင်း တစ်ရပ်တွင် ရေးသား ဖော်ပြထားခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် (ရေ) နှင့် အိန္ဒိယ အစိုးရတို့ ကြာသပတေးနေ့က တွေ့ဆုံ ဆွေနွေးခဲ့ကြရာတွင်လည်း ကာကွယ်ရေး လက်နက်ပစ္စည်းများ အကြောင်း ပါဝင်ခဲ့ကာ မြန်မာ ရေတပ်မတော်သားတို့ကို အိန္ဒိယနိုင်ငံ ရေတပ်မတော်နှင့် ပူးတွဲ၍ ထိပ်တန်း လေ့ကျင့်မှုများပြုလုပ်ပေးရန် ကိုလည်း နှစ်ဖက်စလုံးက ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း ယင်းသတင်းတွင်ရေးသားထားသည်။
မြန်မာနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး Nirmala Sitaraman နှင့် အိန္ဒိယနိုင်ငံတပ်မတော် ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သည်။
နှစ်ဖက် တာဝန်ရှိသူတို့သည် ကင်းလှည့်ရေယာဉ်များ ထောက်ပံ့ပေးရေး ကိစ္စရပ်ကိုပါ ဆွေးနွေးခဲ့သေးကြောင်းသိရသည်။ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် (ရေ )သည် သူ၏ အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ် အတွင်း ၀ယ် မွန်ဘိုင်းမြို့ရှိ ရေတပ် သင်္ဘောများ ဆောက်လုပ်ရာနေရာသို့လည်း သွားရောက် လေ့လာကြည့်ရှုခဲ့သေးသည်။